Chapter 43
Vol. 4 Ch. 43
ကျုံးရှောက်ကလည်း အစကတည်းက ထိုလူကို ပညာပေးရန်သာ ရည်ရွယ်သည်သာ ဖြစ်သည်။ ထို့အပြင်ကြည့်နေသည့်လူများ၏ ဆန္ဒကိုလည်း သိပြီးဖြစ်၍ ကျုံးရှောက်က ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ခင်ဗျားကို လွတ်ပေးလိုက်မယ်။နောက်တစ်ခေါက် ထပ်တွေ့ရင် တစ်ခါထဲ ရဲစခန်းပို့ပစ်မယ်"
"ဟုတ်ကဲ့ပါ" ဟု ထိုလူက အလျင်အမြန်ခေါင်းငြိမ့်ကာပြောလိုက်၏။ ထို့နောက် ကျုံးရှောက်ကို မော့ကြည့်ကာ ပြုံးကာ မေးလိုက်၏။
"ရဲဘော် ကျွန်တော်သွားလို့ရပြီလား"
ကျုံးရှောက်က အင်းး ဟုပြော လိုက်သည်နှင့် လှည့်ထွက်ရန်ပြင်လိုက်စဥ် ရဲခေါ်ထားသည့်ကိစ္စကို သတိရလိုက်ကာ လှည့်မေးလိုက်၏။
"ရဲသား ခေါ်ထားတဲ့ကိစ္စ……"
ကျုံးရှောက်က သူ့ကို လှမ်းကြည့်လိုက်ပြီး "ရဲနဲ့တွေ့ချင်သေးတာလား။ မသွားချင်သေးဘူးလား" ဟုမေးလိုက်၏။
"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်သွားပါတော့မယ်" ဟု ပြောပြီးပြီးချင်း ဖိနောင့်နဲ့တင်ပါးတစ်သားထဲကျအောင် ပြေးတော့သည်။
ထိုလူကြီးပြေးသွားသည့်ပုံကိုကြည့်ကာ လူများက ရီမောကြပြီး ကျုံးရှောက်ကိုလည်း ပြဿနာကိုသေချာဖြေရှင်းပေးခဲ့သည့်အတွက် ချီးကျူးကြသည်။
မင်မင် နှင့်ရွေ့ရွေ့ကလည်း လက်ခုပ်တီးကာ "ဖေဖေက အရမ်းမိုက်တာပဲ" ဟုပြောလိုက်သည်။
မင်မင် ပြောလိုက်သည့်အသံကို စစ်သားငယ်လေးကကြားသွားပြီး မေးလိုက်သည်။
"ဒုတပ်ရင်းမှုး ဒါ ဒုတပ်ရင်းမှုးရဲ့သားလား"
"ဟုတ်တယ်" ဟုပြန်ဖြေလိုက်ကာ ကလေးနှစ်ယောက်နှင့် လင်းဝေ့ကို ခေါ်လိုက်သည်။
လင်းဝေ့နှင့် ပျော်ရွှင်နေသော အမွှာနှစ်ယောက် ရောက်လာလျင် စစ်သားငယ်လေးက ညီအစ်ကို နှစ်ယောက်ကို မင်္ဂလာပါ လို့ နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ မရီးး!!!"
