← Chapters

Chapter 77

Vol. 6 Ch. 76

Chapter 77

Vol. 6 Ch. 76

ကောင်းရှို့လျန်လည်း မူလက သူများရှေ့မြောက်ကြွနေခဲ့သမျှ နောက်ဆုံး ပန်ကန်ဆေး အလုပ်နှင့် အဆုံးသတ်လိုက်ရ၏။ ဤသည်ကပင် ကျောက်လီအဖို့ ဝမ်းသာစရာကိစ္စပင် ဖြစ်ပေတော့သည်။

သို့နှင့် ကျောက်လီ လင်းဝေ့အိမ်က အပြန်လမ်းမှာ ထိုအဖြစ်ကိုသတိရမိ၍ ရုတ်တရက် ထရီလိုက်သည်။

ကျုံးရှောက်နှင့် ကျိုးကျန်းဟိုင်တို့က အိမ်အနောက်ဘက်မှာထိုင်ကြီး စကားပြောနေကြစဥ် ကျောက်လီသည် လမ်းလျှောက်ပြန်သွားစဥ် ရုတ်တရက်ရယ်မောလိုက်သည်ကို တွေ့လိုက်ရ၏။

"ရဲဘော်ကျောက်လီက ဘာဖြစ်နေတာလဲ။ ရုတ်တရက်ကြီး ဝမ်းသာအားရ ထရီနေတယ်"ဟု ကျိုးကျန်းဟိုင်က အံ့အားသင့်ကာပြောလိုက်သည်။

ကျုံးရှောက်လည်း ကျောက်လီ ဗိုက်ထဲက သံကောင်မဟုတ်၍ ဘာလို့ရုတ်တရက် ထရီတာလည်း မသိပါ။

"ရယ်စရာ တစ်ခုခုတွေးမိလို့နေမှာပေါ့"

သို့သော် ထိုည အိပ်ရာမဝင်ခင် ကျုံးရှောက်သည် လင်းဝေ့ကို မေးကြည့်လိုက်သည်။"ညနေက ရဲဘော်ကျောက်လီမှာ ဘာပျော်စရာကိစ္စတွေရှ်ိလဲ"

"ဘာဖြစ်လို့လဲ " လင်းဝေ့လည်း ပထမတော့နားမလည်၍ ထပ်မေးလိုက်၏။

"ကိုယ်တို့အိမ်ကနေ ရဲဘော် ကျောက်လီပြန်သွားတော့ ရယ်စရာ တစ်ခုခုတွေးမိလိုက်သလို ရုတ်တရက်ကြီး ထရီပြီးပြန်သွားတာလေ "

"အိုး ရှင်က အာ့အကြောင်းပြောနေတာလား"လင်းဝေ့လည်း နားလည်သွားကာ ကောင်းရှို့လျန်၏ ဇာတ်လမ်းကို ကျုံးရှောက်အား ဖောက်သည်ပြန်ချလိုက်၏။

ထိုဇာတ်လမ်းကိုကြားပြီး ကျုံးရှောက်လည်း ဆွံ့အသွားသည်။"ရဲဘော်ကောင်းက ဘာတွေ စဥ်းစားနေတာလဲ"

ကောင်းရှို့လျန်သည် သူမကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ထားသည်ဆိုလျင်တော့ သူမလုပ်ရပ်ကိုနားလည်ပေးနိုင်လိမ့်မည်။ သို့သော် ဤသည်က ပြည်နယ်စားသောက်ဆိုင် ပြည်သူပိုင်ဆိုင်လေ။

ကောင်းရှို့လျန်ကလည်း အလုပ်သမားပဲလေ။ သူ့သဘောနဲ့သူ ထမင်းဟင်းတွေ ဖွက်ထားပြီး ပြန်ရောင်းလို့မှ မရတာ။ တစ်ယောက်ယောက် သိသွားရင်လည်း ပြဿနာတက်နိုင်တာကို ဘာတွေလုပ်နေတာလဲ။

လင်းဝေ့လည်း ကျောက်လီပြောကြထားသည့်အတိုင်း ပြန်ပြောပြလိုက်သည်။ "ကြားတာတော့ ရှောင်ကျန်းနဲ့ကောင်းရှို့လျန် လွန်ခဲ့တဲ့ရက်ကမှ စကားများထားကြတာတဲ့။ အဲ့ကိစ္စ အခဲမကြေလို့နေမှာပေါ့။"

ကျုံးရှောက် - "...………" အော်

.........

