Chapter 33
Vol. 3 Ch. 33
သူမသည် သူမ၏ ကလေးများ၊ ကျုံးရှောက်နှင့်အတူ သူမဘဝ သက်တမ်းတစ်လျှောက်လုံး အတူအချိန်ကုန်ဆုံးသွားမယ်လို့ တွေးလိုက်သည်။
သူမ အသက်ရှင်သန်ရမယ်။
ငါးနာရိီထိုးပြိီးနောက် လင်းဝေ့လည်း ထမင်း စပေါင်း တော့၏။ ဆန်လုံးညိုဖြစ်တာကြောင့် ပေါင်းစားပါက ပိုအရသာ ရှိတာကြောင့်ဖြစ်သည်။ ထမင်းပေါင်းရာတွင် ချိုသည့်အရသာ ရစေရန် ကန်စွန်းဥများကိုလည်း အတုံးလေးများ လှီးဖြတ်ကာ ထည့်ပေါင်း လိုက်သည်။
ယားကျိုကျွန်းရှိ ကန်စွန်းဥများက အလွန်ချိုသည်။ လင်းဝေ့တို့ဇာတိမြို့မှာတော့ " ထျောင်" ဟုခေါ်သည့် ဥရှ်ိ၏။ နှစ်ခုစလုံးမှာ ကန်စွန်းဥမျိုးနွယ်ဝင်များဖြစ်သော်လည်း အနည်းငယ် ကွဲပြားသည်။
လင်းဝေ့တို့ဇာတိမြို့တွင်တော့ အဖြူ နှင့်အနီ မျိုးစိုက်ကြ၏။ ဥ နှစ်မျိုးစလုံးမှာ လူကြီး တစ်ယောက် လက်ဝါးလောက်ကြီးကြ၏။ အနိီမျိုးက ပိုစေးက ပိုချိုသည်။
ယားကျိုကျွန်းရှိ ကန်စွန်းဥများက ပိုရှည်သွယ်ကာ အနီရောင် အခွံ ရှိပြီး အသားက အဝါရောင်ရှိ၏။ မီးကင်လိုက်ပါက အသားက နီဝါရောင် ပြောင်းသွားတတ်ကာ ပိုနူးညံ့သွားပြီး လင်းဝေ့ ဇာတိမြို့က ကန်စွန်းဥနီထက် ပိုချိုလာသည်။
ထို့ကြောင့် နှိုင်းယှဥ်ရလျင် လင်းဝေ့က ယားကျိုကျွန်းက ကန်စွန်းဥကို ပိုကြိုက်သည်။ ထို့ကြောင့် လွန်ခဲ့သည့်နှစ်ရက်ကတည်းက အတုံးသေးလေးများ လှိီးဖြတ်ကာ ထမင်းဟင်းများထဲ ထည့်ချက် ဖြစ်သည်။
ထမင်းပေါင်းပြီးနောက် ရေစိမ်ထားသည့် ကမာကောင် ဇလုံကို ထုတ်လိုက်ပြီး သွားတိုက်တံ အဟောင်းနှင့် အခွံများကို တိုက်ချွတ်ဆေးကြောလိုက်ကာ ဇွန်းနှင့် ကမာကောင်ကို ကလော်ဖွင့်ပြီး သန့်ရှင်းရေး လုပ်လိုက်သည်။
ကမာကောင်ကို ဆေးကြောပြီးနောက် နာရီကြည့်လိုက်ကာ ကမာကောင်များကို ပန်းကန်ထဲထည့်လိုက်သည်။
လင်းဝေ့ ယားကျိုကျွန်းကို ရောက်ပြီး သုံးရက်အကြာတွင် ပင်လယ်စာချက်နည်းဖြစ်သော ကြက်သွန်ဖြူဖြင့်ပေါင်းနည်းကို ကျွမ်းကျင်နေပြီဖြစ်သည်။
ပင်လယ်စာက လတ်ဆတ်၍ နူးညံ့ကာ ညှီနံ့မထွက်ပါ။ထို့ကြောင့် ပေါင်းစားလျင် အရာသာအလွန်ရှိလှ၏။
ပေါင်းနည်းကို တော့ ပင်လယ်စာစျေးတန်းမှ အရောင်းဝန်ထမ်းအစ်မကြီးက ပြောပြခဲ့ခြင်းဖြစ်သည်။
