Chapter 34
Vol. 3 Ch. 34
ညနေခင်းပင်လယ်ပြင်က ရွှေရောင်သန်းနေကာ သင်္ဘောများကို ရိုက်ခတ်လာသည့်လှိုင်းလုံးများကလည်း အရောင်လက်နေသည်။ လှိုင်းခတ်သံကလည်း တိုးတိုးလေး ဖြစ်နေ၏။
ပင်လယ်ပြင်ကို ပိုအသက်ဝင်သွားစေသည်က ပင်လယ်ဇင်ယော်များ အော်မြည်သံနှင့် သူတို့၏ ပျံသန်းသွားလာမှုပင်ဖြစ်သည်။
ပင်လယ်ပြင်ကိုကြည့်နေသည့် လင်းဝေ့၏ အတွေးများမှာ တိတ်ဆိတ်လာပြီး ဗလာဖြစ်လာပြီး ငြိမ်သက်လာ၏။
ကျုံးရှောက်က ပန်းကန်ဆေးပြီး နောက်ခြံထဲ ဆင်းသွားရာ ထိုင်ခုံတွင်ထိုင်ပြီး အဝေးကို ငေးနေသည့် လင်းဝေ့ကိုတွေ့လိုက်ရသည်။
သူလည်း ထိုင်ခုံတစ်ခုဖြင့် သူမဘေးတွင် ထိုင်လိုက်ပြီး "ဘာတွေကြည့်နေတာလဲ" ဟုမေးလိုက်သည်။
"ဘာလဲ?"
လင်းဝေ့လည်း အသိစိတ်ပြန်ဝင်လာပြီး ကျုံးရှောက်ဘက်လှည့်ကာ ပြန်ဖြေလိုက်သည်။
"ပင်လယ်ပြင်ကိုကြည့်နေတာပါ။ ဒီနားလေးမှာထိုင်ပြီး ဘာမှ မလုပ်ပဲ ဘာမှ မစဥ်းစားပဲနေနေတာက အရမ်းသက်တောင့်သက်သာရှ်ိတာပဲ"
ကျုံးရှောက်ကလည်း "ဟုတ်တယ် အရမ်းနေလို့ကောင်းတယ်။ တစ်ခါတစ်လေကိုယ်လည်း ပင်လယ်ပြင်ကို ငေးရင်း အနားယူလေ့ရှိတယ်" ဟုပြောလိုက်သည်။
သူတို့နှစ်ဦးသား ပင်လယ်ပြင်ကို ငေးနေကြသည်မှာ အိမ်နီးချင်း ကျောက်ဖုန်း မလာခင်အထိဖြစ်သည်။ကျောက်ဖုန်းကလည်း အိမ်ကထွက်လာရာ သူတို့နှစ်ဦးကိုတွေ့၍ မေးလိုက်သည်။
"နှစ်ယောက်သား ဘာလုပ်နေကြတာလဲ"
ကျုံးရှောက်ကလည်း သူ့ကို ခေါင်းငဲ့ကြည့်လိုက်ကာ "ဒီအတိုင်းပင်လယ်ပြင်ကို ကြည့်နေတာပါ" ဟုပြန်ပြောလိုက်သည်။
ကျောက်ဖုန်း - "…… နှစ်ယောက်သား သာယာနေတဲ့ပုံပဲ"
လင်းမယားတွေကြားက ဆက်ဆံရေးက ကြာလျင် ပြောင်းလဲသွားကြတယ်ဆိုပေမယ့် ကျုံးရှောက်တို့လင်မယားကတော့အခုမှ ပြန်ပေါင်းကြလို့ထင်ပါရဲ့။
ထိုသို့တွေးလိုက်ပြီး ကျောက်ဖုန်းလည်း အိမ်ထဲဝင်လာပြီး ကောင်းရှို့လျန်ကို ရှာလိုက်ကာပြောလိုက်သည်။
"မိန်းမရေ အပြင်မှာလေ ရာသီဥတုက အရမ်းသာယာနေတာဆိုတော့…တို့တစ်တွေ လမ်းလျှောက်ထွက်ကြမလား"
ကောင်းရှို့လျန်ကလည်း ပန်းကန်ဆေးနေရင်း ကျောက်ဖုန်းကို လှည့် ကြည့်ကာပြောလိုက်သည်။
"ရှင်ဘာမှ လုပ်စရာမရှိဘူးဆိုလည်း ရွယ်ပင်းနဲ့ ကလေးတွေကိုပြန်ခေါ်ပြီး ရေချိုးပေးလိုက်။ ကလေးတွေက အပြင်မှာ ဆော့နေကြတုန်းပဲ"
