← Chapters

Chapter 90

Vol. 7 Ch. 90

Chapter 90

Vol. 7 Ch. 90

ချီထောင် ဤကိစ္စကို သိထားခြင်း ရှိမရှိ သိရန် မခက်ခဲပေ။ သူ့ကို တိုက်ရိုက်ပြောပြလိုက်ပြီး ဖြစ်လာမည့်သူ့မျက်နှာ အမူအရာကိုကြည့်ကာ သိနိုင်မည်။

သို့သော် ဤကိစ္စက ထိုမျှ မရိုးစင်းပေ။ ပထမဆုံး ယန်းယီ သူမကိုယ်တိုင် စိတ်ဓာတ်ခွန်အားရှ်ိထားရမည်ဖြစ်သည်။ ချီထောင်ကို သူအနိုင်ကျင့်ခံနေရသည့်အကြောင်းပြောလိုက်၍ မျက်နှာအမူအရာမပြောင်းလျင် ထိုကိစ္စကို သိပြီးဖြစ်မည်။ ထိုသို့ဖြစ်လာလျင် ယန်းယီ မည်ကဲ့သို့ ဆက်လက်ရင်ဆိုင်ရမည်နည်း။ ငိုယ်ိုအော်ဟစ်လိုက်ရုံဖြင့် ပြဿနာက ပြီးသွားမည်မဟုတ်ချေ။

ဒုတိယအချက်အနေဖြင့် ဤကိစ္စကို စုံစမ်းရာတွင် လည်း ချီထောင်ကိုသိရုံသာမက ယန်းယီနှင့်လည်းရင်းနှီးသည့် ယုံကြည်စိတ်ချရသည့်သူကိုရှာရန်လိုအပ်သည်။ သို့မှသာ ချီထောင်ကို စုံစမ်းရတာ လွယ်ကူမည်ဖြစ်သည်။ ချီထောင်နှင့် အလွန်ရင်းနှီးပြီး ယန်းယိီနှင့်သာမန်ဆက်ဆံရေးမျိုးရှိသည်လူကို စုံစမ်းခိုင်းလျင်တော့ ယန်းယီအတွက် ပြဿနာဖြစ်လာနိုင်သည်။

ထို့ကြောင့် မေးစရာရှိသည်က မည်သူသည် ချီထောင်ကိုသိပြီး ယန်းယီနှင့် ရင်းနှီးသနည်း ဟူသည့်မေးခွန်းပင်ဖြစ်သည်။

ဤကဲ့သို့အချက်နှင့် ကိုက်ညီသည့်လူက ရှာရလွယ်သည်ဟု မထင်လိုက်ပါနှင့်။ ချီထောင်နှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးကို အကူအညီတောင်းမည်ဆိုပါကလည်း ယန်းယီအတွက် မသင့်လျော်ပေ။

လင်မယားမဟုတ်သည့် အမျိုးသား အမျိုးသမီးကြား တီးတိုးကိစ္စများရှိသည်က မသင့်လျော်ပေ။ အမျိုးသမီးတစ်ဦးကိုစုံစမ်းခိုင်းမည်ဆိုပါကလည်း ထိုသူက နှုတ်လှုံနိုင်မည်လား။ စသည့်အချက်များစွာကို စဥ်းစားရ၏။

ထို့အပြင် ယန်းယီ၏ ယောက္ခမသည်လည်း သူမ၏ပုံရိပ်ကို လူရှေ့တွင် အလွန်ထိမ်းသိမ်းရာ မကောင်းသည့်စကားတစ်ခွန်းမှ အပြင်တွင် မပြောပါ။ ထို့ကြောင့် သူမတို့ ကိုယ်စားစုံစမ်းပေးမည့်သူသည် ယန်းယိီအိမ်အနီးအနားတွင် နေထိုင်သည့်သူဖြစ်ရမည်။ မဟုတ်လျင် ချီထောင်က ခန့်မှန်းမိသွားနိုင်၏။

သို့ဖြင့် သူမတို့ယုံကြည်စွာ စုံစမ်းခိုင်းနိုင်မည့်လူက အကန့်အသတ်အချက်များဖြင့် ဖြစ်လာ၏။

ထိုသို့စဥ်းစားရင်း ယန်းယိီသည် ခါးသီးစွားပြုံးလိုက်သည်။ "လင်နဲ့မယားကြားမှား ဒီလို စုံစမ်းကြည့်ရမယ့်ကိစ္စမျိုးရှိလာလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး"

