အပိုင်း ၁၇၄
Vol. 14 Ch. 174
ကျုံးပင်ကို ရှာတွေ့ခဲ့သည့် ပထမဆုံးသူက အမေလင်းဖြစ်သည်။
ကျုံးရှောက်နှင့် လင်းဝေ့က ကလေးကို ဆုတောင်းပေးပြီးချိန်တွင် သူမက သားမက်နှင့် သမီးတို့နှင့်အတူ ရှေ့တွင်မထိုင်ဘဲ ကလေးများအပြည့်နှင့် မင်မင်၏ စားပွဲတွင် လာထိုင်ခဲ့သည်။
ထိုင်ခုံတွေက လမ်းဘက်ကို မျက်နှာမူထားသည့်အတွက် သူမက ကျုံးပင်နှင့် အခြားအဖော်လေးဦးတို့ ကားပေါ်က ဆင်းလာသည်နှင့် မြင်လိုက်ရသည်။
ဒါပေမယ့် သူမက ကျုံးပင်ကို မမြင်သည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့်ရှိပြီဖြစ်လို့ သူမက သူ့ပုံစံကို ရှင်းရှင်းလင်းလင်း မမှတ်မိပေ။ သူမက တစ်ချက်ကြည့်လိုက်ပြီး ရင်းနှီးသလိုခံစားရသည်။ သူမဘေးတွင်ထိုင်နေသော မင်မင်က သူ့ညီကို "ဒီအဘိုးက အဖေနဲ့ တစ်ပုံစံထဲပဲ" ဟုပြောလိုက်သည်ကို ကြားရတော့မှ ဘယ်သူဆိုတာ မှတ်မိသွားသည်။
အမေလင်း၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ မတ်တပ်ရပ်လိုက်ပြီး အပြင်သို့ထွက်ခဲ့သည်။
သူမက ခြေလှမ်းကျယ်များနှင့် အိမ်ထဲမှ ဖြတ်လျှောက်ကာ အိမ်ရှေ့ခြံဝင်းကိုထွက်လာခဲ့ပြီး ယခု မီးဖိုခန်းမှ ဖြတ်သွားသော လူစုက တံခါးဘက်ကို လျှောက်လာနေသည်။
အမေလင်းက အလယ်မှ လျှောက်လာသောသူ၏ ပုံစံကို မြင်နေရသည်။
ကျုံးပင်က ငယ်ရွယ်စဉ်က ရွာတွင် အချောဆုံးသူ ဖြစ်ခဲ့သည်။ သူက ငယ်ရွယ်စဉ်မှာ မိဘတွေမဆုံးရှုံးခဲ့ရဘဲ ချန်ရှင်းလန်၏ ခင်ပွန်းလောင်းအဖြစ် ရွေးထားမခံရဘူးဆိုလျှင် သူ့ကိုလက်ထပ်ရန် ကမ်းလှမ်းမည့်သူ အမြောက်အများရှိမှာ သေချာသည်။
ဒါပေမယ့် အချိန်က စကားပြောခဲ့ပြီပင်။ သူက ဒီနှစ်တွင် အသက်ခြောက်ဆယ်ပြည့်တော့မည် ဆိုပေမယ့် သူ့ဆံပင်တွေက ဖြူနေပြီဖြစ်ပြီး မျက်နှာတွင်လည်း အရေးအကြောင်းများ ရှိနေပြီပင်။ ဒါပေမယ့် သူက အရမ်းမပိန်သလို အရမ်းလည်းမဝဘဲ ကြည့်ကောင်းသည့်ပုံစံရှိသေးသည်။ ထပ်ပြောရလျှင် သူ့မျက်နှာပုံစံကလည်း ထူးခြားသည့်အတွက် သူက ခန့်ညားသည့်လူကြီး ပုံစံဖြစ်သည်။
ဒါပေမယ့် သူက ပုံစံသာ ကြည့်ကောင်းနေပေမယ့် အတွင်းမှာ ပုပ်သိုးနေတာကတော့ စိတ်မကောင်းစရာပဲ!
