Chapter 49
Vol. 4 Ch. 49
မင်မင် အမှန်ပင် မမှတ်မိပါ။
မင်မင် ကြောင်ကြည့်နေသည်ကို မြင်ပြီး လင်းဝေ့က သူ့စာအုပ်ကို ခုံပေါ်တင်လိုက်ကာ ပြောလိုက်သည်။
"ပြန်ရေးနော်"
လင်းဝေ့ ပြောသလို ဖတ်မရသည်များကို ပြန်ရေးရလျင်မိနစ် ၂၀ခန့် ကြာသွားမည်ဖြစ်သည်။
လင်းဝေ့လည်း နာရီကိုကြည့်လိုက်ကာ မင်မင်ကိုပြောလိုက်သည်။
"မြင်လား။ သားစာကို အာရုံမစိုက်ပဲ ရေးခဲ့တော့ အခု ကစားဖို့အချိန် မိနစ်၂၀တောင်လျော့သွားပြီ။ မိနစ်၅၀လောက် ကစားချိန်က စာသင်ချိန်ထက် ပိုမြန်နေသလိုပဲမလား သား တန်ရဲ့လား"
လင်းဝေ့ ပြောတဲ့ မိနစ်၅၀ ရဲ့ကြာချိန်ကို မင်မင်သေချာမသိ၍ ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။ သို့သော် အချိန်ကို သင်ခန်းစာနဲ့ နှိုင်းလိုက်သည့်အတွက် သူ့ကစားချိန်မည်မျှ ဆုံးရှုံးသွားမှန်း သိလိုက်၏။ ထို့ကြောင့် ခေါင်းကို မြန်မြန်ခါလိုက်ပြီး "မတန် ပါဘူး" ဟုပြောလိုက်၏။
ထိုအခါ လင်းဝေ့က "ဒါဆိုရင် သားနောက်ဆိုရင် စာသင်တဲ့အခါ သေချာ ဂရုတစိုက် လိုက်လုပ်မှာလား။ စာရေးပျင်းဦးမှာလား" ဟုထပ်မေးလိုက်၏။
မင်မင်ကလည်း ခေါင်းကို သွက်သွက် လက်လက်ခါလိုက်ပြီး ပြောလိုက်သည်။
"သား မပျင်းတော့ပါဘူး တစ်ကယ်ပါ"
မင်မင် တစ်ကယ် လုပ်နိုင် မလုပ်နိုင် လင်းဝေ့ သေချာမသိသော်လည်း သူ့ကို စာထပ်မရေးခိုင်းတော့ပဲ ခေါင်းငြိမ့်ပြကာ "ဟုတ်ပြီ ဒါဆို သား သွားကစားတော့" ဟု ခွင့်ပြုပေးလိုက်တော့၏။
လင်းဝေ့ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်ကလေးက တက်ကြွစွာ ခုန်ပေါက်ရင်း အပြင်ဘက်ကို ပြေးထွက်သွားတော့၏။
မင်မင် အပြင်ထွက်သွားတော့ လင်းဝေ့လည်း နာရီကြည့်လိုက်ရာ ၄နာရီခွဲ နေပြီဖြစ်၏။ ပုံမှန်ဆိုလျင် ဤအချိန်သည် ထမင်းချက်ဖို့ စောသေး၏။ ဤအချိန် ချက်ထားလိုက်လျင်လည်း ကျုံးရှောက်ပြန်ရောက်ရင် ဟင်းများအေးကုန်၍ဖြစ်သည်။
သို့သော် ကျုံးရှောက်က သည်နေ့ ပင်လယ်ထဲ ထွက်သွားပြီဖြစ်၍ ကျုံးရှောက်ကို စောင့်စရာမလိုပဲ ထမင်းဟင်း ကျက်သည်နှင့် သူမတို့တစ်ခါတည်း စားလိုက်လို့ရသည်။
