← Chapters

Chapter 72

Vol. 6 Ch. 72

Chapter 72

Vol. 6 Ch. 72

လင်းဝေ့သည် သူမ နေမကောင်းဖြစ်လိမ့်မည်ဟု မထင်ခဲ့ပါ။

လူတွေက သူမကို တွေ့လျင် ပိန်လွန်း၍ ကျန်းမာရေးချူချာမည်ဟု ထင်ကြသည်။ အမှန်တော့ မောင်နှမသုံးယောက်ထဲတွင် လင်းဝေ့က ဖျားနာမှုအနည်းဆုံး လူဖြစ်၏။ သူမနောက်ဆုံး အအေးမိကာ နေမကောင်းဖြစ်ခဲ့သည်မှာ နှစ်နှစ်ကျော်ပင်ကြာပြီဖြစ်၏။

လွန်ခဲ့သည့်ဆောင်းရာသီတွင် ညီအစ်ကို နှစ်ယောက်လုံးဖျားခဲ့ကြရာ သူတို့အဖွား လင်းဝေ့အမေ ပင်လျင် အဖျားကူးခဲ့သော်လည်း လင်းဝေ့ကတော့ နှာပင် မစီးခဲ့ပါ။

လွန်ခဲ့သည့် နွေဦးကလည်း သူမ မိုးမိခဲ့ဖူးသည်။သူမအပြင်ထွက်ခါနီးနေသာ နေ၍ ထီးမယူလာမိပါ။ အိမ်ကိုပြန်လာစဥ် လမ်းတစ်ဝက်မှာ မိုးရွာလာ၍ မိုးရေထဲပြေးခဲ့ရ၏။ သူများအိမ်ထဲ မိုးဝင်ခိုတာလည်း မလုပ်ချင်ခဲ့၍ အိမ်အပြင် ဘက်က အဖီချထားသည့်နေရာမှာပဲ မိုးခိုခဲ့ရ၏။

အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး စိုရွဲနေခဲ့ကာ ရာသီဥတာကလည်း အေးနေခဲ့၍ တုန်ယင်နေခဲ့၍ စွပ်ပြုတ်နွေးနွေးလေး တစ်ပွဲ သောက်ခဲ့ရသည်။ သို့သော် နှာစေခြင်းသာဖြစ်ခဲ့ပြီး ခေါင်းမူးခေါင်းကိုက် ဖျားနာခြင်းလည်း မဖြစ်ခဲ့ပါ။

ထို့ကြောင့် သူမ မိုးအနည်းငယ်လေး မိရုံဖြင့် ဖျားသွားလိမ့်မည်ဟု မထင်ခဲ့ပါ။ မနက်ဖြန်မှ နေမကောင်းရင်တော့ အဆင်မပြေနိုင်ချေ။ နှာပိတ်နှာစေးဖြစ်နေ၍ ဆေးကိုရေနွေးဖြင့် သောက်လိုက်ရ၏။

လင်းဝေ့သည် ခေါင်းမူး၍ အိပ်ရာထဲ လှဲနေရကာ သူမအရှေ့တွင် အဝတ်လဲနေသော ကျုံးရှောက်ကို ကြည့်နေမိသည်။

"ကျွန်မကို မစိုးရိမ်ပါနဲ့။ အလုပ်က အရေးကြီးတယ် ကျွန်မကို ရေနွေးတစ်ခွက်တော့ ယူခဲ့ပေး။ ရေနွေးသောက်ပြီး လှဲနေချင်လို့"

"အဖျားက ကြာနေလို့မရဘူး။ ကိုယ် မင်းကို ဆေးရုံခေါ်သွားမယ်" ဟုပြောပြီး သူ့ကြယ်သီးတပ်နေ၏။

"ဒါဆိုရှင်က ဒီနေ့ စခန်းကို မသွားတော့ဘူးလား" လင်းဝေ့မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်သည်။

"မင်းကိုဆေးရုံအရင်ပို့ပြီး စခန်းကို သွားခွင့်တိုင်လိုက်မယ်"

ကျုံးရှောက် ကြယ်သီးတပ်ပြီးသွား၏။

"မင်းခဏ နားနေလိုက် ကိုယ် မင်မင်နဲ့ရွေ့ရွေ့ကိုခေါ်လိုက်မယ်"

ဘေးအခန်းက အိပ်မောကျနေကြသည့်ညီအစ်ကိုနှစ်ယောက်ကို ကျုံးရှောက်က လှုပ်နှိုးလိုက်ရာ အိပ်မှုံစုံမွှားဖြင့်နိုးလာကြသည်။"ဘယ်သူလဲ"

"မင်းတို့အဖေ.!!! အမြန်ထကြတော့!!!"