အမေလင်းက သူ့ညာဘက်မှ အမျိုးသမီးကို ကြည့်မိတော့ စိတ်တိုသွားသည်။
သူတို့လေးယောက်ထဲတွင် နောက်ထပ်သက်လတ်ပိုင်းအရာရှိတစ်ယောက်နှင့် လူငယ်စစ်သားတစ်ယောက်က ကျုံးပင်၏ ဘယ်ဘက်မှလျှောက်လာသည်။ ဘေးမှလာသော သက်လတ်ပိုင်းအမျိုးသမီးက ဘယ်သူဖြစ်ပြီး ဘယ်လိုအဆင့်အတန်းနှင့်လာသည်ဆိုတာ မြင်သူတိုင်းသိနိုင်သည်။
ကျုံးပင်က တစ်ယောက်ထဲလာခဲ့ရင် သူ့မြေးမရဲ့လပြည့်ဝိုင်သောက်ပွဲကို လာတယ်ဆိုပြီး အမေလင်းက ဒေါသကို မြိုသိပ်ထားနိုင်မည်ဖြစ်သည်။ဒါပေမယ့် ဒီအမျိုးသမီးကို မြင်သောအခါ အမေလင်းက စိတ်တိုသွားကာ အော်မေးလိုက်သည်။
"ဒီကို ဘာလာလုပ်တာလဲ?"
ခြံထဲမှသူများက သောက်နေရင်းစကားပြောနေကြပြီး တံခါးတွင် လူအများကြီးမရှိတာကို သတိထားမိသည်။အမေလင်းက အော်လိုက်တော့ အားလုံးက အပြင်ကိုကြည့်လိုက်သည်။
အရာရှိအတော်များများက ထရပ်လိုက်သည်။
ဒါပေမယ့် အမေလင်းက ဒီလိုပုံမှန်မဟုတ်သည့်အမူအရာကို သတိမထားမိပေ။ သူမက ထိုလူလေးယောက်ရှေ့တွင် ရပ်လိုက်ကာ ကျုံးပင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ဒီနေရာက ဘယ်နေရာလဲ? ရှင်က ဒီမိန်းမကိုခေါ်ပြီး ဒီကို လာရဲတယ်လား?"
မင်မင်ရဲ့စကားကြောင့် အမေလင်းက ကျုံးပင်ကို မှတ်မိသွားတယ်ဆိုပေမယ့် ကျုံးပင်က အမေလင်းကို ချက်ချင်းမမှတ်မိပေ။ ပြီးတော့ သူတို့အချင်းချင်း မတွေ့သည်မှာလည်း ဆယ်စုနှစ်ကျော်ပြီဖြစ်ပြီး သူတို့ကလည်းပြောင်းလဲသွားပြီဖြစ်သည်။
ဒါကြောင့် ကျုံးပင်က အမေလင်းရဲ့စကားကိုကြားတော့ ပြန်မေးလိုက်သည်။ "တစ်ဆိတ်လောက်၊ ခင်ဗျားကဘယ်သူလဲ?"
အမေလင်းက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
"ကျွန်မက ကျန်းအားနီ၊ ရှင့်အရင်မိန်းမရဲ့ သူငယ်ချင်း၊ ကျုံးရှောက်ရဲ့ ယောက္ခမပဲ!"
ကျုံးပင်က ရုတ်တရက် နားလည်သွားကာ စကားပြောရန်ပြင်လိုက်စဉ် ကျုံးရှောက်က လူအုပ်ထဲမှလျှောက်လာကာ ရှန်းဝမ်ကျင်းရှေ့တွင်ရပ်ပြီး အလေးပြုလိုက်သည်။
"မင်္ဂလာပါ ခေါင်းဆောင်!"