ကောင်းရှို့လျန်သည် ဝန်ထမ်းများ၏ ထမင်းဟင်းများလျော့ထည့်ပေးသည်ကို သိသွားခံလိုက်ရပြီး အများက စိတ်တိုသွားကာ မီးဖိုချောင် ပန်းကန်ဆေးနေရာသို့အရွေ့ခံလိုက်ရသည်ဟူသည့် သတင်းကို ကျောက်ဖုန်းကြားသောအခါ သူ၏ မျက်နှာအမူအရာ "ဒီမိန်းမ ဘာဖြစ်ချင်နေတာလဲ" ဟု တွေးလိုက်၏။

စားသောက်ဆိုင် ထမင်းဟင်းတွေ လျှော့ထည့်ပေးပြီး အိမ်သယ်လာလို့ရတာလည်း မဟုတ်ဘူး။ သယ်လာလို့ရတယ် ဆိုရင်တောင် သူတို့အိမ်က ငတ်ပြတ်နေလို့လား။

ကျောက်ဖုန်း၏ တစ်လ လစာကလည်း ယွမ်၂၀၀ရှိရာ သူ့မိဘများဆီ ငွေအနည်းငယ်လွဲပြီးလျင် ကျန်သည့်လခ အားလုံးကို ကောင်းရှို့လျန်အား အကုန်လွဲပေးသည်ဖြစ်၏။ ထိုပိုက်ဆံကလည်း သူတို့မိသားစု စားဖို့သောက်ဖို့လုံလောက်ပါ၏။ ဒါကို သူမက ဘာလုပ်နေတာလဲ။

ကောင်းရှို့လျန်က ဘာဖြစ်ချင်နေတာလဲ။

အမှန်တော့ ကောင်းရှို့လျန်က သူမ စိတ်ပျော်ရွှင်ဖို့အတွက် လုပ်ခဲ့ခြင်းဖြစ်သည်။

ကျန်းလင် ( ရှောင်ကျန်း) နှင့် လွန်ခဲ့သည့်ရက်ပိုင်းလောက်က စကားများကြပြီး နောက် ကောင်းရှို့လျန်က တေးမှတ်ထားခဲ့တာဖြစ်သည်။ သူမ အစားအသောက် ထည့်ပေးသည့်ကောင်တာမှာ အလုပ်လုပ်တော့ ထိုကိစ္စကို ညိုးကာ တမင်လုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကျောက်ဖုန်းက မေးလျင်တော့ သူမက ငိုယိုကာ "ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။ လူတွေအများကြီးတန်းစီနေကြတော့ ကျွန်မလည်း သူ့ထမင်းဟင်းကို မှားထည့်မိသွားတာပါ။ ပြီးတော့ရှင်ပြောသလိုပဲ စားသောက်ဆိုင်က ကျွန်မတို့ဖွင့်ထားတာ မဟုတ်လို့ အိမ်လည်းပြန်ယူလာလို့မှမရတာ။ ဒါကို ကျွန်မက သူ့ကို တမင်လျော့ထည့်ပေးပြီး ပြသနာရှာလို့ ကျွန်မ ဘာရမှာလဲ"ဟုပြောလေ၏။

ကျောက်ဖုန်းက စိတ်တိုနေသော်လည်း သူမိန်းမက ငိုယိုနေ၍ ဆက်ပြောမထွက်တော့ပါ။

"တစ်ကယ် မဟုတ်ရပါဘူး။ တစ်ကယ်လို့ ကျွန်မ သူ့ကို ထမင်းဟင်းလျှော့ထည့်ပေးမိရင် ကျွန်မသေပါစေလို့ ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပြီး ကျိန်ပါတယ်" ဟုပြောရာ ကျောက်ဖုန်းက မျက်မှောင်ကြုံ့သွားသည်။

