← Chapters

Chapter 55

Vol. 5 Ch. 55

Chapter 55

Vol. 5 Ch. 55

တောင်ပေါ်ထွက် ပစ္စည်းများ ထုပ်ပိုးပြီးနောက် လျှော်ကြိုးဖြင့် စည်းလိုက်သည်။ ညနေအလုပ်ဆင်းချိန်မရောက်သေးသောကြောင့် သူမမိတ်ဆွေများ အိမ်ပြန်မရောက်ကြသေး၍ လက်ဆောင်များကို ချက်ချင်းသွားမပေးသေးပေ။ အပြင်အလုပ်မလုပ်သည့် ယန်းယီ တစ်ဦးသာ အိမ်တွင် ရှိလိမ့်မည်။

ကျုံးရှောက်ညနေခင်း အိမ်ပြန်လာတော့ ကော်ဖီစားပွဲပေါ်မှ ဆီစိမ်စက္ကူထုပ်များကိုမြင်လိုက်သည်။ အစက လင်းဝေ့ဝယ်လာသော ပစ္စည်းများဟု ထင်သော်လည်း နောက်မှ လင်းမိသားစုကနေ ပို့ပေးလိုက်သည့် လက်ဆောင်နှင့် စာရောက်မှန်း သိလိုက်ရသည်။

ကျုံးရှောက် လက်ဆေးရန် အင်္ကျီလက်မှ ကြယ်သီးကိုဖြုတ်လိုက်ပြီး လက်ဆေးကန်တွင် လက်ဆေးလိုက်သည်။"ယောက္ခမကြီးတို့ အဆင်ပြေကြရဲ့လား"

"အကုန် နေကောင်းကျန်းမာကြတယ်။ မင်မင်နဲ့ရွေ့ရွေ့ကို သတိရနေလို့တဲ့" လင်းဝေ့က ပန်းကန်များသယ်လာရင်းပြောလိုက်သည်။

လင်းဝေ့၏ စကားကိုကြားသောအခါ မင်မင်ကလည်း တမင်လုပ်ပြောလိုက်သည်။ "သားလည်း ဖွားဖွားကို သတိရလိုက်တာ မေမေ နောက်တစ်ခေါက်စာရေးတဲ့အခါ သားတို့လဲ သတိရတဲ့အကြောင်းထည့်ရေးဖို့ မမေ့နဲ့နော်"

"မေမေ သိပါတယ် နောက်ဆုံးတစ်ခေါက်က ပို့လိုက်တဲ့ စာမှာလည်း ထည့်ရေးပါတယ်နော်"

မင်မင်ကတော့ သူ့အမေရဲ့အဖြေကို မကျေနပ်ပါ။ "ဒါဆိုလည်း ဒီတစ်ခေါက် ထပ်ရေးတဲ့စာမှာ မမေ့နဲ့နော်"

သူမယောက္ခမကြီး ဆုံးသွားပြီးနောက် လင်းဝေ့အမေကသာ ကလေးများကို လာရောက်ကြည့်ရှုပေးခဲ့၍ ကလေးနှစ်ယောက်က လင်းဝေ့အမေ သူတို့အဖွားကို အတော်လေး သံယောဇဥ်ရှိကြသည်။

သူမတို့ ရှီးချန်က ထွက်လာစဥ်ကလည်း ကလေးနှစ်ယောက်က သူတို့အဖွားကိုဖက်ကာ ငိုယိုကြပြီး အဖွားမျက်လုံးများကလည်း နီရဲနေသည်။

လင်းဝေ့တို့ မိသားစု အတူနေထိုင်ကြမည် ဖြစ်၍သာ သူ့အသည်းအနှစ်မြေးများကို ထည့်ပေးလိုက်ရခြင်းဖြစ်သည်။

ကျွန်းပေါ်မှာ အခြေကျပြီးနောက် လင်းဝေ့သည် သူ့အမေကို သူမတို့အဆင်ပြေကြောင်း စာရေးလေ့ရှိသည်။ ထိုအချိန်မှာလည်း မင်မင်က သူ့အဖွားကိုသတိရကြောင်းထည့်ရေးဖို့ မမေ့ပဲ သတိပေးလေ့ရှိသည်။

ရွေ့ရွေ့ကတော့ ရှက်တတ်သူလေးမို့ သူ့အစ်ကိုလို အမြဲတမ်းတော့ မပြောပေမယ့် တစ်ခါတစ်လေတော့ အဖွားကိုသတိရကြောင်း ပြောတတ်သည်။

