← Chapters

Chapter 35

Vol. 3 Ch. 35

Chapter 35

Vol. 3 Ch. 35

လင်းဝေ့ကလည်း "အရင် ညတွေက ဆံပင်ကျစ်ပြီး မအိပ်တော့ မနက်နိုးလာတော့ ဖြီးရခက်လို့လေ။ ဒါ့ကြောင့်ကျစ်လိုက်တာ" ဟု အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက်သည်။

လင်းဝေ့က ကျုံးရှောက်ရှေ့မှာ ပေါ့ပါးပါး မနေတတ်သေးပါ။ ကလေးနှစ်ယောက် မွေးပြီးကတည်းက ရင့် ကျက်သည့် ပုံပေါက်စေရန်အတွက် ကျစ်ဆံမြီးမကျစ်ပဲနေလာခဲ့သည်။

ကျုံးရှောက်နှင့်လည်း မရင်းနှီးသေး၍ သူ့ရှေ့တွင်လည်း သူမ၏ ရင့်ကျက်သည့်ပုံစံဟန်ကို ထိန်းထားရသေးသည်။ ထို့ကြောင့်ညတိုင်းဆံပင် မကျစ်ပဲ အိပ်ခဲ့ခြင်းဖြစ်သည်။

အခုတော့ လင်းဝေ့လည်း ရင့်ကျက်သည့် ပုံစံဖမ်းရသည်ကို ပင်ပန်းလာချေပြီ။ ဒီမိသားစုနှင့် အတူနေဖို့ဆိုတာကလည်း အလွန်ဆုံးတစ်နှစ်ခန့်သာ ဖြစ်မည်။

အကယ်၍ သူမ ဒီနှစ်နွေရာသီ သူမ သေဆုံးမည့်အချိန်ကို ကျော်လွှားနိုင်မည်ဆိုပါက တစ်သက်လုံးအတူနေသွားရလောက်သည်။

ထို့ကြောင့် လင်းဝေ့လည်း သူမ နေသာ သလိုသာ နေဖို့ ဆုံးဖြတ်လိုက်သည်။

လင်းဝေ့၏ ကျစ်ဆံမြီး နှစ်ဖက်နှင့်ပုံက သူမက်ို ငယ်ရွယ်သည့်ပုံပေါက်စေသည်။ သူမ၏ ပုံစံက ကျုံးရှောက် မှတ်ဉာဏ်ထဲက သွင်ပြင်နှင့် တစ်ထပ်တည်းကျလေ၏။

အစောပိုင်းတုန်းက လင်းဝေ့က ဆံပင်ပုံစံပြောင်းခဲ့သည်။ ကျုံးရှောက်နဲ့ပြန်တွေ့ချိန်တွင်တော့ ကျုံးရှောက် မှတ်မိနေသည်က လင်းဝေ့၏ ကျစ်ဆံမြီး နှစ်ဖက်နှင့် သွင်ပြင်သာဖြစ်သည်။

လင်းဝေ့က ပိုနီတေး ဆံပင်စည်းပုံနှင့် မလိုက်ဖက်ခြင်းတော့ မဟုတ်ပါ။ သူသိမ်းထားသည့် လင်းဝေ့၏ ဓာတ်ပုံ တွင် ကျစ်ဆံမြီး နှစ်ဖက်နှင့်ပုံဖြစ်နေ၍ ဖြစ်သည်။

ဓာတ်ပုံက လင်းဝေ့နှင့် ဘလိုင်းဒိတ် မတွေ့ခင်က အပြန်အလှန်ပေးခဲ့ကြသည့်ပုံဖြစ်သည်။ ထိုစဥ်က ကျုံးရှောက်သည် နှစ်ဆယ် စွန်းစွန်းခန့်သာ ရှိသေးရာ ဘလိုင်းဒိတ်မတွေ့ချင်ခဲ့ပေ။

ချစ်သူရည်းစား ကိစ္စများက်ိုလည်း စိတ်မဝင်စား၍ ဖြစ်သည်။

သို့သော် ဤတစ်ခေါက်တွင် သူ့အမေက အကြောင်းတစ်စုံတစ်ခုကြောင့် သူမိတ်ဆက်ပေးသည့်လူကို အတင်းတွေ့ခိုင်းလေသည်။ ထို့ကြောင့် ကျုံးရှောက်ကလည်း သူ့အမေကို တစ်ဖက်လူ၏ ပုံတောင်းခိုင်းလိုက်သည်။ ဘယ်လိုပုံစံရှိလဲဆိုတာကို သိချင်၍ဖြစ်သည်။

