← Chapters

Chapter 30

Vol. 3 Ch. 30

Chapter 30

Vol. 3 Ch. 30

ဤရက်ပိုင်း၌ သူမ အိပ်မက်မက်သလို ပျော်ရွှင်စွာနေထိုင်ခဲ့သည်။ မူလဝတ္ထုမှ နာမည်များ ထွက်ပေါ်လာကာ သူမကို မ နှိုးလိုက်ခင်အထိ ဖြစ်သည်။ သူမကို ပြန်လည်ဆန်းစစ်ဖို့ အသိပေးလိုက်ခြင်းဖြစ်သည်။

ရလဒ်ကတော့ ရှင်းပါသည်။

အိပ်မက်က အမှန်ပင် ဖြစ်သည်။ သူမ မကြာခင် သေရတော့မည် ဆိုသည်မှာလည်း အမှန်ပင်ဖြစ်သည်။

ချန်ဝမ်ဖန်း ကျုံးမိသားစုအိမ်မှ ပြန်သွားပြိီးနောက် အလုပ်အကိုင် ရှာဖွေရေးရုံးမှ အမျိုးသမီးဝူက ကျိုးမိသားစုအိမ်ကို ရောက်လာခဲ့သည်။

ထိုအချိန်တွင် တန်းရှန့်ယွင်က အိမ်နောက်ဖေးတွင် ထိုင်ကာ ဖိနပ်အောက်ခံလဲနေခဲ့သည်။ နောက်ဖေးတွင် ကစားနေသော ကလေးများကို စောင့်ကြည့်ရင်း ထိုင်နေရာ အိမ်ရှေ့မှ ခေါ်သံကြား၍ ထကာ သွားကြည့်လိုက်သည်။

အိမ်ရှေ့ခြံဝန်းထဲ ရပ်နေသူကိုမြင်တဲ့အခါ အံ့သြသွားပြီးအနည်းငယ် ကြောင်သွားသည်။ နောက်မှ ပြန်နှုတ်ဆက်လိုက်သည်။"အစ်မဝူ ဒီကို ဘာကိစ္စရှိလို့လဲနော်"

"ရှင့်အတွက် အလုပ်ရှိကြောင်း လာပြောတာပါ"အမျိုးသမီးဝူလည်း ပြုံးကာ ပြန်ပြောလိုက်သည်။

တန်းရှန့်ယွင်လည်း အံ့သြသွားပြိိီး ပြန်မေးလိုက်သည်။ "အလုပ်!! ဘယ်လို အလုပ်မျိုးလဲရှင့်"

"မစိုးရိမ်ပါနဲ့။ ဒီတစ်ခေါက် ရှင့်အတွက် စီစဥ်ပေးတဲ့အလုပ်က ကောင်းပါတယ်"

တန်းရှန့်ယွင်၏ စိုးရိမ်နေမှုကို တွေ့ကာ အမျိုးသမီးဝူက သေသေချာချာ ရှင်းပြလိုက်သည်။

"ဆေးပေးခန်းမှာလုပ်တဲ့ ရဲဘော်က သူက ဇာတိကို ပြောင်းတော့မှာမို့လို့ သူ့နေရာမှာလုပ်ဖို့ လူလိုတယ် ဆိုပြီး ညွှန်ကြားရေးမှုးချန်က ကျွန်မတို့ရုံးကို လာမေးတယ်လေ။ ညွှန်ကြားရေးမှုးလော့ကလည်း ရှင့်ကို စဥ်းစားမိလိုက်လို့ပါ။ အလုပ်အချိန်က မနက်၈ ညနေ၆ဖြစ်ပြီး နေ့ခင်း နားချိန်လည်း ရှိသေးတယ်။ ဆေးရုံကလည်း နေ့လည်စာ စီစဥ်ပေးတယ် ဆိုတော့ ဘယ်လောက် ကောင်းလိုက်လဲ။ ဒီလိုအလုပ်မျိုးက ဆုတောင်းတိုင်းလည်း ရနိုင်တာ မဟုတ်ဘူးနော်။ ဟုတ်တယ်မလားး"

တန်းရှန့်ယွင်ကလည်း ဤအလုပ်က အမှန်တစ်ကယ်ကောင်းမှန်းသိသည်။ သို့သော် အလွန်ကောင်းသည့်အလုပ်ဖြစ်နေ၍ လုပ်ရန် တွန့်ဆုတ်နေမိသည်။ ထို့ကြောင့် တိုးတိုးပြောလိုက်သည်။

