← Chapters

Chapter 95

Vol. 8 Ch. 95

Chapter 95

Vol. 8 Ch. 95

လျိုတန်းက ထိုသို့တွေးလိုက်ရင်း လင်းဝေ့ကိုမေးလိုက်သည်။"မူလတန်းအစားထိုးဆရာမက ဘယ်အချိန်လောက်အထိ လုပ်ရမှာတဲ့တုန်း"

" သုံးလလောက်ပါပဲ။ ဆရာမချန် ခြေထောက်ပြန်ကောင်းသွားတဲ့အထိပေါ့။ ဘာဖြစ်လို့လဲ"

"ကျွန်မ အထင်တော့ ညွှန်ကြားရေးမှုးလော့က အရမ်းအညိုးထားတတ်လို့ ဝေ့ဝေ့ရဲ့ ယာယီအလုပ်ပြီးရင်နောက်ထက်အလုပ်တွေညထပ် မစီစဥ်ပေးလောက်ဘူးနော်" ထိုသို့ပြောပြီး လျိုတန်းကပင် လင်းဝေ့ကို ထပ်အကြံပေးလိုက်၏။

"အာ့တော့ ကျွန်မအနေနဲ့ ဝေ့ဝေ့ကို အကြံပေးချင်တာက ယာယီသုံးလအတွင်း အကောင်းဆုံးလုပ်ပြီး အမြဲတမ်းဆရာမဖြစ်အောင် ကြိုးစားလိုက်ပါလားလို့"

"မူလတန်းကျောင်း ဆရာမအလုပ်က ကြိုးစားလုပ်ရုံနဲ့အလုပ်ရမှာမှ မဟုတ်တာ သူတို့က လူအသစ်ထပ်ခေါ်ချင်ဦးမှလေ။ ကျွန်မကြိုးစားပြတာနဲ့ နေရာရနိုင်တယ်လို့ အစ်မက ထင်နေတာလား"ဟု လင်းဝေ့က ပြုံးကာ ပြောလိုက်သည်။

" အာ့တာလည်း ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဆရာမနှစ်ယောက်စလုံးက တစ်ခါတည်း ဆေးခွင့်တင်သွားကြတော့ နောက်တစ်ခါလည်း ဒါမျိိုးထပ်ကြုံလာနိုင်တယ် ဆိုပြီး ကျောင်းအုပ်က စိတ် ပြောင်းပြီး နောက်ထပ် ဆရာမတစ်ယောက်လည်း ထပ်ခန့်လိုက်နိုင်တာပဲလေ။ ပြီးတော့ ကျွန်မ အမြင်အရာ ဆရာမလုပ်တာက အခြေစိုက်စခန်းအပြင်ဌာနက တစ်ခြားအလုပ်တွေထက်ပိုကောင်းတယ်လို့ထင်တယ်"

"အစ်မက အခု အလုပ်မှာ အဆင်မပြေလို့လား"ဟု လင်းဝေ့က ပြုံးရင်းမေးလိုက်သည်။

"အလုပ်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဌာနတွေမှာလည်း အလုပ်လစ်လပ်နေရာ ရှိလာဖို့က သိပ်မဖြစ်နိုင်ဘူးလေ။ ပြီးတော့ တစ်ခြားဌာနတွေမှာ အလုပ်လုပ်တာက ကျားပါးစပ်ထဲက ယုန်သူငယ်လေးလိုပဲ အထက်ကိုကြည့်ရသေးတယ်လေ"

လင်းဝေ့ကလည်း လျိုတန်းက အပြောကို သဘောကျကာ တစ်ဟားဟား ရီလိုက်၏။"အစ်မက စကားအရမ်းတတ်တာပဲ"

"ကျွန်မက အမှန်ပြောနေတာ"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ" လင်းဝေ့လည်း လျိုတန်းပြောသည်ကို လက်ခံကြောင်း ပြန်ပြောလိုက်သည်။

"ကျွန်မလည်း အခုလက်ရှိအလုပ်ကို သေချာလုပ်ပါ့မယ်။ ကျွန်မ အနာဂတ်မှာ အသက်ရှင်နေသရွေ့ လုပ်နိုင်သမျှ လုပ်ပါ့မယ်"