ဓာတ်ပုံကိုကြည့်ကာ အံ့သြသွားရန် အကြောင်းမရှိသော်လည်း လင်းဝေ့၏ ပုံကိုမြင်စဥ်တွင် အနည်းငယ် အံ့သြသွား၏။

သူ ဤ မိန်းကလေးကိုမြင်ဖူးသည်။

ကျုံးရှောက် စစ်တက္ကသိုလ်တက်စဥ်က အိမ်နှင့်အဝေးမှာ နေခဲ့ရသည်။ ကျောင်းစည်းကမ်းလည်း တင်းကျပ်၍ စာသင်နှစ် တစ်လျှောက်လုံး အိမ်မပြန်ခဲ့ရပေ။

သူအိမ်ပြန်ရောက်ချိန်တွင် သူရင်းနှီးခဲ့သည့်အိမ်က ပြောင်းလဲသွားချေပြီ။ သူ ကျောင်းသွားတက်ချိန် သူ့အမေက အိမ်မှ ထွက်သွားခဲ့ပြီဖြစ်သည်။

သူ့အဖေက သူ့အမေ ဘယ်ထွက်သွားသလဲ ဆိုတာကိုတော့မပြောပြခဲ့ပါ။ သို့သော် သူ့အမေရဲ့ အရင်အလုပ်က အသိတစ်ယောက် ပြောပြခဲ့သောကြောင့် သူ့အမေရှိတဲ့နေရာကိုသိလိုက်ရပြီး ရှီးချန် ရှိ သူ့အမေ အလုပ်လုပ်နေသည့် ချည်မျှင်စက်ရုံကို အဝတ်အိတ်ဆွဲပြီး လိုက်သွားခဲ့သည်။

ထိုရောက်သွားသော် သူ့အမေက နေမကောင်း၍ ဆေးရုံတက်နေရသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ဆေးရုံကို အမြန်လိုက်သွားပြီး သူ့အမေ ဆေးကုသမှု ခံယူနေသည့်အဆောင်ကို မေးမြန်းလိုက်သည်။

ထိုအဆောင်တွင် လင်းဝေ့ကို ပထမဆုံး တွေ့ခဲ့ခြင်းဖြစ်သည်။

လင်းဝေ့က သူမ အမေနဲ့လိုက်လာပြီး ကျုံးရှောက်အမေကို လူနာလာကြည့်ခြင်းဖြစ်သည်။

ကုသဆောင်အတွင်းရှိ သူ့အမေတို့၏ ရီမောသံများကိုကြားပြီး မဝံ့မရဲဖြစ်ကာ အထဲကို မဝင်နိုင်ခဲ့ပါ။

ကျုံးရှောက်အမေနှင့် လင်းဝေ့အမေတို့က လင်းဝေ့ကို အပြင်ခနသွားရန်ပြော၍ လင်းဝေ့ အပြင်ထွက်လာချိန်တွင် ကုသဆောင်အပြင်ဘက်တွင် ကုတ်ချောင်းချောင်းလုပ်နေသည့် ကျုံးရှောက်ကို တွေ့လိုက်ရသည်။

လင်းဝေ့ကလည်း သူ့ကို သံသယရှ်ိ၍ ဖမ်းကာ မေးလိုက်သည်။ အမှန်အတိုင်း မပြောလျင် တာဝန်ရှိသူများဆီ အပ်မည်ဟုလည်း ခြိမ်းခြောက်လိုက်သည်။

ကျုံးရှောက်ကလည်း လင်းဝေ့ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုး၍ သူ့အမေကို လာတွေ့သည့်အကြောင်း၊ ဆေးကုသဆောင်ထဲ မဝင်ရဲ၍ ဖြစ်ကြောင်းအမှန်အတိုင်းပြောပြလိုက်သည်။

သူ့အဖြေကိုကြားပြီးနောက် လင်းဝေ့က ကြောင်သွားပြီး သူ့အမေရင်းဖြစ်လျင် အဘယ်ကြောင့် ဝင်ပြီး မတွေ့ရဲသနည်းဟု မေးလိုက်သည်။

