← Chapters

Chapter 48

Vol. 4 Ch. 48

Chapter 48

Vol. 4 Ch. 48

မင်မင်လည်း သက်ပြင်းလေးချကာ အပြင်ဘက်က ကောင်းကင်ပြာက်ို ခေါင်းငဲ့ကြည့်လိုက်သည်။ သူအပြင်ကို အရမ်း ထွက်ကစားချင်မိသည်။

အပြင်ကို လှမ်းကြည့်နေသော မင်မင်၏ ရည်ရွယ်ချက်ကိုသိသော လင်းဝေ့က ဆက်ပြောလိုက်သည်။

"သားတို့ကို ရေးစရာ အများကြီးလည်း မပေးထားဘူး။မြန်မြန်ရေးလို့ပြီးရင် အတန်းဆင်းလို့ရမယ်။ အတန်းဆင်းရင်အပြင်မှာ ကစားလို့ရပြီ။ ဖြည်းဖြည်းလေး ရေးနေရင်လည်း ကိစ္စမရှိဘူး မွန်းတည့်ကျော်မှ ကစားရမယ်"

မင်မင်က သက်ပြင်းလေးချရင်း "သိပါပြီမေမေ"ဟုပြောလိုက်သော်လည်း သူ့အမေပြောလိုက်သည့်အရေးကြီးသည့်အချက်များကိုတော့ ကြားလိုက်ဟန်မတူချေ။

ရွေ့ရွေ့နဲ့ရှောင်ရှီးရှီးက အတန်းဆင်းရဖို့ စာရေးနေကြသည်။ အရင်ကလည်း စာသိပ်မရေးဖူးလေရာ ရေးရင်းရေးရင်းနှင့် စာလုံးများကို မှတ်မိရန်ကြိုးစားနေ၏။

ပထမဆုံး စာရေးကျင့်ကြသည်ဖြစ်၍ လင်းဝေ့ကလည်း သိပ်မစစ်ပဲ သူတို့ရေးပုံရေးနည်း မှန်မမှန်ကိုသာ စစ်လိုက်ပြီး အပြင်ထွက်ဆော့ခိုင်းလိုက်သည်။

မင်မင့်အတွက်ကတော့ ပထမဆုံး အကျဥ်းချထားသည်ဟု ခံစားလိုက်ရ၏။

လင်းဝေ့က စာမပြီးလျင် အပြင်ထွက်မဆော့ရဘူးဟုပြောသောအခါ ဂရုမစိုက်ပဲ နေခဲ့ပြီးမှ သူ့ညီလေးနှင့် သူ့သူငယ်ချင်းတို့ ဆော့ကစားရန် လက်ချင်းချိတ်ကာ အပြင်ထွက်သွားသည်ကို တွေ့လိုက်ရမှ ကောင်ကလေးက မနာလိုစွာ ငိုတော့သည်။

မင်မင် လည်ပင်းရှည်လေးနှင့်အပြင်ကို လှမ်းကြည့်နေသည်ကိုတွေ့လိုက်သောအခါ လင်းဝေ့က မေးလိုက်သည်။

"အပြင်ကို သွားဆော့ချင်လား"

လင်းဝေ့ကို မျက်ရည်ဝိုင်းလေးနှင့်လှည့်ကြည့်ပြီး

"ဟုတ်" ဟုပြောလိုက်သည်။

မျက်လုံးနီ နှင့်ကောင်ကလေးကို လင်းဝေ့က သူ့ရှေ့မှ စာအုပ်ကို လက်ညိုးထောက်ပြရင်း ပြောလိုက်သည်။

"တစ်မျက်နှာပဲကျန်တော့တယ်။ သား ရေးပြီးသွားရင် သွားဆော့လို့ရပြီ"

စာရေးပြီးသွားရင် ဆော့လို့ရမှန်း သူသိတာပေါ့။

"တစ်မျက်နှာကြီးများတောင်ရေးရဦးမှာ အများကြီးပဲ"

"ဘာလို့အများကြီး ကျန်နေသေးတာလဲ သိလား။ သားမှ မရေးတာ"

"ဒါပေမယ့် သားလည်း အကြာကြီးရေးနေတာပဲလေ" ဟု မျက်ရည်ဝိုင်းလေးနှင့် သနားစရာကောင်းအောင် ပြောနေသည်။

