Chapter 85
Vol. 7 Ch. 85
ဖုန်းယင်သည် အစားထိုးယာယီ ဆရာမခန့်အပ်နိုင်ရန် အလုပ်အကိုင် နေရာချထားရေးရုံးသို့ မနက်အစောပိုင်း အတန်းချိန်အပြီးတွင် သွားခဲ့၏။ သူမ ထွက်မလာခင် ကလေးများကို စာကြည့်နေရန်မှာခဲ့လိုက်၏။
ရုံးသို့ရောက်သောအခါ ဖုန်းယင်သည် လော့ရှုကျီထံသို့ တိုက်ရိုက်မသွားခဲ့ပါ။ ရုံးမှာ ထိုင်နေသည့် စာရေးဝူထံ ယာယီဆရာမ ခန့်ထားလိုသည့်အကြောင်း အရင်ပြောလိုက်သည်။
"ယာယီ အစားထိုးဆရာမ?"စာရေးဝူသည် အလုပ်အကိုင်နှင့် ပြန်လည်နေရာချထားရေးရုံးတွင် လုပ်ခဲ့သမျှ ကာလပတ်လုံး ယာယီဝန်ထမ်းဆိုသည်ကို မကြားဖူးခဲ့ပါ။
"ပြဿနာလေးများရှိလို့လား"
"ပြဿနာတော့မရှိပါဘူး။ ယာယီ အချိန်ပိုင်းဆရာမရှာဖို့က မလွယ်လို့ပါ"ဟု စာရေးဝူကလည်း ယဥ်ကျေးစွာပြန်ဖြေလိုက်၏။
အရာရှိဇနီးသည်များ၏ အလုပ်အကိုင်များကို အလုပ်အကိုင် ရှာဖွေရေးဌာနက တပ်ထဲဝင်လာသည့်စီနီယာအလိုက် စီစဥ်ပေးရ၏။
အကယ်၍ အရာရှိဇနီးသည် တစ်ယောက်က အမြဲတမ်းအလုပ်ဖြစ်စေ ယာယီအလုပ်ဖြစ်စေ လက်ခံလိုက်လျင် သူမ၏ အလုပ်ရရန်ဦးစားပေးစာရင်းမှ အဖယ်ခံလိုက်ရမည်ဖြစ်ကာ နောက်လူက ဦးစားပေးဖြစ်သွားမည်ဖြစ်၏။ သူမလက်ခံလိုက်သည့်အလုပ်က ယာယီဝန်ထမ်းဖြစ်လျင် အမြဲတမ်းဝန်ထမ်းအလုပ်ရနိုင်ရန် အကြာကြီး ထပ်စောင့်ရနိုင်၏။
"အာ့အတွက်တော့ စိုးရိမ်စရာမလိုပါဘူး။ ကျွန်မ အာ့အကြောင်းနဲ့ပတ်သက်ပြီး လင်းဝေ့နဲ့ဆွေးနွေးပြီးပါပြီ။ ညီမတို့ရုံးပိုင်းကိစ္စလေးတွေကို ဆက်လုပ်ပြီး လင်းဝေ့ကို မနက်ဖြန် အစမ်း စာသင်ချိန်လာလုပ်ပေးဖို့အကြောင်းကြားပေးရုံပါပဲ"
စာရေးဝူ အံ့သြသွား၏။" ကျောင်းအုပ်ဖုန်းက ဒီနှစ်မှ တပ်ထဲရောက်လာတဲ့ ရဲဘော်လင်းဝေ့ကိုပြောနေတာလား"
"မိသားစုအိမ်ရာမှာ တစ်ခြားလင်းဝေ့ရှိသေးလို့လား" ဟု ဖုန်းယင်က နောက်သလိုလိုဖြင့် ပြန်မေးလိုက်၏။
စာရေးဝူက ခေါင်းကို အမြန်ခါလိုက်သည်။"မရှိပါဘူးရှင် ကျောင်းအုပ်ဖုန်းက ရဲဘော်လင်းဝေ့ကို ဘယ်လိုသိတာလဲ"
"ညွှန်ကြားရေးမှုးချန်က ကျွန်မကို ညွှန်းလိုက်လို့ပါ။ ဘာပြဿနာရှိလို့လဲ"
"ပြဿနာမရှိပါဘူးရှင် " စာရေးဝူက ခေါင်းအမြန်ခါလိုက်ပြီး တုံ့ဆိုင်းစွာ ပြန်ပြောလာ၏။
