← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

ချန်ဝမ်ဖန်းကို သူမ ဆုံးဖြတ်ချက်အကြောင်း မနေ့ညကပြောခဲ့သော်လည်း လုပ်ငန်းခွင် မဝင်ရသေး၍ အဖြစ်အပျက်များ ပြောင်းလဲသွားနိုင်သေးသည်။

ထို့ကြောင့် ချန်ဝမ်ဖန်းက ဆေးပေးခန်းဝန်ထမ်းကို တစ်ခြားလူ ခန့်အပ်လိုက်သည့်အကြောင်း ပြောတော့ သ်ိပ်မအံ့သြမိပါ။ ထို့ကြောင့် ဘာကြောင့်လဲ ဆိုသည့်အကြောင်းကိုသာ အေးဆေး မေးလိုက်နိုင်သည်။

ချန်ဝမ်ဖန်းလည်း လင်းဝေ့ကို ဖုံးကွယ်မထားတော့ပဲ ပြောလိုက်သည်။

"အလုပ်အက်ိုင် ရှာဖွေရေးရုံးက ညွှန်ကြားရေးမှုးလော့က ပြောတယ် ရှင်အလုပ်ရတဲ့ အကြောင်း တစ်ယောက်ယောက်ကို ပြောနေတာကိုကြားလိုက်တဲ့သူက လာတိုင်ကြားခဲ့တာတဲ့။ ရှင်က အခုမှ ရောက်ပြီး နေထိုင်ခွင့်လည်း မကျသေးလို့………"

လင်းဝေ့လည်းကြောင်အသွားကာ ကြားဖြတ်ပြောလိုက်သည်။"နေပါဦး ကျွန်မ ဘယ်သူ့ကိုမှ ဒီအကြောင်းမပြောခဲ့ဖူးပါဘူး"

ချန်ဝမ်ဖန်းရဲ့ မျက်နှာအမူအရာလည်း လေးနက်သွားပြီး ပြန်မေးလိုက်သည်။"ရှင် ဘယ်သူ့ကိုမှ မပြောဖူးဘူးလား။ လာတိုင်တဲ့သူက ရှင်ပြောတာကို ကိုယ်တိုင်ကြားခဲ့တယ်လို့ပြောတယ်နော်"

"ကျွန်မ မပြောပါဘူး……" လင်းဝေ့လည်း သူမ မသိသည့်အကြောင်းပြောမည့်ဆဲဆဲတွင် တစ်ခုသတိရလိုက်သည်။ သူမနှင့် လျိုတန်းတို့ခြံထဲတွင် ဤကိစ္စပြောကြသည့်အကြောင်း ချန်ဝမ်ဖန်းကို ပြောပြလိုက်သည်။

"ရှင်ဆိုလိုချင်တာက ရှင်တို့ပြောနေတာက်ိုကြားလိုက်တဲ့သူက ညွှန်ကြားရေးမှုးလော့ကို သွားတိုင်လိုက်တယ်ပေါ့။" ဟု ချန်ဝမ်ဖန်းက မေးလိုက်သည်။

လင်းဝေ့ကလည်း သိပ်မသေချာ၍ "ကျွန်မလည်း ဘယ်သူလဲ ဆိုတာတော့မသိဘူးရှင့်" ဟုသာ ပြောလိုက်သည်။

ချန်ဝမ်ဖန်းလည်း သက်ပြင်းချလိုက်သည်။ တစ်ကယ့်အနှောက်အယှက်ကြီးပဲ။

သို့သော် ချန်ဝမ်ဖန်းလည်း လင်းဝေ့ဆီမှအကြောင်းအရာ တစ်ချို့ သိရပြီးနောက် "နံရံတွေမှာ နားရှ်ိတယ်လို့ပြောကြတယ်။ သည်လို အရေးကြီးတဲ့ကိစ္စကို ဘာလို့အပြင်မှာ ပြောရတာလဲ" ဟုပြောလိုက်စဥ် လင်းဝေ့က အသံတိုးတိုးဖြင့် ပြောခဲ့သည်။

"ကျွန်မလည်း အဲဒီအချိန်တုန်းက မစဥ်းစားလိုက်မိလို့ပါ။"

