← Chapters

Chapter 39

Vol. 3 Ch. 39

Chapter 39

Vol. 3 Ch. 39

သူမ ဆိုလိုသည်က ကောင်းရှန့်ယွင်သည် ဤအလုပ်သာ ဆုံးရှုံးခဲ့သည်မဟုတ် အိမ်နီးချင်းကောင်းပါ ဆုံးရှုံးခဲ့ခြင်းဖြစ်၍ တစ်ယောက်ထဲ နေရပေတော့မည်။ အိမ်နီးချင်းများ ရှိသော်လည်း စိတ်သဘောထားပြည့်ဝသည့်အိမ်နီးချင်းက ရှားသည်။

လင်းဝေ့က တက်တက်ကြွကြွ နှင့် လူတွေကိုဦးဆောင်တတ်ခြင်းမရှိသော်လည်း သိတာကြာလာလျင်တော့ စိတ်သဘောထား ပြည့်ဝသည့်လူမှန်း သိသာသည်။

ကောင်းရှို့လျန်လို အိမ်နီးချင်းနှင့် မဟုတ်လျင် သူမသည် အိမ်နီးချင်းများနှင့် ကြာလာလျင် အိမ်နီးချင်းကောင်းဖြစ်လာနိုင်သည်။

အခုတော့ ကောင်းရှိူ့လျန်ကိုလည်း ထားလိုက်တော့မည်။ မိသားစုနှစ်ခု ရန်ဘက်မဖြစ်ကြသည်က တော်သေး၏။

ကောင်းရှို့လျန်အဖို့ သနားစရာပင်။

လျိုတန်းက လင်းဝေ့ကို ခင်မင်သောကြောင့်သာ ထိုနေ့ညနေက စကားပြောခဲ့ခြင်းဖြစ်သည်။ လင်းဝေ့ အလုပ်က သေချာနေပြီကို သူမစကားကြောင့် အကုန်ရှုပ်ကုန်ရသည်ဟု ထင်နေမိသည်။

လင်းဝေ့သာ အလုပ်ပျက်သွား၍ ဖြေရှင်းချက်တောင်းခဲ့မည်ဆိုပါက သူမ မှားသည်ဟု ခံစားရရုံသာဖြစ်ပြီး လင်းဝေ့က အခုလို စဥ်းစားတတ်တော့ သူမကိုယ်သူမ အပြစ်ရှိသည်ဟု ထင်နေမိသည်။

လျိုတန်းက လင်းဝေ့ နေထိုင်ခွင့်စာရင်းစာအုပ်ကို စစ်ဆေးလိုက်ပြီး အစားအသောက်လက်မှတ်များလည်း ထုတ်ပေးကာ ပြောလိုက်သည်။

"ရှင် စစ်ကြည့်လိုက်ပါဦး အမှားမရှိရင် ဒီမှာ လက်မှတ်ထိုးလ်ိုက်ပါ။ ပြီးရင်တော့ ဘေးကရုံးခန်းမှာ အလုပ်လျှောက်လွှာသွားတင်ထားလို့ရပါပြီ။ တင်ပြီးသွားတဲ့ နောက် အလုပ်ကောင်းရှိရင် ရှင့်ကိုအသိပေးပါ့မယ်"

ရုံးနှစ်ရုံးက ကပ်လျက်ဖြစ်၍ လင်းဝေ့ထက် စာလျင် လျိုတန်းက သတင်းအချက်အလက် ပိုရနိုင်သည်။ သိုသော် လျိုတန်းက အလုပ်သမားရုံးမှ မဟုတ်၍ အများကြီး မထူးခြားသော်လည်း လင်းဝေ့ကတော့ သူမကို စိတ်ကောင်းရှိသည်ဟု ထင်မိသည်။

လင်းဝေ့ကလည်း ကျေးဇူးမတင်တတ်သည့် ပုဂ္ဂိုလ်မဟုတ်၍ အပြုံးလေးနှင့် "ကျေးဇူးပါရှင် " ဟုပြောလိုက်၏။

သို့သော် ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုက ခင်မင်မှုသာဖြစ်ပြီးအလုပ်က အလုပ်ဖြစ်သည်။ ထို့ကြောင့် လင်းဝေ့ကလည်း ရိက္ခာလက်မှတ်များကို လျိုတန်းရှေ့ပဲ စစ်လိုက်သည်။

