Chapter 61
Vol. 5 Ch. 61
လူအတော်များများက လှိုင်းမှုးတတ်ကြသော်လည်း နှစ်ရက်ခန့်သင်္ဘောစိီးခဲ့ရသည့် လင်းဝေ့ကတော့ လှိုင်းတစ်ခါမှ မမူးခဲ့ပါ။
လျိုတန်း ယန်းယိနှင့် လင်းဝေ့တို့က အခြေအနေတူတူဖြစ်ကြသည်။ သူတို့ဇာတိက ယန်းဇီမြစ်နားမှာဖြစ်၍ လှေ သင်္ဘောများနှင့် မစိမ်းကြပေ။ သို့သော် မြစ်ရေသည် ငြိမ်၍ ပက်လယ် သည် လှိုင်းကြီးသောကြောင့် တပ်ထဲပြောင်းလာကြချိန်တွင် ခေါင်းမူးမအီမသာအနည်းငယ် ဖြစ်ကြသည်။
သူတို့ထဲတွင် ကျောက်လီက အဆိုးဆုံးဖြစ်သည်။ ကျောက်လီသည် တောင်ဘက်ဆုံး လျောင်ပြည်နယ်ဘက်မှလာရ၍ ရထားတစ်တန် ကားတစ်တန် သင်္ဘောတစ်တန်စီးပြီးကျွန်းကိုလာခဲ့ရသည်။ ထို့အပြင် သူမသည် သင်္ဘောလှိုင်းမူးရုံသာမက ရထားနှင့်ကားပါ မူးတတ်သေးရာ ယားကျိုကျွန်းကိုလာရာတွင် ဖျားပင် ဖျားခဲ့ရလေသည်။
လျောင်စီရင်စုကနေ ယန်ချန်းအထိခရီးစဥ်ပင် ကားရထားစီးကာ တစ်ပတ်ကျော်ခန့် ခရီးနှင်ရသည်။ ထို့ကြောင် တစ်ပတ်ခန့်မူးဝေခဲ့သည်။ သင်္ဘောစိီးလျင်သက်သာမည်ဟုထင်ခဲ့သော်လည်း သင်္ဘောပေါ်တက်သည်နှင့် အန်တော့သည်အထိဖြစ်ခဲ့သည်။
ကားမူးရထားမူးရုံသာမက လှိုင်းပါမူးပြီးဖျားခဲ့၍ ကျောက်လီသည် သူမဇာတိကိုပင် အလည်ထပ်မသွားရဲတော့ပါ။
သူမအမျိုးသားက တာဝန်အရ ယားကျိုကျွန်းမှ နယ်ပြောင်းရမည် ဆိုပါက သူမယောကျာ်းကိုသာ သွားခိုင်းမည်။ သူမကတော့ ကျွန်းပေါ်မှာပဲ နေခဲ့မည်ဟုပင် ပြောခဲ့သည်။
ကျောက်လီ၏ စကားကိုကြားတော့ လင်းဝေ့ကပြုံးရင်းပြောလိုက်သည်။
"အပြောမစောပါနဲ့ဦး အစ်မရယ် နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာရင် ကားမူးတာတွေ မဖြစ်လောက်တော့ပါဘူး။ အစ်မက ကျွန်းရဲ့အပြင်ဘက် ကမ္ဘာကို မကြည့်ချင်တော့ဘူးလား"
"ကားရထားတွေပိုမြန်ပြီး သက်သောင့်သက်သာဖြစ်လာမယ်ဆိုရင်တော့ ခေါင်းမူးလောက်တော့ဘူး ထင်တာပဲ။ကမ္ဘာပေါ်က ပို့ဆောင်ဆက်သွယ်ရေးတွေ အာ့လိုကောင်းလာနိုင်တယ်ပေါ့" ဟုကျောက်လီက တအံ့တသြ မေးလိုက်သည်။
"ပိုကောင်းလာနိုင်တာပေါ့။ လွန်ခဲ့တဲ့နှစ်တစ်ရာကဆိုရင် လူတွေက ကိုယ့်ခြေထောက်ကိုယ်သုံးပြီး ခရီးသွားခဲ့ရာကနေ နောက်တော့ မြင်းတွေ လှည်းတွေ သုံးပြီးသွားလာကြတယ်လေ။ ပြီးတော့အခုဆိုရင် ကားရထားသင်္ဘောအပြင် လေယာဥ်ပျံတောင် ပေါ်နေပြီ။ နောက်နှစ်ငါးဆယ် အကြာ ၂၀၁၀လောက်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးတွေက ပိုမြန်ပိုကောင်းလာနိုင်တာပေါ့။" ဟု လင်းဝေ့က ပြန်ပြောလိုက်သည်။
