← Chapters

Chapter 86

Vol. 7 Ch. 86

Chapter 86

Vol. 7 Ch. 86

ယားကျိုကျွန်း၏ လတ္တီကျူးက နည်း၍ အောက်တိုဘာလ ရောက်သည်အထိ အပူချိန်က မကျသေး၍ နေ့ခင်းပိုင်းတွင် ကလေးများကို အိပ်ချိန်ပေးသည်။ ထို့ကြောင့် စာသင်ချိန်ကလည်း တစ်သတ်မှတ်ထဲ မရှိတတ်ပါ။

အနားယူချိန်ပြီး ၂နာရီနောက်မှ ၄၅မိနစ် ခန့် အတန်းချိန်တစ်ချိန် ရှိပြီး နောက်တစ်ချိန်က ၄နာရီမတ်တင်းတွင် အတန်းချိန်ပြီးမည်ဖြစ်သည်။

အတန်းပြီးတော့ ဖုန်းယင်က လင်းဝေ့ကို ရုံးခန်းထဲခေါ်လာပြီး အလုပ်စားပွဲ၊ ထိုင်ခုံနှင့် ပုံနှိပ်စာအုပ် နှင့် စာရေးကိရိယာများ ကို စီစဥ်ပေးလိုက်၏။ ထို့နောက် တစ်ခြားဆရာမများနှင့် မိတ်ဆက်ပေးလိုက်၏။

တစ်ခြားအစိုးရဌာနများကဲ့သို့မူလတန်းကျောင်းရှိဆရာမအများစု သည်လည်း အရာရှိဇနီးသည်များသာဖြစ်ကြ၏။ အားလုံးကလည်း လင်းဝေ့ကို သိကြရာ ဖုန်းယင်က အထူးမိတ်ဆက်ပေးစရာ မလိုခဲ့ပေ။ လင်းဝေ့ကလည်း အားလုံးကို အပြုံးလေးနှင့် လိုက်လံနှုတ်ဆက်ရာ အားလုံးက ပြန်လည် နှုတ်ဆက်ကြ၏။

ဖုန်းယင်ထွက်သွားပြီးနောက် ဟွမ်အိုက်ယွင် အမည်ရှိသည့် အရာရှိဇနီးသည်တစ်ယောက်က လင်းဝေ့ဆီ စကားလာပြော၏။

" ရှင် ရောက်လာတော့ ကျောင်းအုပ်ဖုန်းလည်း အသက်ရှုချောင်သွားတာပေါ့"

ဟွမ်အိုက်ယွင်၏ အနောက်ဘက်စားပွဲမှာထိုင်သော ကျောက်ယန်ဟွားကလည်း လင်းဝေ့ကို ပြုံးကာ စကားပြောလိုက်၏။

"ဟုတ်တယ် ကျောင်းအုပ်ဖုန်းက ဒီရက်ပိုင်းအတွင်း အတော်လေး ပင်ပန်းနေရှာတာ ရှင်ရောက်လာမှပဲ ပြုံးနိုင်တော့တယ်"

လင်းဝေ့လည်း သူတို့ပြောသည်ကို ထောက်ခံရခက် မထောက်ခံရခက်ဖြစ်နေ၏။ ကျောင်းအုပ်ဖုန်းက အလျင်လိုနေ၍ သူမကို ခန့်လိုက်ကြောင်းလည်း ဆရာမအားလုံးက သိပါသည်။

ထို့ကြောင့် ပြုံးကာ သူမသည် အခုမှ အသစ်ဝင်သူဖြစ်ကြောင်း အရင်က ဆရာမ မလုပ်ဘူးကြောင်း နှိမ့်ချစွာပြောလိုက်သည်။

ကျောင်းက လူအလျင်လိုနေ၍ ယာယီဆရာမခန့်ထားသည်သာ မဟုတ်လျင် လင်းဝေ့ကို ဆရာမတိုင်းက အထင်သေးကြမည်ဖြစ်သည်။

