← Chapters

Chapter 78

Vol. 6 Ch. 78

Chapter 78

Vol. 6 Ch. 78

ကောင်းရှို့လျန်ကဲ့သို့ ရာထူးမြင့်သည့်စစ်တပ်အရာရှိ၏ အမျိုးသမီးတစ်ဦးအတွက် အလုပ်ရွေးပေးရာတွင် အလုပ်အကိုင် နေရာချထားရေးအဖွဲ့က အလွန် ခက်ခဲရ၏။

အရာရှ်ိဇနီးသည်များသည် သူတို့ စိတ်ဝင်စားသည့်အလုပ်နှင့် သူတို့အမျိုးသားများ ရာထူးဂုဏ်သိက္ခာနှင့် ကိုက်ညီသည့်အလုပ်ကိုသာ လုပ်လိုကြ၏။

အလုပ်အကိုင် နေရာချထားရေးရုံးကလည်း မျှတမှုရှိစေရန် စစ်တပ်ထဲ အရင်ရောက်လာသည့် အရာရှိဇနီးသည်များကို ဦးစားပေးကာ အလုပ်ရှာပေးခဲ့ရ၏။

ကောင်းရှို့လျန်ကိုလည်း အလုပ်အကိုင် နေရာချထားရေးရုံးက သူမ စရောက်ခဲ့သည့် လွန်ခဲ့သည့်နှစ်ကပင် အလုပ်များ စီစဥ်ပေးခဲ့၏။ သို့သော် ကောင်းရှို့လျန်က အလုပ်များရွေးနေခဲ့ကာ အခုဖြစ်သွားသည့် ပြဿနာကလည်း သူမကိုယ်တိုင်၏ မလိုမုန်းထားကြောင့်သာဖြစ်၏။

ကောင်းရှို့လျန်အနေဖြင့် သူ့ယောကျာ်းကို ညွှန်ကြားရေးမှုးဟွမ်ဆီသွားပြီး ခေါင်းဆောင်နေရာလုပ်ပေးဖို့ပြောတာလည်း မဟုတ်ဘူး။ အရင်နေရာလေးပဲပြန်ရအောင် လုပ်ခိုင်တာကို အရမ်းခက်ခဲနေရသလား။

ကျောက်ဖုန်းကတော့ သူတို့လင်မယားကြားက ဆက်ဆံရေးကို မထောက်ပဲ တန်းငြင်းလိုက်တယ်လေ။

အားးးးး!

ကောင်းရှို့လျန် စိတ်ရှုပ်လာမိသည်။

သို့သော် အလုပ်သွားရမည့်အချိန်ရောက်တော့ သူမ၏ကံကြမ္မာဆိုသည့်အရာကို လက်ခံရတော့မည်ဖြစ်၍ ဒေါသထွက်လာပြန်သည်။ အာ့ဒီဝမ်ချင်ကို ရှာပြီးတော့ လုပ်ပစ်ချင်တာ။

ကောင်းရှို့လျန် စိတ်ဆိုးမာန်ဆိုးဖြင့် အပြင်ထွက်သွား၏။ သူတို့အိမ်နှင့် ကျုံးရှောက် အိမ်လမ်းကြားကိုလျှောက်လာတော့ လင်းဝေ့နှင့် ယန်းယီ စကားပြောနေကြသည်ကို တွေ့လိုက်ရ၍ ရုတ်တရက်ကြီး စိတ်သက်သာသလို ခံစားလိုက်ရသည်။

သူမအလုပ်က သိပ်ကျေနပ်စရာ မကောင်းဘူးဆိုပေမယ့် အနည်းဆုံးတော့ သူက လင်းဝေ့လို အလုပ်လက်မဲ့မဟုတ်ဘူးလေ။

ထိုသို့တွေးလိုက်ရင်း လင်းဝေ့တို့ဘက် လှည့်ကာ ပြုံးပြရင်းမေးလိုက်သည်။"စကားပြောနေကြတာလား"

ခြံထဲက လင်းဝေ့ကို ယန်းယီကို ပြန်ကြည့်လိုက်ရင်း ကောင်းရှို့လျန်ဘက် လှည့်ကာမေးလိုက်၏။"ကျွန်မတို့ကို ပြောနေတာလား"

