Chapter 97
Vol. 8 Ch. 97
ထိုနေ့ညတွင် အိပ်မပျော်ကြသည့်သူများတွင် ကောင်းရှို့လျန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ပန်းကန်ဆေးအလုပ်က အမှန်တော့ အစုံသုပ်အလုပ်ဖြစ်သည်။ ကောင်းရှို့လျန်သည် ပန်းကန်ဆေးရသည်သာမက ဟင်းသီးဟင်းရွက်များဆေးခြင်း၊ မီးဖိုဆောင်သန့်ရှင်းရေး စသည့်အလုပ်များကိုပင် လုပ်ရသေး၏။
သိုသော် စားသောက်ဆိုင်ညွှန်ကြားရေးမှုးသည် အရင်းရှင်စိတ်ဓာတ်ရှိသူမဟုတ်၍ ကောင်းရှို့လျန်အပြင် အခြားပန်းကန်ဆေးသူ တစ်ဦးကိုပါခန့်ထားသေး၏။
အလုပ်အချိန်က မနက်ဆိုင်းနှင့် ညနေဆိုင်းဟူ၍ ခွဲထားသော်လည်း အလုပ်ချိန်က အတူတူပင်ဖြစ်သည်။ မနက်ဆိုင်းက မနက် ၄ညနာရီမှ မွန်းလွဲ ၂နာရီလအထိဖြစ်ပြီး ညနေဆိုင်းက မနက်၁၀ နာရီမှ ည ၈နာရီအထိဖြစ်၏။
ထို့ကြောင့် မနက်ဆိုင်းနှင့် ညနေ ဆိုင်းဆင်းသည့်စားသောက်ဆိုင်ဝန်ထမ်းများ သည် မနက်၁၀ နာရီမှ ညနေ၂နာရီတွင် အလုပ်ချိန်ထပ်ပါ၏။ ထိုအချိန်ကလည်း အလုပ်ရှုပ်လွန်းသည့် အစားအသောက် တည်ခင်းပေးရသည့်အချိန်တွင်ဖြစ်၏။
ကောင်းရှို့လျန်သည် တစ်ခါတစ်လေ မနက်ဆိုင်းယူလေ့ရှိသည်။ ထို့ကြောင့် နေ့တိုင်း မနက် သုံးနာရီထကာ အလုပ်သွားရန်ပြင်ဆင်ပြီး ညနေ ၂နာရီ အလုပ်ဆင်းလေ့ရှိသည်။ ၂နာရီနောက်ပိုင်း အိမ်ပြန်ရောက်သည်နှင့် အိပ်စက်အနားယူလေ့ရှိ၏။ သို့သော် ညအိပ်မပျော်မည်စိုး၍ အရမ်းတော့မအိပ်ရဲပါ။
သူမ၏ အလုပ်ချိန်ကြောင့် စကားများ အတင်းတုတ်ရမည့်အချိန်လည်း မရှ်ိရာ ကောင်းရှို့လျန်သည် နောက်ဆုံးရသတင်းများကို အချိန်နဲ့ တပြေးညီမသိရှိပဲ ဖြစ်နေလေ၏။
ကောင်းရှို့လျန် ညနေဆိုင်းပြောင်းလုပ်လိုက်သည့်အချိန်တွင်တော့ မနက်၁၀ နာရီမှ အလုပ်ဝင်ရတော့မည်ဖြစ်၏။ ထို့ကြောင့် အိပ်ရေးဝဝအိပ်ကာ မနက်ငါးနာရီထလာပြီး မိသားစုအတွက် မနက်စာကို အေးဆေးပြင်ဆင်လေ၏။
မနက်စာ ပြင်ဆင်ရင်း ကောင်းရှို့လျန်သည် သူမ၏ မနက်ဆိုင်းအလုပ်ဝင်သည့် အချိန်များကို ပြန်တွေးလိုက်သည်။ သူမ၏ အိမ်အလုပ်များ ကမောက်ကမဖြစ်ရုံသာမက သူမကလေးများကိုလည်း စားသောက်ဆိုင်ကန်တင်းတွင် သာ စားသောက်စေခဲ့ရ၏။ ထို့အပြင် သူမ အလုပ်က ပြန်လာချိန်တွင်လည်း အလွန် ပင်ပန်းလာ၍ ကလေးများကို ဂရုစိုက်ကာ စကားပြောရန်အချိန်လည်း မရခဲ့ပါ။
