← Chapters

Chapter 42

Vol. 4 Ch. 42

Chapter 42

Vol. 4 Ch. 42

တစ်ချို့လူတွေက သူတို့ကို မပြောလောက်ဘူးထင်ကာ တန်းစီကြရာတွင် ကြားဖြတ်ဝင်သူများလည်း ရှိကြသည်။

ကျုံးရှောက်နှင့် လင်းဝေ့ လည်း ကလေးများ လက်ကိုဆွဲကာ ကောင်တာ တစ်လျှောက်လိုက်ကြည့်ရာ သစ်သီးခြောက်နှင့် အချိုစားစရာ ကောင်တာတွင် စီတန်းနေသော လူတန်းကို တွေ့လိုက်ရသည်။

သက်လတ်ပိုင်းလူကြီးတစ်ယောက်က ထိုစီတန်းနေသည့်လိုင်းတွင် အသိတစ်ယောက်ကိုတွေ့၍ စကားပြောသယောင်ယောင်လုပ်ကာ ကြားဖြတ် စီတန်းလိုက်သည်။ ဤသည်ကို သူ့အနောက်မှ တစ်ယောက်က တွေ့လိုက်၍ မကျေနပ်ကာ လှမ်းအော်တော့သည်။

ထို့သို့အချင်းများနေသည်ကို ငယ်ရွယ်သည့် စစ်သားလေး ကကြားလေရာ ကြားဖြတ်ဝင်သူကို အနောက်တွင် တန်းစီခိုင်းလေရာ ထိုသူက အထက်စီးဆန်ဆန် ပြန်အော်လေတော့သည်။

"မင်းက ဘာကောင်မို့လို့လဲ ငါ့ဘာသာငါ ဝင်စီချင်တဲ့နေရာ စီမှာ မင်းနဲ့ဘာဆိုင်လို့လဲ"

ငယ်ရွယ်သည့်စစ်သားလေးကလည်း အလျော့မပေးပဲ "ခင်ဗျား ဘယ်နားမှာတန်းစီစီ ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမယ့် ကြားဖြတ်ဝင်စီလို့မရဘူး" ဟုပြောလိုက်၏။

ထို သက်လတ်ပိုင်းလူကြီးကလည်း ပြန်အတွန့်တက်နေရာ သူနှင့်ရင်းနှီးသည့်လူက စိုးရိမ်လာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒိီအတိုင်းပဲ အနောက်ကို သွားတန်းစီလိုက်ပါလား"

သက်လတ်ပိုင်းလူကြီးက သူ့မိတ်ဆွေက ထိုသို့ပြောသည်ကိုကြားသည်နှင့် မပျော်မရွှင်ဖြစ်လာကာ အသံကျယ်ကျယ်ဖြင့်ပြန် မေးလိုက်၏။

"ငါကဘာလို့အနောက်ကို သွားတန်းစီရမှာလဲ။ မင်းနဲ့ငါနဲ့ မသိတာလဲမဟုတ်ဘူး။ မင်းက ဘာဖြစ်နေရတာလဲ။ သူ့ကိုကြောက်လို့လား"

ထိုသို့အော်ပြောရင်း စစ်သားကို လက်ညိုးထိုးကာ "ဒါကစစ်သားလေးပဲ မဟုတ်လား။ ဘာတွေဆန်းကျယ်နေလို့တုန်း။ မင်းက စစ်သားဆိုတိုင်း လူတိုင်းကို အနိုင်ကျင့်လို့ရမယ် ထင်နေလား။ မင်းက ဘယ်တပ်ကတုန်းပြောစမ်းပါဦး။ ပြည်သူတွေကို အနိုင်ကျင့်တယ် ဆိုပြီး မင်းကို တိုင်လိုက်မယ်ကြားလား" ဟုပြောလိုက်သည်။

"ကလေးတွေနဲ့ ဒီမှာ ခဏစောင့်ဦး" ဟု ကျုံးရှောက်က ခေါင်းငုံ့ကာပြောလိုက်ပြီး လူအုံနေသည့်နေရာကို တိုးဝင်သွားလိုက်ကာ ထိုရန်ထောင်ကာ ရိုက်ရန်ဟန်ပြင်နေ သည့်လူကြီး၏ လက်ကို ဆုပ်ကိုင်ကာ တွန်းလိုက်၏။