ကောင်းရှို့လျန်လည်း မျက်လုံးကို လှိမ့်လိုက်ကာ ပြုံးရင်း ဆက်ပြောလိုက်၏။

"ဘယ်လိုပြောလိုက်တာလဲ ရှင်တို့နှစ်ယောက်အပြင် ဒီမှာ ဘယ်သူရှိသေးလို့လဲ။ ဒါနဲ့ပြောရဦးမယ် ကျွန်မလေ ရှင်တို့ကို အရမ်းမနာလိုအားကျတာပဲ။ အလုပ်သွားစရာမလိုတော့ အစောကြီးလည်း ထစရာမလိုဘူး တစ်နေကုန်အားနေမှာပဲနော်။ ကျွန်မကတော့ အလုပ်ကြိုးစားနေရတော့ ပျင်းချိန်တောင်မရပါဘူးရှင်"

ယန်းယီနှင့် လင်းဝေ့ အချင်းချင်း ကြည့်လိုက်ကြသည်။

"အစ်မက ကျွန်မတို့ကို မနာလိုဘူး။ အာ့လိုဖြစ်စရာမလိုပါဘူး"

ကောင်းရှို့လျန်က ထိုစကားကိုကြားတော့ ကျေနပ်သွားပြီး ပြုံးလိုက်ကာ ဆက်ပြောမည်ဟုပြင်လိုက်စဥ် ယန်းယီက ထပ်ပြောလာ၏။

"အစ်မက အလုပ်ကြိုးစားဖို့ မွေးလာတယ်ဆိုတော့လည်း ဆက်ကြိုးစားနေလိုက်ပါ။ အစ်မ မနာလိုနေလည်း ကျွန်မတို့လို ပျော်ရွှင်ဖို့မွေးဖွားလာတဲ့သူတွေလို မဖြစ်လာနိုင်ပါဘူး"

ယန်းယီပြောပြီးသည်နှင့် လင်းဝေ့က ဆက်ပြောလိုက်သည်။

"ရဲဘော်ကောင်းက ကျွန်မတို့ကို မနာလိုအားကျတယ် ဆိုတာ ယဥ်ယဥ်ကျေးကျေးလေး ပြောတာပါ။ ဘယ်လိုလုပ် အတည်ယူရမှာလဲ။ အစ်မကောင်းက အရမ်းအသိသတိရှိတဲ့သူလေ။ မနေ့က စားသောက်ဆိုင်က လူတိုင်းက အစ်မကို ဝိုင်းပြောကြလို့ သူတို့ရှေ့မှာပဲ ပန်ကန်ဆေးအလုပ်ကို ကောင်းကောင်းလုပ်မယ်ဆိုပြီး ပြောခဲ့တာလေ။ အစ်မလို အလုပ်အကိုင်နဲ့လူက ကျွန်မတို့ကိုမနာလိုတယ်ဆိုတာမဖြစ်နိုင်ပါဘူးရှင်"ဟု ယန်းယီကိုပြောပြီး ကောင်းရှို့လျန်ဘက် ပြန်လှည့်မေးလိုက်၏။

"ဟုတ်တယ်မလား ရဲဘော်ကောင်း"

" ရှင် အာ့ကိစ္စ ဘယ်ကကြားလာတာလဲ" ကောင်းရှို့လျန် မျက်နှာထားတင်းသွား၏။

"အစ်မ ဘာတွေပြောနေတာလဲ"လင်းဝေ့ မသိဟန်ဆောင်လိုက်၏။

"အစ်မပဲ လူတိုင်းရှေ့မှာပြောခဲ့တယ်လို့ မိသားစုအိမ်ရာမှာရှိတဲ့လူတိုင်းက ပြောနေကြတယ်နော်။ အစ်မ အလုပ်ပြန်ပြောင်းမှာကို သူတို့က စိုးရိမ်နေကြတာ"

" မစိုးရိမ်ပါနဲ့။ သူတို့တွေက ဘာကိုစိုးရိမ်နေကြတာလဲ"ဟု ကောင်းရှို့လျန်က စဥ်းစားမနေပဲ ပြောချလိုက်သည်။