ကျောက်ဖုန်းကလည်း အေးပါ ဟုသာ ပြန်ပြောနိုင်တော့သည်။
ကျောက်ဖုန်းက အပြင်မှာကစားနေတဲ့ သူ့ကလေးတွေကို အိမ်ပြန်ခေါ်နေတော့ လင်းဝေ့ကလည်း သူ့ကလေးတွေကိုပြန်ခေါ်လိုက်ကာ သရက်သီး ကြက်မောက်သီးနှင့် ငှက်ပျောသီးတို့ကို လှီးဖြတ်ကာ ဗန်းထဲထည့်ပြီးကျွေးလိုက်သည်။
ရှောင်ရှီးရှီးကလည်း ကလေးတွေနဲ့ အတူဆော့နေခဲ့သည်။ ရှောင်ရှီးရှီးက ညနေစာစားပြီး အိမ်လာလည်ကာ ညီအစ်ကို နှစ်ယောက်နှင့်အတူ သဲအိမ်လာဆောက်နေခြင်းဖြစ်သည်။
သို့သော် ယခုညနေ သူတို့ကစားသည့် သဲသောင်ပြင် နေရာက အစိုဓာတ်သိပ်မရှိ၍ သဲအိမ်ဆောက် ရ သိပ်အဆင်မပြေပါ။ ထိုကြောင့် ခြံဝန်းပုံစံခတ်ကာ ဆော့ခဲ့ကြသည်။
သို့သော် ကလေးများက ပျော်ပျော်ရွှင်ရွှင် ဆော့ခဲ့ကြကာ သူတို့ လက်ဆေးနေသည့်အချိန်တွင်ပင် သူတို့ဆောက်ခဲ့သည့် သဲ အုတ်တံတိုင်းများက မည်မျှ မိုက်ကြောင်း ပြောမဆုံးဖြစ်နေ၏။ ထို့နောက် သစ်သ်ီးများကို စားပြီးနောက် ပြန်ဆော့ကြရန် ပြောနေကြ၏။
ကလေးများ တိုင်ပင်နေသည်ကို ကြားသောအခါ လင်းဝေ့က ဖြတ်ပြောလိုက်သည်။
" သစ်သီးစားပြီးရင် ပြန်မဆော့ရတော့ဘူး။ ခြေလက်ဆေးပြီး အိပ်ရတော့မယ်။ ရှောင်ရှ်ီးလည်း တူတူပဲ အိမ်ပြန်တော့ မေမေက စောင့်နေလောက်ပြီ"
ကလေးတွေက လင်းဝေ့၏စကားကြားသည်နှင့် စိတ်ပျက်သွားကြသည်။ သို့သော် မင်မင်က ပျော်ရွှင်စွာပြောလိုက်သည်။
"သားကတော့ မဆော့လည်း ရပြီ။ ဘာလို့ဆို သဲတံတိုင်းခြံစည်းရိုးကို ခိုင်ခိုင်မာမာ လုပ်ထားတာမို့လို့လေတိုက်လည်း ပြိုကျမှာ မဟုတ်တော့ဘူး။ မနက်ဖြန်မှ ပြန်ဆက်ဆော့တော့ မယ်"
ရွေ့ရွေ့ကလည်း သူ့အမေကို မေးလိုက်သည်။
"မေမေ သားတို့မနက်ဖြန် သဲအိမ်လေးတွေ ဆက်ဆောက်လို့ရလား"
"ရတယ်" ဟုပြောလိုက်ပြီး ကျုံးရှောက်ကိုလည်း လှမ်းခေါ်လိုက်ကာ သရက်သီး တစ်စိတ် လှမ်းပေးလိုက်သည်။
ကျုံးရှောက်က ချက်ချင်း မစားသေးပဲ အသီးလှီးနေသည့် လင်းဝေ့ကို ကြည့်ကာ မေးလိုက်သည်။
" မင်း သရက်သီးအစေ့ မစားဘူးမလား"
လင်းဝေ့က သရက်သီး အစေ့ကို ကျုံးရှောက်ကို ပေးလိုက်ပြီး "စားလေ" ဟုပြောကာ ပေးလိုက်သည်။
သို့သော် လင်းဝေ့ သရက်သီး အသားအကုန်လှီး မပြီးသေးခင် ကျုံးရှောက်က သရက်သီး အစေ့ကို လုယူလိုက်သည်။
လင်းဝေ့က ကျုံးရှောက်ကို မော့ကြည့်လိုက်ရာ သရက်သီအစေ့၌ ကပ်နေသည့်အသားများကို စားနေသည်ကိုတွေ့လိုက်ရသည်။