သို့သော် လင်းဝေ့ကလည်း အလျော့မပေးပါ။

"အကြာကြီးရေးနေလဲ သားမှ အာရုံစိုက်မရေးတာ။အပြင်ထွက်ဆော့ဖို့ပဲ တွေးနေတာကိုး။ ပုံမှန်ရေးသွားရင်ပြီးမှာပဲ။ သားက အပြင် ထွက်မဆော့ ချင်ဘူးလား"

မင်မင်ကလည်း ခေါင်းငုံ့ကာ မဟုတ်ဘူး ဟုပြောလိုက်၏။

"ဟုတ်ပြီ။ ဒါဆို အာရုံစိုက်ပြီး သေချာရေး။ မဟုတ်ရင် မဆော့ရဘူး။"ဟုပြောပြီး အပြင်ဘက်က ဆော့နေသည့်နှစ်ယောက်ကို လက်ညိုးညွှန်ပြပြီး မေးလိုက်သည်။

" ရွေ့ရွေ့နဲ့ ရှောင်ရှီးရှီးတို့ကို ကြည့်လိုက် သူတို့က စားကိုသေချာရေးတယ် ဒါ့ကြောင့် အတန်းစောစောဆင်းပြီး ဆော့လို့ရတယ်။ ဒါကိုသားက အားကျနေတာလား"

မင်မင်ကလည်း ကြေကွဲလေသံလေးနှင့် ဟုတ် ဟုပြန်ပြောရှာသည်။

"သား အားကျရင် စာက်ိုသေချာရေး။ စိတ်ပါလက်ပါသေချာရေး။ ဒါဆို ရွေ့ရွေ့တို့လို အပြင် ကို နာရီဝက်ကြိုပြီး ဆော့လို့ရမယ်။ သေချာ မရေးရင်တော့ ညမအိပ်ခင်အထိ ရေးရမယ်။ စိတ်မပါပဲ ဖြည်းဖြည်းလေးရေးနေရင်တော့ မနက်ဖြန်မနက်အထိ ရေးရလိမ့်မယ်။ ရွေ့ရွေ့နဲ့ မေမေကလည်း သားကိုမစောင့်ပဲနဲ့ အိပ်လိုက်ကြမှာ" ဟုပြောလိုက်သည်နှင့် မင်မင်က ရုတ်တရက် ထအော်လာသည်။

"သားလည်း အိပ်မှာ"

"အဲသည်တော့?"

" သား စာကို သေချာရေးပါ့မယ်" ကောင်လေးက ထိုသို့ပြောပြီး စားကို ကုန်းရေးတော့သည်။

အမှန်တော့ မင်မင်က ဉာဏ်ကောင်းပေမယ့် ကလေးဖြစ်နေ၍ ပြေးလွှားဆော့ကစားရန်သာ စိတ်ဝင်စားကာ စာရေးရန် အာရုံမစိုက်နိုင်ခြင်းဖြစ်သည်။

လဝက်လောက် ဆိုရင် ရွေ့ရွေ့နဲ့ ရှောင်ရှီးရှီးတို့က သရအက္ခရာတွေ အားလုံးနှင့် ဂဏန်းအက္ခရာ ၁ ကနေ ၁၀၀ ကို မှတ်မိနိုင်မှာဖြစ်သည်။ သို့သော် ဤ တစ်ယောက်ကတော့……

လင်းဝေ့လည်း မင်မင်ကိုကြည့်ရင်း ဒီကလေးက ဘယ်လိုမျိုး ကျုံးရှောက်နဲ့ တူတဲ့သူ ဖြစ်လာ မလဲနော် ဟုတွေးလိုက်မိ၏။

အနာဂတ်မှာ ပြောင်းလဲနိုင်မှန်း သိသော်လည်း စာသင်ခန်းထဲ အာရုံမစိုက်ခြင်းစသည့် အကျင့်ဆိုးများက လွယ်လွယ်နဲ့ ပြောင်းလဲနိုင်ပါ့မလား။