အမှန်တော့ လင်းဝေ့သည် နောက်နှစ် သြဂုတ်လအထိပင် အလုပ်လုပ်ရန် စိတ်မကူးပါ။ မူလတန်းကျောင်း၏ အရေးပေါ် လိုအပ်ချက်ကြောင့်ရယ် အလုပ်ကလည်း ယာယီဝန်ထမ်းသာဖြစ်၍ လက်ခံခဲ့ခြင်းဖြစ်သည်။

မူလတန်းကျောင်း ယာယီဆရာမအလုပ်က သုံးလပြီးလျင် နားလိုက်သော်လည်း လင်းဝေ့သည် ကျန်သည့်ကိုးလကို သူမမိသားစုနှင့်သာ အချိန်ဖြူန်းမည်ဖြစ်၏။ သူမ သေဆုံးမည့်ရက်ကို ကျော်လွန်သွားတိုင်မှ အထက်တန်းပြန်တက်ပြီး တက္ကသိုလ်ဆက်တက်နိုင်အောင်ကြိုးစားမည်ဟု တွေးထား၏။

လင်းဝေ့အနေဖြင့် အထက်တန်း ပထမနှစ်လည်း လဝက်ကျော်ခန့်တက်ခဲဖူး၍ အခြေခံသိပြီးသားဟုပြောနိုင်ပြီဖြစ်သည်။ ထို့ကြောင့် နှစ်နှစ်ခန့်ကြိုးစားကာ စာလေ့လာလိုက်ပါက ကောလိပ် ဝင်ခွင့် စာမေးပွဲကို အောင်မြင်နိုင်လိမ့်မည်ဟု ထင်ပါသည်။

သူမအတွက် အကြီးမားဆုံး အခက်အခဲက ကျုံးရှောက်နှင့် ကလေးနှစ်ယောက်ဖြစ်သည်။ ကျွန်းပေါ်မှာ ကောလိပ် ရှိသော်လည်း ယဲ့ချန် မြိို့တွင်သာ ရှိ၏။ ယဲ့ချန်မြို့က ကျွန်း၏ အရှေ့မြောက်ဘက်တွင်ရှိပြီး ယန်ရှန်းမြို့က အနောက်တောင်ဘက်တွင်ရှိ၍ အကွာအဝေးက မနီးပါ။

ထို့အပြင် ကျုံးရှောက်၏ အလုပ်ကလည်း အပြောင်းအရွေ့ခက်လှ၏။ ထို့ကြောင့် လင်းဝေ့သည် ကောလိပ်ဝင်ခွင့်အတွက် ပြင်ဆင်ရင်း သူမ၏ ကံကြမ္မာပြောင်းလဲတာကို စောင့်သည်က ပိုကောင်းမည်ဟု ထင်မိ၏။

ထို့အပြင် ၁၉၈၀ ခန့်တွင် အစိုးရက ပြည်သူများကို စီးပွားရေးလုပ်ရန် စည်းကမ်းများ လျော့ပေါ့ပေးသည့်အချိန်လည်း ရှ်ိလာမည်ဖြစ်သည်ထိုအချိန်တွင် သူမအတွက် အလုပ်ရှာရပိုလွယ်လာသလို အခွင့်အလမ်းလည်း ပိုများမည်ဖြစ်၏။

ထို့ကြောင့် လင်းဝေ့သည် အလုပ်ရမည် မရမည်ကို မစိုးရိမ်ပါချေ။ မခက်ခဲသည့် အလုပ်ကို စီစဥ်ပေးလျင်လည်း လုပ်မည်။ အလုပ်မရလျင်လည်း အိမ်မှာပဲနေကာ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်မည်ဖြစ်သည်။ သူမ အသက်ရှင်နေသရွေ့ သူမ၏ အနာဂတ်လမ်းခရီးက ရှည်လျားဦးမည်ဖြစ်သည်။

…………………

လျိုတန်းသူမဆီ လာသည်က ယန်းယီကိစ္စပြောရန်ဖြစ်သော်လည်း ကျန်သည့် အကြောင်းအရာများက အလာဘ သလာဘများသာ ပြောဖြစ်ကြ၏။ ထိုသို့ပြောကြရင်း မိုးချုပ်လာ၍ လျိုတန်းလည်း အိမ်အမြန်ပြန်သွား၏။ အိမ်အလုပ်များလည်း ရှိသေးသည်ကိုးး။

