← Chapters

Chapter 149

Vol. 12 Ch. 149

Chapter 149

Vol. 12 Ch. 149

ကျုံးရှောက်ကလည်း လက်စွပ်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးဖို့စဥ်းစားမိမည်ဟု လင်းဝေ့လုံးဝ ထင်မထားခဲ့ပါ။

သို့သော်…

ကျုံးရှောက်က တစ်ကယ်ကြီး သူမကို လက်စွပ် လက်ဆောင်ပေးလာတယ်လေ။

လက်စွပ်ရဲ့ အတွင်း ဘက်မှာလဲ "Z&L" ဆိုသည့်စာလုံးလည်း ထွင်းထားသေး၏။

လင်းဝေ့က ရေး ထွင်းထားသည့်စာလုံးကို သေချာကြည့်နေသည့်အခါ ကျုံးရှောက်က အသေးစိတ်ရှင်းပြလိုက်၏။

"ဒါက မင်းနဲ့ ကိုယ့်ရဲ့ နာမည်အစစာလုံးတွေ"

ကလေးတွေမပါဘူး။

လင်းဝေ့လည်း ကျုံးရှောက် ဆိုလိုသည်ကို နားလည်ပါ၏။ "ကျွန်မ သိပါတယ်"

လင်းဝေ့က လက်စွပ်က်ို သူမလက်ချောင်းထဲ စွပ် ဖို့လုပ်နေစဥ် ကျုံးရှောက်က လက်စွပ်ကိုရော လင်းဝေ့လက်ကိုရောယူကာ လင်းဝေ့၏ ဘယ်ဘက် လက်သူကြွယ်မှာစွပ်ပေးလိုက်၏။

"ရှင် ဘယ် ဘက် လက်မှာ ဝတ်ရတယ် ဆိုတာ သိတယ်ပေါ့" ဟု လင်းဝေ့က တအံ့တသြ မေးလိုက်၏။

"ကိုယ်တစ်ခြားသူတွေ ဝတ်တာ မြင်ဖူးတယ်လေ"

တော်လှမ်ရေးမစခင်က လူတော်တော်များများက အနောက်တိုင်းစတိုင်ကို လိုက်လဲ အတုခိုးတတ်ကြ၏။ သို့သော် အခုတော့ ထိုအရာများက ခေတ်မှီသောစတိုင်ဟူ၍ ဖြစ်လာ၏။

ကျုံးရှောက်က မြို့ပေါ်မှာ အချိန်အကြာကြီး နေခဲ့ဖူးသူဖြစ်၍ လက်စွပ်ဝတ်သူများကို မြင်ဖူးတာမဆန်းပေ။

လင်းဝေ့က လက်စွပ်ဝတ်ထားသည့် သူမလက်ကို မြောက်ကြည့်လိုက်၏။ လက်စွပ်က ဖန်စီ မဆန်သလို ဆန်းဆန်းပြားပြားလည်း မဟုတ်ပေ။ သူမတို့နှစ်ဦးနာမည်ကို ကဗ္ဗည်း ထိုးထားသာပါ၏။ သို့သော် လင်းဝေ့ကတော့ ရိုးရိုးလေးနှင့် လှတယ်ဟု ထင်မိသည်။

သူမနှင့်ကွက်တိတော်နေသည့် အသစ်စက်စက်လက်စွပ်နှင့်အထဲမှာ ထွင်းထားသည့် စာသားထိုကြည့်ပြီး လင်းဝေ့က ဤလက်စွပ်အသစ်ဖြစ်မည်ဟု တွေးလိုက်၏။

"ရှင် ဒီလက်စွပ်ကို ဘယ်က ပိုက်ဆံနဲ့ လုပ်လာတာလဲ"

"ကိုယ် ဧပြီလရဲ့ လုပ်အားခကို မင်းကို မအပ်ဘူးလို့ပြောထားတာလေ"