"အလုပ်က အရမ်းကောင်းပါတယ် ဒါပေမယ့် ဘာလို့ကျွန်မကို ခန့်ဖို့ဖြစ်လာရတာလဲ"

တစ်ခြားသူတစ်ဦးကမေးလျှင် ပိုလွန်းသည်ဟုဆိုနိုင်သော်လည်း မေးသူက တန်းရှန့်ယွင် ဖြစ်နေတာကြောင့် အမျိုးသမီးဝူကလည်း နားလည်ပေးသည်။

ကျိုးကျန်းဟိုင်ကို လက်ထပ်ခဲ့၍ တန်းရှန့်ယွင်က စစ်တပ်အသိုင်းအဝ်ိုင်းထဲ ပြန်ဝင်လာနိုင်ခဲ့သည်။ နေထိုင်ခွင့်ကျပြီးနောက် အလုပ်အကိုင် ရှာဖွေရေးရုံးတွင်လည်း လျှောက်လွှာတင်ထားခဲ့သည်။

သို့သော် သူမက မည်ကဲ့သို့သော သူဖြစ်သနည်း။သူမသည် ရာထူးလျော့ချခံရသည့် နာမည်ပျက်မိသားစုမှဖြစ်သည်။ ကျိုးကျန်းဟိုင်နှင့်သာ လက်မထပ်ခဲ့လျှင် သူမသည် နွားတင်းကုတ်တွင် နေနေ ရလောက်သည်။

ထိုသို့မိသားစုမှ လာသော တန်းရှန့်ယွင်အဖို့ အရာရှိစစ်သားတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့သည်က ကံကောင်းမှုတစ်ခုဖြစ်ခဲ့သော်လည်း တစ်ခြားအရာရှိအမျိုးသမီးနှင့်တော့ အခြေအနေတော့ မတူခဲ့ပါ။

ထို့ကြောင့် သူမက စက်မှုကျောင်း ဒုတိယနှစ်အထိ တက်ခဲ့ကာ အရေးအဖတ်သာမက အတွက်အချက်ပါ ကျွမ်းကျင်သော်လည်း ဤ အခြေစိုက်စခန်းတွင်တော့ သူမအတွက် အလုပ်အကိုင်ကောင်းမရှိခဲ့ပါ။

ကောင်းရှို့လျန် မလုပ်ချင်သည့် ကြက်စာကျွေးအလုပ် နှင့် ငါးခုတ်ရန်အလုပ်ပင် လုပ်ရရန် မမျှော်လင့်ရဲသည့်အခြေအနေဖြစ်သည်။ သူမအတွက် ပေးသည့်အလုပ်များမှာ လမ်းပေါ် တံမြက်စည်းလှည်းသည့်အလုပ်နှင့် အိမ်သာဆေးအလုပ်သာ ရှ်ိသည်။

ညွှန်ကြားရေးမှုးလော့ကလည်း ဤကဲ့သို့ ခက်ခဲသော အလုပ်များလုပ်ကာ သူမ နာမည်ဆိုးကို ချေဖျက်ပြီး တပ်မိသားစု အသိုင်းအဝိုင်းထဲ ခြေဝင်ဆန့်နိုင်အောင်ကြိုးစားသင့်တယ်လို့ပြောခဲ့သည်။

တန်းရှန့်ယွင်လည်း ထိုအလုပ်များ လုပ်လိုသော်လည်း ကိုယ်ဝန်ရှိနေကာ မကြာခဏ အန်လေ့ရှိ၍ အလုပ်မှ ထွက်ခဲ့သည်။

ထိုအချိန်တွင်လည်း တန်းရှန့်ယွင်က စစ်ဆေးစမ်းသပ်မှုကိုပင် မခံနိုင်သူဟူ၍ ညွှန်ကြားရေးမှုးလော့က ပြောဆိုခဲ့သည်။

နောက်ဆုံးတော့ ကျိုးကျန်းဟိုင်က ထိုကိစ္စကို သိသွားပြီးအလုပ်သမားရုံးကို ပြဿနာရှာတော့သည်။ ညွှန်ကြားရေးမှုးလော့က သူ့စကားနာခံ ဖားယားသူများကိုသာ အကျိုးဆောင်ပေးပြီး သူ့က်ို ပစားမပေးသူများကို အကျိုးယုတ်အောင် လုပ်သည်ဟု စွပ်ဆွဲသည်အထိဖြစ်လာ၏။