လျိုတန်း ပြန်သွားတာနဲ့ ကျုံးရှောက်လည်း အိမ်ထဲပြန်ဝင်လာသည်။ သို့သော် လက်ထဲက စာအိတ်ကတော့မရှိတော့ပဲ ဆေးလိပ် ဘူးသာ ရှိတော့၏။ အိမ်ထဲဝင်လာပြီး ရေသောက်လိုက်ကာ ဆေးလိပ်ဘူးကို စားပွဲပေါ် တင်လိုက်သည်။

အိမ်အလုပ်လုပ်နေသည့်လင်းဝေ့လည်း စားပွဲပေါ်က ဆေးလိပ်ဘူးကို ကောက်ယူကာ စစ်ကြည့်လိုက်ရာ နှစ်လိပ်သောက်ထားသည်ကို တွေ့လိုက်ရသည်။ နှစ်လိပ်ဆိုတော့ သိပ်တော့မများပေ။

လင်းဝေ့၏ စစ်ဆေးနေပုံကိုတွေ့တော့ ကျုံးရှောက်သည်ပြုံးမိသွားကာ သောက်ရေခွက်ကိုချပြီး လင်းဝေ့နား ကပ်သွား၏။"ကိုယ့်ကိုကော အနံ့ခံကြည့်ဦးမလား"

လင်းဝေ့ကတော့ ကျုံးရှောက်ပြောသည်ကို ပြန်မဖြေပဲ မေးလိုက်သည်။"ဆေးလိပ်သောက်ပြီးသွားတော့ စိတ်အခြေအနေကောင်းသွားပြီလား"

"အင်း ကောင်းလုနီးနီးပဲ."

"အာ့စာက ဘယ်သူ့ဆီကလဲ?"

"မဆိုင်တဲ့သူဆီကပါ" ဟု ကျုံးရှောက်က မနှစ်မြို့သည့်ဟန်ဖြင့်ပြောလိုက်သည်။

"နောက်ကျရင် အာ့ဒီလိပ်စာနဲ့ စာလာတိုင်း လက်မခံထားနဲ့ စာပို့သမားနဲ့ပြန်ထည့်ပေးလိုက်"

လင်းဝေ့လည်း အံ့သြသွားသည်။ ကျုံးရှောက်ပေါင်းသင်းလာခဲ့၍ သူ့အကြောင်းသိပြီဟု ထင်ခဲ့မိသည်။ ကျုံးရှောက်သည် တစ်သီးတစ်သန့်နေတတ်သူဖြစ်ပြီး သူ သဘောမကျသည့်သူများကိုလည်း သဘောမကျကြောင်း ပွင့်ပွင့်လင်းပြောကာ ခပ်ခွာခွာနေတတ်သူဖြစ်သည်။

ကောင်းရှို့လျန်အကြောင်း ရံဖန်ရံခါပြောလျင်ပင် သူ ကောင်းရှို့လျန်ကို သဘောမကျသည့်အကြောင်း မျက်မှောင်ကြုံ့နေသည့် အမူအရာကိုသာပြ၏။ သို့သော် ယခုလူကတော့ မျက်မှောင်ကြုံ့ရုံသာမက မနှစ်မြို့ဟန်ကိုပင် ပေါ်ပေါ်ထင်ထင်ပြနေ၏။

စာပို့လိုက်သည့်သူက ဘယ်သူလဲ ကျုံးရှောက်က ဘာလို့ အာ့လူကို အရမ်းမုန်းနေရတာလဲ လင်းဝေ့အရမ်း သိချင်သော်လည်း ထပ်မမေးဖြစ်တော့ပါ။

"ရှင့်ကို ကျွန်မက ဆေးလိပ်ဖြတ်စေချင်နေတာဆိုတော့ ဒီဆေးလိပ်ဘူးကိုက ကျွန်မ သိမ်းထားလိုက်မယ်နော်"

လင်းဝေ့ ဆေးလိပ်ဘူးသိမ်းမည်ဆိုသည်က ကျုံးရှောက်အတွက် ပြဿနာမရှိပါ။"မင်းက ကိုယ့်ကို ဆေးလိပ်ဖြတ်ဖို့ တွန်းအားပေးမလို့လား"

