← Chapters

Chapter 152

Vol. 12 Ch. 152

Chapter 152

Vol. 12 Ch. 152

နောက်တစ်နေ့ မနက်ရောက်တော့ ကျုံးရှောက် စောစောထလိုက်၏။ လင်းဝေ့ကတော့ ညက မအိပ်ခဲ့ရ၍ အိပ်နေဆဲဖြစ်၏။ ထို့ကြောင့် အပြင်က သူနာပြုကို အကူအညီတောင်းကာ လင်းဝေ့ကို ဂရုစိုက်ပေးရန် မှာခဲ့လိုက်ပြီး ခွင့်ရက် ထပ်တိုးယူရန် စစ်စခန်းကို ‌အပြေးလေးသွားလိုက်၏။

တပ်ရင်းမှုးကတော့ ကျုံးရှောက် ခွင့် ထပ်တိုး ယူမယ်မှန်း မထင်ခဲ့ပေ။ သို့သော် ကျုံးရှောက် အမျိုးသမီးက ကိုယ်ဝန်သည်ဖြစ်ပြီး ကိုယ်ဝန်သည် တစ်ယောက်၏ နာကျင်မှု ဒုက္ခတွေကိုလည်း သူသိ၍ မေးမြန်းမနေတော့ပဲ ကျုံးရှောက်ကို ခွင့်ထပ်ပေးလိုက်၏။ ခွင့်ရက်တိုးပြီးနောက် ကျုံးရှောက် အိမ်ကို ကားမောင်းပြန်လာခဲ့၏။

တိုင်ဖွန်းမုန်တိုင်းကြောင့် ခြံဝန်းက ရှုပ်ပွနေသော်လည်း ကျုံးရှောက် ဂရုစိုက်မအားပဲ အိမ်တံခါးကိုသာ အမြန်ဖွင့်နေ၏။

အိမ်ထဲမှာတော့ အကုန် အဆင်ပြေနေပုံပေါက်၏။ သူတို့ အိမ်က မထွက်လာခင်က အတိုင်းသာဖြစ်သည်။ လင်းဝေ့က မုန်တိုင်းကို စိုးရိမ်နေ၍ ကျုံးရှောက်ကလည်း တံခါးပေါက် ပြတင်းပေါက်တွေကို သေချာ ပိတ်ထားခဲ့တာဖြစ်သည်။

အပေါ်ထပ်တက်သည့် လှေကား‌ခြေရင်း နားမှာ အိုင်နေသည့် ရေအိုင်ကို ရပ်ကြည့်နေမိ၏။

လှေကားအပေါ်ဘက်က အုတ်ကြွပ်က ကွဲအက်နေပြီး အာ့ကနေ မိုးရေတွေ စိမ့်ကျနေတာဖြစ်သည်။ အပေါက်က မကြီးပေမယ့် စိမ့်ကျလာသည့်ရေတွေက လှေကားခြေရင်းမှာ အိုင်ငယ်လေးပင် ဖြစ်နေပြီ ဖြစ်၏။

အုတ်ကြွတ်အမိုးက ဘယ်တုန်းက အက်ကွဲနေတာလဲ

တစ်မြန်နေ့က မုန်တိုင်း လေကြောင့်လားး ဒါမှမဟုတ် လွန်ခဲ့တဲ့အပတ်ကလားးး လွန်ခဲ့တဲ့လကတည်းက ကွဲအက်နေတာလဲ ဖြစ်နိုင်တာပဲ။ ယားကျိုကျွန်းမှာ မိုးမရွာတာလည်း ကြာပြီဖြစ်၍ အုတ်ကြွတ်အမိုး ဘယ်ကတည်းက အက်ကွဲနေတယ် ဆိုတာပင် မသိခဲ့ပါ။

သို့သော် တစ်မြန်နေ့ညက သူခွင့်မယူခဲ့လျင် ဘာတွေ ဖြစ်ပျက်သွားနိုင်သည်ကိုတော့ ကျုံးရှောက် မှန်းဆလိုက်မိ၏။

