Chapter 68
Vol. 6 Ch. 68
ကျုံးရှောက် ပြောနေစဥ်မှာပင် ကျိုးကျန်းဟိုင်က ကမ်းခြေသို့ကူးလာ၏။ နှစ်မိနစ်ခန့်အကြာတွင် ပုရွက်ဆိတ်အရွယ်ကနေ ပန်းကန်လုံးအရွယ်သို့ရောက်လာကာ တစ်ဖြည်းဖြည်း မျက်နှာကို သေချာမြင်လာရ၏။
သူ့အမျိုးသားပြန်လာတာကိုတွေ့လိုက်မှ တန်းရှန့်ယွင် သက်ပြင်းကြီး ချလိုက်ရ၏။ ရှောင်ရှီးရှီးကလည်း "ဖေဖေ" ဟုအော်ခေါ်လိုက်သည်။
သူ့သားအသံကြားလိုက်တော့ မြန်မြန်ကူးကာ ရေထဲမှ တက်လာကာ မျက်နှာမှရေသုတ်ရင်း သူ့သားနှင့်မိန်းမဆီလျှောက်လာ၏။
ရှောင်ရှီးရှီးကလည်း သူ့အဖေကို ရေကူးသင်သည့်အကြောင်းအရာများ ပြောပြတော့သည်။ နောက်ဆုံးတော့ သူ့အဖေဆီက သားကတော်လိုက်တာ ဟူသည့်ချီးကျူးစကားကြားရတော့သည်။
ကလေးများ၏ ရေကူးအတွေ့အကြုံများပြောနေစဥ် နားမထောင်လိုတော့သည့် ကျုံးရှောက်က သူ့မိန်းမ ဘက် ခေါင်းစောင်းလိုက်ပြီး နားနား ကပ်ပြောလိုက်သည်။
"ရေကူးသင်ချင်လား"
လင်းဝေ့လည်း ကလေးတွေဘက် သိပ်အာရုံမစိုက်ထားရာ ချက်ချင်းပြန်ဖြေလိုက်၏။ "ကျွန်မလားးး ထားလိုက်ပါ"
အားကစားလည်း မလိုက်စားခဲ့ဘူး၍ လင်းဝေ့သည် ရေကူးသင်နိုင်လိမ့်မည်ဟု မထင်ပါ။
အရေးကြီးတာက သူမသားတွေ ရေကူးတတ်ဖို့ပဲ။ အခုကြီးမှ ရေကူးသင်ရင်လည်း ရှက်စရာကြီး။
မသင်တာပဲကောင်းမယ်။ ဒါမှ သူ့ရဲ့ အမေ ပုံရိပ် မထိခိုက်မှာ။
လင်းဝေ့ ပြောပြီးသည်နှင့် ကျုံးရှောက်က သူမကိုရုတ်တရက်ပွေ့ချီလိုက်သည်။
လင်းဝေ့ လေပေါ်မြှောက်သွားသည်။ပြုတ်မကျစေရန် ကျုံးရှောက် လည်ပင်းကို ဖက်ရင်းအော်လိုက်သည်။ကျုံးရှောက်က သူမကိုပွေ့ရင်းပင်လယ်ဘက်ပြေးသွားသည်ကို ကြည့်ရင်းမေးလိုက်သည်။
"ရှင်ဘာလုပ်နေတာတုန်း"
"မင်းကိုရေကူးသင်ပေးမလို့လေ."
"ကျွန်မ မသင်…”
လင်းဝေ့စကားမဆုံးခင်မှာ ကျုံးရှောက်က ဖြတ်ပြောလိုက်သည်။
"မကြောက်နဲ့ ဘယ်လိုကူးရမလဲဆိုတာ ကိုယ်သင်ပေးမယ်။ အခုမကူးတတ်သေးလဲ ကလေးတွေရှေ့မျက်နှာပျက်မှာ မစိုးရိမ်ပါနဲ့"
ကျုံးရှောက်စကားကြားတော့ လင်းဝေ့ ဒေါသလေးနည်းနည်းထွက်သွား၏။"ကျွန်မ မသင်နိုင်ဘူးလို့ဘယ်သူပြောလဲ? ရေကူးတာလေးများ အလွယ်လေးတတ်သားပဲ"
"အဲသည်တော့."