"ရှင်ဒီလိုစုံစမ်းနေရတာလည်း သူ့ကို အရမ်းချစ်လို့ပဲလေ"ဟု လင်းဝေ့က အားပေးလိုက်၏။

ယန်းယီသာ ချီထောင်ကို ဂရုမိစိုက်လျင် ပြဿနာဖြစ်လာနိုင်မည့်ကိစ္စကို စုံစမ်းနေမည်မဟုတ်ပါ။ ချီထောင်ကို သူမချစ်၍သာ ဤကိစ္စကို ရှင်းရှင်းလင်းလင်းသိရန် လိုအပ်နေခြင်းဖြစ်သည်။

ချီထောင်သာ ဤပြဿနာကိုပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ရင် သူမသည်လည်း ချီထောင်ဘေးတွင် သံသယကင်းကင်း စိတ်ရင်းဖြင့် ချစ်နိုင်မည်ဖြစ်သည်။

လင်နဲ့မယားကြားတစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းရှိသင့်သည်ဟု မတွေးသင့်ပေ။ လင်မယားနှစ်ဦး လက်ထပ်ခြင်းသည် နှစ်အတော်ကြာလာမှ သူတို့နှစ်ဦးအကြားသံယောဇဥ်ခိုင်မြဲလာကာ ပွင့်လင်းလာကြသည်ဖြစ်သည်။

သူချီထောင်ကို ချစ်ခဲ့သည်။ ထို့ကြောင့် လည်း နှစ်အတော်ကြာ ယောက္ခမကိုပြုစုခဲ့ပြီး ငယ်သေးသည့်မတ်ကိုလည်း ပြုစုပျိုးထောင်ပေးခဲ့သည်။

သူမ ချီထောင်ကို ချစ်ခဲ့၍သာ ဤမိသားစုထဲဝင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ဤလက်ထပ်ခြင်းတွင် လိမ်လည်လှည့်ဖျားခြင်း ရှိမရှိသိလိုသည်။

ထို့ကြောင့် ဤကိစ္စကို စုံစမ်းကာ ချီထောင်၏ စိတ်ရင်းကို သိရမှသာ သူမလိုချင်သည့်အဖြကိုရမည်ဖြစ်သည်။

ယန်းယီ အသက်ကို ပြင်းပြင်းရှုလိုက်သည်။"ကျွန်မ နားလည်ပါတယ်"

"ဒါဆို ယုံရတဲ့လူ ဘယ်သူ ရှိမယ်လို့ထင်လဲ"

ယန်းယီက စိတ်ရှုပ်ထွေးနေသော်လည်း သေချာစဥ်းစားနိုင်သည့်ဉာဏ်တော့ရှိနေ ပါသေး၏။ ထို့ကြောင့်အဆင်ပြေနိုင်မည့်လူကို စဥ်းစားလိုက်မိသည်။

"အစ်မလျို့ကို အကူအညီတောင်းကြည့်ကြတာပေါ့။ကျွန်မတို့က အိမ်ချင်းလည်းနီးတယ်။ အစ်မလျို ယောကျာ်းလောင်ရှင်းနဲ့ ကျွန်မယောကျာ်းချီထောင်တို့ကလည်း ရင်းနှီးကြတယ်"

…………………

မိသားစုနှစ်ခုအိမ်ချင်းနီး၍ ဤကိစ္စကို ဆွေးနွေးရန် လျိုတန်းအိမ်ကို တန်းသွားလိုက်ပါက ချီထောင်လည်း အနီးအနားတွင်ရှိနေနိုင်၍ လင်းဝေ့တစ်ယောက်တည်းသာ လျိုတန်းကို ခေါ်ရန်သွားလိုက်သည်။

ညနေစာ စားပြီးချိန် ဖြစ်သော်လည်း နေဝင်ဆည်းဆာအချိန်သာ ရှ်ိသေး၍ လေအေးများလည်း တိုက်ခတ်နေကာ မိသားစုအိမ်ရာရှိ လူအများစုက မိမိတို့ခြံဝန်းထဲတွင် လေအေးခံကာ အနားယူနေကြသည်။

