← Chapters

Chapter 47

Vol. 4 Ch. 47

Chapter 47

Vol. 4 Ch. 47

သူမတို့ မင်္ဂလာဆောင်ခါစက ကျုံးရှောက်သည် အိပ်ရာပေါ်က ကိစ္စကို သိပ်စိတ်မဝင်စားဟု ထင်မိသည်။ မင်္ဂလာဦးညတွင် ဂွမ်းစောင် ကိုယ်စီခြုံကာ အိပ်ခဲ့ကြကြီး သုံးရက်မြောက်နေ့ညမှသာ သူတို့နှစ်ဦးစလုံး၏ ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။

ပထမဆုံးဖြစ်၍ လုပ်ငန်းစဥ်မှာ အဆင်ပြေချောမွေ့ခြင်း မရှိခဲ့ပါ။

ကျုံးရှောက် စစ်တပ်ထဲပြန်မသွားခင် အကြိမ်အနည်းငယ်သာ အတူနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမလက်ထပ်ပြီးနောက် သတို့သမီးအသစ်တစ်ယောက်က သူမကို အတူမနေချင်လျင် ဘယ်လိုငြင်းရမလဲဟုမေးရာ သူမလည်း မသိ၍ မပြောပြနိုင်ခဲ့ချေ။ လင်းဝေ့မှာလည်း အတွေ့အကြုံ လုံလုံလောက်လောက်မရှိ၍မသိပါ။

အခုတော့ သူမတွင် အတွေ့အကြုံရှိပြီဖြစ်သည်။

ရွေ့ရွေ့ကလည်း သူ့အခန်းတွင် အိပ်တတ်ပြီးနောက် ညသန်းခေါင် တစ်ခါတစ်လေမှသာ အပေါ့အပါးအတွက် ထလာတတ်သည်။ ဤသည်မှာလည်း ညတိုင်းမဟုတ်ပါ။

ထို့ကြောင့် လင်းဝေ့တို့ အတွဲလည်း အနှောက်အယှက်မရှိတော့ရာ သူတို့နှစ်ဦးကြား ကိုယ်လက်နှီးနှောမှုများ ရှိလာ၏။

လင်းဝေ့က အတူနေရသည်ကို မုန်းသည်တော့ မဟုတ်ပါ။ ကျုံးရှောက်၏ လှုပ်ရှားပုံများ မူမမှန်သောကြောင့် သူတို့နှစ်ဦး၏ ပထမဆုံးအကြိမ်မှာ အဆင်မပြေခဲ့ပါ။သို့သော် တစ်ဖြည်းဖြည်းချင်း တတ်ကျွမ်းလာမှုကြောင့် လင်းဝေ့လည်း အရသာကို သိလာ၏။

မည်မျှကောင်းသည့် စားစရာဖြစ်စေ ကြာလာလျင် ညဥ်းငွေ့လာမည်ဖြစ်သည်။ လင်းဝေ့က ပင်ပန်းလာသော်လည်း ကျုံးရှောက်ကတော့ အားအင်များ ပြည့်ဝနေဆဲဖြစ်၏။ ထို့ကြောင့် လင်းဝေ့လည်း ညသန်းခေါင်ထိအိပ်မရဖြစ်ကာ မနက်နိုးလာတိုင်း သန်းဝေကာ ထလာရ၏။

လွန်ခဲ့သည့်နှစ်ရက်က စျေးသွားစဥ် အမျိုးသမီးတစ်ချို့က ဘာကြောင့် အားအင်မရှိဖြစ်နေရသနည်းဟု စနောက်ကာ မေးကြသည်။

လင်းဝေ့ - "………"

ရှက်ဖို့ကောင်းလိုက်တာ။

သို့သော် ကျုံးရှောက်က နှစ်ရက်အကြာတွင် ပင်လယ်ထဲသွားမည်ဖြစ်၍ ဆယ်ရက်လောက် အိမ်ပြန်လာဖြစ်မည်မဟုတ်ကြောင်း ပြော၍ သနားမိကာ မငြင်းဆန် ရက်တော့ပေ။