လင်းဝေ့လည်း ထိုအဖြစ်ကို ပြန်တွေးမိရင်းမတတ်နိုင်တော့ပဲ ပြောလိုက်သည်။ "နောက်ဆို မေမေ ဖွားဖွားဆီ ပို့မယ့်စာရေးပြီးရင် သားတို့ကိုအရင် ဖတ်ပြမယ်နော်"

"ဟုတ်ကဲ့ပါ"ကလေးနှစ်ယောက်ကလည်း တစ်ခါတည်းသဘောတူလိုက်သည်။

လင်းဝေ့က ကျုံးရှောက်ကို ဆက်ပြောလိုက်သည်။

"စကားမဆက် ဒီတစ်ခေါက်အမေက သတင်းကောင်းလည်းပါးလိုက်တယ်။ ဒုတိယယောက်မက ကိုယ်ဝန်ရှိနေပြီတဲ့"

ကျုံးရှောက်က ထိုသတင်းကြားတော့ရယ်လိုက်ပြီး "ဟုတ်လားး အစ်ကိုလတ်ကတော့ ပျော်နေတော့မှာပဲ " ဟုပြောလိုက်သည်။

"ဟုတ်တယ် တစ်လောကတောင် ကလေး နာမည်ပေးဖို့မစောင့်နိုင်တော့ဘူးလို့ ပြောနေတာတဲ့"

လင်းဝေ့၏ ဒုတိယအစ်ကိုက လင်းကျန်းကျွင်း ဖြစ်ပြီး လင်းဝေ့ထက် သုံးနှစ်ကြီးသည်။ ဤနှစ်ထဲမှာပင် ၂၆နှစ် မှ ၂၇နှစ်ပြည့်တော့မည်ဖြစ်သည်။ လင်းဝေ့ အဖေ၏ စီစဥ်ပေးမှုကြောင့် ပြည်နယ်စက်ရုံတွင် အလုပ်လုပ်ပြီးမကြာခင်မှာပဲ သူ့အမျိုးသမီးဖြစ်လာမည့် မိန်းကလေးနှင့် ချစ်ကြိုက်ခဲ့သည်။

တစ်နှစ်ကျော်ခန့် ချစ်သူရည်းစားဖြစ်ပြီး လက်ထပ်ခဲ့ကြသည်မှာ ငါးနှစ်ခန့်ပင်ရှိပြီဖြစ်သည်။ လင်မယားနှစ်ယောက်ကြား ဆက်ဆံရေးကောင်းသော်လည်း ကလေးတော့မရကြသေးပေ။

လင်းကျန်းကျွင်းတို့ လက်ထပ်ပြီး နှစ်နှစ်ကြာသည်အထိကလေးမရသေးတော့ လင်းဝေ့အမေက သိပ်စိတ်မပူသေးပေ။ လင်မယားနှစ်ယောက်လုံး ငယ်သေး၍ အနာဂတ်တွင် အခွင့်အရေး ရှိနိုင်သေးသည်ဟု တွေးလေသည်။

သို့သော် သုံးနှစ်လေးနှစ်ကြာသည်အထိကလေးက မရနိုင်သေးပေ။ သူတို့ထက်နောက်ကျမှ လက်ထပ်သည့် လင်းဝေ့ပင်လျင် ကိုယ်ဝန်ဆောင် ကလေးမွေးပြီးလေပြီ။ အမွှာကလေးနှစ်ယောက် ကြီးပြင်းလာသည်ကို ကြည့်ရင်းသာ စိတ်ပျော်အောင်နေရသည်။

သို့သော် အမေလင်းက သူ့သားအတွက် စိတ်မအေးနိုင်သေးပဲ လင်းဝေ့တို့ လင်မယားကို နည်းလမ်းကောင်းများရှိလားဟု မေးနေတတ်၏။

သို့သော် အမေလင်းက လင်းကျန်းကျွင်းကို "နင်မှာသားမရှိရင် ဘယ်လိုလုပ်မလဲ "ဟူသည့်စကားကိုတော့ ဘယ်တော့မှ မပြောခဲ့ပါ။ ထိုသို့မပြောပေမယ့် လင်းကျန်းကျွင်းတို့ လင်မယားနှစ်ယောက်မှာလည်း ဖိအားများရှိနေသည်။