လင်းဝေ့၏ ရိက္ခာမှတ်တမ်းမှာ သူမ နေထိုင်ခွင့်ကျသည့်အချိန်မှ တွက်ချက်ခြင်းဖြစ်ရာ လဝက်စာ ခန့်ကျန်သေး၏။ ပင်လယ်စာကလည်း တစ်ဦးကို တစ်ကိီလိုခွဲစီရလျင် သူမတို့ သားအမိသုံးယောက် လေးပေါင်ခွဲခန့် ထုတ်ယူ၍ရနိုင်၏။

မနေ့က ကျန်သည့် လက်မှတ်များနှင့် ပေါင်းလျင် ပင်လယ်စာ ခြောက်ပေါင်ခန့် ထုတ်ယူ၍ ရနိုင်သည်။

သို့သော် လက်မှတ်အကုန်လုံးကိုတော့ သုံးပစ်မည်မဟုတ်ပါ။ လကုန်ရန် နှစ်ပတ်ခန့်ကျန်သေး၍ လက်မှတ် တစ်ဝက်လောက်သုံးပစ်ကာ ပင်လယ်စာကို အဝစားပစ်မည်။ ကျန်သည်များကို နောက်လအတွက် စုဆောင်းထားမည်ဖြစ်သည်။

ထိုသို့စဥ်းစားလိုက်ရင်း လင်းဝေ့က ပျော်ပျော်ရွှင်ရွှင် လက်မှတ်ထိုးလိုက်ပြီး လျိုတန်းပြောသည့် အတိုင်း ဘေးက အလုပ်အကိုင် နေရာချထားရေးရုံးတွင် အလုပ်လျှောက်လွှာ သွားတင်ခဲ့သည်။

လျှောက်လွှာ တင်ခြင်းကလည်း ရိုးရှင်းကာ ပုံစံစာရွက်တွင် အချက်အလက်များဖြည့်ခြင်းသာ ဖြစ်သည်။ထို့နောက် အမျိုးသမီးဝူက စစ်ဆေးလိုက်သည်။

ကျန်သည့်အပိုင်းများကတော့ လုပ်ငန်းစဥ်အတိုင်းသာ ဖြစ်သည်။ လျှောက်ထားသည့်အမျိုးသမီးများကို သူတို့လို ချင်သည့်အလုပ် အချက်အလက်များမေးခြင်းဖြစ်သည်။

အရာရှိအမျိုးသမီးအများစုက အလုပ်မရမည်စိုး၍ ဘယ်လိုအလုပ်ဖြစ်ဖြစ် လုပ်နိုင်သည်ဟု ပြောကြသည်ကများသည်။

သို့သော် လင်းဝေ့သည် တစ်ခြားအမျိုးသမီးများကဲ့သို့ မဟုတ်ပဲ။ သူလိုချင်သည့် အချက်များကိုပြောလိုက်သည်။ ညဆိုင်း ဆင်းရသော အလုပ်များနှင့် အခြေစိုက်စခန်းနှင့်ဝေးသော ဌာနများတွင် မလုပ်နိုင်ပါဟုပြောလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများကိုလည်း ပြုစုရဦးမည်ဖြစ်၍ဖြစ်သည်။

ဒါဆိုရင်တော့ ……

အမျိုးသမီးဝူသည် လော့ရှုကျီ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် လင်းဝေ့ ဆေးပေးခန်း အလုပ်နှင့် လွဲခဲ့ရမှန်း မသိခဲ့လျင် လင်းဝေ့ပြောသည့်အချက်များကို နားထောင်ကာ မျက်လုံးလိမ့်ရင်း ဒါဆိုရင် လည်း အိမ်ပြန်ပြီး ကလေးပဲ ထိန်းနေလိုက်လေဟုပြောမိမှာ အသေအချာပင်။

သို့သော် အမျိုးသမီးဝူက စကားကို အလိမ္မာသုံးကာ ပြောလိုက်၏။

"ရှင် ထပ်စဥ်းစားလို့မရဘူးလား။ ရှင်ပြောတဲ့အချက်တွေနဲ့ကိုက်တဲ့အလုပ်က တွေ့ဖို့မလွယ်ဘူးနော်"