အိမ်အောက်ထပ်မှာ ပြတင်းပေါက် သုံးပေါက်ရှိပြီး တစ်ပေါက်က အိမ်သာဘက်မှာ နောက်တစ်ပေါက်က အိမ်ရှေ့ ဝင်ပေါက်နားမှာ ကျန်တစ်ပေါက်က ရေချိုးခန်းဘက်မှာ ဖြစ်သည်။ အိမ်ထဲ အလင်းဝင်ဖို့အတွက် အိမ်အရှေ့ဘက်နှင့် အနောက်ဘက်က ပြတင်းပေါက်ကိုသာ ဖွင့်လေ့ရှိ၏။

အိမ်အပေါ်ထပ်က ပြတင်းပေါက်ရှိသည့် နေရာကလည်း အတူတူသာဖြစ်သည်။ ပြတင်းပေါက် သုံးပေါက်ရှိရာ နှစ်ပေါက်က အိပ်ခန်းမကြီးထဲမှာ ကျန်တစ်ပေါက်က မင်မင်တို့ အိပ်ခန်းဘက်မှာဖြစ်၏။ ထို့အပြင် ဒုတိယအထပ်က တံခါးပေါက်က ဝရံတာဘက်ကို ထွက်ထားရာ မိုးမရွာလျင် လှေကားဘက် အလင်းရအောင် အမြဲ ဖွင့်ထားလေ့ရှိ၏။

ပြတင်းပေါက် တံခါးပေါက်တွေ ပိတ်ထားလျင်တော့ လှေကား အတက်အဆင်းနေရာမှာ မှောင်နေမည်ဖြစ်သည်။ ပုံမှန် မိုးရွာသည့်ရက်တွေမှာ လှေကားနေရာ အလင်းရဖို့ မီးလုံးဖွင့်လေ့ရှိ၏။

သို့သော် မနေ့က မုန်တိုင်းကြောင့် မိုးလေထန်ပြီး လျှပ်စစ်ဓါတ်အားလိုင်းလည်း ပြတ်တောက်သွားရာ ဆေးရုံအပါအဝင် မိသားစုအိမ်ရာလည်း လျှပ်စစ်မီးပျက်ခဲ့ရ၏။

အလင်းရောင်ကလည်း သေချာ မမြင်ရ၍ လှေကားအောက်ခြေနှင့် လှေကားစံပေါ်က ရေအိုင်ကိုမြင်နိုင်မည်မဟုတ်ချေ။ မိုးလေလည်း ထန်နေ၍ ရေစက်ကျသံကိုလည်းကြားရမည် မဟုတ်ချေ။ ကျုံးရှောက်သာ တစ်မြန်နေ့က ခွင့်မယူလာခဲ့ရင်………

သူခွင့်ယူခဲ့ပေမယ့် လင်းဝေ့ ဗိုက်နာပြီး ဆေးရုံသွားဖို့မပြောခဲ့ပဲ သူတို့မိသားစုအိမ်မှာပဲ နေခဲ့ရင် မိသားစုဝင်ထဲက တစ်ယောင်ယောက် လှေကားအတက်အဆင်းမှာ ချော်လဲပြီး ဒဏ်ရာမရနိုင်ဘူးလို့ ပြောနိုင်မလားး

ကျုံးရှောက်လည်း အတပ်မပြောနိုင်ပေ။

လင်းဝေ့က အောက်ထပ်မဆင်းရအောင် အစားအသောက်တွေ ရေတွေပြင်ဆင်ထားခဲ့တယ် ဆိုပေမယ့် အရေးကြီးဆုံးဖြစ်သည့် အပေါ့အပါး အိမ်သာသွားနိုင်သည်ကိုတော့ မေ့နေခဲ့၏။

စားပြီးသောက်ပြီး အိမ်သာသွားချင် လာခဲ့လျင် သူတို့ အိမ်သာကလည်း အောက်ထက်မှာ ဖြစ်၍ လှေကားကနေ အောက်ကို မဖြစ်မနေ ဆင်းရမည်ဖြစ်၏။ ထိုအခါ ရေစို၍ ချောနေသော လှေကားစံများကို မလွဲမသွေ နင်းဖြတ်သွားရမည်။

