Chapter 93
Vol. 8 Ch. 93
ယန်းယီက စိတ်ဆုံးဖြတ်ပြီးဖြစ်၍ ထိုညတွင် လျိုတန်းက သူ့ယောကျာ်းရှင်းတုန်းကို ပြောပြရန် လမ်းစရှာလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ကျွန်မတွေးနေတာလေးရှိတယ်။ စိတ်ထဲဘယ်လိုမှ နေလို့ မကောင်းဘူးဖြစ်နေလို့"
ကုတင်ဘေးတွင် အဝတ်လဲနေသည့်ရှင်းတုန်းက လျိုတန်းစကားကိုကြားတော့ သူမိန်းမဘက်ခေါင်းလှည့်လာကာ မေးလိုက်သည်။"ဘာဖြစ်နေလို့လဲ"
" ရှောင်ယန်းနဲ့ သူ့ယောက္ခမလေ"
" သူတို့သမီးယောက္ခမက ဆက်ဆံရေး အဆင်မပြေလို့လား ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ။ လွန်ခဲ့တဲ့ရက်က ရှောင်ယန်း ယောက္ခမ ရှောင်ယန်းကို ဘယ်လိုပြောလိုက်သလဲ ဆိုတာ ရှင်မကြားလိုက်ဘူးလား။ ရှောင်ယန်းက ရှောင်တန်းကို သွားရှာတဲ့အကြောင်း ရှောင်လင်းက ပြောပြတော့ ရှောင်ယန်းရဲ့ ယောက္ခမက ဘာပြောတယ်ထင်တယ်။ အလုပ်မရှိအလုပ်ရှာ လျှောက်သွားနေတယ်လို့ ပြောတယ်လေ။ရှင်ပဲစဥ်းစားကြည့်လေ အာ့လိုပြောစရာလား။ တစ်ကယ်လို့ ကျွန်မ လျှောက်လည်နေရင် ရှင်ကော အာ့လို ပြောမှာလား"
ရှင်းတုန်းလဲ စဥ်းစားကြည့်လိုက်ကာ မပြောပါဘူး ဟုတွေးလိုက်သည်။
"ဒါပေမယ့်ကိုယ်တို့နဲ့တော့ အခြေအနေမတူဘူးလေ။ သူတို့က သမီးယောက္ခမလေ။ ကိုယ်တို့က လင်မယားတွေလေ"
"အော် ရှင်ပြောသလိုဆိုရင် သမီးယောက္ခမတွေက လူရှေ့ချစ်ခင်ပြပြီး ကွယ်ရာကျ နှိမ်လို့ရတယ်ပေါ့" ဟု ပြန်မေးလိုက်သည်။
"ဟာ ဘယ်လိုလုပ် အာ့ဒီအဆင့်ထိ ရောက်သွားရတာလဲမိန်းမရယ်။ ချီထောင်အမေက ကျေးလက်ကလာတာမို့လို့ သူပြောချင်တာကို ဘာမှမတွေးပဲ ပြောလိုက်တာမို့လို့ပါ"
"ကျွန်မတော့မထင်ဘူး မသိလို့ပြောလိုက်တာတို့ ဒီအတိုင်းပြောလိုက်ကာ တာပါ ဆိုတာက နားထောင်ကောင်းအောင်ပြောတဲ့စကားလုံးတွေပဲ"ဟု လျိုတန်းက ပြောကာ ကုတင်တစ်ဖက်ကိုလှည့်သွားပြီး "ကျွန်မ အာ့ထက်ဆိုးတဲ့ကိစ္စတစ်ခုကိုလည်း လွန်ခဲ့တဲ့နှစ်ရက်ကကြုံဖူးသေးလို့ပြောနေတာ"
"ဘာဖြစ်လို့လဲ?"
