← Chapters

Chapter 76

Vol. 6 Ch. 76

Chapter 76

Vol. 6 Ch. 76

အစပိုင်းတုန်းက ကောင်းရှို့လျန်သည် သိသိသာသာလျှော့မထည့်ရဲပေ။ မည်သူမျှ သူမကို ပြဿနာရှာလာခြင်းမရှိတော့ သိသိသာသာပင် ပိုလုပ်လာခဲ့သည်။

ဤသို့နှင့် ကောင်းရှို့လျန်သည် အစားအသောက်များလျှော့ထည့်ပေးသည်ဟု အပြောခံရတော့၏။

"အစပိုင်းတုန်း သူ့ထမင်းပွဲက နည်းနေမှန်း ရှောင်ကျန်းလဲမသိခဲ့ဘူး။သူနဲအတူစားတဲ့ အရာရှိဇနီးသည်တစ်ယောက်က နည်းနည်းလေးစားတာလား ဆိုပြီးမေးလိုက်တော့ ရှောင်ကျန်းကလည်း မနည်းပါဘူး ဟင်းနှစ်မျိုးနဲ့ ထမင်းဇွန်းကြီးနှစ်ဇွန်းစာပဲလေလို့ပြန်ပြောတယ်။တစ်ဖက်လူကလည်း ဟင်းနှစ်မျိုးနဲ့ ထမင်းဇွန်းနှစ်ဇွန်းပါတဲ့ သူ့ထမင်းပန်းကန်နဲ့ ယှဥ်ပြလိုက်တယ်လေ"ဟုပြောပြီး ကျောက်လီက ခဏရပ်လိုက်သည်။

"အာ့နောက် ဘယ်လိုဆက်ဖြစ်တယ်ထင်လဲ"

"ဘာဆက်ဖြစ်ကြလဲ" လင်းဝေ့ကလည်း စိတ်ဝင်တစားမေးလိုက်၏။

ကျောက်လီက ရှေ့ကို တိုးလာကာ ဆက်ပြောလိုက်သည်။

" ရှောင်ကျန်းလည်း သူများ ထမင်းပွဲတွေနဲ့ ယှဥ်ကြည့်လိုက်မှ သူ့ထမင်းက တစ်ခြားသူထက် သုံးပုံတစ်ပုံလောက်လျှော့နေတာကို သိလိုက်ရတယ်။ ဒါတောင် တစ်ခြားသူတွေက ပန်းကန်ထဲက ထမင်းဟင်းကို ထိုင်ပြီးစားနေကြတာ လေး ငါးမိနစ်လောက်ရှိပြီနော်"

လေး ငါးမိနစ်က သိပ်မကြာဟု ထင်ရသော်လည်းလူအများစုက ထမင်းကို သေချာဝါးမနေပဲ အမြန်စားတတ်ကြ၏။ ထမင်းကို အမြန်စားလျင် လေးငါးမိနစ်အတွင်း ထမင်းပန်းကန် တစ်ဝက်လောက် ကုန်သွားနိုင်သည်။

တစ်ဖက်လူက ဖြည်းဖြည်းချင်း ဝါးစားမည်ဆိုပါက ထမင်းပန်းကန်၏ ဆယ်ပုံ ပုံ တစ်ပုံ လောက်က ကုန်မည်ဖြစ်၏။