အခုလေးတင် ဖြစ်ပျက်ခဲ့သော ပြဿနာကြောင့် ရေတပ်သားအသစ်များက ကျုံးရှောက်ကို သိသွားကြပြီး စစ်သားငယ်လေး နှုတ်ဆက်သည့်အတိုင်း လင်းဝေ့ကို မင်္ဂလာပါ မရီး ဟု နှုတ်ဆက်လိုက်ကြသည်။
ရေတပ်သားငယ်လေးများ လင်းဝေ့ကို တစ်ပြိုင်နက် နှုတ်ဆက်လိုက်ပုံက လင်းဝေ့ကိုပင် လန့်သွားစေသည်။
တစ်ခြား စျေးဝယ်သူများကလည်း ရုတ်တရက်လှည့်ကြည့်လာကြသည်။ ကျုံးရှောက်၏ ပြဿနာဖြေရှင်းပုံကို သဘောကျနေသည့် အန်တီကြီးကတော့ ကျုံးရှောက်တို့မိသားစု ချောမောလှပကြောင်း ချီးကျူးကာ ပြုံးနေလေ၏။
လင်းဝေ့တို့ လူအစုအဝေးမှ ထွက်လာစဥ် စောနက ကျုံးရှောက် ရဲသွားခေါ်ခိုင်းသည့် စစ်သားပြန်လာခဲ့သည်။ လင်းဝေ့ သူ့အနောက်ကိုကြည့်လိုက်သော်လည်း ဘာရဲ မှ မတွေ့ချေ။
ကျုံးရှောက် သူတို့နှင့်စကားပြောနေတာ တွေ့တော့မှ အစကတည်းက ရဲ မခေါ်ချင်ခဲ့ပဲ ထိုလူကို ခြောက်လှန့်ရန်သာဖြစ်ကြောင်း လင်းဝေ့သိလိုက်ရသည်။ ရဲခေါ်ဖို့ထွက်သွားသည့် လူကလည်း ရဲစခန်းမသွားပဲ သမဝါယမရုံး၏ ထောင့်တစ်နေရာ တွင်သာစောင့်နေ၏။
လင်းဝေ့လည်း နောက်ဆုံးတော့ နားလည်သွားသည်။ ကျုံးရှောက်လည်း စကားပြောပြီးနောက် ထိုစစ်သားပုခုံးကို ပုတ်လိုက်ပြီး"ကိုယ့်ဖာသာ စျေးသွားဝယ်လိုက်ပါဦး။ ငါတို့ကို ဂရုမစိုက်နဲ့."ဟုပြောလိုက်၏။
ထိုစစ်သားကလည်း လင်းဝေ့က်ို လှည့်ကြည့်ကာ ပြုံးလိုက်ပြီး "ဟုတ်ကဲ့ပါ"ဟု ပြောလိုက်ပြီး လင်းဝေ့တို့နှင့် မူလက စကားပြောနေသည့် စစ်သားငယ်လေးနှင့် ထွက်သွားလိုက်၏။
ထွက်သွားသည့် သူနှစ်ယောက်၏ နောက်ကျောကိုကြည့်ကာ လင်းဝေ့က ကျုံးရှောက်ကို မေးလိုက်သည်။
"သူက ရှင့်တပ်ကပဲလား"
"ဟုတ်တယ်"
ကျုံးရှောက် ပြန်ဖြေသံကိုကြားမှ လင်းဝေ့ လုံးဝ
နားလည်သွားတော့သည်။ အစကတည်းက ကျုံးရှောက်က ထိုလူကြီးကိုခြောက်ရန်သာ ရည်ရွယ်ထားပြီး သူ ရဲသား သွားခေါ်ခိုင်းလိုက်သည့် လူကလည်း သူနှင့်ရင်းနှီးသည့် ရဲဘော်ဖြစ်နေသည်
လင်းဝေ့ ထိုသူတို့နှင့်စကားပြောနေစဥ် သမဝါယမရုံးတာဝန်ရှိသူက လှေကားမှ ဆင်းလာခဲ့သည်။ ထို့နောက် ကျုံးရှောက်ကို ကျေးဇူးတင်စကားပြောကာ ကလေး နှစ်ယောက်ကိုလည်း ချစ်စရာကောင်းသည်ဟု ချီးကျူးပြီး ပျောက်သွားလေတော့၏။
ထိုသူက သမဝါယမရုံး၏ တာဝန်ရှိသူဖြစ်သော်လည်း လင်းဝေ့တို့ကိုတော့ စျေးလျော့ပေးမည်ဟု မပြောရဲခဲ့ပါ။ သို့သော် လင်းဝေ့တို့ကို လမ်းတော့ ညွှန်ပေးခဲ့သည်။