ကျုံးရှောက်က "ဒါဆိုကိုယ် မင်းကိုလွတ်လိုက်မယ်နော်" ဟုပြောလိုက်၏။
လင်းဝေ့ကြည့်လိုက်တော့ ပင်လယ်ရေက သူမလည်ပင်းနားရောက်နေ၏။ ကျုံးရှောက်က သူမကို လွတ်လိုက်ရာ ရေထဲကျသွားတော့သည်။
လင်းဝေ့ မျက်လုံးပြူးသွားပြီး ကျုံးရှောက်လည်ပင်းကို မလွတ်တမ်း ဖက်ထားလိုက်သည်။
ကျုံးရှောက် - "…ကိုယ့်ကိုလွတ်လိုက်."
"မလွတ်ဘူး!"
ကျုံးရှောက်က ကမ်းခြေဘက် လှည့်ကြည့်လိုက်သည်။
"ကမ်းခြေဘက်မှာ လူတွေအများကြီး ကိုယ်တို့ကိုကြည့်နေတယ် မင်းက လူတွေကြည့်တာ ဂရုမစိုက်ဘူးဆိုရင်လည်း ကိုယ်က ဖက်ထားပေးလို့ရပါတယ်"
ကျွန်မဂရုစိုက်တယ်!
ယနေ့ခတ်အနေအထားသည် လူများ၏ နေထိုင်မှုဘဝပုံစံကို ကန့်သတ်ထား၏။ လင်နှင့်မယားဖြစ်လျင်ပင် လူမြင်ကွင်းတွင် ဖက်ရမ်းမနေရပါ။ တွေ့ရှိပါက ခေါ်ယူကာ ပညာပေးခံရမည်ဖြစ်သည်။
လင်းဝေ့သည်လည်း ရှက်တတ်သူဖြစ်ရာ ဖက်ထားသည့်လက်ကို လွတ်လိုက်ပြီး ရေထဲတွင် ပျာယာခတ်နေ၏။
ကျုံးရှောက်က လင်းဝေ့၏ လက်မောင်းကို ကိုင်ကာ ထိန်းပေးလိုက်သည်။
ဟေးး ခြေထောက်က ရေအောက်ကြမ်းပြင်ကို ထိသားပဲ။
လင်းဝေ့ မတ်တပ်ရပ်ပြီးနောက် ဤနေရာသည် သူမထင်သလောက် မနက်ကြောင်း သိလိုက်ရသည်။ အစကတော့ သူမလည်ပင်းအထိ ရေရှိမည်ဟု ထင်နေ၏။
ကျုံးရှောက်က သူမကို ချီပိုးထား၍သာ လည်ပင်းနားရောက်နေခြင်းဖြစ်သည်။ မတ်တပ်ရပ်လိုက်သော် ရေသည် ရင်ဘတ်နားသာရှိ၏။
လင်းဝေ့ ကျုံးရှောက်ကို မျက်စောင်းထိုးလိုက်သည်။
"ရှင် တမင်လုပ်တာမလား"
"မင်းက စိတ်လှုပ်ရှားနေတာကိုးး"
"ရှင်က ရုတ်တရက်ကြီး ခေါ်လာတာကိုး။ ကျွန်မ မှ ရေကူးသင်ဖို့ မပြင်ဆင်ထားတာ" ဟု လင်းဝေ့ကလည်း ချက်ချင်းပြန်ပြောလိုက်၏။
"ဟုတ်ပါပြီ ကိုယ့်အမှားပါ" ကျုံးရှောက်ကလည်း သူ့အမှားကို အသာတကြည်ဝန်ခံလိုက်သည်။