"လွန်ခဲ့တဲ့နှစ်ရက်လောက်က ယန်းယီတို့ အိမ်ဘက်က ဆူညံသံတွေကြားလိုက်တော့ ဘာဖြစ်တာလဲ သိချင်လို့ တံခါးသွားခေါက်ကြည့်လိုက်တယ်လေ။ အာ့အချိန်ဘာဖြစ်နေတာလဲ ဆိုတာ ရှင်သိလား"
"ဘာဖြစ်နေတာလဲ"ရှင်းတုန်းကလည်း အလိုက်အထိုက် ပြန်မေးလိုက်သည်။
"အာ့တုန်းက အမျိုးသမီးချီက တံခါးလာဖွင့်ပြီး သူ့သားကို ဆူနေတာပါ ဆိုပြီးပြောတယ်လေ"
"တစ်ကယ်ပဲ သူ့သားကို ဆုံးမတာဖြစ်မှာပေါ့"ဟု ရှင်းတုန်းက ပြောပြီး သူ့မိန်းမကို သူ့ဘက် ဆွဲလှည့်ကာ ဖတ်လိုက်ပြီး အနမ်းပေးလိုက်၏။ သို့သော် လျိုတန်းက သူ့ကိုတွန်းထုတ်လိုက်သည်။
"ရှင်အာ့လောက် ကန်းရလား အမျိုးသမီးချီက သူ့သားငယ်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ရှင်လဲသိမှာပဲ။ ဆူဖို့မပြောနဲ့ စကားကျယ်ကျယ်တောင် မအော်ဖူးတာကို သူသားကို ဆူပူနေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှင်းတုန်းလည်း တိတ်သွားကာ လက်ကို ခေါင်းဦးလုပ်မှီလိုက်ပြီးမျက်လုံးမှေးကာ သူ့မိန်းမကိုကြည့်လိုက်သည်။
"မင်းပြောပုံအရဆိုရင် သူ့သားကို ဆူတာမဟုတ်ပဲ သူ့ချွေးမကို ဆူနေတာပေါ့"
" သေချာတာပေါ့ ."
"ဒါပေမယ့် အမျိုးသမီးချီက သူ့ချွေးမအပေါ် အမြဲတမ်းကောင်းတာပဲကို"
"သူ့ချွေးမအပေါ် ကောင်းတာတော့ဟုတ်ပေမယ့် အာ့တာ အပေါ်ယံပဲ။ သူ့ချွေးမအပေါ် တစ်ကယ်ကောင်းရင် မနေ့ညနေကလို စကားမျိုးထွက်လာမှာကိုမဟုတ်ဘူး။ အာ့တာ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးဆက်ဆံတယ်ဆိုတဲ့သဘောပဲလေ။ လူကွယ်ရာမှာ သူ့ကို ဘယ်လိုဆက်ဆံနေလဲမှမသိတာ။ သူ့ယောက္ခမ ရောက်လာကတည်းက ယန်းယီမျက်နှာလေးဆို အမြဲညိုးနေရှာတာ"
ရှင်းတုန်းကတော့ လျိုတန်း အတွေးလွန်နေသည်ဟုထင်နေ၏။"မင်းက အရမ်းအဆိုးမြင်လွန်းနေပါပြီ။ ယန်းယီဘက်မှာ ချီထောင်ရှိသေးတယ်လေ။ မနေ့ညနေကကိစ္စဆိုလည်း ချီထောင်က သူ့အမေကိုတောင် ပြန်တောင်းပန်ခိုင်းခဲ့သေးတာပဲဆိုတော့ သူ့မိန်းမကိုတော့ ချီထောင်မပစ်ထားလောက်ပါဘူး"
"အာ့တာကလည်း ရှောင်လင်းကပြောပြလို့ပါနော်။လူတွေအများကြီးကလည်း ကြည့်နေတော့ သူတစ်ခုခုတော့လုပ်ပေးမှဖြစ်မှာပေါ့"ဟုပြောပြီး လျိုတန်းက တီတိုးပြန်ပြောလိုက်သည်။
