Chapter 81
Vol. 7 Ch. 81
ကျောက်လီလည်း ကျုံးရှောက်၏ ပြန်ပြောပုံကို သဘောကျကာ ရယ်မောလျက် လင်းဝေ့ကိုပြောလိုက်၏။
"မိသားစုအိမ်ရာမှာ ရဲဘော်တွေ အများကြီးထဲကမှ ရဲဘော်ကျုံးနဲ့ ပြောဆိုဆက်ဆံရတာ အဆင်အပြေဆုံးပဲ။ ပွင့်ပွင့်လင်းလင်းပဲ"
"အခုတော့ သူ့ကို မကြောက်တော့ဘူးပေါ့" ဟု လင်းဝေ့က ပြုံးကာ မေးလိုက်၏။
ကျုံးရှောက်ရှေ့တွင် ဖြစ်နေ၍ ကျောက်လီသည် အရင်က ကျုံးရှောက်ကို ကြောက်စရာကောင်းသည်ဟု ပြောခဲ့သည်ကို ဝန်မခံလိုချေ။
"ရဲဘော်ကျုံးက ဘယ်နှယ့်ကြောက်စရာကောင်းရမှာလဲ။ သူ့ရဲ့ ဥပဓိရုပ်က ကြောက်စရာကောင်းတယ် ဆိုတဲ့ စကားလုံးနဲ့ အဆက်အစပ်ကို မရှိပါဘူး" ဟုပြောကာ လင်းဝေ့ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။
"ဟုတ်သားပဲ အာ့လိုမှ မပြောခဲ့တာ ကျွန်မ နားကြားမှားခဲ့တာပဲ" ဟု လင်းဝေ့လည်း ပြုံးရင်းပြန်ဖာပေးလိုက်သည်။
"ဒါပေါ့ ရှင်မှားကြားခဲ့တာပါ"ဟု ကျောက်လီက ပြောပြီး သူတို့ပြောနေသည့် အကြောင်းအရာကို ပြောင်းလိုက်၏။
"ဒါနဲ့ ကောင်းရှို့လျန်နဲ့ ဝမ်ချင်တို့ စကားများကြတဲ့အကြောင်းကြားပြီးပြီလား"
ပြောနေသည့်ခေါင်းစဥ် ရုတ်တရက် ပြောင်းသွား၍ လင်းဝေ့ပင် ကြောင်သွား၏။"ဝမ်ချင်နဲ့လားး ဘာဖြစ်လို့စကားများကြတာလဲ"
"ကောင်းရှို့လျန် အလုပ်စဝင်ကာစက အလုပ်ဆိုတာ အယုတ်အလတ်မရွေးဘူး ဘယ်နေရာမှာ လုပ်လုပ်ကြိုးစားဖို့ပဲလိုတယ်။ မင်းကြိုးစားနေရင် အောင်မြင်နိုင်တယ် ဘာညာဆိုပြီး ဝမ်ချင်ကို စကားနာထိုးထိုးနေတာ မိသားစုအိမ်ရာက လူတိုင်းသိကြတယ်လေ။ မနေ့က ကောင်းရှို့လျန် ပြဿနာတက်ပြီး သူတို့နှစ်ယောက် အလုပ်နေရာ အပြောင်းခံလိုက်ရတော့ ဝမ်ချင်လည်း သူအပြောခံရသလို ကောင်းရှို့လျန်ကို ပြန်ပြောလိုက်တယ်လေ။ အာ့အကြောင်းကိုလည်း လူတိုင်းကသိကုန်ရော"
ကျောက်လီက စားလက်စ ဒူးရင်းသီးတစ်မွှာကို ဝါးလိုက်ရင်း ဆက်ပြောလိုက်သည်။