ထို့နောက် သူ့အမျိုးသမီးက နောက်ခံမကောင်းသော်လည်း အကျင်စရိုက်ဆိုးသည် မဟုတ်ကြောင်း၊ စိတ်ကောက်ကျစ်လျင် အိမ်သာ သန့်ရှင်းရေးများကိုပင် နှစ်နှစ်ခန့် လုပ်နိုင် မည်မဟုတ်ကြောင်းပြောခဲ့သည်။

သန့်ရှင်းရေးအလုပ်ဆက်ပြီး မလုပ်နိုင်သည်က ကိုယ်ဝန်ရှ်ိလာ၍ တစ်ကြောင်း ကလေးပြုစု ထိန်းသိမ်ပေးမည့် ယောက္ခမများ မရှိတော့၍ တစ်ကြောင်းဖြစ်သည်။

တန်းရှန့်ယွင် အိမ်သာ သန့်ရှင်းရေးအလုပ်များလုပ်ခဲ့စဥ်ကလည်း မည်သည့်ပြဿနာမှ ရှာခဲ့ခြင်းမရှိပါ။ ကျိုးကျန်းဟိုင်က သူ့မိန်းမ၏ အနာဂတ်ကို အများကြီး မမျှော်လင့်ခဲ့သော်လည်း သူ့အမျိုးသမီးကို သူများက ယခုလို စွပ်စွဲကာ နာမည်တပ်သည်ကိုတော့ လက်မခံနိုင်ခဲ့ပေ။

သို့သော် တန်းရှန့်ယွင်၏ နောက်ခံ အသိုင်းအဝိုင်းကြောင့် တန်းရှန့်ယွင်က အမြဲ သိမ်ငယ်နေရသည်။ ထို့ကြောင့်ကျိုးကျန်းဟိုင်နှင့် လော့ရှုကျီတို့၏ တိုက်ပွဲက ပြင်းထန်လာ၏။ လော့ရှုကျီကလည်း စကားလုံးများ အလုပ်သမား သဘောတူညီချက်များနှင့်ကိုင်ပေါက်သည်။

ကျိုးကျန်းဟိုင်ကလည်း စိတ်ရှည် သည်းခံတတ်သူမဟုတ်ရာ နောက်ဆုံးတွင် သူတို့နှစ်ဦးကို ရင်ကြားစေ့ညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းစေ့စပ်ပေး လိုက်ရသည်။

ထို့နောက်တွင် လော့ရှုကျီက တန်းရှန့်ယွင်ကို မရှိတော့သည့် လူ တစ်ယောက်နှယ် သဘောထားပြီး သူမအတွက် အလုပ်ကိုလည်း ဘယ်တော့မှာ ရှာမပေးတော့ပေ။

ထို့ကြောင့် လော့ရှုကျီက တန်းရှန့်ယွင်ကို အလုပ်ကောင်းပေးတယ်ဆ်ိုတာကို မယုံကြည်နိုင်ဖြစ်နေသည်မှာ အံ့သြစရာပင် မလိုချေ။

အမျိုးသမီးဝူလည်း ဤကိစ္စကို သူမကြားစဥ်တွင် တန်းရှန့်ယွင်လို ကြောင်သွားခဲ့သည်။ သူမသည်လည်း ချန်ဝမ်ဖန်းနှင့် အတွေးတူသည်။

သူတို့ညွှန်ကြားရေးမှုးလော့က ကျုံးရှောက်ကို ကြည့်မရလို့လားလို့တွေးမိသွားသည်။ ထို့ကြောင့် ကျုံးရှောက်မိန်းမ ဆေးရုံတွင် အလုပ် ရမည်ကိုပင် ခွင့်မပြုနိုင်ပဲ သူမနှင့် မတည့်သည့် ကျိုးကျန်းဟိုင်မိန်းမကို အလုပ်ပေးလိုက်သည်အထိပင်။

ထို့ကြောင့် အမျိုးသမီးဝူသည်လည်း သူ့အလုပ်က တန်းရှန့်ယွင် ဤအလုပ်ကို မဖြစ်မနေ လက်ခံရန် ဟူသည့်အချက်မှန်း သိသွားတော့သည်။

တစ်ချိန်ထဲမှာပင် အမျိုးသမီးဝူက တန်းရှန့်ယွင်၏ စိတ်နေသဘောထား ရိုးသားမှုအရ ဤအလုပ်ကို ဝမ်းပန်းတသာ လက်ခံမည် မဟုတ်မှန်း သိသည်။

