← Chapters

Chapter 131

Vol. 10 Ch. 131

Chapter 131

Vol. 10 Ch. 131

လင်းဝေ့၏ မိဘနှစ်ပါးစီးလာသည့်သင်္ဘောက မနက်၈ နာရီခန့်တွင် ကမ်းကပ်မည်ဖြစ်၏။ ထို့ကြောင့် ၇နာရီခွဲခန့်တွင် ကျုံးရှောက်က လင်းဝေ့ကို နှိုးလိုက်လေ၏။

မနေ့ညကလည်း ညနက်မှ အိပ် ရသည်ဖြစ်၍ လင်းဝေ့သည် ထလာသော်လည်း အိပ်ချင်မူးတူးဖြစ်နေသေး၏။လင်းဝေ့လည်း ကျုံးရှောက်ကို အိပ်ချင်မူးတူး မျက်လုံးမှေးလေးနှင့်ကြည့်လိုက်ပြီး အိပ်ရာ တစ်ဖက်ကို လှည့်ကာ ပြန်အိပ်သွား၏။ သို့သော် စက္ကန့်အနည်းငယ်ခန့်သာ အိပ်ရသေးစဥ် ကျုံးရှောက်က "မင်းအခုမထရင် အဖေနဲ့အမေကို သွားမကြိုနိုင်ပဲ နေမယ်နော်"ဟုပြောလိုက်လေသည်။

အိပ်ရေး မဝသေးသောကြောင့် လင်းဝေ့သည် ဖြည်းဖြည်းချင်း ကျုံးရှောက်ဘက်ကို လှည့်လာ၏။တစ်ခဏမျှ တွေးလိုက်တော့သူ့မိဘတွေ ဒီနေ့ရောက်မည်ကို စဥ်းစားလိုက်မိ၏။ ဒီတော့ သူမ မထချင်လည်း ထရတော့မည်။

လင်းဝေ့ မျက်နှာ သစ်သွားတိုင်နေစဥ် ကျုံးရှောက်က "စားပွဲပေါ်မှာ ပဲနို့နဲ့ အီကြာကွေး ရှိတယ်နော်" ဟု လာပြောလေသည်။

နှစ်သစ်ကူးချိန်ရောက်လာပြီဖြစ်၍ ပြည်နယ်စားသောက်ဆိုင်ကလည်း ပုံမှန် ရောင်းနေကြ ပေါက်စီ နှင့် ခေါက်ဆွဲအပြင် ပဲနို့နှင့် အီကြာကွေး ပါ တင်ရောင်းပေးလေ၏။

လင်းဝေ့က အီကြာကွေး တစ်ခြမ်းကိုယူကာ ပါးစပ်ထဲ ထည့်ဝါးလိုက်၏။"အခု ဘယ်နှစ်နာရီ ရှိပြီလဲ"

"၇ နာရီ ၃၅ မိနစ် ရှိပြီ။ မိနစ်လေးဆယ်လောက်ဆို ကိုယ်တို့အိမ်က ထွက်ကြမယ်"

လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်ကာ မိနစ်လေးဆယ် မတိုင်ခင် အီကြာကွေးကို အမြန်စားလိုက်၏။ အလျင်လိုနေ၍ ပဲနို့ကိုတောင် အကုန်မသောက်နိုင်ပဲနောက်မှ သောက်ရန် ချန်ခဲ့လေ၏။

ကျုံးရှောက်လည်း ကလေးနှစ်ယောက်ကို ခေါ်ကာ အိမ်တံခါးပိတ်ရင်း မိသားစုလိုက်အပြင်ထွက်လာကြ၏။

ပုံမှန်ဆိုလျင် စစ်တပ်က တပ်ပိုင်ကားများကို ကိုယ်ရေးကိုယ်တာအတွက်အသုံးမပြုခိုင်းပေ။သို့သော် သယ်ယူပို့ဆောင်ရေးယာဥ် ခက်ခဲရှားပါးမှုကြောင့် စစ်တပ်အရာရှိများကို အကြောင်းအရင်း တင်ပြကာ အသုံးပြုခွင့်ပေးလေ၏။ သို့သော် စက်သုံးဆီ ကိုယ့်ဖာသာထည့်ရပြီး ပျက်စီးလျင်လည်း ကိုယ့်ဖာသာစိုက်လျှော်ရမည်ဖြစ်၏။

စက်သုံးဆီဖိုးက စျေးသိပ်မကြီး၍ အဆင်ပြေသော်လည်း တစ်ခုခု ပျက်စီးသွား၍ ပြင်ဆင်ရမည်ဆိုပါက ပြင်ဆင်စရိတ်က မသေးလှချေ။ ပြင်ဆင်စရိတ်အတိအကျကိုလည်း ခန့်မှန်း၍ဘမရချေ။ ကံကောင်းလျင် စစ်တပ်ထဲက စက်ပြင်ဆရာနှင့် စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုလဲလိုက်ရုံဖြင့် ပြီးသွားနိုင်သော်လည်း ကံဆိုးလျင်တော့ ပျက်စီးသွားသည့် စက်ပစ္စည်းဝယ်မရဖြစ်နိုင်၏။