ထို့သိုလုပ်လိုက်စဥ် ကျုံးရှောက်၏ မျက်နှာအမူအရာမှာလည်း မပြောင်းသွား၍ အားအရမ်းသုံးလိုက်မှန်းတောင် မသိသာသော်လည်း ထိုလူကြီး၏ လက်က သွေးကြောများပင်ထောင်လာ၏။

သူ့လက်ကိုလွတ်ပေးလိုက်သည့်အခါ နာသွားသည့်လက်ကို ပွတ်နေရင်း ဒေါသတကြီး မေးလိုက်သည်။

"မင်းက ဘာကောင်တုန်း"

စစ်သားငယ်လေးက ကျုံးရှောက်ကိုမြင်သောအခါ အလျင်အမြန် အရိုအသေပေးရင်း ပြောလ်ိုက်သည်။

"ဒုတပ်ရင်းမှုး!!"

ကျုံးရှောက်လည်း ထိုစစ်သားလေးကို အလေးပြန်ပြုလိုက်ကာ ပြဿနာရှာနေသော လူကြီးကိုပြောလိုက်သည်။

"ကျွန်တော်က သူ့အထက်အရာရှိပဲ။ ခင်ဗျားပြောချင်တာရှိရင် ပြောလို့ရတယ်"

စစ်သားလေးက ကျုံးရှောက်ကို ဒုတပ်ရင်းမှုး ဟုခေါ်လိုက်သောကြောင့် ထိုလူက အနည်းငယ်စိုးရိမ်သွားသည်။

ဒုတပ်ရင်းမှုးအဆင့်ရှိသည့် ဗိုလ်များမှာ မိသားစုအိမ်ရာတွင် ပေါများလွန်း၍ ကောင်းကင်မှ အုတ်ခဲကျလာလျင်ပင် ဒုတပ်မှုးအဆင့်ရှိဗိုလ်တစ်ယောက်ကို ထိမိနိုင်လေသည်။

သို့သော် အခြေစိုက်စခန်းတစ်ခုလုံးတွင်တော့ သြဇာညောင်းသူက တစ်ရာမှာ တစ်ယောက်သာရှိတတ်သည်။

ကျုံးရှောက်၏ ခွန်အားကိုကြည့်လျင်ပင် ပေါ့သေးသေးမဟုတ်မှန်း သိနိုင်သည်။

ကျုံးရှောက်အသံက မမာသလို နူးညံ့လည်း မနေ သော်လည်း ညှာညှာ တာတာပြောဆိုနေခြင်းတော့မရှိပါ။ သူ့စစ်သားလေးကိုကူညီပေးရန် လာခဲ့ခြင်းမဟုတ်ဟု ထင်လိုက်ကာ ထိုလူကြီးက ပြောလိုက်၏။

"မင်းလာတာကောင်းတယ်။ ဒီကောင်လေးက စစ်သားသာဆိုတယ် သာမန်ပြည်သူတွေကိုအနိုင်ကျင့်နေတယ်။ မင်းက ခေါင်းဆောင်ဆိုတော့ သူ့ကို အရေးယူလိုက်စမ်းပါ"

ထိုလူကြီး၏ အဖြူကို အမည်းပြောနေမှုကြောင့် စစ်သားငယ်လေးဘက်က သည်းမခံနိုင်သော ဘေးရှိလူများက မနေနိုင်ပဲ ဝင်ပြောတော့၏။

"ခင်ဗျားက အရင် ကြားဖြတ်ပြီး တန်းဝင်စီတာကို အခုကျ သူများကို အပြစ်ပြောနေပြန်တယ်လား"

"ဘယ်သူက ပြည်သူတွေကို အနိုင်ကျင့်နေလို့လဲ။ခင်ဗျားကြီး ကြားဖြတ်တန်းစီလို့ သူများတွေအတွက် တရားမျှတအောင် လုပ်ပေးနေတာကို"

"ဟုတ်တယ် ဟိုကောင်မလေးက သူ့ရှေ့ကနေ ဖြတ်ဝင်ပြီး တန်းစီလို့ပြောနေတာကို သူက အရှက်မရှိ ပြန် ဟစ်နေသေးတယ်"