ဖုန်းယင်သည်လည်း လူလိုနေ၍ မဟုတ်လျင် သင်ကြားရေး အတွေ့အကြုံမရှ်ိသူကို လုံးဝခန့်လိမ့်မည်မဟုတ်ပါ။

လင်းဝေ့ အလုပ်မဝင်ခင်က ဆိုလျင် ကျောင်းအုပ်ကလည်း အလုပ်ဖိစီးပြီး မျက်နှာ အမြဲသုန်မှုန်နေ၏။ ဆရာမအားလုံးကလည်း သူတို့အပေါ် ကျောင်းအုပ်ဖုန်းက အတန်းချိန် အပိုများပေးလာမည်ကို နေ့တိုင်းကြောက်နေရ၏။

လင်းဝေ့ ရောက်လာမှ ဖုန်းယင်လည်း ပြုံးပျော်နိုင်သည်သာမက ဆရာမများအားလုံးလည်း အသက်ရှုချောင်လေတော့သည်။

ထို့ကြောင့် အားလုံးကလည်း ပြုံးကာ " အရမ်းမနှိမ့်ချပါနဲ့ရှင်…ရှင်လုပ်နိုင်စွမ်းရှိလို့လဲ ကျောင်းအုပ်က ရှင့်ကို ယာယီဆရာမ ခန့်လိုက်တာပေါ့ ဘာမှ စိုးရိမ်နေစရာမလိုပါဘူး" ဟုပြောကြ၏။

ထို့ကြောင့် ဆရာမများက လင်းဝေ့ကို ပုခုံးပုတ်အားပေးလိုက်ကာ ပြောလိုက်သည်။ "နားမလည်တာ ရှိရင် ကျွန်မတို့ကိုသာမေး။ ကျွန်မတို့ လောလောဆယ်တော့ ဒုတိယတန်း မသင်နေပေမယ့် အရင်က သင်ဖူးတယ်လေ။"

ထိုခဏ အတွင်းမှာတော့ ဆရာမများရုံးခန်းသည် ပျော်ရွှင်နေကြကာ လင်းဝေ့လည်း တစ်ခြားဆရာမများနှင့် ရင်းနှီးသွား၏။

လင်းဝေ့လည်း သူမ၏စာအုပ်ပစ္စည်းနေရာများ ချပြီး ဟွမ်အိုက်ယွင်နှင့်အတူ ပြန်လာလိုက်၏။ ဟွမ်အိုက်ယွင်က နောက်ဆုံးအတန်းချိန်မရှိ၍ ပြန်လာခြင်းဖြစ်သည်။

မိသားစုအိမ်ရာထဲရောက်လာတော့ သူတို့နှစ်ယောက်လမ်းခွဲလိုက်ကြ၏။ ဟွမ်အိုက်ယွင်က တိုက်တန်းအိမ်ရာမှာနေထိုင်သူဖြစ်၍ သူတို့နှစ်ဦး လမ်းမတူကြတော့၍ ဖြစ်သည်။

လင်းဝေ့သည် တည့်တည့်ဆက်လျှောက်လာပြီး ကွေ့လိုက်ကာ ကျိုးကျန်းဟိုင်အိမ်တွင် အပ်ထားသည့် သူ့ကလေးများကို ခေါ်ရန်သွားလိုက်သည်။

ကျိုးအိမ်ရှေ့ ခြံဝန်းထဲတွင် မည်သူကိုမျှ မတွေ့၍ ခြံထဲဝင်လာရာ အိမ်အနောက်ခြံဝန်းဘက် အတွင် ကလေးသုံးယောက် နှင့် ချန်ပါးမေ့၏ အသံကိုကြားလိုက်ရ၏။ သူတို့က စည်းကွက်ချပြီး ဖန်ခုန်နည်းကစားနေကြသည်။

လင်းဝေ့ ရောက်လာတော့ မင်မင် ကစားရမည့်အလှည့်ဖြစ်၏။ မင်မင်သည် ဒုတိယစည်းကိုကျော်ကာ ခြေထောက်ခွဲကာ ထောက်ရမည့်အကွက်ထဲ ဝင်ပြီးလျင် ပန်းဝင်တော့မည်ဖြစ်သည်။

