← Chapters

Chapter 58

Vol. 5 Ch. 58

Chapter 58

Vol. 5 Ch. 58

တန်းရှန့်ယွင် ဦးထုပ်ပေါ်ရှိ အကွက်ပုံစံဒီဇိုင်း များသည် သူမအရင် ဆေးခြယ်ခဲ့စဥ်က ပုံစံအကွက်ဒီဇိုင်းအတိုင်း လုပ်ထားခြင်းဖြစ်သည်။

တန်းရှန့်ယွင်သည် ပန်းချီဆွဲရသည်ကို နှစ်သက်သူဖြစ်သည်။

သူမငါးနှစ်အရွယ်ခန့်က ပန်းချီသင်ခဲ့ရာ သူမအလယ်တန်းရောက်တော့ မိသားစု အခြေ အနေ အဆင်မပြေ၍ အိမ်က ပန်းချီ ဆက်မဆွဲခိုင်းတော့ပဲ သူမအတွက် ပိုအဆင်ပြေမည့် လမ်းကြောင်းကို ရွေးပေးခဲ့သည်။

သူမမိဘများ၏ ဆုံးဖြတ်ချက်ကလည်း မှန်ခဲ့သည်။သူမသာ ဆက်ပြီး ကောလိပ်ဆက်တက်ခဲ့လျင် မိသားစုပြသနာများဖြစ်လာပါက သူမဘဝကိုရှေ့ဆက်နိုင်မည် မဟုတ်ပေ။

တည်ငြိမ်တဲ့ဘဝလေးရဖို့ တန်းရှန့်ယွင်က ပန်းချီစုတ်တံကို စွန့်လွှတ်လိုက်သည်။ သို့သော် သူမသည် ပန်းချီဆွဲရတာကို ကြိုက်နေဆဲဖြစ်သည်။ ထို့ကြောင့် ပန်းပုံများကို အမြဲဆွဲလေ့ရှိသည်။

ထို့အချိန်က မိသားစုတိုင်း ပန်းပွင့်ပုံများ သိမ်းထားလေ့ရှိကာ အင်္ကျီ ဖိနပ်များချုပ်လုပ်ရာတွင် ပုံကြမ်းအနေဖြင့် သုံးလေ့ရှိသည်။ ထို့ကြောင့် တန်းရှန့်ယွင်၏ အရောင်တောက်သည့် ပန်းပွင့်ပုံ လက်ရာများမှာ အသုံးတည့်လှသည်။

"အခုလို ဦးထုပ်ပုံစံတွေ လုပ်နိုင်ရင် နောက်ပိုင်းကျရင်လည်း အသစ်အဆန်းဒီဇိုင်းတွေ လုပ်နိုင်မှာပဲလေ။ အခုလက်ရှိဆုံးဖြတ်ချက်ကြောင့်လည်း ဝမ်းနည်းစရာမရှိပါဘူး"

"အစ်မက အာ့လိုပြောတော့လဲ ဘယ်တတ်နိုင်မလဲ။ ဒါဆို ကျွန်မ အစ်မလျိုတို့ကို မေးလိုက်မယ် သူတို့ဦးထုပ်လုပ်နည်းသင်ချင်တယ် ဆိုရင် အစ်မဆီလာဖို့ ပြောလိုက်မယ်နော်" ဟု လင်းဝေ့က ပြုံးကာပြောလိုက်သည်။

တန်းရှန့်ယွင်ကလည်း ပြုံးကာ "ရပါတယ် ပြောလိုက်ပါ "ဟုပြောလိုက်သည်။

ထိုကိစ္စပြောပြီး လင်းဝေ့လည်း ဘဲကလေးဦးထုပ်ကို သိမ်းလိုက်ကာ တန်းရှန့်ယွင်ကို တီးခေါက်မေးကြည့်လိုက်သည်။