မိသားစုနှစ်ခုက အိမ်ချင်းနီးနေ၍ တစ်ခြားအိမ်နီးချင်းများနှင့်အတူ လျိုတန်းအမျိုးသား ရှင်းတုန်းနှင့် ချီထောင်တို့သည်လည်း ဝိုင်းဖွဲ့ကာ စကားပြောနေကြ၏။သူတို့အမျိုးသမီးများက လင်းဝေ့နှင့် ရင်းနှီးကြ၍ သူတို့လည်း လင်းဝေ့ကိုသိကြပါသည်။ ထို့ကြောင့်ချီထောင်က လင်းဝေ့ကို တွေ့လိုက်တော့ တအံ့တသြနှုတ်ဆက်လိုက်သည်။

"ရဲဘော်လင်း ဘယ်လိုလုပ်ဒီရောက်လာတာလဲ ယန်းယီနဲ့ မတွေ့လိုက်ဘူးလား"

" တွေ့လိုက်ပါတယ် အခု ယန်းယီက အစ်မ တန်းနဲ့ စကားပြောနေကြတာ။ ကျွန်မက အစ်မ လျိုကို လာခေါ်တာပါ" ဟု လင်းဝေ့က ပြုံးကာပြောလိုက်သည်။

လင်းဝေ့တို့အဖွဲ့၏ ခင်မင်မှုက သာမန်ရင်းနှီးမှု မဟုတ်ပေ။ ပထမဆုံး အိမ်ကိုပစ်ကာ ရုပ်ရှင်အတူသွားကြည့်ကြကာ ငိုပြီး ဖောင်းအစ်သည့်မျက်လုံးများဖြင့် ပြန်လာကြ၍ မိသားစုအိမ်ရာတစ်ခုလုံး ဟိုးလေးတကြော်ဖြစ်သွားသေး၏။

နောက်တော့ လင်းဝေ့တို့အဖွဲ့ ကောက်ရိုးဦးထုပ်မဟုတ်သည့် တစ်ခြားစတိုင် ဦးထုပ်လုပ်နည်း သင်ကြပြန်၏။ ထိုဦးထုပ်ပုံစံမျိုးကို မိသားစုအိမ်ရာရှိအမျိုးသမီးတိုင်း ကြိုက်ကြ၍ အခုဆိုလျင် လူတိုင်းက နေကာဦးထုပ်ကို အသုံးပြုနေကြပြီဖြစ်သည်။

အမျိုးသမီးများသာမက ကလေးများကလည်း အဝါရောင်ဦးထုပ်များကို ဝတ်ဆင်နေကြပြီဖြစ်သည်။

ကလေးများ အဝါရောင်ဦးထုပ်ကို ကြိုက်နှစ်သက်ရခြင်းက ဦးထုပ်ပေါ်တွင် ပန်းထိုးထားသည့် ဘဲရုပ်လေးကြောင့်ဖြစ်၏။ ပန်းထိုးခြင်းအလုပ်သည် ခက်ခဲ၍ လူတိုင်းမလုပ်နိုင်ချေ။ သူ့အမျိုးသမီး ယန်းယီပင်လျင် အဝတ်အစားများ ချုပ်တတ်သော်လည်း ပန်းထိုးတော့မလုပ်တတ်ပါချေ။

သို့သော် သူတို့သားက ဘဲဦးထုပ်လိုချင်သည်ဟု ခုနှစ်ရက်တိုင်တိုင် ငိုယိုကာ အတင်းပူဆာ၍ ကျိုးကျန်းဟိုင်ဇနီး တန်းရှန့်ယွင်ကို အကူအညီတောင်းကာ သူတို့သားကို ချော့လိုက်ရ၏။

ထိုကဲ့သို့ ကလေးများက ပူစာသည့်ကိစ္စမျိုးသည် မိသားစုအိမ်ရာရှိ ကလေးငယ်ရှိသည့်အိမ်တိုင်းက ဖြစ်လာရာ လူတိုင်းကလည်း တန်းရှန့်ယွင်ကို အကူအညီမတောင်းရဲကြပေ။

ပန်းထိုးတတ်သည့် မိဘတစ်ချို့ကလည်း သူတို့ကလေးအတွက် သူတို့တတ်နိုင်သလောက် ထိုးပေးကြသော်လည်း တန်းရှန့်ယွင်၏ ဒီဇိုင်းနှင့်တော့ကွဲ ပြားနေသေးကာ ကလေးများက မကြိုက်ကြပေ။

ထို့ကြောင့် လင်းဝေ့က လျိုတန်းကိုလာရှာသည် ဆို၍ ရှင်းတုန်း စနောက်ကာ မေးလိုက်သည်။ "ဘယ်လို စိတ်ကူးကောင်းတွေပေါ်လာလို့ ရောက်လာရတာလဲ"