"ဒါဆို ကျွန်းပေါ်က အပြင်သွားမယ် ဆိုရင် သင်္ဘောစီးစရာ မလိုလောက်တော့ဘူးမလား "
ကျောက်လိီက ခေါင်းခါကာပြန်ပြောလိုက်သည်။
"ကျွန်မက လှိုင်းမူးတတ်လို့ပါ"
"နည်းပညာတွေဖွံဖြိုးလာရင် သင်္ဘောမစီးပဲနဲ့တောင် ကျွန်းပေါ်ကနေ အပြင် သွားလို့ရလာနိုင်တယ် " ဟု လင်းဝေ့က ပြန်ဖြေပေးသည်။
ယန်းယီကလည်း သိချင်စိတ်နှင့် မေးလိုက်သည်။
"သင်္ဘောမစီးပဲနဲ့ ကျွန်းပေါ်ကနေ ဘယ်လိုထွက်ရမှာလဲ"
လင်းဝေ့လည်း မူရင်းဝတ္ထုစာအုပ်မှ လာမည့်ဆယ်စုနှစ်အတွင်းဖြစ်ပျက်ခဲ့သည်များကို စဥ်းစားကာ ပြောလိုက်သည်။
"နောက်ကျရင် ဒီကျွန်းပေါ်မှာ လေယာဥ်ကွင်းလာဆောက်နိုင်တာပဲလေ။ အာ့အချိန်ကြ လေယာဥ်နဲ့ သွားလို့ရတာပေါ့"
ကျောက်လီက မျက်လုံးများပြူးကျယ်သွားသည်။
"လေယာဥ်စီးရမယ်။ ကျွန်မတော့ အိပ်မက်တောင်မမက်ဖူးဘူး။ ရှင်ကတော့ စိတ်ကူးယဥ်ရဲတယ်နော်"
လင်းဝေ့လည်း ပြုံးကာ ကျောက်လီ၏ စကားကိုပြန်ချေပလိုက်သည်။"ဒါဆိုလည်း အာ့နေ့ရောက်လာမလာ စောင့်ကြည့်ကြတာပေါ့"
မိတ်ဆက်စကားများပြောပြီးနောက် တန်းရှန့်ယွင်သည် အပေါ်ထပ်တက်ကာ ဦးထုပ်ဒီဇိုင်းစာအုပ် သွားယူလိုက်သည်။
ထိုစာအုပ်သည် တန်းရှန့်ယွင်ရေးမှတ်နေကြစာအုပ်မဟုတ်ပေ။ လင်းဝေ့နှင့်ဆွေးနွေးပြီးနောက် တစ်ခြားသူများကြည့်နိုင်ရန် စာအုပ်အလွတ်တစ်ခုထဲတွင် ဦးထုပ်ဒီဇိုင်းခြောက်မျိုးကို ကူးဆွဲထားခြင်းဖြစ်သည်။
ထိုစာအုပ်သည် သူများအားသင်ကြားပေးမည့်စာအုပ်ဖြစ်ရာ ဒီဇိုင်းတစ်ခုချင်းစီအတွက် အသေးစိတ်ရေးဆွဲထားပေး၏။ သို့မှသာ လူတိုင်း ပုံကြည့်သည်နှင့် အလွယ်တကူ နားလည်နိုင်မည်ဖြစ်သည်။
သင်ယူမည့်သူများသည် ဒီဇိုင်းပညာကို ကောင်းကောင်းနားမလည်ကြပါ။ အိမ်နေရင်းဝတ်ရန် အဝတ်နှင့်ဖိနပ်အချို့သာ ချုပ်လုပ်ဖူးရာ ရိုးရှင်းသည့်ပုံစံဒီဇိုင်းများကိုသာ နားလည်ကြသည်။ ထို့ကြောင့် တန်းရှန့်ယွင် အသေးစိတ် ဆွဲထားသည့်ပုံစံများကို ကြည့်သည်နှင့် အနည်းငယ် နားလည်ကြသည်။