"မင်းက ဘာလို့အာ့လိုကျိန်ရတာလဲ"

"ကျွန်မက နစ်နာတဲ့သူပါ။ ရှင်ပဲစဥ်းစားကြည့်လေ။ကျွန်မက လူတွေများလွန်းလို့ အလုပ်ရှုပ်သွားပြီး သူ့ကိုမှားထည့်ပေးမိတာကို သူက ပြဿနာအကြီးကြီး ရှာတာလေ။ ကျွန်မသာ ကောင်တာမှာ ဆက်ပြီး အစားအသောက် ထည့်ပေးမယ်ဆို သူလာမစားတော့ဘူးဆိုပြီးပြောခဲ့တာ သူကပိုလွန်တာပေါ့"ဟု ပြောရင်း ကောင်းရှို့လျန်သည် ကျန်းလင်က သူ့ကို တမင် ပြသနာလာလုပ်သည်ဟု ထင်နေ၏။

အမှန်တော့ ကောင်းရှို့လျန် ထမင်းဟင်းလျော့ထည့်ပေးခဲ့သည်က ဤ တစ်ရက်ထဲပင်မဟုတ်ပါ။ အရင်က ဘယ်သူမှ လာမပြော၍ မသိခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သည့်ရက်က သူတို့နှစ်ယောက်ကြား ကတောက်ကဆဖြစ်စဥ်ကို မမှတ်မိဘူးလားမသိဘူး။

"ကျွန်မ နားကိုမလည်နိုင်ဘူး။ အစားအသောက်ထည့်ပေးတဲ့ တစ်ခြားကောင်တာတွေလည်း ရှိနေသေးတာကို သူကျွန်မကို မယုံရင် တစ်ခြားသူဆီမှာ သွားထည့်လို့ရတာပဲ။ ဒါကို တမင် ပြဿနာရှာချင်လို့ ကျွန်မဆီ လာထည့်ပြီး ညွှန်ကြားရေးမှုးဟွမ် ကျွန်မကို မီးဖိုချောင် အနောက်အလုပ်ပြောင်းရအောင် လုပ်တယ်လေ။" ဟု ငိုယိုပြကာ ဆက်ပြောလေ၏။

ကျောက်ဖုန်းသည် သူမိန်းမက အမြဲပြသနာရှာတတ်သည်ကိုသိသော်လည်း သူမိန်းမ၏ ငိုသံကိုကြားတော့ ကျန်းလင်က လွန်သည်ဟုတွေးလာ၏။

"သူ့စကားကြောင့် ညွှန်ကြားရေးမှုးက မင်းကို အလုပ်နေရာပြောင်းလိုက်တာလား"

"အာ့လိုဘယ်ဟုတ်မလဲ" ကောင်းရှို့လျန်က ချက်ချင်းငြင်းလိုက်၏။

"ကျန်းလင်က ဉာဏ်အရမ်းများတာ ကျွန်မ ထမင်းဟင်းနည်းနည်းပဲ ထည့်ပေးတယ်လို့ ဆိုပြောပြီး ကျန်တဲ့သူတွေကိုပါစည်းရုံးပြီး ကျွန်မကို ဝိုင်းပြောကြတာ။သူတို့အာ့လိုပြောကြတော့ ညွှန်ကြားရေးမှုးဟွမ်ကလည်း ကျွန်မကို ထမင်းဟင်းထည့်ပေးတဲ့ ကောင်တာကနေ မီးဖိုချောင်အနောက် ပန်းကန်ဆေးတဲ့နေရာကို ပြောင်းခ်ိုင်းလိုက်တာပေါ့"

ထိုအကြောင်းကြားမှ ကျောက်ဖုန်းလည်း ကောင်းရှို့လျန်က ထမင်းဟင်းလျော့ထည့်ပေးမိ၍ အတိုင်ခံရကာ အလုပ်နေရာ အပြောင်းခံလိုက်ရတာမှန်းပြန်သတိရလာ၏။ ထို့ကြောင့် သူ့မိန်းမကို ပြန်မသနားတော့ပဲ ပြောလိုက်သည်။