သူခြေထောက်စုပြီး ဒိုးပြားကောက်တော့မည့်အချိန်တွင် ရွေ့ရွေ့က " မေမေ" ဟုအော်လိုက်သံကို ကြားလိုက်ရသည်။ ထိုအသံကြောင့် မင်မင်လည်း လှည့်ကြည့်လိုက်ရာ ဖင်ထိုင်ရက်လဲကျသွား၏။

မင်မင် က သူလဲကျသွားပြီး နောက် ရွေ့ရွေ့ကို အပြစ်တင်လိုက်သည်။ "မင်းကြောင့် ငါ ဒိုးပြားကောက်ရတော့မှာကို လဲသွားတာ"

ရွေ့ရွေ့ - "………" သူနဲ့ ဘာဆိုင်လို့လဲ။

ကလေးများကို ပျော်စေရန် ခေါ်ဆော့သည့် ချန်ပါးမေ့က အကြီးပီပီ သူမတွင် ကလေးများကို အနိုင်ယူလိုစိတ်မရှိပါ။ ထို့ကြောင့် မင်မင်ကို ပြန်ကစားခိုင်းလိုက်သည်။

အဓိက တရားခံဖြစ်သည့် ရွေ့ရွေ့ကတော့ မကန့်ကွက်ပါ။ ရှောင်ရှီးရှီးကလည်း နောက်ဆုံးမှ သူ့အလှည့်ကျ၍ နိုင်ချေ မရှိတော့သောကြောင့် သူကလည်း ဘာမှ မကန့်ကွက်ပါ။

ထို့ကြောင့် မင်မင်သည် ဒိုးပြားကိုပြန်ကောက်လိုက်ပြီး နောက်ဆုံးအကွက်ကို ခြေတစ်ပေါင်ကျိုးဖြင့် ခုန်ရန်လုပ်လိုက်သည်။

သို့သော် ခြေယိုင်သွားကာ ဖင်ထိုင်ရက် ပြန်လဲကျသွားပြန်၏။ ဤတစ်ခေါက်တော့ ဘယ်သူ့ကိုမှ အပြစ်တင်၍ မရတော့ရာ မင်မင်သည် သက်ပြင်းချကာ သူ့အရှုံးကို လက်ခံလိုက်ရတော့၏။

နောက်ထပ် ခုန်ရမည့်သူက ရွေ့ရွေ့ဖြစ်သည်။ ရွေ့ရွေ့ကလည်း ဒိုးပြားကို ကောက်ကာ ခုန်သွား၏။ နောက်ဆုံးပန်တိုင်ဝင်ရမည်အကွက်က ရွေ့ရွေ့အတွက် ကျယ်လွန်းကာ မခုန်နိုင်ခဲ့ပေ။

ထို့ကြောင့် ရွေ့ရွေ့လည်း ရှုံးထွက် ထွက်သွားရလေ၏။ နောက်တစ်ဦးကတော့ ချန်ပါးမေ့ဖြစ်သည်။ ချန်ပါးမေ့က အကြီးဆုံးဖြစ်၍ ဤကစားနည်းးက သူ့အတွက် လွယ်ကူလေသည်။

နောက်ဆုံးတော့ ချန်ပါးမေ့က နိုင်သွားရာ ရှုံးသွားသည့်ကလေးသုံးယောက်က မပျော်မရွှင်ဖြစ်နေ၏။

ကလေးတွေရဲ့ ကစားပွဲပြီးတော့ လင်းဝေ့၏ အစမ်းစာသင်ချိန် အဆင်ပြေလား သိလို၍ လင်းဝေ့ကို ကလေးများက မေးလာကြသည်။

