Chapter 40
Vol. 3 Ch. 40
"ကျွန်မက ရှီးချန်က လာခဲ့တော့ ပင်လယ်အစားအစာတွေအရင်က မစားဖူးဘူးလေ။ ပင်လယ်စာပွဲရုံက လူတွေက ငါးပေါင်းလုပ်နည်းတွေ ကြက်သွန်ဖြူနဲ့ ကမာကောင်ပေါင်းနည်းတွေ ပြောပြခဲ့တာ။ ပေါင်းစားတာက အရသာရှိပေမယ့် အမြဲတမ်းတော့ ဒီအတိုင်းမစားချင်ဘူးလေ။ ကျွန်မလည်း ပင်လယ်စာပွဲရုံက အမျိုးသမီးတွေဆီက ပင်လယ်စာ ချက်နည်းတွေ သင်လို့ရရင်ကောင်းမှာပဲ။ အခုလို သူတို့ကို မေး မေးနေ တာက သူတို့အလုပ်ကို နှောက်ယှက်သလို ဖြစ်နေမိမှာစိုးလို့"
ကျုံးရှောက်က ဂဏန်းလက်ကို အခွံခွာပြီး အထဲက အသားကို လင်းဝေ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် "အဲသည်တော့……"ဟုပြောလိုက်သည်။
"ဒီတော့…" လင်းဝေ့က သူ့ပန်းကန်ထဲက ဂဏန်းအသားက်ိုကြည့်လိုက်ပြီး နောက်ဂဏန်းခြေထောင်ကို ထပ်ယူညှပ်နေသော ကျုံးရှောက်ကို ကြည့်လိုက်ရင်း ပြောလိုက်သည်။
"ရှင့်ဘာသာ ရှင် စားပါ။ ကျွန်မကို မစိုးရိမ်နဲ့"
ကျုံးရှောက်က ပြုံးကာ မေးလိုက်သည်။
"မင်း ပင်လယ်စာအစိမ်းကို ဝိုင်နဲ့နှပ်တဲ့နည်း ဘယ်သူ့ဆီက သင်တာလဲဆိုတာ မပြောရသေးဘူး"
လင်းဝေ့ကလည်း ဂဏန်းအသားကို စားလိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျွန်မ ပြန်လာတော့ အစ်မတန်း သူ့ခြံထဲမှာ ထိုင်နေတာကိုတွေ့လိုက်တယ်လေ။ သူ မနေ့က ကလေးတွေကို လျို့လျို့ငါးကြော်ကျွေးတယ်လို့ သိထားတော့ ကျွန်မလည်း သူ့ကို ချက်နည်း မေးကြည့်တာပေါ့။ လျို့လျို့ငါးကြော်နည်းပြောပြီးတော့ ပင်လယ်စာ အစိမ်းကို ဝိုင်နဲ့နှပ်တဲ့နည်းပါပြောပြခဲ့တာလေ။ အစ်မတန်းရဲ့ ဇာတိကလည်း ပင်လယ်ဘေးမှာပဲဆိုတော့ ပင်လယ်ချက်နည်းမျိုးစုံမှာ ကျွမ်းတယ်လေ"
ဟင်းလျာက ထူးခြား၍ အပြင် လူတွေ မသိနိုင်လောက်သောကြောင့် တန်းရှန့်ယွင်ကလည်း ပြောပြရုံသာမဟုတ်ပဲ ပါဝင်ပစ္စည်းများကို အသေးစိတ် ပြောပြခဲ့သည်။
လင်းဝေ့ကလည်း ဟင်းလျာ အသစ်ချက်ပြုတ်နည်းကိုသင်ယူဖို့ စိတ်အားထက်သန်နေ၍ တန်းရှန့်ယွင်ကိုအသေးစိတ်မေးမြန်းကာ ညနေစာအတွက် ပင်လယ်စာအစိမ်းကို ပြင်ဆင်တော့သည်။ တန်းရှန့်ယွင်ကိုလည်း ချက်ပြုတ်နေစဥ်အတွင်း မှန်မမှန် လာရောက်ကြည့်ခိုင်းခဲ့လေသည်။