ကလေးတွေ ဆိုသည်က ငယ်ရွယ်စဥ်ထဲက ဆုံးမပြုပြင်ပေးသင့်သည်။

…………

မင်မင်စာကို အာရုံစိုက်ရေးနေတုန်း လင်းဝေ့ကလည်း သူ့ဘေးနား ထိုင်မနေတော့ပဲ မနက်ဖြန် အတွက် သင်ခန်းစာကို စဥ်းစားနေလိုက်သည်။

ဤစာသင်ကြားခြင်းက ကလေးများကို မိတ်ဆက်သင်ကြားပေးခြင်းဖြစ်သော်လည်း ကြုံရာ ကျပန်း သင်ပေးရန်တော့ မရည်ရွယ်ထားပါ။

ပထမဦးဆုံး သရအက္ခရာများနှင့် သင်္ချာအက္ခရာများကိုသင်ပေးပြီး နောက်ပိုင်းကျလျင် မိသားစုဝင်များနာမည်ကို လျှောက်လွှာဖောင်များဖြည့်ရာတွင် ရေးတတ်ရန် သင်ပေးမည်ဖြစ်သည်။

ရွေ့ရွေ့ နှင့် ရှောင်ရှိီးရှီးက စာကို ဂရုတစိုက် သင်ယူကြသောကြောင့် သရအက္ခရာများနှင့် သင်္ချာအက္ခရာများကို ရင်းနှီးနေပြီဖြစ်ကာ လင်းဝေ့ စီစဥ်ထားသည့်အတိုင်းနောက် တစ်ဆင့်ကို သင်ပေး၍ ရပြီဖြစ်သည်။

ပြဿနာက မင်မင်သာဖြစ်သည်။ စာကိုအာရုံမစိုက်နိုင်၍ နောက်တစ်ဆင့်တက်နိုင်ရန် မသေချာသေးပါ။ ဤ သင်ခန်းစာသာ ဆက်သင်မည်ဆိုပါက ရွေ့ရွေ့နှင့်ရှောင်ရှီးရှီးတို့က ပျင်းရ်ိလာနိုင်သည်။

နောက်တစ်နည်း လုပ်ရမည်ဆိုပါက ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးတို့က နောက်တစ်ဆင့်ဆက်သွားကာ မင်မင်ကတော့ သရအက္ခရာများနှင့် သင်္ချာအက္ခရာများများကို အရေးကျင့်ရမည်ဖြစ်သည်။

သို့သော် ဤသို့ ခွဲခြားသင်ပေးခြင်းက ကလေးကို မကောင်းသည့် လွှမ်းမိုးမှုများ ဖြစ်လာနိုင်သည်။ ကလေးများ၏ အမေ လည်းဖြစ် ဆရာလည်း ဖြစ်သော လင်းဝေ့က မိမိကလေးများ၏ စိတ်ပိုင်းဆိုင်ရာကိုလည်း စဥ်းစားပေးရမည်ဖြစ်သည်။

ထို့ကြောင့် လင်းဝေ့လည်း နောက် တစ်ဆင့်မတက်တော့ပဲ ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးကို တရုတ်အက္ခရာလက်ရေးလှ ရေးနည်းကို လေ့ကျင့်စေမည်ဖြစ်သည်။ ကလေးနှစ်ယောက်ကို လေ့ကျင့်ပေးနေတုန်း သူမလည်း လေ့ကျင့်ပြီးသား ဖြစ်သွားမည်ဖြစ်သည်။

လင်းဝေ့လည်း သူမအတွက် အကျိုးတစ်ခုခုရှိရန် ကလေးများကို စာသင်ပေးခြင်းဖြစ်ပြီး သူတို့ကို ဉာဏ်ကြီးရှင် ဖြစ်လာရန် သင်ပေးခြင်းမဟုတ်ရာ အရမ်းကြီးတင်းကြပ်ရန် မလိုအပ်ဟု ထင်မိသည်။

ရွေ့ရွေ့ကိုတော့ သူတို့အဖေကျုံးရှောက် ကလေးများဖတ်စာအုပ် ယူလာမှသာ စာဖတ်နည်း ဖြည်းဖြည်းသင်ပေးရန် စိတ်ကူးလိုက်သည်။

ထိုသို့ဆုံးဖြတ်လိုက်ပြီး လင်းဝေ့သည် စာအုပ်ကို ပိတ်လိုက်ကာ ကလေးများ ဂေါ်လီလုံး ပစ်တမ်းကစားနေသည်ကို မြင်နိုင်သော တံခါးပေါက်နားလျှောက်သွားလိုက်၏။

