← Chapters

Chapter 27

Vol. 3 Ch. 27

Chapter 27

Vol. 3 Ch. 27

"ကျွန်မ ရှောင်ဟဲ့တို့က်ို အလုပ်လုပ်ရင် လုပ်ငန်းစဥ်စည်းကမ်းတွေ အတိုင်းအမြဲလုပ်ဖို့ အမြဲပြောပါတယ်။ဒါပေမယ့် သူတို့လည်း အရေးပေါ် ပြသနာတွေကြုံလာတော့ ခေါင်းရှုပ်သွားကြပြီး မဖြေရှင်းတတ်ကြတော့ဘူးးလေ။ ငယ်သေးတာလဲ ပါပါတယ်။ ကျွန်မလည်း သူတို့ကို သေချာသင်ပေးရဦးမှာပါလေ"

ချန်ဝမ်ဖန်းက ဓာတ်ဘူးထဲမှ ရေနွေးကို ကြွေရည်သုတ်ခွက်ထဲ လောင်းထည့်လိုက်သည်။ ထို့နောက် ဓာတ်ဘူးကိုပိတ်လိုက်ပြီး ရေနွေးခွက်ကို လော့ရှုကျီကို ကမ်းပေးလိုက်ကာ ပြောလိုက်သည်။

"သူ တို့ကို အတွေ့အကြုံက သင်ပေးသွားပါလိမ့်မယ်။ ဒါပေမယ့် အာ့ဒါ ကျွန်မနဲ့ ဘာဆိုင်လဲဆိုတာ နားမလည်နိုင်သေးဘူး"

လော့ရှုကျီလည်း သူမပြောသည့်စကားအဓိပ္ပါယ်ကို သဘောမပေါက်သည့် ချန်ဝမ်ဖန်းကို နားမလည်နိုင်ဖြစ်နေသည်။ လူကိုစိတ်တိုလာအောင် နားမလည်ချင်ယောင်ဆောင် နေတာလား။ ထို့ကြောင့် သူမမျက်နှာရှိ အပြုံးပျောက်သွားပြီးတည့်ပြောလိုက်သည်။

"ညွှန်ကြားရေးမှုးချန် ရှင် နားမလည်သေးရင် ကျွန်မတည့်တည့်ပဲပြောမယ်။ ရှင့်ဆေးပေးခန်းရဲ့ ဝန်ထမ်းခန့်အပ်တာက စည်းကမ်းနဲ့မညီဘူး။ ဒါ့ကြောင့် ရှင်ခန့်ထားတဲ့ ဝန်ထမ်းကိုလည်း ကျွန်မတို့က စာရင်းမသွင်းနိုင်ဘူး"

လော့ရှုကျီ မျက်နှာပုံစံ အစစ်ကိုပြလိုက်တော့ ချန်ဝမ်ဖန်းမျက်နှာလည်း အေးစက်သွားကာ ရေနွေးခွက်ကိုချလိုက်ပြီး ပြန်ပြောလိုက်သည်။

"ဘယ်လိုပြောလိုက်တာလဲ။ ကျွန်မရဲ့ ဝန်ထမ်းခန့်ထားပုံက နည်းလမ်းမကျဘူး ဟုတ်လား"

" ဌာနတိုင်းက ဝန်ထမ်းအသစ်လိုရင် အလုပ်အကိုင်ရှာဖွေရေးရုံးကိုလာပြီး သတင်းပေးရမယ်လို့ အစိုးရကပြဌာန်းထားပါတယ်။ ပြီးမှ ကျွန်မတို့ရုံးက ကိုက်ညီတဲ့ အရာရှိဇနီးသည်တွေကို………”

"ကျွန်မလည်း အလုပ်အက််ိုင်ရှာဖွေရေးရုံးကို သတင်းပေးခဲ့တာပဲ။ ရှင့်ရုံးက ရှောင်ဝူနဲ့ ရှောင်ဟဲ့တို့ကိုမေးကြည့်ပါဦး။ မနေ့က ကျွန်မ ရုံးကို သတင်းပေးဖို့ လာခဲ့လားဆိုတာကို"

"ဟုတ်ပါတယ် ရှင် သတင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဝန်ထမ်းကိုတော့ ကျွန်မတို့ရုံးက သင့်လျော်မယ့်သူကိုစီစဥ်ပေးရမှာပါ"