"ဒါနဲ့ သူက ကောင်းရှို့လျန်ကို တိုင်လိုက်ရောလား" ဟု လင်းဝေ့ကမေးလိုက်၏။

ကျောက်လီ က ခေါင်းခါလိုက်သည်။

"မတိုင်ခဲ့ဘူး။ ရှောင်ကျန်းက စိတ်တိုသွားတော့ တိုင်ဖို့ကို သတိမရလိုက်ပဲ ကောင်းရှို့လျန်ကိုပဲ တိုက်ရိုက် ဘာလို့ သူ့ထမင်းဟင်းက သူများထက်နည်းနေတာလဲလို့ သွားမေးလိုက်တယ်။ ကောင်းရှို့လျန်ကလည်း သူ့ထည့်ပေးတာက ပုံမှန်ပါပဲဆိုပြီးငြင်းရော။ ရှောင်ကျန်းကလည်းသူ့ပန်းကန်ကို ပြန်ကြည့်လိုက်နေတုန်း ကောင်းရှိုလျန်က ပြန်ပြောတယ်လေ။ သူနေ့တိုင်းသူများကို ထမင်းဟင်းထည့်ပေးနေတာ ဘယ်သူမှ နည်းတယ်များတယ် မပြောကြဘူး။ တစ်ကယ်လို့သူသာ သူများကို လျှော့ထည့်ပေးနေရင် အတိုင်ခံရပြီး အလုပ်ပြုတ်လောက်ရောပေါ့ လို့ပြန်ပြောတယ်လေ"

ကျောက်လီ၏ တစ်ပုံစံတည်းပြန်ပြောပြမှုကြောင့် လင်းဝေ့လည်း ကောင်းရှို့လျန်၏ ပုံစံကို ခက်ခက်ခဲခဲ ပုံဖော်ရန်ပင် မလိုအပ်ချေ။

"အာ့ဒီတော့ ဘယ်လိုဆက်ဖြစ်သွားလဲ"

" ရှောင်ကျန်းကလည်း ဘယ်လက်ခံမလဲ ငြင်းတာပေါ့။ကောင်းရှို့လျန်ကလည်း ရှောင်ကျန်းက ထမင်းဟင်းကို စားလိုက်ပြီး လျော့သွားတာကို သူ့ကိုပြဿနာလာရှာတယ် ဆိုပြီး ပြန်ပြောရော။ အာ့လိုပြောတော့ ရှောင်ကျန်းကလည်း ဒီပန်းကန်ထဲက ထမင်းဟင်းကို နည်းနည်းလေးဖြစ်ဖြစ် စားဖြစ်ခဲ့ရင် သူ့ကို မိုးကြိုးပစ်ပါစေဆိုပြီး ကျိန်ပါလေရော"

"ဒါနဲ့ ကောင်းရှို့လျန်က ဝန်ခံလိုက်ရောလား" ဟု လင်းဝေ့က ဆက်မေးလိုက်၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

"ဝေ့ဝေ့ ရှင်က အရမ်းရိုးတာပဲ။ ကောင်းရှို့လျန်က ဝန်မခံရုံတင်မကဘူး ရှောင်ကျန်းကို ကျိန်လို့ဆိုပြီး ပဒေသရာဇ်ခတ်က အယူသီးတဲ့လူမျိုးဆိုပြီး စွပ်ဆွဲပါလေရော။ နောက်ဆုံးတော့ ရှောင်ကျန်းရဲ့ပန်းကန်ထဲက ထမင်းဟင်းနည်းတာကို သတိထားမိပြီးပြောတဲ့ ရှောင်လိက ဝင်ပြောပေးရရော။ အတူတူထိုင်စားကြတဲ့လူတွေကလည်း ဝင်ပြောကြမှ ကောင်းရှို့လျန်အပေါက်ပိတ်သွားတော့တယ်။ အာ့တော့မှ အလုပ်ရှုပ်သွားလို့ မှားပြီး လျော့ ထည့်ပေးလိုက်မိတာပါ ပြောလာတယ်လေ"

ကျောက်လီက မကျေမနပ်ဖြင့် ထပ်ပြောလိုက်သည်။

"အလုပ်ရှုပ်လွန်းလို့မှားထည့်မိတာပါ ဆိုတာ သူ့အပြောလေ။ ဘေးလူတွေသာ ကူမပြောပေးရင် ရှောင်ကျန်းက ကောင်းရှို့လျန် ပိုးစိုးပက်စက်ပြောတာ ခံရမှာ။ ဒါနဲ့ ရှောင်ကျန်းကလည်း ညွှန်ကြားရေးမှုးဟွမ်ကို ခေါ်ခိုင်းလိုက်တယ်လေ"

ညွှန်ကြားရေးမှုးဟွမ်သည် ပြည်နယ် စားသောက်တိုင်၏ ညွန်ကြားရေးမှူးဖြစ်သည်ဟု လင်းဝေ့ မသိမည်စိုး၍ ထပ်ရှင်းပြလိုက်၏။