ထိုသို့‌တွေးရင်း ကျုံးရှောက်သည် သူ့ရှေ့ လှေကား‌ခြေရင်းက ရေအိုင်ကို အကြာကြီး စိုက်ကြည့်နေမိ၏။ နောက် သတိပြန်လည်လာတော့ သူ့လက်ထဲက နာရီကို ပထမဆုံးကြည့်လိုက်မိသည်။ သူဆေးရုံက ထွက်လာကတည်းက အခုဆို နာရီဝက်ကျော်ပင်ကြာပြီဖြစ်၏။ ဆေးရုံကိုလည်း အမြန်ပြန်သွားရဦးမည်။

ထို့ကြောင့် ရေအိုင်ကိုကျော်ပြီး ချော်နေမည့် လှေကားကို သတိဖြင့် အပေါ်ထပ် တက်သွားလိုက်သည်။ လင်းဝေ့၏ အဝတ်အစားများကို အိတ်ထဲထည့်ရန် အဝတ်ဘီဒိုအံဆွဲကို မွှေနှောက်လိုက်သည်။ နောက် လင်းဝေ့ ပိုက်ဆံနှင့် လက်မှတ်များ ထည့်လေ့ရှိသည့် သံဘူးလေးကို ဆွဲယူလိုက်သည်။ သံဘူးလေးကို ယူလိုက်စဉ် ဘူးအောက်ရှိ မှတ်စုစာအုပ်လေးကို ‌တွေ့လိုက်ရသည်။

ထိုစာအုပ်က လင်းဝေ့ ကျွန်းပေါ်ရောက်စဉ်က ပါလာခဲ့သည့်စာအုပ်ဖြစ်ပြီး အဝတ်ဘီဒိုထဲ ထည့်ထားမှန်းသိထား၏။ နောက်ပိုင်း တစ်ရက်ရက်မှာလည်း လင်းဝေ့က ယူခိုင်း၍ ပိုက်ဆံနှင့် လက်မှတ်များယူရန် သံဘူးကို ယူလိုက်စဉ် ထိုစာအုပ်ကို ကျုံးရှောက်ထပ်တွေ့လိုက်သေး၏။

ပထမတော့ ကျုံးရှောက်လည်း စာအုပ်နဲ့ပတ်သက်ပြီး ထွေထူးစဉ်းစားမနေခဲ့ပါ။ သို့သော် တရုတ်နှစ်သစ်ကူးနေ့မှာ အမေလင်းက လင်းဝေ့စိတ်ထဲ တွေးပူနေသည့်အရာ ရှိကြောင်း ကျုံးရှောက်ကို ပြောပြတော့ ယခုတွေ့လိုက်ရသည့်စာအုပ်နှင့် ဆက်စပ်မိပြီး လင်းဝေ့များ ဒီစာအုပ်ထဲ သူတွေးပူနေသည့် အရာတွေ ရေးထားလောက်မလားဟု သိချင်လာမိ၏။

သို့သော် ကျုံးရှောက် ထိုစာအုပ်ကို ဖွင့်မဖတ်ခဲ့ချေ။

မသိချင်၍တော့ မဟုတ်ပဲ လင်းဝေ့၏ ခွင့်ပြုချက်မရှိပဲ ခိုးမဖတ်ချင်၍ ဖြစ်၏။

ကျုံးရှောက်စာအုပ်ကို တစ်ခဏကြည့်လိုက်ပြီး သံဘူးကိုသာယူပြီး သော့ဖွင့်လိုက်ကာ လိုအပ်သည့် ငွေနှင့် လက်မှတ်များကိုသာ ယူလိုက်ပြီးနောက် သူ့နေရာသူပြန်ထားလိုက်ကာ ထုတ်ပိုးထားသည့် လင်းဝေ့အဝတ်အစားတွေကို ယူပြီး အောက်ထပ်ကို ဆင်းလာခဲ့၏။

