Chapter 67
Vol. 6 Ch. 67
ယနေ့ခတ်တွင် နည်းပညာမဖွံ့ဖြိုးသေး၍ နောက်မျိုးဆက်များထက် စိတ်အပန်းဖြေ ဖျော်ဖြေရေးကဏ္ဍများက နည်ပါးလှ၏။
ရုပ်ရှင်ကြည့်ခြင်းကလည်း လူတိုင်းအတွက် စိတ်အပန်းဖြေရေး အစီအစဥ်တစ်ခုဖြစ်၏။ ရုပ်ရှင်ကြည့်ခြင်းကလည်း အကုန်အကျများလှ၏။ လက်မှတ်တစ်စောင်လျင် ၁၅ပြားကုန်ကျရာ လူတိုင်းက ရုပ်ရှင်လက်မှတ်ဝယ်ဖို့ ငွေမသုံးလျင်ကြပါ။
လင်းဝေ့တို့ကဲ့သို့ ဝင်ငွေ အလယ်အလတ် ရှိသည့်မိသားစုပင် ရုပ်ရှင်နေ့တိုင်းမကြည့်ကြပါ။ ထို့ကြောင့် လင်းဝေ့ကလွဲရင် ကျန်သည့်သူများသည် ရုပ်ရှင်ကို ဤနှစ်အတွက် ပထမဆုံးကြည့်ခြင်းဖြစ်၏။
လင်းဝေ့ကြည့်ခဲ့သည့် ရုပ်ရှင်ကလည်း စက်ရုံက ပြခဲ့ရာ လက်မှတ်ဖိုး မပေးခဲ့ရပေ။
ထို့ကြောင့် လင်းဝေ့တို့ ခြောက်ယောက် ရုပ်ရှင်ရုံထဲဝင်လာစဥ်တွင် စိတ်လှုပ်ရှားနေကြ၏။ လင်းဝေ့တို့ကဲ့သို့စိတ်လှုပ်ရှားသူ အနည်းငယ်လည်းရှိသည်။ ရုံထဲဝင်လာစဥ်တွင် လူများ စကားပြောသံဖြင့်ဆူညံနေ၏။
သို့သော် ရုပ်ရှင်စပြသည်နှင့် အသံတိတ်သွားကြကာ ပိတ်ကားကိုသာ အာရုံစိုက်ကြတော့သည်။
စစ်ပွဲရုပ်ရှင်ပြသထားရာ ရုပ်ရှင် ဇာတ်ရှိန်တက်လာစဥ်တွင် ငိုရှိုက်သံများက ရုံထဲမှ ထွက်ပေါ်လာ၏။ ဇာတ်သိမ်းကကောင်းသော်လည်း ဇာတ်လမ်းသည်ကြေကွဲဖွယ်ရာဖြစ်နေ၏။
လင်းဝေ့နှင့် အပေါင်းအပါတို့လည်း မျက်လုံးများနီရဲနေကြသည်။
သူတို့ဘဝများသည် အေးချမ်းနေပြီဖြစ်သော်လည်း အများစုက စစ်ကိုကြုံဖူးကြ၏။
သူတို့ထဲတွင် လျိုတန်းက အကြီးဆုံးဖြစ်ရာ ဤနှစ်ထဲတွင် ၃၁ နှစ်ပြည့်ပြီဖြစ်ရာ သူမသိတတ်ချိန်တွင် စစ်ကြီးက မပြီးသေးချေ။ ယန်းယီ တန်းရှန့်ယွင်နှင် ကျောက်လီတို့က အသက်သိပ်မကွာကြရာ မြောက်ကိုးရီးယားကိုကူညီတိုက်ပေးသည့် စစ်ပွဲကိုကြုံခဲ့ရဖူး၏။
အထူးသဖြင့် ကျောက်လီ၏ ဇာတိမြို့သည် စစ်မြေပြင်နှင့် နီးကာ ထိုဒေသရှိလူများသည် နေ့တိုင်းကြောက်နေကြရသည်။ အနိုင်ရရှိသွား၍ စစ်ကြီးပြီးသွားချိန်တွင် အားလုံးက ဝမ်းသာကာငိုယိုကြ၏။