နောက်ဆုံတော့ သူတို့နှစ်ယောက်လုံးကျေနပ်သည့် ဟင်းလျာများ ရလာတော့သည်။
ရွေ့ရွေ့တို့ ညီအစ်ကို နှစ်ယောက်လည်း အားရပါးရစားကြသည်။ ညီအစ်ကိုနှစ်ယောက်က ဝိုင်နှင့်နှပ်ထားသည့်ပင်လယ်စာ အစိမ်းဟင်းလျာကို မျက်စောင်းထိုးနေသည်ကိုလည်း လင်းဝေ့ မြင်နေရသည်။
သို့သော် ကြည့်ရုံသာ ကြည့်နိုင်တာကြောင့် သက်ပြင်းချကာ တစ်ခြားပင်လယ်စာ ဟင်းများကိုသာ စားကြလေတော့သည်။
"အာ့လိုလား…"ဟု ကျုံးရှောက်က ပြောလိုက်ပြီး ရုတ်တရက် တစ်ခုသတိရလိုက်ကာ ပြောလိုက်သည်။
"ဒါနဲ့စကားမစပ် အစ်ကိုကျိုးက ကိုယ့်ကို ဒီနေ့ တစ်ခုပြောပြခဲ့တယ်"
လင်းဝေ့ကလည်း စားနေရင်းပြန်မေးလိုက်သည်။ "ဘာကိစ္စလဲ"
"အလုပ်အကိုင် နေရာချထားရေးရုံးက သူ့အမျိုးသမီးကို ဆေးပေးခန်းအလုပ် ခန့်လိုက်တယ်တဲ့"
ကျုံးရှောက်ရဲ့ အတည်ပေါက်ရုပ်ကြောင့် လင်းဝေ့က အရေးကြီးသည့် အကြောင်းအရာပြောမည်ထင်သော်လည်း သူမ သိပြီးသားကိစ္စဖြစ်နေသည်။
ထို့ကြောင့် စိတ်သက်သာရာရပြီး သက်ပြင်းလေးချကာ "ကျွန်မသိပြီးပါပြီ" ဟုပြောလိုက်သည်။
"မင်းဘယ်လိုသိတာလဲ??"
"ကျွန်မ တပ်မတော် ပြန်လည်နေရာချထားရေးရုံးကို နေထိုင်ခွင့်စာအုပ်သွားယူတော့ အစ်မရှန်းနဲ့ အစ်မလျို တို့က ပြောပြတာလေ"
ထိုနောက် လင်းဝေ့က ဘေးခြံကိုကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သေးသည်။
"အာ့အကြောင်းတင် မဟုတ်ဘူး ရုံးကိုပြဿနာ ရှာသွားတဲ့သူက ဘယ်သူဆိုတာပါ ပြောပြသေးတယ်"
"ဒုတပ်မှုးကျောက်ရဲ့ အမျိုးသမီးမလားး"ဟု ကျုံးရှောက်က မေးလိုက်သော် လင်းဝေ့ကလည်း အံ့သြသွားပြီး "ရှင် ဘယ်လိုသိတာလဲ" ဟုပြန်မေးလိုက်သည်။
"မင်းတို့ နှစ်ယောက်ပြောနေတုန်းက သူကမီးဖိုချောင်ကနေ ဒီဘက်ကို လှမ်းကြည့်လိုက်တာကို ကိုယ်မြင်လိုက်တယ်လေ" ကျုံးရှောက်က တွေးဆကာ ထပ်ပြောလိုက်သေးသည်။
"သူက မင်းနဲ့ ရဲဘော်လျိုတို့ပြောနေတာကို ကြားခဲ့တာမဟုတ်လား"
လင်းဝေ့ - "...…"စစ်သားဆိုတဲ့အတိုင်း တစ်ခါထဲ မှန်းလိုက်နိုင်တာပဲ။
လင်းဝေ့၏ မျက်နှာအမူအရာကိုကြည့်ကာ သူမှန်းတာမှန်လိုက်မှန်းသိလိုက်သည်။ ထို့ကြောင့် မျက်မှောင်ကြုံ့လိုက်ကာ ပြောလိုက်သည်။ "ကိုယ် ကျောက်ဖုန်းနဲ့ ထပ်ပြောလိုက်မယ်"