"ညွှန်ကြားရေးမှုးဟွမ်လည်း ရောက်လာရော သူ့ရှေ့မှာတင် တစ်ခြားကောင်တာက ထမင်းဟင်းထည့်ပေးတာနဲ့ ကောင်းရှို့လျန် ထည့်ပေးတယ်ကို ယှဥ်ကြည့်လိုက်တယ်။ ဘယ်လောက်တောင် လျော့နေတယ်ထင်လဲ မှန်းကြည့်"

ကျောက်လီကမေးလိုက်တော့ လင်းဝေ့လည်း မှန်းကြည့်လိုက်သည်။ သိပ်လည်း မများရဘူး သိပ်လည်း မနည်းရဘူး ဆိုတော့။

" ၅၀ ဂရမ်လောက် လျော့နေတာလား"ဟု လင်းဝေ့ကမှန်းကာပြောလိုက်၏။

ကျောက်လီအံံ့သြသွားသည်။" ဟေးး ဘယ်လိုသိတာလဲ။ ဒီအကြောင်းကိုကြား ပြီးပြီလား"

"ကျွန်မ မသိပါဘူး။ တစ်နေကုန်လုံးလည်း အလုပ်ရှုပ်နေတာ။ ကျုံးရှောက်နဲ့ ကလေးတွေအပြင် ပါးမေ့ကလွဲရင် တစ်ခြားဘယ်သူနဲ့မှလည်း မတွေ့ဖြစ် စကားမပြောဖြစ်ပါဘူး"ဟု လင်းဝေ့က ခေါင်းခါကာပြောလိုက်သည်။

"တစ်နေကုန် ဘာတွေ အလုပ်ရှုပ်နေတာလဲ"

"ဘာမှတော့မဟုတ်ပါဘူး ခြံအလုပ်တွေ လုပ်နေတာပါ"

လင်းဝေ့တို့ ဒူးရင်းသီးစားခဲ့စဥ် ဒူးရင်းအစေ့များကို ခြံထဲတွင် စိုက်ထားခဲ့သည်။ အပင်ပေါက်လာလျင် အရိပ်ရအောင်ဆိုပြီးဖြစ်၏။ အပင်ကြီးကာ အသီးသီးလာရင်လည်း အသီးစားနိုင်မည်ဖြစ်သည်။

ကျောက်လီက လင်းဝေ့ဒူးရင်းစေ့ကို စိုက်ထားတာသိလိုက်တော့ ဒူးရင်းစေ့ကို ဒီအတိုင်းစိုက်ရင် မပေါက်ဘူးလို့ပြောပြလိုက်၏။ ဒူးရင်းစေ့ကို အပင်ပေါက်စေလိုလျင် အစေ့ကို အရင်ဆုံး တစ်ရက်နှစ်ရက် ရေအရင်စိမ်ထားကာ အညှောင်ထွက်လာမှ မြေပေါ်ချစိုက်သင့်သည်ဟု အကြံပေးခဲ့၏။

ဒူးရင်းပင်က အသီးသီးဖို့ လေးငါးနှစ်ခန့်ကြာသည်ဟု ကျောက်လီကပြောသေး၏။ ပိုကြီးသည့် ဒူးရင်းမျိုးဆိုလျင် အသိီးသီးဖို့ ပိုကြာတတ်သည်ဟု ပြောပြသေးသည်။

သူမတို့သည် ယားကျိုးကျွန်းပေါ် လာရောက်တာဝန်ထမ်းဆောင်သည့် စစ်သည်မိသားစုများဖြစ်ကြ၍ ဤကျွန်းပေါ်တွင် အချိန်အကြာကြီး နေဖြစ်မနေဖြစ် မသေချာပေ။

မိမိက အပင်ကို အကြာကြီး ပြုစုပျိုးထောင်ပြီး အသီးသီးမည့် အချိန်ကျမှ ပြောင်းရွေ့သွားရလျင် မတန်ဟု ကျောက်လီက အကြံပေး၏။