လင်းဝေ့ကတော့ အငယ်ဆုံးဖြစ်ပြီး စစ်ပွဲကို မကြုံဖူးပါ။ထို့ကြောင့် မြောက်ကိုးရီးယားကို ကူညီတိုက်ပေးသည့်စစ်ပွဲကိုလည်း မသိိလိုက်ပါ။ ထို့အပြင် လင်းဝေ့တို့ဇာတိ တောင်ပိုင်းလည်း စစ်မြေပြင်နှင့် ဝေးလံ၍ ဒေသခံပြည်သူများသည် စစ်၏ဆိုးကျိုးကို အနည်းငယ်သာ ခံလိုက်ရသည်။
သို့သော်လင်းဝေ့သည် စစ်သည်တစ်ဦးကို လက်ထပ်ခဲ့၏။ ရေတပ်သားများ၏ စစ်ပွဲက တိုတောင်းကာ မပြင်းထန်သော်လည်း ရှေ့တန်းသွားသည့် သူမအမျိုးသားအတွက် စိုးရိမ်နေရ၏။
စစ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးပါမှ ငြိမ်းချမ်းခြင်း၏ အဖိုးတန်မှုကို သိနားလည်ပါလိမ့်မည်။ သမိုင်းကိုပြန်လှည့်ကြည့်လိုက်ပါက စစ်ပွဲကြောင့် ငိုယိုမှုများကိုသာတွေ့ရလိမ့်မည်။
ရုပ်ရှင်ကြည့်ပြီး ထွက်လာချိန်တွင် အားလုံး၏မျက်လုံးများက မို့နေကြ၏။
မို့ဖောင်းနေသော မျက်လုံးများဖြင့် မိသားစုအိမ်ရာသို့ပြန်လာရာ လမ်းမှာတွေ့သည်လူတိုင်းက သူတို့ကို အနိုင်ကျင့်ခံလာရသည်လားဟု မေးမြန်းကြ၏။ ကျောက်လိီကသာ အမြန်မရှင်းပြလျင် သူတို့ကို အနိုင်ကျင့်ခဲ့သည့်လူကို ပြန်သွားလုပ်ပေးမည့်ပုံပင်။
မေးမြန်းသည့်လူများလည်း အကြောင်းအရင်းကို သိသွားကြသော်အခါ နားလည်သွားကြသည်။ သို့သော် ရုပ်ရှင်ကြည့်ပြီး ငိုကြသည်ဟု လူတိုင်းက စနောက်ကြလေတော့သည်။
ဤသို့ဖြင့် မိသားစုအိမ်ရာရှိ လူတိုင်းက လင်းဝေ့တို့ခြောက်ယောက် ရုပ်ရှင်သွားကြည့်ရင်း ငိုယိုလာကြကာ မျက်လုံးများ သစ်အယ်သီးလောက် မို့ဖောင်းလာသည်ဟူသည့်သတင်းကို သိသွားကြသည်။
လမ်းရှိ လူအများမေးမြန်းသည်ကို ဖြေရင်းပြန်လာကြရာ မိသားစုအိမ်ရာသို့ ပြန်ရောက်လာသည်။ လျိုတန်းတို့သုံးယောက်ကတော့ အိမ်တန်းမပြန်ပဲ နန်းကြိုးကိုလိုသလောက်ဖြတ်ယူကာ ငွေရှင်းပြီးမှ ပြန်မည့်ဆုံးဖြတ်ကာ တန်းရှန့်ယွင်အိမ်ကို သွားလိုက်ကြ၏။