သူတို့က တန်းရှန့်ယွင်၏ ဒီဇိုင်းပုံများကိုကြည့်လိုက်သည်နှင့် နားလည်နိုင်သောကြောင့် သူ၏ပုံဆွဲစကေးကို သဘောကျနေကြသည်။
"ရှင်က အရမ်းတော်တာပဲ။ သေချာလေ့လာထားတာလား"
တန်းရှန့်ယွင်လည်း လျိုမထားပဲ အမှန်အတိုင်းပြောလိုက်သည်။
"ကျွန်မ အရင်တုန်းက ပန်းချီ သင်ခဲ့ဖူးပါတယ်"
"ဘာလို့ပန်းချီမဆွဲတော့တာလဲ " ဟုကျောက်လီကမေးလိုက်သည်။
ထိုသို့မေးလိုက်သည်နှင့် လျိုတန်းက ကျောက်လီကို တံတောင်နှင့်တွတ်လိုက်သည်။ ကျောက်လီကလည်း ချက်ချင်းနားလည်သွားပြီး
"တောင်းပန်ပါတယ် ကျွန်မ……"
"ရပါတယ်ရှင် အာ့တာတွေက အကုန်ပြီးခဲ့ပါပြီ" ဟု တန်းရှန့်ယွင်က ပြုံးကာပြန်ဖြေလိုက်သည်။
"အစ်မတို့ ဘယ်ဦးထုပ်ဒီဇိုင်းလုပ်ချင်ကြလဲ တစ်ချက်ကြည့်လိုက်ပါလား။ ပါးမေ့လည်း ဘယ်ဦးထုပ်ကြိုက်လည်း ရွေးလိုက်လေ။ ညီမကြိုက်တာကို အစ်မ လုပ်ပေးမယ်"
"ရပါတယ် ရပါတယ် ကျွန်မ အလုပ်လုပ်ရင်လည်းဦးထုပ် ဆောင်းလေ့မရှိပါဘူး"ဟု ချန်ပါးမေ့က ခေါင်းခါကာပြောလိုက်သည်။
"အရင်က မဆောင်းတာနဲ့ တစ်သက်လုံးမဆောင်းရဘူးလို့မှ မရှိတာ ဦးထုပ်ဒိီဇိုင်းတစ်ခု ရွေးလိုက် အရင်က အကြောင်းတွေ မေ့လိုက်တော့" ဟု တန်းရှန့်ယွင်က ပြောလိုက်သည်။
တန်းရှန့်ယွင်၏ စကားကြားတော့ ချန်ပါးမေ့လည်း ရှက်မနေတော့ပဲ မေးလိုက်သည်။
"ယောင်းမ ကျွန်မ ဒီဦးထုပ်ဒီဇိုင်းလေးကို ကျွန်မအတွက် ထိုးသင်ချင်လို့ရမလားဟင်"
တန်းရှန့်ယွင် ကလည်း ပြုံးကာ "ရတာပေါ့"ဟုပြောလိုက်သည်။
တန်းရှန့်ယွင်ပေးသည့် ဒီဇိုင်းမှ ယန်းယီနှင့်ကျောက်လီက လင်းဝေ့အရင်ကဝတ်ခဲ့သည့် ဦးထုပ်ကို သဘောကျခဲ့ရာ ထိုဒီဇိုင်းကိုရွေးခဲ့ပြီး လျိုတန်းက တစ်ခြားဒိီဇိုင်းကို ရွေးခဲ့သည်။
ချန်ပါးမေ့လည်း ပထမတော့ လူကြီးများရွေးသည့်ဒီဇိုင်းရွေးရန် လုပ်နေစဥ် တန်းရှန့်ယွင်က မိန်းကလေးငယ်များနှင့် လိုက်ဖက်သည့် ဒီဇိုင်းကိုရွေးပေးခဲ့ရာ သူမကလည်း ယောင်းမစကားကိုနားထောင်ပြီး ပြောင်းယူလိုက်သည်။
လူတိုင်း ဒီဇိုင်းရွေးပြီးနောက် လိုအပ်သည့် ချည်ပစ္စည်းများကို ပြင်ဆင်ရန်သာ ကျန်တော့သည်။
ဦးထုပ်လုပ်ရန် ချည်လုံး၊ အပ် နှင့် သံနန်းကြိုးမျှင် လိုအပ်ကာ အပ်နှင့် ချည်လုံးကတော့ အိမ်တိုင်းတွင်ရှိပြီး သံနန်းကြိုးကိုတော့ ခရိုင် သမဝါယမစျေးတွင်ဝယ်ယူနိုင်သည်။
