← Chapters

Chapter 73

Vol. 6 Ch. 73

Chapter 73

Vol. 6 Ch. 73

နောက်တော့ အခန်းတံခါးပွင့်လာသည်။ ကျိုးကျန်းဟိုင်ကို မြင်လိုက်ရ၍ ချန်ပါးမေ့ အံ့အားသင့်သွားသည်။"ဝမ်းကွဲ အစ်ကို ဘာဖြစ်လို့လဲ"

"ဒီလိုရှိတယ် လောင်ကျိုးရဲ့ မိန်းမ နေမကောင်းတော့ ဆေးရုံသွားပြတယ်……"

လင်းဝေ့ နေမကောင်းဟုကြားလိုက်တော့ ချန်ပါးမေ့ မျက်နှာမကောင်းဖြစ်သွား၏။ "အစ်မဝေ့ဝေ့က နေမကောင်းဘူးလား။ ဘာရောဂါတဲ့လဲ။ အရမ်းမပြင်းဘူးမလား"

"ဖျားတာပဲ ဖြစ်မယ်။ အဖျားပြင်းမပြင်းတော့မသိဘူး လောင်ကျုံးကတော့ ဆေးရုံခေါ်သွားပြီ။ ကလေးတွေကို လည်း ဒီအတိုင်းထားခဲ့လို့မဖြစ်တာနဲ့ ပါးမေ့က နေ့ဝက်လောက်ဖြစ် ဖြစ် ကလေးထိန်းပေးဖို့ အကူအညီတောင်းသွားတယ်" ဟု ကျိုးကျန်းဟိုင်က အတိုချုပ်ရှင်းပြလိုက်၏။

ချန်ပါးမေ့က စဥ်းစားမနေပဲ ခေါင်းငြိမ့်လိုက်သည်။"ရပါတယ် ညီမ မင်မင်နဲ့ရွေ့ရွေ့ကို ထိန်းလိုက်ပါ့မယ်"

ကျိုးကျန်းဟိုင်က ခေါင်းငြိမ့်ပြလိုက်ပြီး အထဲကိုလှမ်းကြည့်လိုက်သည်။" ရှောင်ရှီးရှီး မနိုးသေးဘူးလား။ ရွေ့ရွေ့နဲ့ မင်မင်က အောက်ထပ်မှာ သူ့ကို စောင့်နေကြတယ်"

ကျိုးကျန်းဟိုင်၏ စကားဆိုလိုရင်းကိုနားလည်သည့် ချန်ပါးမေ့က "ဒါဆို ရှောင်ရှီးရှီးကို နှိုးလိုက်ပါ့မယ်" ဟုပြောလိုက်၏။

"နှိုးလိုက်တော့"

ချန်ပါးမေ့က အခန်းထဲပြန်ဝင်ကာ ရှောင်ရှီးရှီးကို နှိုးလိုက်သည်။

ကျိုးကျန်းဟိုင် သူ့သားအခန်းဝတွင် စောင့်နေစဥ် တန်းရှန့်ယွင်က သူတို့အိပ်ခန်းထဲမှ ထွက်လာ၏။

တန်းရှန့်ယွင်က ရှစ်နာရီခွဲမှ အလုပ်သွားရမည်ဖြစ်၍ ကျိုးကျန်းဟိုင် အိပ်ရာမှ ထသွားစဥ် သူမလည်း နှိုးလာ၏။ သို့သော် မထသေးပဲ မှိန်းနေစဥ် အပြင်ဘက်က အသံကိုကြားလိုက်သည်။

အပြင်ဘက်က ပြောစကားများမှ 'လောင်ကျုံး' ၊'ဖျားတယ်'စသည့်စကားလုံးများကိုသာ ကြားလိုက်ရ၏။ ထို့ကြောင့် အကြောင်းစုံမေးကြည့်ရန် အိပ်ရာမှ ထလိုက်သည်။

ကျိုးကျန်းဟိုင်ကလည်း ချန်ပါးမေ့ကို ပြောခဲ့သည်များကို သူ့မိန်းမကိုတစ်ခေါက် ပြန်ပြောပြလိုက်သည်။

တန်းရှန့်ယွင်သည် လင်းဝေ့သတင်း ကြားလိုက်စဥ်အခါက စိုးရိမ်သွားပြီး ကျုံးရှောက် ဆေးရုံခေါ်သွားပြီ ဆိုမှ သက်သာရာရသွား၏။"မင်မင်နဲ့ ရွေ့ရွေ့ကော"

