Chapter 92
Vol. 7 Ch. 92
ဤသည်ကို နားထောင်ရင်း လင်းဝေ့က တွေးလိုက်သည်။ "ဒီလိုဆိုရင်တော့ ချီထောင်ရဲ့ စိတ်ထဲမှာ ရှင်ရှိသေးတာပဲ။ ဘာလို့ ဒီကိစ္စတွေကို တပ်ထဲ စပြောင်းလာတော့မပြောပြလိုက်တာလဲ"
"ကျွန်မလည်း မပြောပြရဲဘူးလေ" ဟု ယန်းယီက သက်ပြင်းချလိုက်၏။
ယန်းယီ၏ အမေပင်လျင် သူမသမီးစကားကို မယုံတာ သူ့ယောက္ခမသားဖြစ်သည် ချီထောင်ကလည်းယန်းယီစကားကိုယုံမည်လား။ ယန်းယီကလည်း သူတို့လင်မယားကြား ဆက်ဆံရေး ပျက်စီးမည်ကို မလိုလားပေ။
တစ်မြန်နေ့က လင်းဝေ့အသိတရားထည့်ပေးခဲ့၍သာ တစ်ခုခုလုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမစိတ်အတိုင်းသာဆိုလျင် သူ့ယောက္ခမနှင့် မတ်ပြန်သွားမည့်အချိန်ကိုသာ စောင့်နေမည်ဖြစ်သည်။
လျိုတန်းလည်း ယန်းယီ၏ ဖြစ်အင်ကို ကြားပြီး ငြိမ်သက်သွားမိ၏။ သူမမှာသာ ယန်းယီ၏ ယောက္ခမကဲ့သို့ မျိုး ရှိပါက သူမသည်းခံနိုင်မည်မဟုတ်ချေ။
အမျိုးသမီးချီကလည်း ယန်းယီ၏ စိတ်ပိုင်းဆိုင်ရာကို ချိုးနှိမ်လို၍ စကားလုံးများဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်နိုင်သည်။
လျိုတန်းက ယန်းယီ၏ ပုခုံးကိုပုတ်ကာ အားပေးလိုက်သည်။ "ဘယ်လိုဆက်လုပ်မယ် ဆိုတာ စဥ်းစားဆုံးဖြတ် ပြီးပြီလား"
"ကျွန်မ ဆုံးဖြတ်လိုက်ပြီ"ယန်းယီ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"အဖြေက ကိုယ်လိုချင်တဲ့အဖြေမဟုတ်ခဲ့နိုင်ဘူးဆိုရင်ကော?"
"ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘေးနားမှာ အမြဲအိပ်နေတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာတော့ သိဖို့ကြိုးစားရမယ်လေ" ဟု ယန်းယီက ခါးသီးစွာပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ပြီလေ" ဟု လျိုတန်းက ခေါင်းငြိမ့်လိုက်ပြီး လင်းဝေ့ကို မေးလိုက်သည်။
"ကဲ ကျွန်မ ဘာလုပ်ပေးရမလဲ"
လင်းဝေ့က လျိုတန်းကို သူမ စီစဥ်ထားသည့်အရာများပြောပြလိုက်သည်။ လျိုတန်းက သူ့ယောကျာ်း ရှင်းတုန်းကို ယန်းယီယောက္ခမက ယန်းယီကို ဆူပူအပြစ်ရှာနေသည်ကို တွေ့ကြောင်း ဘာဖြစ်တာလဲ ဆိုသည့်အကြောင်းကို ချီထောင်ကို မေးပေးရန် လုပ်ဆောင်ရမည်ဖြစ်သည်။
"တစ်ကယ်လို့ ချီထောင်က ဒီကိစ္စကို ဖုန်းကွယ်ဖို့ကြိုးစားပြီး အိမ်ပြန်ရောက်လည်း ယန်းယီကို ဘာမှ မမေးဘူးဆိုရင် ဒီကိစ္စတွေကို သူသိထားတာကြာပြီ ဆိုတဲ့ သဘောပဲ။ အာ့ကိစ္စနဲ့ပတ်သက်ပြီး သေချာမေးမြန်းပြီး ယန်းယီကို ကာကွယ်ပေးခဲ့ရင်တော့ ဒီအကြောင်းအရာတွေကို သူလုံးဝမသိခဲ့ဘူး ဆိုတဲ့ သဘောပဲ" ဟု လင်းဝေ့ကပြောလိုက်၏။