ရွေ့ရွေ့က မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူတို့အဖေကိုတွေ့လိုက်ရသည်။"ဖေဖေ ဘာလုပ်နေတာလဲ"

"အမြန်ထကြတော့။ မင်းတို့မေမေ နေမကောင်းလို့ ဆေးရုံခေါ်သွားရမှာ။ သားတို့ကို ရှောင်ရှီးရှီးတို့အိမ် အပ်ခဲ့မလို့"

ယန်ရှန်း ဆေးရုံသည် ဆေးရုံငယ်လေးဖြစ်ကာ ပစ္စည်းကိရိယာများလည်း မပြည့်စုံပါ။ ထို့အပြင် စစ်ဆေးရုံသည် စစ်သားပြည်သူမခွဲခြားပဲ လက်ခံကုသပေးကြရာ အနီးအနားတပ်များရှိ လူများမှာ နာမကျန်းဖြစ်ကြလျင် စစ်ဆေးရုံကိုသာ လာပြလေ့ရှိကြ၏။

ထို့ကြောင့် စစ်ဆေးရုံတွင် လူနာများဖြင့် အမြဲတမ်းပြည့်နှက်နေလေ့ရှိ၏။

ထို့ကြောင့် လင်းဝေ့ကို ဆေးရုံအမှိီပြပေးလို၍ ကလေးနှစ်ယောက်က်ို ဂရုစိုက်မည့်အချိန်မရှိပါ။ အိမ်မှာထားခဲ့ရန်လည်း စိုးရိမ်ကာ ချန်ပါးမေ့ကို အကူအညီတောင်းကာ ထားခဲ့ရန် ကျိုးအိမ်ကို စဥ်းစားလိုက်၏။

သူတို့အမေ နေမကောင်းဘူးဟု ကြားသည်နှင့် ရွေ့ရွေက အလျင်အမြန်ထကာ မေးလိုက်သည်။ "မေမေက ဘာလို့နေမကောင်းတာလဲ"

"မင်းတို့အမေ မနေ့က မိုးမိသွားလို့ နေမကောင်းဖြစ်သွားတာ"

မင်မင်က အိမ်မှုံစုံမွှားဖြင့် ထလာ၍ သူ့အဖေနှင့် သူ့ညီတို့ပြောနေသည့်အကြောင်းကို မကြားလိုက်ပါ။

"ဘယ်သူ နေမကောင်းဖြစ်တာလဲ"

"မေမေ နေမကောင်းဘူးတဲ့"ရွေ့ရွေ့က ချက်ချင်းပြန်ဖြေပေးလိုက်ပြီး အိပ်ရာမှ အမြန်ထကာ ဖိနပ်ကောက်စီးပြီး ဘေးအခန်းက သူ့အမေကို သွားတွေ့ရန် ပြေးသွား၏။

ရွေ့ရွေ့အမြန် ထွက်သွားတော့ မင်မင်လည်း နောက်က အမြန်လိုက်ခဲ့သည်။

ကလေးများအခန်းနှင့် လင်းဝေ့တို့အခန်းမှာ မျက်နှာချင်းဆိုင် ဖြစ်သည်။ နှစ်ခန်းလုံး တံခါးဖွင့်ထားလျင် တစ်ခန်းနှင့် တစ်ခန်းမြင်ရရုံသာမက အသံပင်ကြားနိုင်သည်။

လင်းဝေ့လည်း ကျုံးရှောက်နှင့် ကလေးများပြောနေသည့်အသံကိုကြားပြီးနောက် ပြေးလာသည့်ခြေသံများကိုကြားလိုက်သည်။

အခန်းထဲ ပြေးဝင်လာသည့်ကလေးများကို လင်းဝေ့က ပြုံးကာကြိုဆိုလိုက်သည်။"မင်မင် ရွေ့ရွေ့ သားတို့ ထပြီလား"

"ဖေဖေလာနှိုးလို့ ထလာပြီ" ရွေ့ရွေ့က ပြန်ဖြေပြီး ကုတင်ဘေး လျှောက်လာလိုက်ကာ လင်းဝေ့၏ ဖြူလျော့နေသည့်နှုတ်ခမ်းများကိုကြည့်လိုက်သည်။

"မေမေ နေလို့မကောင်းဘူးလားဟင်"