ဂေါ်လီလုံးကစားခြင်းသည် ယနေ့ခတ် ကလေးများကြားတွင် အလွန်ခတ်စားနေ၏။ ရှီးချန်မြို့မှာသာ ခတ်စားသည်မဟုတ် ကျွန်းပေါ်ရှိကလေးများကလည်း ကစားရသည်ကို ကြိုက်ကြသည်။ ဂေါ်လီလုံးမရှိလျင် တစ်ခြားကလေးများနှင့် အတူကစားခွင့်မရနိုင်သည်အထိ ခတ်စား၏။

ကျုံးရှောက်တို့ မိသားစုနှင့်ယှဥ်လျင် ကျိုးကျန်းဟိုင်တို့မိသားစုက သာမန်မိသားစုကဲ့သို့ဖြစ်၏။ သို့သော် ငွေရေးကြေးရေး ချို့တဲ့နေသည်တော့ မဟုတ်ပါ။

ကျိုးကျန်းဟိုင်၏လစာ သည် ကျုံးရှောက်ထက် ဆယ်ယွမ် ပိုများရာ အဘယ့်ကြောင့် သာမန်လိုနေထိုင်သနည်း ဟုမေးချိန်၌ တန်းရှန့်ယွင်၏ နောက်ခံကြောင့်ဖြစ်သည်။

သာမန်လူတစ်ယောက်က အဝတ်အစားအသစ်များဝယ်ဝတ်လျင် အလွန်အသုံးအဖြုန်းကြီးကြောင်း အပြောခံရမည်ဖြစ်သည်။ ဥပမာ ပြောရလျင် လင်းဝေ့ ခန်းစီးလိုက်ကာ အသစ်များလဲလိုက်သည်ကို နောက်ကွယ်၌ လင်းဝေ့သည် သုံးဖြုန်းလိုက်၍ ငတ်ပြတ် သွားတော့မယောင် ပြောဆိုကြသည်။

ထိုသို့အတင်းပြောမှုများသည် ကာယကံရှင်ရှေ့တွင်ပြောကြသည်တော့ မဟုတ်ပါ။ အကယ်၍ ကာယကံရှင်ရှေ့တွင် ပြောမိပါက ရန်ဖြစ်လာနိုင်မည်ဖြစ်သည်။

ထို့ကြောင့်တန်းရှန့်ယွင် အဝတ်အစား တောက်တောက်ပပ ဝတ်သည့်အခါတိုင်း သူမကို တိုးတိုးတစ်ဖုန် ကျယ်ကျယ်တစ်ဖုန် ပြောဆိုကြသည်။ တန်းရှန့်ယွင်ဘက်ကကြည့်လျင်လည်း သူမ မိဘများနောက်ခံကြောင့် အခြား သူများနှင့် စကားများ ရန်မဖြစ်ချင်ပါ။ ထို့ကြောင့် ရွေးချယ်စရာမရှိပဲ သိုသိုသိပ်သိပ် သာမန်သာနေနေရ၏။

ထို့ကြောင့် သူမ အဝတ်တစ်ချို့တွင် ဖာထေးရာများပင်ပါတတ်သည်။

သို့သော် သူမကလေးကိုတော့ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ပေးကြောင်း ရှောင်ရှီးရှိီး၏ အဝတ်များတွင် ဖာထေးရာများမပါသည်ကိုကြည့်ကာ သိနိုင်သည်။ ထို့အပြင် အသစ်ထွက်သည့်ကစားစရာများကိုလည်း သူမ ကလေးအတွက် အမြဲဝယ်ပေး၏။

ရွေ့ရွေ့နှင့် မင်မင်တို့ ကျွန်းပေါ်ရောက်မလာခင်က ရှောင်ရှီးရှီးတွင် တစ်ခြားသူငယ်ချင်း မရှိခဲ့သောကြောင့် သူတစ်ယောက်တည်းသာ အရုပ်များနှင့်ဆော့ခဲ့ရ၏။