"အောက်ထပ်မှာ ရှိတယ် "ဟု သူ့မိန်းမကိုပြောပြလိုက်ပြီး အပျင်းကြီးနေသည့်သူ့သားကို အော်နှိုးလိုက်သည်။

"မင်မင် နဲ့ရွေ့ရွေ့က သားကို အောက်ထပ်မှာ စောင့်နေတာနော် သားမထရင် ပြန်သွားကြတော့မှာ"

သူငယ်တွေရဲ့နာမည်ကြားသည်နှင့် တစ်ခါတည်း တန်းထလာကာ တံခါးပေါက်ဘက် လှည့်မေးလိုက်၏။

"မင်မင်နဲ့ ရွေ့ရွေ့တို့ရောက်နေတာလား"

"ဟုတ်တယ် သူတို့အောက်ထပ်မှာ သားကိုစောင့်နေကြတာ ကြာလှပြီ"

ရှောင်ရှီးရှီးက ကုတင်ပေါ်မှ အမြန်ထပြီးဖိနပ်စီးလိုက်ကာ အော်ဟစ်ရင်း အောက်ထပ်ပြေးဆင်းသွားသည်။"မင်မင် ရွေ့ရွေ့"

ရှောင်ရှီးရှီး၏ အသံကြားသည့်မင်မင်က ပြန်အော်ခေါ်လိုက်သည်။" ရှောင် ရှီးရှီး"

ရွေ့ရွေ့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှောင်ရှိီးရှီး လှေကားပေါ်မှ သူတို့ဆီ ပြေးဆင်းလာသည်ကိုကြည့်နေ၏။

"မင်မင် ရွေ့ရွေ့ မင်းတို့ငါ့ဆီ အစောကြီး လာလည်ကြတာလား" ရှောင်ရှီးရှီးက အစောကြီး ရောက်လာကြသည့် သူ့သူငယ်ချင်းများကို တအံ့တသြ မေးလိုက်သည်။

ရွေ့ရွေ့ကတော့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"ငါတို့မေမေ နေမကောင်းလို့ ဖေဖေက ဆေးရုံလိုက်ပို့ပေးရမှာမို့လို့ ဖေဖေက ငါတို့ကို မင်းတို့အိမ် ပို့ခဲ့တာ "

ရှောင်ရှီးရှီး ကြောင်အသွားကာ မျက်မှောင်ကြုံ့ရင်းမေးလိုက်သည်။"ဒါဆို အန်တီဝေ့ဝေ့ အရမ်းနာနေမှာပဲ။ နေမကောင်းတဲ့အခါကျရင် ဆေးခါးခါးကြီးတွေလည်းသောက်ရသေးတယ်"

မင်မင်က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။"မေမေက အရမ်းသနားဖို့ကောင်းတာပဲ။ လမ်းတောင်မလျှောက်နိုင်လို့ ဖေဖေက ကျောပိုးပြီး ဆေးရုံပို့ရတာ"

လှေကားပေါ်မှ ဆင်းလာသည့် တန်းရှန့်ယွင်က မင်မင်၏စ ကားကြားတော့ ရပ်လိုက်ပြီး သူ့ယောကျ်ားကို လှည့်မေးလိုက်၏။"ဝေ့ဝေ့က အရမ်းဖျားနေတာလား"

ကျိုးကျန်းဟိုင်လည်း လင်းဝေ့မျက်နှာ မမြင်ခဲ့ရ၍ အခြေအနေ ဆိုးမဆိုး မသိခဲ့ရပါ။ ကျုံးရှောက်၏ မျက်နှာ အမူအရာ ပြန်စဥ်းစားလိုက်ကာ ပြောလိုက်သည်။

"လောင်ကျောက် မျက်နှာ ပျက်မနေတော့ သိပ်တော့မဆိုးလောက်ဘူး"

"ကျွန်မ ဝေ့ဝေ့အခြေအနေကို သွားကြည့်လိုက်ဦးမယ်"

"ဒါဆို မနက်စာ မစားတော့ဘူးလား?"