အောက်ထပ်ရောက်တော့ ရေချိုးခန်းထဲက တဘတ်နှင့် သွားတိုက်ဆေး သွားတိုက်တံကို ယူလိုက်၏။ နောက် ထမင်းချိုင့်များကိုလည်း ယူလိုက်ပြီး သူ့ကလေးနှစ်ယောက်ကို ခေါ်ရန် ကျိုးအိမ်ဘက်ကို သွားလိုက်၏။

ကျိုးမိသားစုကတော့ အိပ်နေဆဲဖြစ်၍ ကျုံးရှောက်က အော်ခေါ်လိုက်၏။ တန်းရှန့်ယွင်က အဝတ်အစား အမြန်လဲကာ အောက်ထပ်ဆင်းလာတော့ ကျုံးရှောက်ကို တွေ့လိုက်ရသည်။

"ဝေ့ဝေ့ အခြေအနေက ဘယ်လိုလဲ"

မနေ့ညက ဆေးရုံမှာတွေ့ခဲ့တုန်းက လင်းဝေ့အခြေ‌အနေက ကောင်းသော်လည်း လင်းဝေ့က ကိုယ်ဝန်သည်ဖြစ်ပြီး ဆေးရုံမှာနေထိုင်နေရ၍ ကိုယ်လက်မအီမသာဖြစ်တာမျိုး ဖြစ်လာနိုင်၏။

"ဝေ့ဝေ့ အဆင်ပြေပါတယ်။ ကျွန်တော် အိမ်ပြန်မလာခင်ကတောင် အိပ်နေတုန်းပဲ။ အခု ကျွန်‌တော် မင်မင်နဲ့ရွေ့ရွေ့ကို ဆေးရုံခေါ်သွားမလို့ လာခေါ်တာပါ"

“ဆေးရုံမှာ ဝေ့ဝေ့ကိုလည်း ကြည့်နေရတော့ ကလေးတွေနဲ့ အဆင်ပြေပါ့မလား“

"ရပါတယ် ဝေ့ဝေ့ကလည်း ကလေးတွေကို သတိရနေလို့ပါ"

"ကောင်းပါပြီ ဒါဆိုလည်း ကျွန်မ သူတို့ကို သွားနှိုးလိုက်ဦးမယ်"

တန်းရှန့်ယွင်က အပေါ်ထပ်တက်ကာ ကလေးတွေကို သွားနှိုးလိုက်သည်။ ကျုံးရှောက်ကတော့ အပေါ်ထပ်လိုက်တက်ဖို့ မသင့်တော်၍ အောက်ထပ်ဧည့်ခန်းမှာသာ ထိုင်စောင့်နေလိုက်၏။

ထိုင်စောင့်နေစဉ် ကျုံးရှောက်သည် ကျိုးအိမ်ကို ခေါင်းဝေ့ဝိုက် ကြည့်လိုက်မိ၏။ ကျိုးအိမ်ကလည်း သူတို့အိမ်လို နှစ်ထပ်အိမ်ဖြစ်သည်။ အပေါ် ထပ်ကို တက်သည့် လှေကားနေရာမှာ မှောင်နေသည်ကလည်း အတူတူဖြစ်၏။ ကျိုးအိမ်ကတော့ အုတ်ကြွတ်အမိုး မအက်ကွဲ‌၍ မိုးရေစီးကျမနေခဲ့ပါ။

ကျုံးရှောက် ထိုသို့ တွေးတောနေစဉ် တန်းရှန့်ယွင်က ကလေးတွေကို နှိုးပြီးအောက်ကို ဆင်းလာ၏။ မင်မင်ကတော့ သူ့အကျင့်အတိုင်း သူ့အဖေကို ပြေးဖက်ကာ မေးလိုက်သည်။

"ဖေဖေ မေမေ နေကောင်းသွားပြီလား"

