← Chapters

Chapter 44

Vol. 4 Ch. 44

Chapter 44

Vol. 4 Ch. 44

လင်းဝေ့ ထို့သို့ခဏတွေးနေစဥ် ကောင်းရှို့လျန်က သူ့အရှေ့လာရပ်ပြီး ကြောက်စရာကောင်းသည့်လေသံဖြင့်ပြောလိုက်သည်။

"ရှင် အခု ကျေနပ်ပြီမလားး"

လင်းဝေ့လည်း နားမလည်နိုင်အောင် ဖြစ်သွားသည်။ လင်မယားနှစ်ယောက် ရန်ဖြစ်တာ သူမနဲ့ဘာဆိုင်လို့လဲ?

လင်းဝေ့က ပြန်မပြောနိုင်သေးခင် ကောင်းရှို့လျန်က ဒေါသတကြီး ပြေးထွက်သွားသည်။ လင်းဝေ့လည်း "နားမလည်နိုင်တော့ဘူး" ဟုပြောကာသာ ကျန်ခဲ့တော့သည်။

လျှပ်စစ်ပန်ကာ ကိုင်ထားသည့် ကျုံးရှောက်က "သူ့ကို ဂရုစိုက်မနေနဲ့ "ဟုပြောလိုက်၏။

လင်းဝေ့လည်း ကလေးနှစ်ယောက်ကို ခေါ်ကာ သူမတို့အိမ်ထဲ ဝင်သွားလိုက်၏။

အိမ်ရောက်သည်နှင့် ဝယ်လာသည့်လျှပ်စစ်ပန်ကာကိုစမ်းကြည့်တော့၏။ အိမ်အောက်ထပ် ဧည့်ခန်းနှင့် ထမင်းစားခန်းကြားတွင် ပလပ်ပေါက်ရှိသည်။

ပန်ကာလျှပ်စစ်ကြိုးကလည်း ရှည်သည်သာမက လေအားကလည်း များ၍ ပန်ကာ အနား ဘယ်နေရာထိုင်ထိုင် အေးမြသည့်လေကို ခံစားရနိုင်သည်။

ပန်ကာကိုစမ်းပြီး လင်းဝေ့က သူမ ဝယ်လာသည့်ပစ္စည်းများကို အမျိုးအစားခွဲလိုက်သည်။

လျှပ်စစ်ပန်ကာပြီးလျင် တစ်ခြားဝယ်သည့် ပစ္စည်းများမှာ လင်းဝေ့ယူလာသည့် အဝတ်အိတ်နှင့်အပြည့်သာဖြစ်သည်။ ဝယ်လာသည့်ပစ္စည်းများက အပ် နှင့် ချည်လုံး၊ ဆပ်ပြာ၊ ဘီစကစ်နှင့် သစ်သီးခြောက်များသာဖြစ်သည်။

ရေခရားတစ်လုံးလည်း ဝယ်လာခဲ့သည်။ သူမရေသောက်ချင်သည့်အခါတိုင်း ဓာတ်ဘူးမှ ကြွေခွက်ထဲ လောင်းထည့်ကာ အေးအောင် စောင့်နေရသည်မှာ အဆင်မပြေလှချေ။ ထို့ကြောင့် ရေနွေးကို ခရားလေးထဲထည့်ထားကာ အလွယ်တကူ သောက်နိုင်ရန်ဖြစ်သည်။

ဝယ်လာသည့်အရာများမှာလည်း ပစ္စည်းမျိုးစုံဖြစ်နေ၍ သိမ်းဆည်း စုစည်းရန် အခက်အခဲ ဖြစ်နေသည်။

သူမ သိမ်းဆည်းပြီးသောအခါ ကျောက်ဖုန်းက သူမတို့အိမ် ရောက်လာပြီး ကျုံးရှောက်ကို လာခေါ်သည်။

ကောင်းရှို့လျန် စောနက အိမ်ရှေ့က ငိုကာ ပြေးထွက်လာပြီးနောက် ကျောက်ဖုန်းကလည်း ကျုံးရှောက်ကို လာခေါ်လေရာ လင်းဝေ့လည်း ဘာတွေဖြစ်နေလဲ သိချင်၍ သူမလုပ်စရာရှိတာ လုပ်နေရင်း အပြင်ကိုလှမ်းကြည့်နေမိသည်။ ကျုံးရှောက်ပြန်လာတော့မေးကြည််လိုက်သည်။