လင်းဝေ့လည်း နန်းကြိုးခွေကို သူမ၏ အိတ်ကြီးထဲ ထည့်ကာ သယ်လာပေးသည်ဖြစ်၍ တန်းရှန့်ယွင်အိမ် ကိုပဲ လိုက်သွားလိုက်၏။
တန်းရှန့်ယွင်အိမ်ရောက်တော့ အိမ်သားမည်သူမျှလည်း မရှ်ိကာ အိမ်တံခါးလည်း ဟောင်းလောင်းဖွင့်ထားလေ၏။ အိမ်အနောက်ဘက်၌ ရှိမည်ထင်၍ သွားကြည့်သော်လည်း မရှိပါ။ အပေါ်ထပ်မှာလည်း မရှ်ိပါ။
ယန်းယီက တန်းရှန့်ယွင် စိုးရိမ်နေသည်ကို တွေ့၍ နှစ်သိမ့်ပေးလိုက်၏။"ကျွန်မ တစ်ခြားအိမ်တွေကို သွားမေးကြည့်လိုက်မယ်"
"ဟုတ်တယ် နည်းပြကျိုးကလည်း လူကြီးတစ်ယောက်ဆိုတော့ တစ်နေရာရာသွားတာနေမှာပါ။ မိသားစုအိမ်ရာမှာလည်း အကုန်လုံးက အသိမိတ်ဆွေတွေပဲလေ"ဟု ကျောက်လီကလည်း ဝင်ပြောလိုက်သည်။
"ကျွန်မက သူ့ကို စိုးရိမ်တာမဟုတ်ဘူး။ အပြင်သွားတာကိုအိမ်တံခါးမခတ်ခဲ့လို့ စိတ်တိုနေတာ။ တံခါးလေးခတ်ခဲ့ဖို့ ဘာများခက်ခဲနေလို့လဲ။ ကျွန်မ မသွားခင်ကတော့ ကတိတွေပေးခဲ့ပြီး ကျွန်မလည်း ပြန်လာရော ကြည့်ကြပါဦး"
သူတို့ဝင်လာတုန်းက တံခါးများ ဖွင့်နေသော်လည်း တစ်ယောက်ယောက်ရှိသည်ဟု စိတ်ထဲမှာ ထင်နေမိသည်။ ကျိုးကျန်းဟိုင်လည်း အိမ်မှာမရှ်ိ တံခါးလည်း ပွင့်နေသည်ကို တစ်ခုခုမှားနေသည်သု မထင်မိကြပါ။
တန်းရှန့်ယွင်က ပြောလိုက်မှ လန့်သွားကြ၏။
"နည်းပြကျိုး အိမ်သော့ခတ်ဖို့မေ့ခဲ့တာဖြစ်မယ် ပြန်လာမှ ပြောလိုက်ဦး" ဟုလျိုတန်းက ပြောလိုက်သည်။
"ဒါနဲ့ အိမ်ထဲမှာ ပစ္စည်းတွေပျောက်သေးလားစစ်လိုက်ပါဦး"
မိသားစုအိမ်ရာရှိ လုံခြုံရေးက တင်းကြပ်ထားကာ ဝန်ထမ်းမဟုတ်သူများ ဝင်လာရန်ပင်မလွယ်လှချေ။ ထို့ကြောင့် ပစ္စည်းခိုးမည့်သူ ဝင်လာဖို့ကလည်း မဖြစ်နိုင်ချေ။ သို့သော် အိမ်တံခါးလည်း ပွင့်နေကာ လူလည်း မရှိ၍ ပစ္စည်းပျောက်မပျောက်တော့ စစ်ကြည့်လိုက်သည်။
"ဘာမှတော့မပျောက်ဘူး" တန်းရှန့်ယွင်က အိမ်ကိုစစ်ကြည့်ပြီး ပြောလိုက်သည်။
တန်းရှန့်ယွင်လည်း ကျ်ိုးကျန်းဟိုင် တံခါးမပိတ်ပဲ ထွက်သွား၍ ဒေါသထွက်နေမိသည်။ နောက်မှ မူရင်းကိစ္စကိုသတိရလိုက်ကာ လင်းဝေ့ဆီက နန်းကြီးခွေကို တောင်းလိုက်သည်။