"သူ့ကွယ်ရာမှာ လုပ်တာကိုတော့ သူသိမှာမှ မဟုတ်တာ"
"မိန်းမရယ် မင်းကအရမ်းရိုးတာပဲ။ ချီထောင်က သူ့အိမ်မှာ အိမ်ထောင်ဦးစီးပဲလေ။ သူ့အိမ်ထဲမှာ ဖြစ်ပျက်နေတာ သူမသ်ိရင် သူငတုံးငအဖြစ်သွားမှာပေါ့" ဟု ရှင်းတုန်းက လျိုတန်းကို ပြောလိုက်သည်။
လျိုတန်း မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ "ဒါဆို ရှင်ပြောချင်တာက ချီထောင်က သူ့မိန်းမ အနိုင်ကျင့်ခံနေရတာကို သူသိတယ်ပေါ့"
ရှင်းတုန်း လေသီးမိသွား၏။ "ကိုယ်ပြောချင်တာ အာ့လိုမဟုတ်ဘူးလေ။ မင်းကလဲ ဒါကျ ချက်ချင်းအတွေးပေါက်တယ်နော်" သူဆိုသည့်သဘောက တစ်ခြားဘက်သို့ရောက်သွား၏။
သို့သော် သူ့မိန်းမက လက်မခံပေ။လှဲနေရာမှ ထကာပြောလိုက်သည်။"မဟုတ်ဘူး ရှင် ဒီကိစ္စကို ချီထောင်သိမသိ မေးကြည့်ပေးရမယ်"
ရှင်းတုန်းလည်း ဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။
"မိန်းမ ကိုယ်ခုပြောလိုက်တာကို နားမလည်လိုက်ဘူးလား"
"နားလည်တယ်လေ။ ဒါပေမယ့် အမျိုးသမီးချီကတော့မဟုတ်သေးဘူးလို့ ကျွန်မထင်တယ်။ ချီထောင်ကလည်း ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်။ ဒါ့ကြောင့် ချီထောင်ဒီကိစ္စကိုသိမသိ ရှင် ချီထောင်ကို မေးပေးရမယ်"
ဟာာ သူ့မိန်းမကလည်း ခေါင်းမာလိုက်တာ။ သူသိချင်တာရှိရင် မသိရမချင်း စိတ်မအေးတတ်ဘူး။
ရှင်းတုန်းလည်း သူ့မိန်းမနဲ့ပြိုင်ငြင်းမနေပဲ နားချလိုက်သည်။"ဟုတ်ပြီ ချီထောင်အမေက မှားနေတယ် ဆိုရင်တောင် ချီထောင်ကလဲ သိသိနဲ့ လျစ်လျူရှုထားတယ် ဆိုရင်ကော ကိုယ်တို့ကမေးပြီး ဘာလုပ်ရမှာလဲ။ ယန်းယီကိုသွားပြီး မင်းယောကျာ်းက မင်းကိုလျစ်လျူရှုထားတယ် သူနဲ့မနေသင့်ဘူး အာ့လိုသွားပြောပြီး သူများမိသားစုကို ဖျက်စီးမလို့လားး"
လျိုတန်းကလည်း စဥ်းစားလိုက်သည်။ ယန်းယီက သူ့ယောက္ခမနဲ့ကော အဆင်မပြေ သူ့ယောကျာ်းကလည်း သူ့ဘက်မပါရင် ဘာလို့အတူဆက်နေရမှာလဲ။ ဒါတွေအကုန်လုံးက ချီထောင့်အမေ မျက်နှာဖြူရဲ့ အပြစ်တွေပဲကို။
ထို့ကြောင့် လျိုတန်းလည်း မေးခိုင်းသည့်ကိစ္စကို ထိုမှာမရပ်လိုက်ပဲ ရှင်းတုန်းကိုပြောလိုက်သည်။"ဘာပဲဖြစ်ဖြစ် ရှင် မေးကို မေးပေးရမယ်။ မဟုတ်ရင် ချီထောင်နဲ့အပေါင်းအသင်းလုပ်တဲ့ ရှင့်ကိုလည်း တစ်ကျိတ်ထဲ တစ်ဉာဏ်ထဲပဲလို့ သတ်မှတ်လိုက်မယ် ဒါပဲ။