"ဟုတ်တယ် ရဲဘော်ရေ အာ့လူ လျှောက်ပြောတာ နားထောင်ပြီး အပြစ်မရှိတဲ့ စစ်သားလေးကိုတော့ အပြစ်မပေးလိုက်ပါနဲ့"

လူအများ ပြောဆိုနေကြသည်ကို ကျုံးရှောက်က နားထောင်လိုက်ပြီး "အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ပြသနာကို အမှန်အတိုင်းပဲ ဖြေရှင်းမှာပါ။ အပြစ်မရှိတဲ့သူကိုလည်း အပြစ်မတင်ပါဘူး"ဟု ပြောလိုက်ပြီး စစ်သားငယ်လေးကို "မင်း တော်တယ်" ဟုပြောလိုက်၏။

ကြားဖြတ်ဝင်တန်းစီသည့်လူက ကျုံးရှောက် စကားကိုကြားသောအခါ စိုးရိမ်လာပြီး ပြောလ်ိုက်သည်။

"ဟေးးး ခင်ဗျားဘာပြောချင်တာလဲ။ မင်းတို့တွေ အခု ငါ့ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်မလို့ပေါ့လေ ဟုတ်လား"

သူပြောသည့် လူအုပ်စုမှာ သာမန်လူများမပါပါ။ ရေတပ်ဝတ်စုံ ဝတ်ထားသည့် အဖွဲ့ဖြစ်သည်။ သူတ်ို့၏ ဒုခေါင်းဆောင်လည်း ရောက်နေပြီ ဖြစ်၍ လူစုကာ သူ့ကို အနိုင်ကျင့်မည်ဟု ထင်နေရှာ၏။

သို့သော် ကျုံးရှောက် ဝင်ပါလာကတည်းက မည်သည့်ရေတပ်သားမျှ စကားဝင်မပြောတော့ချေ။ ထိုကြားဖြတ်ဝင်သည့်လူကို သာမန်လူများ ပြောဆိုနေကြစဥ်တွင်လည်း သူတို့က ဝင်မပြောကြချေ။

ထို့ကြောင့် သက်လတ်ပိုင်း လူကြီးက ရေတပ်သားများကို စွပ်စွဲလိုက်သောအခါ သူတို့က ဒေါသထွက်လာကြ၏။ ကျုံးရှောက်ကတော့ တည်တည်ငြိမ်ငြိမ်မျက်နှာထားဖြင့်သာ ထိုလူကို ပြောလိုက်သည်။

"ဒီ မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျွန်တော်သိပါပြီ။ ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ပထမအချက်က ပုံမှန်အတိုင်း တန်းစီမလား ။ ဒုတိယအချက်က…"

ကျုံးရှောက်က သူ့အနောက်ရှိ စစ်သားကို လှည့်ကာပြောလိုက်သည်။

" ရဲစခန်းကိုသွားပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ရဲသားတစ်ယောက်ကို ခေါ်လာခဲ့လိုက်။ ခင်ဗျားကော ဘယ်လိုသဘောရလဲ"ဟု ထိုလူကြီး ဘက်ပြန်လှည့်ကာ မေးလိုက်သည်။

ကျုံးရှောက်က ရဲခေါ်ဖို့ပြောလိုက်တော့ ပွဲကြည့်နေကြသည့် လူတစ်ချို့က ကြောင်သွားကြသည်။ အချင်းချင်း ဖြစ်ကြသည့် ပဋိပက္ခများကို ရဲများက တော်ရုံဖြေရှင်းပေးလိမ့်မရှိပါ။

ဒီပြဿနာက ရဲခေါ်ရလောက်သည်အထိ မကြီးမားသော်လည်း ဤလူက ခေါင်းမာလွန်း၍ ရဲခေါ်ကာ ဆုံးမခိုင်းရမည်ဟုတွေးကာ ပွဲကြည့်နေကြသည့်လူတိုင်းက အော်လိုက်ကြသည်။

"ဟုတ်တယ် ရဲခေါ်လိုက် ရဲခေါ်လိုက်"