"အခုရေထဲတောင် ရောက်နေပြီဆိုတော့ မစမ်းကြည့်ချင်ဘူးလား။ တစ်ကယ်တော့ ရေကူးတာ မခက်ပါဘူး နည်းလမ်းသိရင် လွယ်လွယ်လေးရယ်။ မင်မင် နဲ့ရွေ့ရွေ့တို့ဆို တစ်နာရီလောက်နဲ့ ကူးတတ်သွားကြတာ"
ကျုံးရှောက် စကားကိုနားထောင်ကြည့်ရင်း ကလေးများရေကူးသည်ကိုလည်း ပြန်စဥ်းစားရင်း ရေကူးသည်က မခက်လောက်ဟု ထင်လိုက်မိသည်။
သူမသည် ကိုယ်လက်အားကစားတွင် ပါရမီမပါသော်လည်း တစ်ခုလောက် တတ်ထားတော့လည်း မဆိုးဟုတွေးမိ၏။
ယနေ့ခတ်တွင် လူများက ရှေးရိုးဆန်ကြသော်လည်း ၁၉၈၀ နောက်ပိုင်းတွင် ရေကူးဝတ်စုံများဖြင့် ကမ်းခြေပေါ် အပန်းဖြေထွက်သည်များပင် ရှ်ိလာမည်ဖြစ်သည်။
အာ့အချိန်လောက်ဆို သူမလည်း ခေတ်ရေစီးကြောင်းအတိုင်း လိုက်လုပ်နိုင်ရင် လုပ်နိုင်လောက်မည်။
ထိုသို့တွေးရင်းလင်းဝေ့ အံကြိတ်ကာ ပြောလိုက်သည်။
"ဟုတ်ပြီ ကျွန်မသင်မယ်"
ရေကူးခြင်းသည်လည်း အားကစားတစ်မျိုးဖြစ်ရာ အရွယ်ရောက်သူများက အမြန်သင်ယူနိုင်သော်လည်း ပါရမီနှင့်သက်ဆိုင်သေး၏။
ငယ်ရွယ်သည့်ကလေးများ၏ ခြေလက်များသည် လူကြီးများထက် ပျော့ပြောင်းသေးရာ ပိုမိုလွယ်ကူလေသည်။
လင်းဝေ့ ရေကူးသင်ရာတွင် ကလေးသုံးယောက်လောက် မတော်ပါ။
ကလေးများသည် တစ်နာရီဖြင့် ကူးတတ်သည်သာမက နောက်ပြန်ပင် ကူးတတ်ကြသေး၏။ မှောင်လာသည်အထိ လင်းဝေ့၏ ရေကူးစကေးမှာ ယက်ကန်ယက်ကန်သာအဆင့်သာရှိသေး၏။ ကျုံးရှောက် လက်လွတ်လိုက်သည်နှင့် စိတ်လှုပ်ရှားကာ မကူးနိုင်ဖြစ်သွား၏။
ရာသီဥတုက ပင်လယ်ထဲ ရေဆင်းကူးရန် ကောင်းသည့် အခြေအနေဖြစ်ရာ လင်းဝေ့ရေထဲက မထွက်ချင် ထွက်ချင်ဖြင့် ကမ်းပေါ်တက်လာလိုက်ရသည်။ မှောင်လည်းမှောင်နေပြီဖြစ်ပြီး ဗိုက်လည်းဆာ ပင်ပန်းနေပြီလည်းဖြစ်၍သာ ကမ်းပေါ်တက်လိုက်ရသည်။