"ကောင်းရှို့လျန်လည်း ဝမ်ချင် သူ့အကြောင်းတွေကို ပြောထားတာမှန်းသိရော သူ့ကို အစားအသောက်ကောင်တာနေရာ ပြန်မလုပ်စေချင်မှန်းသိလိုက်တော့ သူ့အကြောင်းတွေ လျှောက်ပြောပါတယ်ဆိုပြီး စားသောက်ဆိုင် မန်နေဂျာကို တိုင်လိုက်ရော။ ဒါနဲ့စားသောက်ဆိုင်ကလည်း ဝမ်ချင်ကို ခေါ်ပြောတော့တာပေါ့"
လင်းဝေ့ - "……"
"ကျွန်မကြားတာတော့ သူတို့နှစ်ယောက် အကြီးအကျယ်ရန်ဖြစ်ကြတာတဲ့။ သူတို့နှစ်ယောက်ကို ဆွဲနေရတာနဲ့ ဝန်ထမ်းတွေ ထမင်းစားဖို့ အမှီတောင်မပြင်ပေးနိုင်ခဲ့ဘူးကြားတယ်။" ဟုပြောပြီး ကြောင်အနေသည့် လင်းဝေ့ကို ပြန်ကြည့်လိုက်သည်။
လင်းဝေ့ - "… သူတို့နှစ်ယောက်စကားများကြတာ ကျွန်မ ကြောင့်များလား မသိဘူး" ဟုပြောကာ မနက်က အဖြစ်အပျက်ကို ပြောပြလိုက်သည်။
"ဝေ့ဝေ့ကြောင့်လို့ဆိုပြီးပြောလို့တော့ပြောမရပါဘူးး မိသားစုအိမ်ရာတစ်ခုလုံး အာ့ကိစ္စပြောနေကြတာ ဝေ့ဝေ့ဆီကမဟုတ်လည်း တစ်နေရာရာကနေ ကောင်းရှို့လျန် ကြားလာမှာပဲလေ။ ဝမ်ချင်ကနေ ပြောတယ် ဆိုတာသိရင် ဝမ်ချင်ကို ပြဿနာသွားရှာမှာပဲလေ"
"အေးနော် အာ့လိုဖြစ်သွားမှာပဲလေ" ဟု လင်းဝေ့က တွေးကာခေါင်းငြိမ့်လိုက်ရင်း ပြန်မေးလိုက်သည်။
"နောက်တော့ ဘာဆက်ဖြစ်သွားကြလဲ။ နှစ်ယောက်လုံး အနာတရတော့ မဖြစ်ကြပါဘူးနော်"
"ဘေးနားမှာလည်း လူတွေရှိတော့ အနာတရဖြစ်အောင် တော့ အလုပ်ကြပါဘူး။ ဒါပေမယ့် ရန်ဖြစ်သံတွေနဲ့ ပွက်လောရိုက်နေလို့ ဝန်ထမ်းတွေ ထမင်းစားရမယ့်အချိန် တောင် နောက်ကျသွားရသေးတယ်။ ညွှန်ကြားရေးမှုးဟွမ်က ပြသနာဖြစ်တာကိုလည်း သိရော ဒေါသထွက်တာပေါ့။ ဝမ်ချင်ကတော့ အဆူခံရယုံကလွဲပြီး ဘာမှ အပြစ်ပေးမခံရခဲ့ဘူး။ အစားအသောက်ဝေပေးတဲ့ကောင်တာမှာ သူ့အလုပ်သူ လုပ်နေတာကို ညနေစာ စားတုန်းက တွေ့ခဲ့သေးတယ်"
လင်းဝေ့လည်း ပြသနာကို နားထောင်ပြီး သက်ပြင်းချလိုက်သည်။"ဒါနဲ့ ကောင်းရှို့လျန်ကော ဘယ်လိုဖြစ်သွားလဲ"
"သူကတော့."