လင်းဝေ့ကလည်းပြုံးကာ "ရဲဘော်ကောင်းက ပန်းကန်ဆေးအလုပ်ကိုပဲ ကြိုးစားလုပ်ပါ့မယ် ထမင်းဟင်းဝေတဲ့ကောင်တာအလုပ်ကို မလုပ်တော့ပါဘူးလို့ပြောခဲ့တာဆို" ဟုပြောလိုက်၏။

"ကျွန်မက ဘယ်တုန်းက ပန်းကန်ဆေးအလုပ်ပဲ လုပ်ပါ့မယ် ထမင်းဟင်းဝေတဲ့နေရာမှာ မလုပ်တော့ဘူးလို့ ပြောဖူးလို့လဲ…ဒီစကားတွေက……" ဟု ပြောရင်းကောင်းရှို့လျန်သည် ဝမ်ချင်၏ မျက်နှာကိုစဥ်းစားမိလိုက်ရင်း မှုံကုပ်မိသွား၏။

အဲဒီ ဝမ်ချင် တမင် သက်သက် လုပ်တာပဲ။

သူကတမင်သက်သက် လူအများကြီးရှေ့မှာ ကျိန်ပြီးတော့ သူ့ကို ဝန်ခံလာအောင်လုပ်တာ။ အခုတော့ သူ ထမင်းဟင်းဝေတဲ့ ကောင်တာမှာ အလုပ်ထပ်မလုပ်ရအောင် လူတိုင်းကို လျှောက်ပြောထားပြန်ပြီ။

ထိုသို့တွေးရင်း ကောင်းရှို့လျန်သည် လင်းဝေ့တို့ကိုပင် မနှုတ်ဆက်တော့ပဲ သူ့အလုပ်ကို ဒေါသတကြီး ထွက်သွား၏။

ကောင်းရှို့လျန်ထွက်သွားသည်နှင့် ယန်းယီနှင့် လင်းဝေ့တို့ရယ်မောလိုက်ကြသည်။

ရယ်မောပြီးနောက် ယန်းယီက "ကောင်းရှို့လျန် သူဘာတွေ တွေးနေလဲ မသိဘူးနော်။ မနေ့က မှ ထမင်းဟင်းလျော့ထည့်လို့ ပန်ကန်ဆေးတဲ့နေရာ အပြောင်းခံလိုက်ရတာကို ကျွန်မတို့ရှေ့လာပြီး သူ့အလုပ်ကို ကြွားရဲသေးတယ်"ဟုပြောလိုက်၏။

"ဖြစ်နိုင်တာတော့ သူကျွန်မတို့ကို အရမ်းခင်နေလို့များလား" ဟု လင်းဝေ့က ရုပ်တည်ဖြင့်ပြောလိုက်ရာ ယန်းယီ မျက်လုံးပြူးသွား၏။

"တစ်ကယ်ကြီးလား"

"စတာပါရှင်" ယန်းယီ နားမလည်နိုင်လောက်မှန်းသိ၍ ချက်ချင်းပြန်ရှင်းပြလိုက်ရသည်။

ယန်းယီ သက်ပြင်းလေးချလိုက်၏။"တော်သေးတာပေါ့"

လင်းဝေ့လည်း ပြုံးကာ ကောင်းရှို့လျန်အကြောင်းမပြောတော့ပဲ ခေါင်းစဥ်ပြောင်းလိုက်သည်။

"ဒါနဲ့ ညီမရဲ့ ယောက္ခမနဲ့ မတ် အိမ်မှာရောက်နေတာ်ဆို ကျွန်မဆီကို အလည်လာဖို့ အချိန်ရသေးတာလား"

မမျှော်လင့်ပဲ ယန်းယီ၏ မျက်နှာညိုးကျသွား၏။

"အာ့အကြောင်းမပြောပါနဲ့ရှင်။ ကျွန်မအိမ်မှာ မနေတတ်တော့လို့ ရှင့်ဆီက တစ်ခုခုယူစရာရှိတယ်ဆို အကြောင်းပြပြီး အသက်ရှုချောင်ဖို့ထွက်လာတာ"

လင်းဝေ့ကြောင်အသွားသည်။"ယောက္ခမနဲ့ အဆင်မပြေဘူးလား"