အိမ်ပြန်ရောက်သည်နှင့် လင်းဝေ့သည် အဝတ်အစားများယူကာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ကျုံးရှောက်ကတော့ ကျိုးကျန်းဟိုင် အိမ်မှာရှိသည့် သူ့ကလေးများကို သွားခေါ်လိုက်သည်။
ကျုံးရှောက်ကလေးများကို သွားခေါ်တော့ ကလေးများသည် တစ်နေကုန် ပင်လယ်ထဲ ရေကစားထားကြ၍ ပင်ပန်းပြီး အိပ်ချင်နေပြီဖြစ်သည်။ ကျုံးရှောက်ကိုတွေ့တော့ ပျင်းရိကာ လမ်းမလျှောက်လျင် လျှောက်ချင် ဖြင့် သူတို့အဖေကို ဖက်လိုက်၏။
ကျုံးရှောက်သည် မင်မင်ကို ရှေ့မှာချိီလိုက်ပြီး ရွေ့ရွေ့ကို ကျောပိုးလိုက်သည်။
ရွေ့ရွေ့ကတော့ သူ့အမေ၏ ရေကူးသင်သည့်အခြေအနေကိုမေးနေ၏။ သူတို့အမေ ရေကူးသင်နေသည်ကို တစ်ခဏကြည့်ပြီး ရှောင်ရှီးရှီးတို့နှင့်အတူပြန်သွားကြ၍ လင်းဝေ့၏ ရေကူးသင်ယူခြင်း အခြေအနေကို မသိလိုက်ကြပါ။
လင်းဝေ့၏ ကလေးများ မေးလာလျင် ဖြေရန် သင်ပေးထားသည့်အတိုင်း ဖြေလိုက်သည်။ "ကောင်းပါတယ်"
ရွေ့ရွေ့က သူ့အမေ ရေကူးတတ်တာ သေချာပြီလား မသိသေးသော်လည်း သူတို့ညီအစ်ကိုနှစ်ယောက်ကူးတတ်သွားသည်က သေချာပါ၏။
သူ့အစ်ကို မင်မင် ရေကူးတတ်သွားတုန်းကတောင် သူတို့အဖေက အရမ်းကောင်းတယ်ဟု မပြောဖူးပါ။ ဒါဆို သူတို့အမေက သူ့အစ်ကိုထက် ပိုတော်တယ်ဆိုတဲ့သဘောလား။
လင်းဝေ့ ရေချိုးပြီးထွက်လာတော့ သူ့သားငယ်က သူ့ကိုချီးကျူးစကား လာပြောသည်ကို ခံလိုက်ရသည်။
လင်းဝေ့သည် ရွေ့ရွေ့၏ချီးကျူးစကားကို နားမလည်လိုက်ပဲ အိပ်ရာပေါ်ရောက်မှ ကျုံးရှောက်ကို မေးလိုက်၏။
"ရှင် ရွေ့ရွေ့ကို ဘာတွေပြောထားလို့ သူက ရုတ်တရက်ကြီး ကျွန်မကို ချီးကျူးနေရတာလဲ"
"ဘာမှ မဟုတ်ပါဘူး မင်းရဲ့ရေကူးသင်တဲ့အခြေအနေမေးတာကိုကိုယ်ကာ အရမ်းကောင်းတယ်လို့ပြောလိုက်လို့ပါ"
"ဒါပဲလား?"