"ကျွန်မ ညွှန်ကြားရေးမှုးလော့ကို အရင် တင်ပြပြီး ဘယ်လိုစီစဥ်ပေးရမလဲ မေးလိုက်ပါဦးမယ်ရှင့်"
"ဟုတ်ကဲ့ပါ။ တင်ပြလိုက်ပါဦး။ ညွှန်ကြားရေးမှုးလော့က ရုံးခန်းထဲမှာ ရှိတယ်မလား" ဟု ဖုန်းယင်က ပေါ့ပေါ့ပါးပါးသာ မေးလိုက်၏။
"ဟုတ်ကဲ့ ရှိပါတယ်။ ခဏထိုင်ပါဦးရှင့်။" ဟု ပြောက စာရေးဝူက ထိုင်ရာမှ ထလိုက်ပြီး ညေးမှာ ထိုင်နေသော စာရေးဟဲ့ကို မျက်လုံးမှိတ်ပြလိုက်၏။ စာရေးဝူ၏ အချက်ပြမှုကို မြင်လိုက်တော့ စာရေးဟဲ့က ပြုံးကာ ကျောင်းအုပ်ဖုန်းကို မေးလိုက်၏။
" ကျောင်းအုပ်ဖုန်းရှင့် ရေနွေးကြမ်း နဲ့ ရေအေးဘာ သုံးဆောင်ပါမလဲရှင့်"
"ကျွန်မကိုရေပဲ ပေးပါ။"
စာရေးဟဲ့က ထိုင်ရာမှ ထကာ ရေတစ်ခွက် ခပ်လိုက်ပြီး ကျောင်းအုပ်ဖုန်းရှေ့ ချပေးလိုက်၏။"ခဏလောက်စောင့်ပါဦးရှင့် စာရေးဝူပြန်လာပါလိမ့်မယ်ရှင့်"
"ကျွန်မကို အရေးစိုက်နေစရာ မလိုပါဘူးရှင်။ ကိုယ့်အလုပ်သာ လုပ်နေပါ"
သို့နှင့် စာရေးဟဲ့ကလည်း သူ့စားပွဲမှာ ပြန်ထိုင်ပြီး စာရင်းဇယားများ ပြန်လုပ်နေလိုက်၏။
ညွှန်ကြားရေးမှုးရုံးခန်းတွင် စာရေးဝူ၏ တိုးတိုးပြောကာ တင်ပြသည့် စကားကို နားထောင်ပြီး လော့ရှု့ကျီ၏ မျက်နှာ မှောင်မည်းလာ၍ စာရေးဝူပင် စကားထပ်မပြောရဲတော့ပေ။
လော့ရှု့ကျီသည် လုပ်ထုံးလုပ်နည်း ဆိုသည့်အကြောင်းပြချက်ကိုသုံးကာ လင်းဝေ့ အလုပ်မရအောင် လုပ်ခဲ့ဖူး၏။ အမှန်တော့ အလုပ်အကိုင် ရှာဖွေရေးရုံးသည် လုပ်ထုံးလုပ်နည်းများကို အမှန်တစ်ကယ်လိုက်နာသည်တော့မဟုတ်ပါ။
အစဥ်အလာအရ အလုပ်ရှင်က အရာရှိဇနီးသည်နှင့်စကားပြောတွေ့ဆုံမေးမြန်းပြီး သဘောကျလျင် အလုပ်အကိုင် ရှာဖွေရေးရုံးကို အကြောင်းကြားပြီး အလုပ်ဝင်သွားကြသည်များလည်း ရှိ၏။
ယခင်ဖြစ်စဥ်တွင် လင်းဝေ့သည် အိမ်ထောင်စုစာရင်းမသွင်းရသေး၍ လော့ရှု့ကျီအတွက် အကြောင်းပြချင်ကောင်းရသွား၏။
အခုတော့ လင်းဝေ့သည် အိမ်ထောင်စုစာရင်းလည်းသွင်းပြီးဖြစ်ရာ အစမ်းစာသင်ချိန်သင်ပြီး ယာယီအစားထိုးဆရာမ အလုပ်လုပ်နိုင်ခွင့်ရနိုင်ပြီဖြစ်၏။ ပြီးလျင် အလုပ်အကိုင်ရှာဖွေရေးရုံးသို့ သတင်းပို့ရမည်ဖြစ်၏။