ရုပ်ရှင်ကြည့်စားသောက်ချိန်တွင် အဆင်မပြေ၍ နန်းကြိုးခွေကို လင်းဝေ့၏ အိတ်ကြီးထဲ ခဏထည့်ထားခဲ့ခြင်းဖြစ်သည်။ သူတို့ခြောက်ယောက်တွင် လင်းဝေ့သာလျင် အိတ်အကြီးကိုင်ထားရာ လင်းဝေ့လည်း ကူထည့်ပေးလိုက်၏။
တန်းရှန့်ယွင်လည်း နန်းကြိုးကို ကတ်ကြေးဖြင့်ကိုက်ကာ လျိုတန်း ယန်းယီ ကျောက်လီနှင့် ချန်ပါးမေ့တို့ကို ဦးထုပ်လုပ်ရန် လိုသလောက် ကြေးနန်းကြိုးကို ဖြတ်ပေးလိုက်၏။
နန်းကြိုးဖြတ်ပြီး ငွေတွက်ချက်ကြည့်ရာ ၂ ပြားပင် မကျသင့်သော်လည်း အားလုံးက တန်းရှန့်ယွင်ကို ၂ ပြားစီပေးလိုက်ကြ၏။ တန်းရှန့်ယွင်က လက်မခံသော်လည်း အတင်းပေးလိုက်ကြ၏။
ထိုသို့ခွဲဝေပြီးနောက် အချိန်လည်း လင့်နေပြီဖြစ်ရာ ပြန်ရန်ပြင်ကြတော့သည်။ တန်းရှန့်ယွင်အိမ်က မှန်ကိုတောင်းကြည့်ကြီး မျက်လုံးဖောင်းမဖောင်းပြန်စစ်ကြည့်ကာ အသီးသီးအိမ်ကို ပြန်သွားကြတော့သည်။
လင်းဝေ့လည်း မိမိအိမ်ကိုပြန်လာရာ တန်းရှန့်ယွင်အိမ်ကဲ့သို့ဖြစ်နေ၏။ အိမ်တံခါးလည်း ပွင့်နေကာ လူလည်း တစ်ယောက်မှ မရှိပေ။
ဒီနှစ်ယောက် ချိန်းတွေ့နေကြတာများလား?
ထိုသို့တွေးနေစဥ် တန်းရှန့်ယွင်က လင်းဝေ့အိမ်ဘက် ကူးလာပြီး ကျိုးကျန်းဟိုင်နှင့် ရှောင်ရှီးရှီးရှိလားဟုမေးလိုက်၏။
"မရှ်ိဘူး။ ကျွန်မ အိမ်တံခါးလည်း ပွင့်နေတော့ အတူတူသွားကြတာဖြစ်လောက်မယ်။ ဒါပေမယ့်ဘယ်သွားလဲတော့မသိဘူး" ဟုလင်းဝေ့ကပြန်ဖြေပြီး သူမအိတ်ကို ခုံပေါ်တင်လိုက်ကာ တန်းရှန့်ယွင်ကို ရေနွေးဖြင့်ဧည့်ခံလိုက်၏။
"သိပ်လည်း မစိုးရိမ်ပါနဲ့ သူတို့အဝေးကြီး မသွားလောက်ပါဘူး ခဏနေပြန်လာကြမှာပါ"
တန်းရှန့်ယွင်ကတော့ ဘာမှပြန်မပြောပဲ မျက်လုံးအပေါ် လက်ဖဝါးဖြင့် ခုံးကာလိုက်ပြီး အဝေးကို လိုက်ကြည့်၏။ တစ်ခဏကြာတော့ အဝေးတစ်နေရာကို ညွှန်ပြကာ မေးလိုက်သည်။
"ဟိုဟာက ဒုတပ်မှူးကျုံးမလား"
"ဘယ်မှာလဲ?"