လင်းဝေ့တို့က လျှပ်စစ်ပန်ကာ ဝယ်မည်မှန်းသိလိုက်၍ ဒုတိယထပ်သို့ ညွှန်ပေးလိုက်ပြီး လင်းဝေ့တို့ကို ခေါ်သွားဖို့ အရောင်းဝန်ထမ်းတစ်ယောက်ကိုလည်း ထည့်ပေးလိုက်၏။
သူက လင်းဝေ့တို့ကို လျှပ်စစ်ပန်ကာ တံဆိပ်တွေအကြောင်း ရှင်းပြချင်ပေမယ့် သူ မပြောခင် ကျုံးရှောက်က" ကျွန်တော်တို့ ကိုယ့်ဖာသာကိုယ်ကြည့်လိုက်ပါ့မယ်။ ခင်ဗျားအလုပ်ကို မနှောင့်ယှက်တော့ပါဘူး"ဟုပြောလိုက်၏။
သမဝါယမရုံးတာဝန်ရှိသူကလည်း ပါးနပ်သူဖြစ်ရာ ကျုံးရှောက် ပြောသည်ကို ကြားသည်နှင့်ပြုံးကာ "ဟုတ်ကဲ့ပါ ဒါဆိုလည်း အဆင်ပြေတာလေးကြည့်လိုက်ကြပါဦးနော် ကျွန်တော်ကတော့ တတိယအထပ်မှာရှိပါတယ်" ဟုပြောလိုက်သည်။
ကျုံးရှောက်ကလည်း ထိုလူကို ကျေးဇူးတင်စကားပြောပြီး ထိုလူကလည်း အပေါ်ထပ်သို့ တက်သွားတော့သည်။ ထို့နောက် ကျုံးရှောက်ကလည်း အရောင်းစာရေးကို ပန်ကာ စျေးနှုန်းနှင့် လုပ်ဆောင်ချက်များ မေးနေလိုက်သည်။
လျှပ်စစ်ပန်ကာတိုင်း၏ လုပ်ဆောင်ချက်မှာ အတူတူဖြစ်သည်။ ပန်ကာလည်နှုန်း အဆင့်ဆင့်ပါသည့် ခလုတ်များလည်းပါကာ လေကလည်း အရမ်းမပြင်းပေ။ ထို့အပြင် ပန်ကာခေါင်းကိုလည်း လှည့်လို့ရသေး၏။
သို့သော် လင်းဝေ့က လျှပ်စစ်ပန်ကာဝယ်ရာတွင် ပိုက်ဆံအများကြီးသုံးရန် စိတ်မကူးထားပါ။ သူမရွေးချယ်ထားသည့် ပန်ကာ အမျိုးအစားများမှာ နာမည်သ်ိပ်မရှိသည့်တံဆိပ်များဖြစ်သည်။ စျေးသက်သာ၍ လုပ်ဆောင်ချက် အနည်းငယ်သာပါသည်။ ပန်ကာခေါင်းလည်း လှည့်မရကာ ပန်ကာလည်နှုန်းအဆင့်ကလည်း နှစ်ခုသာပါ၏။
ခေါင်းဆောင် ခေါ်လာပေးသည့်စျေးဝယ်သူက အပေါစား ကြိုက်သည့်သူမျိုးလားဟု အရောင်းစာရေးက စိတ်ထဲတွေးနေ၏။ ရုံးရှိအရောင်းစာရေးအများစုမှာ ပညာအရည်အချင်း မမြင့်မားကြကာ ဝန်ဆောင်မှုလည်း မကောင်းကြပါ။
ဝယ်သူကို ဆက်ဆံပုံမှာ သူတို့ စိတ်အခြေအနေ အပေါ်သာမူတည်သည်။ စျေးဝယ်သူက စျေးကြီးသည့် ပစ္စည်းဝယ်လျင်ပင် အရောင်းစာရေးက မစမ်းပြချင်လျင် ဝယ်သူမှာလည်း စက်၏လုပ်ဆောင်ပုံကို အစမ်းမကြည့်ရပါ။
လင်းဝေ့ကတော့ ရဲရဲတင်းတင်းပင် ပန်ကာကိုစမ်းပြရန်ပြုံးကာ ပြောလိုက်သည်။ "ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ"