"အစ်မဝမ်ဖန်းလိပြောတော့ ကျိုးတပ်မှုးရဲ့ ညီမရောက်နေတယ် ကြားတယ်"

"ဝမ်ဖန်းလိဆီက ကြားတာလား" တန်းရှန့်ယွင်က လင်းဝေ့ကို တစ်မျိုးတွေးကာ မေးလိုက်သည်။

လင်းဝေ့ကလည်း အမှန်အတိုင်း ပြန်ရှင်းပြလိုက်သည်။

"အစ်မဝမ်ဖန်းလိက သူပန်းကန်ဆေးနေတုန်း တပ်မှုးကျိုး သူ့ဝမ်းကွဲကို ခေါ်လာတာတွေ့လို့ သိချင်လို့ လာမေးတာပါ"

ထို့နောက် လင်းဝေ့သည် တန်းရှန့်ယွင်ကို ဝမ်ဖန်းလိ၏ ထင်မြင်ချက်ကိုပါ အသိပေးသည့်အနေဖြင့် ပြောပြလိုက်သည်။ လင်းဝေ့သတိပေးခဲ့၍ ဝမ်ဖန်းလိကိုလျှောက်မပြောပါဟု ကတိပေးခဲ့သော်လည်း အာမ မခံနိုင်ပေ။

ဝမ်ဖန်းလိက အိမ်ပြန်ရောက်ပြီး လင်းဝေ့ပြောသည်ကိုနားလည်ကာ အပြင်ကို လျှောက်မပြောလျင် အကောင်းဆုံးဖြစ်သည်။

အပြင်ကို လျှောက်ပြောခဲ့ပါကလည်း တန်းရှန့်ယွင် သိနိုင်ရန် အရိပ်အမြွက် ပြောပြခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုဝမ်းကွဲညီမသည်လည်း တန်းရှန့်ယွင်နှင့်အမျိုးတော်သည့်သူဖြစ်နေသည်။

မထင်မှတ်ပဲ ဝမ်ဖန်းလိ၏ ထင်မြင်ချက်ကို ကြားသောအခါ တန်းရှန့်ယွင် ည်ဘာမျှ ပြန်မပြောချေ။ မျက်နှာအမူအရာကတော့ မသက်မသာဖြစ်နေသည်။

လင်းဝေ့လည်း စိတ်ထဲက တွေးထင်ထားသည်ရှိသော်လည်း တန်းရှန်းယွင်ကို မေးကြည့်လိုက်သည်။

"ဝမ်းကွဲညီမက ဒီအချိန်ကျွန်းပေါ်ရောက်လာတာတစ်ယောက်ယောက်ကို ရှာဖို့လားဟင်"

တန်းရှန့်ယွင် နှုတ်ဆိတ်နေကာ သူမရှေ့ စားပွဲပေါ်က ကြွေရည်သုတ်ခွက်ကို ကောက်ကိုင်ကာ နှုတ်ခမ်းနားတည့်လိုက်သည်။ သို့သော် မသောက်ပဲ ရုတ်တရက်ခွက်ကို ပြန်ချလိုက်ကာ ပြောလိုက်သည်။

"ကျွန်မလည်း အာ့လိုပဲထင်တယ် ဒါပေမယ့် အာ့ဒီကိစ္စကြောင့်ရယ်တော့မဟုတ်ဘူး"

ဝမ်ဖန်းလိ တွေးထင်သည့်ကိစ္စက အမှန်ဖြစ်နေသည်။

လင်းဝေ့ကြောင်အသွားသည်။"ကျွန်းပေါ်မှာ လူပျိုလူလွတ်တွေ ရှိတယ်ဆိုပေမယ့် သူတို့က နိုင်ငံနေရာအနှံ့က လူတွေလေ။ သူ့မိဘတွေကလည်း နေရပ်ဝေးတဲ့သူနဲ့ သူတို့သမီးကို လက်ထပ်ပေးဖို့ အလွယ်လေးသဘောတူတယ်ပေါ့"