"ကျွန်မက မတိုက်တွန်းရင် ရှင် ဘယ်လိုလုပ်ဆေးလိပ်ဖြတ်နိုင်မှာလဲ"

လင်းဝေ့ ပြောသည်က မှန်သည်ဟု ကျုံးရှောက်တွေးလိုက်သည်။ သို့သော် ကျုံးရှောက်သည် လင်းဝေ့ ဘယ်တုန်းက သူ့ကိုဆေးလိပ်ဖြတ်ဖို့ပြောဖူးသလဲဟု တွေးလိုက်၏။

"ဒါနဲ့ မင်းကိုယ့်ကို ဘယ်တုန်းက ဆေးလိပ်ဖြတ်ဖို့ပြောခဲ့ဖူးလို့လဲ"

"ကျွန်မ ကျွန်းပေါ်ရောက်ပြီး ရှင့်ဆီကနေ ကူပွန်လက်မှတ်တွေ ယူတုန်းကလေ။ ကလေးတွေကငယ်သေးလို့ ဆေးလိပ်အနံ့က ကလေးတွေအတွက်မကောင်းဘူးပြောတော့။ ရှင်ပဲကြိုးစားပြီး ဖြတ်ပါ့မယ်ဆို။ အာ့တာ ရှင်ဖြတ်မယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား။ နောက်နှစ်လကြာတော့ ကျွန်မက ရှင့်ကို အဆုတ်စစ်ဆေးဖို့ခေါ်သွားတာကရော ရှင်ဆေးလိပ်ဖြတ်ရအောင်လုပ်ပေးခဲ့တာပဲ မဟုတ်ဘူးလား။ ရှင်လူကြီး တစ်ယောက်ဖြစ်နေပြီကို ကျွန်မက ရှင့်နောက်ကနေ တစ်တွတ်တွတ် လိုက်သတိပေးနေရဦးမှာလား"

ကျုံးရှောက် - "…"

"ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်ကိုယ်တိုင်ကိုက မထိန်းနိုင်ရင် ဘယ်လိုမှ ဆေးလိပ်ဖြတ်နိုင်မယ် မထင်ဘူး။ ဒီတော့ ဒီနေ့ကစပြီး နောက်ဘယ်တော့မှ သူများက ဆေးလိပ်ပေးရင်တောင်မသောက် နဲ့တော့။ ရှင်ပြန်လာတိုင်း ကျွန်မက ရှင့်အဝတ်အစားတွေကို အနံ့ခံကြည့်မယ်။ အခုကစပြီး ကျွန်မက ကြီးကြပ်ပေးမယ်"

"တစ်ကယ်လို့ ကိုယ်သောက်မိရင်ကော အပြစ်ပေးခံရမှာလား"

"ဒါပေါ့ အပြစ်ဒဏ်က ရှိတာပေါ့."

"ဘယ်လိုအပြစ်ဒဏ်လဲ?"

"ကျွန်မရဲ့ စိတ်အခြေအနေပေါ် မူတည်တယ်"

"ဒါဆို ကိုယ်က ဆေးလိပ်မသောက်လာရင်ကော ဆုလဒ် ရမှာလား"

"ရှင်က ဘယ်လိုဆုမျိုးလိုချင်တာလဲ"

"မစိုးရိမ်ပါနဲ့ ကိုယ်က မင်းအနမ်းလေးပဲလိုချင်တာပါ"

ကျုံးရှောက်ပုံစံက စကားအလွန်တတ်သည့်ကောင်လေးပုံစံဖြစ်နေ၏။

လင်းဝေ့လည်း ကျုံးရှောက်ကို ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။ "ဟမ့် စိတ်ကူးလေးကောင်းတာ်နော်။ ဒါပေမယ့် ရှင်ဆေးလိပ်ပြတ်မှ အာ့အကြောင်း စဥ်းစားပေးမယ်"

"ဘာဖြစ်လို့လဲ?"