လင်းဝေ့ သိရသလောက် သူတို့လင်မယားနှစ်ယောက်သည် ပြည်နယ်ဆေးရုံသို့သွားပြီး ဆေးစစ်ကြည့်ကြသည်ဟုကြား၏။ နှစ်ယောက်စလုံးမှာလည်း ပြဿနာမရှိပါ။ဆရာဝန်ညွှန်ကြားသည့်ဆေးကို သောက်ပြီး ဆရာဝန်ပြောသည့်အတိုင်းနေထိုင်ကာ ကိုယ်ဝန်ရှိလာရန် မျှော်လင့်နေရသည်။

ဆရာဝန်ညွှန်ကြားသည့်ဆေးက စွမ်းလို့လား သို့မဟုတ် သူတို့နှစ်ယောက် ကံကောင်းချိန်ရောက်၍လား မသိ နှစ်ဝက်ခန့်ကြာပြီးနောက် ကိုယ်ဝန်အမှန်ရလာခဲ့သည်။

အစ်ကိုလတ် ပျော်ရွှင်နေမည့်ပုံစံကို မြင်ယောင်ရင်း ကျုံးရှောက် ခေါင်းရမ်းကာပြုံးမိသည်။"ကိုယ်ဝန်ရှိမှန်း ဘယ်တုန်းကသိတာလဲ။ ဘယ်နှစ်လရှိပြီလဲတဲ့"

လင်းဝေ့လည်း စိတ်ထဲက တွက်ချက်လိုက်သည်။ "ကျွန်မတို့ ထွက်သွားပြီး ရက်အနည်းငယ်ကြာတော့ သိရတာတဲ့။ဒါဆို နှစ်လလောက်တော့ ရှိရောပေါ့။ စာထဲက အမေ့ပြောပုံအရဆို ယောင်းမကလည်း ကလေးမရနိုင်သေးတော့ အမေ့ကို စိတ်ပျက်စေမိမှာစိုးလို့ စိတ်ညစ်နေရရှာတာ "

"အခုတော့ သတင်းကောင်းပဲလေ" ဟု ကျုံးရှောက်က ပြန်ပြောခဲ့သည်။

……………

ညနေစာစားပြီးနောက် လင်းဝေ့သည် ဆီစိမ်စက္ကူထုပ်များကို သယ်ကာ သူမနောက် အမြဲတစ်ကောက်ကောက်လိုက်သည့် နောက်တော်ပါးနှင့်အတူ ထွက်သွားတော့သည်။

လင်းဝေ့နောက်တော်ပါးကိုတော့သိပြီးသားဖြစ်မှာပါ။ ဘာမှမလုပ်ပဲ အငြိမ် မနေနိုင်သည့်မင်မင်ကတော့ လင်းဝေ့ အပြင်သွားမှာ တွေ့သည်နှင့် တစ်ခါတည်း လိုက်လာတော့သည်။

ရွေ့ရွေ့ကတော့ တစ်နေကုန်လုံးကစားပြီး ပင်ပန်းနေ၍ ထမင်းစားပြီးနောက် ခွေးခြေခုံတွင် မလှုပ်မယှက် ထိုင်နေကာ သူ့အစ်ကိုနှင့် အမေ အပြင်ထွက်သွားသည်ကို ထိုင်ကြည့်နေ၏။

လင်းဝေ့သည့် အနီးဆုံးဖြစ်သည့် ကျိုးအိမ်ကိုအရင်သွားလိုက်သည်။

ကျိုးအိမ်က မီးလင်းနေသော်လည်း တန်းရှန့်ယွင်ကို သုံးလေးခါခေါ်သည့်တိုင် ဘယ်သူမှ အပြင်ထွက်မလာ၍ လင်းဝေ့လည်း တစ်ခြားအိမ်ကို အရင်သွားလိုက်သည်။

လင်းဝေ့သည် တပ်ထဲရောက်တာ မကြာသေး၍ သူမနှင့်သိသည့် အရာရှိဇနီးသည်များလည်း သိပ်မရှိပေ။ လျိုတန်း၊ ရှန်းချင်း၊ ကျောက်လီနှင့် တန်းရှန့်ယွင်အပြင် လျိုတန်းတို့နှင့် ပင်လယ်ခရုကောက်သွားစဥ်က ခင်ခဲ့သည့် ယန်းယီ တို့ကိုသာ ခင်မင်သေးသည်။

လျိုတန်းနှင့် ယန်းယီတို့က အိမ်နီးချင်းဖြစ်ပြီး လင်းဝေ့ အိမ်နှင့်လည်း နီး၍ သူတို့အိမ်ကို အရင်သွားပေး လိုက်သည်။ သူတို့အိမ်ပြီးတော့ အတန်ဝေးသည့် ကျောက်လီအိမ်ကိုသွားလိုက်သည်။