"ဒုတပ်မှုးကျောက်က ရှင့်ကို ဘာလို့ ရှာတာလဲ"

"ကောင်းရှို့လျန် ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ကို လာတောင်းပန်တာ"

"သူက ဘယ်လိုလုပ် ဒီကိစ္စသိသွားတာလဲ"

ကျုံးရှောက်ကလည်း လျို့ဝှက်မထားပဲ လင်းဝေ့ကိုပြောပြလိုက်သည်။

"ကိုယ် မနက်ခင်း ပြေးတုန်းက သူကိုတွေ့တော့ပြောပြလိုက်တာ"

ကျုံးရှောက်သည် မနက်တိုင်း အပြေးကျင့်လေ့ရှိရာ နားရက်များ၌ပင် မနက်ပိုင်း နှစ်ခေါက်ပြေးလေ့ ရှိသည်။

မနေ့ကတော့ ကျောက်ဖုန်းကို မပြောရန် တားခဲ့ပေမယ့်အခုတော့ ပြောပြလိုက်သည့်အတွက်လည်း ကျုံးရှောက်ကို အပြစ်မပြောခဲ့ပဲ မေးလိုက်သည်။

"ကောင်းရှို့လျန် ပါးက လက်ရာ ဒုတပ်ရင်းမှုး ရိုက်ထားတာလား"

"ကိုယ်လည်း အာ့တာတော့ မမေးကြည့်လိုက်ဘူး ဟုတ်လောက်မယ်ထင်တယ်"

လင်းဝေ့လည်း အကြာကြီးတိတ်ဆိတ်သွားပြိီး မှ ပြောလာသည်။

"ဒုတပ်မှုးက သူ့မိန်းမကို ချစ်တော့ မရိုက်လောက်ဘူးလို့ ထင်ထားတာ"

ကျုံးရှောက်လည်း အံ့သြမိသော်လည်း စောနက ကျောက်ဖုန်း၏ မျက်နှာအမူအရာကို စဥ်းစားမိကာ ပြန်ပြောလိုက်သည်။

"သူလည်း သူ့မိန်းမကို ရိုက်မိလို့တော့ နည်းနည်းနောင်တရနေတဲ့ပုံပဲ။ သူ့မိန်းမ ပြန်အော်ပြောတော့ သူလဲ စိတ်လွတ်သွားပြီး ရိုက်မိတယ် ထင်ပါတယ်"

လင်းဝေ့ကတော့ ကျုံးရှောက်ပြောသည်ကို လက်မခံပါ။

"ဘယ်လောက် ပြဿနာဖြစ်ဖြစ် ရိုက်ရလောက်တဲ့အထိတော့ မလုပ်သင့်ပါဘူး။ တစ်ခါရိုက်မိတာနဲ့ ဆက်ဆံရေးက ပြောင်းသွားမှာ"

လင်းဝေ့က ကောင်းရှို့လျန်ကို မသနားမိပါ။ အမှန်တော့ ကောင်းရှို့လျန်၏ အဖြစ်ကိုတွေ့၍ စိတ်ထဲ၌ ကျိတ်ပျော်မိသော်လည်း အမျိုးသမီးတစ်ဦး အိမ်တွင်းအကြမ်းဖက်ခံရ၍ စိတ်မကောင်းဖြစ်မိသွားသည်။

အမျိုးသားများ စိတ်အခြေအနေ မကောင်းလျင် သူတို့မိန်းမများကို ရိုက်လေ့ရှိသည်။ သူတို့ မကျေနပ်လျင်လည်း လက်သီးဖြင့်ထိုးကာ ကန်ကျောက် လေ့ရှိသည်။

သို့သော် အရိုက်ခံရသည့် အမျိုးသမီးများကလည်း ဤကိစ္စကို ပြဿနာဟုမမြင်ပဲ သူတို့ကိုယ်ကို နှစ်သိမ့်ကြသည်မှာ "ပါးရိုက်တာလေးပါပဲ။ နှစ်ရက်လောက်ကြာရင်ကောင်းသွားမှာပါ။ မူးလာလို့သာ ငါ့ကိုရိုက်တာပါ အမူးပြေသွားရင်တော့ ငါ့အပေါ် ကောင်းရှာပါတယ် ကွာရှင်းဖို့ကတော့ မစဥ်းစားတော့ပါဘူး…" ဟူ၍သာ ဖြစ်သည်။