လင်းဝေ့လည်း ကျုံးရှောက်ကို သနားကာ သုံးည လုံး ခွင့်ပြုပေးလိုက်တော့သည်။

…………

ထို့ကြောင့် ကျုံးရှောက် ပင်လယ်ထဲမသွားခင် တစ်ရက်အလိုတွင် ခုံများကို အပြီးလုပ်လိုက်သည်။ ကလေးသုံးယောက်အတွက်သာမက လင်းဝေ့ဖို့ပါ တစ်ခုံပါသေး၏။

လင်းဝေ့အတွက် ခုံကတော့ အိမ်ရှိခုံများထက် အနည်းငယ် နိမ့်ပြီး ကလေးများ၏ ထိုင်ခုံအသစ်ထက်အနည်းငယ် မြင့်လေသည်။ ထို့ကြောင့် ကလေးများကို စာပြရာတွင် သက်တောင့်သက်သာ ထိုင်နိုင်ပြီဖြစ်သည်။

အမြန်လုပ်လိုက်ရသောကြောင့် ထိုင်ခုံလေးခုစလုံး မှာ ဆေးမသုတ်ရသေးချေ။ သို့သော် ချောမွတ်နေအောင် ပေါလစ်တိုက်ထား၍ ကိုင်ကြည့်လျင်တော့ မကြမ်းတမ်းပါ။

မင်မင်က ထိုင်ခုံအသေးလေးများကို အရမ်းကြိုက်သွားသည်။ ကော်ဖီစားပွဲပေါ်တွင် အကြာကြီး စာသင်ရကာ စာထိုင်ရေးရသည်ကို မကြိုက်ပါ။ အခုတော့ ထိုင်ခုံလေးခုလုပ်ထားပြီး ထိုင်ခုံများကိုလည်း နံပါတ်တပ်ထားရာ နံပါတ်တစ်က သူ့ထိုင်ခုံဖြစ်သည်။ ဘယ်သူမှ ထိုထိုင်ခုံကို ထိုင် လို့မရပါ မင်မင်၏ အပိုင် ထိုင်ခုံဖြစ်သည်။

မင်မင်သည် ထိုထိုင်ခုံကို အရမ်းကြိုက်၍ ညနေစာ စားချိန်တွင်ပင် ထိုထိုင်ခုံ၌ ထိုင်စားသည်။

ထိုင်ခုံလေးက ပုနေ၍ စားပွဲကိုမမှီပဲဖြစ်နေ၏။ ထို့ကြောင့်သူ့အမေကို စားချင်သည့်ဟင်းထည့်ပေးရန် ပြောလိုက်သည်။

"မေမေ ဂဏန်းပေါင်းက စားလို့ကောင်းတယ် သားကို ဂဏန်းအသား ထပ်ထည့်ပေးပါဦး"

လင်းဝေ့လည်း လပေးရိက္ခာကို ဒီနေ့မှ ရသည့်အတွက် ကောင်းကောင်းလေးစားရန် စီစဥ်ထားခဲ့သည်။ ဤကဲ့သို့နေ့မျိုးတွင် အိမ်ရှင်မ အများစုကလည်း လင်းဝေ့ကဲ့သို့ စဥ်းစားကြကာ တစ်လမှာ နှစ်နပ်ခန့် အထူးညစာ စားကြသည်။

လင်းဝေ့ စျေးသွားစဥ် ပင်လယ်ငါးနှင့် ကျောက်ပုစွန်များဝယ်ခဲ့သည်။ အရွယ်အစား မတူသည့်ဂဏန်းများလည်း စျေးတန်းတွင် ကျန်နေလေရာ အသားများများပါသည့် ဂဏန်းလေးကောင်လည်း ဝယ်ခဲ့သေးသည်။

လင်းဝေ့က ဂဏန်းလေးခုဝယ်ပြီး နှစ်ခုကိုပေါင်းကာ နှစ်ခုကို ကြော်လိုက်လေသည်။ ဂဏန်းပေါင်းဘေးတွင် ကမာကောင်များကိုလည်း တစ်ဦးလျင် နှစ်ခုနှုန်းဖြင့်ထည့်ပေါင်းထားလိုက်သည်။ ကမာကောင် ကတော့အရေအတွက် ကန့်သတ်ထားသော်လည်း ဂဏန်းကတော့ နှစ်ကောင်သာပေါင်းထား၍ ခွဲစားရမည်ဖြစ်သည်။