နောက်ဆုံးအိမ်ကတော့ ရှန်းချင်း၏ အိမ်ဖြစ်သည်။ သူမအိမ်သည် တပ်မတော်ပြန်လည်နေရာချထားရေးရုံး အနီးတွင်ဖြစ်သည်။

လင်းဝေ့တို့ ရှန်းချင်းအိမ်ရောက်တော့ ရှန်းချင်းတို့ ညနေစာ စားပြီးချိန်ဖြစ်သည်။ လင်းဝေ့ အသံကြားသောအခါ ရှန်းချင်းသည် လက်ဆေးကာ မီးဖိုချောင်မှ ထွက်လာပြီး လင်းဝေ့တို့ကို ပြုံးကာမေးလိုက်သည်။ "ဘယ်လိုလို့ရောက်လာကြတာလဲ"

"ကျွန်မ အမေထည့်ပေးလိုက်တဲ့ တောင်ပေါ်ထွက်ပစ္စည်း တစ်ချို့ကို လက်ဆောင်လာပေးတာပါ" ဟုပြောရင်းလင်းဝေ့က ဆီစိမ်စက္ကူတစ်ထုပ်ကို လှမ်းပေးလိုက်သည်။

" မှိုခြောက်နဲ့ ဍရင်ကောက်ပင် ခြောက်တွေပါ။ ရှားပါးပစ္စည်းတော့မဟုတ်ပါဘူး။ မကြိုက်ဘူးတော့မပြောပါနဲ့"

"ရှင်ဘယ်လို ပြောလိုက်တာလဲ။ စေတနာနဲ့ လာပေးတာကို မကြိုက်ဘူးလို့ ပြောစရာလား။ဒါ့အပြင် ရှင်လည်း တော်ရုံ လာလည်ဖြစ်မှာ မဟုတ်ဘူး။ ဒါနဲ့ ဒါက အိမ်က ကျွန်မရဲ့ လီအဖိုးကြီးလေ။"

ရှန်းချင်းက သူမယောကျ်ားကို မိတ်ဆက်ပေးလိုက်သည်။ ရှန်းချင်း ယောက်ျားကလည်း ပြန်နှုတ်ဆက်ကာ အထဲ ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

သို့သော် အချိန်လင့်နေပြီဖြစ်ရာ လင်းဝေ့လည်း အိမ်ပြန်ရေချိုးရဦးမည်ဖြစ်၍ တောင်ပေါ်ထွက်ပစ္စည်းလက်ဆောင်ကို ရှန်းချင်းအား ကမ်းပေးကာ စကားအနည်းငယ်ပြောပြီး ပြန်လာခဲ့လိုက်သည်။

အိမ်ပြန်လာရာတွင် ကျိုးအိမ်ရှေ့မှ ဖြတ်ပြန်လာရာ ကျိုးအိမ်ခြံဝင်းထဲဝင်ကာ ထပ်အော်ခေါ်ပြန်သည်။

ဤတစ်ခေါက်တွင်တော့ တန်းရှန့်ယွင်က ခေါ်သံကြားသည်နှင့် ချက်ချင်းပြေးထွက်လာကာ လင်းဝေ့ကိုမေးလိုက်သည်။"ကျွန်မကို တွေ့ဖို့လာတာလား"

လင်းဝေ့လည်း သက်ပြင်းချကာ တန်းရှန့်ယွင်မေးရသည့်အကြောင်းကို သိကာ ပြောလိုက်သည်။ "မင်မင်နဲ့ ကျွန်မနဲ့ ရှင့်ကို စောနက လာခေါ်သေးတယ် ရှင်ထွက်မလာလို့ အစ်မလျိုအိမ် အရင်သွားလိုက်တာ……"

လင်းဝေ့က ထိုကဲ့သို့ပြောနေရင်းမီးအလင်းရောင်အောက်ရှိ တန်းရှန့်ယွင် မျက်နှာအမူအရာကိုတွေ့မိကာ ပြောနေသည့်စကားကို ရပ်လိုက်ကာမေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

တန်းရှန့်ယွင် သူမနှုတ်ခမ်းပါးလေးကို စေ့ရင်း တစ်အောင့်ကြာတော့မှ ပြောလာသည်။"အားဟိုင်ရဲ့ ဝမ်းကွဲညီမအိမ်မှာ လာတည်းမှာလေ"