လင်းဝေ့လည်း ညွှန်ပြသည့်ဘက်ကို ကြည့်လိုက်ရာ ကျုံးရှောက်ကို ပင်လယ်ဘက်တွင် လက်ပိုက်ရပ်ကာ သူ့ရှေ့ ပင်လယ်ထဲက လှုပ်စိလှုပ်စိ အရိပ်သုံးခုကိုကြည့်နေ၏။ ဟယ် …ကလေးတွေ…
"ဟုတ်တယ် သူပဲ။ မင်မင်၊ ရွေ့ရွေ့နဲ့ ရှောင်ရှီးရှီးလည်း အာ့မှာပဲ"
လင်းဝေ့လည်း ပင်လယ်ဘက်အမြန်ပြေးသွားကာ အော်လိုက်သည်။" ကျုံးရှောက်"
ကျုံးရှောက်က အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။ သို့သော် လင်းဝေ့ဘက်မသွားပဲ ရေထဲက ကလေးများကို တစ်ခုခုပြောလိုက်သည်။
ထိုစဥ် မင်မင်သည် ရေထဲကခုန်ထွက်လာပြီး လင်းဝေ့ဘက်လှည့်ကာ ပျော်ရွှင်စွာအော်ပြောလိုက်သည်။
"မေမေ သားရေကူးတတ်ပြီ"
ထိုသို့ပြောနေရင်း ရေကူးပြနေ၏။ ရေကလည်း ကလေးများကူနိုင်လောက်သည့် တိမ်တိမ်လေးဖြစ်၏။ ထိုသို့ကူးပြလိုက်ရင်း လင်းဝေ့ဆီ ပြေးဖက်လိုက်၏။
"ဟာ မေ့မေ့ အင်္ကျီတွေ"ဟု ညည်းပြလိုက်ကာ သူ့သားကိုဖက်လိုက်သည်။
"ရှင် ဘာလို့ရုတ်တရက်ကြီး ကလေးတွေကို ရေကူးသင်ပေးနေတာလဲ"
ကျုံးရှောက်က ရှောင်ရှီးရှီးနှင့် ရွေ့ရွေ့ကို လက်တစ်ဖက်ဆီ ဆွဲကာ လင်းဝေ့ဆီ လျှောက်လာ၏။
"ရာသီဥတုကလည်း ပူနေတော့ ပင်လယ်ကမ်းခြေဘက်အေးတယ်ဆိုပြီး လမ်းလျှောက်လာရင်း ကလေးတွေက ရေကူးချင်တယ်ဆိုလို့ သင်ပေးနေတာ။ ဘယ်အချိန်က ပြန်ရောက်တာလဲ"
"မကြာသေးဘူး… ရှင်အပြင်သွားမှာကို ဘာလို့ တံခါးပိတ်မသွားတာလဲ"ဟုမေးလိုက်ရင်း ရွေ့ရွေ့မျက်နှာရေစိုနေသည်ကို သုတ်ပေးလိုက်သည်။
"သားက ရေ ကူးတတ်ပြီလား"
ရွေ့ရွေ့က "သား ရေကူးတတ်ပြီ" ဟု ပြန်ဖြေလိုက်၏။
"သားလည်း ကူးတတ်ပြီ။ သားက ဝမ်းယားမှောက်ပြီးဒီလိုလေး ကူးတာ" ဟုပြောပြီး လက်ကို ရှေ့နောက်လွှဲပြလေ၏။
"သားတို့ရေကူးနေကြတာ ဘယ်လောက်ကြာပြီလဲ။ ရေကူးတတ်တာ မြန်လိုက်တာ"ဟု လင်းဝေ့က မေးလိုက်၏။