ရှင်းတုန်းလဲ သူ့မိန်းမစကားကြောင့် စိတ်ဆိုးဒေါသထွက်ရမလိုဖြစ်သွားသည်။"မိန်းမနဲ့ လူယုတ်မာတွေရဲ့ အလိုကို လိုက်ပေးရတာ ခက်လိုက်တာ"
…………………
သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ ရှင်းတုန်းသည် သူ့မိန်းမပြောသည့်အတိုင်း ချီထောင်ကို မေးပေးရတော့မည်။ ထို့ကြောင့်ညနေခင်း စစ်တန်းလျားက အပြန် ရပ်ကာ စကားပြောကြစဥ်မေးမြန်းလိုက်၏။
သူတို့နှစ်ဦးက ရင်းနှီးသည့် ဆက်ဆံရေးရှိကြသော်လည်း တစ်ဦးနှင့်တစ်ဦး မိသားစု အတွင်းရေးကို တစ်ခါမှ မမေးမြန်းဖူးကြပေ။ ထို့ကြောင့် ရှင်းတုန်းက ရုတ်တရက် သူ့အိမ်တွင်းရေး မေးလာသောအခါ ချီထောင်သည် သံသယရှိလာကာ မေးလိုက်သည်။
"ရုတ်တရက်ကြီး ဘာလို့ ကျွန်တော့်အိမ်တွင်းရေးကို မေးရတာလဲ"
"ကျွန်တော်……"
ရှင်းတုန်းလည်း သက်ပြင်းချကာ ချီထောင်ကိုကြည့်လိုက်သည်။ "ကျွန်တော့်အမျိုးသမီးကြောင့်ပါ။ လွန်ခဲ့တဲ့ ရက်တွေက မင်းတို့အိမ်မှာ ဆူညံသံကြားလို့ ရဲဘော်ယန်းလည်း မျက်နှာမကောင်းဘူးဖြစ်နေလို့ သူကလည်း စိတ်ပူတာနဲ့ မင်းတို့အိမ်မှာ ပြဿနာများဖြစ်နေလားသိချင်လို့ပါ။"
"ရဲဘော်လျို့က ကျွန်တော်အိမ်ဘက်က ဆူညံသံကြားလိုက်တယ်"
"ဟုတ်တယ် မင်းအမေရောက်ပြီးနောက် လွန်ခဲ့တဲ့အပတ်က မင်းတို့အိမ်ဘက်ကနေ ဆူပူသံတွေကြားလို့ သွားမေးကြည့်တော့ မင်းအမေက မင်းညီလေးကို ဆူနေတာလို့ပြောတော့ လျိုတန်းလည်း ထပ်မမေးတော့ပဲ ထွက်လာလိုက်တာ။ နောက်ငါးမိနစ်လောက်ကြာတော့ ဆူပူသံ ထပ်ကြားလိုက်ရတယ်တဲ့။ လျိုတန်းလည်း အာ့ကိစ္စကို ဆက်မတွေးတော့ပေမယ့်……"
ရှင်းတုန်းလည်း ဆက်မပြောပဲ ချီထောင်မျက်နှာကို လှမ်းကြည့်လိုက်သည်။
ချီထောင်ကလည်း သိလို၍ မေးလိုက်သည်။"ဒါပေမယ့် ဘာဖြစ်လဲ"
"လွန်ခဲ့တဲ့ရက်က ရဲဘော်လင်း ကျွန်တော့မိန်းမဆီကိစ္စရှိလို့ လာသေးတယ်လေ။ တစ်ကယ်တော့ဘာကိစ္စမှ မရှိဘူး။ ရဲဘော်ယန်းကို နှစ်သိမ့်ပေးဖို့ လာခေါ်တာတဲ့"
ချီထောင်စိတ်ရှုပ်သွားပြီး ရှင်းတုန်းပြောနေသည့်စကားကို ရပ်ခိုင်းလိုက်ကာ မရှင်း၍ ထပ်မေးလိုက်သည်။