ကစားနည်းများသည် အပေါင်းအဖော်များနှင့်ဆော့မှသာ ပျော်စရာကောင်းသည်ဖြစ်ရာ တစ်ဦးတည်းဆော့နေလျင် အလွန်ပျင်းစရာကောင်း၏။ ထို့ကြောင့် သူ့ကစားစရာများကို မဆော့ဖြစ်ပဲသိမ်းထားသည်က များ၏။

ထို့ကြောင့် ရှောင်ရှီးရှီး၏ ဂေါ်လီလုံးများမှာ မြေကြီးနှင့် ပွတ်တိုက်ဆော့နေသော မင်မင် ရွေ့ရွေ့တို့၏ ဂေါ်လီလုံးများနှင့်မတူပဲ သစ်လွင်နေ၏။

သို့သော် ရှောင်ရှီးရှီးသည် အမွှာနှစ်ယောက်၏ ဂေါ်လီများကို မနှစ်သက်ခြင်းတော့ မပြခဲ့ပါ။ ထို့အပြင် ရှောင်ရှီးရှီးကသာ အမြဲဂေါ်လီဆော့ချင်နေသူ ဖြစ်သည်။ ထို့အပြင် အနိုင်အရှုံးပွဲစဥ်များကြောင့် ကလေးများ၏ လက်ထဲတွင်လည်း ဂေါ်လီအသစ်အဟောင်းများရောနေတော့သည်။

ထိုသို့ကလေးများဆော့သည်ကို စိတ်ဝင်စားနေစဥ် သူမကျောဘက်မှ ခေါ်သံကြားလိုက်သည်။

"မေမေ သား ပြီးပြီ"

လင်းဝေ့လည်း သူမသားဆီလာကာ စာအုပ်ကို ယူပြီးစစ်လိုက်၏။

ဟုတ်ပြီ……

ရှောင်ရှီးရှီးနှင့် ရွေ့ရွေ့နှစ်ယောက်စလုံးက လက်ရေးမလှကြသည်မှာ မှန်သော်လည်း ကလေးသုံးယောက်ထဲက လက်ရေးမလှဆုံးကို ရွေးရလျင် ထိုသူမှာ မင်မင် သာဖြစ်သည်။

ဒုတိယစာမျက်နှာက အဆိုးဆုံးဖြစ်သည်။ အမြန်ရေးလိုက်ရာ လက်ရေးက ပဲပင်ပေါက်များဖြစ်နေ၏။

မင်မင်သည် သူ့လက်ရေးအခြေအနေကို မသိသေးပဲ မျှော်လင့်တကြီး မေးလိုက်သည်။

"မေမေ သားရေးပြီးပြီ ဆိုတော့သွားဆော့လို့ရပြီလား"

"နေဦးး! ဒီဟာရယ်၊ ဒါရယ်၊ ဒါရယ် " လင်းဝေ့က စာအုပ်ပေါ်က စကားလုံးများကို လက်ညိုးထောက်ပြလိုက်ပြီး

" ခဲဖျက်နဲ့ ဖျက်ပြီး ပြန်ရေး"

"ဘာလို့လဲ သားအားလုံးရေးပြီးပြီလေ" မင်မင်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

လင်းဝေ့လည်း စာလုံးတစ်လုံးကို လက်ထောင်ပြလိုက်ပြီးမေးလိုက်သည်။

"သားရေးထားတာ ဒါဘာစကားလုံးလည်းသိလား"

မင်မင်ကလည်း မြှောက်ကြွကြွပြောလိုက်သည်။

" အကုန်လုံး သား ရေးထားတာပဲ သားသိတာပေါ့"

"ဟုတ်ပြီ တစ်ကယ်လို့ သား ဒီစကားလုံးကိုသိရင် သွားကစားလို့ရမယ်။ သား မသိရင် ပြန်ရေးရမယ်။ ဟုတ်ပြီလား" ဟု လင်းဝေ့ကလည်း ချက်ချင်းပြောလိုက်သည်။

မင်မင်ကလည်း ချက်ချင်း ခေါင်းငြိမ့်လိုက်ရာ လင်းဝေ့သည် သူမ ပြောချင်သည့်စကားလုံးကိုသာ ပြပြီး ကျန်သည့်စကားလုံးများကိုဖုံးကာ မင်မင်ကိုပြလိုက်သည်။

All Chapters