လင်းဝေ့၏ ပုံစံကိုမြင်၍ အားမလိုအားမရဖြစ်ကာ ချန်ဝမ်ဖန်းက ရှင်းပြလိုက်သည်။

"တစ်ခြားသူ ကြားသွားတာက ပြသနာကြီး မဟုတ်ပါဘူး လူတစ်ချို့က ကိစ္စတွေ အကျယ်ချဲ့ဖို့ တစ်စိတ်ကိုတစ်အိတ်လုပ်တတ်ကြတယ်။" ဟုပြောကာ ထပ်ပြီးနှစ်သိမ့်စကားပြောလိုက်သည်။

"နောက်ဆို အိမ်နီးနားချင်းတွေနဲ့ ရင်းနှိီးအောင် မိတ်ဖွဲ့ထားပေါ့။ ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကိုတော့ အပြင် လျှောက်မပြောနဲ့တော့နော်"

ချန်ဝမ်ဖန်း စကားကိုနားထောင်ပြီး လင်းဝေ့လည်း စိတ်အေးသွား၍ ပြုံးကာ " သိပါပြီ " ဟုပြောလိုက်သည်။

လင်းဝေ့၏ ဘဲဥပုံမျက်နှာတွင် အဆီပိုများလည်းမရှိပါ။သူမက အနည်းငယ်ပိန်ပြီး ပျော်ရွှင်နေပုံ ပေါက်ရာ လူလတ်ပိုင်းတစ်ယောက်၏ သွင်ပြင်လို ရှိမနေပေ။

သို့သော် သူမ မျက်လုံးများက မက်မွန်ပန်းများပွင့်လန်းသကဲ့သို့ဖြစ်နေကာ သူမအပြုံးမှာလဲ တောက်ပ၍ ရှုမြင်ရသူမှာ စိတ်ကြည်နူးဖွယ်ဖြစ်ရ၏။

ချန်ဝမ်ဖန်းလို သက်လတ်ပိုင်းလူကြီးများက လင်းဝေ့လို ချစ်စရာ ကောင်မလေးတွေကို သဘောကျသည်။

ထို့အပြင် သူမ အလုပ်မရတော့မှန်း သိသွားပေမယ့် မကျေနပ်ကြောင်းလည်း မပြောပဲ ချန်ဝမ်းဖန်၏ နှစ်သိမ့်စကား အနည်းငယ်ဖြင့် ကျေနပ်သွားလေရာ လင်းဝေ့သည် နှစ်သက်ဖွယ် မိန်းမပျိုတစ်ယောက်မှန်းသိသာသည်။

ချန်ဝမ်ဖန်းလည်း လင်းဝေ့ကို ထပ်ပြောလိုက်သည်။

"ကိစ္စတွေက ဒီလိုဖြစ်သွားပေမယ့် ရှင့် အမှား မဟုတ်လို့ ဘာမှ စိုးရိမ်စရာမလိုဘူးနော်။ နေထိုင်ခွင့် ကျတဲ့အခါ အလုပ်အကိုင် ရှာဖွေရေးရုံးကို လျှောက်လွှာတင်ထားရင် သူတို့က အလုပ်ရှာပေးပါလိမ့်မယ်။ တစ်ခြားအရာရှိဇနီးသည်တွေ ထက်လည်း အတန်းပညာမြင့်တော့ မစိုးရိမ်နဲ့နော်"

လင်းဝေ့လည်း အလုပ်ရဖို့ သိပ်မလောပါ။ သူမ နေထိုင်ခွင့်ကျလာလျင် ရိက္ခာခွဲတမ်းလည်း ရမည်ဖြစ်သည်။ ရိက္ခာခွဲတမ်းက အလုပ်မလုပ်တဲ့လူတွေအတွက် ခွဲတမ်းနည်းပေမယ့် သူမကလည်း အစားနည်းလေရာ ခွဲတမ်းတစ်လစာက သူမအဖို့လုံလောက်သည်။

အသုံးငွေအတွက်လည်း စိတ်မပူပါ။ သူမလက်ထဲတွင်လည်း စုထားသော ငွေရှိသည်။ ကျုံးရှောက်၏ ဝင်ငွေလည်း များသည်။ အလုပ်မရှိပဲ တစ်နှစ်ခွဲလောက်အေးဆေးနေလို့ရသည်။