လင်းဝေ့လည်း ယနေ့အတွက် ကမာကောင် ကြက်သွန်ဖြူ ပေါင်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ကလေးများက အစပ်သိပ်မစားနိုင်၍ ငရုတ်သီးမှုန့် မထည့်ပဲ ကြက်သွန်ဖြုကို တောက်တောက်စင်းပြီး မွှေးသွားအောင် ဆီပူတွင် ခဏကြော်လိုက်ပြီး ကြော်ပြီးသားကြက်သွန်ဖြူကို ကမာကောင် အထဲတွင်ထည့်လိုက်ကာ ပေါင်းလိုက်သည်။
ကမာကောင် ပေါင်းထားစဥ်တွင် ကျန်နေသေးသည့် ပင်လယ် ရေညှိများကို သုတ်လိုက်ကာ အပေါ်တွင် သခွားသီးတင်လိုက်သည်။ ထို့နောက် အရွက်ကြော်တစ်ပွဲ လုပ်လိုက်သည်။
လင်းဝေ့ ချက်ပြုတ်ပြီးစဥ် ကလေးများက သူတို့အဖေပြန်လာ၍ ကြိုနေသံကို ကြားလိုက်ရသည်။ ကျုံးရှောက်ကလည်း မီးဖိုချောင်ထဲ ဝင်လာပြီး ဘာကူရမလဲ လာမေး၏။
လင်းဝေ့လည်း အားနာမနေတော့ပဲ မီးဖိုပေါ်ရှိ အိုးကို ပြလိုက်ပြီး "အာ့အိုးထဲမှာ ကမာကောင် ပေါင်းထားတာရှ်ိတယ် အာ့တာလေး ထုတ်ပေးပါလား" ဟု ခိုင်းလိုက်၏။
ထိုသို့ကြားပြီးနောက် ကျုံးရှောက်လည်း
"မီးဖိုထဲဝင်လာတာနဲ့ ဘာတွေ အာ့လောက် မွှေးနေလဲ တွေးနေတာလတ်စသတ်တော့ ကမာကောင် ပေါင်းထားတာကိုး" ဟုပြောကာ လင်းဝေ့ကို မသိမသာမြောက်လိုက်၏။
လင်းဝေ့ကလည်း ဝါကြွားမနေပဲ ကျေနပ်ပြုံးပြုံးကာ ပြောလိုက်သည်။ "အနံ့ကတော့ မွှေးနေတာပဲ။ ပထမဆုံးချက်တာ ဆိုတော့အရသာက ကောင်းပါ့မလားမသိဘူး"
"စားကောင်းမှာပါ"ဟု ကျုံးရှောက်လည်း အသေအချာပြောလိုက်ပြီး ကမာ ဟင်းလျာကို ထမင်းစား စားပွဲပေါ်တင်လိုက်သည်။
ကမာကောင် ပေါင်းထဲရှိ ကြက်သွန်ဖြူ အနံံ့မှာ မွှေးနေပြီးး အိမ်ထဲမှပင် အနံ့မွှေးကို ရလေသည်။
ကလေးများကလည်း သူတို့အမေ နေ့လည်က ဝယ်လာသည့် ကမာကောင်ကို တွေးနေလေရာ သူတို့အဖေ ဟင်းပွဲကို ထုတ်လာတဲ့အခါ အနံ့ တစ်ဝကြီး ရှုရှိုက်လိုက်ကြသည်။" မွှေးနေတာပဲနော်"
လင်းဝေ့လည်း အရွက်ကြော် ပန်းကန်နှင့် ရေညှိသုတ်ပန်းကန်ကို လက်တစ်ဖက်စီဖြင့် သယ်လာလိုက်သည်။
အစားကြီးသည့်ကောင်လေး နှစ်ကောင်က ထမင်းစားစားပွဲပေါ် ဝဲလည်လည် လုပ်ကာ ဆွဲစားရန် ဟန်ပြင်နေ၍ လှမ်းသတိပေးလိုက်သည်။
"မစားခင် လက်ဆေးရမယ်နော် "
ကလေး နှစ်ယောက်က လက်ဆေး သန်ရှင်းရေးလုပ်ဖို့ စိတ်မဝင်စားကြပေမယ့် အစာ မစားခင် လက်ဆေးရမည်ကိုတော့ ကောင်းကောင်းသိကြသည်။ လင်းဝေ့က သတိပေးလိုက်သည်နှင့် ချက်ချင်း လက်ဆေးကန်သွားကာ လက်ဆေးကြသည်။