ကျုံးရှောက် သရက်သီးစားနေပုံ မှာ ဟန်ဆောင်မှုကင်းလေသည်။ သို့သော် ရုပ်ပျက်ဆင်းပျက်တော့ မဟုတ်ပါ။လင်းဝေ့အရင်က မြင်ခဲ့ဖူးသည့် ကျုံးရှောက်၏ ပုံစံများထက် ပိုကြည့်ကောင်းသည်။
ရုပ်ချောသည့် သူများပင်လျှင် သရက်သီး အစေ့စားလျင် ရှက်တတ်ကြရာ ကျုံးရှောက်ကလည်း ထိုကဲ့သို့ပင်။ သူ့နှုတ်ခမ်းဘေးမှာလည်း သရက်သီး အရည်များ ပေနေကာ လက်မှာလည်း သရက်သီး အရည်များပေကျံနေသည်။
ကျုံးရှောက်လည်း သရက်သီး အစေ့စားပြီးသည့်နောက် သူ့ကိုယ်သူ ပေပွနေမှန်းသိလိုက်ကာ တစ်ဖက်သို့လှည့်လိုက်ရင်း လက်ဆေးကန်သို့ အမြန်ပြေးသွားကာဆေးလိုက်သည်။ ထို့နောက် လင်းဝေ့ဆီ ပြန်လျှောက်လာ၏။
ကျုံးရှောက်၏ အဖြစ်ကိုကြည့်ပြီး လင်းဝေ့ မသိလိုက်ပဲ ပြုံးလိုက်မိသည်။
ကျုံးရှောက်လည်း လက်ဆေးကာ ပြန်လာပြီးနောက် ရှက်ကိုးရှက်ကန်းဖြစ်နေစဥ် လင်းဝေ့ ပြုံးနေသည်ကိုတွေ့လိုက်ရ၍ ရှုသိုးသိုးမျက်နှာနှင့် မေးလိုက်သည်။
"ဘာလို့ ရီနေတာလဲ"
လင်းဝေ့ကလည်း သရက်သီးတစ်စိတ်ကိုကောက်ကာ ပါးစပ်ထဲ ထည့်ဝါးပြီး ပြောလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး သရက်သီးက အရသာရှ်ိလို့ပါ"
ကျုံးရှောက် - "……" အစက သူ့ပါးစပ်ထဲမှာ သရက်သီးလဲစားမနေပဲနဲ့။
ထို့နောက် ကျုံးရှောက်က လင်းဝေ့ဘေး ဝင်ထိုင်လိုက်ပြီး ကြက်မောက်သီး တစ်လုံးယူလိုက်ကာ အခွံခွာလိုက်ပြီး လင်းဝေ့ကို ပေးလိုက်သည်။
…………
ညအိပ်ချိန်ရောက်တော့ ရွေ့ရွေ့က လင်းဝေ့တို့နှင့် အတူအိပ်ရန်လာခဲ့သည်။ သို့သော် ကျုံးရှောက်က ရွေ့ရွေ့ကို တစ်ဦးထဲ နေထိုင်တတ်ရန်နှင့် အမေက်ိုပဲ မမှီခိုရန် သင်ခန်းစာများ ပေးလေတော့၏။
လင်းဝေ့ ရေချိုးပြီးနောက် ဒုတိယထပ်ကို တက်လာတော့ ကျုံးရှောက်က ကလေးတွေကို သူတို့အိပ်ခန်းမှာအိပ်ဖို့ပြောနေသည်ကို ကြားလိုက်ရသည်။
သို့သော် သူမအခန်းနားရောက်သည့်အခါ ကျုံးရှောက် ကလေးများကို ပြောနေသည်များကိုကြား၍ စိုးရွံသွားသည်။
"လက်ကိုင်ကို ဘယ်ဘက်ကိုလှည့်မယ် ပြီးတာနဲ့ မောင်းတံကို အဆုံးထိ ဆွဲချမယ်……"
လင်းဝေ့က ကြောင်အနေစဥ် အခန်းထဲ အိပ်ချင်မူးတူး အသံလေးက သူ့အဖေကို ဆွေးနွေးကြည့်လိုက်သည်။
"ဖေဖေ သားတို့ အာ့တာတွေ နားမထောင်လို့ရလား"
"ဒါဆို သားတို့က ဘာနားထောင်ချင်တာလဲ?"