ကျောက်လီက မပြောခင် ကောင်းရှို့လျန်တို့ခြံဝန်းဘက်တစ်ချက်လှမ်းကြည့်လိုက်ကာ အသံတိုးတိုးလေးပြောလိုက်၏။
"သူက ပြဿနာ အရင်စရှာတဲ့သူလေ။ မနေ့ကပြသနာလည်း ရှိခဲ့သေးတော့ ညွှန်ကြားရေးမှုးဟွမ်က သူ့ကိုဆူပူပြီး အလုပ်နားခိုင်းလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ချက် ရေးခိုင်းလိုက်တယ်လေ။ သူမနက်ခင်းတုန်းက အိမ်ပြန်လာတာ မတွေ့လိုက်ဘူးလား"
"ကျွန်မ ထမင်းချက်နေတော့ မတွေ့လိုက်ဘူး"
"သူ့မျက်နှာ ဘယ်လိုဖြစ်နေလဲဆိုတာ ဝေ့ဝေ့နင် တွေ့လိုက်သင့်တယ် "ဟု ကျောက်လီက နှစ်ထောင်းအားရစွာပြောလိုက်၏။
" ကျွန်မ အထင်တော့ သူစားသောက်ဆိုင်မှာ အလုပ်ဆက်မလုပ်လောက်တော့ဘူး ထင်တာပဲ"
"မနေ့က ပြဿနာကြောင့်ပဲ ဖြစ်မှာပါ။ ဒီနေ့က အလုပ်မဆင်းဘူးတဲ့လား"
"အလုပ်လာဆင်းတယ်လေ။ ဒါပေမယ့် ညွှန်ကြားရေးမှုးဟွမ်က ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ချက်ကိုသေချာရေးပြီးမှ ပြန်လာခဲ့လို့ပြောလိုက်တယ်တဲ့" ဟုပြောပြီး ကျောက်လီက တစ်ခဏစဥ်းစားလိုက်သည်။
"ကောင်းရှို့လျန် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ချက်ရေးနိုင်လိမ့်မယ်လို့ ထင်လား"
……………
ကောင်းရှို့လျန် ပြန်လည်သုံးသပ်ချက် အစီရင်ခံစာ လုံးဝမရေးလိုပါ။
ဘာလို့ သူက ရေးရမှာလဲ?
အာ့ဒီ ဝမ်ချင်သာ သူမကို အကွက်မဆင်ခဲ့ရင် ကိုယ့်ကိုယ်ကို သုံးသပ်ချက်လည်း ရေးရမှာ မဟုတ်ဘူး။
ကောင်းရှို့လျန်၏ မကျေမနပ် ပြောဆိုမှုတွေကို ကျောက်ဖုန်း သည်းမခံနိုင်တော့ချေ။
"မင်းမရေးချင်ရင်လည်း မရေးနဲ့ အတင်းမရေးခိုင်းဘူး ငါ့ကို ဘာလို့လာအော်နေရတာလဲ"
ကောင်းရှို့လျန်လည်း ဒေါသတကြီး ပြန်ပြောလိုက်သည်။
"အစကတည်းက ကျွန်မ မှားတာမှမဟုတ်တာ။ ဘာလို့ရေးရမှာလဲ။ အာ့ဒီ ဟွမ်မျိုးရိုးက ဝမ်ချင်ကိုကျ ဘက်လိုက်ပြီး မရေးခိုင်းပဲ ကျွန်မကျတော့ သုံးသပ်ချက်အစီရင်ခံစာယူလာမှ အလုပ်ပြန်လာခဲ့တဲ့လေ"
သူမယောကျာ်း ကျောက်ဖုန်း၏ မျက်နှာတွင် ဒေါသထွက်နေမှု မကျေမချမ်းဖြစ်နေမှု တစ်စေ့မှ မတွေ့ရ၍ ကောင်းရှို့လျန် ပိုစိတ်တိုသွားပြီး အော်လိုက်သည်။