ကျုံးရှောက်က လက်မဆေးပဲ ထမင်းဝင်စားရန် စားပွဲတွင် ထိုင်လိုက်သည်ကို ကလေးများ မြင်သောအခါ လင်းဝေ့ကို တိုင်တော့သည်။
"မေမေ ဖေဖေက လက်မဆေးပဲ ထမင်းစားမလို့ ပြင်နေတယ်။ ဖေဖေက အရမ်းညစ်ပတ်တာပဲ "
ကျုံးရှောက် - "………"
ကျုံးရှောက် ကြောင်နေသည်ကို မြင်သောအခါ လင်းဝေ့က ပန်းကန်လုံးများ စားပွဲပေါ်ချလိုက်ပြီးနောက် မျက်ခုံးပင့်ရင်း လင်းဝေ့က စနောက်ကာ ပြောလိုက်သည်။
"လက် အမြန်သွားဆေးလေ။ လူကြီးတစ်ယောက်ဖြစ်နေပြီး ကလေးတွေလောက်တောင် ကျန်းမာရေး အသိမရှိဘူး"
"ကိုယ်မေ့သွားလို့ပါ" ဟု ပြောရင်း ချောင်းဟန့်ကာ လက်ဆေးကန်သို့သွားလိုက်သည်။
မင်မင်ကလည်း သူ့အဖေ လက်ဆေးတာ ဆပ်ပြာ မသုံးသည်ကိုတွေ့တော့ သူ့အဖေနားသွားကာ ဆရာလုပ်တော့သည်။
"ဖေဖေ ဆပ်ပြာ သုံးဦးလေ။ ဘယ်လက်နဲ့ ညာလက်နဲ့ကို အချင်းချင်းပွတ်ပြီး ဆေး။ အမြုပ်တေထွက်လာတဲ့အထိ ပွတ်ပြီး ဆေးနော်"
ထိုကဲ့သို့ သူ့အဖေကို ဆရာလုပ်ပြီး သူ့အမေနဲ့ ညီလေးဆီပြန်လာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဖေဖေက အရမ်းတုံးတာပဲနော် သူ့လက်တောင် မဆေးတတ်ဘူး"
ကျုံးရှောက် - ".…….."ဖေဖေ ကြားတယ်နော်!"
ကျုံးရှောက်လည်း သူ့သားပြောသည့်အတိုင်း လက်ဆေးလိုက်ပြီး စားပွဲဆီပြန်လာစဥ် လင်းဝေ့က ကလေးနှစ်ယောက်ကို ကမာကောင်များထည့်ပေးနေ၍ ကျုံးရှောက်လည်း ထိုင်ကာ တူကိုင်ရင်း သူ့ကို လင်းဝေ့က ထည့်ပေးရန် စောင့်နေလိုက်သည်။
လင်းဝေ့က ကလေးနှစ်ယောက်ကို ထည့်ပေးပြီး သော်လည်း သူ့ကို ထည့်ပေးမည့်ပုံ မပေါ်၍ တူကိုင် ကာကြောင်အအ ထိုင်နေမိသည်။
လင်းဝေ့ကလည်း ကျုံးရှောက်က မယူစား၍ မေးလိုက်သည်။ " ဒီ ဟင်းတွေကို မကြိုက်လို့လား"
ကျုံးရှောက်ကလည်း "မဟုတ်ပါဘူး" ဟုပြောလိုက်ပြီး ကမာကောင်ပေါင်းကို ယူလိုက်ပြီး လင်းဝေ့ကို ထည့်ပေးလိုက်ကာ သူလည်း ယူစားလိုက်သည်။
ကမာကောင်များက သိပ်မကြီးဘဲ ကျုံးရှောက်၏ တစ်လုပ်စာသာရှိသည်။ သိုသော် ကျုံးရှောက်က တစ်ခါထဲမြိုမချပဲ ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်စဥ် ကမာကောင်၏ လတ်ဆတ်သည့်အသားနှင့် ကြက်သွန်ဖြူ၏ အနံ့အရသာတို့ကပေါင်းစပ်သွားကာ ပြည့်စုံကောင်းမွန်သည့်အရသာဖြစ်လာပြီး အလွန်စားမြိန်စေသည်။