လင်းဝေ့ ယန်းယီနှင့် သိသည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။ ထို့ကြောင့် သူမတို့မိသားစုအကြောင်း အနည်းငယ်တော့သိပါ၏။

ယန်းယီတို့မိသားစုက သားသုံးယောက်နှင့် သမီးတစ်ယောက်ရှိသည့် သာမန် မိသားစုလေးသာဖြစ်၏။ သူမ ၁၈ ၁၉ နှစ်ခန့်တွင် မိတ်ဆက်ပေးမှု့ကြောင့် သူမယောကျာ်းချီထောင်နှင့် တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြသည်။

ချီထောင်သည် ယခု တပ်ရင်းအဆင့်ရဲဘော်ဖြစ်သော်လည်း သူတို့စချစ်ကြိုက်ခဲ့စဥ်က အခြေအနေမကောင်းပေ။

ထိုစဥ်က ဒုတပ်ခွဲမှုးအဆင့်သာရှိသေး၏။ ရာထူးနိမ့်သည့် တပ်သား၏ မ်ိသားစုဝင်များသည် တပ်ထဲ လိုက်နေ၍မရကာ နှစ်နှစ် သုံးနှစ်လျင် တစ်ကြိမ်သာတွေ့ရမည်ဖြစ်၏။

ချီထောင်၏ ဖခင်ကလည်း ဆုံးပါးသွားပြီဖြစ်ပြီး မိခင်ကလည်း ကျန်းမာရေးမကောင်းပေ။ ထို့အပြင် ချီထောင်အောက်တွင် ဆယ်နှစ်အရွယ်ညီတစ်ယောက်ကလည်း ရှိသေး၏။

ထို့ကြောင့် ချီထောင်နှင့် လက်ထပ်သည့် မည်သူမဆို ယောက္ခမကိုပြုစုရမည်ဖြစ်ပြီး ဆယ်နှစ်သာရှိသေးသည့် မတ်ကိုလည်း ပျိုးထောင်ပေးရဦးမည်ဖြစ်သည်။ ဤသည်က ကြီးလေးသည့်တာဝန်ဖြစ်၏။

ထိုစဥ်က ယန်းယီ၏ မိဘများက ချီထောင်ကို သဘောမကျကြပေ။ သို့သော် ယန်းယီသည်လည်း ငယ်ရွယ်သေးကာ ရုပ်ရည်ချောမောသည့် ချီထောင်ကိုပဲ သဘောကျသည်ဟု အမြဲပြောနေသောကြောင့် သူမမိဘတွေကလည်း တစ်နှစ်အကြာမှာ လက်ထပ်ပေးလိုက်ကြသည်။

ယန်းယီသည် လက်ထပ်ပြီးနောက် သူမ ယောက္ခမနှင့် မတ်ကို နှစ်အတော်အကြာဒုက္ခခံကာ ပြုစုစောင့်ရှောက်ခဲ့ရသည်။

ချီထောင်ရာထူးတိုးပြီး သူမတပ်ထဲ လိုက်နေ၍ ရပြီဖြစ်သော်လည်း ချက်ချင်းလိုက်မနေသေးပဲ သူ့မတ်ကလေး၏ အလုပ်အဆင်ပြေကာ လက်ထပ်ပြီးခါမှ ယားကျိုကျွန်းသို့ အထုပ်ဆွဲကာ သူမယောကျာ်းနှင့် လာပေါင်းဖက်နိုင်ခြင်းဖြစ်၏။

ကံကောင်းစွာပင် ယန်းယီ၏ ကြိုးစားမှုတွေကလည်း အရာထင်ခဲ့ပါသည်။ တပ်ထဲပြောင်းလာပြီးနောက် လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်အရမ်းချစ်ကြ၍ မိသားစုအိမ်ရာ၏ စံပြလင်မယားပင်ဖြစ်ခဲ့ရသည်။

ပုံမှန် ဆိုလည်း ယန်းယီက သူမ ယောက္ခမနှင့် မတ်အကြောင်းမကောင်းပြောလေ့မရှိပါ။ ထို့ကြောင့် လင်းဝေ့က ယောက္ခမနှင့် အဆင်ပြေသည်ဟု ထင်လိုက်မိ၏။သို့သော် ယခု ယန်းယီ၏ မျက်နှာအမူအရာကိုကြည့်ရသည်က ထိုသို့မဟုတ်တန်ရာ။

