← Chapters

Chapter 83

Vol. 7 Ch. 83

Chapter 83

Vol. 7 Ch. 83

ပုံမှန်အခြေအနေဆိုလျင် ကျောင်းသားအင်အားနှင့် ဆရာမအင်အားလုံလောက်ပါ၏။ ဆရာမနှစ်ဦး ဆေးရုံတက်နေရ၍သာ ယာယီအခက်အခဲ ဖြစ်နေခြင်းဖြစ်၏။

ဆရာမ အသစ်ခန့်ထားလိုက်လျင် ယာယီပြသနာ ပြေလည်မည် ဖြစ်သော်လည်း ဆေးရုံတက်နေသည့်ဆရာမများပြန်လာလျင် ဆရာမအသစ်က ပိုနေမည်ဖြစ်၏။

ဤသည်ကို တွေးရင်း ချန်ဝမ်ဖန်းကလည်း သက်ပြင်းချလိုက်၏။"ဟုတ်သားပဲနော်"

ဖုန်းယင်ရှေ့ရှိ ရေနွေးကြမ်းခွက်က လွတ်နေပြီဖြစ်၍ ချန်ဝမ်ဖန်း ရေနွေးအိုး ယူကာ ထပ်ထည့်ပေးလိုက်သည်။

" အတန်း နှစ်တန်းက ကလေးတွေကို ကိုယ်ပိုင် စာကြည့်ချိန်ပေးလိုက်ရင်ကော"

"ကျွန်မလည်း အာ့ကိစ္စကိုပဲ စိုးရိမ်နေရတာ"

ထိုအတန်းများက ကျောင်းဆင်းလက်မှတ်ပေးရမည့်အတန်းမဟုတ်၍ နေ့တိုင်းအတန်းသွားရန် မလိုအပ်၍ ကိုယ်ပိုင်စာကြည့်ချိန် ပေးလိုက်လျင်လည်း အဆင်ပြေပါ၏။ သို့သော် ဤသည်ကလည်း တစ်လခန့်ကြာမည်ဖြစ်၍ ပြဿနာဖြေရှင်းနည်း မဟုတ်သေးပါ။

စာသင်နှစ် တစ်ဖြတ်လျင် လေးလခန့်ရှိပြီး တစ်လလောက် ကိုယ်ပိုင်စာကြည့်ချိန် ပေးလိုက်လျင်ကလေးများအချိန်ပုတ်သွားနိုင်၏။

ဖုန်းယင်သည် ကြွေရည်သုတ် ရေနွေးကြမ်းခွက်ကိုကိုင်ကာ ပြောလိုက်သည်။"ကျွန်မ တွေးနေတာကတော့ အတန်း ၂တန်းက ကလေးတွေကို တစ်ခြား အတန်းတွေနဲ့ ပေါင်းလိုက်ရမလားလို့"

"အခန်း ၂တန်းက အတန်း အဆင့် မတူကြဘူးလား"

"နှစ်တန်းစလုံးက ဒုတ်ိယတန်းတွေပဲ"

"ကျွန်မ သိရသလောက် ဒုတိယတန်းက သုံးခန်းရှိသလားလို့။ တစ်ခန်းမှာ ကျောင်းသား ဘယ်နှစ်ယောက်ရှိလဲ"

" သုံးခန်းရှိတာကို တစ်ခန်းမှာ အယောက်၅၀ ဆိုတော့ စုစုပေါင်း၁၅၀ ရှိမှာပေါ့"

ချန်ဝမ်ဖန်းလည်း အတော်ကြာစဥ်းစားလိုက်ပြီး ပြောလိုက်သည်။

" ကျောင်းသား အယောက် ၁၅၀ လုံးတော့ တစ်ခန်းထဲ မဆန့်လောက်ဘူးပြီးတော့ သုံးခန်းလုံးရဲ့ သင်ရိုးကလည်း ရှေ့ရောက်တဲ့ အတန်းကရောက် နောက်ကျတဲ့အတန်းက နောက်ကျနဲ့ဖြစ်နေမှာ။ တရုတ်စာအတန်းက ဆရာတစ်ယောက်တည်းသင်လို့ ပေါင်းလိုက်လို့ရပေမယ့် ကျန်တဲ့ ဘာသာတွေကျ အခက်အခဲဖြစ်တော့မှာ "