ကျုံးရှောက် ပင်လယ်သို့ ထွက်သွားသည်ကို တွေးလိုက်မိကာ သူ့မ စိုးရိမ်မိ၏။ သို့သော် တွေးပူနေလဲ အသုံးမဝင်မှန်းသိသည်။ သူတို့က လက်ထပ်ခါစ ဇနီးမောင်နှံမဟုတ်သလို ကျုံးရှောက်ကလည်း အခုမှ တပ်ထဲဝင်လာသည့်ရေ တပ်သားလေးမဟုတ်ပါ။
လေးနှစ်ကြာတာဝန်ထမ်းဆောင်ပြီး ပင်လယ်ထဲသို့လည်း အကြိမ်ရေ မရေတွက်နိုင်အောင် သွားဖူးပြီးသားဖြစ်သည်။
ဒါပေမယ့် ဘယ်လိုပြောရမလဲ။
သူမရှီးချန်တွင် ရှိစဥ်ကလည်း ကျုံးရှောက်သည် သူပင်လယ်ထဲ ထွက် မည့်အချိန်တိုင်း လင်းဝေ့ကို စာရေးပို့လေ့ရှိသည်။ သ်ို့သော် နေရာကွာဝေးသောကြောင့် လင်းဝေ့ဆီ စာရောက်ချိန်တွင် ကျုံးရှောက် ပင်လယ်က ပြန်ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် မစိုးရိမ်မိပါ။
ဤ နှစ်အစပိုင်းတွင် တောင်တရုတ်ပင်လယ် အရေးအခင်းမှာ တင်းမာနေ၏။ စစ်ပွဲမှာလည်း ဖြစ်လုဆဲဆဲဖြစ်ကာ လင်းဝေ့မှာ ကျုံးရှောက်အတွက် စိုးရိမ်ခဲ့ရ၏။သို့သော် လဝက်ခန့်ကြာသောအခါ ကျုံးရှောက်ဆီမှ သူလုံခြုံကြောင်း ကြေးနန်းရလိုက်၍ စိုးရိမ်မှုများလျော့သွားရ၏။
စစ်ကြီးပြီးသွား၍ ပြည်မကြီးမှာလည်း အောင်မြင်မှုများရလိုက်သည်။
ကျုံးရှောက် စစ်ပွဲအတွင်းဒဏ်ရာ မရလိုက်သည်သာမက ဒုတပ်ရင်းမှုးအဖြစ် ရာထူးပါ တိုးခဲ့သည်။
သို့သော် ဤ အရာများက ဝတ္ထုထဲတွင် အရေးမပါ ခဲ့ပါ။
ကျုံးရှောက်သည် ဝတ္ထုထဲတွင် နှစ်ငါးဆယ် ထက်ပိုကာ အသက်ရှင်နိုင်ပါ့မလားဟု လင်းဝေ့ တွေးနေမိသည်။
…………
ညနေစာ စားပြီးနောက် လျိုတန်းက လင်းဝေ့ဆီလာလည်ကာ တနင်္ဂနွေနေ့ ရောက်လျင် ပင်လယ်က မာခရုများ သွားကောက် မလားဟု မေးလိုက်၏။
လျိုတန်းသည် ရိုးသားသောသူဖြစ်ရာ သူမကြောင့် လင်းဝေ့က အလုပ်မရလိုက်ရာ လင်းဝေ့ကို အလုပ်ကိစ္စနှင့် ပတ်သက်ပြီး အားနာနေမိသည်ဖြစ်သည်။
သူမကိုယ်သူမ စိတ်မကောင်းဖြစ်နေကာ လင်းဝေ့ကို သူမ သိသည့် သတင်းကောင်းများရှိလျင် အမြဲပြောပြလေ့ရှိသည်။
လင်းဝေ့လည်း လျိုတန်း၏ စကားကိုကြားကာ အံသြသွားသည်။
"ပင်လယ် ကမာကောင်ခရုတွေက ဖမ်းလို့ ရလို့ လား"
တောင်တန်းကို မှီခိုသူများသည် တောင်တန်းအတွင်းရှာဖွေစားသောက်ရသကဲ့သို့ ပင်လယ်ကို မှီခိုသူများကလည်း ပင်လယ်ကနေ ရှာဖွေစားသောက်ရ၏။ သို့သော် နောက်ပိုင်း စားသောက်နိုင်ရန် တောတောင်ပင်လယ်များထဲ လျှောက်မသွားရတော့ပါ။