လင်းဝေ့ ကလည်း အံ့သြသွားကာမေးလိုက်သည်။

"ကျွန်မ ပြောတဲ့အချက်တွေက အရမ်းမြင့်နေလို့လား။ကျွန်မ ထင်တာတော့ အခြေစိုက်စခန်းမှာလည်း ရိက္ခာထောက်ပံ့ရေးရုံးတို့ စစ်သည်နားနေဆောင်တို့၊ မူလတန်းကျောင်းအပြင် ရှင်တို့ တပ်မတော်ပြန်လည်နေရာချထားရေးရုံးလို အလုပ်ချိန် မများတဲ့ အစိုးရ ဌာနတွေ အများကြီး ရှ်ိနေတာပဲ မဟုတ်လား"

"ရှင်ပြောတာလဲ မှန်ပါတယ်။ ဒါပေမယ့် လစ်လပ်နေရာမှရှိသေးတာ။ ပြီးတော့ ရှင့်အရှေ့မှာ လျှောက်ထားတဲ့ အရာရှိအမျိုးသမီးတွေလဲ ရှိသေးတော့ ရှင် အလုပ်ကို အမြန်ရဖို့က သိပ်မသေချာနိုင်ဘူး"

လော့ရှုကျီ ကြားဝင် နှောက်ယှက်မှုကြောင့် အမျိုးသမီးဝူလည်း စကားတစ်ချို့ကို ပလ္လင်ခံထားလိုက်သည်။

ထိုအပြင် လင်းဝေ့က အစိုးရဌာနများ၏ နာမည်ပြောလိုက်သည့်အတွင်လည်း အထင်သေးခြင်းတော့မရှိပါ။အခြေစိုက်စခန်းအတွင်းရှိ မူလတန်းကျောင်းနှင့် ရိက္ခာထောက်ပံ့ရေးရုံးများတို့တွင် အလုပ်အတွက် ပညာရေးလိုအပ်ချက်ကမမြင့်ပါ။

ရေးတတ်ဖတ်တတ်ရုံ အပေါင်းအနုတ် လုပ်တတ်ရုံနှင့်ပင် အလုပ်ရနိုင်သည်။ လုပ်ငန်းလိုအပ်ချက်က နိမ့်သည့်အပြင် အလုပ်အချိန်ကလည်း အဆင်ပြေသည့်အတွက် လူတိုင်းက ဤဌာနများတွင် အလုပ်လိုချင်ကြ၏။

လင်းဝေ့ ကလည်း စစ်တပ်ထဲ ရောက်သည်မှာ မကြာသေး၍ အရင်ရောက်နှင့် သူများနှင့်ယှဥ်လျင် အလုပ်အရင်ရဖို့က စောင့် ရဦးမည် ဖြစ်သည်။

လင်းဝေ့ ကလည်း နားလည်၍ ပြုံးကာ ပြောလိုက်သည်။

"ဘယ်လိုဖြစ်ဖြစ် ရပါတယ်ရှင်။ ကျွန်မလည်း အခုမှ တပ်ထဲရောက်တာဆိုတော့ ပတ်ဝန်းကျင်နဲ့ အရင်အသားကျအောင် နေလိုက်ပါဦးမယ်။ ကျွန်မကိုတော့ မမေ့လိုက်ပါနဲ့နော်"

အမှန်တော့ လင်းဝေ့က အလုပ်ရဖို့မရဖို့က သူ့အတွက် အရေးမကြီးပေ။ နောက်နှစ် အထိ ကျုံးရှောက် မင်မင် ရွေ့ရွေ့တို့နှင့် အချိန်ပိုကုန်ဆုံးနိုင်ရန်က သူ့အတွက် ပိုအရေးကြီးသည်။ နောက်ကိစ္စတွေကတော့ သူမ ကံကြမ္မာကို ပြောင်းလဲပြီးမှ လုပ်လည်း ရသည်။

သူမ အလုပ်ရ မရ ဂရုမစိုက်သော်လည်း လုပ်ရမည့်အရာကိုတော့ လုပ်ရမည်ဖြစ်သည်။ မဟုတ်လျင် သူများအကြံဉာဏ်အတိုင်းသာ လိုက်လုပ်နေရလိမ့်မည်။

အမျိုးသမီးဝူကလည်း ပြုံးကာပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ရှင် မမေ့ပါဘူး"

ညွှန်ကြားရေးမှုးလော့က မေ့နေရင်တောင် သူမ မမေ့ဘူး ဟု တွေးနေမိသည်။

သို့သော် အလုပ်စီစဥ်ပေးရသည်က သူမလို အတွင်းရေးမှုး အလုပ်မဟုတ်ပေ။ ညွှန်ကြားရေးမှုး လော့ အလုပ်သာဖြစ်သည်။

ထို့ကြောင့် သူမကတော့ သူမလုပ်ရမည့်အလုပ်ကိုလုပ်ပြီး ညွှန်ကြားရေးမှုးနှင့် အလုပ်လာလျှောက်သူတွေကြား မြေစာပင် မဖြစ်ရန်သာ ဖြစ်သည်။

ဒီနေ့ခတ်မှာ စာရေးတစ်ယောက်ဖြစ်ရတာလဲ မလွယ်ပါလားနော်။

...........