"အစီအစဥ်လေးတစ်ခုရှိလို့ပါ။ သေချာ မဆုံးဖြတ်ရသေးတော့ ကျွန်မ ပြောပြလို့မရပါဘူးရှင်" ဟု လင်းဝေ့ကလည်း တစ်ချို့တစ်ဝက်ကိုအမှန်ဖြေလိုက်သည်။

" လျို့ဝှက်လှချည်လား" ဟု ရှင်းတုန်းကလည်း ပြုံးကာပြောလိုက်ရင်း သူ့မိန်းမ လျိုတန်း မီးဖိုချောင်မှာ ပန်ယကန်ဆေးနေသည်ဟု ပြောပြလိုက်၏။

လင်းဝေ့လည်း ကျေးဇူးတင်စကားပြောရင်း ရှင်းတုန်း အိမ်ခြံထဲ ဝင်သွားလိုက်၏။

လျိုတန်းအိမ်ကို သူမ ပထမဆုံးလာဖူးသည် မဟုတ်၍ သူတို့အိမ်အနေအထားကို သိကာ မီးဖိုချောင်ဖက် တန်းသွားလိုက်၏။

မီးဖိုချောင်ထဲတွင်တော့ လျိုတန်းသည် ပန်းကန်ဆေးပြီး၍ ပန်းကန်ဆေးစင်ကို တိုက်ချွတ်နေစဥ် လင်းဝေ့ကို မြင်လိုက်၍ထွက်လာကာမေးလိုက်သည်။ "ဘယ်လို ရောက်လာတာလဲ ဝေ့ဝေ့"

"အစ်မနဲ့ ပြောစရာလေးရှိလို့ပါ" ဟု လင်းဝေ့က တံခါးပေါက်ကို မှီပြီးပြောလိုက်သည်။

"ဒါဆိုလည်း ပြောလေ" ဟု စားပွဲခုံကို ရှင်းရင်း ပြောလိုက်သည်။

"ကျွန်မ အိမ်ကို သွားပြောရအောင် ဒီမှာပြောဖို့အဆင်မပြေလို့"

"ဘာကိစ္စမို့လို့ လျို့ဝှက်နေရတာလဲ" လျိုတန်းနှင့်ရှင်းတုန်းက လင်မယားဖြစ်၍ တစ်ဦးနှင့်တစ်ဦး လျို့ဝှက်ထားသည့် အရာများလည်း မရှိကြပေ။ ထို့ကြောင့် အခု လင်းဝေ့ ပြောလိုက်သည့်စကားက သူ့ယောကျာ်းကိုပါ မသိစေလို့သည့်ပုံစံဖြစ်နေ၏။

"ဒါဆိုလည်း နှစ်မိနစ်လောက်စောင့်ဦး ကျွန်မ လက်ဆေးပြီးတော့ လိုက်ခဲ့မယ်"

လင်းဝေ့လည်း လျိုတန်းနှင့်အတူ မီးဖိုချောင် တံမြက်စည်းလှည်း သန့်ရှင်းရေးအတူ လုပ်ကူလိုက်ပြီး လက်အတူဆေးလိုက်ကြသည်။

သူမတို့ ရှင်းအိမ်မှ ထွက်လာကြစဥ် ဘေးအိမ်က အမျိုးသမီးချီလည်း ထွက်လာပြီး လျိုတန်းတို့ကိုမြင်လိုက်၍ လှမ်းနှုတ်ဆက်လိုက်၏။

အမျိုးသမီးချီသည် သူ၏ချွေးမယန်းယီကို ဖိနှိပ်တတ်သူဖြစ်သော်လည်း အပြင်သူများနှင့်ဆိုလျင်တော့ ကြင်နာတတ်သည့် အကြည့်များဖြင့် မျက်နှာဝိုင်းဝိုင်းအမျိုးသမီး ဖြစ်နေပြန်သည်။ သူ၏ချိုသာသည့်အသံဖြင့် လင်းဝေ့တို့ကို ပြုံးကာ မေးလိုက်သည်။

"အပြင်သွားကြမလို့လား"

သူမ ကျွန်းပေါ်ရောက်သည်က လဝက်လောက်ရှိပြီဖြစ်၍ သူမပတ်ဝန်းကျင်ရှိ လူများနှင့် မျက်မှန်းတန်းမိပြီးဖြစ်သော်လည်း လင်းဝေ့ကိုတော့ တစ်ခါမှ မတွေ့ဖူးပါ။