ကျုံးရှောက် က ခေါင်းငြိမ့်ပြလိုက်ကာ မေးလိုက်သည်။
"နောက် တနင်္ဂနွေနေ့ကျ ရေကူးသင်ဦးမလား"
"အာ့တာက…"
လင်းဝေ့ ဇဝေဇဝါဖြစ်နေမိသည်။ ပင်လယ်ရေစိမ်ရတာကောင်းပေမယ့် ရေကူးသင်ရတာက ပင်ပန်းလွန်းတယ် ပြီးတော့ပင်လယ်ရေတွေ သောက်မိရင်လည်း နေရခက်တယ်။ ရေကူးသင်နေတုန်းကတော့ လင်းဝေ့ ပင်လာ်ရေအများကြီး မသောက်မိပါ။
ကမ်းခြေကပြန်လာပြီး ရေမိုးချိုးပြီး အိပ်ရာပေါ်လှဲလိုက်တော့ အရမ်းပင်ပန်းသွားသည်ဟု ခံစားမိလိုက်ကာ အနားယူလိုက်ဦးမည်ဟု တွေးလိုက်၏။
သို့သော် ပင်ပန်းသည်ဟုပြောရမည်ကို ရှက်ကာ တစ်ခြားအကြောင်းပြချက် ရှာလိုက်သည်။ "နောက်တနင်္ဂနွေကျ ကျွန်မတို့ ရုပ်ရှင်သွားကြည့်ဖို့ပြောထားတယ်မလား"
ရုပ်ရှင်ကြည့်တာကို နောက်တစ်ပတ်ထပ်ရွေ့၍ရသော်လည်း ကျုံးရှောက်က မရွေ့ချင်လောက်ဟု တွေးကာ အကြောင်းပြချက်ပေးလိုက်၏။
သို့သော် ကျုံးရှောက် က သူမ၏ စိတ်ကူးယဥ်မှုများကို ဖျက်စီးလိုက်၏။"ရပါတယ် ရုပ်ရှင်ကြည့်တာက တစ်နာရီခွဲလောက်ပဲကြာတာလေ။ မနက်ပိုင်းရုပ်ရှင်ကြည့်ပြီး ပြန်လာရင် ညနေပိုင်း ရေကူးသင်လို့ရတယ်လေ"
"ကျွန်မတို့ ရုပ်ရှင်ပဲကြည့်ပြီးပြန်လာလို့မရဘူးလေ။ နေ့လည်စာစားရဦးမှာပေါ့။ ပြည်နယ်စားသောက်ဆိုင်က စားဖိုမှုးလက်ရာက အရမ်းကောင်းတာ။ ကလေးတွေလည်း ကျွန်းပေါ်ရောက်ပြီးကတည်းက စားဖိုမှူးချက် အထူးဟင်းလျာတွေမစားရတာကြာပြီဆိုတော့ ခေါ်သွားကျွေးချင်လို့ပါ……"
"ရုပ်ရှင်ကြည့်တာနဲ့ စားသောက်တာကလည်း အာ့လောက်အချိန်မကြာပါဘူး။ မင်းတောင် ဒီနေ့ လေးနာရီလောက်ပြန်ရောက်တာမလား" ဟုပြောပြီးနောက် ကျုံးရှောက်၏ လေသံက ပြောင်းသွား၏။
"ပြီးတော့ ရွေ့ရွေ့က မင်းရေကူးသင်နေတာကို လေးစားနေတာ။ ဒါပေမယ့် နောက်တစ်ခေါက် ရေအတူကူးကြပြီး မင်းရေမကူးတတ်မှန်းသိသွားခဲ့ရင်……"
"ဟုတ်ပြီ ဟုတ်ပြီ ကျွန်မ ဆက်သင်မယ်"
လင်းဝေ့လည်း အဖြေအမြန်ပေးပြီးမှ ကျုံးရှောက်၏ အရူးလုပ်ခြင်းခံလိုက်ရမှန်း သိလိုက်သည်။ အရူးအလုပ်ခံလိုက်ရမှန်းသိလျင်ပင် နောက်ဆုတ်၍ မရတော့ချေ။
ရေကူးသင်တာလေးပဲကို ဘာလို့ သူမက သူမရဲ့မိခင်ဂုဏ်သိက္ခာကို ကာကွယ်ရသလို ခက်ခဲတယ်လို့ ခံစားနေရတာလဲ?
.......