"ရှင်သူ့ကို ဘယ်လိုသွားပြောမလို့လဲ။ ကောင်းရှို့လျန်က ဘာလို့ သွားတိုင်တာလဲလို့လား။ ဒါမှမဟုတ် ကျွန်မအတွက် အလုပ်ပြန်ရှာပေးဖို့ပြောမလို့လား" လင်းဝေ့လည်း ကျုံးရှောက်ကို ထိုသို့မေးလိုက်ပြီး ဆက်ပြောလိုက်သည်။
"ကောင်းရှို့လျန်ရဲ့လုပ်ရပ်က မမှန်ဘူးဆိုပေမယ့် မှားလားဆိုတော့လည်း မမှားဘူး ဘာလို့ဆို ကျွန်မက နေထိုင်ခွင့်မကျသေးပဲ အလုပ်ရသွားလို့ပဲ။ ကျောက်တပ်မှုးက အလုပ်ပြန်စီစဥ်ပေးခဲ့မယ် ဆိုရင်တောင်ကောင်းရှို့လျန်က နောင်ကွယ်မှာ ပြောနေဦးမှာပဲ"
ကျုံးရှောက်လည်း နားလည်ပေမယ့် ပြန်တွေးလိုက်တော့ လင်းဝေ့အတွက် နစ်နာသည်ဟု ခံစားရ၍ မသဲမကွဲပြောလိုက်သည်။
"ကိုယ်အိမ်ရွေးတုန်းက မြေနေရာအနေအထားပဲ မကြည့်သင့်ခဲ့ဘူး"
အခုဖြစ်နေသည့်အခြေအနေအရ အိမ်ရွေးချယ်ရာတွင် မြေနေရာ အနေအထားထက် အိမ်နီးချင်းက ပိုအရေးကြီးကြောင်း သိသာနေသည်။
" ကျွန်မလည်း ဒီလိုမျိုး မကြုံဖူးလို့ပါ ဒီလိုအိမ်နီးချင်းရှိမယ်မှန်းမှမသိတာ။ ဒါ့ထက် ကျွန်မဒီအိမ်ကို.အရမ်းကြိုက်ပါတယ်။ မနက်ဆိုလည်း ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ ပင်လယ်ကြီးကိုမြင်ရတာကလည်း အရမ်းကျေနပ်ဖို့ကောင်းတယ်"
လင်းဝေ့က ကျုံးရှောက်ကို နှစ်သိမ့်လိုက်သည်။ မကောင်းတဲ့ အိမ်နီးချင်းနဲ့တော့ နောက်ပိုင်း အဆက်အဆံမလုပ်ရုံပေါ့။
ကျုံးရှောက်က ပြုံးလိုက်ကာ " မင်းတစ်ကယ်ကြီး အာ့လိုတွေးတာလား" ဟုပြောလိုက်သည်။
"အာ့လိုတွေးလိုက်ဖို့ ဘာခက်ခဲလို့လဲ။ဘဝဆိုတာ ပျော်တစ်လှည့် ဝမ်းနည်းတစ်လှည့်ပေါ့။ ဘာလို့ မဆိုင်တဲ့လူတွေကြောင့် ကိုယ့်အပျော်တွေကို ဖျက်ဆီးပစ်ရမှာလဲ"
အိမ်နီးချင်းတွေနဲ့ လိုက်လျောညီထွေနေဖို့က သိပ်မဖြစ်နိုင်ချေ။ လင်းဝေ့ ချည်မျှင်စက်ရုံမှာ နေတုန်းကလည်း အိမ်နီးချင်းများနှင့် အရေးမပါသည့်ကိစ္စများကြောင့် မကြာခဏ စကားများဖူးသည်။
ထိုစဥ် လင်းဝေ့ကလည်း ငယ်သေးသောကြောင့် သူများနှင့်လည်း စကားအနိုင်မပြောတတ်ကာ စကားများတိုင်း အမြဲ ခံရသည်။
လင်းဝေ့ကိစ္စမှာ ကောင်းရှို့လျန် ပြဿနာ ရှာခဲ့သော်လည်း သူ့ဆီသွားကာ စကားများနေရမည့်ကိစ္စမျိုးမဟုတ်ပါ။ လင်းဝေ့လည်း ဖြစ်ခဲ့သည့်ကိစ္စကို တစ်ခြား ရှုထောင့်မှကြည့်ကာ သင်ခန်းစာယူလိုက်သည်။