ထို့ကြောင့် လျိုတန်းက လင်းဝေ့ကို အမျိုးသမီးချီ နှင့်မိတ်ဆက်ပေးလိုက်သည်။" ဒါက လင်းဝေ့ပါ။ ယန်းယီနဲ့ကျွန်မတို့နဲ့ အရမ်းရင်းနှီးကြပါတယ်"

လင်းဝေ့က အမျိုးသမီးချီကို သဘောမကျသော်လည်း လူကိုတော့ သေသေချာချာ ပြန်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အန်တီ"

"ဟုတ်လားးးကြည့်လိုက်ပါဦး မျက်နှာလေးက ကြည်သန့်နေတာပဲ" အမျိုးသမီးချီက လင်းဝေ့ကိုချီးကျူးလိုက်၏။

"ချီထောင် မိန်းမ စောနက သမီးဆီဆိုပြီး ထွက်သွားတာပဲ"

"ကျွန်မနဲ့ ယန်းယီနဲ့ တွေ့လိုက်ပါတယ်။ သူ့ကို့ ဘေးအိမ်က ရဲဘော်တန်းက ပြောစရာရှ်ိတယ်ဆိုလို့ သူ့အိမ်မှာ ရှိပါတယ်"

"သူနဲ့တော့လေ အလုပ်မရှိ အကိုင်မရှိနဲ့ ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပါဘူး"

အမျိုးသမီးချီက တီးတိုးပြောလိုက်သည် ဆိုသော်လည်း လင်းဝေ့နှင့် ခြေသုံးလှမ်းခန့်သာ ကွာဝေး၍ လင်းဝေ့က ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။ ထို့ကြောင့် တစ်ဖက်ခြံတွင် စကားပြောနေသည့်ချီထောင်ကိုလှမ်းကြည့်လိုက်ကာ အသံကိုမြှင့်ရင်း ပြောလိုက်သည်။

"အန်တီရယ် ဘာတွေပြောနေတာလဲ။ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားစမြည်ပြောဖို့ကို အလုပ်ရှိမှ ပြောစရာရှိရမှာလား"

လင်းဝေ့နှင့် စကားပြောရ အဆင်မပြေမှန်းသိလိုက်ကာ အမျိုးသမီးချီ အနည်းငယ် ကျဥ်းကြပ်ထဲရောက်သွားကာ အလျင်အမြန် ရှင်းပြလိုက်သည်။

"ရဲဘော်ရှောင်လင်းရယ် အထင်မလွဲပါနဲ့ ကျွန်မက ဒီအတိုင်းပဲပြောလိုက်တာပါ။ တစ်ခြားအဓိပ္ပါယ်မရှိပါဘူး"

တစ်ဖက်ခြံက ချီထောင်လည်း ကြားလိုက်ရသည့် စကားသံများက မူမှန်၍ ရောက်လာကာမေးခဲ့သည်။

"ဘာဖြစ်နေကြတာလဲ"

"ဘာမှ မဟုတ်ပါဘူးသားရယ်။ အမေ စကားမှားမိသွားတာကို ရဲဘော်ရှောင်လင်းက အထင်လွဲနေလို့ပါ။ အမေ အခုပဲ ရှင်းပြလိုက်ပါပြီ" ဟု အမျိုးသမီးချီက ချက်ချင်းရှင်းပြလိုက်သည်။

အမျိုးသမီးချီက သူ့အမှားသူ ဝန်ခံလိုက်သကဲ့သို့ဖြစ်သည်။ ထို့ကြောင့် လင်းဝေ့က ဆက်ပြောလျင် တစ်နယ်တစ်ကျေးမှ ရောက်လာသည့် အသက်ကြီးသူကိုအနိုင်ကျင့်သူဖြစ်သွားပေမည်။ ထို့အပြင် ချီထောင်ကလည်း သူ့သားဖြစ်၍ သူ့အမေဘက်ကိုသာ လိုက်ပေးမည်ဖြစ်သည်။