"သူ့မိဘတွေကို ထားလိုက်ပါ အာ့တာက……"

တန်းရှန့်ယွင်က အမျိုးသမီးကောင်းတစ်ဦးဖြစ်ရာ ဝမ်းကွဲညီမ၏ မိဘနှစ်ပါးကိုလည်း အဆိုးမပြောချင်ပါ။ ထို့အပြင် တစ်ဦးက သူမအမျိုးသား ကျိုးကျန်းဟိုင်၏ အဒေါ်အရင်း ဖြစ်နေပြန်သည်။ ထို့ကြောင့် သက်ပြင်းချကာပြောလိုက်သည်။

"ရှစ်ယောက်မြောက်ညီမ အတွက်လည်း ရွေးချယ်စရာ မရှိတော့လို့ပါ"

ကျိုးကျန်းဟိုင်၏ ဝမ်းကွဲညီမ မျိုးရိုးမှာ ချန် ဖြစ် ကာ ရှစ်ယောက်မြောက်ဖြစ်၍ နာမည်မှာ ချန်ပါးမေ့ ဖြစ်သည်။

八 -ba -( ပါး) = ရှစ်

ချန်ပါးမေ့ဟူသည့် နာမည်ကို အလွယ်မှည့်ထားသည်ဟု ထင်စရာရှိသော်လည်း သူမအထက်က အစ်မများ၏ နာမည်ထက်တော့ပို၍ ခေါ်ရအဆင်ပြေပါသည်။

သူမ၏ အစ်မ အကြီးဆုံးမှာ မိသားစုတွင် ပထမဆုံးမွေးသည့်သမီးဖြစ်၍ ရှင့်ဟွားဟူသည့် နာမည်လှလှလေးမှည့်ခံခဲ့ရသည်။ သို့သော် ဒုတိယ အစ်မ မှ စတင်ကာ သားယောကျာ်းလေးကို မျှော်သည့် အဓိပ္ပါယ်ရသော ကျောက်တိ ဖန်းတိ လောင်လျို့ လိုင်တိ စသည့် နာမည်များသာအမှည့်ခံခဲ့ရသည်။

ထိုသို့မိန်းကလေး ခြောက်ယောက်မွေးပြီးမှ ခုနှစ်ယောက်မြောက်တွင် သားယောကျာ်းလေးတစ်ယောက်မွေးခဲ့သည်။

***တရုတ်ပြည်တွင် ရှေးယခင်က 1970 ခုနှစ်များတွင် သမီးမိန်းကလေးသာမွေးပြီး သားယောကျာ်းမမွေးသည့်မိသားစုများသည် သူတို့သမီးများကို သားယောကျာ်းလေးမျှော်သည့်အဓိပ္ပါယ်ရသော နာမည်များမှည့်လေ့ရှ်ိသည်။

ဥပမာ - ကျောက်တိ- (သားယောကျ်ားမွေးရန်တောင်းဆိုခြင်း)

လိုင်တိ - (သားယောကျ်ား ရောက်လာခြင်း)

ဖန်းတိ -(သားယောကျ်ားလေးကိုမျှော်လင့်ခြင်း)

မုန့်တိ -(သားယောကျ်ားကို အိပ်မက်မက်ခြင်း)

ထိုခတ်အခါတွင် ကျောက်တိ ဟူသည့်နာမည်ဖြင့်အမျိုးသမီးများစွားရှိခဲ့ပါသည်။ ****

သူမအထက်တွင် အစ်ကိုကြီးတစ်ယောက်မွေးခဲ့၍ ချန်ပါးမေ နာမည်တွင် ' တိ ' မပါတော့ခြင်းဖြစ်သည်။သို့သော် ချန်မိသားစုတွင် မိန်းကလေးများကာ သားတစ်ယောက်သာရှိသည်။