မင်မင်ကလည်း ချက်ချင်းတက်တက်ကြွကြွဖြင့်ပြောလိုက်သည်။
" သားတို့က ပညာရှိကြီး အကြောင်းပုံပြင် တွေနားထောင်ချင်တာ ပြောပြပါလား ဖေဖေ"
"မပြောပြဘူး"
"ဟုတ်ကဲ့ပါ" မင်မင်က စိတ်ပျက်သွားပေမယ့် လက်မလျော့ပဲ ထပ်မေးလိုက်သည်။
"ဒါဆို လယ်သမားနဲ့မြွေ အကြောင်း ပုံပြင်ကော၊ ယုန်နဲ့လိပ်အပြေးပြိုင်တဲ့ပုံပြင်ကော။ အာ့ပုံပြင်တွေ မေမေက အမြဲပြောပြနေကျ။ ဖေဖေကော ပြောပြပါလား"
ကျုံးရှောက်လည်း တစ်ခါတည်း ငြင်းလိုက်သည်။
"မပြောပြဘူး"
"ဖေဖေ အာ့ပုံပြင် တွေမသိဘူးဆိုလည်း ရပါတယ်။ သားက ဖေဖေ့ကိုပြောပြမယ်လေ။ လယ်သမားနဲ့မြွေ အကြောင်းစပြောပြမယ်နော်။ ဟိုးးးရှေးရှေးးတုန်းက……”
မင်မင်က ပုံပြင်စပြောလိုက်တာနဲ့ ကျုံးရှောက်က ဖြတ်ပြောလိုက်သည်။
"အခုက သားတို့အိပ်ရမယ့်အချိန်။ မအိပ်ချင်သေးဘူးဆိုရင် ဖေဖေ ဒီစာအုပ်ကို ဆက်ပြီး ဖတ်ပြမယ်" ဟုပြောပြီး ကျုံးရှောက်လက်ထဲရှ်ိ စာအုပ်ကို ဆက်ဖတ်တော့သည်။
တစ်ခဏ အကြာတွင် အသံတိုးတိုးလေး ထွက်လာသည်။ "စကားမပြောနဲ့ စကားမပြောနဲ့အိပ်တော့"
ကျုံးရှောက် နှစ်မိနစ်ခန့်စကားပြောနေပြီး ရပ်သွားတော့ လင်းဝေ့ အခန်းထဲကို ဝင်သွားကြည့်လိုက်သည်။ကလေးနှစ်ယောက်က မျက်လုံးများမှိတ်ပြီး အိပ်နေသည်ကို တွေ့လိုက်ရသည်။
လင်းဝေ့ကို မြင်တော့ ကလေးတွေဘေးမှ ထိုင်နေသည့်ကျုံးရှောက်က စာအုပ်ကိုပိတ်လိုက်ပြီး တံခါးနားကိုလျှောက်လာလိုက်ပြီး မီးပိတ်လိုက်ကာ "သွားစို့ သူတို့အိပ်နေကြပြီ" ဟုပြောရင်း အပြင်ထွက်လိုက်ကာ တံခါးကို အသာ အယာပြန်ပိတ်လိုက်သည်။
လင်းဝေ့လည်း ကျုံးရှောက် လက်ထဲက စာအုပ်ကို ကြည့်ရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။
"သူတို့က်ို ဘာစာအုပ်တွေဖတ်ပြနေတာလဲ"
ကျုံးရှောက်ကလည်း စာအုပ်ကို ဖွက်မထားပဲ လင်းဝေ့ကိုပြလိုက်သည်။
စာအုပ်မျက်နှာဖုံးပေါ်ရှိ "စစ်ရေးလေ့ကျင့်မှု" ဆိုသည့် စကားလုံးကို တွေ့လိုက်၍ လင်းဝေ့က အံ့သြသွားကာမေးလိုက်သည်။
" ရုတ်တရက်ကြီး ဘာလို့ ကလေးတွေကို စစ်ရေးစာအုပ်တွေ ဖတ်ပြနေတာလဲ"