"မင်းတို့မေမေ နေကောင်းပါတယ်။ အခုမေမေ့ကို သွား‌တွေ့ရအောင် သားတို့ကို လာခေါ်တာ" ဟု မင်မင်ကို ပြန် ဖက်ရင်းပြောလိုက်၏။

"ဒါပေမယ့် သားတို့သွားမတိုက်ရသေးတော့ ပါးစပ်တွေ နံနေတယ် " ဟု ရွေ့ရွေ့ကလည်း ကျုံးရှောက် အနားရောက်လာကာ ပြောလိုက်၏။

"သားတို့ပြန်လာမှ သွားတိုက်ကြတော့ အခုတော့ မေ့မေ့ကို အရင် သွားတွေ့ရအောင်"

ရွေ့ရွေ့ကတော့ သူ့အမေကို အရင်တွေ့ချင်နေသူဖြစ်၍ ခေါင်းငြိမ့်လိုက်၏။"ဟုတ်ကဲ့"

မင်မင်ကတော့ သွားမတိုက်ရ၍ ပျော်ရွှင်သွားကာ သူ့အဖေလက်ကိုကိုင်ပြီး ခုန်ပေါက်နေ၏။

သားအဖသုံးယောက် မိသားစုအိမ်ရာကနေ ထွက်လာပြီး ပြည်နယ်စားသောက်ဆိုင်မှာ ခဏရပ်လိုက်ကာ စားစရာ ဝင်ဝယ်လိုက်သည်။ နောက် ဆေးရုံကို တိုက်ရိုက်မောင်းသွားတော့၏။

ဆေးရုံကိုရောက်တော့ လင်းဝေ့ရှ်ိရာ အခန်းကို အရင်သွားလိုက်၏။ လင်းဝေ့က နိုးနေပြီဖြစ်ပြီး လန်းဆန်းတက်ကြွနေကာ ဒေါက်တာကောင်းနှင့် စကားပြောနေ၏။ အသံကြားလိုက်၍ လှည့်ကြည့်လိုက်ရာ ကလေးတွေကိုတွေ့လိုက်ရ၍ လင်းဝေ့မျက်နှာပြုံးသွား၏။

"ဘာလို့ ကလေးတွေကို ခေါ်လာတာလဲ "

"ကိုယ် အိမ်ကို ပစ္စည်းတွေ ဝင်ယူရင်းနဲ့ လမ်းကြုံလို့ တစ်ခါတည်း ဝင်ခေါ်ခဲ့လိုက်တာ " ဟု လင်းဝေ့မေးသည်ကို ပြန်ဖြေရင်း ဆရာဝန်အား လင်းဝေ့၏ အခြေအနေကိုမေးလိုက်သည်။

မင်မင်က သူ့ညီလေးကို တီးတိုးမေးလိုက်၏။ "ငါတို့ကို လမ်းကြုံဝင်ခေါ်လာတာလား"

ရွေ့ရွေ့ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်မယ်ထင်တယ်"

ကလေးနှစ်ယောက်ရဲ့တီးတိုးစကားကိုကြားပြီး ဒေါက်တာကောင်းက ပြုံးလိုက်မိသည်။

" ရဲဘော်လင်း မနေ့က အစိုးရိမ်လွန်သွားလို့ပါ။ ဆေးစစ်ချက်တွေအရတော့ ဘာပြဿနာမှ မရှိပါဘူး။ အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ရင် ရပါပြီ "

" ဒါဆို ကျွန်မ ဒီနေ့ ဆေးရုံက ဆင်းလို့ရပြီပေါ့ " ဟု လင်းဝေ့က မေးလိုက်၏။

" ဟုတ်ကဲ့ ရပါပြီ ကောင်တာကို သွားပြီး ဆေးရုံဆင်းဖို့ အချက်အလက်တွေ ယူပြီးရင် ဆင်းလို့ရပါပြီ " ဟု ဒေါက်တာကောင်းက ပြုံးကာပြောလိုက်ပြီးမှ ကျုံးရှောက်လက်ထဲက လင်းဝေ့၏ အဝတ်ထုပ်တွေကို တွေ့လိုက်၏။