ထိုကဲ့သို့အဆင့်ဆင့်ဖြစ်ရမည်ကို အခုအခြေအနေက လင်းဝေ့၏ အစမ်းစာသင်ချိန်အတွက်ကို ကျောင်းအုပ်က်ိုယ်တိုင်က လာသတင်းပို့နေသည်လားး။
ဒါက ဘာသဘောလဲ။
လင်းဝေ့က သူ့ကို ရန်လာစတာလား။
ကျောင်းအုပ်ဖုန်းသည် ဆရာမအသစ်များခန့်ထားရာတွင် ပုံမှန်အားဖြင့် သူကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး သဘောကျလျင် အလုပ်အကိုင် ရှာဖွေရေးရုံးကို သတင်းပို့ကာ အလုပ်ဝင်စေသည်ဖြစ်သည်။
အကယ်၍ သင့်လျော်သည့်လူ မတွေ့လျင် ရုံးကို ကိုယ်တိုင်လာပြီး လူရှိမရှိမေးကာ ရုံးကစီစဥ်ပေးသည့်လူကို အစမ်းစာသင်ချိန် သင်စေပြီး ခန့်သင့်မခန့်သင့်ဆုံးဖြတ်တာဖြစ်သည်။
အခု သူကိုယ်တိုင်လာပြီး လင်းဝေ့၏ အစမ်းစာင်ချိန်အတွက် သတင်းလာပို့ခြင်းသည် လင်းဝေ့နှင့် ညွှန်ကြားရေးမှုးလော့အကြား ဖြစ်ခဲ့သည့်ပြဿနာကို သိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဖုန်းယင်က သာမန်ကျောင်းအုပ်ဆိုလျင် ညွှန်ကြားရေးမှုးလော့နှင့် သူတို့အကြားဘာရှိရှိ စာရေးဝူအတွက် ကိစ္စမရှ်ိသော်လည်း ဖုန်းယင်၏ အမျိုးသားသည် စာရေးဝူအမျိုးသား၏ တပ်ရင်းမှုးဖြစ်နေ၍ ဖုန်းယင်ကို အနေရမခက်စေလိုပါ။ ထို့ကြောင့် စာရေးဝူက မေးသင့်မမေးသင့် တုံ့ဆိုင်းနေပြီးမှ ညွှန်ကြားရေးမှုးလော့ကို ထပ်မေးလိုက်၏။
"ညွှန်ကြားရေးမှုး ကျွန်မ ဘယ်လိုပြန်ပြောရမလဲ။ကျောင်းအုပ်ဖုန်းက အပြင်မှာစောင့်နေလို့ပါ။ သူ့ကြည့်ရတာ အလျင်လိုသလိုဖြစ်နေလို့။ လင်းဝေ့ကို နေ့ခင်းကျ အစမ်းစာသင်ချိန် သင်ခွင့်ပြုလိုက်ရမလား"
စာရေးဝူ၏ စကားသံကိုကြားတော့ လော့ရှု့ကျီ၏ အကြည့်တွေက အေးစက်သွား၏။"သူက ကျောင်းအုပ်ဖုန်းယင်ကိုတောင် လာအကြောင်းကြားခိုင်းတာ ဆိုတော့ မတားတော့ပါဘူး။ အာ့အလုပ်ကိုမှ သေချာ မလုပ်ရင်တော့ အရှက်ကို ခွဲပစ်ဦးမယ် "
"ဘာကိုဆိုလိုတာလဲရှင့် " ဟုစာရေးဝူက နားမလည်၍ မေးလိုက်၏။
"သူက ယာယီဆရာမလုပ်ချင်တယ် ဆိုတော့လည်း လုပ်ပလေ့စေပေါ့"
လော့ရှုကျီ နှာခေါင်းရှုံ့လိုက်မိသည်။ လင်းဝေ့ က အတော်ဉာဏ်တိမ်တာပဲ။ သူနဲ့ ယာယီဝန်ထမ်းအလုပ်ပဲ တန်တယ်။
လုပ်ပလေ့စေ။
ခွင့်ယူသွားတဲ့ ဆရာမနှစ်ယောက် ပြန်လာရင် ကန်ထုတ်ခံရမယ့် လင်းဝေ့ကို မြင်ချင်သေးတယ်။
.......