" ကျောက်ဖုန်း ရှင် ယောကျာ်းကော ဟုတ်သေးရဲ့လား။ ရှင့်မိန်းမ သူများတွေ အနိုင်ကျင့်ခံနေရတာကို ရှင်က ဘာမှ မခံစားရဘူးလား"
မနေ့က ကောင်းရှို့လျန် မီးဖိုချောင်နောက်ဖေး ပန်းကန်ဆေးနေရာသို့ ပြောင်းလိုက်ရပြီဆို၍ ပြသနာထပ်မရှိလောက်တော့ဟု ကျောက်ဖုန်း တွေးခဲ့လိုက်သော်လည်း ဒီနေ့တော့ ရန်ဖြစ်၍ စားသောက်ဆိုင်ကပင် အထုတ်ခံလိုက်ရ၏။
ကောင်းရှို့လျန်သာ သူ့အမှားသူသိရင် ကျောက်ဖုန်းလဲ စိတ်ရှူပ်ရမည် မဟုတ်ပါ။ အခုတော့ နောင်တရသည့်ပုံမပေါ်၍ ကျောက်ဖုန်း ဒေါသတကြီး ပြန်အော်လိုက်၏။
"မင်းက ဘာလို့ သုံးသပ်ချက် အစီရင်ခံစာရေးရမှာလဲလို့ မေးတယ်နော်။ ဟုတ်ပြီ ဘာလို့ရေးရမလဲ ဆိုတာ ပြောပြမယ်"
"ပထမဆုံးအနေနဲ့ ဝမ်ချင်က မင်းကို တမင် ပြောခဲ့တယ် ဆိုရင်တောင် ရန်သွားစတာ မင်းက အရင်လေ။ စားသောက်ဆိုင်မှာ အလုပ်မဝင်ခင်က ငါမင်းကို ဘာပြောခဲ့လဲ။ ပြဿနာ မရှာပါနဲ့ ငြိမ်ငြိမ်လေးပဲနေပါလို့ မပြောခဲ့ဘူးလား။ ဒါပေမယ့် မင်းက နားမထောင်ခဲ့ဘူး။ နောက်တော့ အလုပ်နေရာတောင် အပြောင်းခံလိုက်ရသေးတယ်။ သည်လိုအချိန်မှာ သူက မင်းကို အတင်းမပြောလို့ မြှောက်ထားရမှာလား"
" ဒုတိယအချက်အနေနဲ့ ဝမ်ချင် အလုပ်စဝင်ပြီး ပန်းကန်ဆေးတဲ့နေရာမှာ လုပ်ကတော့ မင်းသူ့ကို စကားလုံးတွေနဲ့ အနှောက်အယှက် မပေးခဲ့ဖူးလား။ အာ့ဒီအချိန်တုန်းက သူ မင်းကို ဘာပြန်ပြောခဲ့ဖူးလို့လဲ။ သူဘာမှ ပြန်မပြောခဲ့ဘူး။ အချိန်ကောင်းကို စောင့်ခဲ့ပြီး မင်းနဲ့အလုပ်နေရာ လဲလိုက်ရတဲ့အချိန်ကျမှ မင်းပြောတဲ့အတိုင်းပြန်ပြောခဲ့တာလေ"
ကောင်းရှို့လျန်မျက်နှာ ရောင်စုံပြောင်းလဲနေသည်ကို တွေ့သော်လည်း မသိဟန်ဆောင်ကာ ကျောက်ဖုန်းသည် သူပြောလိုသည်များကို ဆက်တိုက် ပြောနေခဲ့၏။
"မင်းကတော့ တစ်ဖက်လူ တစ်ကယ် မင်းကို ချောက်ချမချ မသိပဲ မင်းက အရင်ပြဿနာသွားရှာတယ်။ မင်းမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြဿနာ စရှာတာမင်းဖြစ်တဲ့အတွက် မင်းပဲ အကျိုးယုတ်တာလေ။ ဒါကိုမင်းက ဟွမ်ညွှန်ကြားရေးမှုး ဘက်လိုက်တယ် ဘာညာ ပြောနေနိုင်သေးတယ်လား"