တန်းရှန့်ယွင်၏ စကားကိုနားထောင်ရင်း လင်းဝေ့သည် အနည်းငယ်အံ့သြသွားသည်။"သူ့ဝမ်းကွဲညီမ တစ်ယောက်တည်းလာမှာလား"

ဝမ်းကွဲညီမဆိုသည်မှာ ဆွေမျိုးများတော်စပ်သော်လည်း အကြီးတစ်ယောက်ယောက်နှင့် အလည်လာပါမှ သင့်တော်သည်။ မိန်မငယ်လေး တစ်ယောက်တည်း လာရောက်တည်းခိုမည်ဆိုပါက မသင့်တော်ပေ။

တန်းရှန့်ယွင် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်တယ် သူ တစ်ယောက်တည်းလာတာ။ ယန်းချန်ကို ဒီနေ့ရောက်တာ။ ကျွန်းကို လာဖို့ဘယ်သင်္ဘော စီးရမလဲမသိလို့ အားဟိုင်ကို ဖုန်းဆက်လာမှ သူလဲသိတာ"

လင်းဝေ့ အံ့သြသွားကာ သည်မိန်းကလေး အတော် သတ္တိရှိတာပဲဟု တွေးလိုက်သည်။ သူမ လာမယ်ဆိုတာလဲ ကြိုအကြောင်းမကြားဘဲ ကိုယ့်ဖာသာစီစဥ်ပြီးလာတယ်။

ယန်းချန်မှာ ဖုန်းခေါ်မရပဲ လမ်းပေါ်အိပ်ရနေရမှာကို စိတ်မပူမိဘူးလားမသိဘူး။ သူမမိသားစုကိုလည်း မိန်းကလေးတစ်ယောက်တည်း လွတ်လိုက်ရဲသည်ကို အံ့သြမိသည်။ လမ်းတစ်ဝက်မှာ တစ်ခုခုဖြစ်သွားမှာကို မစိုးရိမ်ဘူးလားမသိချေ။

သူမတို့တွေက ဆွေမျိုးတော်သော်လည်း အကြောင်းမကြားပဲ ရုတ်တရက် လာတာတော့အဆင်မပြေလောက်ဘူးထင်သည်။ ကောင်မလေးက မသိနားမလည်ဘူးဆိုလျင်တောင် သူမမိသားစုက လူကြီးတွေက နားမလည်ကြဘူးလား။

"အဲတော့ ရှင် ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ" ဟု လင်းဝေ့က မေးလိုက်သည်။

"ကျွန်မလုပ်နိုင်တာကတော့ သူ့ကို ဒီခေါ်လာဖို့ပဲ။

ရိက္ခာသင်္ဘောက နှစ်ရက်အကြာမှ ကျွန်းပေါ်ကိုလာမှာ။အားဟိုင်ကတော့ ယန်းချန်း အခြေစိုက်စခန်းက အသိရဲဘော်တစ်ယောက်ကို ဝမ်းကွဲညီမအတွက် တည်းခိုခန်းမှာ သင်္ဘောမရောက်ခင် နှစ်ရက်လောက် အခန်းငှားပေးဖို့ အကူအညီတောင်းထားတယ်"

ယန်းချန်နှင့် ယားကျို တိုက်ရိုက် သင်္ဘောရထားမရှိပါ။ အလည်လာလိုသည့် ဆွေမျိုးများက သင်္ဘောဖြင့် ယန်ချန်းအထိလိုက်လာပြီးမှ ကျွန်းပေါ်ရောက်မှ ဘတ်စ်ကားထပ်စီးရမည်ဖြစ်သည်။

သို့သော် ကျိုးကျန်းဟိုင်၏ ဝမ်းကွဲညီမမှာ ငယ်ရွယ်သေးပြီးလောကကြီးအကြောင်း မသိသေးသူဖြစ်သည်။ထို့ကြောင့် ကျိုးကျန်းဟိုင်မှာလည်း သူ့ဝမ်းကွဲအတွက် စိုးရိမ်ကာ အသိရဲဘော်ကို အကူအညီတောင်းထားခြင်းဖြစ်သည်။

ထိုကဲ့သို့ အကူအညီတောင်းခြင်းက စိုးရိမ်စရာ ပြဿနာမရှိပေ။ သို့သော် ယခုအချိန်တွင် တန်းရှန့်ယွင် စိုးရိမ်နေသည့် အကြောင်းအရာကို ဘုရားအဆင့်အဆင့်မေးကြည့်မှသာ သိပါလိမ့်မည်။

All Chapters