ကျုံးရှောက်က ဟင်းအရသာကို ခေါင်းတငြိမ့်ငြိမ့်နှင့် စားနေပြီး ကလေးများကလည်း အရသာရှိရှိ မြိန်ရေရှက်ရေစားနေကြသည်။ ကလေးများက ကမာကောင် အသားကိုသာ စားကြသည်မဟုတ် ကြက်သွန်ဖြူအနှစ်များကိုပါ အကုန်စားလိုက်ကြသည်။
ပန်းကန်ပြားထဲရှိ ကမာကောင်ပေါင်းစား၍ မကုန်ခင်တွင် မင်မင်က တွေးလိုက်ပြီး သူ့အမေကို မေးလိုက်သည်။
"မေမေ မနက်ဖြန်လည်း ကမာကောင် ပေါင်းစားရအောင်နော်"
"ဟုတ်ပါပြီ" လင်းဝေ့ကလည်း ပျော်ပျော်ရွှင်ရွှင် သဘောတူလိုက်ပြီး မှ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်းပေါ်မှာ တစ်ခြား ပင်လယ်စာ အသားငါးတွေကော ရှိတယ်လေ။ သားက တစ်ခြားအသားတွေ မစားတော့ဘူးလား။ ဥပမာ ဂဏာန်းတို့ ကျောက်ပုစွန်တို့ တစ်ခြား ပင်လယ်ငါးတွေကော မစားတော့ဘူးလား"
လင်းဝေ့ ပင်လယ်စာစျေးကို သွားတော့ စျေးကြီးပင်လယ်စာများဝယ်ရန် စိတ်ကူးမိသော်လည်း မဝယ်ဖြစ်ခဲ့ပေ။
ကျုံးရှောက် ပင်လယ်စာ လက်မှတ်ယူလာမှသာ ဝယ်စားမည်ဟု တွေးခဲ့တာကြောင့် ယနေ့အတွက် ကမာကောင်များကိုသာ ဝယ်ခဲ့ခြင်းဖြစ်သည်။
အိမ်ထောင်စု စာရင်းသွင်းပြီး မနက်ဖြန် နေထိုင်ခွင့်ကျလျင်တော့ ကျေက်ပုစွန်တို့ ဂဏာန်းတို့ကို စွဲသွားသည်အထိ ရှယ်ဝယ်စားပစ်မည်ဟု တွေးလိုက်သည်။
မင်မင်ကတော့ ကမာကောင်အတွင်းရှိ ကြက်သွန်ဖြူ အနှစ်များကို လျက်စားနေသည်ကိုရပ်ကာ တွေးလိုက်သည်။
ကျောက်ပုစွန်များကိုလည်း သူ စားချင်သည်။ သို့သော် ဤ ကမာကောင်ပေါင်းက အရမ်းကို စားလို့ကောင်းနေတာလေ။ ဘယ်လိုလုပ်ရမလဲ
လောဘကြီးသည့် ကောင်ကလေးက ရွေးချယ်ရခက်နေခဲ့သည်။
ရွေ့ရွေ့ကတော့ ကမာကောင်များကို ကြိုက်သော်လည်း အသစ်အဆန်းကိုလည်း မြည်းကြည့်ချင်သည်။ ထို့ကြောင့် သူ့အစ်ကိုလို ဝေခွဲမရ ဖြစ်မနေပဲ သူ့အမေကိုမျှော်လင့်တကြီး မေးလိုက်သည်။
"မေမေ အာ့တာဆို မနက်ဖြန် ဘာစားမှာလဲဟင်"
"မနက်ဖြန် စျေးထဲ ပတ်ကြည့်ရအောင်လေ။ သားစားချင်တာ ရွေးလိုက်ပေါ့" ဟုပြောလိုက်ပြီး ကျုံးရှောက်ကို လဲ ဘာစားချင်လဲ ဟုမေးလိုက်သည်။
"ကိုယ်ကတော့ အကုန်စားပါတယ်။ ကြည့်ပြီး အဆင်ပြေတာသာ ဝယ်ခဲ့လိုက်ပါ" ကျုံးရှောက်ကတော့ အထူးတလည် ကြိုက်နှစ်သက်တာမရှိပါ။