သူမစိုးရိမ်သည်က ညွှန်ကြားရေးမှုးလော့၏ သူမအပေါ်အမြင်သာဖြစ်သည်။ ပြဿနာက သူမရှာခဲ့သည်မဟုတ်သော်လည်း ပြဿနာအရင်းခံက သူမ ဖြစ်သည်။ ထို့အပြင် ညွှန်ကြားရေးမှုးလော့က သူမ၏ အလုပ်နေရာ အစားထိုးရန်လာပြောခဲ့သည် ဆိုတော့……

လင်းဝေ့သည် ထိုသို့တွေးလိုက်ရင်း စိုးရိမ်ကာ ညွှန်ကြားရေးမှုးချန်ကို သူမတွေးပူသည့် ညွှန်ကြားရေးမှုးလော့ သူမအပေါ် တစ်မျိုးမြင်မည့်အကြောင်းကို ထပ်မေးလိုက်သည်။ ချန်ဝမ်ဖန်းက မစိုးရိမ်ရန်ပြောပေမယ့် လင်းဝေ့က လူကိုယ်တိုင် ရှင်းပြလိုက်လျင်ကောင်းမည်ဟု တွေးထင်နေ၏။

ချန်ဝမ်ဖန်းကလည်း ပြန်တွေးလိုက်သည်။ ထိုသို့သွားရှင်းပြသည်ကမှ လော့ရှုကျီကို ပို၍ အရှက်ရစေလိမ့်မည်ဟုတွေးလိုက်ကာ လက်ယမ်းပြရင်း "မလိုဘူး"ဟုပြောလိုက်သည်။

လင်းဝေ့က စိတ်မအေးဖြစ်နေသည်ကို တွေ့ရ၍ ချန်ဝမ်ဖန်းက ထပ်ရှင်းပြလိုက်သည်။

"လော့ရှုကျီကလည်း နာမည်တစ်လုံးနဲ့ နေတဲ့သူပဲ။ ဒါကြောင့် ရှင်အေးဆေးနေပြီး အမှားမလုပ်သရွေ့ ရှင့်ကို သင့်တော်တဲ့ အလုပ်ထပ်ရှာပေးမှာပါ"

ယခုအလုပ်ကိစ္စကလည်း လုပ်ငန်းစဥ်နှင့် မညီဖြစ်သွားကာ လာတိုင်သည့်လူရှိ၍သာ မဟုတ်လျင် လော့ရှုကျီကလည်း လင်းဝေ့ကို ဘာမှလုပ်မည်မဟုတ်ပါ။

နောက်ဆုံးတော့ တစ်ခုခုလွဲနေသလိုပင်။

ချန်ဝမ်ဖန်းလည်း လင်းဝေ့၏ အနည်းငယ် စိုးရိမ်နေသော မျက်နှာအမူအရာကိုမြင်၍ မေးလိုက်သည်။

"ရှင် အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ"

"ရှင်" လင်းဝေ့လည်း အသိပြန်လည်လာကာ ချန်ဝမ်ဖန်းကို ဖြေးဖြေးလေး မေးလိုက်သည်။

"ညွှန်ကြားရေးမှုးချန် ကျွန်မ တစ်ခုလောက် မေးလို့ရမလားရှင့် "

ချန်ဝမ်ဖန်းလည်း လင်းဝေ့ အဆင်မပြေဖြစ်နေမှန်း ရိပ်မိ၍ နားမလည်နိုင်ဖြစ်ကာ ပြောလိုက်သည်။ "မေးပါ"

လင်းဝေ့က ချက်ချင်းမမေးပဲ အသက်ကို ပြင်းပြင်း အရင်ရှုလိုက်ကာ မေးလိုက်သည်။"ညွှန်ကြားရေးမှုးလော့ မှာ လော့ယွင် ဆိုတဲ့ တူမ တစ်ယောက် ရှိတယ် မလားဟင်"

ချန်ဝမ်ဖန်းလည်း ကြောင်အသွားကာ တိတ်ဆိတ်သွားသည်။

ချန်ဝမ်ဖန်း ငြိမ်နေသည်ကိုကြည့်ရင်း လင်းဝေ့ရင်ထဲတွင် အဖြေတစ်ခု သိလိုက်ရကာ သူမ သွေးစီးဆင်းမှုများ နှေးကွေးသွားသလို ခံစားရလိုက်ပြီး သူမနှုတ်ခမ်းများကလည်း ဖျော့တော့လာ၏။