"ဖေဖေပြန်လာပြီ!!!"

လင်းဝေ့ လျို့လျို့ငါးအဝါရောင်သန်းသည်အထိ ကြော်ကာ ဆီပူအိုးထဲက ထုတ်လိုက်စဥ် မင်မင်နှင့် ရွေ့ရွေ့အော်ဟစ်ကာ ပြေးလာသည်ကို တွေ့လိုက်ရသည်။

"သားတို့လက်တွေ သွားဆေးပြီး ထမင်းစားဖို့ပြင်ကြတော့"

ပင်လယ်ပြင်ထဲ တာဝန်မကျသည့်အခါ ကျုံးရှောက်က နေ့တိုင်း အလုပ်ချိန်ပုံမှန်သာဖြစ်သည်။ လေ့ကျင့်ရေးစခန်းကို မနက် ၅နာရီ ခွဲတွင်သွားပြီး ရဲဘော်များနှင့် နေ့လည် ထမင်းစားသည်။ ညနေ၆နာရီတွင် စခန်းမှ အိမ်ကိုပြန်လာသည်။ ကျုံးရှောက်၏ လမ်းလျှောက်နှုန်းဖြင့် ဆယ်မိနစ်ခန့်တွင် အိမ်ရောက်ပြီဖြစ်သည်။

ကျုံးရှောက်၏ အလုပ်ချိန်ကို ရင်းနှီးပြီးနောက်ပိုင်း လင်းဝေ့ကလည်း အများကြီး ချက်ပြုတ်လေ့ရှိသည်။ကျုံးရှောက် အိမ်ပြန်ရောက်သည့်အခါ အဆင်သင့်စား နိုင်ရန်ဖြစ်သည်။

လင်းဝေ့လည်း ပင်လယ်စာ အများကြီး ဝယ်ထား၍ ညနေခင်းစာလေးက သူဌေးများ၏ ညနေစာကဲ့သို့ ဖွယ်ဖွယ်ရာဖြစ်နေ၏။

အိမ်ရှိပန်းကန်အားလုံးကို ညနေစာ တည်ခင်းရာတွင် သုံးလိုက်ရသည်။

ထို့ကြောင့် ဟင်းပွဲကလည်း အမျ်ိုးအမည် စုံလင်များပြားနေသည်ဟု ပြောနိုင်၏။ ပင်လယ်စာ အမယ် အချို့သာ နည်းနည်းချက်ထား၏။

လင်းဝေ့သည် အလေးချိန် အတော်စီးသည့် ဂဏန်းနှစ်ကောင်ကိုလည်း ဝယ်လာခဲ့သည်။ လင်းဝေ့ ပင်လယ်စာ ဝယ်နေပုံမှာ လက်ထဲရှိပင်လယ်စာ လက်မှတ်များ မလောက်မည့်ပုံတောင် ပေါက်သည်။

လင်းဝေ့သည် ပင်လယ်ပုစွန်တုတ်အချို့လည်း ဝယ်လာလိုက်သေးသည်။ ပုစွန်တုတ်ကို လူအများက ပုစွန်ဆိတ်နှင့် ရောမှတ်တတ်ကြ၏။ ပုစွန်တုတ်မှာ မသေးလွန်း မကြီးလွန်းပါ။

ကြေးခွံပါ ငါးများထဲမှ အခွံအဝါရောင်ရှ်ိသည့် လျို့လျို့ငါးအပြင် အဝါရောင်ကမာကောင်လည်း ရှိသည်။ ကမာကောင်ကို လေးပေါင်ခန့်ထပ်ဝယ်လိုက်၏။

ဝယ်လာသော ပင်လယ်စာ အမျိုးအစား မများသော်လည်း လင်းဝေ့က နှစ်မျိုးခွဲကာ ချက်လိုက်သည်။လျို့လျို့ငါးနှင့် ပုစွန်တုတ်အချို့ကို ဆီပူတွင်ကြော်လိုက်ပြီး ပန်းကန်နှစ်ချပ်တွင် ထည့်လိုက်သည်။