လင်းဝေ့က သူနှင့်အသက် အတူတူလောက်ဖြစ်မည်ဟုထင်လိုက်ကာ သူ့အမေကလည်း လင်းဝေ့ကို သဘောကျသည့်ပုံပေါက်၏။

ထို့ကြောင့်ကျုံးရှောက်ကလည်း သူ့မိဘတွေက သူကျောင်းသွားတက်နေတုန်း ကွာရှင်းလိုက်ပြီး အမေကလည်း အိမ်ကထွက်သွားရာ သူ့အမေကလည်း သူ့ကိုတွေ့ချင်ပါ့မလား ဆိုတာကိုသေချာမသိ၍ မဝင်သွားရဲပါ ဟု ရှင်းပြလိုက်၏။

ထိုခတ်အခါက လင်မယား ကွာရှင်းခြင်းဆိုသည်မှာ အလွန်ရှားပါး၏။ လင်းဝေ့ကလည်း ထိုအကြောင်း ပထမဆုံး ကြားလိုက်ရ၍ ကျုံးရှောက်ကို ချက်ချင်းသနားသွား၏။

သူမ၏ သနားသည့်အကြည့်က ကျုံးရှောက်ကို အနေခက်စေမည်စိုး၍ မျက်လွှာကို ချက်ချင်းအောက်စိုက်လိုက်ကာ သူ့မိဘတွေက မည်ကဲ့သို့သော လူမျိုးဖြစ်မည်ကို မသိသော်လည်း သားသမီးကို မတွေ့ချင်သည့် မိခင် တော့ရှိမည်မထင်၍ သူ့အမေကိုဝင်တွေ့ကာ စကားပြောသင့်ကြောင်း အကြံပေး ပြောလိုက်သည်။

လင်းဝေ့တို့ သားအမိပြန်သွားပြီးနောက် ကျုံးရှောက်လည်း ကုသဆောင် ခန်းထဲဝင်ကာ သူ့အမေနှင့်အကြာကြီး စကားပြောဖြစ်ခဲ့ကြသည်။

ထိုနှစ်ကျောင်းပိတ်ချိန်အတွင်း ကျုံးရှောက်လည်း ရှီးချန်မှာသာ အချိန်ကုန်ဆုံးခဲ့သည်။

ထိုအချိန်အတွင်း လင်းဝေ့ကိုလည်း တွေးမိကာ သူ့အမေဆီ နောက်ထပ် လူနာလာကြည့်ရန်.မျှော်လင့်နေမိသည်။

လင်းဝေ့ လူနာ လာတွေ့သည်မှာ သူ့အမေဖြစ်ကြောင်းကိုတော့မပြောခဲ့ပါ။ ထို့ကြောင့် သူတို့ နှစ်ယောက်စလုံး လူနာတစ်ယောက်ထဲ လာတွေ့သည်ကို လင်းဝေ့က မသိခဲ့ပေ။

ထို့ကြောင့် သူ့ကိုတွေ့လျင် မျက်လုံးပြူးဖြင့် အံ့သြကာ ကြည့်နေမည်ဟု ထင်သည်။

ဒါမှမဟုတ် ကျုံးရှောက် သူ့အမေနှင့် တွေ့ကာ စကားပြောရဲသွားသည်ကို ဂုဏ်ယူနေမလားဟု သိချင်မိသည်။

သို့သော် ကျုံးရှောက် ရှီးချန်ကနေ ကျောင်းကို ပြန်သွားသည့်အချိန်ထိ လင်းဝေ့ကို ထပ်မတွေ့ရတော့ပါ။

သူ့အမေက သူကို ဘလိုင်းဒိတ်တွေ့ဖို့ ဓာတ်ပုံပို့ပေးမှသာ ထပ်တွေ့ရခြင်းဖြစ်သည်။

ထိုပုံသည် သူတို့ဆေးရုံမှာတွေ့ပြီး နောက်ပိုင်း ရိုက်ခဲ့ခြင်းဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဓာတ်ပုံမှရုပ်ရည်က သူတွေ့ခဲ့စဥ်က သွင်ပြင်အတိုင်းသာရှိပြီး နှုတ်ခမ်းစိထားကာ ရင့်ကျက်သယောင်ယောင် ပုံဖမ်းထားလေသည်။