ထို့ကြောင့်လင်းဝေ့သည် ပင်လယ် ကမာကောင် ခရုပုစွန်များ ဖမ်းသည်ကိုကြားဖူးသော်လည်း ပင်လယ်ကမာကောင်ရှာခြင်းကို ကိုယ်တိုင်လုပ်ရန်တော့ မတွေးမိခဲ့ဖူးပါ။
သူမတို့မိသားစုဝင်လေးဦးရှိရာ တစ်ဦးလျင် ပင်လယ်အသားငါးများ ၃ကီလို အားလုံးပေါင်း၁၂ကိီလို ခန့် လတိုင်းရနေသည်။ အရမ်းမများသော်လည်း စားလောက်ပါ၏။
"ဘာဖြစ်လို့လဲ"
လျိုတန်းကလည်း လင်းဝေ့ကျွန်းပေါ်ရောက်သည်မှာမကြာသေးကြောင်း သိသည်။
"ရှင် အိမ်ထဲပဲနေပြီး တစ်ခြားနေရာ သိပ်မသွားတာသိပါတယ်။ အာ့လိုလုပ်နေလည်း ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။ ရှင် ကောင်းရှို့လျန်ကိုလည်း စိတ်ပူစရာမလိုဘူး။ သူကတော့ နေ့တိုင်း အတင်းလိုက်ပြောနေတာ။ ကျွန်မကတော့ ရှင့်နောက်ကွယ်မှာ လည်း ရှင့်အကြောင်းပြောမှာမဟုတ်ဘူး
မပျော်မရွှင်ဖြစ်နေတာက ဘေးပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူးဟုခံစားမိသည်။ ထို့အပြင်ပတ်ဝန်းကျင်က မိမိ ဘာလုပ်လုပ် အပြစ်ပြောရန်စောင့်နေသူက များသည်။ သို့သော် လျိုတန်းစကားများက သူမ၏ စိုးရိမ်မှုများကို လွင့်ပြယ်သွားစေပြီး တစ်ခုခုလုပ်ချင်ရန် စိတ်ဖြစ်လာစေသည်။
ပင်လယ်ခရုများရရန် အတွက် မဟုတ်ပဲ။ ကျွန်းပေါ်ရောက်ပြီးကတည်းက ပင်လယ်နှင့်ဆိုင်သည့်အတွေ့အကြုံများ မခံစားဖူးသေး၍ ဖြစ်သည်။ ထို့ကြောင့် မေးခဲ့သည်။
"ဟုတ်ပါပြီ ဒါဆိုရင်လည်း ကျွန်မတို့ နှစ်ယောက်ပဲသွားမှာလား"
"မိသားစုအိမ်ရာက နောက်နှစ်ယောက်လည်း လိုက်ဦးမှာ ရိက္ခာပွဲရုံက ကျောက်လီနဲ့ ယန်းယီ ရယ်လိုက်မှာ။ ယန်းယီကိုတော့ မမြင်ဖူးလောက်ဘူး။ သူကလည်း သဘောကောင်းပါတယ်။"
ကျောက်လီကတော့ သစ်သီးစျေးတန်းက အရောင်းစာရေးဖြစ်ပြီး သဘောကောင်းသည်။ ယန်းယီကို တော့ သူမ မသိသော်လည်း လျိုတန်းပြောပုံအရ အဆင်ပြေမည့်ပုံပေါ်သည်။
"တနင်္ဂနွေနေ့ ဘယ်အချိန်သွားကြမလဲ"
"၆နာရီလောက်သွားကြတာပေါ့ စောလေ ပိုကောင်းလေပဲ။ လာခေါ်လိုက်မယ်နော်" ဟု လျိုတန်းက ပြောလိုက်ပြီးမှ တစ်ခုခုသတိရလိုက်ဟန်ဖြင့် ပြောခဲ့သည်။
"ဒါနဲ့စကားမစပ် ရှင့်မှာ ရာဘာဖိနပ်ရှိလား။ လက်အိတ်လေးလည်း ယူရင်ကောင်းမယ်"