ထိုဇာတ်လမ်းများကြောင့် လင်းဝေ့သည် လက်ထပ်ဖို့ကြောက်နေခဲ့သည်။ လူတွေ လက်မထပ် ကြလျင်ကောင်းမည်ဟုပင် ထင်မိသည်။

ထို့ကြောင့် သူမ စာကြိုးစားခဲ့သည်။ လင်းဝေ့က နယ်မြို့ ထွက်ကာ မြို့ကြီးသို့ သွားရန်စိတ်ကူးခဲ့ကာ ထိုနေ့ရက်သည်လည်း ရောက်လာတော့မည်ဟု တွေးထင်နေ၏။

သို့သော် လင်းဝေ့၏ ကံကြမ္မာက အကြီးကြီးပြောင်းလဲသွားသည်။ သူမတို့နှစ်က ကျောင်းသားကျောင်းသူများကျောင်းအနားခံလိုက်ရပြီး နယ်ဘက်သို့ လုပ်ငန်းခွင်ဝင်ရန် အပို့ခံလိုက်ရ၏။

မြို့ကြီးပေါ်က မိန်းကလေးများ အကုန်လုံးကို စုစည်းကာ နယ်ဘက်သို့ အပို့ခံလိုက်ရသည်။ သူမလည်း နယ်ဘက်မှ အပြင်သို့ထွက်ရန် အခွင့်အလမ်း မရတော့ချေ။

လင်းဝေ့ အသက်အရွယ်ကြီးလာပြီးနောက် လူတစ်ချို့သည် တစ်နေ့ပြီး တစ်နေ့ သူမ အိမ်ကိုလာကာ သူမနှင့် ဆွေမျိုးတော်နိုင်ရန် လာရောက်ချိတ်ဆက်ကြသည့်သူများလာသောအခါ သူမ စိတ်လည်း ပြောင်းလဲလာ၏။

အကယ်၍ သူမလက်ထပ်ခဲ့လျင်လည်း သူမနှင့် ငယ်စဥ်ကတည်း သိကျွမ်းခဲ့သူနှင့်သာ လက်ထပ်ချင်သည်။

သူမနှင့် လက်ထပ်မည့်သူက စကားနည်းလျင်လည်း ရသည်။ ဒါပေမယ့် တစ်ကိုယ်ရေ သန့်ရှင်းရေးရှိရမည်။သူမနှင့် လက်ထပ်မည့်သူသည်အဆင်မြင့်ပညာရေး ရှိရန် မလိုသော်လည်း ကျိုးကြောင်းဆင်ခြင်တွေးခေါ်နိုင်စွမ်းရှိရမည်။

အရေးကြီးဆုံးက လူကိုရိုက်တတ်သည့်သူ မဖြစ်ရပါ။ဤအချက်က အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်သည်။

လင်းဝေ့က ထိုသို့စဥ်းစားမိလိုက်ရင်း ကျုံးရှောက်ကို ပြောလိုက်သည်။

"တစ်ခြားလူတွေကိစ္စကို ကျွန်မ မသိဘူး။ ရှင်ကတော့ ကျွန်မအပေါ် လုံးဝ လက်မပါရဘူးနော်။ လက်ပါလို့ကတော့ ဘယ်လောက်ချစ်ချစ် သည်းခံမှာမဟုတ်ဘူး"

လင်းဝေ့၏ အတည်ပေါက် အမူအရာကြောင့် ကျုံးရှောက်က ကျိန်ဆိုသကဲ့သို့ လက်တစ်ဖက်ချက်ချင်းမြှောက်ကာ ပြောလိုက်သည်။

"ကိုယ် မင်းပြောတာကို သတိပေးတယ်လို့ မှတ်ယူပြီး မင်းအပေါ် လက်ချောင်းတစ်ချောင်းတောင်တင်မှာ မဟုတ်ပါဘူး"

လင်းဝေ့ကလည်း ကျုံးရှောက် အပြောကို ကျေနပ်သွားကာ ပစ္စည်းအားလုံး အံဆွဲထဲထည့်လိုက်ပြီး ကျုံးရှောက်ကို ရေခရားအိုးလေး ထုတ်ခိုင်းကာ ဆေးလိုက်ပြီး ရေနွေးပူ လောင်းထည့်ကာ ခရားအိုး ကျင့်သားကျရန် လုပ်လိုက်သည်။ နှစ်ခေါက်ခန့် ရေနွေးပူထည့်ကာ ဆေးပြီးနောက် ရေခရားအိုးလေးမှာ အသုံးပြု၍ ရပြီဖြစ်သည်။