သူမအတွက် လက်ဆောင် ပြင်ဆင်နိုင်ရန်အတွက် လင်းဝေ့သည်ကျုံးရှောက်၏ ဧပြီလ လစာကို မသိမ်းဆည်းခဲ့ပေ။

"တစ်လစာ ထဲနဲ့ လက်စွပ်ကို ဝယ်လို့ရလို့လား"

ယနေ့ခတ် ရွှေစျေး ငွေစျေးက စျေးကြီးလှ၏။

"ကိုယ်ငယ်ငယ်က ဆွဲခဲ့တဲ့ ဆွဲသီးလေးကို ဖျက်ပြီး လုပ်လိုက်တာ။ လစာထဲကနေ လိုနေတဲ့ ငွေပဲ ဖြည့်လိုက်ရတော့ ပိုက်ဆံကျန်သေးတယ်။ ကျန်တဲ့ပိုက်ဆံကို နောက်ကျရင် မင်းကို အပ်လိုက်မယ်"

"ရှင့် ဆွဲသီးကို ဖျက်လိုက်တယ်။ ဘာလို့ ကျွန်မကို မပြောရတာလဲ" လင်းဝေ့က တအံ့တသြမေးလိုက်၏။ ကျုံးရှောက်၏ ဆွဲသီးက မိသားစုအမွေ မဟုတ်သော်လည်း လွန်ခဲ့သည့်နှစ်များစွာက ရွှေနဲ့ လုပ်ထားသည့် ဆွဲသီးလေးဖြစ်၏။

"မင်းကို ပြောတော့ မင်းက လုပ်ခိုင်းမှာလား ပြော" ကျုံးရှောက်က လင်းဝေ့လက်ကို ကိုင်ပြီး ပြန်မေးလိုက်၏။

"အာ့ရွှေက အမှန်တော့ ကိုယ့်အဖေ ထုတ်ပေးတဲ့ငွေနဲ့ အမေက လုပ်ပေးခဲ့တာ။ နောက်တော့…နောက်တော့ ကိုယ် လည်း အာ့ဆွဲသီးကို ရောင်းထုတ်ပစ်ချင်ခဲ့တာ ဒါပေမယ့်မလုပ်နိုင်ခဲ့ဘူး"

ထိုဆွဲသီးသည် ကျုံးရှောက်အတွက် အဓိပ္ပါယ်ရှ်သည့်ဆွဲသီးဖြစ်၏။ သူအိမ်နဲ့ဝေးရာကို ရောက်နေတုန်း သူ့မိဘတွေ ကွာရှင်းခဲ့ကြပြီးနောက် သူ့အမေကလည်း ဆုံးပါးသွားရာ အမှတ်တရဖြစ်ခဲ့သည့် ထိုဆွဲသီးကို ကျုံးရှောက် ရောင်းပစ်ချင်ခဲ့၏။

ဝမ်းနည်းမှု နာကျည်းမှု ခံစားချက်တွေက စွန့်လွတ်ရန်လွယ်သည်ဟု ထင်ရသော်လည်း သူ၏ နှလုံးသားကတော့အသွေးနှင့် အသားနှင့်ဖြစ်၍ မေ့ဖျောက်ဖို့မလွယ်ခဲ့ပါ။

လင်းဝေ့နှင့်ဘကလေးတွေ စစ်တပ်ထဲ ပြောင်းလာကြတော့ ကျုံးရှောက် ကိုယ်တိုင်သာမက သူတို့၏ မိသားစုလေးပါ အများကြီးပြောင်းလဲ လာခဲ့၏။

လွန်ခဲ့သည့်အချိန်တွေတုန်းက သူ့မှာ မိန်းမ နဲ့ကလေးရှိသည်ဟု တွေးလိုက်ရုံနှင့် သူ့နှလုံးသားလေးနွေးထွေးသွားခဲ့ရ၏။ သူတို့မိသားစု တစ်နေ့ အတူနေနိုင်ရမည်ဟုတွေးကာ အလုပ်ကြိုးစားခဲ့ရသည်။