" အိမ်ပြန်ပြီး အဝတ်တွေပါ ထုပ်ပိုးလာတာလား "

"ကျွန်တော်က ဒီနေ့လည်းဆေးရုံက ဆင်းရဦးမယ် မထင်လို့ အဝတ်တွေ ထုပ်ပိုးလာတာပါ တစ်ကယ်ပဲ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ်ဖို့မလိုတော့ဘူးလား ဒေါက်တာ "

"တစ်ခေါက်စစ်ဆေးပြီးရင်တော့ လုံလောက်ပါတယ်။ ဒါပေမယ့် စိတ်မချသေးရင် ညနေပိုင်းလောက် နောက်တစ်ခေါက် ထပ်စစ်လို့ရပါတယ်"

ကျုံးရှောက်လည်း ထပ်စစ်ဆေးကြည့်မည်ဖြစ်ကြောင်း ဒေါက်တာကောင်းကို ပြောကာ ကျေးဇူးတင်စကားလည်း ပြောလိုက်၏။

ကျုံးရှောက် ဆရာဝန်ကို အခန်း အပြင် လိုက်ပို့ပြီး ပြန်လာတော့ လင်းဝေ့က ပြောလိုက်သည်။

“နောက်ထပ် ထပ်စစ်ဖို့မလိုတော့ပါဘူး ဆရာဝန်ကလည်း အားလုံးကောင်းတယ် ပြောတာပဲ။ ပြီးတော့ကျွန်မလည်း ရေမချိုးတာကြာပြီမို့လို့ အိမ်ပြန်ပြီး ရေချိုးချင်တယ် “

ကျုံးရှောက်လည်း လင်းဝေ့ကို ကြည့်ကာ မေးလိုက်၏။

“ မင်း နေရထိုင်ရ အဆင်ပြေတယ်ဆိုတာ သေချာလား “

“ ဒါပေါ့ သေချာတယ် “ လင်းဝေ့ သူ့လက်ကို မြောက်ကာ ပြောလိုက်၏။

“ ဒါဆိုရင်လည်း မနက်စာ စားပြီးရင် ဆေးရုံဆင်းလို့ရအောင် ကိုယ် စာရင်းသွားပေးလိုက်မယ် “ ဟုပြောကာ ထမင်းဘူးကို ဖွင့်လိုက်၏။

လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်ကာ ကျုံးရှောက်ကမ်းပေးသည့် ပေါက်စီကိုယူလိုက်၏။

“ ဒါနဲ့ ရှင်အခု အိမ်ကပြန်လာတာဆိုတော့ အိမ်အခြေအနေက ကော ဘယ်လိုလဲ “

“အိမ်က အခြေအနေကောင်းပါတယ် လှေကားအပေါ်ဘက်က အုတ်ကြွတ်အမိုးအက်နေတော့ အာ့ကနေ ရေတွေဝင်ပြီး အိမ်ထဲမှာ ရေတွေအိုင်နေတယ် ကိုယ်လည်း အချိန်မရတာနဲ့ သန့်ရှင်းရေး မလုပ်ခဲ့ရသေးဘူး။ အုတ်ကြွတ်အမိုးက ဘယ်တုန်းကတည်းက အက်နေတာလဲ မသိဘူး မင်းလည်း အုတ်ကြွတ်အမိုးအက်နေတာ သိလား“

ကျုံးရှောက်လည်း မေးပြီးရော လင်းဝေ့၏မျက်နှာ ဖြူလျော့သွား၍ အလန့်တကြား လင်းဝေ့လက်ကိုကိုင်ပြီး မေးလိုက်သည်။

“ ဝေ့ဝေ့ ဘာဖြစ်လို့လဲ“

ကျုံးရှောက်၏ အသံကိုကြားမှ လင်းဝေ့သတိပြန်လည်လာခဲ့ကာ ကျုံးရှောက်ကို ကြည့်လိုက်သည်။

သူမ သေဆုံးသွားရတာ အာ့တာကြောင့်များလားးး

All Chapters