ကျုံးရှောက်သာမက အခြားမူးနေသောတပ်သားရော မမူးနေသောတပ်သားများပါ လာရောက်အလေးပြုကြသည်။
ရှန်းဝမ်ကျင်းက စိတ်မလုံ ဖြစ်နေမိသည်။ သူက ကျုံးပင်နှင့် ကျုံးရှောက်၏ သားအဖဆက်ဆံရေး အဆင်မပြေတာကို သိပေမယ့် သူက ဒီလူတွေကို ခေါ်လာခဲ့တာက ပတ်ဝန်းကျင် အခြေအနေကို အဖျက်သဘောဖြစ်နိုင်မည်ဆိုတာကို သိပေမယ့် တစ်ယောက်ယောက်ကလာပြီး ကျုံးပင်ကို ဆူပူပြောဆိုမည် ဟုတော့ သူ မထင်ထားခဲ့ပေ။ ပြီးတော့ ဒီလူက ကျုံးပင်အရင်ဇနီး၏ သူငယ်ချင်းဖြစ်ပြီး ကျုံးရှောက်၏ ယောက္ခမဖြစ်သည်။
ထို့ကြောင့် လူအများ သူ့အနားရောက်လာတာတွေ့တော့ ရှန်းဝမ်ကျင်းက စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ သူက အားလုံးကို ပြန်အလေးပြုလိုက်ကာ ပြောလိုက်သည်။
"ကိုယ့်ဘာသာကိုယ် အစားစားကြပါ၊ဘကျွန်တော်တို့ကို စိတ်ထဲမထားပါနဲ့။"
ထို့နောက် သူက ကျုံးရှောက်ကိုကြည့်ကာ ပြောလိုက်သည်။ "ရှောင်ကျုံး မင်းရဲ့သမီးက ဒီနေ့ လပြည့်စားသောက်ပွဲလုပ်တယ်လို့ ငါကြားတယ်။ မင်းအဖေကလည်း ဒီနေ့ရောက်လာတာမလို့ ငါ သူ့ကို ခေါ်လာခဲ့တာ။မင်းအဆင်ပြေတယ်ဆိုရင် အတူ ထိုင်ပြီး သောက်ကြမလား?"
အမေလင်းက ရှန်းဝမ်ကျင်းကို မြင်တာကြာပြီဆိုပေမယ့် သူမက ဒေါသထွက်နေတာမလို့ သူ့ရာထူးအဆင့်အတန်းကို သတိမထားမိခဲ့ပေ။ ယခု ကျုံးရှောက်က သူ့ကို ခေါင်းဆောင်ဟုခေါ်ကာ အလေးပြုသည်ကို မြင်တော့မှ သူမက နောင်တရသွားသည်။
သူမက ကျုံးပင်နှင့် သူ့ဇနီးကို ဆူပူမိလို့ နောင်တရတာမဟုတ်ဘဲ ကျုံးရှောက်၏ ခေါင်းဆောင်ရှေ့တွင် ဆူမိ၍ နောင်တရခြင်းဖြစ်သည်။
သူမက နယ်ဘက်မှလာ၍ ကျောင်းမတက်ဖူးဘူး ဆိုပေမယ့် အတွေ့အကြုံအနည်းငယ်ရှ်ိပြီး ဒီကျွန်းကို နှစ်ကြိမ် လာလည်ခဲ့တာက သူမကို ကိစ္စအများကြီး နားလည်လာစေသည်။ တပ်ထဲတွင် ခေါင်းဆောင်ဟု လူတိုင်းကို ခေါ်လို့မရတာ သူမကသိသည်။
ဥပမာ ကျုံးရှောက်၏ တပ်ရင်းမှူးလာလျှင် သူက လောင်ချင် ဟုခေါ်သည်။ သီးသန့်ရှိနေလျှင် သူက ရာထူးကိုပင် ထည့်မပြောပေ။ အခြားတပ်ရင်းမှလူများကိုလည်း ရာထူးနှင့် မျိုးရိုးနာမည်ကိုသာခေါ်ပြီး ဘယ်သူ့ကိုမှ ခေါင်းဆောင် ဟုမခေါ်ခဲ့ပေ။