လင်းဝေ့၏ အစမ်းစာသင်ချိန်အတွက် အလုပ်အကိုင်ရှာဖွေရေးရုံးက ခွင့်ပြုပေးခဲ့သော်လည်း အချိန်ကတော့ လင်းဝေ့အတွက် ကသောင်းကပြောင်း ဖြစ်သွား၏။အစမ်းစာသင်ချိန်က နေ့ခင်း၂နာရီဖြစ်ရာ လင်းဝေ့အတွက် သင်ရိုးပြင်ဆင်ချိန် တစ်မနက်ခင်းသာ ရသည်။
အတွေ့အကြုံရင့်ပြီးသား ဆရာမတစ်ယောက်အတွက် နာရီအနည်းငယ်ပေးရုံဖြင့် သင်ရိုးပြင်ဆင်ရန် လုံလောက်သော်လည်း လင်းဝေ့က အတွေ့အကြုံမရှ်ိ၍ အနည်းငယ်ခက်ခဲ၏။
ကံကောင်းသည်က ကျောင်းအုပ်ဖုန်းသည် လင်းဝေ့ကို အထင်သေး စကားမပြောပဲ လင်းဝေ့ ကိုးကားနိုင်ရန် ပုံနှိပ်စာအုပ်များအပြင် မတော်တဆမှုကြောင့် ဆေးရုံတက်နေရသော ဆရာမချန်၏ သင်ခန်းစာပုံစံကိုပါ ပို့ပေးသေး၏။
ထို့အကူအညီများကြောင့် လင်းဝေ့သည် အစမ်းစာသင်ချိန်အတွက် သင်ခန်းစာကို ကောင်းကောင်းပြင်ဆင်နိုင်ခဲ့၏။
စာသင်ခန်းရှေ့ ရပ်ကာ စာသင်နိုင်ရန်အတွက် တော့ အိမ်တွင် သုံးလေးခေါက်လောက် သင်ခန်းစာကို အပြောလေ့ကျင့်ထားလိုက်၏။ ကျောင်းသားတွေ အနေနဲ့ သရုပ်ဆောင်ပေးသူတွေက မင်မင်၊ ရွေ့ရွေ့၊ ရှောင်ရှီးရှီးအပြင် ချန်ပါးမေ့ကလည်း ကူထိုင်ပေးခဲ့သည်။
ချန်ပါးမေ့က ပွဲကြည့်ပရိတ်သတ်လုပ်ရုံသာမက သူမ၏ ထင်မြင်ချက်များကိုပါ ပြောပြပေးခဲ့၏။
ဆရာမချန်က ဒုတိယတန်းဆရာမဖြစ်ရာ လင်းဝေ့လည်း ဒုတိယတန်းအတွက် သင်ခန်းစာပြင်ဆင်ရသည်။ လင်းဝေ့က သူ့ကလေးများအတွက် ပထမတန်းစာများကိုသာ သင်ပေးဖူးခဲ့သော်လည်း ဒုတိယတန်းစာသည် လင်းဝေ့အတွက် သင်ခန်းစာ ပြင်ဆင်ရန် မခက်ခဲပေ။
ဒုတိယတန်းက ပထမတန်း ထက်အနည်းငယ် အတင့်မြင့်သွားသည်သာဖြစ်၏။
လင်းဝေ့၏ သူ့ကလေးများကို ပထမတန်းစာ သင်ကြားပေးနှုန်းက မူလတန်းကျောင်းရှိ ပထမတန်း ဆရာမများထက် သင်ကြားပေးနှုန်းနှေး၏။
သင်ကြားနှုန်းနှေးသော်လည်း တစ်လခန့်သာရှိသေး၍ သူမကလေးများကို အများကြီး မသင်ပေးရသေးပါ။ မိသားစုနာမည်နှင့် ပတ်ဝန်းကျင်ရှိ ပစ္စည်းများကိုသာ သင်ကြားရသေးပြီး ရှည်လျားသည့် ဝါကျဖွဲ့ပုံများကို မသင်ရသေးပါ။