အစမ်းစာသင်ချိန်တုန်းက ဖုန်းယင်၏ ကျေနပ်နေသည့်မျက်နှာထားကိုတွေ့၍ လင်းဝေ့သည် အလုပ်ခန့်လိုက်ကြောင်းပြောတော့ ရလဒ်ကို သိပ်စိတ်မလှုပ်ရှားခဲ့ပါ။

ထို့ကြောင့် ကလေးတွေ မေးတော့လည်း လင်းဝေ့က သိပ် စိတ်မလှုပ်ရှားမိပါ။

ထို့ကြောင့် ကလေးများ၏ စိတ်လှုပ်ရှားစွာမေးလာသည်ကို မြင်သောအခါ ပြုံးမိ၏။ "ဒါပေါ့ မင်းတို့မေမေက လုပ်ပြီ ဆိုရင် သေချာပေါက် ရတာပေါ့"

လင်းဝေ့ပြောပြီးတော့ ကလေးဖြစ်သည့် ရွေ့ရွေ့က နားမလည်ပါ။ "မေမေ ဘယ်လိုဖြစ်သွားတာ"

လင်းဝေ့ - "……မေမေပြောတာက အလုပ်ရပြီလို့ပြောတာ"

ထိုအခုမှ ကလေးများက သက်ပြင်းချကြ၏။"မေမေက ဒါဆို ဆရာမ ဖြစ်ပြီပေါ့"

"ဟုတ်တယ် ဒါပေမယ့် ယာယီဆရာမပါပဲ" ဟု လင်းဝေ့က ပြန်ဖြေလိုက်သည်။

"ဘာလို့ ယာယီဆရာမလဲ" ဟု ရွေ့ရွေ့က သိချင်စိတ်ဖြင့်မေးလိုက်၏။

"ဘာလို့လဲ ဆိုတော့ မူလတန်းကျောင်းက ဆရာမတစ်ယောက် နေမကောင်းလို့ သူတို့ကျောင်းမလာနိုင်တုန်း မေမေက သွားကူသင်ပေးတာလေ။ သူတို့ပြန်လာရင် မေမေက ဆရာမ မဟုတ်တော့ဘူးလေ"

"အော် အာ့လိုကိုးး" ရွေ့ရွေ့ နားလည်သွား၏။

"ဒါဆို မေမေက အလုပ်သွားရတော့မှာပေါ့" မင်မင်က မျှော်လင့်တကြီး မေးလိုက်သည်။

"မေမေ အလုပ်သွားတော့ သားနဲ့ ကိုကြီး မင်မင်က ဘယ်လိုလုပ်ကြမလဲ"ယခင်က လင်းဝေ့ ချည်မျှင်စက်ရုံမှာ လုပ်စဥ်က အချိန်ကို ပြန်သတိရလိုက်မိပြီး ရွေ့ရွေ့ကမေးလိုက်သည်။

" ငတုံးးး" မင်မင် က ရွေ့ရွေ့နားတိုးကာ တီးတိုးပြောလိုက်၏။

"မေမေ အလုပ်သွားတော့ ငါတို့ကို ဆူမယ့်သူမရှိတော့ဘူးလေ။ အာ့တော့ ငါတို့ ပိုကစားလို့ရတာပေါ့"

"ညီမက မင်မင်နဲ့ရွေ့ရွေ့ကိုကြည့်ပေးလို့ရတယ်" ဟု ချန်ပါးမေ့ကလည်း ပြောလိုက်၏။

ချန်ပါးမေ့၏ စကားဆုံးတော့ မင်မင်က သူ့အမေကို မျှော်လင့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ့အမေက ခေါင်းပင် မငြိမ့်ရသေး မင်မင်၏ အတွေးထဲတွင် နောက်ကျမှ အိပ်ရာထကာ မောပန်းသည်အထိ ပျော်ရွှင်စွာ ကစားနေရသည့် သူ့အနာဂတ်ကိုပင် စိတ်ကူးနေပြီဖြစ်သည်။