လူအများ လာပြီးအလေးပြုကြတာကတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
သူမ ယခုသတိမထားမိလိုက်သူက ရာထူးအတော်မြင့်မည်ဟု အမေလင်းက ခံစားမိသည်။
ဒါကြောင့် ရှန်းဝမ်ကျင်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ကြားရတော့ သူမ စိတ်ထဲမှ မျက်လုံးလှန်ကြည့်လိုက်ပေမယ့် စကားမပြောခဲ့ပေ။
အမေလင်းသာမက ယခင်က စကားကျယ်လောင်စွာပြောနေကြသော ဧည့်သည်များလည်း တိတ်နေကြသလို သူမနောက်မှ ကလေးချီထားသော လင်းဝေ့ကလည်း တိတ်နေပြီး သူမရှေ့မှ ကျုံးပင်နှင့် ဝူရှူကျွင်းကလည်း အတူတူပင်ဖြစ်သည်။
ကျုံးပင်က ပထမဆုံး စကားစပြောသူဖြစ်သည်။ သူကခေါ်လိုက်သည်။ "ရှောင်ရှောက်"
တပ်ရင်းမှူးချင်ကလည်း ရောက်လာပြီး ကျုံးရှောက်၏ ပုခုံးကိုပုတ်သာ အသံနှိမ့်ပြီး ပြောလိုက်သည်။ "ခေါင်းဆောင်ကတောင် ဒီလိုပြောနေပြီဆိုတော့ ဘာလို့သူ့ကို မဖိတ်ရမှာလဲ? ဘာပဲဖြစ်ဖြစ် ဒီနေ့က ပျော်ရမယ့်နေ့ပဲလေ။"
ကျုံးရှောက်နှင့် သူ့အဖေကြားမှာ ဘာပြဿနာတွေဖြစ်ထားတယ်ဆိုတာ သူ မသိပေမယ့် သူက ခေါင်းဆောင်ရှေ့တွင် မျက်နှာရရန်လိုအပ်သည်။
ကျုံးရှောက်က ဘာမှမပြောပေမယ့် တစ်ဖက်ကို လှည့်လိုက်သည်။
သူအရှုံးပေးလိုက်တာကိုမြင်တော့ တပ်ရင်းမှူးချင်က ပြုံးလိုက်ပြီး ရှန်းဝမ်ကျင်းနှင့် အခြားသူများကို ဝင်လာရန် ခေါ်လိုက်သည်။
တပ်ရင်းမှူးချင်၏ ဖိတ်ခေါ်မှုကြောင့် ရှန်းဝမ်ကျင်းက စိတ်သက်သာရာရသွားကာ ကျုံးပင်ကို အရင်ဝင်သွားရန်ပြောလိုက်သည်။
ကျုံးပင်လည်း စိတ်သက်သာရာရသွားသည်။ ယခင်နှစ်များက ကျုံးရှောက်က သူ့ကိုအနိုင်ရရန် တစ်ကမ္ဘာလုံးကို အတိုက်အခံလုပ်ခဲ့သည်။ အခြားလူငယ်များက မိဘများကိုမှီပြီး နေရာကောင်းကောင်း လိုချင်ကြသည်ဆိုပေမယ့် ကျုံးရှောက်ကတော့ မတူညီပေ။ သူက အကောင်းဆုံး ကြိုးစားလမ်းဖောက်ပေးခဲ့ပေမယ့် သူက လက်မခံလိုပေ။
ထိုအချ်ိန်က သူက သူ့ကံကောင်းမကောင်း သူ့ဘာသူ ကြိုးစားကြည့်တာကောင်းမည် ဟုထင်ခဲ့မိသည်။ သူ နံရံကို တိုက်မိတဲ့အခါမှပဲ သူ ဘယ်လောက်ကံကောင်းတယ်ဆိုတာ သိရပြီး သူ့ကိုယ်သူ ဘယ်လိုနှိမ့်ချပြီးနေရမယ်ဆိုတာ သင်ယူနိုင်လိမ့်မည်။