ဒုတိယတန်းကလေးများကတော့ ကျောင်းဖွင့်ချိန် တစ်လ အတွင်း ဝါကျအရှည်များနှင့် ရှေးကဗျာများကိုပင် သင်ယူနေရပြီဖြစ်သည်။
ထို့ကြောင့် လင်းဝေ့၏ သင်ခန်းစာကို ကလေးသုံးယောက်က နားမလည်ကြသော်လည်း ကြိုးစားကာ နားထောင်ကြ၏။
ချန်ပါးမေ့ကတော့ ကလေးတွေထက် နည်းနည်းပိုကာ နားလည်ပါ၏။ သို့သော် ငယ်စဥ်ကတည်းက ကျောင်းမတက်ခဲ့ရ၍ အခြေခံ မနိုင်ခဲ့ရာ လင်းဝေ့၏ သင်ခန်းစာ အလုံးစုံကိုတော့ နားမလည်ပါ။
လင်းဝေ့က သင်ရိုးညွှန်းတန်းမှ သင်ခန်းစာကို သင်ကြားပေးရာ ဝါကျက ရှည်လွန်း၍ ချန်ပါးမေ့ တစ်ခါတည်းဖြင့် မမှတ်မိနိုင်သဖြင့် ထပ်ခါထပ်ခါ ဖတ်ပြနေရ၏။ ထို့ကြောင့် ဖတ်စာ စာအုပ်ရှိ စာကြောင်းကို လိုက်ကြည့်ကာ နားထောင်သော်လည်း သူမ မသိသည့်စကားလုံးများပါနေသေး၏။
မသိသည့် စကားလုံးများ ပါသော်လည်း လင်းဝေ့က နားလည်လွယ်အောင် ရှင်းပြ၍ ချန်ပါးမေ့သည် ပုံပြင်အသွားအလာကို နားလည်ခဲ့သည်။
ချန်ပါးမေ့က လင်းဝေ့သင်ပြပေးသည့်သင်ခန်းစာကို သေချာ လေ့လာ သင်ယူနေသော်လည်း ကလေးများကတော့ လင်းဝေ့ရှင်းပြသည့် သင်ခန်းစာမှ ပုံပြင်ကိုသာ စိတ်ဝင်စားနေပြီး သေချာလည်း လိုက်မမှတ်ကြပါ။
ချန်ပါးမေ့ကလည်း လင်းဝေ့ပြောလိုက်သည့်အထဲ မကြားလိုက်သည်များကို ပြန်ပြန်မေး၏။
ချန်ပါးမေ့ မေးခွန်းများကို ပြန်ဖြေရင်း လင်းဝေ့သည် သင်ခန်းစာကို ထပ်ခါခါ ပြန်လည်ပြောဆိုလေကျင့်နေမိသည်။
လင်းဝေ့ သင်ပြပေးထားသည့် အခြေခံအနည်းငယ်ကြောင့် ရွေ့ရွေ့သည် ချန်ပါးမေ့လောက် သဘောပေါက်မလွယ်သော်လည်း ဉာဏ်ကောင်း၍ စာကို ထပ်ခါထပ်ခါ ဖတ်ရင်း စကားလုံးတစ်ချို့ကို မှတ်နိုင်စွမ်းရှိလာသည်။ စာကြောင်းအလွန်ရှည်သည့် ဝါကျများကိုသာ နားမလည်ဖြစ်နေ၏။
ထို့ကြောင့် လင်းဝေ့လည်း ချန်ပါးမေ့ မေးခွန်းများသာမက ရွေ့ရွေ့ကို နားမလည်သည်များ မေးရန်ပြောပြီး ရှင်းပြလိုက်ရာ အတော်အတန် သိလာပြီဖြစ်သည်။