သူမသားမင်မင်၏ ဂဏန်းအသားထပ်တောင်းသည်ကိုကြားသောအခါ လင်းဝေ့က စိတ်ဆိုးသည့်အသံဖြင့်ပြောလိုက်၏။

"သားတော်ပြီထင်တယ်နော်"

နောက်ဆုံးမှာတော့ လင်းဝေ့လည်း ပန်းကန်အလွတ်တစ်ချပ်တွင် သူလိုချင်သည့်ဟင်းများထည့်ကာ ထိုင်ခုံအရှည်ပေါ်တွင် တင်ပေးလိုက်သည်။

"ဒါသားရဲ့ ညနေစာ အကုန်ပဲနော် ဖြည့်းဖြည်းစား ဒါကုန်သွားရင် ထပ်မရတော့ဘူးနော်"

မင်မင်ကလည်း သဘောတူလိုက်ကာ ဟင်းကိုယူစားလိုက်သည်။ သို့သော် သူ့အမေပြောသည်ကို အမှန်တကယ် မမှတ်ထားပေ။ သူ့ထမင်းပန်းကန်ကို ယူလိုက်ပြီး ကမာကောင်တစ်ခု ယူစားလိုက်သည်။ ကမာကောင် နှစ်ခုစလုံးကို နှစ်လုပ်တည်းနှင့် အပြီး စားလိုက်ကာ သူ့နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။

ကြက်သွန်ဖြူနှင့် ပေါင်းထားသည့်ဂဏန်းကိုလည်း ပထမဆုံးအကြိမ်စားဖူးသကဲ့သို့ စားလိုက်သည်။ထို့နောက် ဂဏန်းလက်များကို သူ့အဖေကို ခွာခိုင်းကာ အသားကို စားလိုက်သည်။

တစ်ခဏအကြာတွင် သူ့ဝေစုဂဏန်းများ အကုန်စားပြီးပြီဖြစ်သည်။

သူ့ဝေစု ပင်လယ်စာများ အကုန်စားပြီးသောအခါ မင်မင်က ထမင်းစား စားပွဲပေါ် မော့ကြည့်လိုက်စဥ် သူ့မိဘများနှင့် သူ့ညီလေးက ပင်လယ်စာများစားနေသေးသည်ကိုတွေလ်ိုက်ရ၍ ထပ်စားချင်လာကာ နှုတ်ခမ်းကို သပ်လိုက်ပြီး သူ့အမေကိုပြောလိုက်သည်။

"မေမေ သားစားလို့ကုန်သွားပြီ"

လင်းဝေ့ကလည်း တစ်ချက်ငဲ့ကြည့်ကာ မင်မင် ဆိုလိုသည်ကို နားမလည်ချင်ယောင် ဆောင်လိုက်ပြီး ပြောခဲ့သည်။

"ဘယ်မှာ စားလို့ပြီးလို့တုန်း။ ပန်းကန်ထဲမှာ ထမင်းတွေအများကြီးကျန်သေးတာကို။ ထမင်းမကုန်ရင်ရိုက်မယ်လို့အမေ မပြောထားဘူးလား"

မင်မင်လည်း သူ့ပန်းကန်ကိုကြည့်လိုက်ပြီး ထမင်းနှစ်ဇွန်းခန့် ပါးစပ်ထဲ ထည့်လိုက်ကာ သူ့အမေတို့ကို လှမ်းကြည့်လိုက်သည်။ သူ့ညီလေးက ကမာကောင် တစ်ခု ယူကာ စားနေသည်ကို တွေ့လိုက်ရသည်။

ကမာကောင်ပေါင်းတွင် ထည့်ထားသည့်ကြက်သွန်ဖြူစင်းကောမှာ ရွှေရောင်သန်းနေကာ အလွန်ဆွဲဆောင်နေသည်။