ကျုံးရှောက် အနောက်တွင် ရပ်နေသော ရေတပ်သားကလည်း ချက်ချင်း လူအုပ်ထဲကနေ တိုးထွက်သွားသည်။

ရဲခေါ်မည်ဆို၍ သက်လတ်ပိုင်းလူကြီးမှာ စိုးရိမ်သွား၏။ စစ်သားနှင် ရဲသား နှစ်ဦးစလုံးက အစိုးရ ဝန်ထမ်းများ ဖြစ်ကြသော်လည်း သာမန်လူတွေက ရဲကိုပိုကြောက်ကြသည်။ ရဲသားများက လူဆိုးများကို ဖမ်းသည်ဟု သူတို့သိထားသောကြောင့် ဖြစ်သည်။

စစ်သားများကလည်း လူဆိုးများဖမ်းကြသည်။သို့သော် စစ်သားများ၏ တာဝန်က ဂိုဏ်းအဖွဲ့များကိုသာ ဖမ်းသည်ဖြစ်၍ သာမန်ပြည်သူများ၏ လူနေမှု ဘဝတွင် မြင်ရလေ့မရှိပါ။

ဆန်းလင်အခြေစိုက်စခန်းက အနီးအနားတွင်ရှိကာ ခရိုင်မြို့သို့ လာသော စစ်သားများကလည်း စည်းကမ်းတကျနေကြကာ သာမန်ပြည်သူများနှင့် ရန်မဖြစ်ကြပေ။ သာမန်ပြည်သူများကို ကူညီကြသောကြောင့် စစ်သားများကို ကြောက်ရွံခြင်း မရှိကြပါ။

ထို့အပြင် ကြားဖြတ်ဝင်သည့်လူကြီးကို တားသည့် စစ်သားငယ်လေး၏ မျက်နှာသွင်ပြင်ကလည်း နူးညံ့နေသောကြောင့် ရုတ်တရက် ကြည့်လိုက်လျင် အနိုင်ကျင့်ရလွယ်သည့် အူကြောင်ကြောင် ဆယ်ကျော်သက်လေးဟုထင်ရသည်။

သက်လတ်ပိုင်းလူကြီးကလည်း ကြောင်အနေရာ လူအများက သူ့ကို ဝိုင်းကြည့်နေကြ၏။ အခုအချိန်မှာ သူဝန်ခံလိုက်လျင်လည်း မျက်နှာပျက်ရမည်။ ငြင်းဆန်ပြန်ရင်လည်းအများနှင့် တစ်ယောက်ဖြစ်နေ၏။

ဤဒုတပ်ရင်းမှုးဆိုသူကလည်း စကားအရာဖြင့်ပြော၍လည်း မရချေ။ သတ္တိမရှိ၍ လက်ပါဖို့က ပိုမဖြစ်နိုင်ချေ။

သက်လတ်ပိုင်းလူကြီး တွေးနေစဥ် ကျုံးရှောက်ကလည်း ထိုသို့တွေးနေ၏။ ကျုံးရှောက်ကလည်း သူ့ကို လာရှုပ်သည့်သူကိုတော့ ညှာတာနေမည်မဟုတ်ပါ။

နောက်ဆုံးမှာ ဤလူက အကျိုးအကြောင်း မဆီလျော်ပဲငြင်းနေရင် ရဲခေါ်လိုက်မည်ဟု စဥ်းစားပြီးသားပင်။

စစ်သားငယ်လေးက ရဲသွားခေါ်သည်ကိုတွေ့လိုက်၍ ထိုလူကြီးကလည်း အလျော့ပေးလိုက်ကာ တန်းစီနေရာမှ အမြန်ထွက်လိုက်ပြီး "ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုလည်း ငါ တန်းမစီတော့ဘူး"

"ဘာတန်းမစီတော့တာလဲ။ အစကတည်းက ခင်ဗျားက ကြားဖြတ်ဝင်စီနေတာလေ" လူတစ်ယောက်က ပက်ကနဲ ပြန်ပြောလိုက်သည်။

ထိုလူကြီးကလည်း အလျင်အမြန် စကားလုံးပြောင်းကာပြောလိုက်သည်။

"ဟုတ်ပြီ ကြားဖြတ်ဝင်စီတာ အခု ကြားမဖြတ်တော့ဘူး ဟုတ်ပြီလား " ဟု ပြောကာ လစ်ထွက်ရန် ပြင်တော့သည်။