သူမက အလုပ်ကြမ်းများ မလုပ်ခဲ့သောကြောင့် မျက်လုံးများကလည်း တောက်ပနေပြီး နှုတ်ခမ်းထောင့်များကလည်း ကွေးညွှတ်နေရာ ငယ်ရွယ်လှပသည့် ဂုဏ်လေးလည်း ပေါ်လွင်နေ၏။

ထိုပုံကိုကြည့်ပြီး သူမနှင့်တွေ့ဆုံရန် ခေါင်းငြိမ့်လိုက်သည်။

သူ့အမေက သူ့ပုံတောင်းသောအခါ လင်းဝေ့ မှတ်မိအောင် ပုံဟောင်းမရွေးလိုက်ပဲ လတ်တလောကမှ ရိုက်ခဲ့သည့် စစ်ယူနီဖောင်းနှင့် ပုံကိုပေးလိုက်သည်။

လင်းဝေ့နှင့်တွေ့ခဲ့သည်မှာ နှစ်တွေကြာခဲ့ပြီဖြစ်၍

ကြီးထွားလာသည့် ကျုံးရှောက်၏ သွင်ပြင်မှာလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သူ့ပုံပို့ပေးပြီးနောက် လင်းဝေ့ သူ့ကို မှတ်မိနိုင်မလား ဟုသိချင်မိခဲ့သည်။

အိုးးး မမှတ်မိဘူးပဲ

........

မင်မင်၊ ရွေ့ရွေ့တို့နှင့် မတူပဲ ရှောင်ရှီးရှီးကတော့ သူ့ကိုယ်ပိုင်အခန်းတွင် နေ့တိုင်းအိပ်ရသည်။ သို့သော် သူ့ဆုံးဖြတ်ချက်နှင့် သူ အိပ်ချင်၍ အိပ်သည်တော့မဟုတ်ပါ။

ကလေးတွေကကြီးလာရင် အမေတွေနဲ့ အတူ မအိပ်ရတော့ဘူးဟု သူ့အဖေက ပြောဆိုဆုံးမကာ သူ့ကိုအခြားအခန်းတွင် သိပ်ခြင်းဖြစ်သည်။

ရှောင်ရှီးရှီးကလည်း အခန်းခွဲအိပ်ရသည်ကို သိပ်မကျေနပ်ပါ။ သူ့အဖေဆိုလျှင် လူကြီးတစ်ယောက်ဖြစ်နေပေမယ့် ဘာလို့မေမေနဲ့အိပ်နေသေးတာလဲ။ သူဆ်ိုအခုမှ သုံးနှစ်လောက်ပဲ ရှိသေးတာကို ဘာလို့ အမေနဲ့အတူ မအိပ်နိုင်ရတာလဲ။

ထို့ကြောင့်သူ့အမေနှင့် အတူအိပ်ရရန် ညတိုင်း ဂျီကျလေသည်။

သူ့အဖေကလည်း အလွန်လည်သည်။ ညတိုင်းရှောင်ရှီးရှီး အိပ်သွားသည့်အခါ သူ့ကို ချီပိုးပြီး တစ်ဖက်အခန်းကို ပို့ထားတတ်သည်။

ထို့ကြောင့် ရှောင်ရှီးရှီးသည် မနက်တိုင်း သူ နိုးလာမှ တစ်ခြားအခန်းသို့ ရောက်နေမှန်း သိခဲ့ရသည်။ သူ့အဖေ အမြဲတမ်း ထိုသို့လုပ်၍ သူ့အတွက် တစ်ယောက်ထဲ အိပ်နေရသည်က မစိမ်းတော့ပေ။

ဤညတွင်လည်း ရှောင်ရှီးရှီး အိပ်သွားပြီးနောက် ကျိုးကျန်းဟိုင်က သူ့ကို ချီပြီး တစ်ဖက်အခန်းကို ပို့လိုက်သည်။ ရာသီဥတုပူ၍ ကျိုးကျန်းဟိုင်က သူ့သားကိုစောင်ထူထူခြုံမပေးပဲ စောင်အပါးလေးသာ သူ့သားရင်ဘတ်အပေါ် လွှားပေးခဲ့သည်။