ဘဝ အပြောင်းအလဲ မျိုးစုံကိုကြုံတွေ့ရသူတိုင်းက လူမှုပေါင်းသင်းဆက်ဆံရာတွင် ပိုဂရုစိုက်လာသည်။ သူမကို ပို၍ ချီးမြောက်လေလေ ဘယ်ချိန်ပြန်၍ ရိုက်ချမည်ကို မသိတာကြောင့် ပိုကြောက်လေလေဖြစ်သည်။

ထို့ကြောင့် အမျိုးသမီးဝူလည်း စေတနာဖြင့် သူမ သိထားသင့်သည့် အကြောင်းကို ပြောပြလိုက်သည်။

"အစကတည်းကတော့ ဒီအလုပ်က ရှင့်အတွက်ဆိုပြီးတော့မဟုတ်ဘူး။ ညွှန်ကြားရေးမှုးချန်ကလည်း အထက်တန်းအောင် ပညာရေးအဆင့်ရှိသူကို လိုချင်ခဲ့တာ။ ဒါပေမယ့် လက်ရှိ ဝန်ထမ်း ခန့်ထားတဲ့ အရာရှိအမျိုးသမီးတွေရဲ့ အခြေအနေကိုလည်း ရှင်သိပါတယ်။ အထက်တန်းအောင်ဖို့ မပြောနဲ့ အထက်တန်းတောင် မရောက်ဖူးကြဘူး။ ရှင်ကလွဲလို့ တစ်ခြားကိုက်ညီတဲ့တဲ့မရှိဘူးလေ။ ဒါပေမယ့် ညွှန်ကြားရေးမှုးချန်က လက်မခံခဲ့ဘူး။ တစ်ခြားသင့်တော်တဲ့သူ မရှ်ိရင်တော့ ပြည်နယ် အထက်တန်းကျောင်းက ကျောင်းဆင်းတစ်ယောက်ကိုပဲ ခေါ်လိုက်မယ်ဆိုပြီး လုပ်နေတာ"

ထိုသို့ပြောနေရင်း အမျိုးသမီးဝူက ရုတ်တရက် လက်ခုပ်တီးလိုက်ကာ ပြောခဲ့သည်။

"အာ့လိုကြားလိုက်တော့ ညွှန်ကြားရေးမှုးလော့က အရမ်းစိုးရိမ်သွားတာ။ တစ်ကယ်လို့ ညွှန်ကြားရေးမှုးချန်ကသာ ပြည်နယ် ကျောင်းဆင်းတစ်ယောက်ကို ခေါ်အလုပ်ခန့်လိုက်နိုင်ရင် နောက်ပိုင်း ရှင် ဘယ်ဌာနမှာမှ အလုပ်ရနိုင်ဖို့ မသေချာတော့ဘူး။ ဒီလို့နဲ့ တစ်ခြားဌာနတွေလည်း ပြည်နယ်ကျောင်းဆင်းတွေကြီး ခေါ်ခန့်ကြရင် နောက်ပိုင်း မိသားစုအိမ်ရာက အရာရှိအမျိုးသမီးတွေက အလုပ်ရနိုင်တော့မလား လို့တောင် မေးခွန်းထုတ်စရာ ဖြစ် လာနိုင်တယ်"

" ညွှန်ကြားရေးမှုးလော့ စိုးရိမ်သလို ကျွန်မတို့ကလည်း စိုးရိမ်တော့ နည်းလမ်းရှာရတော့ပေါ့။ ကျွန်မတို့မှာရှိတဲ့ အလုပ်လျှောက်ထားတဲ့စာရင်းကို အထက်အောက်အပြန်ပြန်အလှန်လှန် ရှာကြည့်လိုက်တော့ရှင့်ကို တွေ့လိုက်တာပဲ။"

ထို့နောက်ညအမျိုးသမီးဝူက ဆက်ပြောလိုက်သည်။

"အစကတော့ ကျွန်မတို့ ညွှန်ကြားရေးမှုးလော့ကလည်း ရှင့်ကို အလုပ်စီစဥ်ပေးဖို့ အင်တင်တင်ဖြစ်နေပါသေးတယ်။ ညွှန်ကြားရေးမှူး ချန်ကလည်း အရေးတကြီး ဝန်ထမ်းလိုအပ်နေတော့ သူလည်း မတတ်နိုင်ပဲ ရှင့်ကိုခန့်ဖို့ သဘောတူလိုက်ရတာ"