ထို့ကြောင့် အရမ်းအရေးကြီးမှသာ ကိုယ်ရေးကိုယ်တာအတွက်ယူသုံးကြ၏။ ထို့ကြောင့် ကျုံးရှောက်သည် သူ့ယောက္ခမနှစ်ယောက်ကို ကြိုရမည်ဖြစ်၍ ကားငှားမည့်အကြောင်းအရာတင်ပြကာ မနေ့ညကတည်းက ဂျစ်ကားကို အိမ်မောင်းယူလာခဲ့ပြီးဖြစ်၏။

မိသားစုအိမ်ရာကနေ ဆိပ်ကမ်းအထိ အကွာအဝေးက မနီးလှချေ။ လမ်းလျှောက်လျင် မိနစ်၂၀ခန့်ကြာနိုင်ပြီး ကားဖြင့် ဆိုလျင်တော့မြန်ပါ၏။ထို့ကြောင့် ၇နာရီ၅၀မိနစ်ခန့်မှာ ကျုံးရှောက်တို့မိသားစု စစ်တပ်ဆိပ်ကမ်းသို့ရောက်လာ၏။

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် စစ်သားများလည်း လေ့ကျင့်ရေး မဆင်းကြပါ။ ထို့အပြင် ဆိပ်ကမ်းနားမှာလည်း လေစိမ်းတိုက်နေခြင်းမရှိပါ။ တရုတ်နှစ်သစ်ကူးရောက်ပြီဖြစ်၍ ဆွေမျိုးတော်တော်များများကလည်း ယားကျိုကျွန်းကို အလည်လာကြ၏။ ထို့ကြောင့် ဧည့်သည်လာကြိုသည့် မိသားစုမှာ လင်းဝေ့တို့ တစ်မိသားစုတည်းမဟုတ်ပါ။

သူတို့အားလုံးက မိသားစုအိမ်ရာ တစ်ခုတည်းမှာ နေကြသည်ဖြစ်၍ မေးထူးခေါ်ပြောမရှိကြလဲ အချင်းချင်းသိကြ၏။ ထို့ကြောင့် မျက်နှာချင်းဆိုင်ဖြစ်ကြတော့ အချင်းချင်း မနှုတ်ဆက်ပဲ နေ၍ မရပေ။ ထို့ကြောင့် အချင်းချင်း လာလည်မည့်ဧည့်သည်များအကြောင်းမေးကာ အလာဘ သလာဘများပြောရင်း ဆိုက်ရောက်လာမည့် သင်္ဘောကို စောင့်နေကြ၏။

လင်းဝေ့တို့နှင့် စကားပြောကြရင်း လင်းဝေ့၏ မိဘများကိုလာကြိုသည်ဆိုရင် တစ်ချို့က ထူးဆန်းသွားကြ၏။

နှစ်ဖက်မိဘတွင် အမျိုးသမီးဘက်က မိဘနှင့် အမျိုးသားဘက်က မိဘက ကွဲပြားပါ၏။ အများစုက အမျိုးသားဘက်က မိဘများကို လာကြိုကြစဥ် လင်းဝေ့တို့ကတော့ လင်းဝေ့ဘက်က မိဘများကို လာကြိုသည်ဆို၍ အများစု ထူးဆန်းက စူးစမ်းလိုသည့်ဟန်ဖြင့်ကြည့်နေကြ၏။

သူတို့ စူးစမ်းလိုနေကြမှန်း လင်းဝေ့ လည်း သိပါ၏။အများစုက ဇာတိအိမ်ပြန်ကာ မိဘများနှင့် နှစ်သစ်ကိုကြိုဆိုသည်က များလေ၏။ မိဘအများစုကလည်း သူတို့သား၏ မိသားစုနှင့် နှစ်သစ်ကိုကြိုဆိုလိုကြ၏။မည်သို့ပင်ဖြစ်စေကာမှု သုံးဆယ်ကျော်သွားသည့်အိမ်ထောင်ကျ သမီးများသည် မိဘအိမ်ကိုပြန်လာနိုင်ဖို့အလွန်ခက်သွားပြီဖြစ်၏။

ရှိီးချန်မြို့က မိသားစုအများစုကလည်း ထိုကဲ့သို့ပင်ဖြစ်၏။ လင်းဝေ့တို့ မိသားစုနေသည့်တပ်ရင်းတွင် လည်း မိသားစုအများစုသည် သူတို့သမီး အသက်သုံးဆယ်ကျော်သည်နှင့် အိမ်ထောင်ချပေးကာ အဝေးပို့လိုက်ကြ၏။ လင်းဝေ့မိဘများကတော့ ထိုကဲ့သို့မဟုတ်ပါ။ လင်းဝေ့၏ ယောက္ခမဆုံးပြီးသည့်နောက်ပိုင်းတွင် လင်းဝေ့သည် သူမမိဘအိမ်မှာပင် သူမမိဘများနှင့်အတူ နှစ်သစ်ကိုအမြဲ ကြိုဆိုခဲ့ရ၏။