ထို့နောက် မီးပိတ် တံခါးပိတ်ကာ သူတို့လင်မယားအခန်းကိုပြန်သွားလိုက်သည်။

အခန်းထဲတွင် တန်းရှန့်ယွင်က ကုတင်ခေါင်းရင်းရှိ မီးအိမ်မှ မီးရောင်ကို အားကိုးကာ အလုပ်လုပ်နေခဲ့သည်။

အခန်းကကြီးသော်လည်း တပ်ထားသည့်မီးလုံး ဝပ်အားက မလုံလောက်ပေမယ့် အခန်းမီးရောင်က မှိန်နေတတ်ရာ အဝတ်အစားလဲရန်နှင့် အိပ်ရန်ကိစ္စများအတွက်တော့ မီးအလင်းရောင်က ပြဿနာမရှိပါ။

သို့သော် အသေးစိတ်လုပ်ရမည့် အလုပ်ကိစ္စများ အတွက်တော့ အဆင်မပြေပေ။ ထို့ကြောင့် တန်းရှန့်ယွင်က ပန်းထိုး၊ ဖိနပ်အောက်ခံများ ချုပ်လုပ်ရာတွင် သေသေချာချာမြင်နိုင်ရန် စားပွဲပေါ်ရှိ မီးအိမ်ဘေးတွင် လုပ်လေ့ရှိသည်။

ကျိုးကျန်းဟိုင်က သူ့မိန်းမ အလုပ်လုပ်နေသည်ကို ခဏရပ်ကြည့်လိုက်ပြီး သူမဆီလျှောက်သွားလိုက်ကာ လက်ထဲရှိ ပန်းထိုးနေသည့်ဖိနပ်ကို ယူလိုက်ပြီး ပြောလိုက်သည်။

"ညနက်နေပြီ မလုပ်နဲ့တော့ မျက်လုံးအတွက် မကောင်းဘူး"

"ပြီးတော့မှာပါ။ ကျွန်မ ဒါလေးကို ဒီရက်ပိုင်းအတွင်းပြီးချင်လို့"

တန်းရှန့်ယွင်က ထိုသို့ပြောလိုက်ပြီး သူမယောကျ်ားစကားကို နားထောင်လိုက်ကာ အလုပ်ကို ရပ်လိုက်သည်။

ကျိုးကျန်းဟိုင်က ဉာဏ်ပြေးသည့်သူဖြစ်ရာ သူမပြောသည်ကို ကြားသည်နှင့် မေးလိုက်သည်။"ဒီရက်ပိုင်းအတွင်း ဘာဖြစ်ခဲ့လဲ"

"ရှင် ဘာလို့ အာ့လိုမေးတာလဲ" တန်းရှန့်ယွင်ကလည်း သူမ ယောက်ျားမေးသည့်မေးခွန်းကို အံ့သြကာပြန်မေးလိုက်သည်။

"တစ်ခုခုဖြစ်ခဲ့လို့ မဟုတ်ရင် မင်းက ဒီအလုပ်ကို မပြီးမနေ လုပ်နေပါ့မလား"

ထိုအချိန်မှ တန်းရှန့်ယွင်ကလည်း သူမ ယောက်ျားက်ိုအလုပ်အကြောင်း မပြောရသေးမှန်း သတိရလိုက်သည်။

"တစ်ကယ်လည်း ကိစ္စတစ်ခုရှိတယ်"

ကျိုးကျန်းဟိုင်ကလည်း မျက်မှောင်ကျုံ့ရင်း "ဘာကိစ္စလဲ" ဟုမေးလိုက်သည်။

"မစိုးရိမ်ပါနဲ့ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူးး" သူမယောက်ျားစိုးရိမ်နေသည်ကိုတွေ့၍ တန်းရှန့်ယွင်ကလည်း ရယ်မောရင်းပြောလိုက်သည်။

"အလုပ်အကိုင် နေရာချထားရေးရုံးက ရဲဘော်ဝူက ကျွန်မဆီ လာပြီး ပြောသွားတယ်။ ဆေးရုံဆေးပေးခန်းက ရဲဘော်ဟူက သူ့ယောက်ျားတပ်ပြောင်းသွားမှာမို့လို့ သူလည်းပြောင်းရတော့မှာလေ။ အာ့တော့ သူ့နေရာက လစ်လပ်နေတာ"

All Chapters