တစ်ဖက်ကို လှည့်သွားသည့်လင်းဝေ့က ပြန်လှည့်လာကာမေးလိုက်၏။"ရှင်က ဘယ်လိုထင်လို့လဲ"

"ကိုယ်က …" ကျုံးရှောက်သည် လင်းဝေ့ကိုဖက်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။"ကိုယ် ပြောချင်တာက ဒါ"

လင်းဝေ့ စကားပြောရန် ကြိုးစားသော်လည်း ကျုံးရှောက်က လက်ဦးမှုရယူကာ လင်းဝေ့နှုတ်ခမ်းကို ပိတ်နမ်းနေ၏။ ကျုံးရှောက်အနမ်းများက ကြမ်းတမ်း၍ လင်းဝေ့ အသက်ရှုပင်ကြပ်လာ၏။ သူမ ခန္ဓာကိုယ် လည်း မနိုင်တော့ကာ အနောက်ဘက်ရှိ ဆိုဖာထိုင်ခုံပေါ်သို့ နှစ်ယောက်အတူ လဲကျသွား၏။

အနမ်းမိုးများရွာပြီးနောက် လင်းဝေ့ တစ်ကိုယ်လုံး အားပြတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမလက်များကို ကျုံးရှောက် ပုခုံးပေါ် တင်လိုက်ပြီး နီးကပ်နေသည့်ကျုံးရှောက်မျက်လုံးများကို ရီဝေဝေအကြည့်ဖြင့် ကြည့်လိုက်သည်။

ကျုံးရှောက်က လင်းဝေ့နှင့် နဖူးချင်းတည့်ထားပြီး သူမ၏ နှုတ်ခမ်းနှင့် နှာခေါင်းများကို အနမ်းထပ်ပေးပြန်သည်။ ထို့နောက် ကွဲအက်သောအသံဖြင့် "တစ်ကယ်တော့ စာပို့တဲ့သူက ကိုယ်တို့နဲ့ မဆိုင်တဲ့သူတော့မဟုတ်ဘူး"ဟုပြောလိုက်၏။

သူ့အနမ်းကို ရပ်လိုက်ပြီး စကားကို ဆက်လိုက်သည်။

"သူက ကိုယ့်အဖေရဲ့ နောက်မိန်းမ"

လင်းဝေ့လည်း ကြောင်သွားသည်။ နောက်မှ နားလည်လိုက်သည်။

ကျုံးရှောက်နှင့် အိမ်ထောင်ပြုခဲ့တာ လေးနှစ်ခန့်ကြာပြီဖြစ်သော်လည်း လင်းဝေ့သည် သူ့ယောကျာ်း၏ မိသားစုအကြောင်း သိပ်မသိပေ။ သူမ သိသည်က သူ့အဖေနှင့်အမေ ကွာရှင်းခဲ့ကြပြီး သူ့အဖေနှင့်သူက ဆက်ဆံရေးမကောင်းဟုသာ သိခဲ့၏။ ထို့ကြောင့်လည်း ကျုံးရှောက်နှင့် လင်းဝေ့တို့ လက်ထပ်ခဲ့စဥ် သူ့အဖေကိုပင် အကြောင်းမကြားခဲ့ပါ။

ထိုစဥ်က လင်းဝေ့အဖေသည် ကျုံးရှောက်အဖေ လက်ထပ်ပွဲကို မလာခဲ့၍ သိပ်မကျေနပ်ခဲ့ပေ။ ကွာရှင်းထားရုံသာဖြစ်ပြီး သေသွားတာမှ မဟုတ်တာ။ သူသားရဲ့ လက်ထပ်ပွဲကိုတောင် မလာနိုင်ဘူးလား။ သို့သော် လင်းဝေ့အမေက လင်းဝေ့၏ အဖေ ထိုစကားတွေပြောမထွက် လာခင် တားထားခဲ့၍တော်သေး၏။

ထို့ကြောင့် လင်းဝေ့လည်း ကျုံးရှောက်၏ အဖေကို ယခုအချိန်ထိ မမြင်ဖူးခဲ့ပါ။ ယခုအခြေအနေအရ ကျုံးရှောက်၏ အဖေသည် နောက်အိမ်ထောင်ပြုသွားခြင်းကြောင့်မှန်း သိလိုက်ရသည်။

လင်းဝေ့လည်း အံကြိတ်ထားသည့် ကျုံးရှောက်၏ မေးရိုးကို ကိုင်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ရှင် သူ့ကို မကြိုက်ဘူးဆိုရင်လည်း သူက ကျွန်မတို့နဲ့ မဆိုင်တဲ့သူပဲလေ"

.......