တန်းရှန့်ယွင် သွားတိုက်တံနှင့် ကြွေရည်သုတ်ခွက် ယူလိုက်ကာ ပြောလိုက်သည်။"ဘီစကစ် နှစ်ချပ်နဲ့ အစာအိမ် အရင်ဖြည့်သွားလိုက်မယ်"

………………

"38.5*Cဆိုတော့ တော်သေးတာပေါ့။ အပူချိန် သိပ်မများပါဘူး"

ဆရာဝန်က သာမိုမီတာကို ဖတ်ကြည့်ကာပြောလိုက်သည်။"ကျွန်တေယ် အဖျားပျောက်ဆေးနှစ်လုံးပေးလိုက်မယ်။ အစာစားပြီး သောက်လိုက်ပါ။ နေ့လည်လောက် အဖျားကျလာရင်တော့ အိမ်ပြန်အနားယူ လို့ရပါပြီ"

ဆရာဝန် ညွှန်ကြားချက်များကို ဂရုတစိုက်နားထောင်ရင်းကျုံးရှောက်က မေးလိုက်၏။"အဖျားမကျရင်ကော ဆရာ"

စိတ်ပူနေသည့်ကျုံးရှောက်ကို ကြည့်ကာ ဆရာဝန်ကပြုံးလိုက်သည်။"အဖျားမကျမှာ မစိုးရိမ်ပါနဲ့ ကိုယ်အပူချိန်မများတဲ့ လူနာတွေက အဖျားပျောက်ဆေးသောက်ရုံနဲ့ သက်သာသွားကြပါတယ်"

ကျုံးရှောက်က ထပ်တွေးကာ မေးလိုက်သည်။"ထိုးဆေးပေးလိုက်ရင် အဖျားကျတာ ပိုမြန်မလားဆရာ"

"ပြောရရင်တော့ ဆေးသောက်တာထက် ဆေးထိုးလိုက်တာက အဖျားကျ ပိုမြန်ပါတယ်။ ဒါပေမယ့် ရဲဘော်လင်းဝေ့အခြေအနေက ကိုယ်ခံအားကောင်းနေလို့ ဆေးမသောက်ပဲ နှစ်ရက်လောက် နားလိုက်ရင်ကို သက်သာသွားနိုင်ပါတယ် ဆေးထိုးဖို့မလိုပါဘူး"

လူနာကုတင်ပေါ် အိပ်ပျော်နေသည့်လင်းဝေ့ကို ဆရာဝန်က ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။

"ရဲဘော်လင်းက အရာရှိဇနီးဆိုတော့ စားဆေးအတွက်က စစ်တပ်က အခမဲ့ပေးမှာပါ။ ဒါပေမဲ့ ထိုးဆေး စျေးကြီးလို့ စစ်တပ်ကထောက်ပံံ့ပေးတဲ့ စရိတ်နှုတ်လိုက်ရင်တောင် ငွေချေဖို့ကျန်ဦးမှာဆိုတော့ စျေးမသက်သာပါဘူး"

ပုံမှန်အားဖြင့်ဆိုလျင် အစိုးရအလုပ်လုပ်နေကြသည့်ပြည်သူများအတွက်သာ ဆေးကုသစရိတ် ထောက်ပံံ့ပေးပါသည်။ သို့သော် စစ်တပ်မိသားစုဝင်များကိုတော့အထူးအခွင့်အရေးပေးကာ တာဝန်ထမ်းဆောင်သူစစ်သား၏ မိသားစုဝင်များကိုပါ ထောက်ပံ့ပေးသည်။ထို့ကြောင့် လင်းဝေ့သည် အလုပ်လုပ်နေသာ မဟုတ်သော်လည်း ဆေးကုသစရိတ် ခံစားခွင့်ရှိ၏။

သို့သော် ဆေးကုသစရိတ်မှာလည်း အကန့်အသတ်ရှိ၏။ တရုတ်တိုင်းရင်းဆေး၊ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး စသည့်ဆေးများမှာ စျေးသက်သာ၍ လူနာဘက်မှ ငွေကျသင့်စရာမလိုပဲ အခမဲ့ထောက်ပံ့ပေး၏။

သို့သော် ထိုးဆေးကဲ့သို့ အကြောဆေးသွင်းခြင်းများသည် စျေးကြီးသည်။ ထို့ကြောင့် လူနာဘက်က ကုန်ကျစရိတ် တစ်ဝက်ခံရ၏။