ထို့ကြောင့် အငယ်ဆုံးမိန်းကလေးဖြစ်သည့်ချန်ပါးမေသည်လည်း ဦးစားပေးမခံရပါ။ သူမ လေးငါးနှစ်အရွယ်အထိ နာမည်အတည်တကျမမှည့်ပေးဘဲ ပါးမေ့ (ရှစ်ယောက်မြောက်ညီမလေး) ဟုသာခေါ်ခဲ့ကြသည်။

ပါးမေ့ ဟူ၍ အတော်အတန်ကြာ ခေါ်ပြောလာတော့ သူမနာမည်ဖြစ်လာခဲ့သည်။ သူမကိုယ်တိုင်လည်း နာမည်ကို မပြောင်းလဲခဲ့ပါ။

ထိုကဲ့သို့သော မိသားစုမျိုးတွင် သားယောကျာ်းလေးကိုသာ တန်ဖိုးထားကြကာ သမီးမိန်းကလေးများကိုတော့ မြက် သာသာ သဘောထားကြသည်။

မွေးလာကတည်းက အစားကောင်းအဝတ်ကောင်းဝတ်ရစားရသော သူမအစ်ကိုနှင့် မတူပဲ ချန်ပါးမေ့သည် ဆန်ပြုတ်သာသောက်ရသည်။ သူမအစ်ကို၏ ဖာထေးရာများနှင့် အဝတ်အစားအကျများသာ ဝတ်ခဲ့ရသည်။

သူမအစ်ကို ကျောင်းလွယ်အိတ်လွယ်ကာ ကျောင်းသွားချိန်တွင် ချန်ပါးမေသည် အဝတ်လျှော် ထမင်းချက် ကြက်ဘဲများ ကျောင်းခဲ့ရသည်။ သူမ အနည်းငယ် ကြီးပြင်းလာသည်နှင့် သူမအစ်မများကဲ့သို့ အလုပ်အမှတ်များရအောင် အပြင်အလုပ်လုပ်ခဲ့ရသည်။

ထိုကဲ့သို့ဆက်ဆံခံရ၍ ချန်ပါးမေ့သည် အိမ်ကထွက်ပြေးလာခြင်းတော့ မဟုတ်တန်ရာ။ မျက်မှောက်ခတ်တွင်လည်း မိသားစုတိုင်းတွင် သားယောကျာ်းလေး နှင့် သမီးမိန်းကလေးများမွေးထားကြသည်။

မိသားစုအတော်များများက သမိီးမိန်းကလေးထက် သားယောကျာ်းလေးကို ပိုချစ်ကြ ဂရုစိုက်ကြသော်လည်း သူတို့သမီးများ၏ သေရေးရှင်ရေးကိုတော့ ဂရုမစိုက်ဟူ၍ မဆိုလိုချေ။

သို့သော် ချန်ပါးမေ့ မိဘများကတော့ ထိုကဲ့သို့မဟုတ်ပါ။ သူတို့သမီးများကို တင်တောင်းငွေများများနှင့် လာတောင်းသူကို ပေးလိုက်မည်ဖြစ်သည်။

အကယ်၍ ငွေကြေးအဆင်ပြေသည့်မိသားစုဖြစ်ပါက သူတို့သမီးများအတွက် သင့်တော်သည့် အမျိုးကောင်းသားကို ရွေးချယ်ပေးမည်ဖြစ်သည်။

သို့သော် မိသားစုက ငွေကြေးအဆင်မပြေပါက သူတို့သမီး၏ အိမ်ထောင်ဖက် ကောင်းသည်ဆိုးသည်ကို မကြည့်ပဲ တင်တောင်းငွေသာကြည့်ကာ ခေါင်းငြိမ့်လက်ခံလိုက်မည်ဖြစ်သည်။

ချန်ပါးမေ့၏ အစ်မခြောက်ယောက်တွင် အကြီးနှစ်ယောက်သည် မိသားစုငွေကြေးအဆင်မပြေ၍ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ချပေးခံခဲ့ရသည်။