ခရိုင်စျေးကို သွားဖို့နောက်ကျနေပြီလည်းဖြစ်၍ တနင်္ဂနွေနေ့မှ သွားရန် ဆုံးဖြတ်လိုက်ကြသည်။
……………
တန်းရှန့်ယွင်သည် တမင်သက်သက် သူမမိတ်ဆွေများကို ချန်ပါးမေ့အကြောင်း ပြောပြလိုက်ခြင်းဖြစ်သည်။ သို့မှသာ သူတို့အိမ်ပြန်ရောက်ပါက ချန်ပါးမေ့နှင့် စပ်ဆိုင်သည့် အတင်းသတင်းများကြားလျင် ကွယ်ဝှက်ခြင်းမရှိပဲ သူတို့သိသမျှကို ပြန်ပြောပြမည်ဖြစ်သည်။
ထိုအကျိုးကျေးဇူးကြောင့် တပ်မိသားစုအိမ်ရာတစ်ခုလုံးက ချန်ပါးမေ့တွင် ဖြစ်ပျက်ခဲ့သမျှကို သိသွားကြကာ သူမကို ဂရုဏာသက်ကြသည်။
သူမကို ဂရုဏာသက်ကြသူများရှိသကဲ့သို့ လက်ထပ်ပွဲကို ရှောင်မပြေးသင့်ဟုပြောသော ကောင်းရှို့လျန်ကဲ့သို့ လူများလည်း ရှိပါသေးသည်။
လင်းဝေ့သည် ချန်ပါးမေ့နှင့် အိမ်ခြံဝန်းထဲစကားပြောနေကြစဥ် ကောင်းရှို့လျန်၏ သွားပုတ်လေလွင့်ပြောမှုများကို ကြားခဲ့ခြင်း ဖြစ်သည်။
ချန်ပါးမေ့သည် လုံ့လဝရိယရှိသောသူဖြစ်ရာ ကျိုးမိသားစုအိမ်ရောက်သည်နှင့် အဝတ်လျှော် ထမင်းဟင်းချက် စသည့်အလုပ်များအပြင် ရှောင်ရှီးရှီးကိုပါ ကူညီထိန်းပေးခဲ့သည်။
ချန်ပါးမေ့ကလည်း စိတ်ပါလက်ပါ ကူညီလေရာ တန်းရှန့်ယွင်ကလည်း လုပ်ခိုင်းထားလိုက်သည်။ တန်းရှန့်ယွင်သည် ချန်ပါးမေ့ကို ခေါ်ထားသည် ဆိုသော်လည်း ကယ်တင်ရှင်ကြီးသဖွယ်တော့ ပြုမူမနေပါ။
ထို့အပြင် ချန်ပါးမေ့ကိုလည်း အလကားမခိုင်းပဲ ကလေးထိန်း တစ်ယောက် လစာပေးသည်။ ယနေ့ခတ်တွင် ကလေးထိန်းတစ်ယောက်၏ ပုံမှန်လစာမှာ တစ်လလျင် ၁၀ယွမ်ကနေ ၁၅ယွမ်ရှိသည်။
တန်းရှန့်ယွင်က ချန်ပါးမေ့ကို ၁၅ယွမ်ပေးကာ အဝတ်အစားများလည်း ဆင်ပေးသည်။ ဤအခြေအနေက သဘောကောင်းသည်ဟု ပြော၍ရသည်။
ထို့အပြင် တစ်ခြားသူများ မေးလာလျင်လည်း လစာပေးသည်ဟုမပြောပဲ ဝမ်းကွဲအစ်ကိုနှင့် ယောင်းမက မုန့်ဖိုးပေးသည်ဟုသာ ပြောရန်မှာထားသည်။
ချန်ပါးမေ့က ခဏလာနေသည့်သူဖြစ်ရာ တန်းရှန့်ယွင်ကလည်း အစစအရာရာကို ဂရုစိုက်နေရသည်။
ချန်ပါးမေ့က အားလုံးလက်ခံသော်လည်း ငွေလက်ခံဖို့တော့ငြင်းဆိုလိုက်သည်။ ဘာဖြစ်လာနိုင်မလဲမသိသည့်သူမကို လက်ခံထားပေးသော သူမ၏ဝမ်းကွဲအစ်ကိုမိသားစုကိုလည်း အားနာနေမိသည်။
တန်းရှန့်ယွင်ကလည်း ဤမိန်းကလေးသည် နာခံမှုရှိသော်လည်း ငွေလက်ခံရန်ခေါင်းမာနေ၍ ငွေကိုပြန်သိမ်းထားလိုက်ရသည်။