"မင်း လုပ်ငန်းခွင်မှာ အရေးကြီးဆုံးက မျှမျှတတဖြစ်ဖို့ပဲ။ ဝန်ထမ်းတွေအားလုံးက ပိုက်ဆံနဲ့ လက်မှတ်နဲ့ လာဝယ်စားကြတာ။ ဟင်းပွဲတွေလျော့ထည့်တာ ပိုထည့်တာမျိုးတွေ လုံးဝမလုပ်သင့်ဘူး။ ထမင်းစားချိန်ကလည်း ကြိုသတ်မှတ်ထားပြီးသားမို့လို့ လူများလို့ ဖြစ်ကတတ်ဆန်း လုပ်တာမျိုးလည်း မဖြစ်သင့်ဘူး။ လူဘယ်လောက် ဘယ်အချိန်မှာပြီးမယ်ဆိုတာ ကြိုသိပြီးသားကို မင်းက ဘာတွေလောပြီး အမှားတွေလုပ်ရတာလဲ"

ကောင်းရှို့လျန်လည်း ဘယ်လိုရှင်းပြရမှန်းမသိတော့၍ ခေါင်းငုံ့နေမိသည်။"ကျွန်မ ကျွန်မလည်း အာ့အချိန်က အာ့လောက်မစဥ်းစားမိဘူး"

ကျောက်ဖုန်း သက်ပြင်းချလိုက်ကာ သူ့မျက်ခုံးကိုပွတ်လိုက်သည်။"ထားလိုက်ပါတော့။ အခု မင်းကို ပြောင်းပေးလိုက်တဲ့ အလုပ်နေရာမှာပဲ သေသေချာချာ ကြိုးစားလုပ်တော့"

"မဖြစ်နိုင်ဘူး ကျွန်မကို ရိက္ခာလျော့ရင် လျော့ပလေ့စေ။ရှင် ညွှန်ကြားရေးမှုးဟွမ်ဆီ ကျွန်မကို အရင် အလုပ်နေရာ ပြန်ပေးဖို့ပြောပေးလို့မရဘူးလား"

ပန်းကန်ဆေး အလုပ်က ရှက်ဖို့ကောင်းသည်ဟု ကောင်းရှို့လျန် ထင်မိသည်။ အစကတည်းက သူမ ပန်းကန်ဆေးရမည်ဆိုတာ သိလျင် ပြည်နယ်စားသောက်ဆိုင်မှာတောင် သူမ အလုပ်လာလုပ်မည် မဟုတ်ပေ။

"ဒီလိုပြဿနာတွေ ဖြစ်ပြီးတာတောင်မှ မင်းက အစားအသောက် ဝေပေးတဲ့ကောင်တာမှာ လုပ်ချင်သေးတယ်ပေါ့"

အတော်ကို မျက်နှာပြောင်တိုက်နိုင်တာပဲ။

"ရှင်လူတိုင်းကို မေးကြည့်လိုက်စမ်းပါ။ ဘယ်သူကရော အလုပ်မှာ ပြဿနာမဖြစ်ဖူး၊ အမှားမလုပ်ဖူးလို့လဲ။ ကျွန်မက အလုပ်ဝင်တာ တစ်လပဲ ရှိသေးပြီး အစားအသောက်လေး မှားထည့်ပေးမိတာကို ပန်းကန်ဆေးတဲ့နေရာ ပို့လိုက်စရာလား။ ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မကို အစားအသောက် ဝေပေးတဲ့ကောင်တာမှာ ပြန်နေရာပေးဖို့ ညွှန်ကြားရေးမှုးဟွမ်ကို ပြောပေးရမယ်။မဟုတ်ရင် ကျွန်မ အလုပ်မသွားတော့ဘူး"

ကောင်းရှို့လျန် ထင်သည်က သူခြိမ်းခြောက်လိုက်လျင် ကျောက်ဖုန်းက သွားပြောပေးလိမ့်မည်ဟုထင်နေ၏။သို့သော် ကျောက်ဖုန်းက မျက်နှာတည်ဖြင့် ခေါင်းငြိမ့်လိုက်သည်။"ကောင်းပြီ မင်းမသွားချင်ဘူးဆိုလည်း မသွားနဲ့"