"တစ်ကယ်လို့ သူက ရှောင်ယန်းကို ပဲမေးပြီး သူ့အမေကို ဆက် မမေးပဲ ဒီအတိုင်း ထားလိုက်တယ် ဆိုရင်ကော" ဟု လျိုတန်းက ဆက်မေးလိုက်၏။
"ဒါဆိုရင်တော့ သူက သူရဲဘောကြောင်တဲ့ ကြောင်သူတော်လားးး သူ့အမေကို ရင်မဆိုင်ရဲတဲ့ စိတ်ပျော့တဲ့ သားလိမ္မာလေးလား ဆိုတာ သိရတာပေါ့" ဘာပဲ ဖြစ်ဖြစ် ယန်းယီသိချင်တဲ့ အဖြေကိုတော့ ရသွားမှာပဲလေ။
နောက်ဆုံးစကားကိုတော့ လင်းဝေ့ ထုတ်မပြောခဲ့ပါချေ။လျိုတန်းကလည်း တစ်ခဏ စဥ်းစားလိုက်ပြီး "ဒါဆို ကျွန်မ ဘယ်တော့ပြောရမှာလဲ" ဟုမေးလိုက်၏။
"နှစ်ရက်လောက်ကြာရင်ပေါ့" ဟု လင်းဝေ့က လျိုတန်းကို ပြောပြီး ယန်းယီကို ညနေက ဖြစ်ခဲ့သည့်အကြောင်းပြောပြလိုက်သည်။
"ကျွန်မ အစ်မ လျိုတန်းကို သွားခေါ်တုန်းက ကိစ္စတစ်ခုဖြစ်ခဲ့တယ်"
လျိုတန်းက ထိုစကားကိုကြားတော့ လင်းဝေ့ကို မျက်လုံးပြူးကာကြည့်လိုက်သည်။ စောနကပဲ ချီထောင်ဆီမှာ ယန်းယီကို မပြောပြပါဘူးလို့ ကတိပေးခဲ့တာမဟုတ်ဘူးလား။
လင်းဝေ့က လျိုတန်းကို စိတ်မပူရန် အကြည့်ကြည့်လိုက်ပြီး ယန်းယီကို ပြောပြလိုက်သည်။
"ဒါပေမယ် ရဲဘော်ချီထောင်က ရှင့်ကို ညကျရင် အကြောင်းစုံရှင်းပြမယ် ပြောခဲ့လို့ ကျွန်မလည်း ဘာဖြစ်ခဲ့လဲ ဆိုတာ မပြောပြတော့ဘူး။ ချီထောင် ရှင်းပြတာကို နားထောင်ပြီး သူ့အပေါ် စုံစမ်းမှု လုပ်မလုပ် ပြန်စဥ်းစားလိုက်ပါ။ မနက်ဖြန်ကျမှ စိတ်ဆုံးဖြတ်ပြီးရင်တော့ ကျွန်မတို့စုံစမ်းမယ့်ကိစ္စကို ဆက်လုပ်ကြတာပေါ့"
ယန်းယီကလည်း ညနေက ဘာဖြစ်ခဲ့မှန်းမသိ၍ သူမသိချင်သော်လည်း ထပ် မမေးတော့ပဲ ခေါင်းငြိမ့်လိုက်သည်။"ကျွန်မ နားလည်ပါပြီ"
လျိုတန်းကတော့ လင်းဝေ့ကို လက်တို့ကာ
"ဘာလို့ တစ်ခါတည်း ယန်းယီကို ရှင်းပြပြီး သူ့သဘောထားကို မမေးလိုက်တာလဲ" ဟု တီးတိုးမေးလိုက်၏။
လင်းဝေ့ကလည်း အသံကိုတိုးကာ ပြန်ပြောလိုက်သည်။
"ရဲဘော်ချီထောင်က ကျွန်မကိုဝတ်ကျေတန်းကျေ ပြောခဲ့ပြီး ယန်းယီကို တစ်ကယ် မရှင်းပြခဲ့ဘူဆိုရင် ကျွန်မတို့စုံစမ်းလို့ရလာမယ့်အဖြေက ရလဒ်ကောင်းမှာမဟုတ်တာ သေချာလောက်တယ်။ ဒီည အမှန်တစ်ကယ် ယန်းယီကို ရှင်းပြခဲ့ရင်တော့ ယန်းယီလည်း ဆက်စုံစမ်းမစုံစမ်း ဆုံးဖြတ်လို့ရတာပေါ့"
ဤည ချီထောင်က ယန်းယီကို ရှင်းပြခဲ့လျင်တောင် သူကိုယ်တိုင်က ယန်းယီ နှိပ်ကွပ်ခံရသည့်ကိစ္စကို မသိဟူ၍ မဆိုလိုပေ။ လင်းဝေ့လည်း ဒီနေ့ ချီထောင်ကို ယန်းယီကို မပြောပါဟု ကတိပေးခဲ့သော်လည်း နောက်နေ့မပြောပါဟုတော့ကတိမပေးခဲ့ပါ။