သို့သော် ဤနေ့တွင်တော့ သူမ စိတ်ချမ်းသာပျော်ရွှင်နေ၍ သူမ၏ မိခင် တာဝန်များကို ဂရုတစိုက်ဖြင့် လုပ်နေရာ ကလေးများ၏ ကျောင်းစာကိုလည်း မေးမြန်းလိုက်သေး၏။
ကလေးများမေးသည့်အထဲက သူမ သိသည်များပါလျင်ဖြေလိုက်ပြီး မသိသည်များမေးလျင် မကြားဟန်ဆောင်လိုက်သည်။
နောက်တစ်ခု သိလိုက်ရသေးသည်က သူမ ဒုတိယသမီး ကျောက်မေ့၏ အတန်းပိုင်ဆရာမသည် မတော်တဆမှုကြောင့် ဆေးရုံတက်ရ၍ အတန်းပိုင်ဆရာမ မရှိသောကြောင့် ကိုယ်ပိုင်စာကြည့်ချိန်များသာရှိပြီးနောက် အစားထိုးဆရာမ ပြန်ခန့်လိုက်၍ အတန်းချိန်များပုံမှန်ပြန်ဖြစ်သွားကြောင်းသိလိုက်ရသည်။
ဤသည်ကလည်း သူမအတွက် အရေးကြီးသည့်ကိစ္စမဟုတ်သေးပါ။ ကောင်းရှို့လျန်သည် သူမ စစ်တပ်ထဲ ပြောင်းလာပြီးကတည်းက ပညာအရည်အချင်းမရှိခဲ့၍ အလုပ်ကောင်းကောင်းလည်း မရခဲ့ပေ။ ထို့ကြောင့် ပညာတတ်ခြင်း၏ အဓိပ္ပါယ်ကိုကောင်းကောင်းနားလည်ပါ၏။
သို့သော် သူတို့သားသမီးများ၏ ပညာရေးကို မည်ကဲ့သို့ ဂရုစိုက်ပေးရမည်ကိုတော့ မသိပါချေ။ ကောင်းရှို့လျန်၏အမြင်အရ ကြီးကြပ်ဆရာမ အတန်းပိုင်မရှိသည့် အတန်းချိန် တစ်ရက်နှစ်ရက်က ပြဿနာမဟုတ်ပေ။
သူမအတွက် ပြဿနာက မူလတန်းကျောင်းက ခန့်လိုက်သည့် ယာယီ ဆရာမသည် လင်းဝေ့ဖြစ်နေသည်ကိုပင်။
လင်းဝေ့အလုပ်က ယာယီအလုပ်ဖြစ်၍ လအနည်းငယ်သာ လုပ်ရမည်ဖြစ်သော်လည်း ကောင်းရှို့လျန်အနေဖြင့် ပန်ကန်ဆေးအလုပ်ကို ကြိုးစားကာလုပ်စေကာမှု ဘယ်တော့အစားအသောက်ဝေသည့်ကောင်တာတွင်ပြန်လုပ်ရမည်မှန်းမသိပါ။
လင်းဝေ့က ပညာအရည်ချင်း သူမထက်မြင့်၍ ဆေးရုံဆေးပေးခန်းအလုပ်၊ ယာယီမူလတန်းဆရာမအလုပ် စသည့်ကောင်းမွန်သည့်အလုပ်များကို အလွယ်တကူ ရနိုင်သည်ကို သိလိုက်သောအခါ ကောင်းရှို့လျန် စိတ်များမွန်းကြပ်လာပြန်သည်။
ဤညတွင်လည်း ကောင်းရှို့လျန်တစ်ယောက် လင်းဝေ့စာသင်ခန်းစင်ပေါ်တွင် စာသင်နေမည့်ပုံကိုမြင်ယောင်ရင်း သူမရင်ထဲ ထိန်းမရနိုင်အောင် ပူလောင်လာပြန်သည်။
ထို့ကြောင့် နောက်တစ်နေ့ မနက်ခင်းတွင် ကောင်းရှို့လျန်တစ်ယောက် မျက်ကွင်းညိုညိုဖြင့် အလုပ်သွားရလေတော့၏။
……………………
လင်းဝေ့သည်လည်း နောက်တစ်နေ့မနက်ခင်းတွင် မျက်ကွင်းများဖြင့် နိုးထလာခဲ့ပါသည်။ သို့သော် အိပ်မပျော်၍တော့မဟုတ်ပါ။ သူမ၏ ချစ်လှစွားသောချစ်ယောကျာ်း ကျုံးရှောက်က နှိပ်စက်၍ဖြစ်သည်။