ရုပ်ရည်လှပသော သူမ၏ လေးယောက်မြောက် အစ်မ "လေး" ကိုတော့ တပ်မဟာအတွင်းရေးမှုး၏ သားက သဘောကျကာ အချင်းချင်း ချစ်ကြိုက်သွားပြီး တင်တောင်းငွေများများဖြင့် ကြီးကြီးကျယ်ကျယ် မင်္ဂလာပွဲလုပ်ကာ အိမ်ထောင်ပြုသွားခဲ့ရသည်။

ကျန်သည့်အစ်မ သုံးယောက် ထဲမှ တစ်ယောက်က တော့တင်တောင်းငွေများများပေးသည့် မျက်နှာတွင်ကျောက်ပေါက်မာများနှင့် သူနှင့်လက်ထပ်လိုက်ရပြီး နောက်တစ်ဦးက ခြေလက်မသန်စွမ်းသည့်သူနှင့် လက်ထပ်လိုက်ရသည်။

ခြောက်ယောက်မြောက် အစ်မက အဆိုးဆုံးဖြစ်သည်။သူမသည်မြို့ပေါ်တက်ကာ အလုပ်လုပ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် တင်တောင်းငွေ များများပေးသည့် စိတ်မနှံသည့်သူနှင့် ပေးစားခံလိုက်ရသည်။

သူ့အစ်မ များကဲ့သို့ပင် ချန်ပါးမေ့လည်း ကံမကောင်းရှာပါ။ ချန်မိသားစုမှ တစ်ဦးတည်းသော သားရတနာလေးသည် မိန်းမယူကို ယူရမည့်အဖြစ်သို့ ရောက်လာ၏။

သို့နှင့် သူတို့သား၏ သတို့သမီးတင်တောင်းငွေ လိုအပ်လာကာ ချန်ပါးမေ့သည် အသက် ဆယ့်ရှစ်နှစ် မပြည့်သေးခင်ပင် အိမ်ထောင်ချပေးခံရရန် စီစဥ်ကြတော့သည်။

ချန်ပါးမေ့နှင့် လက်ထပ်မည့် တစ်ဖက်လူမှာ အပေါ်ယံကြည့်လျင်တော့ အဆင်ပြေသယောင်ထင်ရသည်။သူသည် စစ်သည် ဝန်ထမ်းမိသားစုမှဖြစ်၍ ပြည်နယ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်။

ထို့အပြင်ချန်ပါးမေ့ထက် အနည်းငယ် အသက်ကြီးကာ နှစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်သည်။ ထိုသူသည် အရင် အိမ်ထောင်ရှိဖူးပြီးလက်ထပ်ပြီး တစ်နှစ်အကြာတွင် ဇနီးမှာ သေဆုံးသွား၍ မုဆိုးဖိုဖြစ်ခဲ့ရ၏။ အရင်အိမ်ထောင်နှင့် သားသမီးရတနာလည်း မထွန်းကားခဲ့ပါ။

ချန်ပါးမေ့လည်း ပထမတော့ ထိုကိစ္စကို သိပ်စဥ်းစားမနေပါ။ သူမ၏ ကံကြမ္မာဟုသာ ခံယူထားလိုက်သည်။ သို့နှင့် လက်ထပ်ပွဲအတွက် စီစဥ်နေကြစဥ် တစ်ရက်တွင် လူတစ်ယောက်က သူမကို သူမ၏ သတိူ့သားလောင်းက အကြမ်းဖက်တတ်သူဖြစ်ကြောင်း၊ ဇနီးဟောင်းကိုလည်း ကွာရှင်းမပေးဘဲ ရိုက်နှက်ရာ ထိုဒဏ်ကိုမခံနိုင်၍ ပိုးသတ်ဆေးသောက်ကာ သတ်သေသွားခြင်းဖြစ်ကြောင်း လာပြောပြလေသည်။