ထို့ကြောင့် ချီထောင်၏ စိတ်ရင်းက မှန်ကန်လျင် စုံစမ်းမည့်ရလဒ်ကလည်း အကောင်းဘက်ကိုသာသွားမည်ဖြစ်သည်။ ထို့အပြင် ယန်းယီကလည်း ချီထောင်ကို ပိုယုံကြည်စိတ်ချလာနိုင်မည်။ ထို့ကြောင့် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်လည်း ပိုယုံကြည်မှုရှိလာမည်ဖြစ်သည်။
လျိုတန်းလည်း လင်းဝေ့ ပြောသည့်ဖြစ်လာနိုင်ချေများကိုစဥ်းစားကာ ပြောလိုက်သည်။ "ဝေ့ဝေ့ ပြောသလိုဆိုလည်း စဥ်းစားစရာဖြစ်သွားတာပေါ့"
……………………
သူတို့သုံးယောက်စကားပြောပြီးတော့ မှောင်နေပြီဖြစ်သည်။ ထို့ကြောင့် လျိုတန်းနှင့် ယန်းယိီလည်း လင်းဝေ့အိမ်မဝင်တော့ပဲ ပြန်သွားကြတော့သည်။
လင်းဝေ့လည်း တန်းရှန့်ယွင် အိမ်က သူ့ကလေးနှစ်ယောက်ကို သွားခေါ်လိုက်သည်။
တန်းရှန့်ယွင်သည် စောနက လင်းဝေ့တို့သုံးဦးသား သူမပါပဲ တစ်ခုခုပြောနေကြသည်ကို တွေ့၍ သိလို၍ လင်းဝေ့ကိုမေးလိုက်၏။"အစ်မယန်းက ဘာဖြစ်တာလဲ"
"အစ်မယန်းမှာ ကိစ္စရှိမှန်း ဘယ်လိုသိတာလဲ"ဟု လင်းဝေ့ကလည်း ပြန်မေးလိုက်သည်။
"အစ်မ ယန်းက ရှင့်ဆီ အရင်လာရှာတာလေ"
လင်းဝေ့လည်း သက်ပြင်းချကာပြောလိုက်သည်။
"အခု ပြောဖို့အဆင်မပြေသေးဘူးးးနောက်ရက်တွေကျမှ ပြောပြတော့မယ်"
လင်းဝေ့စကားကြားတော့ တန်းရှန့်ယွင်လည်း ယန်းယီ၏ အတွင်းရေးကိစ္စဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ထို့ကြောင့် သူမတို့မိတ်ဆွေလေးယောက်တွင် သူမတစ်ဥိီးတည်းသာ အကြောင်းစုံ မသိရသေးသူဖြစ်သော်လည်း စိတ်မခုပဲခေါင်းငြိမ့်လိုက်သည်။
"ရ ပါတယ်"
တန်းရှန့်ယွင်လည်း အမွှာညီအစ်ကိုနှစ်ယောက်ကို လက်ပြနှုတ်ဆက်လိုက်ပြီး ရှောင်ရှ်ီးရှီးကို အိမ်ထဲပြန်ခေါ်သွားသည်။
လင်းဝေ့နှင့်တန်းရှန့်ယွင် ပြောခဲ့သည့်စကားများကို ညိီအစ်ကိုနှစ်ယောက်ကလည်း သေသေချာချာ ကြားလိုက်ကြရာ ရွေ့ရွေ့ကတော့ သိပ်စိတ်မဝင်စားသော်လည်း စပ်စုစိန်လေး မင်မင်က လင်းဝေ့ကို အိမ်ရောက်တော့ မေးမြန်းလေတော့သည်။
"မေမေ အန်တီယန်းက ဘာဖြစ်တာလဲ"
"အန်တီယန်းက ဘာဖြစ်လို့လဲ" လင်းဝေ့ကလည်း တံခါးသော့ခတ်က မသိဟန်ဆောင်ရင်း ပြန်မေးလိုက်သည်။
"စောနက ရှောင်ရှီးရှီး မေမေပြောတဲ့ အစ်မယန်း ဆိုတာ အန်တီယန်းကို ပြောတာမဟုတ်ဘူးလား"
လင်းဝေ့လည်း မျက်ခုံးပင့်ရင်း သူ့သားကိုလှည်ကြည့်လိုက်သည်။"အိုးး သားက သိတယ်ပေါ့"
"သားက ဉာဏ်ကောင်းတယ်လေ" ဟု မင်မင်က ခေါင်းလေးမော့ကာ ဂုဏ်ယူစွာပြောလိုက်သည်။
လင်းဝေ့ကလည်း သူ့သား၏ အမူအရာကိုသဘောကျကာ ရယ်လိုက်သည်။"ဟုတ်ပါပြိီ မောင်ဉာဏ်ကောင်းလေးရယ် အိပ်ရာအမြန်ဝင်ပါတော့"