"သူ ပြဿနာ သွားရှာတာက အကြောင်းအရင်းနှစ်ခုကြောင့်ဖြစ်နိုင်တယ်။ တစ်ခုက ကျွန်မအလုပ်ကို သူလိုချင်လို့။ ကျွန်မ အလုပ်မရလိုက်သလို သူမလည်း အာ့အလုပ်မရလိုက်ဘူး။ နောက်တစ်ခုက ကျွန်မကို မကျေနပ်လို့။ သူမက သဘောထားသေးတော့ ကျွန်မကောင်းကောင်းနေနေတာကို မြင်ချင်မှာမဟုတ်ဘူး။ကျွန်မက အလုပ်မရတော့လို့ စိတ်ပျက်နေရင် သူဝမ်းသာနေမှာပေါ့။ ပြောင်းပြန်အနေနဲ့ ကျွန်မပျော်နေရင် ခံစားနေရတာက ဘယ်သူပဲဖြစ် နိုင်မှာလဲ"
လင်းဝေ့အတွက်တော့ သေခြင်းရှင်ခြင်းမှလွဲရင် တစ်ခြားဘာမှ အရေးမကြီးပေ။
ကောင်းရှို့လျန်နှင့် စကားများကာ အချိန်ကုန်နေမည့်အစား သူမ မိသားစုနှင့်သာ အချိန်ကုန်လိုက်မည်ဖြစ်သည်။
ကျုံးရှောက်က ခဏ တိတ်ဆိတ်သွားပြီး ရုတ်တရက်ပြောလိုက်သည်။ "မင်း ဒီတစ်ခေါက် အရမ်းပြောင်းလဲသွားတယ်နော်"
လင်းဝေ့ ရုတ်တရက် နှလုံးခုန်ရပ်သွားသလို ခံစားလိုက်ရသည်။ ကျုံးရှောက် သူမကို ရိပ်မိတော့မလားလို့ထင်မိ၏။
သူမ၏ အိပ်မက် မှန်ကန်ကြောင်းသိပြီးနောက် လင်းဝေ့စိတ်က အိပ်မက်အကြောင်း ကျုံးရှောက်ကို ပြောသင့်မပြောသင့် ဝ်ိရောဓိဖြစ်နေ၏။
ပြောပြလျှင်လည်း အဓိပ္ပါယ်မရှိ၍ မယုံမည်ကို သူမစိုးရိမ်နေမိသည်။
တစ်ခြား တစ်ဖက်မှ တွေးကြည့်လျင်လည်း အကယ်၍ ကျုံးရှောက်ကို ဤကမ္ဘာမှာ ဝတ္ထုကမ္ဘာဖြစ်သည် ဟုပြောလိုက်လျင် သူမ အမေးခံရနိုင်သည်က "မင်းအဆင်ပြေရဲ့လား " ဆိုသည့်မေးခွန်းသာဖြစ်သည်။
ထို့အပြင် သူမကို စိတ်ကျန်းမာရေးမကောင်းဟုပင် ထင်သွားနိုင်၏။
အကယ်၍ ကျုံးရှောက်က သူမ ပြောသည်ကို ယုံကြည်ခဲ့သည်ဆိုပါကလည်း သူမကံကြမ္မာပြောင်းလဲသွားနိုင်မည်လား။
သူမ ဖျားနာခြင်းမရှိပဲ မတော်တဆမှုကြောင့် သေသွားတာဖြစ်ရမည်။ ထို့အပြင် သူမ သေမည့် အချိန်ကလည်း တစ်နှစ်ထက်ပင် မလိုတော့ချေ။
ယခု ကျုံးရှောက်ကိုပြောပြ လိုက်ခြင်းဖြင့် ထိတ်လန့်သွားရုံသာရှိမည်။ ထို့အပြင် နောက်နှစ်အတွင်း အိမ်သားများလည်း ပျော်ရွှင်ရမည်မဟုတ်ချေ။
ထိုသို့တွေးလိုက်ရင်း လင်းဝေ့က ပြုံးကာ ပြောလိုက်သည်။ "လူ တွေက အမြဲပြောင်းလဲနေတာပဲလေ။ မင်မင်လိုပဲပေါ့။ အမြဲငိုပြီး ဂျီကျနေတဲ့ ကလေးက အခု သိပ်မငိုတော့ဘူးလေ။ စကားသိပ်မပြောတဲ့ ရွေ့ရွေ့တောင် အခုဆို သူငယ်ချင်းတွေနဲ့ ကစားတတ်နေပြီ"