ပထမတော့ ချန်ပါးမေ့က မယုံကြည်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စကို လာပြောသူသည် ဇနီးဟောင်း၏ မိသားစုဝင်ဖြစ်နေ၍ တမင်ပွဲပျက်စေချင်၍ လာပြောသည်ဟုထင်နေ၏။

သို့သော် ချန်ပါးမေ့သည်လည်း တုံးအအ မိန်းကလေး မဟုတ်ပါ။ ထို့အပြင် သူမသည် သူမ၏ အစ်မကြီးကဲ့သို့စွမ်းဆောင်ရည်လည်းမရှိပါ။ အစ်မ'လေး'ကဲ့သို့ ချောမောသောရုပ်ရည်လည်းမရှိပါ။

သို့သော် သူမကဲ့သို့ မိန်းကလေးကို သာမန်စက်ရုံအလုပ်သမားတစ်ဦးက အဘယ့်ကြောင့် လက်ဖွဲ့ငွေ အများအပြားနှင့် သူမကိုလာရောက်တောင်းရမ်းသနည်း။

ထိုကဲ့သို့ စဥ်းစားပြီးနောက် ဇနီးဟောင်းမိသားစုမှ လာပြောသည်ကို ဆယ်ပုံမှာ ရှစ်ပုံခန့် ယုံကြည်လာမိသည်။ သို့သော် သူမမိဘများကိုလည်း မပြောပြရဲပါ။ ထို့ကြောင့် သူမ၏ အစ်မ "လေး" ဆီ တိတ်တိတ်လေးသွားကာ ထိုကိစ္စကိုစုံစမ်းပေးရန် အကူအညီတောင်းခဲ့သည်။

အစ်မ "လေး" သည် စိတ်ကြီးသူဖြစ်၍ သူမမိဘများသည် သမီးမိန်းကလေးများကို လူကဲ့သို့မသတ်မှတ်ကြောင်းကို သိပြီးသည့်နောက် မိဘများနှင့် အဆက်အသွယ်ဖြတ်ထားခဲ့သည်မှာကြာလှပြီဖြစ်သည်။

သို့သော် သူ့ညီမလေးကိုသနား၍ ချန်ပါးမေ့၏ တောင်းဆိုချက်ကို နားထောင်ပေးခဲ့သည်။ ထို့နောက် သူမယောကျ်ားကို ထိုကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းပေးရန်ပြောလိုက်သည်။

စုံစမ်း၍ရရှိလာသည့်သတင်းက ချန်ပါးမေ့၏ စိတ်နှလုံးအလုံးစုံကို အေးခဲသွားစေခဲ့သည်။

သူမ သတို့သားလောင်း၏ ဇနီးဟောင်းသည် သူ့ယောကျာ်း၏ အရိုက်အနှက်ဒဏ်ကို မခံနိုင်တော့၍ ဆေးသောက်ကာ အဆုံးစီရင်သွားသည်ဟုသိလိုက်ရသည်။

သူမ သတို့သားလောင်းသည် အမှန်ပင် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်လုပ်ခဲ့ဖူးသည်။ မတော်တဆမှု ဖြစ်ပြီးသည့်နောက် ဇနီးဟောင်း၏ မိသားစုက သူ့ကို တရားစွဲခဲ့သည်။

သို့သော် သေဆုံးရသည့်အကြောင်းအရင်းက ဆေးသောက်သေသည်ဖြစ်ပြီး ရိုက်နှက်မှုကြောင့်မဟုတ်၍ တရားမစွဲနိုင်ခဲ့ကြပါ။ ထိုကိစ္စများဖြစ်ပျက်ခဲ့၍ ပြည်နယ်စက်ရုံတစ်ခုသို့ ရွေ့ပြောင်းကာ အလုပ်လုပ်ခဲ့ရသည်။

All Chapters