ကောင်းရှို့လျန်က သဘောထားသေးသိမ်သော်လည်း တုံးအသူတော့မဟုတ်ပါ။ ကျောက်ဖုန်းပြောသည်ကို နားထောင်ရင်း သူမ တလွဲတွေ လုပ်နေမိမှန်း သိလိုက်ရ၏။
သို့သော် ကျောက်ဖုန်းစကားတွေက အကြင်နာကင်းမဲ့လွန်း၍ ပေါ်တင်တော့ဝန်မခံပဲ အေးစက်စက်မျက်နှာအမူအရာဖြင့် "ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်ကတော့ ကျွန်မကို လုံးဝ ကူညီပေးနိုင်မှာ မဟုတ်ဘူးမလား"
ကျောက်ဖုန်း ခေါင်းငြိမ့်ကာ ဝန်ခံလိုက်၏။" ငါ့အထင် မင်း စားသောက်ဆိုင်မှာ မလုပ်တော့ရင် တောင် ကောင်းသေးတယ်"
ကောင်းရှို့လျန် သူ့ယောကျာ်းစကားကြောင့် ဒေါသထွက်သွားကာ ရှင်မလုပ်ခိုင်းရင် ကျွန်မက ပိုလုပ်ချင်တာ ဟု တွေးလိုက်၏။
ကိုယ့်ကိုယ်ကို သုံးသပ်ချက် အစီရင်ခံစာလေးပဲ မဟုတ်လားးး
ရေးတယ်ကွာ။
……………………
ကောင်းရှို့လျန် သူမကိုယ် သူမ မှားသည်ဟု မမြင်သော်လည်း ကျောက်ဖုန်း အထင်ကြီးအောင် သုံးသပ်ချက်အစီရင်ခံစာတွင် လက်စွမ်းပြထားလိုက်၏။
ညွှန်ကြားရေးမှုးဟွမ်က ကောင်းရှို့လျန်ကို သုံးသပ်ချက်ရေးခိုင်းခြင်းဖြင့် အသိတရား ရစေလိုခြင်းဖြစ်၏။ကောင်းရှို့လျန် ပြသနာရှာခဲ့၍ သူတစ်ပါး၏ အလုပ်များလည်း ထိခိုက်နှောင့်နှေးခဲ့ရ၍ဖြစ်သည်။
ကျောက်ဖုန်းရဲ့အမျိုးသမီးဖြစ်လို့ ကျောက်ဖုန်းမျက်နှာကို ထောက်ပြီး အလုပ်ထုတ်ပစ်ဖို့တော့ မစဥ်းစားခဲ့ပါ။
ထို့ကြောင့် ကောင်းရှို့လျန်ရေးလာသည့် မိမိကိုယ်ကိုသုံးသပ်ချက်အစီရင်ခံစာကို ဖတ်ပြီး ကျေနပ်နေမိ၏။
"ကိုယ့်အမှားကိုယ် သိပြီဆိုတော့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်တော့"
ကောင်းရှို့လျန် ပျော်ရွှင်သွားသည်။" ကျေးဇူးတင်ပါတယ် ဟွမ်ညွှန်ကြားရေးမှုး"
ညွှန်ကြားရေးမှုးဟွမ်က လက်ဝေ့ရမ်းကာ ပြောလိုက်၏။ " ကျေးဇူးတင်ဖို့မလိုပါဘူး။ နောက်ပိိုင်း အလုပ်ကိုသေချာလုပ်ဖို့ပဲ ပြောချင်တယ်။ စိတ်ရှည်ပြီး လုပ်ကိုင်ဖော်ဖက်တွေနဲ့လည်းအဆင်ပြေအောင်နေပါ။ ဒါတော့ လုပ်နိုင်တယ်မလား"
"ညွှန်ကြားရေးမှုးဟွမ် မစိုးရိမ်ပါနဲ့ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေအောင်နေပါ့မယ်" ကောင်းရှို့လျန်က ချက်ချင်းကတိပေးလိုက်၏။