ထို့ကြောင့် လင်းဝေ့သည် ဤနှစ်တွင်လည်း သူ့မိဘများကို ယားကျိုကျွန်းမှာ နှစ်သစ်ကြိုကြဖို့ ဖိတ်ခေါ်စာ ရေးပို့လိုက်၏။ အရင်နှစ်တွေက နှစ်သစ်အတူကြိုခဲ့၍ ဤနှစ်လည်း အတူ နှစ်သစ်ကြိုဆိုလိုခြင်းမဟုတ်ပါ။ လင်းဝေ့သည် သူမအနာဂတ်ကို သေချာမသိနိုင်သေးသည့်အတွက်နှစ်သစ်ကူးမှာ သူမမိဘများနှင့် တွေ့ဆုံလိုခြင်းဖြစ်၏။

ကျုံးရှောက်ကလည်း ဤနှစ်ထဲ လဝက်ခန့်ခွင့်ယူထားပြီး ဖြစ်၍ နှစ်ကုန်တွင် လင်းဝေ့ဇာတိပြန်ကာ သူမမိဘများနှင့်သွားတွေ့ရန် ခွင့်ထပ်ရရန် မသေချာတော့ပေ။ ထို့ကြောင့် ကျုံးရှောက်နှင့် ဆွေးနွေးပြီး လင်းဝေ့သည်သူမမိဘများကို တရုတ်နှစ်သစ်ကူးတွင် ယားကျိုကျွန်းကို လာလည်ကြရန် ဖိတ်ခေါ်စာပို့လိုက်၏။

စာပို့ခဲ့စဥ်က လင်းဝေ့သည် သူမမိဘများ ယားကျိုကျွန်းကိုအလည်မလာမည်ကို စိုးရိမ်ကာ ယားကျိုကျွန်းက မည်မျှ သာယာကြောင်း ပင်လယ်ခရုနှင့်ဂျင်ဆင်း ပေါများ၍ ချက်စားရင် မည်မျှ စားကောင်းကြောင်း ရာသီဥတုက အလွန်ကောင်းကြောင်း ထပ်ခါထပ်ခါ ချီးကျူးရေးပြထား၏။

ကျုံးရှောက်ပင်လျင် ထိုစာဖတ်ပြီး တစ်ခဏငြိမ်သက်သွား၏။"ပင်လယ်ခရုနဲ့ဂျင်ဆင်း ပေါများတယ်? မင်းဟာ ဟုတ်ရဲ့လားး"

"ဟုတ်တယ်လေ ပင်လယ်ခရုတွေ ပင်လယ်သခွားတွေစျေးမှာ အမြဲရောင်းတယ်လေ လိမ်တာမှ မဟုတ်တာ" လင်းဝေ့က သူပိုပိုသာသာရေးထားသည်များကို ကျုံးရှောက် ပြောမည်စိုး၍ ပြန်ငြင်းလိုက်၏။

"မဟုတ်လည်း အမေတို့က ကျွန်မတို့ကို တွေ့ဖို့လာတာပဲကို ဒါတွေက အရေးမကြီးပါဘူး"

……………

လင်းဝေ့ တွေးနေစဥ်မှာပင် အဝေးမှ "ဝူးးးးဝူးးးးး"ဆိုသည့်အသံကို ကြားလိုက်ရ၏။ မိနစ်အနည်းငယ်ကြာလာတော့ စစ်တပ်သင်္ဘောတစ်စီးက လူတိုင်း၏ မြင်ကွင်းမှာပေါ်လာ၏။

သင်္ဘောကိုမြင်တော့ မင်မင်က စိတ်လှုပ်ရှားပြီး ခုန်ပေါက်ကာ လက်ကိုဝေ့ယမ်းလေ၏။

ရွေ့ရွေ့ကလည်း သင်္ဘောကို သေချာမြင်နိူင်ရန် ရှေ့ကိုတိုးကာ လှမ်းမျှော်ကြည့်လေ၏။ ရွေ့ရွေ့အဝေးကြီးသွားရန်ပင် မလိုအပ်ခဲ့ပါ။ သင်္ဘောက ဆိပ်ကမ်းနားတစ်ဖြည်းဖြည်းနီးလာ၍ သင်္ဘောကိုယ်ထည်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရလေ၏။ ထို့ကြောင့် ရွေ့ရွေ့တစ်ယောက် နောက်ကို ဆုတ်ကာ သင်္ဘောကြီးကို သေချာမော့ကာ ကြည့်လိုက်၏။

သင်္ဘောကမ်းကပ်ပြီးနောက် ထွက်ပေါက်များဖွင့်ရန် မိနစ်အနည်းငယ်ခန့်ကြာလေ၏။ ထွက်ပေါက်ဖွင့်ပေးပြီးနောက် ခရီးသည်များလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြတော့၏။