ချန်ဝမ်ဖန်းကလည်း လင်းဝေ့ တစ်ခုခုကြားထားမိ၍ အထင်လွဲနေမှန်း ရိပ်မိလိုက်ကာ အလျင်အမြန် ရှင်းပြလိုက်သည်။

"လော့ရှုကျီက သူ့တူမနဲ့ ကျုံးရှောက်ကို အောင်သွယ်ပေးခဲ့ပေမယ့် ကျုံးရှောက်က ငြင်းလိုက်လို့ သူတို့နှစ်ယောက်အကြား ဘာမှဆက်မဖြစ်ခဲ့ပါဘူးကွယ်။ လျှောက်မတွေးနေပါနဲ့နော်"

ထိုစကားများကို ကြားသောအခါ လင်းဝေ့က မချိတင်ကဲ အပြုံးကိုသာ ပြုံးလိုက်သည်။ သူမလည်း ကျုံးရှောက်နှင့် လော့ယွင်တို့အကြား ဘာကိစ္စတွေဖြစ်ခဲ့လဲ ဆိုသည်ကိုမသိပါ။

လော့ယွင်သည် အထူးတပ်မိသားစုဝင်မှ မွေးဖွားလာခဲ့သည်။ အထက်တန်း တက်ပြီးနောက် ဆေးပညာကျောင်းကို တစ်နှစ်ခန့်တက်ခဲ့သည်။ သူမ ကျောင်းပြီးကာ ဘွဲ့မရသေးခင် မိဘများက မသင့်တော်သောသူများနှင့် တွေ့ဆုံမိမည်ကိုစိုး၍ ယားကျိုကျွန်းရှိ သူမအဒေါ်နှင့် သွားရောက်နေထိုင်စေခဲ့သည်။

လော့ယွင်နှင့် ကျုံးရှောက်သည် တစ်ခြားဆက်ဆံရေးတော့မရှိခဲ့ပါ။ ကျုံးရှောက်က သင်္ဘောပေါ် နှင့် စခန်း အတွင်းမှာသာနေပြီး အလုပ်ကြိုးစားနေသူဖြစ်၍ သူတို့နှစ်ဦးလည်း မကြာခဏ မဆုံဖြစ်ကြပါ။

သို့သော် မြင်မြင်ချင်းအချစ် ဟူသည်မှာ လော့ယွင် တွင်ဖြစ်ပေါ်လာခဲ့ပြီး ကျုံးရှောက်ကို တစ်ဖက်သတ် ချစ်သွားခဲ့သည်။

ကျုံးရှောက် ကြောင့် လော့ယွင်လည်း ယားကျိုကျွန်းတွင် နေထိုင်ခဲ့ပြီး ကျန်းမာရေးစင်တာတွင် လေ့ကျင့်ရေး သူနာပြုဖြစ်လာခဲ့သည်။ လော့ယွင်၏ အတွေးမှာလည်း ရိုးရှင်းသည်။ ကျုံးရှောက်၏ အနီးတွင် နေပြီး သူကိုမြင်နေရလျင် ကျေနပ်မည့်သူဖြစ်သည်။

သို့သော် လူဟူသည်မှာ လောဘရှိလာ၍ မြင်နေရရုံဖြင့် မကျေနပ်နိုင်တော့ပဲ ကျုံးရှောက်နှင့် နီးစပ်လိုလာ၏။

ထို့ကြောင့် ကျုံးရှောက်၏ လှုပ်ရှားမှုသွားလာမှုက်ို စုံစမ်းလာသည်။ လစာရိက္ခာများကို လကုန်တိုင်းတွင်ပေးလေ့ရှိကာ ကျုံးရှောက်သည်လည်း လကုန်ရက် သို့မဟုတ် နောက်တစ် နေ့တွင် လိုအပ်သည့်ပစ္စည်းများဝယ်ရန်နှင့် စာပို့ရန် ရုံးသို့ လာလေ့ရှ်ိသည်ကို လော့ယွင် သိကာ ကျုံးရှောက်နဲ့ ဆုံနိုင်ဖို့ ကြိုးစားလေ့ရှိသည်။

လော့ယွင်က ကျုံးရှောက်၏ အပြင်ထွက်ချိန်ကို သိပြီး ပျော်နေပေမယ့် ကျုံးရှောက်ကလည်း သူမ၏ စုံစမ်းနေမှုများကို သိသွားကာ နောက်တစ်ခါ ထိုသို့မလုပ်ရန် သတိပေးလိုက်သည်။ ဆက်လုပ်လျင် တိုင်ကြားမည်ဟုပါ ပြောလိုက်သည်။