ကျုံးရှောက်က နံရံကိုမတိုက်မိခဲ့သည်သာမက သူ့အစွမ်းအစနှင့်သူ နေရာတစ်ခု တည်ဆောက်နိုင်ခဲ့မည်ဟုဘယ်သူ ထင်ထားမှာလဲ။ ပြောင်းပြန်အနေနှင့် သူကသာ အသက်အရွယ်ရလာသည်နှင့်အမျှ အရင်အချိန်များကိုသတိရလာကာ သူ့မြေးများကို မြင်ချင်စိတ်ပြင်းပြလာခဲ့သည်။
ဒါကြောင့်မလို့ မကြာခင်က သူ့မိန်းမက သူ့မာနကိုလျှော့ပြီး သူ့မြေးမ၏ လပြည့်ဝိုင်သောက်ပွဲအချိန်တွင် ကျွန်းကိုလာပြီး သားအဖဆက်ဆံရေးကို ပြန်တည်ဆောက်ရန် ပြောခဲ့ချိန် သူ စဉ်းစားပြီးသည့်နောက် သဘောတူလိုက်သည်။
ဒါကြောင့် ဒီခရီးကို ထွက်လာခြင်းဖြစ်သည်။
ဒါကြောင့်မလို့ ကျုံးပင်က သူ့သား သူ့ကို ဖိတ်ခေါ်မည်ဟု မျှော်လင့်ထားသော်လည်း သူ့သား၏ခေါင်းမာသောအကျင့်ကို သူသိသည်။ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်ကို ပြန်တွေးကာ သူကသက်ပြင်းချပြီး အထဲသို့လျှောက်သွားလိုက်သည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည်နှင့် သူ့မိန်းမ၏ အသံကို ကြားလိုက်ရသည်။ "ရှောင်ရှောက် မင်းဘာလုပ်တာလဲ?"
"ဒါက ကျွန်တော့်သမီးရဲ့ လပြည့်ဝိုင်သောက်ပွဲပါ သူစိမ်းတွေဝင်လို့မရဘူး" ကျုံးရှောက်က ဝူရှူကျွင်းကို သူ့လက်ဖြင့်တားလိုက်ကာ အေးစက်စွာပြောခဲ့သည်။
ဝူရှူကျွင်းက သူမမျက်နှာမှ အပြုံးကိုမပျောက်သွားအောင် အားတင်းပြီး ထိန်းထားရသည်။
"မင်းဘာပြောတာလဲ၊ ဘာလို့ တို့က သူစိမ်းဖြစ်ရမှာလဲ?"
သူမပြောပြီးသော်လည်း ကျုံးရှောက်က လက်မခံသည်မလို့ သူမက အော်လိုက်သည်။
"လောင်ကျုံး!"
ကျုံးပင်က လှည့်ကြည့်ကာ ပြောလိုက်သည်။ "ရှောင်ရှောက်၊ ဘာပဲဖြစ်ဖြစ် ရှောင်ဝူက အကြီးပဲလေ။"
"ကျွန်တော့်မှာ အကြီးတွေ သိပ်မရှိပါဘူး။ ကျွန်တော့် ယောက္ခထီးက နယ်မှာဖြစ်ပြီး ယောက္ခမက ဒီမှာလေ။သူက ဘယ်လို အကြီးလဲဆိုတာ ကျွန်တော်မသိဘူး?" ကျုံးရှောက်က ပြန်မေးလိုက်သည်။
ကျုံးပင်က ပြေလည်ချင်၍ လာခဲ့သော်လည်း ကျုံးရှောက်၏ အပြုအမူကြောင့် စ်ိတ်အနှောင့်အယှက်ဖြစ်ကာ ပြောလိုက်သည်။ "သူက ငါ့ဇနီး၊ မင်းအမေပဲ၊ ဘာလို့ သူ့ကို အကြီးတစ်ယောက်အဖြစ် သတ်မှတ်လို့ မရတာလဲ?"