ထိုအထဲမှ လင်းဝေ့၏ မိဘနှစ်ပါးလည်းပါလေ၏။ သူတို့လက်ထဲမှာလည်း အိတ်ကြီးအိတ်ငယ် အဖုံဖုံ ဆွဲလာသေး၏။ လင်းဝေ့အမေက ဆိပ်ကမ်းပေါ်က လင်းဝေ့တို့ကိုမြင်တော့ ဆွဲလာသည့်အထုပ်များကို လက်မောင်းမှာချိတ်ကာ လက်ကိုဝေ့ယမ်းပြလိုက်၏။

"ဖွားဖွား! အာ့တာဖွားဖွားပဲ"ဟု လင်းဝေ့အမေကိုတွေ့တော့ မင်မင်က အော်ပြောလိုက်ကာ သူလက်ကိုလည်း ဝေ့ယမ်းလိုက်၏။

ကျုံးရှောက်တို့လည်း သူတို့အနား တိုးသွား၏။ လင်းဝေ့မိဘများ သင်္ဘောပေါ်က ဆင်းလာတော့ သူတို့လက်ထဲမှ အထုပ်များကို ယူလိုက်၏။ "ဘာလို့အများကြီး ယူလာရတာလဲ"

"များလို့လား " ဟု အမေလင်းက ရေရွတ်လိုက်ပြီး သူသမီးကို ပေါ့သည့်အထုပ်ကမ်းပေးလိုက်၏။

"နင့်အဖေက အသက်ကြီးလာတော့ အများကြီး မသယ်နိုင်လို့လေ။ အမေပဲ အထုပ်တွေ အများကြီး ပိုသယ်လာရတာ" ဟု သူ့သမီးကိုညဥ်းပြလေ၏။

သင်္ဘောပေါ်မှ နောက်မှ ဆင်းလာသည့် အဖေလင်းက သူ့မိန်းမ၏ စကားကိုကြားတော့ မကျေမနပ်ဖြစ်သွား၏။

"အဖွားကြီး ဘာတွေပြောနေတာလဲ။ မင်းက ဒိီ ပေါင် သုံးဆယ်လောက်လေးတဲ့ အိတ်ကြီး သယ်နိုင်လို့လား"

" အိတ်ကို ကျွန်တော်သယ်လိုက်ပါ့မယ်" ဟုကျုံးရှောက်ကပြောကာ လင်းဝေ့အဖေ ပခုံးပေါ်က ပြောင်းဆန် အိတ်ကြီးကို ယူလိုက်ပြီး လင်းဝေ့အမေ လက်ထဲက လက်ကျန်အထုပ်များကိုလည်း သယ်လိုက်လေသည်။

"ရတယ် ရတယ် အမေသယ်လိုက်မယ်" အမေလင်းက ငြင်းလိုက်၏။

"အမေ့သမက်ကို သယ်ခိုင်းလိုက်ပါ။ သူက အရမ်းအားရှိတယ်"ဟု လင်းဝေ့က ကျုံးရှောက်ကို မြောက်ပေးလိုက်ကာ အလုပ်ခိုင်းလိုက်၏။

အမေလင်းလည်း သူ့ယောက်ျားဆီက ကျုံးရှောက်ပြောင်းသယ်ထားသည့် အထုပ်ကိုကြည့်ပြီး သူ့လက်ထဲက အထုပ်များကို ကမ်းပေးလိုက်၏။ ပြီးနောက် သူ့ယောကျာ်းကို ဆူလိုက်သေး၏။

"ကြည့်စမ်းပါဦး သမက်လေး ကျုံးရှောက်လောက်တောင် ရှင်က အားမကောင်းဘူး"

အဖေလင်းက စိတ်ဆိုးသွား၏။ သူက အိုနေပြီလေ။ အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာကောသိရဲ့လား။ ပြီးတော့ ဟိုက စစ်သားဆိုတော့ ခွန်အားကြီးမှာပေါ့။

သို့သော် ထိုစကားများကို ထုတ်မပြောပဲ သူ့သမီးရှေ့မှာမို့လို့ သမက်ကို မျက်နှာသာပေးလိုက်ပြီး မြေးနှစ်ယောက်ကိုသာ လက်ယမ်းပြပြီး နှုတ်ဆက်လိုက်၏။

"ဖိုးဖိုးမြေးလေးတွေ လာကြလာကြ ကြည့်ပါဦး ရွေ့ရွေ့တောင်အရပ်တွေ ထပ်ရှည်လာပြီ"

အရပ်ရှည်သည်ဟု မှားယွင်း အပြောခံလိုက်ရသည့်မင်မင်က ငြင်းလိုက်၏။"ဖိုးဖိုး သားက ရွေ့ရွေ့ မဟုတ်ဘူးလေ"