ဂဏန်းတစ်ကောင်ကိုတော့ ပေါင်းလိုက်ကာ ကမာကောင် ကြက်သွန်ဖြူလည်း ထည့်ပေါင်းလိုက်၏။ ထို့နောက် ဟင်းနှစ်ပွဲ ထွက်လာပြန်သည်။

ကျန်နေသေးသည့် ဂဏန်းနှင့် ပုစွန်တုတ်ကိုတော့ ဝိုင်ဖြင့် နှပ်လိုက်ကာ ပန်းကန်းတစ်ချပ်ပေါ်တွင် ထားလိုက်သည်။

ထို့နောက် မပါမဖြစ် အရွက်ကြော်တစ်ပွဲလည်း ကြော်လိုက်သေးသည်။ စျေးသက်သာသည့် ပင်လယ်ရေညှိသုတ်ပါ ပေါင်းလိုက်လျင် ဟင်းပွဲများက စားပွဲ ပြည့်လုမတတ်ဖြစ်နေ၏။

မိသားစုဝင်တွေအားလုံး စားပွဲမှာ ထိုင်ပြီးနောက် လင်းဝေ့က ပန်းကန်များ ချလိုက်သည်။ လင်းဝေ့က ပင်လယ်စာ အသားစိမ်း အချဥ်နှပ်ထားသည်ကို ကောက်ယူလိုက်ကာ ကျုံးရှောက်ကို ထည့်ပေးလိုက်ပြီး သူမကိုယ်တိုင်လည်းယူကာ ဝိုင်အချဥ်တွင် နှစ်ကာစားလိုက်သည်။

ကျုံးရှောက်ကလည်း လင်းဝေ့လုပ်သည့်အတိုင်း လိုက်လုပ်ကာ သူ့ပန်းကန်ထဲက ပင်လယ်စာက်ိုကြည့်ရင်း မေးလိုက်သည်။"ဒါက…"

"ပင်လယ်စာ အစိမ်း နှပ်ထားတာလေ။ ပင်လယ်စာအစိမ်းကို ဝိုင်ဖြူ ဆီ ဆားငရုတ်ဆီ ရှာလကာရည်ရယ် တစ်ခြား အမွှေးအကြိုင်တွေနဲ့နှပ်ထားတာ"

လင်းဝေ့က အတိုချုပ် ရှင်းပြလိုက်ပြီး ကျုံးရှောက်ကိုမေးလိုက်သည်။ "ရှင် အရင်က စားဖူးလား"

ကျုံးရှောက်ကလည်း ခေါင်းခါလိုက်ပြီး "မစားဖူးဘူး" ဟုပြောလိုက်၏။

"ဒါဆို စားကြည့်လိုက်။ ဝိုင်နဲ့နှပ်ပြီးတဲ့အခါ အသားက အရမ်းနူးညံ့သွားတာ" ဟုပြောလိုက်ပြီး ကျုံးရှောက် ပန်းကန်ထဲ နှပ်ထားသည့် ပုစွန်တုတ်ကို ထည့်ပေးလိုက်သည်။

မင်မင်က တွေ့သည့်အခါ "မေမေ သားတို့အတွက်ကော" ဟုမေးလိုက်သည်။

"အထဲမှာ ဝိုင်ပါလို့ သားတို့စားလို့မရဘူး" ဟုပြောလိုက်ကာ ပုစွန်ကြော်ကို ကလေးနှစ်ယောက်အား ခွဲပေးလိုက်သည်။

မင်မင်က အနည်းငယ် စူပုတ်သွားခဲ့သော်လည်း သူ့ပန်းကန်ထဲရှိ ပုစွန်ကိုတော့စားလိုက်သည်။

သားအမိတစ်တွေ စကားများနေကြတုန်း ကျုံးရှောက်က လင်းဝေ့ယူလာသည့် ပုစွန်တုတ်များကို စားပြီးပြီဖြစ်သည်။ အသားက ဆတ်တောက် ဆတ်တောက်လေးဖြစ်ကာ အရသာပြင်းပြင်းလေးနှင့် အလွန်စားကောင်း၏။

ကျုံးရှောက်က ဂဏန်းခြေထောက်တစ်ခုကို ယူလိုက်ပြီး ကတ်ကြေးဖြင့် ညှပ်လိုက်ကာ လင်းဝေ့ကို မေးလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး ဒီလိုစားဖို့ စဥ်းစားမိတာလဲ"

All Chapters