ချီထောင်တစ်ယောက် ရှင်းတုန်းအိမ်မှ ပြန်လာပြီး သူ့အိမ်ထဲ ချက်ချင်းမဝင်ပဲ ခြံဝင်းထဲတွင် လမ်းလျှောက်နေ၏။

သူခြံထဲရောက်ချိန်တွင် မိုးလည်းမှောင်နေပြီဖြစ်၍ လူတိုင်းခြေလက်ဆေးရန် အိမ်ထဲဝင်နေကြချိန်ဖြစ်၍ လူခြေတိတ်နေပြီဖြစ်၏။

ချီထောင် သူ့အိမ်တံခါးရှေ့ အထဲမဝင်သေးပဲ မတ်တပ်ရပ်နေလိုက်၏။

ရေချိုးခန်းတွင်တော့ သူ့မိန်းမက သူတို့၏ သမီးလေးကို ရေချိုးပေးနေ၏။ သူ့အမေကတော့ ဧည့်ခန်းထဲတွင် ထိုင်ကာ သူ၏ ပြဲနေသည့် စစ်ဝတ်စုံဘောင်းဘီကို ဖာထေးပေးနေ၏။

အမျိုးသမီးချီက အပ်ချည်ဖြင့် အဝတ်ကိုချုပ်နေစဥ် တံခါးဝနားမှာ လူရိပ်တွေ့၍ ကြည့်လိုက်ရာ သူ့သားကြီးဖြစ်နေ၏။"သား အိမ်တံခါးဝမှာ ဝင်မလာပဲ ဘာလုပ်နေတာလဲ"

"ဘာမှ မလုပ်ပါဘူးအမေ" ဟုပြောကာ ဝင်လာပြီး သူ့အမေကို မေးလိုက်၏။

"အမေ ကိုယ်လက်သန့်စင် ပြီးပြီလား"

"အမေ ထမင်းစားပြီးတာနဲ့ ဆေးလိုက်တယ်"ဟု ပြန်ဖြေကာ သူ့သားကို ပြန်မေးလိုက်၏။

"သား စောနက ဘယ်သွားတာလဲ"

"ကျွန်တော် ကိစ္စလေးတစ်ခု ပြောစရာရှိလို့ သွားတာပါ။"

"ဘာကိစ္စလဲ?"

"အလုပ်အကြောင်းပါ" ဟု ချီထောင်ကပြောလိုက်ပြီး မှ တစ်ခုသတိရသွားကာ ဆက်ပြောလိုက်သည်။

"ဒါနဲ့အမေ ကျွန်တော် မနက်ဖြန် ညဂျူတီရှိလို့ အိမ်ပြန်လာနိုင်မှာ မဟုတ်ဘူးနော်"

"မနေ့ကပဲ ညဂျူတီကျထားတာမဟုတ်လား" အမျိုးသမီးချီသည် စစ်တပ်ထဲ နေသည်မှာ ကြာပြီဖြစ်၍ သူ့သား၏ ညဆိုင်းအချိန်မှာ အပတ်တိုင်း သုံးရက် လေးရက်ခြားအကြာတွင် ရှိတတ်ကြောင်းသိထားလေ၏။

ချီထောင်ကလည်း မျက်နှာအမူအရာမပြောင်းပဲပြန်ပြောလိုက်သည်။" ဒုတပ်မှုးက အကူအညီတောင်းလို့ပါ"

"ဒါဆိုလည်း မင်းမိန်းမကိုလည်း ပြောလိုက်ဦးလေ"

ထိုသို့ပြောနေသည့် သူ့အမေ၏ပုံစံမှာ မနေ့ကမှ သူ့ချွေးမကို တောင်းပန်ထားသည့် ယောက္ခမ၏ပုံစံမျိုးမဟုတ်ပါ။

ဒီနေ့မနက်အထိ သူ့အမေ၏ တည်ငြိမ်နေသည့်ပုံစံကြောင့် ချီထောင်သည်စိတ်အေးခဲ့ရသည်။

ထို့ကြောင့် ချီထောင်သည်လည်း လွန်ခဲ့သည့်ရက်ကဖြစ်ခဲ့သည့်ကိစ္စကို အထွေအထူးတွေးမနေတော့ပါ။သို့သော် ညနေက ရှင်းတုန်းပြောသည့် စကားများကို ကြားသိလိုက်ရသောအခါ သူ သေသေချာချာ တွေးနေမိ၏။

All Chapters