"ဟုတ်တယ် ကျွန်မလည်း အာ့ကိစ္စကိုပဲ ခေါင်းခဲနေရတာ "ဟုပြောပြီး ဖုန်းယင်သည် ထိုင်ခုံကို ကျောမှီထိုင်လိုက်ကာ နှာဖူးပေါ် လက်တင်ရင်း သက်ပြင်းချလိုက်၏။

ချန်ဝမ်ဖန်းလည်း သူမ၏ ရေနွေးခွက်ကို ကောက်ကိုင်ကာ ရေနွေးကြမ်းတစ်ငုံသောက်လိုက်ရင်း စဥ်းစား လိုက်၏။

"ရှင် အမြဲတမ်း ဆရာမ မခန့်ချင်ဘူးဆိုလည်း ယာယီအစားထိုးဆရာမ ခန့်ဖို့စဥ်းစားလိုက်ပါလား"

ဖုန်းယင် ကြောင်အသွား၏။"ဘယ်လိုမျိုးလဲ"

"ယာယီ အစားထိုးဆရာမ ခန့်လိုက်ပါလားလို့။ တစ်လ တန်သည် နှစ်လတန်သည် လုပ်နိုင်မယ် ယာယီဝန်ထမ်းခန့်လိုက်ရင် လောလောဆယ် ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပြီးရုံမက ခွင့်ယူသွားတဲ့ ဆရာမတွေ ပြန်လာရင်လည်း ဝန်ထမ်းအပိုပြဿနာမရှ်ိတော့ဘူးလေ။"

"ဒီနည်းက အဆင်ပြေနိုင်ပေမယ့် ယာယီဝန်ထမ်းကို ကျွန်မက ဘယ်က ရှာရမှာလဲ" ဟု ဖုန်းယင်က တွေးကာပြောလိုက်၏။

"ခရိုင်အထက်တန်းကျောင်းကနေ အကူအညီတောင်းပြီး သင့်တော်တဲ့ ကျောင်းသားကို ခေါ်သင်ခိုင်းရင်ကော"

ဖုန်းယင်က ချက်ချင်းခေါင်းခါလိုက်သည်။"အာ့နည်းလမ်းက အဆင်မပြေဘူး။ ကျောင်းသားကို ခေါ်သင်ခိုင်းတာထက် ကလေးတွေ ကိုယ်ပိုင်စာကြည့်ချိန်ပေးလိုက်တာက ပိုအဆင်ပြေလိမ့်မယ်"

ယနေ့ခတ် အထက်တန်းကျောင်းတွေက ကျောင်းမှာ ပျော်ပွဲရွှင်ပွဲ အားကစားပွဲသာများပြီး စာသင်ချိန်က နည်း၏။ ထို့အပြင် အတန်းနားလိုက်ပြီး နှစ်နှစ်လောက်က စာနှင့်ဝေးကြသည့် ကျောင်းသားများလည်း ရှိသေး၏။

ကျောင်းပြန်တက်တော့လည်း အသက်အရွယ်ကြောင့် လေးငါးတန်းကို ခုန်တက်လိုက်ကြပြီး အခြေခံလည်း မပိုင်ခဲ့ကြ၍ ထိုစဥ်က အမှန်တကယ် သင်ကြားရေး ပညာတတ်သည့် ဆရာဆရာမများပင် မရှိခဲ့ပါ။

သူတို့ကကလေးတွေရဲ့ ပညာရေးကို သေချာဂရုမစိုက်ကြပဲ နေ့တစ်ဝက်အတန်းတွေပဲ သင်ပေးကြတယ်။ ဆိုတော့ ကလေးတွေက တစ်ကယ် ပညာတတ်မတတ် ဘုရားပဲ သိလိမ့်မယ်။

မူလတန်းကျောင်းကိုလည်း အခြေခံမပိုင်ပဲ တက်လာပြီး အလယ်တန်းကျောင်းမှာလည်း တစ်ကယ် မတတ်ပဲ ကျောင်းပြီးလာသည်။ ဒီကလေးတွေက အထက်တန်းကျောင်း ရောက်လာတဲ့အခါ ဘာကိုမျှ သေချာမသိသည့် ကျောင်းသားများဖြစ်ကုန်၏။