"သားကမှ ရွေ့ရွေ့ " ဟု ရွေ့ရွေ့က ဝင်ပြောလိုက်၏။

ဖိုးဖိုးလင်း _ "အာ…မြေးလေးတို့နှစ်ယောက်က ရုပ်ပိုပိုတူလာတယ်ကော"

"ရှင်ကလည်လုပ်ပြီး အရင်က တော့ ခွဲနိုင်ပြီးတော့" ဟု အမေလင်းင ဝင်ပြောပြီး သူ့အိတ်ထဲက တော်ဖီချိုချဥ်တစ်ချို့ ထုတ်ကာ ကလေးနှစ်ယောက်ကို ဝေပေးလိုက်၏။

"ဖွားဖွား သားတို့အတွက် အထူးယူလာခဲ့တာနော်"

ကလေးများက ချိုချဥ်ကြိုက်ကြ၏။ မင်မင်နှင့် ရွေ့ရွေ့ကလည်း ခြွင်းချက်တော့ မဟုတ်ပါ။ ထို့ကြောင့် ဝမ်းပမ်းတစ်သာနှင့် " ကျေးဇူးတင်ပါတယ် ဖွားဖွား" ဟုပြောလိုက်ကြ၏။ ထိုစဥ် ဖိုးဖိုးက ရင်ကော့ကာ သူ့မြေးနှစ်ယောက် ဆက်ပြောလာမည့်စကားကို စောင့်လိုက်၏။ စက္ကန့်အနည်းငယ်ကြာသည်အထိ မကြားရ၍ ချောင်းဟန့်လိုက်၏။

" ဖိုးဖိုးကိုကော ကျေးဇူးမတင်ကြတော့ဘူးလား" ဟု လင်းဝေ့က သတိပေးလိုက်တော့မှ ကလေးနှစ်ယောက်စလုံးက "ဖိုးဖိုးနဲ့ ဖွားဖွား နှစ်ယောက်စလုံးကိုကျေးဇူးတင်ပါတယ် "ဟုပြန်ပြောလိုက်လေ၏။

အဓိပ္ပါယ်ကတော့ ချိုချဥ်သည် အဖိုးနှင့်အဖွား နှစ်ယောက်စလုံးက ပေးခြင်းဖြစ်၏။

ထို့ကြောင့် ကလေးနှစ်ယောက်ကလည်း လင်းဝေ့သတိပေးလိုက်တော့ နားလည်လိုက်ပြီ ကျေးဇူးတင်စကားထပ်ပြောလိုက်ခြင်း ဖြစ်၏။ သူ့ယောကျာ်း၏ ကျေနပ်နေသည့်မျက်နှာကို မြင်လိုက်တော့ အမေလင်းသည် သူ့သမီးလင်းဝေ့ကို တိုးတိုးလေး ပြောလိုက်၏။

"အသက်ကြီးလာလေလေ ပိုဂရုစိုက်ရလေလေပဲ"

"အမေတို့နှစ်ယောက်လုံး အတူတူပဲလေ" ဟု လင်းဝေ့ကလည်းပြုံးကာပြောလိုက်၏။

နှုတ်ဆက်ကြပြီးနောက် လူတိုင်းက ဆိပ်ကမ်း ကုန်းပေါ်တက်လာကြ၏။

လမ်းပေါ်မှာလည်း စကားတစ်ပြောပြောနှင့်လျောက်လာကြ၏။ အဖိုးနှင့်အဖွားကိုလည်း မေးခွန်းတွေ မနားတမ်းမေးနေကြ၏။

" မြေးလေး တို့က အရမ်းသိတတ်လာကြတာပဲနော်" ဟု အမေလင်းက ကလေးနှစ်ယောက်ကို ပြောလိုက်၏။

"သားက ကြီးလာပြီ ဖွားဖွားး"ဟု မင်မင်က သူ့ကိုယ်သူ ဂုဏ်ယူစွာပြောလိုက်၏။

မင်မင်၏ စကားကိုကြားတော့ လင်းဝေ့က သူ့အမေနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "အမေ သူ့ကို အရမ်းမချီးကျူးနဲ့ မိုးပေါ် မြောက်တက်သွားလိမ့်မယ်"

အမေလင်းက လင်းဝေ့၏ ကလေးအပေါ် အမြင်ကို သဘောမတူပါ။ "ကလေးတွေ သိတတ်လာရင် ချီးကျူးပေးသင့်တာပေါ့"

ဒါဆို သမီးသိတတ်လာတုန်းက အမေ တစ်ခါမှ ချီးကျူးတာ မကြုံဖူးခဲ့ပါဘူးနော် ဟု လင်းဝေ့တွေးလိုက်လေ၏။

အမေလင်းက သူ့သမီးနှင့် မြေးနှစ်ယောက်နှင့်စကားတစ်ပြောပြောရီရီမောမော လျှောက်လာနေစဥ် အဖေလင်းကတော့ ကျုံးရှောက်နှင့်အတူ လျှောက်လာကာ အလုပ်အကြောင်း မေးလေ၏။ အဖေလင်းက စစ်သားမဟုတ်သော်လည်း သူ့သမီးက ကျုံးရှောက်နှင့် လက်ထပ်ထား၍ သိသင့်သည်များကိုတော့ ဖတ်ထား၏။ ကျုံးရှောက်ကို မေးသည့်မေးခွန်းများကလည်း အပေါ်ယံမေးခွန်းများဖြစ်၏။