ကျုံးရှောက်၏ အသံက ရုတ်တရက် ကျယ်လောင်သွားသည်။ "ကျွန်တော့်အမေက ကွယ်လွန်သွားတာ ကြာပြီ!"
ကျုံးပင်က ဒါကိုကြားတော့ ပို၍ စိတ်တိုသွားသည်။သူက စကားပြောချင်ပေမယ့် အမေလင်းက သူ့စကားကိုဖြတ်ပြောလိုက်သည်။
"ရှင်တို့ရဲ့ အကြီးဆိုတဲ့အာဏာကို ဒီနေရာမှာ လာမပြနဲ့။ရှင်နဲ့ ဒီမိန်းမရဲ့ကိစ္စက မိုးနဲ့မြေရော ရှင်နဲ့ကျွန်မရော သ်ိပြီးသားပဲ!"
ကျုံးပင်က အမေလင်းကို ပြောလိုက်သည်။ "ကျွန်တော်တို့ သားအဖကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ?"
ကျုံးပင်က နှစ်ပေါင်းများစွာ ရာထူးမြင့်မြင့်မှာ နေခဲ့သူမလို့ သူစိတ်တိုနေလျှင် ပြင်းထန်သောအားတစ်ခုရှိသည်။အမေလင်းက ထိတ်လန့်သွားပေမယ့် ခဏအကြာမှာတော့ သူမက နားလည်သွားသည်။ သူမက အမှားလုပ်ထားသူမဟုတ်လို့ ဘာကိုကြောက်ရမှာလဲ?
သူမက ဒါကိုတွေးကာ ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။
"ကျွန်မက ရှင်းလန်ရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး ကျုံးရှောက်ရဲ့ ယောက္ခမပဲ။ ဒီကိစ္စက ကျွန်မနဲ့မဆိုင်ဘူးလို့ ရှင်ထင်နေတာလား? ကျုံးပင် ရှင်က အခု လုပ်ပိုင်ခွင့်တွေရှိနေတာနဲ့ပဲ ဘယ်သူမှ ရှင့်အတိတ်ကို မသိဘူးထင်မနေနဲ့။ ရှင်းလန်ရဲ့အဖေသာ ရှင့်ကို မမွေးစားခဲ့ရင် ရှင်က ငတ်ပြတ်ပြီး သေနေလောက်ပြီ။ ဒါပေမယ့် ရှင်ချမ်းသာပြီးတော့ ဘယ်သူ့ကိုမှ ပြန်မကြည့်တော့ဘူး..."
အစမကောင်းခဲ့ပေမယ့် နောက်ပ်ိုင်းမှာမှ အောင်မြင်လာသူတွေက သူတို့အတိတ်ကိုတူးဖော်ခံရမှာ ကြောက်သည်။ ကျုံးပင်က ဥပမာပင် ဖြစ်သည်။ သူ့မျက်နှာက ရုတ်တရက် ပြာနှမ်းသွားသည်။
ဝူရှူကျွင်းက ဒါကိုမြင်တော့ ပြောလိုက်သည်။ "ထားလိုက်ပါတော့ လောင်ကျုံး။ ခမည်းခမက်က မကြိုဆိုဘူးဆိုတော့ ကျွန်မ ကားထဲသွားစောင့်နေလိုက်ပါမယ်။"
ခမည်းခမက် ဟူသောစကားကို ကြားလိုက်ရတော့ အမေလင်းက ချက်ချင်း ရွံရှာသွားသည်။ "ဘယ်သူက နင့် ဆွေမျိုးလဲ!"