"ယောက္ခမက ဘယ်လောက်ဆိုးလဲ မေးရင်တော့ အရမ်းကြီး မဆိုးပါဘူးပဲ ပြောရမှာပဲ။ ဒါပေမယ့် ချီထောင် ရာထူးတိုးပြီးနောက်ပိုင်း ကျွန်မက သူ့သားနဲ့ မတန်ဘူး လို့တွေးပြီး ကျွန်မကို တွေ့တိုင်းအမြဲ အပြစ်ရှာနေတော့တာ"

ယန်းယီလည်း အလွန်ခက်ခဲလာသည်ဟု ခံစားရ၍ လင်းဝေ့ကို ရင်ဖွင့်မိ၏။

"ကျွန်မက ထမင်းဟင်းတွေ အများကြီး ချက်ထားရင် လက်ဖွာတယ် အသုံးကြမ်းတယ်လို့ပြောတယ်။ ကျွန်မ ထမင်းဟင်းနည်းနည်းပဲ ချက်ထားပြန်ရင်လည်း သူ့သားကို နှိပ်စက်နေတာလားလို့ ပြောပြန်ရော။ ကျွန်မ အလုပ်ပြီးလို့ ခဏနားရင်လည်း သူမျက်စိထဲ ကျွန်မက အလုပ်မရှိတဲ့ ငပျင်းဖြစ်သွားပြန်ရော။ ဒါနဲ့ကျွန်မ အပြင်အလုပ်လုပ်မယ် ဆိုတော့လည်း အိမ်အလုပ်တွေ တစ်ပုံကြီးရှိတယ် ဆိုပြီး အချိန်ဆဲဲပြန်ရော"

"အရင်ကလည်း အာ့လိုပြောဖူးလား" ဟု လင်းဝေ့က မျက်မှောင်ကြုံ့ကာမေးလိုက်၏။

"ဘယ်ပြောမလဲ။ မတ်ကလေး လက်မထပ်ခင်အထိ ကျွန်မပြောသမျှ အကုန်မှန် လုပ်သမျှ အကုန်ထောက်ခံနေတာ။ ကျွန်မကိုလည်း သမီးတစ်ယောက်လိုပဲအမြဲဆက်ဆံခဲ့တာ။ မတ်ကလေး လက်ထပ်ပြီးနောက် ကျွန်မ က သူ့အတွက် အမှိုက်ဖြစ်တော့တာပဲ။ ဒီမနက်တောင် လျိုတန်းအလုပ်သွားတာတွေ့တော့ အိမ်ထဲပြန်ဝင်လာပြီး ကျွန်မကိုပျင်းနေတယ်ဆိုပြီး ဆူပါလေရော။ ဒါနဲ့ကျွန်မလည်း ရှင့်ဆီကို ကိစ္စရှိလို့သွားလိုက်ဦးမယ် ဆိုပြီးထွက်လာခဲ့တာ"

"ယောက္ခမက အာ့လောက် ရှာကြံပြောတတ်တာ ရှင်က ဘာမှပြန်မပြောဘူးလား"

"ကျွန်မလည်း ပြန်ပြောချင်တာပေါ့။ ဒါပေမယ့် သူကအကြီးလေ ပြီးတော့ ယောက္ခမလည်း ဖြစ်တော့ ကျွန်မ ဘယ်လိုလုပ်ပြန်ပြောရဲမှာလဲ"

"သူက ယောက္ခမဆိုလည်း အပြစ်ရှာအနိုင်ကျင့်တာမျိုးတော့ မလုပ်သင့်ဘူး" ဟု လင်းဝေ့က မှုံကုပ်ကုပ်ဖြင့်ပြောလိုက်၏။

"အစကတည်း သူ့သားနဲ့မတန်ဘူးထင်ရင် လက်မထပ်ခင်ကတည်း ကန့်ကွက်ပါလား။ အခုတော့ ရှင်က သူတို့မိသားစုအတွက် နွားလိုရုန်းပေးပြီး သူ့သားနှစ်ယောက်လုံး အလုပ်အကိုင်တွေနဲ့ ဖြစ်ကုန်တော့မှ ရှင့်ကိုအပြစ်ရှာနေတယ်။ ဒီကိစ္စကို ချီထောင်ကော သိလား"