သို့သော် တစ်ခါတစ်ရံတော့ လင်းဝေ့နှင့်ကလေးများ မျက်လုံးထဲတွင် သူ့ကို ဘယ်လိုမြင်မလဲ ဆိုပြီး စိုးထိတ်နေခဲ့ရ၏။

ထိုသို့ခံစားရကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပါ။ လင်းဝေ့တို့ ရှီးချန်မှာ နေတုန်းက လင်းဝေ့ဆီက စာရောက်လာတိုင်း ကိုယ့်ကိုယ်ကိုစိတ်ပျက်မှုတွေ ခံစားလာရ၏။

ကျုံးရှောက် စိတ်ထဲမှာတော့ လင်းဝေ့လည်း သူတို့နှစ်ယောက်၏ အိမ်ထောင်ရေးကို တတ်နိုင်သလောက်ကြိုးစားပေးခဲ့သည်ဟု ယုံကြည်ခဲ့၏။ လင်းဝေ့လည်း သူ့ဆီပို့ဖို့စာရေးတိုင်း သူတို့အိမ်ထောင်ရေးကို တွေးတောစဥ်းစားနေခဲ့လိမ့်မည်ဖြစ်၏။ သူတို့အတူနေကြသည့်အချိန်ကလည်း တိုတောင်းနေသေး၍ တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြသော်လည်း ခပ်တန်းတန်းဖြစ်နေသလို ခံစားနေရသေး၏။

ဒါကလည်း လင်းဝေ့အပြစ်မဟုတ်ပါ။ သူတို့ခွဲနေကြသည့်အချိန်က ကြာရှည်ခဲ့၍ဖြစ်သည်။

ထို့ကြောင့် တစ်ခါတစ်လေ သူ့မှာ မိသားစုနှင့်အိမ်ရှိသည်ဟု တွေးသော်လည်း ထိုအိမ်က အဝေးမှာဖြစ်နေပြန်၏။ သူအလုပ်တွေကြိုးစားနေပေမယ့် သူ့မိသားစုနှင့် နီးကပ်လာပြီဟု မခံစားရသေးပေ။

ထို့ကြောင့် လင်းဝေ့နှင့် စိတ်ချင်း ပိုနီးစပ်စေရန် သူ၏ ငယ်ရွယ်စဥ်က အဖြစ်အပျက် အမှတ်တရများပါသည့် ဆွဲသီးလေးကို အထည်ဖျက်လိုက်ကာ လင်းဝေ့အတွက် လက်စွပ်လေး လုပ်ပေးခဲ့ခြင်းဖြစ်၏။

………………………………

လင်းဝေ့က ကျုံးရှောက်ပေးသည့် လက်တောင် လက်စွပ်ကို အရမ်းကြိုက်ပေမယ့် ညအိပ်သည့်အချိန် များတွင် ချွတ်မအိပ်ချင်ခဲ့ပါ။ လက်စွပ်က ချွတ်ထားရမည့် လက်ဝတ်လက်စားမျိုးလည်း မဟုတ်ပါ။

သို့သော် ထိုလက်စွပ်ကလည်း လင်းဝေ့အတွက် ထူးခြားနေလေရာ မြေကြီးပေါ်ကျသွားမှာ ပြာပုံထဲ ကျသွားမှာ အံဆွဲထဲ ထည့်သိမ်းထားရတာမျိုး မလုပ်ချင်ပါ။ ထို့ကြောင့် ကျုံးရှောက်ကို မေးကြည့်ရာ ကြိုးဖြင့်သီပြီး လည်ပင်းမှာ ဆွဲထားရန်အကြံထွက်လာ၏။

လင်းဝေ့သည် လက်စွပ်ကို စွပ်ပြီး မကြွားနိုင်တော့သော်လည်း ကျုံးရှောက်ကိုတော့ အလွတ်မပေးချေ။ ထို့ကြောင့် နောက်တစ်နေ့ စျေးကို သွားကာ လည်ချောင်းနာပျောက်ဆေး သွားဝယ်လေ၏။