ဒီထက် ပိုတာက သူ့အတွက် ခုကနေစပြီး စာသင်ချိန် မရှိတော့တာ ဖြစ်သည်။

မင်မင်က သူ့အတွေးမှာပဲ ပျော်နေမိကာ သူ့အမေက ယာယီဆရာမဖြစ်၍ သုံးလခန့်သာ အလွန်ဆုံး အလုပ်လုပ်ရမည်ကိုပင် မေ့သွားချေပြီ။

လင်းဝေ့ကလည်း မင်မင်၏ မျှော်လင့်ချက်အရောင် များကိုတွေ့လိုက်၍ နှုတ်ခမ်းတွန့်ကွေးသွားကာ မင်မင်၏ စိတ်ကူးများကို ရိုက်ချိုးလိုက်၏။ "ရပါတယ် အစ်မ သူတို့ကို ကျောင်းခေါ်သွားလိုက်မယ်"

" ကလေးတွေခေါ်သွားတော့ အဆင်ပြေပါမလား" ဟု ချန်ပါးမေ့က မေးလိုက်သည်။

"အဆင်မပြေတာမျိုး မရှိပါဘူး သူတို့အတွက် အပိုခုံလေး နှစ်ခုံ အတန်းနောက်မှာ ထပ်ထည့်ပြီး စာသင်ခန်းအတွေ့အကြုံ ယူခိုင်းမလို့ပါ"

"မေမေ သားတို့က မေမေနဲ့ ကျောင်းလိုက်ခဲ့ရင် သားတို့အိမ်ပြန်လာတဲ့အခါ အိမ်မှာလည်း စာသင်ချိန် ထပ်မရှိတော့ဘူးမလား"ဟု မင်မင် ကြေကွဲနေသည့်လေသံဖြင့်မေးလိုက်သည်။

"ဘယ်လိုလုပ် မရှိရမှာလဲ" လင်းဝေ့က တမင်မင်သက်သက် ပြောလိုက်သည်။

"သားတို့ မနက်ခင်း စာဖတ်ချိန်ပါ ပေါင်းရင် စာသင်ချိန် ငါးချိန်တောင်ရှိဦးမှာ။ ကျောင်းက စာသင်ချိန်က ညနေပိုင်းဆိုရင် မနက်ပိုင်းမှာ သားတို့အတန်းချိန်ရှိမယ်။ကျောင်းက စာသင်ချိန်က မနက်ပိုင်းဆိုရင် သားတို့စာသင်ချိန်က ညနေပိုင်းရှိမယ်။ သားတို့မစိုးရိမ်ပါနဲ့ မေမေက သားတို့ပညာရေးကို နောက်ကျ ခံမှာမဟုတ်ပါဘူး"

မင်မင်တစ်ယောက် မျက်ရည်များနှင့် ရင်ထဲမှာ ဒူးထောက်ပြီးအော်နေမိသည်။ "သားတို့ ပညာရေးနောက်ကျလည်း ရပါတယ်"

.........

ကျုံးရှောက် အိမ်ပြန်ရောက်တော့ လင်းဝေ့၏ အစမ်းစာသင်ပြခြင်း အလုပ်အဆင်ပြေလား မေးလိုက်သည်။

"အဆင်ပြေပါတယ်။ သုံးလလောက်တော့ လုပ်ရမယ် ထင်တာပဲ။ လခကတော့ အခြေခံ လသာကနေ စပေးမယ် ပြောတယ်။ တစ်လကို ၂၆ ယွမ်ရမယ် ပြီး တော့ တစ်ခြားခံစားခွင့်တွေလည်း ရမယ်တဲ့" ဟုလင်းဝေ့က နောက်ဆုံးဟင်းပွဲကိုချက်ရင်း ပြောပြလိုက်သည်။

ကျုံးရှောက်လည်း ထိုကဲ့သို့အဆင်ပြေရန်မျှော်ခင့်ပြီးသားဖြစ်၍ ပြုံးလိုက်သည်။"ဒါဆို ကိုယ်တို့ အောင်ပွဲလေး လုပ်သင့်တာပေါ့"