လော့ရှုကျီလည်း မျက်ခုံးကိုပင့်ကာ ထပ်မေးလိုက်သည်။"ရှင်မနေ့က အာ့လို မလုပ်ခဲ့ဘူးမလား"

ချန်ဝမ်ဖေးလည်း သူမက်ို တအံ့တသြ ကြည့်ပြီး ပြန်ပြောလိုက်သည်။

"ရဲဘော်လင်းကလည်း ရှင်တို့ ရုံးက စီစဥ်ပေးတာပဲလေ။မနေ့က ရုံးကိုသွားပြီး သင့်တော်တဲ့ဝန်ထမ်းလျှောက်ထားသူ ရှိမရှိမေးတော့ သင့်တော်တဲ့သူက စာရင်းထဲမှာမရှိဘူး။ အာ့အချိန်မှာပဲ ရှောင်ဟဲ့က ရဲဘော်လင်း ရှိတဲ့အကြောင်းပြောခဲ့တာလေ။ ရဲဘော်လင်းကလည်း အလုပ်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတော့ ကျွန်မလည်း သူနဲ့လူချင်းတွေ့ပြီး အလုပ်အကြောင်းပြောလိုက်တာ။ လုပ်ငန်းစဥ်နဲ့ ဘာလွဲနေလို့လဲ။"

ထိုသို့ ပြန်ပြောပြီး လော့ရှုကျီ ပြန်မဖြေရသေးခင်မှာပင် ချန်ဝမ်ဖေးက လက်ကာပြီး ထပ်ပြောလိုက်သည်။

"ကျွန်မက စိတ်စောပြီး ရဲဘော်လင်းကို တိုက်ရိုက်သွားစကားပြောမိတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရှင် ကျွန်မတို့ကိုလည်း နားလည်ပေးပါဦး။ ရှောင်ဟုက မကြာခင် အလုပ်က ထွက်ပြီး ဇာတိပြန်တော့မယ်။ ဒါ့ကြောင့် သူ့နေရာကို အစားထိုးရမယ့် ဝန်ထမ်းကိုလည်း အမြန်ရှာရတော့မှာ။ ရှောင်ဟုက ပြန်သွားပြီး ဝန်ထမ်းအသစ် အမြန်မခန့်ထားနိုင်ရင် ဘယ်သူက ဆေးပေးခန်းမှာ အလုပ်လုပ်ပြီး လူနာတွေကို ဆေးရောင်းပေးမှာလဲ။ဆရာဝန်တွေ ရောင်းလို့ရတယ်ဆိုပေမယ့် လူနာတွေကို ဘယ်သူက ပြန်ကြည့်တော့မှာလဲ။ ဒါတွေအားလုံးက လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စတွေနော်"

ချန်ဝမ်ဖေး၏ ရှင်းပြချက်က လော့ရှုကျီ ထပ်ပြောမည့်အရာများကို ရှင်းပြပြီး ဖြစ်နေသည်။ သို့သော် သူမသည်လည်း အတွေ့အကြုံများနေသူဖြစ်လေရာ ပျာယာမခတ်ပဲ ပြုံးပြုံးလေးနှင့် ပြန်ရှင်းပြလိုက်သည်။

"ညွှန်ကြားရေးမှုးချန်ရယ် ကျွန်မလည်း ရှင်တို့အလုပ်ကို နားလည်ပါတယ်ရှင်။ ဒါပေမယ့် ကျွန်မတို့ဘက်ကိုလည်း နားလည်ပေးပါဦး။ ရဲဘော်လင်းက အခုမှတပ်ထဲ ရောက်လာပြီး အိမ်ထောင်စု စာရင်းလျှောက်လွှာတောင် တင်ထားတုန်းရှိသေးတာကို။ အလုပ်က ရသွားပြီဆိုရင် မကောင်းတဲ့ သတင်းတွေက ပျံ့လာနိုင်တယ်။ အလုပ်မရသေးတဲ့ အရာရှိဇနီးသည်တွေက ဘယ်လိုမြင်ကြမလဲ။ကျွန်မလည်း အလုပ်ကို ဘယ်လို ဆက်လုပ်ရတော့မလဲရှင်"