လင်းဝေ့ကပြန်မဖြေရသေးပေမယ့် ရွေ့ရွေ့ကသာ ထပ်ပြောလိုက်သည်။"မေမေ နေလို့ကောင်းမှာမဟုတ်ဘူး။ သားဖျားတုန်းကလည်း နေလို့မကောင်းဘူး"

"မေမေက တော်သေးတယ် နေလို့ကောင်းတယ်နော် " ဟု လင်းဝေ့က ပြုံးကာ သူမသားကို ပြန်ဖြေလိုက်သည်။

"မေမေလိမ်တယ် ဖျားတဲ့အခါကျရင် ဆေးတွေအများကြီးသောက်ရတော့ လုံးဝနေလို့ကောင်းမှာမဟုတ်ဘူး"ဟု ရွေ့ရွေ့က မျက်မှောင်ကြုံ့ကာ ပြန်ဖြေလိုက်သည်။

မင်မင် က သူ့ညီလေး ပြောသည်ကို လက်မခံပဲ သူ့အမြင်ကိုပြောလိုက်သည်။"ဆေးသောက်ရတာ မခက်ပါဘူး။ နေပြန်ကောင်းလာဖို့ ဆေးသောက်ရတာပဲလေ"

လွန်ခဲ့သည်နှစ် မင်မင်တို့ ဖျားစဥ်က သောက်ခဲ့သောဆေးခါများကို ပြန်စဥ်းစားလိုက်မိသည်။ ထို့ကြောင့် သူ့အမေကိုစာနာသည့် အကြည့်ဖြင့် ကြည့်နေမိ၏။

"မေမေ ဆေးသေချာသောက်ပြီး နေကောင်းအောင်နေနော်။ မနေ့ကဖြစ်ခဲ့တာအတွက် မေမေ မတောင်းပန်လဲ မေမေဖျားနေလို့ သားခွင့်လွတ်ပေးလိုက်မယ်နော်"

လင်းဝေ့လည်း မင်မင်၏ စကားကြားလိုက်ရ၍ စိတ်သက်သာရာရသွားသော်လည်း ငိုရခက် ရီရခက်ဖြစ်နေ၏။ သူမ စိတ်သက်သာရာ ရသည့်အကြောင်းက သူမသားသည် သူတစ်ပါးအတွက် စဥ်းစားပေးတတ်ကာ သူမကိုလည်း ခွင့်လွတ်ပေးခဲ့၏။

"ကောင်းပြီ မေမေက မင်းကိုတောင်းပန်မလို့ လုပ်နေတာ သားက ခွင့်လွတ်လိုက်ပြီဆိုတော့လည်း ထားလိုက်ပါတော့" ဟု စလိုက်သည်။

မင်မင် မျက်လုံးပြူးသွား၏။"အာ့လိုဖြစ်နိုင်လို့လား"

……………

ကျုံးရှောက်က လင်းဝေ့ကို ကျောပိုးကာ ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျိုးအိမ်ကို သွားလိုက်သည်။ ကျိုးကျန်းဟိုင်သည် အပြင်ဘက်တွင် စောင့်ကြောင့်ထိုင်ပြီး သွားတိုက်နေ၏။ သူ့အိမ်ထဲတွင် ရေချိုးခန်းမရှိ၍ အပြင်ဘက်တွင် သွားတိုက်မျက်နှာသစ်နေရခြင်းဖြစ်သည်။

ကျုံးရှောက်တို့ မိသားစုလိုက် ချီတက်လာသည်ကိုတွေ့၍ တစ်ခုခုဖြစ်နေပြီဟု တွေးလိုက်ကာ သွားတိုက်ဆေးအမြုပ်ပင် မထွေးနိုင်တော့ပဲ အလျင်အမြန် သွားမေးလိုက်၏။ "မင်းမိန်းမ ဘာဖြစ်လို့လဲ"

လင်းဝေ့ကတော့ မျက်နှာမပြရဲ၍ ကျုံးရှောက်ကျောဘက်သာ မျက်နှာ အပ်ထားလိုက်သည်။

မူလက ကျုံးရှောက်သည် လင်းဝေ့ကို ဆေးရုံအထိ ကျောပိုးသွားရန် စိတ်ကူးထား၏။ သို့သော် လင်းဝေ့က သူများပြောမည်ကို စိုးရိမ်နေသည်။