မင်မင်လည်း သက်ပြင်းလေးချကာ သူ့ညိိီလေးနှင့်အတူ အပေါ်ထပ်တက်သွားလိုက်သည်။ လှေကားနှစ်ထစ်တက်ပြီးမှ သူမေးထားသည့်မေးခွန်းပြန်သတိရလိုက်ကာ ပြန်လှည့်မေးလိုက်သည်။
"အန်တီ ယန်း ဘာဖြစ်တာလည်း ဆိုတာ မေမေ မပြောပြရသေးဘူး"
"အန်တီယန်းက ဘာမှမဖြစ်ပါဘူးကွယ်။ ဒါပေမယ့် သားအိပ်ရာ မဝင်ဘူးဆိုရင်တော့ ဝါးလုံးအရသာက ဘယ်လိုလဲ ဆိုတာကိုသိရလိမ့်မယ်"
မင်မင်လည်း အရိုက်ခံရနိုင်သည်ကို သိလိုက်ကာ လှေကားထစ်အပေါ်သို့ သူ့ခြေတံတိုတိုလေးများဖြင့်အမြန်ပြေးတက်သွားသည်။
သို့သော် ရေချိုးပြိီးကာ အပေါ်ထပ်တက်တော့မည့် ကျုံးရှောက်ကလည်း ကြားသွား၍ လက်ဆင့ကမ်းအပြေးပွဲဝင်သူကဲ့သို့ မင်မင်၏ မေးခွန်းကို ဆက်မေးလိုက်၏။
"ရဲဘော်ယန်းက ဘာဖြစ်တာလဲ"
လင်းဝေ့လည်း ကျုံးရှောက်ကိုတော့ သူ့သားမင်မင်လိုလိမ်လို့မရမှန်းသိလိုက်သည်။"သူ့ယောက္ခမနဲ့ မတ်က အလည်ရောက်နေတယ်ဆိုတာ သိတယ်မလား။ သူတို့ကြားမှာ ပြဿနာလေးတွေဖြစ်နေလို့"
အကြောင်းအရာ အသေးစိတ်ကိုတော့မပြောပြတော့ပါ။ ကျုံးရှောက်ကလည်း ထပ်မမေးပဲ သူတွေးမိသည့်အရာကို မေးလိုက်သည်။"ချီထောင် အမေနဲ့ ညီလေးက ရောက်တာ ဘယ်လောက်ကြာပြီလဲ"
"လဝက်လောက်ရှိလောက်ရောပေါ့။ ဘာဖြစ်လို့လဲ"
"ဒါဆို ချီထောင့်ညီက အလုပ်မရှိဘူးပေါ့" ဟု ကျုံးရှောင်က ထပ်မေးလိုက်ပြန်သည်။
"ရှိတယ် သူတို့ပြည်နယ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်လို့ပြောဖူးတယ်။ ဘာလို့အာ့တာတွေ မေးနေတာလဲ"
ကျုံးရှောက်က လင်းဝေ့ဘေး ဝင်ထိုင်ရင်းပြောလိုက်သည်။
"ကိုယ်သိသလောက်တော့ ချီထောင်က ဟွေးပြည်နယ် စီရင်စုကလေ။ သူ့ဇာတိမြို့ကနေ ကျွန်းပေါ်လာမယ်ဆို ကိုယ်တို့ထက်တောင် နှစ်ရက်ပိုကြာဦးမယ် ဆိုတော့ တစ်ခါလာလည်ရင် ခရိီးက လဝက်လောက်ကြာတယ်လေ။ အခု ကျွန်းပေါ် ရောက်နေတာလဲ လဝက်လောက်ကြာနေပြိီဆိုတော့ ပြန်မသွားတာ တစ်လတောင်ကြာနေပြီပဲ။ ဘယ်ဌာနမှ အာ့လောက် ခွင့်ရက်ရှည်မပေးလောက်ဘူးထင်တယ်"
ဇာတိမြေ ပြန်ကာ မိန်းမယူကြသည့်စစ်သားများနှင့် အိမ်ထောင်သည်စစ်သားများကိုပင် နှစ်နှစ်သုံးနှစ်နေမှ တစ်ခါခွင့်ရက်ရှည် ရကြသည်။ ထိုခွင့်ရက်ရှည်ကလည်း တစ်လထက်ပိုခွင့်မပြုပေးချေ။ ထို့ကြောင့် ချီထောင်၏ ညီလေး သူ့အစ်ကိုဆီလာလည်ဖို့ကို ဘယ်ဌာနမှ ဤမျှ ခွင့်ရက်ရှည်ပေးမည်မဟုတ်ချေ။
"ဟုတ်တယ်နော် ဘာလို့အာ့လောက်ကြာအောင်နေနေပါလိမ့်?" ဟုတွေးလိုက်ကာ သူမလက်ကို ခါပြလိုက်ကာ
"ဒါပေမယ့် အဓ်ိက ပြဿနာကြီးက အာ့တာတော့မဟုတ်ဘူး" ဟု ကျုံးရှောက်ကို ပြောလိုက်သည်။
"ဒါဆို ဘာပြဿနာလဲ?"