လော့ရှုကျီက ဖြစ်လာနိုင်သည့်ကိစ္စတွေကိုပြောတော့ ချန်ဝမ်ဖန်းလည်း သည်ကိစ္စက ကိုင်တွယ်ရခက်လိမ့်မည်ဟု ထင်မိသည်။

လော့ရှုကျီက သူမနှင့် အတိုက်အခံ လုပ်နေသည်ဟု ထင်သော်လည်း ဤကိစ္စက တပ်မတော်ပြန်လည်နေရာချထားရေးရုံး၏ ပြဿနာဖြစ် နေ၍ ရှင်းမရဖြစ်လာလျှင် သူမနှင့်လည်း ပတ်သက်လာနိုင်သည်။

လော့ရှုကျီ အကျင့်ကိုမကြိုက်၍ ချန်ဝမ်ဖန်းကလည်း သူမကို ဆန့်ကျင်လိုသည်။ သို့သော် သူတို့အားလုံးက တပ်မိသားစု အိမ်ရာဝန်းထဲတွင် နေကြသည်ဖြစ်၍ တစ်ဦးနှင့် တစ်ဦး အပြတ်ပြတ်နှင့် နှာခေါင်းသွေးထွက်စရာကိစ္စများလည်း မဖြစ်စေချင်ပါ။

သို့သော် ချန်ဝမ်ဖန်းသည်လည်း လော့ရှုကျီ ဆန္ဒကို မလိုက်လျောလိုပါ။ ဤ တစ်ခေါက် အလျော့ပေးလိုက်လျင် နောက်ပိုင်းတွင် ပို၍ ရောင့်တက်လာနိုင်သည်။ထို့ကြောင့် သူမ မျက်ခုံးများကို ပင့်ကာ ပြန်ပြောလိုက်သည်။

"ကျွန်မလည်း ရှင့်ကို နားလည်ပါတယ်။ အရင်ကလည်း ဆေးပေးခန်းက လူလိုရင်.ရှင်ပဲ ရှာပေးခဲ့တာပဲလေ။ရဲဘော်တင်းလင်းရဲ့နေရာမှာ အစားထိုးဖို့ ရှောင်ဟုကို ရှင်ညွှန်းပေးခဲ့တယ်။ အခုကလည်း သင့်လျော်တဲ့သူ အရာရှ်ိ ဇနီးသည်တွေ မရှိလို့ပါ။ ရှင် လက်မခံဘူးဆိုရင်တော့ တောင်ရှန်း အထက်တန်းကျောင်းက ကျောင်းဆင်းတဲ့ လူသစ်တွေကိုပို့ပေးဖို့ ကျောင်းအုပ်ကို အကြောင်းကြားရုံပဲ ရှိတော့တယ်။"

ချန်ဝမ်ဖန်း စကားထဲမှ ခြိမ်းခြောက်မှု အရိပ်အယောင်များကိုတွေ့ရ၍ လော့ရှုကျီ မျက်မှောင်ကြုံ့လိုက်သည်။

ပြည်နယ် အတွင်းရှိ စက်ရုံများ ဌာနများအားလုံးကို ဝန်ထမ်းခန့်အပ်ရာတွင် ဒေသတွင်း နေထိုင်နေသည့် အရာရှိဇနီးများကိုသာ ဦးစားပေးခန့်ထားလေ့ရှိသည်။

အခြေစိုက်စခန်း အနီးတစ်ဝိုက်ရှိ ပြည်နယ်များကိုလည်း စစ်တပ်ကသာ ထောက်ပံ့ရေးလုပ်ပေးခဲ့သည်။ စစ်တပ်မိသားစု အဆင်ပြေပြေ နေထိုင်နိုင်စေရန် အလုပ်အက်ိုင်အခွင့်အလမ်းများကိုလည်း တပ်ရှိ မိသားစုဝင်များကိုသာ ခန့်အပ်လေ့ရှိသည်။

အခုတော့ ချန်ဝမ်ဖန်းက တပ်မိသားစုကို ကျော်ကာ ပြည်နယ်အထက်တန်းကျောင်းရှိ ကျောင်းဆင်းလူငယ်များကို ခန့်ဖို့အရိပ်အမြွက်ပြောနေပေပြီ။