သို့သော် သူမတို့ ဤကျွန်းပေါ် ဘယ်လောက်ကြာအောင်နေနေ အမှတ်တရ ကောင်းများချန်ခဲ့နိုင်ဖို့အတွက် လင်းဝေ့ အပင်စိုက်ခြင်းဖြစ်၏။

ထို့ကြောင့် ဒူးရင်းအပင်စိုက်ရန် ခြံထဲတွင် မြေကျွင်းများတူးထားခဲ့သည်။ လင်းဝေ့ရေစိမ်ထားခဲ့ ဒူးရင်းအစေ့များကလည်း အညှောက်များ ပေါက်နေပြီဖြစ်သည်။

ထို့ကြောင့် လင်းဝေ့သည် ခြံထဲတွင် ယခင်ကစိုက်ခဲ့သည့် ကြက်သွန်မြိတ်များမှ လွဲ၍ တစ်ခြားဟင်းရွက်ပင် မစိုက်တော့ပါ။

ဟင်းသီးဟင်းရွက်ပင်များ မစိုက်သော်လည်း ပန်းမာန်များကိုတော့စိုက်ထားပါ။ လင်းဝေ့ကို ပန်းမျိုးပေးခဲ့သည့် အရာရှိဇနီးသည် ကျွင်းဆာက လင်းဝေ့သည်ပန်းများကို ကောင်းကောင်းဂရုစိုက်ထားသည်ကိုတွေ့၍ နောက်ထပ်ပန်းမျိုးများ ထပ်ပေးမည်ဟုပြောလာ၏။

ထို့ကြောင့် ကလေးများကို နေ့လည်ပိုင်းစာသင်ပြီးနောက် ခြံရှေ့တွင် ပန်းပင်များစိုက်ရန် မြေနေရာကို ပြင်ဆင် တူးဆွနေခြင်းဖြစ်၏။

လင်းဝေ့ ပြောစကားကိုကြားတော့ ကျောက်လီက အိမ်ရှေ့မြေကွက်လပ်ကို လှမ်းကြည့်လိုက်သည်။ "ဒူးရင်းပင်တွေ ပေါက်နေပြီလား။ ဒါပေမယ့်အများကြီးစိုက်ထားရင် ကြီးလာတဲ့အခု ခြံထဲမှာ ပြည့်ကြပ်ကုန်မယ်နော်"

"လောလောဆယ်တော့ ဒီအတိုင်းပဲ အရင်စိုက်ထားတာပါ။ နောက်မှ အခြေအနေကြည့်ပြီး ပြောင်းစိုက်သင့်ရင်စိုက်တာပေါ့ ဒါတောင်ပိုသေးတယ် ဆိုလည်း အစ်မရှိတာပဲ အစ်မကော ဒူးရင်းအပင်ပေါက် မလိုချင်ဘူးလား" ဟု လင်းဝေ့က ပြုံးကာမေးလိုက်သည်။

"အပင်လေးကြီးပြီး အသီးသီးလာရင်တော့ လိုချင်တယ်"ဟု ကျောက်လီကလည်း ရယ်ရယ်မောမော ပြန်ပြောလိုက်သည်။ နောက်မှ စောနက သူတို့အဆက်ဖြတ်ခဲ့သည့်အကြောင်းအရာကို သတိရလိုက်သည်။

"ဒါနဲ့ စောနက တို့ပြောတာ ဘယ်ရောက်သွားပြီလဲ"

" ရှောင်ကျန်းရဲ့ ထမင်းက ၅၀ ဂရမ်လောက်လျော့နေတယ်" ဟု လင်းဝေ့က အစပြန်ဖော်ပေးလိုက်ရာ ကျောက်လီလည်း ပြန်သတိရသွားသည်။

"ဟုတ်တယ် ဟုတ်တယ် ကောင်းရှို့လျန်က အတွင်းစိတ်အရမ်းပုတ်တာ။ သူတမင်လုပ်တာလို့လည်း ဝန်မခံချင်ဘူးလေ။ ဒါနဲ့သူ မှားထည့်ပေးလိုက်မိတာပါပဲ ဘူးခံငြင်းတာပေါ့"