" ရှောင်ယန်းက ဘာဖြစ်လို့လဲ"
"ကျွန်တော့်မိန်းမပြောတာ ရဲဘော်လင်းအိမ်သူရောက်သွားတော့ ရဲဘော်ယန်းက ငိုနေတယ်တဲ့။ ဘာလို့ငိုတာလဲမေးတော့လဲ ပြန်မဖြေဘူးတဲ့" ရှင်းတုန်းလည်း သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
"ကျွန်တော်မိန်းမလည်း အာ့ကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်ရက်လုံး စိတ်မကောင်းဘူးဖြစ်နေရှာတာ။ မင်းများ တစ်ခုခုသိထားလား မေးခိုင်းနေလို့"
" ကျွန်တော်……"
ချီထောင်လည်း တိတ်ဆိတ်သွားသည်။ သူ့မိန်းမ ယန်းယီ တစ်ခုခုဖြစ်နေမှန်းတော့ သူသိပါသည်။
သူတစ်ညနိုးလာတော့ ညလယ်ခေါင်ကြီး ယန်းယီတစ်ယောက်ထဲ ငိုနေသည်ကို ကြုံဖူး၏။ ဘာဖြစ်လို့လဲမေးကြည့်သော်လည်း ဘာမှမပြောပေ။ နောက်တစ်နေ့မနက်ခင်းရောက်တော့လည်း သူ့ကိုအကြာကြီး စိုက်ကြည့်ပြီး ဘာမှ မပြောပဲ အခန်းအပြင်ထွက်သွားပြန်သည်။
ထိုအချိန်က ချီထောင်လည်း အလုပ်ကိစ္စကြောင့် စိတ်ရှုပ်ထွေးနေ၍ သူ့မိန်းမကို သေချာ မမေးမိသေးပေ။ထို့ကြောင့် ယန်းယီ နေထိုင်မကောင်း၍ ဂရုစိုက်ပေးရန် သူ့အမေကို မှာခဲ့ရ၏။
ရဲဘော်လင်းတို့ လာသည့်နေ့ကလည်း သူ့အမေစကားမှားသည့်ကိစ္စနှင့်ပတ်သက်၍ ယန်းယီကိုပြန်တောင်းပန်ခိုင်းခဲ့သည်။
ထိုညကတော့ ယန်းယီ မျက်နှာ အနည်းငယ် ရွှင်ပျနေခဲ့သည်ကို မှတ်မိလိုက်သည်။ အခု ရှင်းတုန်းပြောပုံအရဆိုလျင်……
"ရဲဘော်လျို ကျွန်တော့်အိမ်မှာ ဆူပူသံတွေကြားရတဲ့နေ့က ဘယ်နေ့လဲ သိလား"
"လွန်ခဲ့တဲ့အပတ်က ထင်တာပဲ ရက်အတိအကျတော့မမှတ်မိတော့ဘူး" ဟု ရှင်းတုန်းကဖြေလိုက်ပြီး ချီထောင်မျက်နှာကို အကဲခတ်လိုက်သည်။
"တစ်ကယ်ပဲ မင်းအိမ်မှာ ကိစ္စတစ်ခုခုရှိခဲ့တာလား"
ချီထောင်က ပြန်မဖြေချေ။"ကျွန်တော် ရဲဘော်လျိုကို အသေးစိတ်လေး ထပ်မေးကြည့်လို့ရမလား"
"မေးလို့ရပါတယ်။ သူလည်း အာ့ကိစ္စနဲ့ပတ်သက်ပြီး အရမ်းသ်ိချင်နေလို့ မင်းကိုတောင် မေးခိုင်းနေတာ။ ဒါပေမယ့် တစ်ကယ်ပဲ ကိစ္စတစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲ"
ချီထောင်ကလည်း ဘာမှ ပြန်မဖြေပေ။ "ကျွန်တော် ဒီကိစ္စကိုအရင်ဆုံး သိအောင် လုပ်လိုက်ပါဦးမယ်"
"ဟုတ်ပါပြီ."