မင်မင်လည်း တံတွေးမြိုချရင်း သူ့အမေကို အသံတိုးလေးနှင့်ပြောလိုက်သည်။

"မေမေ သားလည်း ကမာကောင်စားချင်တယ်"

လင်းဝေ့ကလည်း "မေမေ သားကို ကမာကောင် နှစ်ခုပေးလိုက်တယ်လေ။ အကုန်စားလိုက်ပြီမလားး ဒါမှမဟုတ် မေမေက ကမာကောင် မထည့် ပေးလိုက်ဘူးလား" ဟုပြောလိုက်သည်။

မင်မင်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် "ဟုတ်ကဲ့ အကုန်စားလိုက်ပါပြီ"ဟုပြောကာ ဆက်ပြီး ချွဲနေသလို အသံဖြင့် ပြောခဲ့သည်။

"မေမေ သားဒီထိုင်ခုံအသေးလေးမှာ မထိုင်ချင်တော့ဘူး စားပွဲအကြီးမှာ ပြန်လာစားလို့ရလား" ဟုမေးလိုက်၏။

အမေဖြစ်သည့်လင်းဝေ့က သူမ သား၏ရည်ရွယ်ချက်ကို မသိပဲနေမလား။ မင်မင်ဘက် ခေါင်းကို လှည့်ကာကြည့်ရင်း အပြုံးလေးနှင့်ပြောလိုက်သည်။

"မရဘူးး"

ကောင်ကလေးက ငိုတော့မည့်ပုံပေါက်လာသည်။ - "မေမေ!!!"

"သား ထမင်းစားပွဲ မှာ လာစားချင်စားလို့ရတယ်" သူ့အမေရဲ့ ခွင့်ပြုမှုကိုကြားလိုက်ရ၍ မင်မင် တစ်ယောက် ပျော်၍ မပြီးသေးခင် လင်းဝေ့က ဆက်ပြောလိုက်သည်။

"မေမေ အရင် ထည့်ပေးထားတာကို ကုန်အောင်အရင်စားရမယ် မဟုတ်ရင် လာမစားရဘူး"

"ဒါပေမယ့် သားစားပြီးတဲ့အခါ မေမေတို့က ဂဏန်းတွေ အကုန်စားလိုက်ရင်ရော?" ဤအချက်က အရေးအကြီးဆုံးဖြစ်သည်။

လင်းဝေ့လည်း ထမင်းစားစားပွဲကိုကြည့်လိုက်ရာအရွက်ကြော်နှင့် အသုတ်များကိုသာ စားထားကြပြီး ပင်လယ်စာဟင်းက တစ်ဝက်ခန့်ကျန်သေး၏။

"မေမေတို့ စားပြီးတဲ့အထိသားစားလို့မပြီးသေးရင် မေမေတို့က သင့်တော်သလို ဂဏန်းခြေထောက် တစ်ခုချန်ထားပေးမယ်။ မေမေတို့ မပြီးသေးခင် သားက သားပန်းကန်ထဲက ထမင်းအကုန်စားပြီးရင် မေမေတို့နဲ့အတူ လာစားလို့ရမယ်"

လင်းဝေ့ပြောပြီးသည်နှင့် မင်မင်က သူ့ပန်းကန်ထဲက ထမင်းကို စစားတော့၏။

လင်းဝေ့ကလည်း မင်မင်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်ထား၍ ကျုံးရှောက်ကို မျက်လုံးမှိတ်ပြလိုက်သည်။ထို့နောက် ဂဏန်းအခွံခွာလိုက်ပြီး ရွေ့ရွေ့ပန်းကန်ထဲ ထည့်ပေးလိုက်၏။

လင်းဝေ့ကလည်း ကတိအတိုင်း မင်မင့်အဖို့ ဂဏန်းခြေထောက်တစ်ချောင်း ချန်ထားပေးသည်။

ဂဏန်းခြေထောက်ဖြစ်၍ ဂဏန်းလက်မလောက် အသားမပါချေ။ မင်မင်လည်း ဂဏန်းခြေထောက်ကိုကြည့်ရင်း ငိုမဲ့မဲ့ဖြစ်လာသည်။