လော့ယွင်လည်း ကြောက်သွားပြီး ကျုံးရှောက်ကို မလိုက်တော့ပါ။ သို့သော် ကျုံးရှောက်ကို လက်လျော့လိုက်သည်တော့မဟုတ်ပေ။ တိတ်တခိုးလေး ဆက်ချစ်နေသေး၏။ သူမ အဖြစ်ကို လော့ရှုကျီက မြင်သွားတဲ့အခါ သူတို့နှစ်ဦးအကြား အောင်သွယ်ဖို့ ကြိုးစားခဲ့သည်။

လော့ရှုကျီ၏ အစီအစဥ်ကို သိသောအခါ လော့ယွင်လည်း ရှက်နေကာ သူမရင် ထဲတွင် မျှော်လင့်ချက်ကလေး ရှိနေသေး၏။ သို့သော် ကျုံးရှောက်က ငြင်းလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထိုကိစ္စဖြစ်ပြီးနောက် ကျုံးရှောက်လည်း သူ့မိဘအိမ်ပြန်သွားခဲ့သည်။ ကျုံးရှောက် ပြန်လာတဲ့အခါ စေ့စပ်ထားသောသူရှိပြီဟု ပြောသံကြားလိုက်ကြရသည်။

လော့ယွင်လည်း ကောလဟာလများကို မယုံကြည်သော်လည်း နှစ်ဝက်ခန့်ကြာပြီးနောက် လက်ထပ်သွားပြီဟု သတင်းကြားလိုက်ရတော့သည်။

ထိုသတင်းကြောင့် လော့ယွင်လည်း ကြေကွဲသွားပြီး နှစ်နှစ်ခန့် မေ့နိုင်ရန်ကြိုးစားပြီးနောက် ယားကျိုကျွန်းမှ ယန်ချန်းကို ပြောင်းသွားလေရာ အမျိုးသားဇာတ်လိုက်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အထက်ပါ အကြောင်းအရာသည် မူလဝတ္ထုမှ အကြောင်းအရာများဖြစ်ရာ လော့ယွင်သည်လည်း မူလဝတ္ထုမှ အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။

ဝတ္ထုပါ အကြောင်းအရာများသည်လည်း လော့ယွင် ယန်ချန်မြို့ကို ပြောင်းသွားမှ ဖြစ်လာမည့်အဖြစ်အပျက်များဖြစ်သည်။ ယားကျိုကျွန်းတွင် ဖြစ်ပျက်ခဲ့သမျှသည်လည်း လော့ယွင်၏ မှတ်ဉာဏ်အဖြစ်သာ ဝတ္ထုတွင်ဖော်ပြထားသည်။ညထို့ကြောင့် မူလဝတ္ထုတွင် လင်းဝေ့ တပ်ထဲပြောင်းလာပြီးနောက် လော့ယွင်နှင့် ဆက်စပ်သည့်အကြောင်းရေးထားသည်မှာ ကျုံးရှောက် အကြောင်းသာ ရေးထားသည်။

လင်းဝေ့ကလည်း ကျုံးရှောက်၏ အမျိုးသမီးဖြစ်၍ သာမဟုတ်လျင် သူမလည်း ဝတ္ထုတွင်ပါလာမည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာက ဝတ္ထုကမ္ဘာဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် လင်းဝေ့သည်လည်း သူမ အိပ်မက်ကို အမြဲ သံသယ ဖြစ်နေခဲ့သည်။

လင်းဝေ့လည်း ကျုံးရှောက်ကို တိုက်ရိုက်ကြီး လော့ယွင်နဲ့ သိလားလို့ မေးလိုသော်လည်း မမေးဝံ့ခဲ့ပါ။

သူမ သင်္ဘောပေါ်မှာတုန်းက ဤအဖြစ်အပျက် ရင်ဆိုင်ကာ သူမ၏ သေခြင်း ကံကြမ္မာက်ို ပြောင်းလဲမည်ဟု ကြွေးကြော်ခဲ့သော်လည်း ဤကံကြမ္မာမှ လွတ်မြောက်နိုင်မည်လားဟု ပြန်လည်တွေးတောလာမိသည်။

All Chapters