ဖုန်းယင်သိရသလောက် ခရိုင်အထက်တန်းကျောင်းက ပထမနှစ် သင်ရိုးညွှန်းတန်းက မဆိုးပေမယ့် ဒုတိယနှစ်များ၏ သင်ရိုးကိုတော့ သဘောမကျပါ။

ထို့ကြောင့် ထို းအထက်တန်း ကျောင်းသားများအား သူ့မူလတန်းကလေးများ၏ ပညာရေးကို ယုံယုံကြည်ကြည်ဖြင့် မအပ်လိုပါ။

ဖုန်းယင်က ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူမတို့ရင်းနှီးလာသည်က ကြာပြီဖြစ်ရာ ဖုန်းယင် စိုးရိမ်နေသည့်အရာကို ချန်ဝမ်ဖန်းကလည်း ရိပ်မိပါ၏။

"ရှင် ခရိုင် အထက်တန်းကျောင်းက လူမခေါ်ချင်ဘူးဆိုရင်လည်း ကျွန်မ ရှင့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"

"ဘယ်သူလဲ"

"လင်းဝေ့လေ…လွန်ခဲ့တဲ့ ဇွန်လက မှ စစ်တပ်ထဲပြောင်းလာတဲ့ အရာရှိဇနီးသည်တစ်ယောက်ပဲ"

လင်းဝေ့ စရောက်စဥ်က ဖုန်းယင်သည် ကျောင်းပိတ်ရက်ဖြစ်၍ ခရိုင်အစည်းအဝေးတက်ရန် ကျွန်းပေါ်မှ ခရီးထွက်နေရ၏။ အစည်းအဝေးပြီးချိန်တွင်လည်း သူမမွေးရပ်မှ မိခင်က နေမကောင်း၍ ပြုစုရန်နေခဲ့လေရာ သြဂုတ်လကုန်မှသာ ကျွန်းပေါ်ပြန်လာခဲ့ရ၏။

ထို့ကြောင့် စစ်တပ်ထဲ အရာရှိဇနီးသည်အသစ်ရောက်သည်ဟု ကြားသော်လည်း ဘယ်သူ ဘယ်ဝါမှန်း မသိခဲ့ချေ။ ထို့ကြောင့် ချန်ဝမ်ဖန်းက လင်းဝေ့ကို ရည်ညွှန်းလိုက်သောအခါ မေးလိုက်သည်။

"သူ့ပညာအရည်အချင်းက ရော"

ချန်ဝမ်ဖန်းကလည်း လင်းဝေ့အကြောင်းကို အတိုချုပ် မိတ်ဆက်ပေးလိုက်၏။

"အထက်တန်းလို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် သူတက်တုန်းက တစ်လလောက်ပဲ တက်လိုက်ရပြီး အစိုးရ လုပ်အားလိုအပ်ချက်ကြောင့် ကျောင်းနားပြီး အလုပ်ဝင်လိုက်ရတယ်။ ဒါပေမယ့် အလယ်တန်းကျောင်းတုန်းက သူ့အမှတ်တွေကတော့ အတော်လေးကောင်းတယ်"

ဖုန်းယင်နေရာက စဥ်းစားကြည့်လိုက်လျင် ထိုခတ်က အထက်တန်း အတန်းနားခဲ့သည် ဆိုသော်လည်း တစ်လခန့် သင်ကြားဖူးလျင် လိုအပ်သည့်ပညာအရည်အချင်းလုံလောက်ပြီဟု ဆိုန်ိုင်၏။

သို့သော် ဖုန်းယင်က ထပ်မေးလိုက်သေး၏။"သူ တပ်ထဲ မလာခင်က ဘာလုပ်ခဲ့လဲ။ ကျောင်းလည်း နားခဲ့တာကြာပြီဆိုတော့ တစ်ခုခုတော့လုပ်မှာပဲ ကျောင်းပြန်မတက်ခဲ့ဘူးလား"

"တပ်ထဲ မရောက်ခင်ကတော့ သူ့ဇာတိက ချည်မျှင်စက်ရုံမှာ ဂိုထောင်အုပ်ချုပ်ရေးမှုး လုပ်ခဲ့ဖူးတယ်။" ချန်ဝမ်ဖန်း ဖုန်းယင်၏ မျက်မှောင်ကျုံ့နေသည့်အမူအရာကို တွေ့တော့ ဆက်ပြောလိုက်၏။