လင်းဝေ့ကလည်း "ဘာလို့မစားတာလဲ။ သားမကြိုက်ဘူးလား။ သားမကြိုက်ရင် မေမေစားလိုက်မယ်" ဟုပြောလိုက်ရာ

"သားစားမယ်" ဟုအော်ပြောလိုက်ပြီး ဂဏန်းခြေထောက်အသားက်ို ကိုက်စားလိုက်သည်။

ဂဏန်းအသားအနည်းငယ်ကိုစားပြီးသော် လင်းဝေ့က မင်မင်ကို မေးလိုက်သည်။

"သား မနက်ဖြန်ကျရင်ရော ထိုင်ခုံအသေးလေးနဲ့ပဲစားမှာလား ထိုင်ခုံ အမြင့်နဲ့စားမှာလား။ သားက ထိုင်ခုံ အသေးလေးနဲ့ပဲ စားမယ်ဆိုရင် မေမေက ထမင်းဘူးလေးနဲ့ သားဖို့ ထမင်းထုပ်……"

လင်းဝေ့ပင် ပြော၍ မပြီးသေးချိန် မင်မင်က အော်ပြောလိုက်သည်။

"သားမနက်ဖြန်ကျ ထမင်းစား စားပွဲပေါ်မှာပဲ စားမယ်!!"

...........

ခုံအသစ်များဖြင့် စာသင်သည်နှင့် လင်းဝေ့က ကလေးများကို အိမ်စာ ရေးခိုင်းတော့သည်။

အိမ်စာက အများကြီးတော့မဟုတ်ပါ။ သရအက္ခရာများနှင့် သင်္ချာအက္ခရာများကိုသာ မှတ်မိစေရန် ရေးခိုင်း၏။

ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးကတော့ ဘာမှမပြောပဲ ရေးခိုင်းသည့်စာကို ပြီးအောင်ရေးကြ၏။ သူတို့နှစ်ယောက်လုံးအတွက် ထိုင်ခုံပေါ် ထိုင်ပြီး စာရေးရဖို့က မခက်ခဲပေ။

မင်မင် အတွက်ကတော့ တော်တော်လေး ခက်ခဲသည်။သူ့အတွက် စာထိုင်နားထောင်သည်ကပင် ခက်ခဲလေရာ ထိုင်ရေးဖို့ ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။ ထို့ကြောင့်သူ့အမေနှင့် ညှိနှိုင်းလိုက်၏။ "မေမေ သားစာ မရေးလို့ရမလား"

လင်းဝေ့ကလည်း ချက်ချင်းငြင်းလိုက်သည်။

"ဘာ့ကြောင့်မရေးချင်တာလဲ အရင်ပြော။ ဒါဆိုမေမေ စဥ်းစားပေးမယ်"

မင်မင် အကြောင်းပြချက်မပေးနိုင်ခင် လင်းဝေ့က ရုပ်တည်ဖြင့် ပြောလိုက်၏။

"လိမ်ဖို့တော့မစဥ်းစားနဲ့နော်။ လိမ်ရင် အိမ်စာတွေကို နှစ်ဆရေးရမယ်။ သရအက္ခရာစာလုံးတွေကိုလည်း လေးမျက်နှာရေးရမယ်"

မင်မင်လည်း တစ်ခါတည်းပါးစပ်ပိတ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်နေ၏။

"သူ များတွေဆို ခြောက်နှစ်လောက်မှ စာရေးရတာ။ သားက အခုမှ သုံးနှစ်ပဲရှိသေးတာကို"

"ဟုတ်တယ် သူများက ခြောက်နှစ်လောက်မှ စာဖတ်နိုင်ကြတာ အခု သားက သုံးနှစ်လောက်နဲ့စာဖတ်နိုင်တာ ဘယ်လောက် ကံကောင်းလိုက်လဲ" ဟု လင်းဝေ့ကလည်း ပြန်ပြောလိုက်သည်။

မင်မင်ကလည်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ "သား ကံမကောင်း လို့ရမလား"

"မရဘူးး" ဟု လင်းဝေ့ကလည်း ပြုံးကာပြန်ပြောခဲ့သည်။

All Chapters