…………

ကောင်းရှို့လျန် ပါးရိုက်ခံရကာ အိမ်အပြင်သို့ ထွက်ပြေးသွားခဲ့သောကြောင့် ပြဿနာမှာလည်း အကြီးကြီးဖြစ်သွား၏။ ရုံးပိတ်ရက်လည်းဖြစ်ရာ မိသားစုအိမ်ရာရှိ လူအများကလည်း တွေ့လိုက်ကြသည်။

နောက်ဆုံးတော့ အမျိုးသမီး ရေးရာအဖွဲ့က ရုံးပိတ်ရက်ဖြစ်သော်လည်း အချိန်ပိုဆင်းလိုက်ရသည်။ ကျောက်ဖုန်းကို မွန်းလွဲပိုင်းတွင် ခေါ်တွေ့ကာ ပြဿနာ အစကိုမေးမြန်းပြီး ကျောက်ဖုန်းကို သတိပေး ဆုံးမစကားများပြောလိုက်သည်။ ကောင်းရှို့လျန်ကိုလည်း မမေ့မလျော့ သတိပေး ဆုံးမစကား ပြောခဲ့ကြသေးသည်။

ကျောက်ဖုန်းက ကောင်းရှို့လျန်ကို မရည်ရွယ်ပဲ ရိုက်မိသော်လည်း ဤသည်က အဓ်ိကပြဿနာ ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသမီးရေးရာကလည်း ကျောက်ဖုန်းကိုနားချလေရာ နောက်ဆုံးတွင် ကျောက်ဖုန်းက တောင်းပန်ခြင်းဖြင့် ပြဿနာပြီးဆုံးသွားလေ၏။ ပြီးနောက် လင်မယားနှစ်ဥိီး ပြန်လည်ပေါင်းထုတ်သွားကြတော့သည်။

ကျောက်ဖုန်းတို့ လင်မယားရန်ဖြစ်သည့်ကိစ္စကြောင့် ကောင်းရှို့လျန်သည် လင်းဝေ့ကို ရုံးတွင် တိုင်ကြားသည့်ကိစ္စနှင့် လင်းဝေ့ အလုပ်မရလိုက်သည့်ကိစ္စ မိသားစုအိမ်ရာရှိ လူတိုင်းသိသွားကြတော့သည်။

လူ့သဘော သဘာဝက အလွန်ရှုပ်ထွေးသည်။

အကယ်၍ ကောင်းရှို့လျန်က ရုံးကိုပြဿနာ ရှာတိုင်ကြားခဲ့သော်လည်း လင်းဝေ့၏ ဆေးပေးခန်းအလုပ် မပျက်သွားခဲ့လျင် အလုပ်မရသေးသည့်အရာရှိအမျိုးသမီးများက လက်ခံနိုင်ကြမည် မဟုတ်ပါ။ကောင်းရှို့လျန် လုပ်ရပ်က မှန်သည်။ တိုင်ကြားသင့်သည်ဟု တွေးကြမည်ဖြစ်သည်။

သို့သော် လင်းဝေ့က အလုပ်မရတော့ရာ လူတိုင်းက လင်းဝေ့ကို ကံဆိုးရှာသည်ဟု ပြောကာ လုပ်ငန်းစဥ်စနစ်မမှန်၍သာဖြစ်သည်။ သူမအပြစ်မဟုတ် သူများအပြစ်သာဖြစ်သည်ဟုပြောပြီး လင်းဝေ့ကို သနားကြ၏။

ကောင်းရှို့လျန်ကို ပစ်ပယ်ကာ လင်းဝေ့ကို သနားကြ၏။

လျိုတန်းနှင့် လင်းဝေ့ စကားပြောနေစဥ် ကောင်းရှို့လျန်က ခိုးနားထောင်ခဲ့ကာ လင်းဝေ့၏ အလုပ်အကြောင်းသိသွားပြီး ရုံးကိုသွားတိုင်ခဲ့ခြင်းဖြစ်ကြောင်းကို အရာရှိအမျိုးသမီးများ သိပြီးသည့်နောက် ကျောက်မိသားစုအိမ်ဘေးသည် သူတို့အတွက် မလုံခြုံတော့ပေ။