ကျုံးပင်က ဝူရှုကျွင်းနှင့်အတူ ထွက်သွားချင်ပေမယ့် သူမက သူ့အတွေးကို ရိပ်မိသွားကာ ပြောလိုက်သည်။
"ဒါက ကလေးရဲ့ လပြည့်ဝိုင်သောက်ပွဲလေ။ ကလေးရဲ့ အဘိုးအနေနဲ့ ရှင် မတက်ရောက်လို့ ဖြစ်မလား?ဒါက ကျွန်မအတွက် ကိစ္စမရှိပါဘူး"
ထိုသို့ပြောကာ သူမက အပြင်လှည့်ထွက်သွားခဲ့သည်။
ကျုံးပင်က လင်းဝေ့ကို လှည့်ကြည့်လိုက်သည်။ သူက သူမကို မမြင်ဖူးပေမယ့် ဒီနေရာတွင် ကလေးချီထားတာက သူမတစ်ယောက်ထဲမလို့ သူမက ဘယ်သူဆိုတာ သူက သေချာပေါက်သ်ိနိုင်သည်။ ဒါပေမယ့် ကျုံးပင်က လင်းဝေ့ကို ကြည့်တာမဟုတ်ဘဲ သူမချီထားသောကလေးကို ကြည့်လိုက်ခြင်းဖြစ်သည်။ သူ့ရှုထောင့်မှ ကလေးအိပ်နေသောမျက်နှာကိုသာ မြင်ရသည်။
သူ့အသက်အရွယ်လူများသည် သားသမီး မြေးမြစ်များရှိရန် မျှော်လင့်ကြသည်။ သူတို့ခန္ဓာကိုယ်က အားလျော့လာတာနဲ့အမျှ မိသားစု၏ ဂရုစိုက်မှုကို လိုလားလာကြသည်။
ပြန်လက်ထပ်ပြီးနောက် သူနှင့်ဝူရှူကျွင်းတွင် ကလေးရခဲ့လျှင် စိတ်ထဲဖြေသာနိုင်ပြီး ကျုံးရှောက်နှင့်လည်း စိတ်ရှည်ရှည်နှင့် အငြင်းပွားနိုင်မည်ဖြစ်သည်။ သို့သော် ကျုံးရှောက်မှလွဲ၍ သူ့တွင် အခြားကလေးမရှိပေ။
ဒါက သူ့မာနကိုလျှော့ထားသော အဓိကအကြောင်းအရင်း ဖြစ်သည်။
ကျုံးပင် တွေးနေချိန်တွင် ရှန်းဝမ်ကျင်းက ကိစ္စများချောမွေ့သွားစေရန် ပြောလိုက်သည်။ "ဒါဆို အခု နေရာယူကြတော့မလား?"
ကျုံးပင်က အသိပြန်ဝင်လာကာ ခေါင်းငြိမ့်လိုက်သည်။
တပ်ရင်းမှူးချင်က အားလုံးကို နေရာယူရန်ပြောလိုက်ပြီး ကျုံးရှောက်ကို သူ့လက်နှင့်ဖက်လိုက်ကာ ပြောလိုက်သည်။ "ဘုန်းကြီးကို ကြည့်ပြီးမဆုံးဖြတ်ပါနဲ့၊ ဘုရားကို ကြည့်ပြီးပဲဆုံးဖြတ်ပါ။"
အမေလင်းရဲ့စကားက မဆုံးလိုက်ပေမယ့် ကျုံးရှောက်မိဘတွေအကြောင်းကို တပ်ရင်းမှူးချင်က သ်ိနိုင်သွားပြီဖြစ်သည်။ သူတို့က အချစ်ရူးမိန်းမနဲ့ နှလုံးသားမရှိတဲ့ယောက်ျားတစ်ယောက် ဆိုတာထက်မပိုပေ။ ဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်တဲ့ အစောပိုင်းကာလမှာ ဖြစ်နေကျ ကိစ္စဖြစ်ပြီး ကွာရှင်းမှူများပြားလာစေတဲ့ အဓိကအကြောင်းအရင်းပင်။