လင်းဝေ့က လက်ကို ကာပြရင်းပြောလိုက်သည်။

"မလိုပါဘူး။ ယာယီ အလုပ်ပဲ ဟာကို။ ကျွန်မလည်း ညနေစာ ချက်ပြီးသွားပြီလေ"

အောင်ပွဲလုပ်ခြင်းသည် စားသောက်ဆိုင်တွင် ဝယ်စားခြင်းဖြစ်ရာ ညနေစာလည်းချက်ပြီး ဖြစ်၍ ပိုက်ဆံ အပိုမကုန်ချင်တော့ပါ။

"ယာယီအလုပ်ဆိုပေမယ့် မင်းကျွန်းပေါ်ရောက်ပြီး ပထမဆုံးရတဲ့အလုပ်လေ။ ဘာလို့ အောင်ပွဲ လုပ်ဖို့မလိုရမှာလဲ"ဟု ကျုံးရှောက်ကပြောလိုက်ရင်း ဘယ်လို အောင်ပွဲခံရင်ကောင်းမလဲလို့ စဥ်းစားလိုက်သည်။

"ကိုယ်တို့ဝိုင်သောက်ကြမလား"

"ဘာဝိုင်လဲ" လင်းဝေ့က မော့ကြည့်ကာ မေးလိုက်သည်။

"အိမ်မှာ ဘာဝိုင်ရှိလဲ "ဟု မေးကာ ကျုံးရှောက်သည် မီးဖိုချောင်မှ ထွက်ပြီး ဧည့်ခန်းထဲ လိုက်ရှာနေ၏။

ကျုံးရှောက်ကလည်း အိမ်မှာ သိပ်မသောက်ဖြစ်ကာ လင်းဝေ့လည်း အရက်မသောက်တတ်၍ ကြောင်အိမ်ထဲတွင် အရက်ပုလင်းဝက်သာရှိ၏။

ထိုအရက်သည်ပင်လျင် လင်းဝေ့ ဟင်းချက်ချိန် အသားနှပ်ရာတွင် သုံးလိုက်၍ တစ်ဝက်သာ ကျန်တော့ခြင်းဖြစ်၏။ အရက်ကလည်း အယ်ကိုဟောပမာဏများ၍ လင်းဝေ့အတွက် ပြင်းလှ၏။

"အရက်ပုလင်းဝက်တော့ရှိတယ်။ အရက်ကျတော့ အရမ်းပြင်းလွန်းတယ်။ ကိုယ် အပြင်သွားပြီး သောက်စရာသွားဝယ်လိုက်မယ်" ဟု ပြောလိုက်ရာ လင်းဝေ့က စားပွဲပေါ်မှာ ပန်းကန်တွေ ချနေရင်း ပြန်ပြောလိုက်သည်။

"တစ်ကယ်ကြီး သောက်မလို့လား"

ကျုံးရှောက်ကလည်း ခေါင်းငြိမ့်လိုက်သည်။ "အင်းလေ… မင်းကျွန်းပေါ်ရောက်ပြီးကတည်း တစ်ခါမှ မသောက်ရသေးဘူးမလားး ဒီနေ့ကသောက်ရမယ့်နေ့ပဲ" ဟုပြောကာ လင်းဝေ့ဆီက ပိုက်ဆံနှင့် လက်မှတ်တောင်းလိုက်သည်။ ကျုံးရှောက်က သူ၏ လစာအားလုံးကို လင်းဝေ့ထံ အပ်ထား၍ သူ့အိတ်ထဲတွင် တစ်ပြားမှမရှိပေ။

သူ့ယောကျာ်း၏ တက်ကြွနေသည့်ဟန်ပန်ကိုတွေ့တော့ လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်သည်။ "ဒါဆိုလည်း သောက်ကြတာပေါ့" ဟုပြောကာ အပေါ်ထပ်တက်ပြီး ပိုက်ဆံနှင့် လက်မှတ်သွားယူလိုက်သည်။