လင်းဝေ့လည်း ကြောင်အသွားသည်။
"ပင်လယ်ကမာကောင် ကောက်ဖို့သွားတာ အာ့တာတွေလိုလို့လား"
"ပင်လယ်ရေကြောင့်ပါ။ ရာဘာဖိနပ်တွေ မဝတ်ထားရင် အိမ်ပြန်ရောက်ရင် ရေချိုးနေရလိမ့်မယ်။ ရာဘာ လက်အိတ်ကတော့ ကိုင်တွယ်ရ လွယ်ကူအောင်လို့ပါ။ ရာဘာဖိနပ်မရှိရင် ကျွန်မ ငှားပေးလို့ရပါတယ်။လက်အိတ်လည်း ကျွန်မမှာ ရှိတော့ငှားပေးလို့ရပါတယ်"
လျိုတန်း ပြောသည့်ရာဘာဖိနပ်မှာ မိုးရေစိုခံဖိနပ်ဖြစ်သည်။ နွေရာသီမှာ အသုံးမဝင်ပေမယ့် မိုးရာသီမှာတော့ သုံး၍ရသည်။ ရာဘာလက်အိတ်ကလည်း စျေးမကြီးပါ။ လက်မှတ်လည်း ရထားသည်ဖြစ်ရာ ဝယ်လိုက်၍ ရသည်။
ထိုသို့စဥ်းစားလိုက်ကာ "ကျွန်မ မနက်ဖြန်စျေးကို သွားကြည့်လိုက်မယ်။ တွေ့ရင် ဝယ်ခဲ့လိုက်မယ်။ မတွေ့ရင် တော့ ရှင့်ဆီကပဲ ငှားရမှာပဲ။ ရာဘာဖိနပ်က အရှည် ဘယ်လောက်အထိရှိရမှာလဲ" ဟုမေးလိုက်စဥ်
"ဒူးခေါင်းအထိ ရှည်ရင်ကောင်းတယ်။ ခြေသလုံးထိရှည်လဲ ရပါတယ်။ အာ့ထက်တော့တိုလို့ မဖြစ်ဘူးနော်။ကမ်းခြေမှာ ကမာကောင်တွေ လိုက်ကောက်ရမှာဆိုတော့ အဆင်ပြေမှာမဟုတ်ဘူး"
လင်းဝေ့လည်း ခေါင်းငြိမ့်ကာ ထပ်မေးလိုက်သည်။
"မင်မင် ရွေ့ရွေ့တို့ကိုလည်းကျွန်မနဲ့အတူ ခေါ်လို့ရလား။ကျုံးရှောက်ကလည်း ပင်လယ်ထဲထွက်သွားတော့ သူတို့နိုးလာလို့ ကျွန်မကို မတွေ့ရင် ငိုနေမှာစိုးလ်ို့ပါ"
"ရပါတယ်။ ဒါပေမယ့် ကလေးတွေကို လိုက်ထိန်းနေရတော့ ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူး။ ပိုကောင်းတာလေးတွေ မရလိုက်ပဲနေလိမ့်မယ်" ဟု လျိုတန်းက သတိပေးလိုက်၏။
"ရပါတယ် ကျွန်မလည်း ပထမဆုံးဆိုတော့ ကလေးတွေမပါလည်း အများကြီး မကောက်နိုင်လောက်ဘူး။"
လင်းဝေ့ကလည်း လျိုတန်း သတိပေးသကဲ့သို့တွေးမိသည်။ သို့သော် သူမကလေးများကို အတွေ့အကြုံရစေချင်ကာ အပြင်လည်း သိပ်မထွက်ဖြစ်၍ ပင်လယ်ခရုလိုက်ကောက်ခြင်းကို နွေရာသီ အလည်ခရီးကဲ့သို့ ခံစားစေချင်၍ဖြစ်သည်။
ထိုကိစ္စဆွေးနွေးပြီး နှစ်ယောက်သား စကားအနည်းငယ်ပြောနေကြစဥ် မှောင်လာ၍ လင်းဝေ့က ကလေးများကိုခေါ်လိုက်ကာ လျိုတန်းကလည်း အိမ်က ကလေးတွေအကြောင်း စဥ်းစားမိပြီး အိမ်ပြန်သွားတော့သည်။
..........