"ရပါတယ်ရှင်" အရောင်းစာရေးကလည်း ပန်ကာကိုယူကာ ပလပ်ထိုးလိုက်ပြီး ပန်ကာခလုပ်ကို နှိပ်ပြလိုက်သည်။
"ဒါကတော့ပထမ ခလုပ်ပါ။ လေတိုက်နှုန်းကို စမ်းကြည့်ပါဦးရှင့်"
လင်းဝေ့လည်း သူ့မျက်နှာကို ပန်ကာရှေ့ထားပြီး ခံစားကြည့်လိုက်သည်။ ထို့နောက် အနောက်ကို အနည်းငယ်ဆုတ်ကာ လေကိုခံစားကြည့်ပြန်သည်။
သုံးပေခန့်အကွာထိ လေက်ိုခံစားမိသော်လည်း လေတိုက်နှုန်းက နည်းသွားသည်။ ထို့ကြောင့် အရောင်းစာရေးကို ခလုပ်ထပ်တင်ရန် ပြောလိုက်သည်။ လေပိုရလာသော်လည်း ပန်ကာဒလက်လည်နှုန်းက ပြင်းလာ၍ ထွက်လာသည့် အသံကျယ်ကျယ်မှာ အတော်နားညီးလှ၏။
ထို့ကြောင့်လင်းဝေ့ နောက်တံတိပ်တစ်မျိုး စမ်းပြရန်ပြောလိုက်သည်။
နောက်တစ်လုံးက ပန်ကာလည်နှုန်း နှေးပြီးဆူညံသံတော့သိပ်မထွက်ပါ။ ထို့ကြောင့် လင်းဝေ့က ဆုံးဖြတ်ရခက်နေ၏။
လင်းဝေ့ ဆုံးဖြတ်ရခက်နေသည်ကို မြင်၍ ကျုံးရှောက်က အရောင်းစာရေးကို ဝပ်ဆန်တံဆိပ်ပန်ကာ စမ်းပြရန်ပြောလိုက်သည်။ လင်းဝေ့ စမ်းပြခိုင်းသည့်နှစ်မျိုးနှင့် စျေးနှုန်းအတော်ကွာ၍ အရောင်းစာရေးက ထပ်မေးလိုက်ပြီး ပန်ကာ ထုတ်လာကာ စမ်းပြလိုက်သည်။
ထိုသို့စမ်းကြည့်ပြီးသည်နောက် ပန်ကာလည်နှုန်း အမြန်ဆုံးနှင့် အသံအတိုးဆုံးမှာ ဝပ်ဆန် တံဆိပ်သာဖြစ်သည်။ အရည်အသွေးမြင့်မားသည့်အတွက် စျေးနှုန်းကလည်း မြင့်သည်။
လင်းဝေ့ကတော့ပုခုံးသာ တွန့်နေမိသည်။
ကျုံးရှောက်က အထက်စီးဆန်သည့် လေသံဖြင့် ပြောလိုက်သည်။ "ဝပ်ဆန် တံဆိပ်ပဲ ဝယ်လိုက်"
မိသားစု ငွေကိုင်ဖြစ်သည့် လင်းဝေ့က ကျုံးရှောက်ကို မျက်လုံးစွေကြည့်ကာ " သေချာရဲ့လား" ဟုမေးလိုက်၏။
ကျုံးရှောက်က သူ့နှာခေါင်းကိုပွတ်လိုက်ပြီးပြောလိုက်သည်။"ကိုယ်က အကြံပေးတာပါ။ ငွေက မင်းလက်ထဲမှာဆိုတော့ ဝယ်မယ် မဝယ်ဘူးက မင်းဆုံးဖြတ်ပါ"
မင်မင်ကတော့ ပန်ကာရှေ့မှာနေနေရင်း ပန်ကာ ခလုပ်နှိပ်ချင်နေရာ သူ့အဖေနှင့် အမေ ပြောနေသည်ကို ကြားသောအခါ "မေမေ ဒါပဲဝယ် ဒါကအကောင်းဆုံးပဲ"ဟု လှည့်ကာပြောလိုက်သည်။
"သားက ဘယ်လိုလို့ အကောင်းဆုံးဆိုတာသိတာလဲ။ဘယ်ဟာက ကောင်းလို့လဲ" ဟု လင်းဝေ့က ပြန်မေးလိုက်သော် မင်မင်က မပြောတတ်တော့ပဲ သူ့ခေါင်းကိုကုပ်နေကာ ပြောလိုက်သည်။
"အန်တီက ဒီပန်ကာကောင်းတယ်ဆိုတော့ မေမေလည်းခေါင်းငြိမ့်လိုက်တယ်မလား။ ပြီးတော့ ဖေဖေကလည်း ကောင်းတယ်လို့ ထင်တယ်လေ."