မင်မင်နှင့် ရှောင်ရှီးရှီးကတော့ ရွေ့ရွေ့လိုဉာဏ်လည်း မထက် ချန်ပါးမေ့လိုလည်း နားမလည်နိုင်၍ ယောင်တောင်ပေါင်တောင်ဖြစ်နေ၏။
ချန်ပါးမေ့နှင့် ရွေ့ရွေ့မေးခွန်းများကိုပြန်ဖြေပေးရင်း လင်းဝေ့က ကျောင်းသားများကို သင်ကြားနိုင်ရေးလေ့ကျင့်မှု အဆင်ပြေလာပြီဖြစ်သည်။
မင်မင်နှင့် ရှောင်ရှီးရှီးက လင်းဝေ့ကို ဘာမှ မေးခွန်းမထုတ်နိုင်ခဲ့ပေမယ့် လင်းဝေ့ စာသင်ကြားခြင်းလေ့ကျင့်သည်က အဆင်ပြေနေ၍ ဝမ်းသာနေကြ၏။
ပျော်တာ ရိုးရိုးပင်မဟုတ်ပါ။ သူတို့လက်တွေ ဝေ့ယမ်းပြီး ချီးကျူးကြသည်အထိဖြစ်၏။
"မေမေ အရမ်းမိုက်တာပဲ"
"အန်တီဝေ့ အရမ်းတော်တာပဲ"
လင်းဝေ့ကတော့ ကလေးနှစ်ယောက်၏ အမူအရာကိုကြည့်ကာ ရှက်နေမိ၏။
သူတို့အိမ်က မိသားစုအိမ်ရာ အစွန်ပိုင်းတွင် ရှိ၍ တော်သေးသည်။ မဟုတ်လျင် တစ်ခြားသူများမြင်သွားပါက လင်းဝေ့ အပြင်ပင် ထွက်ရဲတော့မည်မဟုတ်ချေ။
………………
ချန်ဝမ်ဖန်းက လင်းဝေ့ကို မစိုးရိမ်ဖို့ပြောပေမယ့် လင်းဝေ့က ကလေးများရှေ့ စာသင်ရလျင် အလွဲလွဲ အချော်ချော် ဖြစ်မည်ကို စိုးရိမ်မိ၏။
သို့သော် သူမအမှန်တစ်ကယ် အစမ်းစာသင်ရချိန်တွင်တော့ ကြိုတင်လေ့ကျင့်ထားခြင်း အကျိုးကျေးဇူးကြောင့် သင်ခန်းစာများကိုကောင်းကောင်းမွန်မွန် သင်ကြားပို့ချနိုင်ခဲ့သည်။
လင်းဝေ့ စာသင်နေသည်ကိုလည်း ဖုန်းယင်က စာသင်ခန်းအနောက်တွင် နားထောင်နေ၏။ဖုန်းယင်က လင်းဝေ့စာသင်သည်ကို အကဲခတ်ကြည့်ရန် ခေါ်ထားသည့် ဆရာမအိုက်ဖန်းသည်လည်း လင်းဝေ့စာသင်ပုံကို သဘောကျနေ၏။
စိတ်ခံစားချက်ကို ဖော်ပြလေ့မရှိသည့် ဖုန်းယင်ပင် လင်းဝေ့ကို ကျေနပ် အံ့သြနေမိ၏။
လင်းဝေ့၏ သင်ကြားမှုပုံစံက ဆန်းသစ်ကာ တစ်ခြားမူလတန်းဆရာမများ၏ သင်ကြားမှုပုံစံဖြင့်မတူပါ။
စစ်တပ် မူလတန်းကျောင်းတွင်သာမက စီရင်စုနယ်မြေတစ်ခုလုံးတွင်ပင် လင်းဝေ့ကဲ့သို့ သင်ကြားနည်းပုံစံတူသူ လက်ချိုးရေနိုင်လိမ့်မည်။