သူမသည် ဖျားနေရုံသာဖြစ်သည်။ အားနည်းကာ မူးမေ့နေသည် မဟုတ်ချေ။ ထို့ကြောင့် ကျုံးရှောက်ကို ကျောမပိုးစေချင်ပါ။ ကျုံးရှောက်ကလည်း လက်မခံပဲ နှစ်ဦးသားဆွေးနွေးရင်း မိသားစုအိမ်ရမှ လမ်းတစ်ဝက်အထိ ကုန်းပိုးကာ ထိုလမ်းတစ်ဝက်မှ ဆေးရုံအထိ လင်းဝေ့ကိုယ်တိုင် လမ်းလျှောက်မည်ဟု ဆုံးဖြတ်လိုက်ကြ၏။

လင်းဝေ့က ပြန်ဖြေရန် ရှက်နေ၍ ကျုံးရှောက်က ပြန်ဖြေလိုက်သည်။ "ဝေ့ဝေ့ နေမကောင်းလို့ ဆေးရုံခေါ်သွားမလို့။ ကျွန်တော်တို့ဘဆေးရုံသွားနေတုန်း ပါးမေ့ကို ကလေးတွေ ကြည့်ပေးဖို့ အကူအညီတောင်းချင်လို့ပါ။ ဝေ့ဝေ့ သက်သာပြီး ဆေးရုံက ပြန်လာရင်ပြန်လာခေါ်ပါ့မယ်"

ကျိုုးကျန်းဟိုင်ကလည်း ချက်ချင်းသဘောတူလိုက်သည်။"ရပါတယ် ထားခဲ့လိုက်ပါ။ ရဲဘော်လင်းက အပြင်းဖျားနေတာလား"

"ကိုယ်တွေတော့ အရမ်းပူနေတယ်။ ဘာဖြစ်နေလဲသိရအောင် ဆေးရုံသွားကြည့်မလို့" ဟုပြောကာ မင်မင်နှင့် ရွေ့ရွေ့ကိုလည်း မှာခဲ့လိုက်သည်။

"ဦးလေးကျိုးအိမ်မှာ လိမ်လိမ်မာမာနေနော် ဟိုဒီလျှောက်မပြေးနဲ့။ နားလည်လား"

မင်မင်နှင့် ရွေ့ရွေ့ကလည်း လိမ်လိမ်မာမာဖြင့် ပြန်ဖြေကြသည်။"နားလည်ပါတယ်။ ဖေဖေသာ မေမေ့ကို သေချာလေး ဂရုစိုက်လိုက်ပါ။"

အမှန်တော့ ကလေးနှစ်ယောက်ကလည်း ဆေးရုံလိုက်ချင်နေကြရာ ကျုံးရှောက်က သူတို့လိုက်လာလျင် သူတို့မေမေကို သေချာဂရုစိုက်နိုင်လိမ့်မည်မဟုတ်ဟု ပြောထား၍ အိမ်မှာနေခဲ့ရ၏။

ကျုံးရှောက်က သူ့ကလေးတွေကို အင်းးးဟု အဖြေပေးကာ ကျိုးကျန်းဟိုင်ကို သွားပြီ ဟု ပြောခဲ့လိုက်၏။

"ဟုတ်ပြီ"ကျိုးကျန်းဟိုင်ကလည်း ခေါင်းငြိမ့်လိုက်ပြီး နောက်မှ တစ်ခုခုကိုသတိရလိုက်ကာ ပြန်လှည့်မေးလိုက်၏။

"ငါမင်းအတွက် ခွင့်တင်ပေးခဲ့ရမလား"

"ဒါဆိုလည်း ကူညီပေးပါဦး လောင်ကျုံး။ ကျွန်တော် လင်းဝေ့ကို အရင်ဆေးရုံပို့လိုက်ဦးမယ်။ နောက်မှ စခန်းကို လာပြီး အစီရင်ခံလိုက်ပါ့မယ်"

"ဟုတ်ပြီ အာ့လိုလုပ်လိုက်မယ်"ဟု ကျိုးကျန်းဟိုင်က ပြန်ဖြေလိုက်ကာ လင်းဝေ့ကို ပိုးရင်း ထွက်သွားသည့်ကျုံးရှောက်ကို ကြည့်လိုက်သည်။

ထို့နောက် ပါးစပ်မှ သွားတိုက်ဆေးအမြုပ်များကို ပလုပ် နှစ်ခါ ကျင်းလိုက်ပြီး ပါးစပ်ဘေးမှ အမြုပ်များကို ဆေးလိုက်ကာ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။"သားတို့ မနက်စာ စားပြီးပြီလား"

ရွေ့ရွေ့က ခေါင်းခါလိုက်သည်။"သားတို့ သွားတောင်မတိုက်ရသေးဘူး"

"သားတို့က ငယ်ငယ်လေးကတည်းက သွားတိုက်တတ်နေပြီလား" ကျိုးကျန်းဟိုင်က တအံ့တသြ မေးလိုက်သည်။