ကလေးတွေကတော့ သူတို့အဖေလို မဟုတ်ပဲ သူတို့ကြိုက်သည့် အစားအသောက်များအကြောင်း ရေပက်မဝင်အောင်ပြောနေကြသည်။ ရွေ့ရွေ့ကတော့ လျို့လျို့ငါးစားမည်ဟု ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
"သားက ဘာလို့ လျို့လျို့ငါးစားချင်တာလဲ" ဟု လင်းဝေ့က အံ့သြကာ မေးလိုက်သည်။
သူတို့၏ အရင် ရှီးချန်မြို့တွင် လျို့လျို့ငါး မရောင်းပါ။ ယားကျိုကျွန်းရှိ ပင်လယ်စာစျေးတွင်ရောင်းသော်လည်း ကလေးများကို သူမ မဝယ်ကျွေးဖူးသေးပါ။ ထို့ကြောင့် လျို့လျို့ငါးက မည်သည့်အရသာရှိမှန်းမသိပေ။
လင်းဝေ့ ထင်နေသည်က ကလေးများသည် သူတို့ကြားသာကြားဖူးပြီး မစားဖူးသေးသည့် ဂဏန်း၊ ကျောက်ပုစွန် စသည့်ပင်လယ်စာများကိုသာရွေးလိမ့်မည်ဟုထင်ခဲ့သည်။သို့သော် ရွေ့ရွေ့က လျို့လျို့ငါး စားချင်သည်ဟုပြောလာခဲ့သည်။
ရွေ့ရွေ့က ပြန်မဖြေခင် မင်မင်က အမြန်ပြောလိုက်သည်။
"သားသိတယ် သားသိတယ် ရှောင်ရှီးရဲ့မေမေ နေ့လည်က လုပ်ကျွေးတဲ့ လျို့လျို့ငါးက အရမ်းမွှေးနေတာပဲ"
ရွေ့ရွေ့လည်း ပြောလုဆဲဆဲ သူ့စကားကိုပြန်ပိတ်လိုက်ပြီး သူ့အစ်ကို ပြောသည်ကို ထောက်ခံလိုက်သည်။ "ဟုတ်တယ်"
ကလေးတွေ ပြောပြသည့်အကြောင်းအရင်းကိုနားထောင်ရင်း လင်းဝေ့လည်း သဘောတူလိုက်ကာ " ဟုတ်ပြီ ဒါဆိုလည်း မနက်ဖြန် လျို့လျို့ငါး စားမယ် လို့ ယာယီသတ်မှတ်လိုက်မယ် သားတို့လည်း စားချင်နေကြတာဆိုတော့" ဟုပြောလိုက်သည်။
ဝမ်းသာနေသည့် မင်မင် မျက်နှာလည်း ဝေခွဲမရပြန်ဖြစ်လာကာ သူ့အမေက်ို ပြောလိုက်ပြန်သည်။
"မေမေ သားပြန်စဥ်းစားလို့ရလား"
လင်းဝေ့ကလည်း "သားနောက်မှ ဖြည်းဖြည်းတွေးလို့ရတယ် အခုစားစရာရှိတာကို အရင်စားပါ" ဟုပြောလိုက်သည်။
မင်မင်ကလည်း သူ့အမေ စကားနားထောင်ပြီး ကမာကောင်ပေါင်းကို စားလိုက်ပြီး ဇွန်းဖြင့် ထမင်းကို ခပ်စားလိုက်၏။
…………
စားသောက်ကြပြီးနောက် ကျုံးရှောက်က စားပွဲသန့်ရှင်းရေးလုပ်လိုက်ပြီး ပန်းကန်များကို ဆေးရန် ဆေးကန်သို့သယ်သွားလိုက်သည်။ ကလေး နှစ်ယောက်ကတော့ သူတို့အမေဆီ ခွင့်တောင်းပြီး အပြင်ဘက်က ကမ်းခြေသဲသောင်ပြင်ပေါ် သဲအိမ်ဆောက်ရန် ထွက်သွားကြသည်။
လင်းဝေ့လည်း ထမင်းစား စားပွဲမှ ထရန် ပျင်းနေပြီး မလှမ်းမကမ်းရှိ ပင်လယ်ပြင်ကို ထိုင်ကာ လှမ်းကြည့်နေမိသည်။