ကောင်းရှို့လျန် ပြည်နယ်စားသောက်ဆိုင်မှာ အလုပ်လုပ်မည်ဆိုစဥ်က ကျောက်ဖုန်းသည် သူ့မိန်းမ သူများနှင့် လေပေါကာ ရန်ဖြစ်မည့်အချိန်နည်းပါစေတော့ ဆိုပြီး ခွင့်ပြုပေးခဲ့တာဖြစ်သည်။

နောက်ဆုံးတော့ အလုပ်ဝင်တာ တစ်လလောက်ရှိသေးရာ ပျားအုံကို တုတ်နဲ့သွားထိုးချေပြီ။ ညွှန်ကြားရေးမှုးဟွမ်က ပြဿနာကို မကြီးစေချင်လို့သာ ကိစ္စက ဤမျှဖြင့်ပြီးသွား၏။ ဒါကို ကောင်းရှို့လျန်က ထပ်ပြဿနာရှာမည်ဆိုပါက ယောကျာ်းဖြစ်သည့် သူ့ကိုပင် အရှုပ်တွေ လာနွယ်လာနိုင်၏။

ညွှန်ကြားရေးမှုးဟွမ်ဆီသွားပြီး အရင် အစားအသောက်ဝေပေးတဲ့ကောင်တာမှာ ပြန်လုပ်ရအောင် ပြောပေးပါ ဟုတ်လားး။

သူ့ဦးနှောက်ချောင် နေမှသာ သွားပြောပေးလိမ့်မယ်။ သူ့ဘဝဘရာထူးအခြေအနေက တည်ငြိမ်နေလေရာ ကောင်းရှို့လျန် စကားသွားနားထောင်လိုက်ရင် သူပါ ပြဿနာတွေ တက်လာလိမ့်မယ်။

ဒါနဲ့မေးရမယ်ဆို သူ့မိန်းမက သူ့ကို ဦးနှောက်ချောင် နေတဲ့သူလို့ထင်နေတာလား။

……………………

ကျောက်ဖုန်းက ညွှန်ကြားရေးမှုးဟွမ်ကို အလုပ်ပြောင်းပေးဖို့မပြောပေးဘူးဆို၍ ကောင်းရှို့လျန် အလွန်ဒေါသထွက်ကာ တော်တော်ကြာသည်အထိ အိပ်မပျော်နိုင်ခဲ့၍ မနက်ရှစ်နာရီလောက်မှ နိုးလာခဲ့သည်။

ပြတင်းခန်းစီးကနေဝင်လာသည့် နေရောင်ကိုမြင်လိုက်တော့ နောက်ကျပြီဟူ၍တွေးကာ အိပ်ရာမှ အမြန်ထလိုက်သည်။

အမြန်ထကာ ဖိနပ်စီးလိုက်ပြီးမှ သူက မီးဖိုချောင်တွင် ပန်းကန်ဆေးရမည့်သူမှန်း ပြန်သတိရလိုက်ကာ ကုတင်ပေါ် ပြန်လှဲအိပ်လိုက်သည်။

ညွှန်ကြားရေးမှုးဟွမ် မနေ့က သူမကို အလုပ်နေရာ ပြောင်းပေးလိုက်တော့ လူတိုင်းမျက်နှာက ဖြစ်ပျက်သွားသည့် အမူအရာကို သတိရလိုက်ကာ အလုပ်မသွားချင်တော့ပါ။

ပန်းဆေးအလုပ်နှင့် ထမင်းဟင်းဝေထည့်ပေးသည့် အလုပ်က အဆင့်တူဖြစ်ကာ လုပ်အားခလည်း အတူတူဖြစ်သည်။ သို့သော် ကောင်းရှို့လျန် အမြင်တွင်တော့ အဆင့် အတော်လေး ကွာခြားသည်ဟု ထင်မိ၏။