သို့သော် သူခြေနှစ်လှမ်းသာ လှမ်းရသေးချိန် ကျုံးရှောက်က သူ့ကော်လံကို ဆွဲထားကာပြောလိုက်သည်။

"နေဦး ခင်ဗျားကို ကျွန်တော်သွားခိုင်းလို့လား"

ထိုလူကြီးကလည်း ကျုံးရှောက်ဆွဲလိုက်၍ နာသွားသော သူလည်ပင်းကို ပွတ်ကာပြောလိုက်၏။ "ငါကြားဖြတ် ဝင်မစီတော့ဘူးလို့ ပြောပြီးပြီလေ"

"ခင်ဗျား ဒီနေ့ ကြားဖြတ် ဝင်မစီတော့ပေမယ့် မနက်ဖြန်ကျတော့ကော သန်ဘက်ခါ ကျတော့ကော နောက်တစ်ခေါက်တွေမှာကော"

"မင်းက ဘာလိုချင်တာလဲ???"

"ရဲတွေက ခင်ဗျားကို သေသေချာချာ ဆုံးမပေးပြီး ကိုယ့်အမှားကို နားလည်သွားရင်တော့ ခင်ဗျားသွားလို့ရပါပြီ"ဟု ကျုံးရှောက်က ပြောလိုက်ရာ

ထိုလူမျက်နှာ ငြိုးကျသွားပြီး ဒူးထောက်လိုက်ကာ "ငါမှားသွားပါတယ်။ နောက်ဆို ဘယ်တော့မှ မလုပ်တော့ပါဘူး။ ငါ့ကိုသွားခွင့်ပြုပါတော့" ဟုပြောကာ ကျုံးရှောက်ကို လက်အုပ်ချီကာတောင်းပန်နေတော့သည်။

ကျုံးရှောက်ကလည်း ဘေးနားမှကြည့်နေသူများကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့လည်း သူ့ကို လွတ်ပေးလိုက်တာ ကောင်းမယ်လို့ထင်လား ဒါမှ မဟုတ် ရဲသားလာတာကိုပဲ စောင့်ကြမလား"

ဘေးမှ ကြည့်နေသူများကလည်း ဆုံးဖြတ်ရခက်နေကြ၏။ ဤလူကြီး မာန်တက်နေသည့်အချိန်တွင် စက်ဆုတ်ဖို့ကောင်းသော်လည်း ပြသနာအကြီးတော့မဟုတ်ပါ။

သူပြဿနာရှာသည်က မှန်သော်လည်း ရဲခေါ်ရလောက်တဲ့အထိတော့ ပြဿနာက မကြီးဟု ထင်မြင်ကြသည်။

ဘေးရှိကြည့်နေသူများ တုံ့ဆိုင်းနေသည်ကိုမြင်လျင် ထိုလူကြီးက အလျင်အမြန် ပြောလိုက်သည်။

"ရဲတော့မခေါ်ပါနဲ့နော် ကျေးဇူးပြုပြီး ရဲတော့မခေါ်ပါနဲ့။ ကျွန်တော့ဌာနက သိသွားပြီး မှတ်တမ်းယူသွားလိမ့်မယ်။ ကျွန်တော့်မှာ ထောက်ပံ့ရမယ့် မိသားစုရှိပါသေးတယ်။ ဒါ့ကြောင့် ကျွန်တော် မကောင်းတဲ့မှတ်တမ်း အယူခံလို့မဖြစ်လို့ပါ"

သူပြောတာကို နားထောင်ပြီးနောက် လူတစ်ချို့က သူ့ကိုလှောင်ပြောင်ကြ၏။ အစကတော့ မာန်တက်နေပြီး အခုမှ ကြောက်နေတယ်။ တစ်ချို့လူတွေကတော့ ပြသနာကြီးလာလျင် ခံရမည့်သူက မဆိုင်သည့် သူ့မိသားစုဝင်များသာဖြစ်မည်။ ထို့ကြောင့် ထားလိုက်ရန်ပြောဆိုနေကြ၏။

All Chapters