"ဒါဆိုလည်း ငွေကို ညီမအတွက် အစ်မက သိမ်းထားပေးလိုက်မယ် အားလုံးအဆင်ပြေသွားပြီး နောက်နှစ်လောက်အထိ သိမ်းထားပေးမယ်နော်"
ချန်ပါးမေ့ကလည်း မပျော်မရွှင် ဖြစ်သွားသည့်ရမျက်နှာထားနှင့် ပြန်ပြောလိုက်သည်။
"ယောင်းမက ပေးရင်တောင်မှ ကျွန်မက ယူမှာ မဟုတ်ဘူး ယောင်းမကိုပဲ ပြန်ပေးမှာ"
"ဒါဆိုလည်း ညီမ လက်ထပ်တဲ့အခါ မင်္ဂလာလက်ဖွဲ့အနေနဲ့ပေးလိုက်မယ်" ဟုတန်းရှန့်ယွင်က စိတ်ဆိုးသည့်မျက်နှာထားနှင့် ပြောရာ ချန်ပါးမေ့ ပြန်မပြောလာခင် ထပ်ပြောလိုက်သည်။
"အာ့လိုပဲ ထားလိုက်တော့ ညီမ ဆက်ပြောရင် စိတ်ဆိုးလာတော့မယ် "
ချန်ပါးမေ့လည်း မတတ်နိုင်တော့ပဲ ခေါင်းငြိမ့်လိုက်ရကာ သူမတစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
"ယောင်းမလိုမျိုး သူများကို အရမ်းပိုက်ဆံပေးချင်တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
တန်းရှန့်ယွင် - "...…" သည်ကလေးကတော့!!
………………
သို့နှင့် ရှောင်ရှီးရှီးကို လင်းဝေ့မှ မထိန်းရတော့ပဲ ချန်ပါးမေ့က ထိန်းပေးကာ သူ့အိမ်မှာပဲ နေတော့သည်။ ရှောင်ရှီးရှီး လင်းဝေ့အိမ်လာလည်လျင်လည်း တစ်ယောက်ထဲ မလာတော့ပဲ ချန်ပါးမေ့က အမြဲပါလာသည်။
တပ်မိသားစုအိမ်ရာမှာ တစ်ခြားကလေးတွေ အများကြီးရှိကြပေမယ့် ရှောင်ရှီးရှီးသည် မင်မင်နှင့်ရွေ့ရွေ့ကိုသာ ပိုခင်မင်သည်။
မင်မင်နှင့်ရွေ့ရွေ့ကလည်း အတူတူပင်ဖြစ်သည်။ မင်မင်နှင့်ရွေ့ရွေ့သည် ရုပ်ချင်းတူသည့်အမွှာဖြစ်ရာ သူတို့ကျွန်းပေါ်စရောက်စဥ်က ကလေးများက အိမ်အမြဲလာလည်ကြသည်။
သို့သော် ကစားဖို့တော့မဟုတ်ပါ။ ရုပ်တူသည့်အမွှာကိုမမြင်ဖူး၍ တိရစ္ဆာန်သဖွယ် အထူးအဆန်း ကိုင်ကြည့်ကြ လာကြည့် ကြခြင်းဖြစ်ကာ မင်မင်ရွေ့ရွေ့တို့နှင့်အတူ မကစားချင်ကြပေ။
ညီအစ်ကို နှစ်ယောက်ကလည်း မာနရှိကြသည်။ အထူးသဖြင့် မင်မင်ဖြစ်သည်။ မင်မင်သည် ရှီးချန်တွင် ရှိစဥ်က ကလေးများကြားတွင် သူသည်အကြီးဆုံးဖြစ်သည်။သူဘာမျှမပြောရင်တောင် သူနှင်ကစားချင်ကြသည့် ညီငယ်အများအပြားရှိပါသည်။
ယားကျိုကျွန်းပေါ်ရှိ ကလေးများက သူ့ကို ထိကြည့် ကိုင်ကြည့်ကြပြီး အတူကစားမည်ဆိုပါက အသက်ငယ်သည့်မင်မင်နှင့် အတူမကစားချင်ကြပေ။
ဤသည်က ရှက်ဖို့ကောင်းသည်ဟု မင်မင် ထင်သည်။