"စစ်တပ်ထဲရောက်ပြီးနောက် အလုပ်လည်း မရသေးတဲ့အချိန်အတွင် သူ့ကလေးနဲ့ အိမ်နီးနားချင်း ကလေးကို စာသင်ပေးတယ်လေ။ ကလေးတွေက တော်ကြတယ်။လွန်ခဲ့တဲ့ရက် ကျွန်မ သူ့ကလေးတွေက်ိုတွေ့တော့ စာမေးကြည့်တာ စာလုံး တစ်ဒါဇင်လောက် တောင်ရေးတတ်နေကြပြီ။

"သူ့ ကလေးတွေက ဘယ်အရွယ်လဲ" ဟု ဖုန်းယင်က ထပ်မေးလိုက်၏။

" သုံးလေးနှစ် အရွယ်လေးတွေပဲ။ သူ့ကလေးနှစ်ယောက်ကတော့ ဉာဏ်အရမ်းကာင်းတာ"

ဖုန်းယင် ခေါင်းငြိမ့်လိုက်သည်။ သူမလည်း သင်ကြားရေးပိုင်းတွင် လုပ်သက်ကြာပြီဖြစ်၍ သုံးလေးနှစ်ကလေး၏ အနေအထားက ဘယ်လိုမှန်းသိပါ၏။သို့သော် ချက်ချင်းဆုံးဖြတ်ချက် မချသေးပဲ လင်းဝေ့ဆီ ကိုယ်တိုင်သွားမေးရန် လင်းဝေ့အိမ်နေရာကိုမေးလိုက်၏။

ချန်ဝမ်ဖန်းက လင်းဝေ့အိမ်နေရာကို မပြောပြလိုက်ပါ။

"သူ့အိမ်ပတ်ဝန်းကျင်မှာ အိမ်နီးချင်းတွေများတော့ ကျွန်မပဲ သူ့ကို ရှင့်ဆီ ခေါ်လာလိုက်ပါ့မယ်။ ရှင့်အိမ်မှာ စကားပြောကြည့်လိုက်ပေါ့"

သို့မှ ဖုန်းယင်လည်း လင်းဝေ့သည် တိုက်တန်းအိမ်ရာတွင် နေသည် မဟုတ်မှန်းသိလိုက်သည်။"ဒါဆိုလည်း ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ"

"ကျွန်မတို့ ခင်လာတာ ကြာပြီပဲကို ဒါမျိုးပြောနေ စရာမလိုပါဘူး" ဟုပြောကာ ဖုန်းယင်ကို သူ့အိမ်မှာပဲစောင့်ခိုင်းပြီး လင်းဝေ့ကို သွားခေါ်လိုက်၏။

လင်းဝေ့က သူမကို ချန်ဝမ်ဖန်းလာရှာ၍ အံံ့အားသင့်နေမိသည်။ ဖုန်းယင် အိမ်သွားရာလမ်းတွင် ချန်ဝမ်ဖန်းပြောပြသော အကြောင်းအရာ အကျဥ်းကို နားထောင်ရင်း ပြောလိုက်၏။

"ကျွန်မ တစ်ခါမှ ကျောင်းဆရာမ မလုပ်ဖူးတော့ ဟုတ်ကောဟုတ်ပါ့မလား"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အလုပ်အကိုင် ရှာဖွေရေးဌာနက ရှာပေးတဲ့အလုပ်တွေကလည်း အရင်က လုပ်ဖူးတဲ့အလုပ်တွေမှ မဟုတ်တာ။ ဘာစိုးရိမ်စရာရှိလို့လဲ။ ပြီးတော့ ညီမအကြောင်း ပြောမယ်ဆိုရင်လည်း အတွေ့အကြုံ လုံးဝမရှိတာမှ မဟုတ်တာ။ အခုလည်း ညီမ အိမ်မှာ ကလေးတွေကို မူလတန်းကျောင်းလိုမျိုး သင်ပေးနေတာပဲမဟုတ်လား"