ကျောက်လီတို့က သူမကို ဘာဖြစ်တာလဲ ဟု ဂရုတစိုက်မေးသောအခါ လင်းဝေ့က "မနေ့က ကျွန်မမွေးနေ့လေ။ အာ့တော့ အားရှောက်က တစ်ညလုံး သီချင်းတွေ ဆိုပြရှာတာ။ အခုတော့ သူ့လည်ချောင်းတွေနာပြီး အသံတွေပြာနေလို့ ဆေးလာဝယ်တာပါ"

အမှန်တော့ လင်းဝေ့သည် သူ့သားနှစ်ယောက်လည်း လက်ဆောင်ပေးကြောင်း ကြွားလိုသော်လည်း သူ့သားတွေ လူမုန်းခံရမည်စိုး၍ လက်လျော့လိုက်၏။

သမဝါယမစျေးမှ အရောင်းဝန်ထမ်းများနှင့် မူလတန်းကျောင်းမှ ဆရာမများက လင်းဝေ့၏ ရည်ရွယ်ချက်ကို နားမလည်ကြပါ။ သူတို့သိတာက ခွေးစာပါးစပ်အပြည့်စားလိုက်ရသည်သာဖြစ်၏။ "ရှင်တို့ လင်မယားနှစ်ယောက်လုံး သေချင်နေကြတာလား"

သူတို့တွေ အိမ်ပြန်ရောက်တာနဲ့ သူတို့ယောကျာ်းတွေကို ရန်ရှာကြပြန်သည်။

"ရှင်က ကျွန်မမွေးနေ့လက်ဆောင် မပေးလို့ ရန်ရှာတယ်ပေါ့။ အခုကြည့်ဦး။ သူများယောကျာ်း ကျုံးရှောက်က သူ့မိန်းမ လင်းဝေ့ မွေးနေ့မို့လို့ တစ်ညလုံး သီချင်းတွေ ဆိုပြလို့ အခုဆို အသံတောင်ပြာနေပြီတဲ့"

အမျိုးသားထုကြီးကလည်း ပြန် ငြင်းချက်ထုတ်ကြ၏။

"တစ်ညလုံး သီချင်းဆိုပြတာက အဓိပ္ပါယ်ကို မရှိဘူး။အပေါ်ယံတွေ။ ဒါပေမယ့် ရဲဘော်လင်းဝေ့ ပေးတဲ့ လက်ဆောင်ကမှ မွေးနေ့လက်ဆောင်အစစ်အမှန်ကွ"

ဒီလိုနဲ့ အမျိုးသမီးထုက ပြန်ငြင်းပြန်၏။ "အော် ကျုံးရှောက်က မွေးနေ့လက်ဆောင် မပေးတော့ဘူး လ်ို့ ရှင် ထင်နေတာလား။ သူများက လက်ဆောင်ပေးရုံတင်မကဘူး သီချင်းပါ ဆိုပြသေးတယ်။ ကျွန်မမွေးနေ့ကျရင်ကြည့်ပါဦးမယ်။ နှစ်မျိုးလုံးတော့ မတောင်းဆိုပါဘူး။ တစ်မျိုးဆိုကျေနပ်ပါတယ်။ စောင့်နေမယ်နော်"

ထိုကဲ့သို့အိမ်ထောင်စုတိုင်း ဆူဆူပူပူလေးတွေ ဖြစ်ပြီးနောက် ကျုံးရှောက် တစ်ယောက်လည်း ယောကျာ်းထုကြီး၏ အမုန်းကို ခံလိုက်ရလေ၏။

ဒါပေမယ့် ကျုံးရှောက်က အရေထူသည့်လူမျိုးဖြစ်၍ စစ်တန်းလျားရောက်သည်နှင့် မလုံမလဲမျက်နှာ အမူအရာပင် မဖြစ်ချေ။ ထို့အပြင် "လင် နဲ့ မယား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အချင်းချင်း အပြန်အလှန် လက်ဆောင်ပေးကြတာ ကောင်းတယ် မဟုတ်ဘူးလား။ ခင်ဗျားတို့ကော မပေးကြဘူးလား" ဟု တအံ့တသြ မျက်နှာဖြင့် မျက်နှာပြောင် တိုက်ကာ မေးလိုက်လေ၏။