စစ်ဆေးရုံ ဖြစ်သော်လည်း တပ်ထဲရှိ စစ်သားများက ဖျားနာခြင်း သိပ်မရှိကြပေ။ တစ်ခြားဌာနများမှ လူများသည်လည်း အအေးမိနှာစေး စသည့်ဖျားနာမှုအသေးစားများသာ အဖြစ်များကြ၏။

သာမန်လူများက ဆရာဝန်ပြ ချင်သော်လည်း ငွေကုန်မည်ကိုကြောက်ကြသည်။ ထို့ကြောင့် နာမကျန်းဖြစ်ကြလျင် ဆေးသောက်ရမည့်အစား ရေသာသောက်လိုက်ကြမည်ဖြစ်သည်။ ဆေးထိုးခြင်း အကြောဆေးသွင်းခြင်းများလုံးမလုပ်ကြပါ။

ထို့ကြောင့် ဆရာဝန်ကလည်း ကျုံးရှောက်ကို မေးကြည့်ခြင်းဖြစ်သည်။

ကျုံးရှောက်ကုတင်ပေါ်က လင်းဝေ့ကို လှမ်းကြည့်လိုက်သည်။ ဆေးရုံမလာခင်က လမ်းလျှောက်နိုင်သည်ဟု ဆိုပြီး လမ်းတစ်ဝက်ကနေ ဆေးရုံအထိ လမ်းလျှောက်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း မိသားစုအိမ်ရာကနေ ကျောပိုးကာ ထွက်လာစဥ်ပင် လင်းဝေ့သည် အပူချိန်ကြောင့် မျက်နှာနီရဲပြီး သူ့ကျောပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

ထို့ကြောင့် လင်းဝေ့ကို အမြန်သက်သာစေချင်၍ စဥ်းစားမနေပဲ ပြောလိုက်သည်။"ထိုးဆေးပေးပေးပါ ဆရာ"

မိသားစုဝင်က တောင်းဆိုလာ၍ ဆရာဝန်သည် သူနာပြုကို ထိုးပေးမည့်ဆေးနှင့် တည့်မတည့်စမ်းရန် အရင်လုပ်လိုက်သည်။ စမ်းပြီးနောက် ဓာတ်မတည့်သည်မရှိ၍ ဆေးထိုးပေးရန် ပြင်လိုက်ကြသည်။

မိတ်ဆွေ၏ လမ်းညွှန်လိုက်မှုကြောင့် တန်းရှန်ယွင် ရောက်လာစဥ် လင်းဝေ့ကို ဆေးထိုးပေးနေသည်နှင့်ကြုံကာ စိုးရိမ်သွား၏။"ဝေ့ဝေ့က အရမ်းဖျားနေတာလား"

အသံကြားရာကိုလှည့်ကြည့်လိုက်တော့ လူနာဆောင် တံခါးဝတွင် ရပ်နေသည့် တန်းရှန့်ယွင်ကို တွေ့လိုက်သည်။"ရဲဘော်တန်း ဘာလို့လိုက်လာတာလဲ"

အေးဆေးဖြစ်နေသည့် ကျုံးရှောက်၏ အမူအရာကိုတွေ့မှ တန်းရှန့်ယွင် စိတ်အေးသွားသည်။"အားဟိုင်က ဝေ့ဝေ့ဖျားနေလို့ ဆေးရုံပို့ထားတယ်ပြောလို့လေ။ ကျွန်မလည်းစိုးရိမ်ပြီး လာကြည့်လိုက်တာ" ဟုပြောလိုက်ပြီး လင်းဝေ့၏ ကိုယ်အပူချိန်ကိုမေးလိုက်သည်။

"35.8*C တဲ့"

"ကိုယ်အပူချိန် သိပ်မများတာကို ဘာလို့ဆေးထိုးနေကြတာလဲ" တန်းရှန့်ယွင်က အံံ့သြသွား၏။

"ထိုးဆေးပေးလိုက်ရင် အဖျား အမြန်ကျတယ်ဆိုလို့"

တန်းရှန့်ယွင်လည်း နားလည်လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။"ဒါနဲ့ ဒုတပ်မှုးကျုံး ဒီနေ့ စခန်းကို မသွားဘူးလား"

"ကျွန်တော် ခွင့်စာ တင်ပြီး နှစ်ရက်နားမလို့"

"ဒါဆိုရင်လည်း အမြန် ခွင့်စာသွားတင်လိုက်ပါဦး။ ကျွန်မက ဝေ့ဝေ့ကို ကြည့်ပေးပါ့မယ်"