ယန်းယီ ခေါင်းခါလိုက်၏။"ယောက္ခမကြီးက ကျွန်မကို ချီထောင်ရှေ့မှာတော့ တစ်ခါမှ မကောင်းမပြောဖူးဘူး"

"ရှင်က မပြောပြဘူးလား"

"ကျွန်မ က ဘယ်လိုပြောပြရမှာလဲ။ ယောက္ခမကြီးက သူ့သားရှေ့မှာတော့ အမြဲဟန်ဆောင်ပြီးကောင်းကောင်းဆက်ဆံတယ်။ ကျွန်မပြောရင်ကော သူကယုံမှာလား။ကျွန်မက သူ့မိန်းမဆိုပေမယ့် ဟိုက သူ့မွေးအမေလေ"

" ရှင် ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးခဲ့တဲ့ မတ်ကလေးကရော ယောက္ခမကြီး ရှင့်ကိုပြောတဲ့အခါ ဝင်မပြောပေးဘူးလား"

"မတ်ကလေးကလည်း စိတ်ရင်းတော့ကောင်းရှာပါတယ်။ ယောက္ခမကြီး ကျွန်မကို အပြစ်ရှာတိုင်း သူ့အမေက အိမ်မှာ အကြီးအကဲလုပ်နေကျမို့လို့ ခွင့်လွတ်ပေးပါလို့ တော့ နောက်ကျ ပြန်တောင်းပန်တတ်ပါတယ်" ဟု သက်ပြင်းလေးချကာပြောလိုက်၏။

လင်းဝေ့ - "……နောက်မှ တောင်းပန်တာက ဘာလုပ်ရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့သားအရင်းက ဝင်ပြောပေးရင်တော့ နည်းနည်းတော့ ထိန်းဖြစ်မှာလေ။ ဒီကိစ္စကို ချီထောင်ကိုပြောပြသင့်တယ်"

လင်းဝေ့၏ စကားကိုကြား၍ ယန်းယီက မျက်နှာအမူအရာ ပြောင်းသွား၏။"ကျွန်မက ဘယ်လိုပြောရမှာလဲ"

"ကျွန်မပြောချင်တာက ရှင့်မတ်က ကျေးဇူးကန်းတဲ့ မျက်လုံးဖြူဝံပုလွေပဲ။ ရှင့်ရှေ့မှာတော့ တောင်းပန်ပြီး ကွယ်ရာမှာ သူ့အမေနဲ့ တစ်ကျိတ်တည်းဖြစ်နေမှာပဲ။ ဒါ့ကြောင့် ဒီကိစ္စတွေကို သူ့အစ်ကိုဆီ မပြောပြတာနေမယ်။ ဒါမှ မဟုတ် ချီထောင်က သိရက်သားနဲ့ မသိဟန်တောင်နေပြီး ရှင့်ကို ပစ်ထားတာ ဖြစ်မယ်"

ချီမိသားစုသည် ကြာပန်းဖြူ မိသားစုဖြစ်မည်ဟု လင်းဝေ့ နားလည်လိုက်၏။ ယန်းယီကတော့ လက်ဖက်စိမ်းလို မတ် ကို ငယ်စဥ်က ပြုစုပျိုးထောင်ပေးခဲ့ရသည့် အရူးမလို ဖြစ်နေ၏။

ချီထောင်က တစ်ကယ်ပဲ မသိတာလားး။ ဒါမှမဟုတ် သူ့မိန်းမဖြစ်နေတဲ့ အခြေအနေကို မသိချင်ဟန်ဆောင်နေတာလား။

တစ်ကယ်မသိတာဆို ယန်းယီအနေဖြင့် သူ့ယောကျာ်းကို အားကိုးလို့ရသေး၏။ သိရက်နှင့် မသိဟန်ဆောင်နေသည် ဆိုလျင်တော့ ဒီမိသားစုက တစ်ကယ် ကြောက်ဖို့ကောင်းတာပဲ။

All Chapters