ရှေးလူကြီးများ ပြောစကားရှိ၏။ တစ်ခုကို လိုက်လျောလိုက်လျင် နှစ်ခု ဖြစ်လာမည်။ နှစ်ခုကို လိုက်လျောလိုက်လျင် သုံးခု ဖြစ်လာမည်ဟူ၍ ရှိ၏။ လော့ရှုကျီလည်း ဤ ကိစ္စကို လုပ်ခွင့်ပြု၍ မရကြောင်းသိသည်။

ထိုသို့စဥ်းစားလိုက်ပြီး လော့ရှုကျီက ပြုံးကာပြောလိုက်သည်။

" ကျွန်မလည်း ရှင်တို့ဆေးပေးခန်းရဲ့ ဆေးပေးတဲ့ဝန်ထမ်းလုပ်ရမယ့် အလုပ်သဘောတရားကိုနားလည်ပါတယ်။ ဆရာဝန်ပေးလိုက်တဲ့ ဆေးညွှန်းကို ဆေးဘီဒို ထဲကနေ ထုတ်ပြီး လူနာကိုပေးရုံပဲမဟုတ်လား"

"အလုပ်က ပြောရင်သာ လွယ်သလိုထင်ရပေမယ့် တစ်ကယ်လုပ်ရင် အာ့သလောက်မလွယ်ဘူး။ ဆေးပေးခန်းမှာ လုပ်မယ့်ဝန်ထမ်းရဲ့ပညာရေးက အနည်းဆုံးအထက်တန်းအောင် အဆင့်ဖြစ်ရမယ်။ အလုပ်ကိုလည်း သေချာဂရုစိုက်ပြီး စည်းစနစ်တကျ လုပ်တတ်ရမယ်။" ဟု ချန်ဝမ်ဖန်းက ပြန်ပြောလိုက်သည်။

"နားလည်ပါတယ်ရှင်။ လူ့အသက်နဲ့ ပတ်သက်တဲ့ အလုပ်မို့လို့ မှားလို့မရလို့ အလုပ်ကို စည်းစနစ်တကျ လုပ်တတ်တဲ့သူလို မှန်းသိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အထက်တန်းအောင် ဖြစ်ဖို့လိုမယ်လို့ မထင်ပါဘူး။ ကျွန်မတို့ တပ်မိသားစုဝန်းထဲမှာရှိတဲ့ အရာရှိဇနီးသည်တွေကလည်း အတန်းပညာ မမြင့်မားကြပေမယ့် သူတို့လည်း လူတွေပါပဲ။ သူတို့မှာ သင်ယူချင်စိတ်ရှိတယ် ရေးတတ်ဖတ်တတ်တယ် ဆိုရင် အထက်တန်းအောင်တွေထက်တော့ မနိမ့်ပါဘူး"

လော့ရှုကျီက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

"ရှင်လည်း သိမှာပါ အရာရှိဇနီးသည် အများစုက ခက်ခဲတဲ့ မိသားစုကနေ လာကြတာဆိုတော့ အတန်းပညာကောင်းကောင်းသင်ဖို့ အခွင့်အရေး မရခဲ့ကြဘူးလေ။ သူတို့တပ်ထဲ ဝင်လာပြီးနောက် ခေါ်တဲ့အလုပ်တွေကလည်း စာရေးတတ်ဖတ်တတ် ရမယ် ဆိုလို့ စာရေးတတ်ဖတ်တတ် အောင် ပြန်သင်ယူကြတဲ့ အရာရှိဇနီးသည်တွေတောင် ရှိသေးတာပဲ။သူတို့တွေက ကြိုးစားပြီး သင်ယူလိုစိတ် ရှိကြပါတယ်။ သူတို့တွေကိုလည်း အခွင့်အရေးပေးသင့်တယ်လို့ မထင်ဘူးလားရှင်"

"ညွှန်ကြားရေးမှုးလော့ ကျွန်မကလည်း သူတို့ကို အခွင့်အရေးမပေးဘူးလို့ပြောတာမဟုတ်ပါဘူး"