ဒါပေမယ့် အတိတ်မှာ ဘာပဲဖြစ်ခဲ့ပါစေ သူက ကျူံးရှောက်၏ အဖေ ဖြစ်နေသေးသည်။ သူက သူ့မြေးမ၏ လပြည့်စားသောက်ပွဲအတွက် ဒီခရီးကို လာခဲ့တာဖြစ်သည်။ သူ့ကိုမဖိတ်ခေါ်တာက အခုအချိန်မှာ စိတ်မချမ်းမသာ ဖြစ်စေသည်သာမက နောင်တစ်ချိန်တွင် ကျုံးရှောက်အတွက်လည်း မကောင်းနိုင်ပေ။ သားသမီးများ၏ သိတတ်မှုက ယနေ့ခေတ်တွင် အရေးကြီးသည်။အဖေအရင်းက လူမဆန်တဲ့သူဆိုရင်တောင် ကျုံးရှောက်က သူ့ကို အဖေအဖြစ် အသိအမှတ်မပြုလျှင် သူ့အနာဂတ်တွင် ဂုဏ်သိက္ခါကို ထိခိုက်လာမှာ သေချာသည်။
ပြီးတော့ ကျုံးရှောက်အဖေနှင့် အတူလာသူက သူတို့တပ်ရင်း၏ ခေါင်းဆောင်ဖြစ်သည်။ ကျုံးရှောက်က ခေါင်းမာပြီး ခေါင်းဆောင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမည်ကို သူကစိတ်ပူသည်။
ကံကောင်းစွာနဲ့ပဲ ကျုံးရှောက်က အမှားမလုပ်ခဲ့ပေ။သူက ခေါင်းငုံ့ကာ အမေလင်းကို ပြောလိုက်သည်။ "အမေ ထိုင်ပါ"
အမေလင်းက ကျုံးပင်ကို မုန်းပေမယ့် သူမက အဓိကနှင့်သာမညကို ခွဲခြားမသိသူ မဟုတ်ပေ။ သူမက ဘာမှမပြောပေမယ့် မေးလိုက်သည်။ "မင်း အဆင်ပြေရဲ့လား?"
"ကိစ္စမရှိပါဘူး" ကျုံးရှောက်က ပြောပြီး လှည့်ကာ လင်းဝေ့ဆီ လျှောက်သွားပြီး ပုခုံးကိုပုတ်လိုက်ကာ သူမကိုထိုင်ခိုင်းလိုက်သည်။
ဒါပေမယ့် ကျုံးရှောက်ရဲ့အပြုအမူတွေကို မြင်ပြီး ရှန်းဝမ်ကျင်းက လင်းဝေ့ လက်ထဲမှကလေးကိုကြည့်ကာ သူ့သူငယ်ချင်းဟောင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျုံးရှောက်ကို ပြောလိုက်သည်။
"ဒါက မင်းမိန်းမနဲ့သမီးလား?"
"ဟုတ်ကဲ့" ကျုံးရှောက်က ပြောလိုက်သည်။
ရှန်းဝမ်ကျင်းက ပြောလိုက်သည်။ "ဒီနေ့က မင်းသမီးရဲ့ လပြည့်စားသောက်ပွဲဆိုတော့ ငါတို့ဆီ ကလေးခေါ်လာခဲ့ဖို့ မင်းမိန်းမကို ပြောပေးလို့ရမလား?"
ကျုံးရှောက် လက်မခံမှာစိုးသောကြောင့် တပ်ရင်းမှူးချင်က ပြုံးပြီးပြောလိုက်သည်။ "ဟုတ်တာပေါ့ ခေါင်းဆောင်၊ခေါင်းဆောင်က ခုမှရောက်တာဆိုတော့ ကျုံးရှောက်ရဲ့သမီးကို မြင်ဖူးမှာမဟုတ်ဘူး"
ကျုံးရှောက်က သူထင်ထားသလို မနုံအဘဲ မတ်တပ်ရပ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော် သူမကို သွားခေါ်လိုက်ပါမယ်”