" သူတို့က အရမ်းပါရမီပါကြတာ။ အခြေခံနည်းလေးသင်ပေးလိုက်တာနဲ့ ကူးတတ်သွားကြတယ် ရွေ့ရွေ့က အရင်ဆုံးကူးတတ်တာပဲ"
"ဝိုးးးသားတို့က အရမ်းတော်ကြတာပဲ" ဟု ချီးကျူးလိုက်ပြီး လက်မ ထောင်ပြလိုက်သည်။
သူတို့အမေ ချီးကျူးသံကြားတော့ ရွေ့ရွေ့က နှုတ်ခမ်းလေးကွေးရုံပြုံးနေလေ၏။ မင်မင်ကတော့ မကြွားဝါတတ်သည့်ပုံဖမ်းကာ"သားက သိပ်မတော်ပါဘူး သာမန်ပါပဲ" ဟုပြောလိုက်၏။
လင်းဝေ့ - "……” အေး ဟုတ်ပါပြီ သားရဲ့ ဝါကြွားတဲ့ပုံစံကိုမသိတဲ့သူသာဆိုရင် ယုံမိမှာပဲ
တန်းရှန့်ယွင်ကလည်း ကမ်းခြေဘက်လိုက်လာပြီး ရှောက်ရှီးရှိီးကို ရေသုတ်ပေးနေ၏။ ထိုစဥ်မှ လင်းဝေ့လည်း သတိရသွားပြီး ကျုံးရှောက်ကို မေးလိုက်သည်။
"ဒါနဲ့ နည်းပြကျိုးက ရှင် နဲ့အတူ မဟုတ်ဘူးလား"
တန်းရှန့်ယွင်ကလည်း သူ့ယောကျ်ားဘယ်မှာလည်း သိလို၍ လှမ်းကြည့်လိုက်သည်။
"အတူတူပဲလေ" ဟုပြောကာ ပင်လယ်ဘက်ကို လှမ်းကြည့် လိုက်သည်။ ပင်လယ်ဘက် တစ်ခဏလိုက်ရှာကြည့်ပြီး တစ်နေရာကို လက်ညိုးထိုးပြလိုက်သည်။" ဟိုဘက်မှာ"
သူညွှန်ပြသည့်ဘက်ကို လင်းဝေ့တို့ကြည့်လိုက်သော်လည်း ဘာမျှမတွေ့ချေ။"ဘယ်သူမှ မရှိပါဘူး"
"အာ့ဒီ အရိပ်သေးသေးလေးလေ" ဟုကျုံးရှောက်ကပြန်ပြော၏။
"အာ့မှာ အရိပ်တစ်ခုရှိတယ်လား။" လင်းဝေ့က မျက်လုံးမှေးကာ စိုက် ကြည့်လိုက်မှ ပုရွက်ဆိတ်အရွယ်ခန့်အရိပ်တစ်ခုကိုတွေ့လိုက်၏။
"အာ့တာ နည်းပြကျိုးလား? အာ့လောက်တောင်သေးရလား?"
"အဝေးကြီးမှာမို့လို့ သေးသေးလေးမြင်ရတာပါ" ဟု ကျုံးရှောက်က ပြန်ရှင်းပြလိုက်၏။ တန်းရှန့်ယွင်လည်း မျက်တောင်မခတ်ပဲကြည့်ကာ စိုးရိမ်နေသည်ကိုတွေ့တော့ "လောင်ကျိုးက ရေကူးကျွမ်းပါတယ် သူကမ်းဘက်ကို ပြန်ကူးလာလိမ့်မယ်" ဟု မစိုးရိမ်ရန်နှစ်သိမ့်လိုက်၏။
တန်းရှန့်ယွင်လည်း နှုတ်ခမ်းစိကာ ပြုံးလိုက်၏။
"အင်းး"