ချန်ဝမ်ဖန်းကလည်း မကျေမနပ်ပြန်ပြောခဲ့သည်။

"ရှင်ပဲ စောနက ပြောတော့ ဆေးပေးခန်းအလုပ်ဆိုတာ လူ့အသက်နဲ့ သက်ဆိုင်တဲ့ကိစ္စမို့လို့ နားလည်ပါတယ်ဆို။တစ်ကယ်လို့ လုပ်ငန်းလိုအပ်ချက်ထက် ပညာအရည်အချင်းနိမ့်တဲ့သူ ဝင်လာလုပ်ပြီး လူနာကိုဆေးပေးမှားသွားလို့ တစ်ခုခု ဖြစ်သွားရင်ဘယ်သူက တာဝန်ယူမှာလဲ။ ရှင် တာဝန်ယူမှာလား"

"ရှင် အထက်တန်းအောင်ဝန်ထမ်း ခန့်တော့ကော သူက အမှား မလုပ်နိုင်ဘူးလို့ အာမခံနိုင်လို့လား"ဟု လော့ရှုကျီကလည်း မကျေမနပ် ပြန်ပြောခဲ့သည်။

"ဒါ့ကြောင့် ဝန်ထမ်းခန့်တဲ့အခါ ပညာရေးလိုအပ်ချက်အပြင် တစ်ခြားအချက်တွေလဲ သေချာဂရုစိုက်ရတာပေါ့။ ကျွန်မ ရဲဘော်လင်းရဲ့ကိုယ်ရေးအချက်အလက်တွေကိုဖတ်ကြည့်ပြီးပြီ။ သူအရင်က သူ့ဇာတိက ချည်မျှင်စက်ရုံမှာ ဂိုဒေါင် အုပ်ချုပ်ရေးမှုးအနေနဲ့ ၂ နှစ်ကျော်လောက် လုပ်ခဲ့တဲ့အတောအတွင်း ဘာ အမှား မှ မဖြစ်ခဲ့ဘူး။"

ချန်ဝမ်ဖန်းက အလေးအနက်ထားကာ ထပ်ပြောလိုက်သည်။"သူ့က်ိုပဲ ရှောင်ဟု နေရာမှာ ခန့်လိုက်ရအောင်ပါ။ ကျွန်မလဲ စိတ်သက်သာရာ ရသလို ဆေးရုံအကြီးအကဲ တွေလဲ စိတ်အေးရတာပေါ့"

လော့ရှုကျီလည်း ချန်ဝမ်ဖန်း ဆိုလ်ိုသည်ကို နားလည်သည်။ သူသာ လင်းဝေ့ထက် ဘက်ပေါင်းစုံမှာ ပိုတော်သည့် လူကို ပေးလိုက်လျင် ဤ ပြဿနာ ငြိမ်းသွားမည်ကိုသိသည်။

အမှန်အတိုင်းပြောရလျင် ချန်ဝမ်ဖန်း သူမကို အဆုံးအထိဖိအားမပေးလျှင် သူမလည်း ဤကိစ္စကို အလျော့ပေးရန် စဥ်းစားခဲ့သည်။သို့သော် ယခုတော့ သူမလည်း အလျော့မပေးနိုင်ရာ ချန်ဝမ်ဖန်း ဘာလုပ်နိုင်မလဲ သိချင်မိသည်။

ယခုအချိန်တွင် လော့ရှုကျီက ချန်ဝမ်ဖန်းပြောသမျှက်ို လက်ခံရတော့မည့် အခြေအနေဖြစ်နေ၍ သူမအံကြိတ်ကာပြောလိုက်သည်။

"ရှင်လိုချင်တာက အထက်တန်းအောင် ဖြစ်ရမယ် အလုပ်ကို စေ့စေ့စပ်စပ် လုပ်တဲ့သူဖြစ်ရမယ် မဟုတ်လား။ ကျွန်မ တစ်ယောက် စဥ်းစားမိတယ်"

ချန်ဝမ်ဖန်းကလည်း "ဘယ်သူလဲ" မေးလိုက်သည်။

"တန်းရှန့်ယွင် " လော့ရှုကျီက နာမည်တစ်ခုကိုပြောလိုက်သည်။

"သူမက ဒုတိယနှစ်စက်မှု ကျောင်းသူဖြစ်တယ်။ သူတပ်ထဲ မရောက်ခင်က သူ့မြို့က ပြည်နယ်စက်ရုံမှာ စာရင်းကိုင်အနေနဲ့ လုပ်ခဲ့တယ်။ သူ့အခြေအနေကလည်း ရဲဘော်လင်းထက် မဆိုးပါဘူးနော်။"

All Chapters