ချန်ဝမ်ဖန်း၏ စကားက လင်းဝေ့ကို ငိုရခက် ရီရခက် ဖြစ်သွားစေ၏။

"ကျွန်မက ဘယ်လိုလုပ် ကလေးတွေကို မူတန်းစာ သင်ပေးတာဖြစ်ရမှာလဲ။ ဒီအတိုင်းကလေးတွေကို အပျင်းပြေ စာသင်ပေးနေတာပါ။ တစ်ကယ့်ဆရာမတွေလိုတော့ မဟုတ်ပါဘူးရှင်"

ချန်ဝမ်ဖန်းကတော့ မယုံပါ။"ကျွန်မကို အရူးလာမလုပ်နဲ့။ ရှင့်ကလေးနှစ်ယောက် သုံးနှစ်ကျော်ကျော်လေးပဲ ရှိသေးတာကို စာလုံး ဒါဇင်ကျော်လောက် ရေးတတ်နေပြီ။ တစ်ဆယ် အတွင်း ခုဂဏန်းတွေကိုလည်း ပေါင်းတတ်နှုတ်တတ်နေပြီ။ ဒါကို လျှောက်သင်တယ်လို့ပြောရင်တော့ မူလတန်းကျောင်းက ဆရာမတွေက ဘာတွေ သင်ပေးနေကြတယ်လို့ပြောမှာလဲ"

လင်းဝေ့က စိတ်ဓာတ်ခိုင်မာ၍ တော်သေး၏။ တစ်ခြားသူသာဆိုလျင် မြှောက်ပေးသည့်စကားကို သာယာနေမိနိုင်သည်။ ထို့ကြောင့် ချီးကျူးစကားကို လက်မခံပဲ ပြောလိုက်။

"ကျွန်မက ကျွန်မရဲ့ ကလေးတွေကိုပဲ သင်ပေးတာပါ။ ကျွန်မ သင်တာမှားနေလဲ ဘယ်သူကမှ ဘာမှ လာပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ကျောင်းသား ၁၀၀ လောက်သင်ရမယ် ဆိုရင်တော့ ကျွန်မ မသင်ရဲဘူး။ ကျွန်မ မှားသင်မိရင် ဘယ်လိုလုပ်ကြမလဲ"

ချန်ဝမ်ဖန်းကတော့ လင်းဝေ့၏စကားသည် အဓိပ္ပါယ်မရှိဟုထင်၏။"အမှားလုပ်မိမှာစိုးရင်လည်း စာများများထပ်လေ့လာပြီး အမှားနည်းအောင် လေ့ကျင့်လိုက်ပေါ့။ပြီးတော့ ဘယ်သူမှ ဆရာမဖြစ်ခင်က ကျောင်းသားအယောက်၁၀၀ လုံးကို စာမသင်ဖူးဘူး။ လုပ်ရင်းနဲ့မှ အတွေ့အကြုံ ရှိလာကြတဲ့သူတွေချည်းပဲ။ သူများတွေတောင်လုပ်နိုင်တာ ညီမက ဘာလို့မလုပ်နိုင်ရမှာလဲ"

လင်းဝေ့ တိတ်သွား၏။

လင်းဝေ့ ခေါင်းငုံ့သွားသည်ကို တွေ့တော့ ချန်ဝမ်ဖန်းက လေသံတိုးလိုက်၏။

" ကျောင်းအုပ် ဖုန်းကလည်း အကူအညီလိုနေလို့ပါ။ကျောင်းက ဆရာမနှစ်ယောက်ကလည်း ရှေ့ဆင့်နောက်ဆင့်ဆေးရုံတက်သွားကြတော့ ဆရာအင်အားမလုံလောက်တော့ဘူးလေ။ ရှိတဲ့ ဆရာမတွေက အစားထိုး အတန်းချိန် ယူကြတာတောင် အတန်းချိန် ၂ ချိန် အတွက် ဆရာမက လိုနေသေးရော။ အာ့ဒီအတန်းကို ဝင်မယ့် ဆရာမ မရှိရင် နောက်လတော့ ကလေးတွေက ကိုယ့်ဖာသာ စာလုပ်ရတော့မယ့်ပုံဖြစ်နေလို့ပါ။"

လင်းဝေ့ တစ်ခဏ တိတ်နေသေး၏။"ကျွန်မအပြင် တစ်ခြား သင့်တော်မယ့် လူမရှိဘူးလား"