ထိုမေးခွန်းကိုကြားလိုက်တော့ မင်မင်က ပိုအံ့ဩသွားသည်။"ဦးလေးက သားတို့အရွယ်တုန်းက သွားမတိုက်ဘူးလား" ဟူ၍ ရွံရှာနေသည့်ပုံစံဖြင့် မေးခံလိုက်ရသည်။

ကျိုးကျန်းဟိုင် လေ သီးသွားသည်။ အမှန်ပင် သူငယ်စဥ်က သွားမတိုက်ခဲ့ပါ။ သူ့သား ရှောင်ရှီးရှီးကလည်း သွားပုံမှန် မတိုက်ပါ။ သို့သော် သူ့သားသွားပုံမှန် မတိုက်သည့်အကြောင်းကိုတော့ မပြောလိုက်ပါ။ ပြောလိုက်မိပါက သူ့သူငယ်ချင်းတွေ အပယ်ခံရမည်ကိုစိုးရိမ်မိသည်။

သူ့သားကိုလည်း သွားပုံမှန် တိုက်ခိုင်းဖို့ သူ့မိန်းမကို ပြောရမည်ဟုတွေးလိုက်၏။

"သားတို့အိမ်လည်း သော့ခတ်လိုက်ပြီဆိုတော့ အထဲဝက်လို့ရမှာ မဟုတ်ဘူး။ ဆိုတော့ သွားတိုက်ဖို့ကတော့ သားတို့အဖေနဲ့အမေ နဲ့ ပြန်လာမှ တိုက်ကြတော့။အခုတော့ အထဲဝင်ကြီး ထိုင်နှင့်ကြ။ ဦးလေး အပေါ်တက်ပြီး ရှောင်ရှီးရှီးကို နှိုးလိုက်ဦးမယ်နော်"

မင်မင်ကတော့ သွားမတိုက်ရတော့၍ ပျော်နေ၏။

"ဟုတ်ကဲ့"

ကလေးနှစ်ယောက်ကို ဧည့်ခန်းထဲထိုင်စေလိုက်ပြီး ကြောင်အိမ်ထဲက ဘီစကစ်ဘူးကို ထုတ်လိုက်ပြီး ဘီစကစ် တစ်ခုစီ ဝေပေးခဲ့ကာ ရှောင်ရှီးရှီးကိုနှိုးဖို့ အပေါ်ထပ်တက်သွား၏။

အပေါ်ထပ် သူ့သားအခန်းရောက်တော့ ကျိုးကျန်းဟိုင်သည် အခန်းထဲ တစ်ခါထဲ ဝင်မသွားပဲ တံခါးကိုခေါက်လိုက်သည်။

ကျိုးမိသားစု၏ နေအိမ် အခန်းဖွဲ့စည်းပုံသည် ကျုံးမိသားစုနှင့် အတူတူဖြစ်၏။ အိမ်အပေါ်ထပ်တွင် အိပ်ခန်းနှစ်ခန်းရှိကာ တစ်ခန်းကို သူတို့လင်မယားနေပြီး တစ်ခန်းကို ရှောင်ရှီးရှီးတစ်ယောက်တည်းနေလေ၏။ချန်ပါးမေ့ရောက်လာတော့ အခန်းအလွတ်လည်းမရှိတော့၍ ရှောင်ရှီးရှီးနှင့်ပဲ အတူအိပ်စေလိုက်၏။

ရှောင်ရှီးရှီးကလည်း ငယ်သေး၍ တစ်ခြားသူနှင့်အိပ်ရာပေါင်းအိပ်ရသည်က အဆင်ပြေပါသည်။ နောက်နှစ်နှစ်ခန့်ကြာလျင် ချန်ပါးမေ့ကလည်း သူ့ဘဝနှင့်သူဖြစ်သွားမည်ဖြစ်၏။

ချန်ပါးမေ့ရှိနေ၍ ကျိူးကျန်းဟိုင်သည် အခန်းထဲ တစ်ခါတည်း ဝင်မသွားခြင်းဖြစ်၏။ ဝမ်းကွဲ ညီမလေးဖြစ်သော်လည်း လိင်မတူ၍ သင့်တော်သည့်အကွာအဝေးထားကာ ပြောဆိုဆက်ဆံသည်က ပိုသင့်တော်သည်။

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံ သုံးချက်အဆုံးမှာ ချန်ပါးမေ့၏ အသံထွက်လာ၏။"လာပြီရှင့်"

All Chapters