"ဒါနဲ့နောက်ဆုံး ဘယ်လိုဆက်ဖြစ်သွားကြလဲ"

"ညွှန်ကြားရေးမှုးဟွမ်က ဘယ်လိုလူမျိုးလဲဆိုတာ ဝေ့ဝေ့ သိမှာမဟုတ်ဘူး။ သူက သက်သေအထောက်အထားတွေ ပေါ်နေတာတောင် ပြဿနာကို မကြီးစေချင်လို့ ထမင်းဟင်း ပြန်ဖြည့်လိုက်ပြီး ကောင်းရှို့လျန်ကို ရှောင်ကျန်းဆီ တောင်းပန်ခိုင်းလိုက်တယ်လေ"

"ဒါပေမယ့်စောနက ကောင်းရှို့လျန်ရဲ့အပြောကို ရှောင်ကျန်းက ပိုးစိုးပက်စက်ခံခဲ့ရတာလေ။ တောင်းပန်တာလေးနဲ့ဘယ်ကျေနပ်နိုင်မလဲ။ ဒါနဲ့ သူတို့ပြည်နယ်စားသောက်ဆိုင်မှာ လာစားတာက စျေးသက်သာပြီး စားရတာအဆင်ပြေလို့ လာစားတာပါပေါ့။ ကောင်းရှို့လျန်လို သူစိတ်ပျော်ရင် များများထည့်ပေးပြီး သူစိတ်မပျော်ရင် လျော့ထည့်ပေးတဲ့သူ ရှိနေရင်တော့ နောက် ပြည်နယ်စားသောက်ဆိုင်ကို ကျွန်မတို့ဝန်ထမ်းတွေ လာမစားတော့ဘူးဆိုပြီး ပြောပါလေရော"

"အာ့ဒီအချိန်က စားသောက်ဆိုင်မှာရှ်ိတဲ့ ဝန်ထမ်းတွေက ရှောင်ကျန်း ပြောသလို ပြည်နယ်စားသောက်ဆိုင်ကို လာမစားတော့တာမျိုးတော့ မလုပ်ချင်ကြဘူး။ ဒါပေမယ့် ရှောင်ကျန်းလိုမျိုး သူတို့လည်း ဖြစ်ခဲ့ရင် ဆိုပြီး ရှောင်ကျန်းကို ဝင်ထောက်ခံပေးကြတယ်။ ညွှန်ကြားရေးမှုးဟွမ်လည်း လူတိုင်းကျေနပ်အောင်လို့ ကောင်းရှို့လျန်ကို ပန်းကန်ဆေးတဲ့ နေရာပို့လိုက်တယ်လေ"

ထိုသို့ပြောရင်း ကျောက်လီက အားရပါးရ ရယ်နေ၏။

" ပြည်နယ်စားသောက်ဆိုင်မှာ အရာရှိဇနီးသည် နှစ်ယောက်ကို အလုပ်ခန့်လိုက်ပြီး တစ်ယောက်က အစားသောက် ဝေထည့်ပေးရတဲ့ ကောင်တာမှာလုပ်ခိုင်းပြီး နောက်တစ်ယောက်က မီးဖိုချောင်အနောက်မှာ ပန်းကန်ဆေးရတာလေ။ ကောင်းရှို့လျန်ကိုတော့ သူ့အမျိုးသား မျက်နှာနဲ့ ထမင်းဟင်းထည့်ပေးရတဲ့ကောင်တာမှာ နေရာချပေးခဲ့တာ။ အံမယ် သူက ပန်းကန်ဆေးတဲ့သူကိုတောင် တစ်ခြားကောင်းတဲ့နေရာရအောင် အလုပ်ကြိုးစားဖို့ပြောလိုက်သေးတယ်။ အခုတော့တစ်လတောင်မကြာသေးဘူး သူတို့နှစ်ယောက်က အလုပ်နေရာပြောင်းလိုက်ရပြီလေ။ မရီရဘူးလား"