ရွေ့ရွေ့ကလည်း တိတ်ဆိတ်နေရာမှ အဆုံးသတ်ဝင်ပြောလိုက်၏။
"အားလုံးက ကောင်းတယ်လို့ ပြောနေကြတယ်လေ"
လင်းဝေ့လည်း ဝပ်ဆန်တံဆိပ်ပန်ကာကို အစကတည်း က အကောင်းဆုံးဟု ထင်ခဲ့သော်လည်း စျေးကြီး၍ဝယ်ရန် တွန့်ဆုတ်နေမိသည်။ သို့သော် သားအဖ တစ်တွေက ဝပ်ဆန် ဝယ်ရန်ပြောနေ၍ အလျော့ပေးလိုက်ကာ ခေါင်းငြိမ့်လိုက်တော့သည်။
"ဟုတ်ပြီ ဒါဆိုလည်း ဝပ်ဆန် ပန်ကာပဲ ဝယ်ကြတာပေါ့"
ဝယ်ရန်ဆုံးဖြတ်လိုက်ချိန်တွင် ပျော်ရသော်လည်း ငွေယွမ်တစ်ရာ ထက်ပို ရှင်းလိုက်ရချိန်တွင်တော့ ရင်ထဲဝယ် ကြေကွဲနေခဲ့သည်။
စျေးနှုန်းကို ကြည့်မည်ဆိုပါက လင်းဝေ့ ရွေးခဲ့သည့်နှစ်ခုက အတော်လေး စျေးသက်သာသည်။ ထိုပန်ကာများတွင် မကောင်းသည့် အချက်များရှိသော်လည်း ပိုသည့်ငွေဖြင့် ပစ္စည်း အများအပြား ဝယ်နိုင်သေး၏။
လင်းဝေ့၏ ငွေအများအပြားသုံးလိုက်ရ၍ ရင်နာနေသည့်ပုံကိုမြင်၍ ကျုံးရှောက်က နှစ်သိမ့်လိုက်သည်။
"ပိုက်ဆံဆိုတာ သုံးဖို့ပဲလေ။ ရှိနေတဲ့ ငွေကို မသုံးရင် ငွေ အသစ်ဝင်မလာဘူး."
လင်းဝေ့အတွက်က ငွေသစ် ငွေဟောင်းဟူသည် ဘာမှမကွာပေ။ သူမအတွက် ငွေများလေ ပိုကောင်းလေသာဖြစ်သည်။ ထို့ကြောင့် ကျုံးရှောက်၏ ပေါ့ပေါ့ပါးပါးသွင်ပြင်ကိုမြင်သောအခါ သတိမပေးပဲ မနေနိုင်ဖြစ်လာသည်။
"ဒီထဲမှာလည်း ရှင့်ကိုယ်ပိုင်ငွေ ပါသေးတယ်နော်"
ထိုသို့ကြားသည်နှင့် ကျုံးရှောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ရပါတယ်။ ကိုယ် စိတ်မကောင်းမဖြစ်ပါဘူး"
သူ့လက်ထဲတွင် သိမ်းထားသည့်ငွေက ကိုယ်ပိုင်ငွေဖြစ်ပြီး မိန်းမကို လွဲပေးလိုက်သည့်ငွေက ဘုံငွေ ဟုခေါ်သည်။
.............
လင်းဝေ့တို့ ခရိုင်မြို့က ပြန်လာသောအခါ ကျောက်မိသားစုအ်ိမ်ရှေ့က ဖြတ်သွားစဥ် အိမ်တံခါး ရုတ်တရက်ပွင့်လာပြီး အထဲကနေ ကောင်းရှို့လျန် ဒေါသတကြီး ရုတ်တရက် ပြေးထွက် လာသည်ကို တွေ့လိုက်ရသည်။
ကျွန်းပေါ်ရှိ နေရောင်မှာ အရမ်းပြင်း၍ ကျွန်းပေါ်အနေကြာသည့် အရာရှိ အမျိုးသမီးအများစုမှာ ပျားရည်ရောင် အသားအရည် ရှိကြသည်ဖြစ်ရာ ကောင်းရှို့လျန်လည်း ထိုကဲ့သို့ပင်။
ကောင်းရှို့လျန် သူ့အိမ်အတွင်းမှ ပြေးထွက်လာစဥ် သူ့ပါးပြင်ပေါ်ဝယ် လက်ဝါးရာက ထင်ထင်ရှားရှားဖြစ်နေ၏။ သူ့ကို ရိုက်လိုက်သူမှာလည်း အားဖြင့် ရိုက်လိုက်ဟန်တူသည်။ သူ့အိမ်မှ ပြေးထွက်လာသည်ကို ကြည့်ခြင်းအားဖြင့် သူမကို ရိုက်လိုက်သူကလည်း မည်သူမှန်း ထင်ရှားနေသည်။