ချန်ဝမ်ဖန်းက တစ်ခဏစဥ်းစားကာပြောလိုက်၏။

"ရှိတော့ ရှိတယ်။ ဒါပေမယ့် ကျောင်းအုပ်ဖုန်းက သူတို့ကို မခေါ်ရဲဘူး။ ကလေးတွေကို တစ်လွဲတွေ သင်ပေးနေမှာစိုးလို့" ဟု ဖုန်းယင်စိုးရိမ်နေသည့်အချက် တစ်ချို့ကိုပြောပြလိုက်၏။

လင်းဝေ့ကသာ အထက်တန်းကျောင်း ဆိုင်းငံ့ခဲ့ရသော်လည်း သူမတို့ဌာနစိတ်ရှိတစ်ချို့မိသားစုများတွင် အလယ်တန်းဖြင့် ကျောင်းထွက်ခဲ့ရသူများလည်း ရှိကြ၏။

အဘယ်ကဲ့သို့ဖြစ်စေကာမူ လင်းဝေ့သည် တုံ့ဆိုင်းနေမိ၏။

လင်းဝေ့က ဆရာမ မလုပ်ချင်ပါ။ သူမ ဆရာမ မဟုတ်သည့်တိုင် ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုနေကြရာ ဆရာမ ဝင်လုပ်လိုက်လျင် တစ်စုံတစ်ခု မှားသည်နှင့် ဝိုင်းပြောကြမည့်သူ များလာလိမ့်မည်။ ထို့အပြင် သူမတွင် လုံလောက်သည့် ပညာအရည်အချင်းလည်း မရှိဟု ထင်မိ၏။ သူမသည် ဉာဏ်ရည်မြင့်မားသူလည်း မဟုတ်ပါ။

ဉာဏ်ရည်မြင့်သည်ဆိုသည်က အဘယ်နည်း။

လင်းဝေ့လို့ အထက်တန်း တစ်ဝက်တစ်ပြတ်နှင့် လူတော့ မဟုတ်ပေ။ သူမသည် တက္ကသိုလ်တက်ဖို့မပြောနှင့် အထက်တန်းကျောင်းပင်မပြီးခဲ့ပါ။

ထို့အပြင် လင်းဝေ့သည် သာမန်ကျေးလက်မိသားစုလေးက လာခဲ့၍ စစ်သည်ဇနီးသည်တစ်ဦးသာဖြစ်၏။ထို့ကြောင့် သူမ အပြုအမူ အနေအထိုင်များကို လည်း အမြဲ ဂရုစိုက်နေရ၏။ သူမ ဘာအလုပ်လုပ်ပါစေ အဆင်ပြေသော်လည်း ဆရာမအလုပ်က တော့မဖြစ်နိုင်ပါ။

ထို့အပြင် ညွှန်ကြားရေးမှုးချန်ပြောသည့်စကားအရ ဆရာမရှိသည့်အတန်း နှစ်တန်းရှိရာ တစ်တန်းလျင် နှစ်ချိန်ဖြင့် လေးချိန်ပင် သင်ကြားရမည်ဖြစ်၏။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်အချိန်များလည်း မရှိနိုင်တော့ပါ။

ထို့အပြင် သူမသည် ယာယီအစားထိုးဆရာမဖြစ်၍ သုံးလခန့်ဟု ပြောထားသော်လည်း မူလ ဆရာမများ အမြန်နေကောင်း၍ ပြန်လာပါက နှစ်လလောက်ပဲ လုပ်ရနိုင်၏။

ထို့ကြောင့်ဖြစ်လာနိုင်မည့် နောက်ထပ်အခက်အခဲက အလုပ်အကိုင် နေရာချထားရေးဌာနက သူမကို အလုပ်နောက်ထပ် ရှာပေးမပေး အပေါ် သက်ရောက်လာမည်ကို စိုးရိမ်မိ၏။

တပ်တွင်းနှင့် တပ်အပြင် ဌာနစိတ်များတွင် အလုပ်နေရာလွတ်များရှ်ိလာပြီး သူမ ပညာအရည်အချင်းနှင့်ကိုက်ညီလျင် အလုပ်အကိုင် နေရာချထားရေးဌာနက သူမအတွက် အလုပ်စီစဥ်ပေးလာမည့်အချိန် ရောက်လာမည်ဖြစ်သည်။

All Chapters