အကယ်၍ ညွှန်ကြားရေးမှုးလော့ကသာ သူမကိုသီးသန့်ရွေးထုတ်ပြီး အလုပ်ခန့်လိုက်သည်ဆိုပါက တန်းရှန့်ယွင်ကလည်း ငြင်းရပေလိမ့်မည်။

သို့သော် အမျိုးသမီးဝူက သူမကို စဥ်းစားမိပြီး ညွှန်ကြားရေးမှုးလော့ကို တင်ပြလိုက်စဥ် မတတ်နိုင်ပဲ သဘောတူခဲ့ရသည်ဟု ကြားလိုက်ရ၍ အနည်းငယ် စိတ်သက်သာသွားသည်။

သို့သော် သူမ စိတ်မအေးနိုင်သေးပဲ "ဒါပေမယ့် ညွှန်ကြားရေးမှုးချန်က ……" ဟုမေးလိုက်စဥ် အမျိုးသမီးဝူ ကစကားဖြတ်ကာပြောလိုက်သည်။

"ညွှန်ကြားရေးမှုးချန်အတွက်က မစိုးရိမ်ပါနဲ့။ သူမ လိုချင်တာက အတန်းပညာမြင့်ပြီး အလုပ်ကို စည်းစနစ်တကျ လုပ်တတ်တဲ့သူကိုလိုချင်တာ။ ကျွန်မကြားတာတော့ ရှင် တပ်ထဲပြောင်းမလာခင် စာရင်းကိုင်လုပ်ခဲ့ဖူးတယ်ဆို။ ညွှန်ကြားရေးမှုးချန်ကလည်း စာရင်းကိုင်ဆိုရင်တော့ အလုပ်ကို သေချာ လုပ်တတ်မှာပဲ ဆိုပြီး သဘောတူလိုက်တာ။ အလုပ်ကိုတော့ သေချာလုပ်နော်။"

အမျိုးသမီးဝူက ပြုံးကာ ဆက်ပြောလိုက်သည်။

"ရှင်သာ ခေါင်းငြိမ့်လိုက်။ ဒီအလုပ်က ရှင့်အတွက်ပဲ။လာမယ့် တနင်္လာနေ့ကို ဆေးရုံကိုသတင်းပို့ပြီး အလုပ်ဝင်ရုံပဲ"

အမျိုးသမီးဝူလည်း တန်းရှန့်ယွင်က ဘာမှပြန်မဖြေတာမြင်လိုက်တော့ စိတ်ရှည်စွာ ပြန်မေးလိုက်သည်။

"ရဲဘော်တန်းရှန့်ယွင် ရှင် ဘာမှမပြောတော့ ရှင့် ဘာတွေများ တွေးပူစရာရှ်ိလို့လဲ"

တန်းရှန်ယွင်ကလည်း အားနာနာနှင့် ပြန်ပြော လိုက်သည်။

"တစ်ခုတော့ရှိပါတယ် ။ ရှင်သိတဲ့အတိုင်းပဲ ကျွန်မသားလေး ရှောင်ရှီးက တော်တော်လေးငယ်သေးတယ်။ ကျွန်မလည်း အိမ်မှာနေပြီး သူ့ကိုပဲ ပြုစုစောင့်ရှောက်လာတာ"

" ကလေးက သုံးနှစ်ကျော်ဆိုတော့ သိပ်မငယ်တော့ပါဘူး"အမျိုးသမီးဝူက ထိုသို့ပြောရင်း တန်းရှန့်ယွင်ကိုအကြံတစ်ခုပေးလိုက်သည်။

"ကလေးကိုအိမ်မှာ တစ်ယောက်ထဲ ထားခဲ့ရမှာ စိုးရိမ်ရင် ကလေးထိန်းအလုပ်လုပ် ချင်တဲ့အိမ်နီးချင်းတွေရှိရင် သူတို့ကို ထိန်းခိုင်းလိုက်ပါလား။ မိသားစုအိမ်ရာက အလုပ်လုပ်တဲ့ အရာရှိအမျိုးသမီးတွေ အကုန် အာ့လိုလုပ်ကြတာပဲ။ ရှင် စိတ်မချရင်တော့ ကလေးကို အလုပ်ကို ခေါ်လာလို့ရပါတယ်။ ဒါပေမယ့် ကလေးကတော့ အလုပ်ကို အနှောက်အယှက်မဖြစ်စေနဲ့ပေါ့။"

All Chapters