လင်းဝေ့လည်း ပြောပြချင်သော်လည်း မပြောရန်ဆုံးဖြတ်လိုက်သည်။"ရက်အချို့ကြာပြီး အကြောင်းစုံသိရရင် ကျွန်မရှင့်ကိုပြောပြပါ့မယ်"
"ဟုတ်ပါပြီ အာ့အချိန်ကျမှ ပြောပြလည်း ရပါတယ်။ အခုတော့ အာ့ကိစ္စနဲ့ပတ်သက်ပြီး သိပ်မစိုးရိမ်နဲ့" ဟုပြောကာ လင်းဝေ့ပါးလေးကို ဆွဲလိုက်၏။
လင်းဝေ့လည်း မူလ ယန်းယီ ပြဿနာကိုတွေးက သက်ပြင်းချရန်ပြင်နေသော်လည်း ကျုံးရှောက်၏ အပြုအမူကြောင့် ဒေါသလေး ထွက်သွား၏။" လူကို ကလေးများမှတ်နေလားး"
.......
ချီထောင်က လင်းဝေ့ကို မညာခဲ့ပါ။ ထိုညမှာပဲ ယန်းယီကို အကြောင်းစုံရှင်းပြခဲ့ပြီး အမျိူးသမီးချီကို ယန်းယီအားတောင်းပန်စေခဲ့သည်။
ချီမိသားစု၏ ဒုတိယသား အိမ်ထောင်ကျပြီးကတည်းက အမျိုးသမီးချီ၏ စိတ်ထားပြောင်းလဲသွားခဲ့တာဖြစ်သည်။ ထိုစဥ်ကတည်းက ယန်းယီကို နှိမ့်ချဆက်ဆံခဲ့တာဖြစ်သည်။ ထို့ကြောင့် ယန်းယီသည် သူ့ယောက္ခမတောင်းပန်သည့် အခိုက်အတန့်တွင် အကျေနပ်ကြီး ကျေနပ်နေမိသည်။
ကျေနပ်နေသည့် ယန်းယီကိုကြည့်ကာ လင်းဝေ့က မေးလိုက်သည်။"ဒါဆို ချီထောင်ကို ထပ်စမ်းသပ်ဦးမှာလား"
ယန်းယီ၏ ပြုံးနေသည့်မျက်နှာတည်သွားသည်။ သူမနှုတ်ခမ်းကိုကိုက်ကာ အချိန်အတော်ကြာစဥ်းစားရင်းခေါင်းငြိမ့်လိုက်သည်။
"ကျွန်မ စမ်းသပ်ကြည့်ချင်သေးတယ်။"သူမ ချီထောင်ကို ယုံသည်က ဆယ်ပုံမှာ ခြောက်ပုံခုနှစ်ပုံခန့်သာ ရှ်ိသေး၏။ သူမရင်ထဲတွင် မကျေနိုင်သည့်အခဲကြီးရှိနေသေးရာ ရှင်းရှင်းလင်းလင်း သိရမှဖြစ်မည်။
"အဖြေက ရှင်လိုချင်တဲ့ အဖြေမဟုတ်ခဲ့ရင်ကော"ဟု လင်းဝေ့ကမေးလိုက်၏။
ယန်းယီကလည်း ထပ် ခေါင်းငြိမ့်လိုက်သည်။"ကျွန်မလုပ်မယ်"