အားလုံး - "ငါသေချင်တယ်နော်"

နောက်ဆုံးတော့ ကျုံးရှောက်နှင့် လင်းဝေ့တို့စုံတွဲ၏ ဦးဆောင်မှုဖြင့် မိသားစုအိမ်ရာရှိ လင်မယားများ မွေးနေ့လက်ဆောင် အချင်းချင်း အတင်းပေးခိုင်းလာကြ၏။

မွေးနေ့ရောက်လာသူကို လက်ဆောင်တွေပေးရင် ကျုံးရှောက်တို့ လင်မယားကို စိတ်ထဲကနေ ကျိန်ဆဲနေကြ၏။ ဒါပေမယ့် သူတို့ မွေးနေ့လက်ဆောင်လက်ခံရလျင်တော့ ပျော်ရွှင်နေကြပြန်သည်။

ကျုံးရှောက်နှင့် လင်းဝေ့ကတော့ လူအမုန်းခံရကာ မိသားစုအိမ်ရာမှာ စိတ်ရှုပ်စရာအကောင်းဆုံး လင်မယားဘွဲ့ကို ခံယူထားလိုက်ရ၏။

သို့သော် ကျုံးရှောက်တို့လင်မယား၏ တုန့်ပြန်မှုကတော့ မတူညီပေ။

ကျုံးရှောက် ကြံဖန်ဂုဏ်ယူနေကာ လင်းဝေ့ကတော့"……" သူမလည်း ကြိုက်တယ်။

……………………

လင်းဝေ့တို့မိသားစုဝင်တွေ မွေးနေ့အသီးသီးကျင်းပပြီးနောက် စစ်တပ်မူလတန်းကျောင်းကလည်း နောက်ဆုံးစာမေးပွဲကို ရောက်လာ၏။

လွန်ခဲ့သည့် စာသင်နှစ်လိုပင် စစ်တပ်မူလတန်းကျောင်းသည် နှစ်ကုန်စာမေးပွဲကို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့၏။ လင်းဝေ့ သင်ကြားပေးခဲ့သည့်အတန်းက ကျောင်းသားတွေလည်း အမှတ်ကောင်းကြ၏။ ဒုတိယတန်းနှင့် တတိယတန်းက အမှတ်အများဆုံး ကျောင်းသားတွေက သူကျောင်းသားများပင်ဖြစ်၏။

စာသင်နှစ်အတွင်းမှာတော့ ဆရာမစွန်းက လင်းဝေ့ကို လိုက်ပြိုင်နေတတ်၏။ စာသင်နှစ်လည်း ပြီးရော လင်းဝေ့၏ ထိုးနှက်ခြင်းကို ခံလိုက်ရ၏။

ဤစာသင်နှစ်တွင် ဆရာမစွန်းက ဒုတိယတန်းကို မသင်ရသော်လည်း လင်းဝေ့က စတုတ္ထတန်းကို သင်ကြားဖို့ တာဝန်ပေးခြင်းခံရတော့ သူတို့နှစ်ဦးအကြား ပြိုင်ဆိုင်မှု ရှိလာပြီဟု ဆရာမစွန်းက တွေးလေ၏။

လွန်ခဲ့သည့်နှစ်က လင်းဝေ့ကို ပြဿနာရှာလိုက်မိ၍ ဒုက္ခရောက်သွားသည့် လော့ရှုကျီ၏ အဖြစ်အပျက်ကြောင့် ဆရာမစွန်းသည် လင်းဝေ့ကို ယုတ်မာသော နည်းလမ်းဖြင့် အနိုင်မယူရဲပါ။