လင်းဝေ့သည် နောက်တစ်နေ့ အသီးအရွက်များ ဝယ်ပြီးလျင် ဘေးနားရှိ သမဝါယမရိက္ခာထောက်ပံ့ရေးရုံသို့ ကလေးများနှင့်အတူ သွားလိုက်၏။
ကျောက်လီသည် သမဝါယမ ရိက္ခာထောက်ပံ့ရေးရုံ သစ်သိီးကောင်တာ ၌ပင် အလုပ်လုပ်လေရာ သူမလည်း လင်းဝေ့က သူမတို့နှင့် အတူလိုက်မည်အကြောင်း လျိုတန်းထံမှ ကြားထားလေ၏။ ထို့ကြောင့် လင်းဝေ့ကိုတွေ့သည်နှင့် " ရာဘာ ဖိနပ်နဲ့ လက်အိတ်တွေ လာဝယ်တာလား" ဟု ပြုံးကာမေးလိုက်၏။
"ဟုတ်ပါတယ်ရှင်" လင်းဝေ့ကလည်း ပြုံးကာ သူမကို တစ်ခါတည်းမေးလိုက်၏။
"ဘယ်နားရောင်းလဲ သိလားရှင်"
"ဟိုမှာရှိတယ်" ကျောက်လီလည်း တစ်နေရာကို လက်ညိုးညွှန်ပြပြီး စက်မှုထုတ်ကုန်ရောင်းသည့်ကောင်တာက သူမ သူငယ်ချင်းကို အော်မေးလိုက်သည်။
"ရာဘာဖိနပ်နဲ့ လက်အိတ်တွေရှိသေးလား"
စက်မှုထုတ်ကုန်ရောင်းသည့်ကောင်တာက အစ်မကြီးက " ရှိတယ်။ ဘယ်အရွယ်အစားနဲ့ ဘယ်လောက်အရှည် လိုချင်လဲ။ ပြီးတော့ ဘယ်အရောင်လိုချင်လဲ။ လက်အိတ်က နိုင်လွန်သားနဲ့ လုပ်ထားတာယူမှာလား"ဟု မေးလိုက်၏။
"ဟုတ်ကဲ့ နိုင်လွန်သားနဲ့ လက်အိတ် ယူမှာပါ။ ဖိနပ်က နံပါတ် ၃၆ ဒူးထိအရှည် ယူမှာပါ။ ဘယ်အရောင်မဆို ရပါတယ်" ဟုပြောရင်း စက်မှုထုတ်ကုန်ရောင်းသည့်ကောင်တာဆီ လျှောက်သွားလိုက်သည်။
စက်မှုထုတ်ကုန်ရောင်းသည့် ကောင်တာကို နှစ်ပိုင်းလုပ်ထား၏။ အရှေ့ပိုင်းက မှန် ကောင်တာဖြစ်ပြီး အနောက်ပိုင်းတွင် ပစ္စည်းများသိုလှောင်နိုင်သည့် ဘီဒို စင်များရှိသည်။
ကောင်တာမှ အစ်မကြီးလဲ အနောက်စင်များထဲမှ ဒူးအထိရှည်သော ရာဘာဖိနပ် အနီ အပြာ အနက်ရောင်များ ထုတ်ကာမေးလိုက်သည်။
"ဘယ်အရောင် ယူမှာလဲ"
လင်းဝေ့လည်း ကျေးဇူးတင်ကြောင်းပြောကာ တစ်ခုပြီးတစ်ခုကောက်ယူကြည့်လိုက်၏။
မနက်ခင်းအစောပိုင်းရှိသေး၍ သမဝါယမ ရိက္ခာထောင်ပံ့ရေးရုံတွင် စျေးဝယ်သူများ မလာကြသေးပေ။ ထို့ကြောင့် ကျောက်လီကလည်း သူမဆီ လျှောက်လာကာ အကြံပေးလိုက်လေသည်။
"အနီရောင်လေးက ကြည့်ကောင်းတယ် အရောင်တောက်နေတာပဲ။ အပြာလည်း ကောင်းပါတယ်။ အနက်ရောင်တော့မယူနဲ့ ဒိတ်အောက် အရောင်ကြီး"
"အနီရောင်က ကောင်းပေမယ့် သူက အဝတ်အစားအရောင်ရွေးမယ်ထင်တယ်နော်" ဟု လင်းဝေ့က တွေးဆကာပြောလိုက်သည်။
ကျောက်လီလည်း လင်းဝေ့၏ မေးခွန်းကို မမျှော်လင့်ထား၍အံ့သြသွားသည်။ ယနေ့ခတ် လူတော်တော်များများက အဝတ်အစားကို သန့်ရှင်းသပ်ရပ်အောင်သာ ဝတ်ကြသည်။ စတိုင် ကိုက်ညီ မကိုက်ညီ လိုက်မလိုက် မကြည့်ကြသည်ကများ၏။
ထို့အပြင် ရာဘာဖိနပ်ကလည်း အမြဲစီးမည့်ဖိနပ်မဟုတ်ပါ။ မိုးရာသီစီးဖိနပ်ဖြစ်၍ ဘယ်သူမှလဲ လိုက်မလိုက် ကြည့်နေကြမည်မဟုတ်ပေ။