အပေါ်ထပ်တက်သည်က ကူပွန်လက်မှတ်များ သွားယူခြင်းသာဖြစ်သည်။ ကျုံးရှောက်၏ လစာငွေများအားလုံးသိမ်းဆည်းထားသော်လည်း ကျုံးရှောက်ကို ငွေလုံးဝပေးမသုံးသည်တော့ မဟုတ်ပါ။ အောက်ထပ်ရှိ အံဆွဲတွင် အသုံးငွေတစ်ချို့အမြဲထည့်ထားပြီး သော့ခတ်ထားလေ့ရှ်ိ၏။ သော့ကိုလည်းကြောင်အိမ်အပေါ်ရှိ ခွက်ထဲတွင် ထည့်ထားလေ့ရှိ၏။ ကျုံးရှောက် စီးကရက်ဝယ်ရန်ကဲ့သို့ သုံးစရာငွေလိုလျင် ထိုအံဆွဲမှ ယူသွားလေ့ရှိ၏။ သူ့မိန်းမ လင်းဝေ့ကိုတော့ ပြောပြီး ထုတ်ရတာပေါ့။

သို့သော် အိမ်တွင် မိန်းမ နှင့်ကလေးများရှိ၍ အိမ်ပြန်လာလျင် ဆေးလိပ်သောက် လေ့မရှိပါ။ ထို့အပြင် လင်းဝေ့ကလည်း အဆုတ်မကောင်းမည်စိုး၍ ဆေးလိပ်သောက်မသောက် အမြဲစစ်ဆေးလေ့ရှ်ိသည်။ ထို့ကြောင့် ကျုံးရှောက်လည်း အဆုတ်ကင်ဆာရမည်စိုး၍ နောက်ပိုင်း ဆေးလိပ်မသောက်တော့ဘဲ ဖြတ်နေ၏။

သူကိုယ်တိုင်လည်း ဆေးလိပ်အရမ်းသောက်တတ်သူ မဟုတ်၍ ဆေးလိပ်ဖြတ်ရသည်က မခဲယဥ်းပါ။ သို့သော် စစ်တပ်ထဲတွင် လူအများစုက ဆေးလိပ်သောက်ကြရာ မိတ်ဆွေများနှင့်တွေ့တိုင်း ဆေးလိပ်အတူသောက်တတ်ကြ၍ ထိုအရာက ကျုံးရှောက်အတွက် အခက်အခဲကြီးဖြစ်နေ၏။

ထို့ကြောင့် ကျုံးရှောက်သည် လုံးလုံးလျားလျားဆေးလိပ်ဖြတ်လိုက်နိုင်ပြီတော့ မဟုတ်သော်လည်း တစ်လလျင် ဆေးလိပ် လေးငါးလိပ်သာသောက်ခြင်းဖြင့် ဆေးလိပ်သောက်သည့် အကြိမ်အရေအတွက်တော့ လျော့လိုက်နိုင်ပြီဖြစ်၏။ ထို့ကြောင့် ဆေးလိပ်ဝယ်မည့်ပိုက်ဆံကိုလည်း ချွေတာပြီး ဖြစ်၏။

အစားအသောက် ရိက္ခာများဝယ်နိုင်သည့်လက်မှတ်ကိုတော့ လင်းဝေ့က အပေါ်ထပ်အံဆွဲတွင် သိမ်းထားလေ့ရှိရာ ဝိုင်အရက်ဝယ်ယူခွင့် လက်မှတ်ယူရန် အပေါ်ထပ်သို့တက်သွားခြင်းဖြစ်သည်။

ရိက္ခာထုတ်လက်မှတ်နှင့် စာအုပ်က အရေးကြီး၍ အောက်ထပ်မှာ မထားပါ။ တစ်လလျင် တစ်ခေါက် ရိက္ခာထုတ်မှသာ သုံးရကာ ကျန်သည့်အချိန်များတွင် အသုံးမလိုတော့၍ အပေါ်ထပ်တွင်သာ သိမ်းထားလေ့ရှိ၏။

All Chapters