ထိုကဲ့သို့ဖြစ်ရခြင်းက ဆရာ ဆရာမများသည် မိမိကိုယ်ကိုတိုးတက်အောင် စာဖတ်ရှုလေ့လာခြင်း မလုပ်ကြ၍ သူတို့၏ သင်ကြားရေးနည်းစနစ်များမှာလည်း တိုးတက်မလာကြခြင်းဖြစ်သည်။
လင်းဝေ့သည် အတန်းထဲရှိ ကျောင်းသားများ၏ အာရုံကို သိမ်းပိုက်လိုက်၏။ အတန်းထဲရှိ ကလေးတစ်ယောက်မျှ အလေလိုက်နေသည် ငေးမောနေသည်ကိုပင် ဖုန်းယင်မတွေ့ရပါ။ ကလေး အားလုံးက လင်းဝေ့သင်နေသည်ကို စိတ်ဝင်တစားဖြင့်နားထောင်ကာ မေးခွန်းမေးနေကြ၏။
ဖုန်းယင်၏ အတန်းတွင်ပင် ကျောင်းသားများ ဤကဲ့သို့တက်တက်ကြွကြွ စာမေးသည်က ရှားလှ၏။
ထို့ကြောင့် အစမ်းစာသင်ချိန်ပြီးသည်နှင့် လင်းဝေ့ကို ယာယီဆရာမခန့်ရန် ဆုံးဖြတ်လိုက်၏။
ယာယီ ဆရာမဖြစ်သော်လည်း လင်းဝေ့၏ လစာက နည်းနေမည်တော့ မဟုတ်ပါ။ အလုပ်စဝင်သူများ၏ ပုံမှန်လစာ ၂၆ယွမ်ရမည်ဖြစ်၏။ တစ်ခြားအကျိုးခံစားခွင့်နှင့် စက်ရုံကူပွန်လက်မှတ်များလည်း ရဦးမည်ဖြစ်၏။
လင်းဝေ့၏ အတန်းချိန်ကတော့ တစ်ခန်းကို နှစ်ချိန်စီဖြစ်၍ နှစ်ခန်းဖြစ်ကာ တစ်ရက်ကို လေးချိန် ရှိမည်ဖြစ်သည်။ မနက်ခင်း စာဖတ်အတန်းက နေ့တိုင်းရှိမည်ဖြစ်၍ လင်းဝေ့သည် မနက်ပိုင်း ၇နာရီ ၂၀မိနစ်တွင် ကျောင်းကို ရောက်ရမည်ဖြစ်၏။
မနက်ပိုင်းစာဖတ်ချိန်ကလည်း လင်းဝေ့က သင်ပြပေးရန်မလိုပဲ ကလေးများ မေးသည်ကိုသာ ပြောပြပေးရုံသာရှ်ိသည်။
ဖုန်းယင်က လင်းဝေ့တွင် ကလေးနှစ်ယောက်ရှိမှန်းသိ၏။ ထို့ကြောင့် ကလေးများကို စိတ်မချလျင် ကျောင်းကို ခေါ်လာနိုင်ကြောင်းပါ ပြောလိုက်၏။
ထို့ကြောင့် အခြေအနေက လင်းဝေ့အတွက် အလွန်အဆင်ပြေပါ၏။
လင်းဝေ့၏ အတန်းချိန်များပြောပြပြီးနောက် ဖုန်းယင်သည် နောက်တစ်ချိန်ကလည်း လင်းဝေ့၏ အတန်းချိန်ဖြစ်၍ အတန်းဝင်လိုက်ရန်ပြော၏။ ဤသို့ဖြင့် လင်းဝေ့၏ အလုပ်စဝင်သည့်ရက်ကို သတ်မှတ်လိုက်သည်။
လင်းဝေ့ - " ……" ဟုတ်ပြီ။