ကျောက်မိသားစုအိမ်ဘေးမှ အိမ်နီးချင်းများသာမက ပတ်ဝန်းကျင်ရှိ အရာရှိအမျိုးသမီးများပင်လျင် အတင်းအဖျင်း စကားပြောနေကြစဥ် ကောင်းရှို့လျန်ကိုတွေ့သည်နှင့် စကားပြောနေသည်ကို ရပ်လိုက်ကြ၏။ကောင်းရှို့လျန် ကြားသွားကာ သူတို့နောက်ကွယ်တွင် ပြန်ပြောမည်ကို စိုးရိမ်၍ ဖြစ်သည်။

ကျောက်ဖုန်းလည်း ထိုသို့အဖြစ်အပျက်များ ကြုံရ၏။အရာရှိ အချင်းချင်း အားလပ်ချိန်များတွင် အလာဘသလာဘများပြောဆိုကြသည့်အခါ "ဒုတပ်မှုးကျောက် ကျွန်တော်တို့ပြောတာကိုတော့အပြင်မှာ လျှောက်မပြောဘူးမလား" ဟု အမေးခံရတတ်၏။

သူတို့ကတော့ ပြုံးကာ မေးသော်လည်း ကျောက်ဖုန်းကတော့ အဆင်ပြေမနေခဲ့ပါ။

…………

သူတို့ဘေးအိမ်ရှိ အတွဲက ရန်ဖြစ်နေစဥ် လင်းဝေ့ကတော့ တစ်နေ့လုံးသာယာနေ၏။

လင်းဝေ့ စစ်တပ်ထဲမလာခင် ချည်မျှင်စက်ရုံတွင် ဂိုဒေါင် အုပ်ချုပ်ရေးမှုး လုပ်ခဲ့စဥ်က အလုပ်က မပင်ပန်းသော်လည်း မလွယ်ကူခဲ့ပါ။

လင်းဝေ့လုပ်သော ချည်မျှင်စက်ရုံ ရုံးခန်းထဲတွင်လည်း လူလေးဦးရှိကာ အမျိုးသမီးနှစ်ဦး အမျိုးသားနှစ်ဦးဖြစ်၏။

အားလုံးက အလုပ်ကို တက်တက်ကြွကြွ လုပ်ကြရာ ခေါင်းဆောင် အမျိုးသမိီးကလည်း အလုပ်ကို သေချာဦးဆောင်လုပ်သည့်အတွက် လင်းဝေ့ကို ပစားပေးခြင်းလည်းမရှ်ိပါ။

သူမအလုပ်က အလုပ်ကြမ်း သမားတွေနှင့် ယှဥ်လျင်တော့လွယ်ကူသည်။ ဂိုဒေါင် စာရင်းစစ်ရသည့်အလုပ်မှာလည်း နေ့ခင်းတွင်သာဖြစ်ပြိီး ညဆိုင်းမဆင်းခဲ့ရပါ။ ထို့ကြောင့် လင်းဝေ့မှာလည်း ပင်ပင်ပန်းပန်း မလုပ်ရခဲ့ပေ။

သို့သော် တစ်ခါတစ်လေတော့ တစ်နေကုန် အလုပ်ဆင်းပြီးသည်နှင့် အိမ်ပြန်ရောက်လျင် ပင်ပန်းသည်ဟုခံစားရကာ အိမ်တွင် ဘာမျှ မလုပ်လိုတော့ပေ။

သူမ အမေက ကလေးထိန်းပေး၍ တော်သေး၏။ လင်းဝေ့ကလည်း သူအမေကို အလကား ကလေးမထိန်းခိုင်းခဲ့ပဲ လစာပေးခဲ့သည်။ ညစာ စားပြီးနောက် လင်းဝေ့က ပန်းကန်ဆေးကြောရေးတာဝန်ယူလိုက်ကာ ကလေးနှစ်ယောက်ကို ရေချိုးပေးပြီး အဝတ်လဲပေးလိုက်ကာ သူမလဲ ရေချိုး အဝတ်လဲ လိုက်၏။

သူ့အမေကို အဝတ်တွေ မလျှော်ခိုင်းစေချင်၍ သူမအဝတ်တွေကိုလည်း အမြဲလိုလို တစ်ခါတည်း လျှော်လိုက်လေ့ရှိသည်။ ပုံမှန်အားဖြင့် ကိုးနာရီ သို့မဟုတ် ဆယ်နာရီလောက်တွင် အားလုံးပြီးစီးကာ အခန်းထဲဝင်လာလျင် ကလေးများကလည်း အိပ်နေကြပြီဖြစ်သည်။

All Chapters