ကောင်တာတွင် ထမင်းဟင်းဝေထည့်ပေးရသည့် အလုပ်က ဂုဏ်သရေရှိပြီး လေးစားခံရသည်ဟု ထင်သည်။

ပန်းကန်ဆေးသည့် အလုပ်ကတော့ လူတိုင်းလုပ်နိုင်ပြီး အထင်သေးကြမည်ဖြစ်သည်။

မနေ့က သူမအလုပ်ပြောင်းခံလိုက်ရပြီးနောက် ယခင်က ပန်းကန်ဆေးရသော်လည်း သူမနှင့် အလုပ်လဲလိုက်ရသည့် ဝမ်ချင်းက သူမဆီလာပြီး ပြောခဲ့သည်။

"ကျွန်မ အလုပ်စဝင်တုန်းက အစ်မကောင်းပြောခဲ့တာလေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုပြီး ကျွန်မအလုပ်ကို အကောင်းဆုံးလုပ်ဖို့ အားပေးခဲ့တာလေ။ အစ်မစကားကို ကျွန်မ ထောက်ခံတယ်။ အခုကျွန်မ မီးဖိုချောင်မှာ ပန်းကန်ဆေးရပေမယ့် အလုပ်ကြိုးစားခဲ့လို့ တစ်လအတွင်းမှာပဲ ညွှန်ကြားရေးမှုးဟွမ်က ကျွန်မရဲ့ကြိုးစားမှုတွေကို မြင်ပြီး ဟင်းဝေထည့်ပေးရတဲ့ ကောင်တာကို ပြောင်းရွေ့ပေးလိုက်ပြီလေ"

ထိုစကားကိုကြားခဲ့စဥ်က ကောင်းရှို့လျန် သူ့ကို ပါးရိုက်ခဲ့ချင်မိသည်။ ညည်းနေရာကောင်းရတာ ငါချီးကားတိုက်ပြီး ငါကံဆိုးသွားလို့ဟေ့။ ဒါကိုများကြိုးစားခဲ့လို့ဘာညာ လာနှောက်မနေနဲ့။ အရှက်ကိုမရှိဘူး။

သို့သော် ထိုအချိန်တွင် ဝန်ထမ်းများကလည်း အကုန်လူစုမကွဲကြသေး၍ ကောင်းရှို့ချန်သည် သွေးအန်ရုံသာ တတ်နိုင်ခဲ့ပြီး ဝမ်ချင်းကို စကားလုံးများဖြင့် ပြန်မပက်နိုင်ခဲ့ပေ။

ဝမ်ချင်းကလည်း ကောင်းရှို့လျန်သူ့စကားကို ဂရုမစိုက်ပဲ မျက်နှာ ပျက်နေသည်ကိုတွေ့၍ ကောင်းရှို့လျန်သည်းမခံနိုင်အောင် ဆက်ပြောလိုက်သေး၏။

"အခုတော့ အစ်မကောင်းရယ် အစ်မလည်း မီးဖိုချောင် အနောက်မှာ ပန်းကန်ဆေးရတော့မယ်ဆိုတော့ အစ်မကို စကားလေး တစ်ခွန်းလောက်ပြောပါရစေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ မို့လို့ အစ်မဘယ်နေရာမှာလုပ်နေပါစေ အလုပ်ကြိုးစားရင် အောင်မြင်လာနိုင်ပါတယ်။ ဒါ့ကြောင့် အစ်မကောင်းအလုပ်ကြိုးစားပြီး အောင်မြင်လာအောင်လုပ်နော်"

ကောင်းရှို့လျန် ပြောစရာစကားမဲ့သွားသည်။

အသက်ကိုပြင်းပြင်းရှုပြီး ဖျစ်ညစ်ပြုံးလိုက်ကာ ပြောလိုက်သည်။"ဒါပေါ့ ကြိုးစားရမှာပေါ့"

အခြေအနေက ကောင်းရှို့လျန် ကျဥ်းထဲကြပ်ထဲရောက်နေသည့်အနေအထားဖြစ်သည်။ ညွှန်ကြားရေးမှုးဟွမ်ပြောင်းပေးလိုက်သည့်အလုပ်ကို သူမ မလုပ်ချင်လည်း လုပ်ရမည်ဖြစ်သည်။ ကျောက်ဖုန်းကလည်း ညွှန်ကြားရေးမှုးဟွမ်ကို သူမအတွက် လုံးဝပြောပေးမည်မဟုတ်ချေ။

All Chapters