သူ့အမေ ပြောသံကိုကြား၍ မင်မင်က ရင်ကော့လိုက်ကာ ဂုဏ်ယူစွာပြောလိုက်သည်။."သားက အခုကြီးလာပြီ လူကြီးဖြစ်နေပြီ။ ဒါကြောင့် မျက်ရည်ကော သွေးကောမကျတော့ဘူး"
ရွေ့ရွေ့ကလည်း သူ့အစ်ကိုလို လိုက်ပြောလိုက်သည်။
"သားလည်း လူကြီး ဖြစ်နေပြီ။ ဒါပေမယ့် ခိုက်မိလို့သွေးထွက်ရင်တော့ သားက ငိုသေးတယ်" ဟုပြောလိုက်ပြီး သူ့အဖေ ကျုံးရှောက်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
"ဖေဖေ သားလည်း ဂဏန်းလက်မစားချင်တယ်"
ကျုံးရှောက်ကလည်း ခွာလက်စကို ရပ်ပြီး ဂဏန်းခြေထောက် တစ်ခုက်ိုဖဲ့ကာ ရွေ့ရွေ့ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ရွေ့ရွေ့က ဂဏန်းခြေထောက်ကို မ ကောက်ကိုင်ပဲ သူ့အဖေကို ပြောလိုက်သည်။ "သားမှ မခွာတတ်တာ"
လင်းဝေ့က ကလေးတွေကို ဂရုစိုက်နေကျဆိုတော့ သူမကပဲ ဂဏန်းခြေထောက်ကိုယူကာ အခွံခွာပေးဖို့လုပ်လိုက်သည်။ ထိုစဥ် ကျုံးရှောက်က လက်ကာလိုက်သည်။
"ကိုယ်လုပ်ပေးလိုက်မယ်"
ထိုအရာကို တွေ့လိုက်သည့် မင်မင်က ဂဏန်းအခွံကို ကိုက်နေရာမှ မျက်ခွံကို လှိမ့်လိုက်ပြီး သူ့ပါးစပ်ကို အုပ်ကာ ပြောလိုက်သည်။ "အခွံက အရမ်းမာတာပဲ"
ကျုံးရှောက်က ရွေ့ရွေ့အတွက် ဂဏန်းလက်အခွံကို အမြန်ခွာလိုက်ပြီး လင်းဝေ့ မင်မင်ဆီက မယူခင် အမြန်ယူကာ ခွါပေးလိုက်ပြီး "ကိုယ်ခွာပေးလိုက်မယ် မင်းက ကိုယ့်ဖာသာစားပါ" ဟုပြောလိုက်သည်။
ထိုသို့ပြောပြီး ခွာပြီးသား ဂဏန်းခြေထောက်အသားကို ရွေ့ရွေ့ကိုပေးလိုက်သည်။ ဤသည်ကို မင်မင်ကမြင်လိုက်သော် "ဖေဖေ သားလည်းထပ် စားမယ်" ဟု အော်ပြန်လေသည်။
ဒါနဲ့ပဲ ဂဏန်းလက်မကို ထပ်ခွာရပြန်သည်။
လင်းဝေ့ကလည်း ကျုံးရှောက် မနားရပဲ ခွာကျွေးနေသည်ကိုမြင်၍ "သူတို့ကို ခဏခဏ ခွာကျွေးမနေပါနဲ့။ ရှင်အရင် ဝအောင်စားပါဦး" ဟုပြောလိုက်၏။
"သူ တို့အတွက် ဒါလေး နောက်ဆုံးခွာတာပါ။ ကျန်တာကိုယ်စားပြီးမှ ခွာပေးလိုက်မယ်" ထိုသို့ပြောရင်းကျုံးရှောက်က လင်းဝေ့ဘက်လှည့်ကာ ပြောလိုက်သည်။
"ဒါနဲ့စကားမဆက် အစ်ကိုကျိုးက ကိုယ့်ကို တစ်ခုပြောတယ်"
လင်းဝေ့ကလည်း လျို့လျို့ငါးကို စားရင်း "ဘာကိစ္စလဲ" ဟုမေးလိုက်၏။