လင်းဝေ့သည် ကျုံးရှောက်ပေးသည့် ရေကူးသင်တန်းတက်နေရင်း သြဂုတ်လထဲသို့ပင် ဝင်လာပြီဖြစ်သည်။
လင်းဝေ့က သြဂုတ်လကို မကြိုက်ပါ။ သြဂုတ်လ သည် အလွန်ပူပြင်းကာ နယ်ကလူများက ဇူလိုင်လ အလယ်ကနေ သြဂုတ်လ အလယ် အထိ နေရက်များကို ခွေးနေ့ရက်များဟုပင် တင်စားကြ၏။ လင်းဝေ့အတွက်တော့ သြဂုတ်လအစပိုင်းက အခက်ခဲဆုံးဖြစ်၏။
နောက်အကြောင်းအရင်းမှာ အလုပ်အရှုပ်ဆုံးအချိန်ဖြစ်၍ ဖြစ်သည်။ ဇူလိုင်လကုန်မှ သြဂုတ်လကုန်အထိ အထည်အော်ဒါများ ပိုတက်ကာ စက်ရုံရှိ အလုပ်သမားဝန်ထမ်းတိုင်း အလုပ်အကုန်ရှုပ်ကြ၏။
အိမ်ရှ်ိ လူတိုင်းနားရက် မရ၍ အိမ် ချက်ပြုတ်လျှော်ဖွတ်ရေး ကြက်ဘဲကျောင်းခြင်း စသည့်အိမ်အလုပ် အားလုံးမှာလင်းဝေ့အပေါ် ကျလာ၏။ ထို့ကြောင့်လင်းဝေ့မှာလည်း တစ်အိမ်လုံး အိမ်အလုပ်ကို အံကြိတ်ကာ လုပ်ခဲ့ရ၏။
လင်းဝေ့ လက်ထပ်ပြီးနောက်မှ အနည်းငယ် သက်သာလာရ၏။ သို့သော် ဆန်းလင်အခြေစိုက်စခန်းသို့ ပြောင်းလာရာလမ်းခရီးတွင် မက်ခဲ့သော အိပ်မက်ကြောင့် သြဂုတ်လရောက်လာလျင် ဂဏာမငြိမ်ဖြစ်နေရ၏။
သြဂုတ်လ ၁ရက်နေ့ကျုံးရှောက် ရေတပ်စခန်းမသွားခင်တစ်ခုကို သတ်ိရလိုက်ကာ လင်းဝေ့ကို သတိပေးလိုက်သည်။
"ဒီရက်ပိုင်း တိုင်ဖွန်းမုန်တိုင်းရှိတယ် ကြားတယ်။ အိမ်မှာပဲ ဂရုစိုက်ပြီးနေပါ။ အပြင်သိပ်မထွက်နဲ့"
လင်းဝေ့သည် အစက အိပ်ချင်မူးတူးဖြစ်နေသော်လည်း ကျုံးရှောက်၏ သတိပေးစကားကိုကြားလိုက်ရ၍ ရုတ်တရက် ထလာကာမေးလိုက်သည်။"တိုင်ဖွန်းးး ဘယ်တော့တဲ့လဲ"
"ဒီရက်ပိုင်းအတွင်းပဲ။ အချိန်အတိအကျတော့မသိဘူး"
လင်းဝေ့၏ စိုးရိမ်ကြောင့်ကြနေမှုကိုတွေ့တော့ ကျုံးရှောက်က အိပ်ရာဘေးဝင်ထိုင်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့ ဒီတစ်ခေါက်မုန်တိုင်းက သိပ်မကြီးဘူးလို့ကြားတယ်။ ကမ်းခြေဘက်ရောက်လာရင်တောင် လေကြီးမိုးရွာတာလောက်ပဲဖြစ်မှာပါ။ အိမ်ထဲမှာပဲနေရင် လုံခြုံပါတယ်။ ပင်လယ်ပြင်ရာသီဥတုကလည်း အမြဲပြောင်းနေတာဆိုတော့ ကမ်းဘက်မရောက်ခင် မုန်တိုင်းမျှားဦးလည်း ပြောင်းသွားနိုင်တာပဲ"
အမှန်တော့ ဤနှစ်တွင် တိုင်ဖွန်းမုန်တိုင်း မဖြစ်ခဲ့မှန်း လင်းဝေ့သိသည်။ မူရင်းဝတ္ထုစာအုပ်ထဲတွင် လင်းဝေ့သည် နောက်နှစ်ဖြစ်မည့် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့်ကာလတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။