"စာအုပ်ထဲက အကြောင်းတွေက ကောင်းတယ်လေ"
လင်းဝေ့ကလည်း စာအုပ်ကောင်းဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ……
"ရှင်က အခု ဒါတွေဖတ်ပြတော့ကော ကလေးတွေက နားလည်မှာလား"
ကျုံးရှောက်က ရုပ်တည်ကြီးနှင့် ပြန်ပြောလိုက်သည်။
"သူ တို့နားလည်ဖို့မလိုဘူးလေ။ သူတို့အိပ်သွားဖို့ပဲ လိုတာ"
လင်းဝေ့ - "………" ရှင့်ရည်ရွယ်ချက်က အာ့လိုလားးး
သူတို့နှစ်ယောက်စကားပြောရင်း အခန်းထဲဝင်လာကြပြီးနောက် လင်းဝေ့က မှန်တင်ခုံရှေ့ ဝင်ထိုင်လိုက်ကာ မျက်နှာလိမ်းခရင် ဘူးကို ထုတ်ကာ လက်နှင့်အနည်းငယ်ယူပြီး မျက်နှာပေါ် လိမ်းလိုက်သည်။
မျက်နှာကိုလိမ်းပြီးနောက် ကျုံးရှောက်ကို လှည့်ကြည့်လိုက်ရာ ကုတင်ခေါင်းရင်းတွင် ထိုင်ကာ စောနက စာအုပ်ကိုလှန်နေသည်ကိုတွေ့လိုက်ရကာ ရုတ်တရက် မေးလိုက်သည်။
"ရှင့်အတွက် စာအုပ်စင်လေး လုပ်ပေးရမလား"
ကျုံးရှောက် စစ်တပ် အဆောင်ကနေ ယူလာသည့် အဝတ်အိတ်ကို ကြည့်လိုက်ရာ အဝတ်အစား သိပ်မပါပဲ စာအုပ်အတော်လေး ပါလာသည်ကိုသာ တွေ့လိုက်သည်။ သေတ္တာနှင့် အပြည့်စာအုပ်များကို စတိုခန်းထဲတွင် ထည့်ထားသည်။
လင်းဝေ့ မရောက်ခင်ကတည်းက ထည့်ထားသည်ဖြစ်ရာ သူမလည်း မရှင်းရသေးပေ။ ကျုံးရှောက် စာအုပ်ကိုင်ဖတ်နေသည်ကို တွေ့လိုက်မှ သတိရလ်ိုက်ခြင်းဖြစ်သည်။
ကျုံးရှောက်လည်း စာအုပ်ကိုချပြီး ပြောလိုက်သည်။
"လောလောဆယ်တော့ မလိုသေးပါဘူး။ နောက်ကျ ကိုယ် သစ်သားနည်းနည်း ရှာလိုက်ပြီး ကြောင်အိမ်နဲ့ ထိုင်ခုံတန်းလေးတွေ လုပ်လိုက်မယ်လေ။"
"သစ်သားက ရဖို့ခက်လား" ဟု လင်းဝေ့က ဆံပင်ကျစ်ရင်း မေးလိုက်ရာ ကျုံးရှောက်က
"ကိုယ်နဲ့ တစ်ခြား တပ်မှာ ရင်းနှီးတဲ့လူရှိတယ်။ သူတို့ကို အကူအညီတောင်းလိုက်လို့ရတယ်လေ" ဟုပြောလိုက်သည်။
လင်းဝေ့ကလည်း ခေါင်းငြိမ့်ရင်း အံဆွံထဲက သားရေပင်းနှစ်ခုယူကာ ကျစ်ဆံမြီးစည်းထားသည်ကို ချည်လိုက်သည်။
ကျုံးရှောက်လည်း လင်းဝေ့ကို ကြည့်ရင်းမေးလိုက်သည်။
"အရင် ညတွေက ဆံပင် မကျစ်ပဲ အိပ်တာကို ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"