စကားတစ်ပြောပြောနှင့် လျှောက်လာစဥ် ဆိပ်ကမ်းအဝင်မှာရပ်ထားသည့် ဂျစ်ကားနား ရောက်လာကြ၏။

ကျုံးရှောက် ကားနှင့်လာကြိုတာ သိသွားတော့ အမေလင်းပျော်သွား၏။ သို့သော် စိတ်ဆိုးသည့်ဟန်ဖြင့် ဆူလိုက်၏။

"အိမ်အထိ ဘယ်လောက်တောင် ဝေးလို့တုန်း လမ်းလျှောက်သွားရင်ရတာကို ဘာလို့ကားနဲ့ လာကြိုရတာလဲ"

"ဒီလိုကားနဲ့ လာကြိုလို့ကော ရရဲ့လား" ဟု အဖေလင်းက သေချာစဥ်းစားကာ မေးလိုက်၏။

"လာကြိုလို့ရပါတယ်။ ကျွန်တော် အထက်ကို တင်ပြပြီးမှ ငှားလာတာပါ။ စက်သုံးဆီကိုလည်း ကိုယ်တိုင်ကုန်ကျခံရတာပါ"

အဖေလင်းက ကျုံးရှောက် ရှင်းပြသည်ကိုကြားလိုက်တော့ သူ့သမက်က်ို ယုံကြည်လိုက်ကာ ကျေကျေနပ်နပ်ခေါင်းငြိမ့်လိုက်၏။ ထိုစဥ်အမေလင်းက ထပ်မေးလိုက်၏။

"စက်သုံးဆီက စျေးကြီးလား"

" စျေးမကြီး ပါဘူး" ကျုံးရှောက်က ပြန်ဖြေလိုက်၏။

စက်သုံးဆီက အမှန်ပင်စျေးမကြီးပါ။ သို့သော် အမေလင်းက စိုးရိမ်ကာ သတိပေးလိုက်၏။ "အမေတို့ အိမ်ပြန်ရောက်တာနဲ့ ဒီကားကို အမြန်ဆုံးပြန်ပို့လိုက်။ စစ်တပ်သုံးကားဆိုတာ ဒီလို လျှောက်သုံးလို့မရဘူး"

"ကျွန်တော်က နှစ်ရက်သုံးမယ်ဆိုပြီး အပေါ်စာတင်ထားတာပါ။ နေ့လည်ကျ အမေနဲ့ လင်းဝေ့ကို စျေးခေါ်သွားဦးမှာ ဆိုတော့ မနက်ဖြန်မှ ပြန်ပို့လိုက်ပါ့မယ်"

ဒီနေ့ခတ်မှာ ကားက အသုံးများကြသည် မဟုတ်ပါ။လင်းဝေ့ အဖေသည်ပင်လျင် သူ့ခေါင်းဆောင်မြို့ကိုသွားသည့်အခါ မောင်းသွားသည်ကိုမြင်ဖူးခဲ့ပြီး တစ်ခါမှ မစီးခဲ့ဖူးပါ။ အမေလင်းလည်း ထိုကဲ့သို့ပင်ဖြစ်၏။ အဝေးကပင် ကြည့်ခဲ့ဖူးပြီး တစ်ခါမှ မစီးဘူး မကိုင်ကြည့်ခဲ့ဖူးပါ။

ထို့ကြောင့်ကားပေါ်ရာက်တာ သူတို့ အလွန်သတိထားနေကြ၏။ ကားကို ထိမိခိုက်မိကာ ကားပျက်စီးမည်ကို စိုးရ်ိမ်နေကြခြင်းဖြစ်၏။

လင်းဝေ့က သူ့မိဘတွေ ဖြစ်ပျက်နေတာ တွေ့တော့ ရှင်းပြလိုက်၏။ "တစ်ကယ်တော့ ဒီဂျစ်ကားက ဘတ်စ်ကားလိုပါပဲ။ ဒါပေမယ့် မောင်းတဲ့အခါ ဒ်ီကားကပိုငြိမ်ပြီး မရမ်းခါဘူး"

အမေလင်းလည်း ကွာခြာမှန်းတော့ သိပါ၏။ ဘတ်စ်ကားကို ၃၀ ပြားပေးကာ သူမ တစ်ခါစီးဖူး၏။ အခုဒီကားက စီးရတာ အလွန်သက်သောင့်သက်သာရှိ၏။