ကောင်းရှို့လျန် လွယ်လွယ်ကူကူ ခေါင်းငြိမ့်လိုက်၍ ညွှန်ကြားရေးမှုးဟွမ်ပင် အံ့သြသွား၏။ ပြဿနာနှစ်ခါရှာထားခဲ့၍ သုံးသပ်ချက်အစီရင်ခံစာရေးခိုင်းခဲ့သော်လည်း အမှန်ကြီး နောင်တရမည်ဟု မထင်ခဲ့ပါ။
သို့သော် ယခုပုံစံအရ ကောင်းရှို့လျန်သည် အမှန်ပင် အမြင်မှန်ရသွားပုံပေါက်၏။
ကောင်းရှို့လျန်က ညွှန်ကြားရေးမှုးဟွမ်၏အံ့အားသင့်နေသည့်မျက်နှာ အမူအရာကိုသာ တွေ့ပြီး တွေးနေသည့်အရာများကိုတော့ မသိခဲ့ပါ။
"တစ်ကယ်တော့ မနေ့က ကျွန်မကို ညွှန်ကြားရေးမှုးဟွမ် ဆူပြီးနောက် ကျွန်မ ကိုယ့်ကိုယ်ကို ပြန်စဥ်းစားမိလိုက်တယ်။ ကျွန်မစိတ်လိုက်မာန်ပါ လုပ်လိုက်မိတယ်။ ကျွန်မရဲ့ ပေါ့ဆမှုကြောင့် ရဲဘော်ကျန်းလင်ရဲ့ထမင်းဟင်းလည်း လျော့ထည့်လိုက်မိသေးတယ်။ ပြီးတော့ ……ရဲဘော်ဝမ်ချင်က ကျွန်မကို အားပေးစကားပြောခဲ့တာကို အထင်လွဲမိပြီး ပြဿနာပြန်လုပ်မိခဲ့တယ်။ ဒါ့ကြောင့် ကျွန်မ ရုံးခန်းကပြန်တာနဲ့ ရဲဘော်ဝမ်ချင်ကိုလည်း ခွင့်လွှတ်ပေးဖို့ ကျွန်မ တောင်းပန်လိုက်ပါ့မယ်"
ကောင်းရှို့လျန်သည် သုံးသပ်ချက် အစီရင်ခံစာထဲကထက် ပိုကြားကောင်းအောင် ဖြီးဖြန်းလိုက်၏။ညွှန်ကြားရေးမှုးဟွမ်လည်း သူမပြောသည်ကို နားထောင်ပြီး အယုံကြီး ယုံနေမိ၏။ ထို့ကြောင့် ဝမ်ချင်နှင့် ကောင်းရှို့လျန်ကိုပြန်လည် သင့်မြတ်စေလို၍ ဝမ်ချင်ကို ရုံးခန်းထဲ ခဏလာရန်ခေါ်လိုက်သည်။
ကောင်းရှို့လျန်က သူမကို တောင်းပန်ချင်သည်ဟုပြောသောအခါ ဝမ်ချင် မယုံနိုင်အောင် အံ့သြသွား၏။ သူမနှင့် ကောင်းရှို့လျန်တို့သည် တပ်ထဲ စရောက်စဥ်ကတည်းက မိတ်ဆွေများဖြစ်ကြသော်လည်း ကတောက်ကဆများ ခဏခဏဖြစ်၍ စကားမပြောဖြစ်ကြတော့ပါ။
သူတို့ချင်း မပေါင်းဖြစ်ကြသော်လည်း ကောင်းရှို့လျန် မည်ကဲ့သို့ လူမျိုးဖြစ်သည်ကိုတော့ သူမ အသေအချာသိပါ၏။ ကောင်းရှို့လျန်လို မနာလိုဝန်တိုတတ်ပြီး လက်တုံ့ပြန်တတ်တဲ့သူက သူ့အမှားသူသိပြီး တောင်းပန်မယ်တဲ့လား။
မယုံရေးချ မယုံပါ။
ညွှန်ကြားရေးမှုးဟွမ်ရှေ့မှာ သူမကို တောင်းပန်နေသည့် ကောင်းရှို့လျန်ကို သူမ မယုံသော်လည်း လူကြီးရှေ့တွင် ဖြစ်နေသောကြောင့် ပြုံးကာ ပြန်ပြောလိုက်၏။