……………………
ရှင်းတုန်း အိမ်ပြန်ရောက်လာသည်နှင့် သူ့ကို စောင်မျှော်နေသည့် လျိုတန်းက အိပ်ခန်းထဲ တန်းခေါ်သွား၏။
"ဘယ်လိုလဲ ရှင်မေးလိုက်တော့ ချီထောင်မျက်နှာ အမူအရာက ဘယ်လိုလဲ"
ရှင်းတုန်းကလည်း ချက်ချင်းမပြောပြပဲ သူ့လည်ချောင်းကို အရင်ရှင်းလိုက်သည်။ "ကိုယ်တပ်ထဲ ရောက်ကတည်းက တစ်ခါမှ အခုလို သူများနဲ့ လမ်းဘေးမှာ အကြာကြီး စကားရပ်မပြောဖူးဘူး။ ကိုယ့်လည်ချောင်းတွေဆို လည်း ချောက်ကပ်ကုန်ပြီ။ မင်းမှာများ……"
လျိုတန်းလည်း သူ့ယောကျာ်းက တန်းမပြောပြပဲ ဘာတွေ လေရှည်နေတာလဲ ဟုတွေးလိုက်၏။ သူတို့လင်မယားသက်တမ်းကလည်း ဆယ်နှစ်ခန့်ကြာပြီဖြစ်၍ ထိုသို့အရိပ်အမြွက်ပြောလိုက်သည်နှင့် နားလည်လိုက်သည်။
"နေဦး " ဟုပြောကာ အခန်းအပြင်ထွက်သွားကာ ရေတစ်ခွက် ခပ်လာလိုက်သည်။
ကြွေရည်သုတ်ခွက်ကို ယူပြီး ရေတစ်ငုံသောက်ကာ ရှင်းတုန်းကမေးလိုက်သည်။ "ဘာလို့ ရေအေးလဲ"
"အပြင်ဘက်မှာ ပူတော့ ရေအေးလေး အရင်သောက်လိုက်လေ။ ရှင် ရေနွေးကြမ်းသောက်မယ် ဆိုလည်း ကျွန်မ ချက်ချင်းလုပ်ပေးလိုက်မယ်။ အခုချိန်ပူပူကြီး သောက်မလို့လား"ဟု ရလဒ်ကို အမြန်သိချင်နေသည့်လျိုတန်းက သူ့ယောကျာ်းကို ကြိမ်းလိုက်၏။
" ဒါဆိုရပါပြီ" ဟု ရှင်းတုန်းလည်း ရှက်ရှက်နဲ့ ပြောပြီး ရေအေး တစ်ငုံထပ် သောက်လိုက်သည်။
"မိန်းမ မင်းမေးခိုင်းလို့သာ ကိုယ်မေးပေးခဲ့တာ နော် တစ်ခြားမိန်းမ သာဆို ကိုယ် ဂရုကိုစိုက်မှာ မဟုတ်ဘူး"
"အော် ရှင့်မှာ တစ်ခြား ဂရုစိုက်ရမယ့်သူရှိသေးတယ်ပေါ့" ဟု လျိုတန်းက မျက်လုံးမှေးကာ မေးလိုက်သည်။
ရှင်းတုန်းလည်း အလျင်အမြန် ရှင်းပြလိုက်ရသည်။"ကိုယ့်မှာ မင်းအပြင် တစ်ခြား လုံးဝမရှိပါဘူး"
"ဒါဆို ကျွန်မသိချင်တာ အမြန်ပြောပြ" လျိုတန်းသည် စားသောက်ဆိုင်ကန်တင်းက စားလာခဲ့ပြီး ဖြစ် သော်လည်း သူမကလေးများ အပြင်မှာ ထမင်းစားနေကြ၍ သူမလည်း ထပ်စားချင်နေသေး၏။
"ဟုတ်ပြီ ဟုတ်ပြီ ပြောပြမယ်"ရှင်းတုန်းလည်း ရေတစ်ခွက်လုံး ကုန်အောင်သောက်လိုက်ပြီး ချီထောင်နှင့် ပြောခဲ့သည့် စကားဝိုင်းအကြောင်း အကုန်ပြောပြလိုက်သည်။