ဂျစ်ကားမောင်းလာသည့်လမ်းက လင်းဝေ့ ကျွန်းပေါ်စရောက်ကာစတုန်းက လာခဲ့သည့်လမ်းပင်ဖြစ်၏။ ထိုစဥ်က လမ်းဘေးဝန်းကျင်က စိမ်းစိုနေသော်လည်း အခုတော့ ဆောင်းရာသီရောက်ပြိီဖြစ်၍ မြက်ခင်းများက အဝါရောင်သန်းနေ၏။

အမေလင်းက ကားလမ်းဘေးတစ်လျှောက်ကြည့်လိုက်ကာ ပြောလိုက်၏။ "လမ်းက အမေတို့တပ်ရင်းကို သွားတဲ့လမ်းနဲ့ တူတယ်နော်"

"ကားလမ်းပဲ ဆိုတော့ အကုန်တူမှာပေါ့" လင်းဝေ့က ပြောလိုက်သည်။

"ဖွားဖွားတပ်ရင်းက ဘယ်မှာလဲ"

"ဖွားဖွားတို့ အိမ်ရှိတဲ့နေရာမှာလေ"ဟု လင်းဝေ့က ဖြေလိုက်၏။

အဖွားအိမ်တွေးမိသည်နှင့် မင်မင်သည် သူ့ဝမ်းကွဲများကိုသတ်ိရလိုက်၏။ "ဖွားဖွား သားရဲ့ ဝမ်းကွဲတွေက ဘာလို့ ဒီကို မလာကြတာလဲ"

" သူတို့လည်း သူတို့အိမ်မှာ နှစ်သစ်ကြိုမှာ မို့လို့မလာနိုင်ဘူးလေ"ဟု အမေလင်းက ပြန်ဖြေလိုက်၏။

" သူတို့လည်း သားတို့အိမ်မှာ နှစ်သစ်ကြိုလို့မရဘူးလား"

အမေလင်းက သူ့ခြေရင်းမှာရှ်ိသည့်အိတ်များကို လက်ညိုးထိုးပြလိုက်ပြိး ပြောလိုက်၏။ "ဖိုးဖိုး နဲ့ ဖွားဖွားလည်း ပစ္စည်းတွေ အများကြီးသယ်လာရပြီး ခရီးကလည်း ဝေးတာမို့လို့ သူတို့ကို မခေါ်လာနိုင်ခဲ့ဘူး"

"ဟုတ်လား"မင်မင်လည်း စိတ်ပျက်သွားသည့်ဟန်သက်ပြင်းချလိုက်၏။

စကားပြောလာရင်း ဂျစ်ကားကလေးက မိသားစုအိမ်ရာထဲ ဝင်လာ၏။ မိသားစု အိမ်ရာအတွင်းရှိ အိမ်ရာများကိုကြည့်ပြီး အမေလင်းက "သမီးတို့ပတ်ဝန်းကျင်လေးက သန့်ရှင်းသပ်ရပ်ပြီး အရမ်းကောင်းတာပဲ" ဟုပြောလိုက်၏။

" ဒါက စစ်တပ်မိသားစုအိမ်ရာလေ။ သမီးတို့အိမ်က ဘယ်အိမ်လဲ" ဟု အဖေလင်းက သူ့မိန်းမကိုလည်း ပြန်ဖြေရင်း လင်းဝေ့တို့ နေအိမ်ကိုမေးလိုက်၏။

လင်းဝေ့က အရှေ့ကိုညွှန်ပြလိုက်၏။ " ဒါက တိုက်တန်းအိမ်ရာ။ သူတို့က ခြံဝန်းတစ်ခုထဲမှာ ပေါင်းပြီးနေကြရတာ။ သမီးတို့က ခြံဝန်းသက်သက်နဲ့ အိမ်ရာအဟောင်းဘက်မှာနေတာ"

"သားတို့အိမ်ကနေ ပင်လယ်ကို မြင်ရတယ်" ဟု မင်မင်ကလည်း ဝင်ပြောလိုက်၏။

"တစ်ကယ်လား"

မင်မင်က ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ် ဖွားဖွားရဲ့။သားတို့အိမ်ရှေ့မှာ ကမ်းခြေလည်း ရှိတယ်။ သားတို့က ကမ်းခြေမှာ အိမ်လေးတွေဆောက်ကြတာ။ ဖွားဖွားကော သဲအိမ်ဆောက်တတ်လား"

"အာ့တာတော့ ဖွားဖွား မလုပ်တတ်ဘူး"

မင်မင်က သူ့ရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်၏။ "ရတယ် သားသင်ပေးမယ်။

"အိမ်ရောက်ပြီ" ကျုံးရှောက်က ကားကို ဘရိတ်အသာအုပ်ပြီး ပြောလိုက်၏။

အမေလင်း မြင်လိုက် ရသည်က ရှေ့မှာကျော်ခဲ့သည်အိမ်အသစ် များနှင်မတူပဲ အုတ်တိုက်အိမ် အုတ်ကြွတ်အမိုး အိမ်များကို ခြံဝန်းတစ်ခုစီဖြင့် မြင်လိုက်ရ၏။