စာမေးပွဲရလဒ် မရခင်အထိတော့ အဆင်ပြေနေသေး၏။ ရလဒ်များထွက်လာတော့ သူမ ထပ်ပြီး အနိုင်ယူခံလိုက်ရ၏။

လင်းဝေ့၏ အနိုင်ယူခံလိုက်ရသည့် တစ်ခြားဆရာမများလည်း ရှိရာ သူတို့က တည်ငြိမ်နေ၍ ဆရာမစွန်းလည်း တည်ငြိမ်ယောင် ဆောင်လိုက်ရ၏။

သင်ကြားရေးထူးချွန်မှုကြောင့် လင်းဝေ့သည် စာသင်နှစ်၏ ထူးချွန်ဆရာမအဖြစ် သတ်မှတ်ခံရ၏။ သို့သော် ကျောင်းတွင်းဂုဏ်ပြုမှုသာ ဖြစ်၍ လင်းဝေ့သည် မှတ်စုစာအုပ်နှင့် ဘောပင်က်ို လက်ခံရရှိလေသည်။

အကယ်၍ နောက်နှစ်စာသင်နှစ်လည်း ထူးချွန်ကျောင်းသားများကို ထပ်မွေးထုတ်နိုင်ပါက ပညာရေးဌာနမှ ဂုဏ်ပြုခြင်းကို ခံရကာ ဆုငွေများလည်း ရရှိနိုင်၏။

စာမေးပွဲကြီးပြီးတော့ လင်းဝေ့၏ နွေရာသီအားလပ်ရက်ရောက်လာခဲ့၏။

နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း တစ်ချို့က ပျော်ပြီး တစ်ချို့က မပျော်ကြပါ။ ပျော်ကြသည့်တွေက ကျောင်းသူ ကျောင်းသားကလေးတွေဆိုတာ မြေကြီး လက်ခတ်မလွဲပါ။ ကျောင်းသွားစရာမလ်ိုတော့၍ ပျော်ကြခြင်းဖြစ်၏။ မပျော်ကြသည့်သူတွေကတော့ မိဘတွေဖြစ်၏။ အထူသဖြင့် အလုပ်ရှိသည့်မိဘများဖြစ်၏။ သူတို့ကလေးတွေ ကျောင်းပိတ်ရက်ရောက်လျင် ဘယ်လိုလုပ်ရမှန်း မသိဖြစ်သွားကြ၏။

ထိုစိတ်ပူကြသည့် သူများထဲ တွင် ဆရာ ဆရာမများတော့မပါပေ။ ကလေးတွေ ကျောင်းပိတ်လျင် သူတို့လည်း ကျောင်းပိတ်ကြကာ အိမ်က ကလေး သုံးလေး ယောက် ထိန်းရတာက ကျောင်းက ကလေး တစ်ဒါဇင် ထိန်းရတာလောက်လည်း ပင်ပန်းသည်ဟု မခံစားရချေ။

ထို့ကြောင့် ကျောင်းပိတ်ရက် ရှည်ပိတ်ကြောင်း ကြေညာစာထွက်လာတော့ ဆရာမမျက စိတ်သက်သာရာ သက်ပြင်းချလိုက်ကြ၏။ နောက်ဆုံးတော့ နားချိန်ရောက်ပြီလေ။

စိတ်သက်သာရာရသွားသည့် ဆရာမများထဲတွင် လင်းဝေ့တော့မပါပါ။ သူမအတွက်ကတော့ ဇူလိုင်လကနေ သြဂုတ်လအထိ အားလပ်ရက်က သူမ၏ အသက်အန္တရယ်ကို ထိခိုက်နိုင်သည့် အချိန်ကာလဖြစ်၍ ဖြစ်၏။

ထို့ကြောင့် ထိုကာလကို ဘယ်လိုရင်ဆိုင်ရမလဲ စဥ်းစားရင်း လင်းဝေ့ရဲ့ စိတ်တွေက တင်းကျပ်လာ၏။

သူမ အသက်ရှင်နိုင်ပါ့မလား?

All Chapters