"ဝေ့ဝေ့ကို စောင့်ပေးတော့ အလုပ်နောက်မကျနိုင်ဘူးလား"

တန်းရှန့်ယွင် သူမလက်ထဲက နာရီကိုကြည့်လိုက်သည်။

"၆နာရီ၂မိနစ်ပဲရှိသေးတာ ဆိုတော့ အလုပ်ချိန် ၈နာရီ ၃၀မိနစ် ရောက်ဖို့ နှစ်နာရီလိုသေးတယ်။ ရှင်အမြန်သွားပြီး ခွင့်သာတင်လိုက်ပါ"

"ဒါဆိုလည်း ရဲဘော်တန်းကိုပဲ ဒုက္ခပေးပါရစေတော့။ ကျွန်တော် အမြန်ပြန်လာပါ့မယ်"

"ရပါတယ်ရှင်" တန်းရှန့်ယွင်က ကျုံးရှောက် အပြင်ထွက်သွားသည်ကို ကြည့်ရင်း လူနာကုတင်ဘေးတွင် ထိုင်လိုက်၏။

……………………

ထိုးဆေးကြောင့် လင်းဝေ့ ခုနှစ်နာရီမထိုးခင် အဖျားအမြန်ကျသွားခဲ့ကာ ပုံမှန်ခန္တာကိုယ် အပူချိန်သို့ပြန်ရောက်လာခဲ့၏။ လင်းဝေ့ အိပ်စက်အနားယူပြီး ပြန်ထလာရာ အသံက ကွဲအက်အက်ဖြစ်နေကာ လည်ချောင်းနာနေ၏။

ဆေးထိုးပြီးနောက် လင်းဝေ့ ကျုံးရှောက်နှင့်အတူ အိမ်ပြန်လာခဲ့သည်။

အိမ်ပြန်လာစဥ် ဆရာဝန်ပေးလိုက်သည့် သောက်ဆေးများလည်း ပါလာသည်။ ဆရာဝန်က ဆေးသုံးရက်စာ ပေးလိုက်ကာ ရေများများသောက်ပြီး အနားယူရန်နှင့် ပင်ပန်းမည့်အလုပ်များ မလုပ်ရန်မှာလိုက်၏။

ကျုံးရှောက်က ဆရာဝန်ညွှန်ကြားချက်များကိုလိုက်နာကာ အိမ်အပြန်လမ်းတွင် လင်းဝေ့ကို ကျောပိုးလျက်ပြန်မည်ဟု ပြောခဲ့၏။

လင်းဝေ့ကတော့ လက်မခံပေ။ သူတို့တွေက လင်မယားဖြစ်ပေမယ့် လင်းဝေ့ကလည်း အအေးမိရုံသာဖြစ်ပြီး ခြေလက် မသန်နေသည့်သူ မဟုတ်ပေ။ သို့သော် ဆေးရုံလာစဥ်က သူမကို ကျုံးရှောက်က ကျောပိုးလာခဲ့တာပဲ။

မိသားစုအိမ်ရာအတွင်းလျို့ဝှက်ချက်ဟူ၍ မရှိပါ။ လင်းဝေ့ဖျားနေ၍ ကျုံးရှောက်ကဘကျောပိုးပြီးဆေးရုံခေါ်သွားကာ နှစ်ရက်ခွင့်ယူလိုက်သည်ဟူသော သတင်းက ပျံ့သွား၏။

တစ်ချို့က ကျုံးရှောက်သည် သူ့အမျိုးသမီးကို တန်းဖိုးထားတတ်သူ လင်းဝေ့ကို ကံကောင်းသည့်သူဟူ၍ ပြောဆိုကြကာ မနာလိုဖြစ်ကြ၏။

တစ်ချို့ကတော့ ကျုံးရှောက်သည် နှားစေဖျားနာတာလေးကို ကြီးကြီးကျယ်ကျယ် လုပ်သည်ဟုပြောနေကြ၏။ ဆေးရုံပို့ပြီးရင်ရပြီလေ ခွင့်နှစ်ရက်က ယူစရာလိုလို့လူး ဟုပြောဆိုကြ၏။

ကျုံးရှောက် အပိုလုပ်နေသည်ဟု ထင်သည့်အထဲတွင် ကောင်းရှို့လျန်လည်းပါလေ၏။

All Chapters