လင်းဝေ့က ကားတံခါးကိုဖွင့်ပြီး ကားအပြင်ထွက်လိုက်ကာ အရှေ့ကို ညွှန်ပြလိုက်၏။"ဒါ သမီးတို့အိမ်"

အမေလင်းလည်း လင်းဝေ့ညွှန်ပြသည့် အိမ်ကိုကြည့်လိုက်၏။ "သမီးတို့ အိမ်ခန်းဖွဲ့စည်းပုံက ဘယ်လိုလဲ"

"အပေါ်ထက်အောက်ထပ်ရှိတယ် အမေ။ သမီးတို့ဇာတိက အိမ်လိုပဲ။ အောက်ထပ်မှာတော့ အိပ်ခန်းမရှိဘူး။ အပေါ်ထပ်မှာ အိပ်ခန်းနှစ်ခန်းပါတယ်" ဟု လင်းဝေ့က ရှင်းပြကာ ဒီညအိပ်မည့်နေရာကိုပါ ပြောလိုက်၏။ လင်းဝေ့က သူမ အမေနှင့်အိပ်မည်ဖြစ်ပြီး ကျုံးရှောက်က အဖေလင်းနှင့် အိပ်မည်ဖြစ်၏။

သူတို့အမေ ပြောသွားသည့်အထဲတွင် သူတို့ ညီအစ်ကို နှစ်ယောက်အိပ်ရမည့်နေရာ မပါ၍ မင်မင်က အမြန်မေးလိုကိ၏။ " ဒါဆို သားနဲ့ ညီလေးကကော။ သားတို့က ဘယ်မှာအိပ်ရမှာလဲ"

"သားတို့ဘယ်မှာ အိပ်ချင်လဲ အိပ်ချင်တဲ့သူနဲ့အိပ်လေ" ဟု လင်းဝေ့က ပြုံးကာပြောလိုက်၏။

" ဒါဆို သားက မေမေ နဲ့ ဖွားဖွားနဲ့အတူအိပ်မယ်" မင်မင်က တုံ့ဆိုင်းမနေပဲ ပြောလိုက်၏။ သူ့အဖွားကိုတိုင်ပြောရန်လည်း မမေ့ချေ။

"ဖွားဖွား သိလား။ ဖေဖေကလေ အကျင့်မကောင်းဘူး။သားနဲ့ ညီလေးကို အမေနဲ့ ပေးမအိပ်ဘူး"

ကျုံးရှောက်တစ်ယောက် ကားပေါ်က အိတ်များထုတ်လိုက်ကာ ကားတံခါးကိုပိတ်လိုက်စဥ် သူ့သား၏ စကားကိုကြားလိုက်ရ၍ သားခေါင်းကို အသာအယာရိုက်လိုက်၏။ "ဘယ်တုန်းက မင်းတို့အမေနဲ့ ပေးမအိပ်လို့လဲ"

"မနေ့ကလေ။ မနေ့က မတိုင်ခင် တစ်နေ့ကရော။ အဲ့နေ့မတိုင်ခင် တစ်နေ့ကရော……တစ်ခြားရက်တွေအများကြီးပဲ သားတို့ကို အမေနဲ့ ပေးမအိပ်တာ" ဟု မင်မင်က ရက်များကိုရေတွက်ရင်း ရေတွက်ရင်းး စိတ်တိုလာကာ သူ့အဖေကို ပြန်အတွန့်တက်လိုက်၏။

"ဖေဖေက မေမေနဲ့ သားတို့ကို ပေးမအိပ်ဘူးလေ။ ထားလိုက်ပါတော့။ အခုသားတို့က မေမေနဲ့ နေ့တိုင်းအိပ်တော့မှာ။ မေမေက ဖေဖေ နဲ့အိပ်တာနဲ့ မနက်ဆိုလည်း အိပ်ရာထအမြဲ နောက်ကျတယ်"

လင်းဝေ့ သူ့သားစကားကြားသည်နှင့် မျက်နှာနိီရဲသွားပြီး ကျုံးရှောက်ကို အချက်ပြသည့်အနေဖြင့် ချောင်းဆိုးပြလိုက်ကာ "ရှင့်သားကိုထိန်းဦး"ဟု အဓိပ္ပါယ်ရသည့် မျက်ရိပ်မျက်ကဲ ပြလိုက်၏။

သူ့မိန်းမဆီက အချက်ပြသည်ကိုမြင်သည်နှင့် ကျုံးရှောက်သည် သူ့သား၏ ပါးစပ်ကို ပိတ်လိုက်၏။

မင်မင်က မျက်လုံးပြူးပြီး သူ့အဖေ၏ လက်ကို ခွာဖို့ကြိုးစားရင်း အော်လေတော့၏။ "ဝူးးးးဝူးးးဝူးးးး"

ကျုံးရှောက် - " တိတ်တော့"

အမေလင်းနှင့် အဖေလင်း - "……" ငါတို့ ဘာမှ မကြားလိုက်ဘူးနော်။

All Chapters