လင်းဝေ့လည်း ဖြစ်ပျက်သွားသည်များကို မျက်လုံးထဲမြင်ယောင်ကြည့်လိုက်မိပြီး ထပ်မေးလိုက်၏။" သည်တစ်ခေါက်ကော ကောင်းရှို့လျန်က ဘာမှ ပြန်မပြောတော့ဘူးလား"

"ဝန်ထမ်းအများကြီးရှေ့မှာ အာကျယ်ထားတော့ ဘယ်ပြန်ပြောရဲမလဲ သူသာ ဦးနှောက်ရှိတဲ့လူဆိုရင် ငြိမ်နေတာပိုကောင်းမယ်လို့ သိမှာပေါ့ သူသာ ညွှန်ကြားရေးမှုးဟွမ်ကို ပြန်ခံပြောလို့ကတော့ ကိစ္စတွေက ပိုဆိုးကုန်မှာ အလုပ်ပြုတ်ရုံမက အစားအသောက်ရာရှင်ခွဲတမ်းတောင် အလျော့ခံရနိင်တယ်လေ"

ထမင်းဟင်းလျော့ထည့်ပေးလိုက်သည်က သာမန် လုပ်ငန်းခွင်ပေါ့ဆမှုဟု ပြော၍ရသော်လည်း အထက်အရာရှိ၏ အမိန့်ကိုမနာခံမှုကတော့ မတူတော့ချေ။

ကောင်းရှို့လျန် ပန်ကန်ဆေးရသည်က ပြဿနာမဟုတ်ပါ။ ငြင်းခဲ့ပါက ဝန်ခံစာရေးရတော့မည်ဖြစ်ကာ ထိုဝန်ခံစာကလည်း သူမ၏ကိုယ်ရေးအကျဥ်းမှတ်တမ်းတွင် အမြဲပါနေတော့မည်ဖြစ်၏။

ရှင်းရှင်းပြောရလျင် ညွှန်ကြားရေးမှုးဟွမ်က ပြသနာများကို မကြီးလာစေချင်ပါ။ တစ်ခြားအရာရှိဇနီးသည်များသည်လည်း သူတို့အားလုံးက မိသားစုအိမ်ရာ တစ်ဝန်းထဲတွင် နေထိုင်ကြသူများဖြစ်၍ အခြေအနေများကို ပိုမဆိုးလာစေချင်ကြပါ။

သို့သော် ကောင်းရှို့လျန်က ပြဿနာထပ်ရှာလာလျင်တော့ ကျန်သည့်သူများကလည်း ငြိမ်ခံမနေပဲ အကြီးပိုင်းကို စုံစမ်းစစ်ဆေးရေး ဝင်ခိုင်းမည်ဖြစ်၏။ သို့နှင့် အခြေအနေက ပိုမိုဆိုးလာပေလိမ့်မည်။

လင်းဝေ့လည်း ထိုသို့စဥ်းစားလိုက်ရင်း"ဒီပြသနာက အာ့လောက်တော့ မကြီးလာသင့်ဘူး" ဟုပြောလိုက်၏။

ကောင်းရှို့လျန်လည်း ဆုပ်လည်းဆူးစားလည်း ရူးအခြေအနေဖြစ်နေ၏။ ထိုအခြေအနေကလည်း သူမကိုယ်တိုင်ဖန်တီးထားရာ ငြိမ်နေရုံမှ အပ မတတ်နိုင်ပေ။သူမက ပြန်ခံပြောလျင်လည်း ပြဿနာက ပိုဆိုးလာကာ သူမအမျိုးသား ကျောက်ဖုန်းကလည်း ထိုကဲ့သို့အဖြစ်မျိုးကို လက်ခံနိုင်မည်မဟုတ်ပေ။

လင်းဝေ့တွေးနေသည်ကို ကျောက်လီလည်း မှန်းဆမိကာ ပြောလိုက်သည်။"ကျွန်မလည်း ပွဲက ကြည့်ကောင်းပြီလို့ထင်နေတာလေ"

သို့သော် ကောင်းရှို့လျန်ပွဲက ဤတွင်ပြီးသွား၏။

All Chapters