ချီထောင်မျက်မှောင်ကြုံ့နေသည်ကို တွေ့တော့ လင်းဝေ့ကပြုံးကာ ပြောလိုက်သည်။ "ကျွန်မ အထင်လွဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစကားကို ယန်းယီရှေ့မှာတော့မပြောမိပါစေနဲ့။ ယန်းယီက ရှင်နဲ့လက်ထပ်ပြီး ရှင်နဲ့ရှင့်ကလေးတွေကို ပြုစုပေးရလို့ အလုပ်တောင်မလုပ်နိုင်ခဲ့တာကို ဒီစကားကြားရင် သူမ အရမ်းဝမ်းနည်းသွားမှာ"

လင်းဝေ့၏ စကားကိုကြားတော့ ချီထောင် မျက်မှောင်ပိုကြုံ့လာပြီး သူ့အမေဘက်လှည့်ကာ မေးလိုက်သည်။

"အမေ ဘာပြောလိုက်တာလဲ"

"အမေ ဘာမှ မပြော…"

အမျိုးသမီးချီက ငြင်းရန်စကားဟလိုက်သော်လည်း လျိုတန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"အန်တီက ဝေ့ဝေ့ကို ရှောင်ယန်းဘယ်မှာလဲ မေးတော့ ဝေ့ဝေ့က ရှောင်တန်းနဲ့ စကားပြောနေခဲ့တယ်လို့လည်း ပြောရော အန်တီက ရှောင်ယန်းက အလုပ်မရှိအလုပ်ရှာ လျှောက်သွားနေတယ်လို့ ပြောလာတယ်လေ"

အမျိုးသမီးချီက သူ့သားကို အလန့်တကြားကြည့်ကာ ရှင်းကြလိုက်သည်။"သားရယ် အမေက ဒီအတိုင်းပဲပြောလိုက်တာပါ။ တစ်ခြားဆိုလိုတာ မဟုတ်ပါဘူး"

" နွေးထွေးတဲ့စကားက ဆောင်းတွင်းမှာ နွေးစေတတ်သလို အေးစက်တဲ့စကားလုံးက နွေခေါင်ခေါင်မှာတောင် အေးစက်မှုကို ခံစားစေနိုင်တယ် ဆိုတဲ့ ဆိုရိုးစကားရှိတယ် အန်တီ။ ကျွန်မတို့က အပြင်လူမို့လို့ အထင်လွဲတာပါလို့ ရှင်းပြလိုက်ရုံနဲ့ရပေမယ့် ယန်းယီက ချီမိသားစုအတွက် နှစ်အတော်ကြာ အနစ်နာခံပြီး ကြိုးစားလာခဲ့တာ သူသာ ဒီစကားကိုကြားသွားရင် ဘာ်လောက်ခံစားရမလဲ" ဟုပြောရင်း လင်းဝေ့က သူ့စကားကိုရပ်လိုက်သည်။

ထို့နောက် "ရဲဘော် ချီ ကျွန်မတို့ကိစ္စလေးရှိလို့သွားလိုက်ပါဦးမယ်" ဟုပြောကာ လျိုတန်းနှင့်အတူ ထွက်သွားလိုက်သည်။

လင်းဝေ့တို့ ထွက်သွား တော့ ချီထောင်သည် လင်းဝေ့တို့ဘက်လှည့်ကာ အော်ပြောလိုက်၏။ " ဒီအကြောင်းတွေကို ကျေးဇူးပြုပြီး ယန်းယီကို မပြောပြပါနဲ့နော်။ ကျွန်တော်ကပဲ ဖြေရှင်းလိုက်ပါ့မယ်"

လင်းဝေ့က ပြန်မဖြေပဲ ချီထောင်ကိုသာ အသံတိတ် စိုက်ကြည့်နေလိုက်၏။

ချီထောင်ကလည်း လင်းဝေ့၏ အကြည့်ကို မရှောင်ပဲ ပွင့်ပွင့်လင်းလင်းရှင်းပြလိုက်သည်။ "ကျွန်တော့် အမေကို သေချာပြောပြပြီး ရှောင်ယန်းကို တောင်းပန်ခိုင်းလိုက်ပါ့မယ်"

ထိုစကားကိုကြားသည်နှင့် ဘေးမှာရပ်နေသည့် အမျိုသမီးချီက မျက်နှာပြောင်းသွားသည်။ "ချီထောင်!!!!!"

လင်းဝေ့ကတော့ ချီထောင်၏ စကားကိုကြားတော့ "ဟုတ်ကဲ့ပါ ကျွန်မ ယန်းယီကို ဒီကိစ္စအကြောင်းမပြောပြပါဘူးလို့ ကတိပေးပါတယ်"

All Chapters