ကျုံးရှောက်ဆီရောက်လာသည့်စာကြောင့် စိတ်မပျော်ဖြစ်သွားသည်ကိုသိ၍ လင်းရွေ့သည် သူ့ယောကျာ်းစိတ်ပျော်ရွှင်စေရန် နှစ်သိမ့်ပေးခဲ့ရသည်။ ထိုသို့နှစ်သိမ့်ပေးရမှုက ညလယ်အထိရောက်သွားလေ၏။
ထို့ကြောင့် နောက်တစ်နေ့ မနက်ငါးနာရီမထိုးခင် ကျုံးရှောက်လာနိုး၍ အိပ်ရေးမဝသည့်လင်းဝေ့ နိုးထလာရ၏။ ပိတ်ရက်မဟုတ်၍ ကျုံးရှောက်လည်း စခန်းကို အမြန်သွားလိုက်ရန်ပြင်ဆင်နေ၏။
လင်းဝေ့ကတော့ နိုးနေပြီဖြစ်သော်လည်း ခေါင်းမူးနေသေး၍ အိပ်ရာထဲ ခွေနေသေး၏။
အဝတ်ဘီဒိုရှေ့ရပ်ကာ အဝတ်အစားဝတ်နေသော ကျုံးရှောက်ကို စိုက်ကြည့်နေ၏။
ကျုံးရှောက်လည်း အဝတ်အစားဝတ်ပြီးတော့ လှည့်လာစဥ် လင်းဝေ့သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၍ ရယ်လိုက်သည်။ လင်းဝေ့ဆီ တိုးသွားပြီး ခေါင်းငုံ့ကာ လင်းဝေ့ကို အနမ်းလေးပေးလိုက်၏။
လင်းဝေ့ကတော့ နမ်းရန်တိုးလာသည့် ကျုံးရှောက်မျက်နှာကို လက်ဖြင့်ကာလိုက်သည်။"ရှင် ဒီနေ့ဆေးလိပ်သောက်လာရင် အပြစ်ပေးခံရမယ်နော်"
"ဟင်?"
"ရှင်ပဲ ဆေးလိပ်ဖြတ်မယ်ဆို" ဟု လင်းဝေ့က အံကြိတ်သံဖြင့်ပြောလိုက်၏။
ကျုံးရှောက်ကလည်း သက်ပြင်းလေးချလိုက်သည်။
"ဆေးလိပ်မသောက်ရင် ရမယ့်ဆုကို ထပ်တိုးလို့ရလား"
" လုံးဝပဲ" လင်းဝေ့က ချက်ချင်းပြောလိုက်သည်။
"ဒါဆိုလည်း ဟုတ်ပါပြီ" ကျုံးရှောက်က စိတ်ပျက်သွားသည့်ပုံပင်။
လင်းဝေ့လည်း ဉာဏ်များလွန်းသည့် ကျုံးရှောက်၏ ထပ်တိုးချင်သည့်ဆုကို မလုပ်ပေးခဲ့ပါ။
ကျုံးရှောက်အောက်ထပ်ကို ဆင်းသွားပြီးနောက် လင်းဝေ့သည် နိုးစက်နာရီကို ပြန်ချိန်ညှိလိုက်သည်။
နိုးစက်နာရီက လင်းဝေ့ ချည်မျှင်စက်ရုံတွင် အလုပ်ဝင်စဥ်က ဝယ်ခဲ့သည်ဖြစ်သည်။ သူမ ယောက္ခမဖြစ်သူနှင့် နေကာ ချည်မျှင်စက်ရုံတွင် အလုပ်လုပ်စဥ်က မနက် ၇ နာရိီအလုပ်ကို အရောက်သွားရတာဖြစ်သည်။သို့သော် သန်းခေါင်လောက်တွက် ထ ထငိုတတ်သည့် ကလေးအမွှာနှစ်ယောက်ကို ချော့သိပ်သည့်အတွက် အိပ်ရေးမဝသည့်ရက်များလည်း ရှိပါသည်။
ထို့ကြောင့် မနက်အစောမထနိုင်ကာ အလုပ်ပျက်ရမည်စိုး၍ ကျုံးရှောက်ဆီ နိုးစက်နာရီတစ်လုံးဝယ်ပေးရန် စာရေးခဲ့ရာ ကျုံးရှောက်ကလည်း ဝယ်ပြီး ပို့ပေးခဲ့၏။
လင်းဝေ့ သူမကိုယ်တိုင် မဝယ်ရခြင်းက ထိုအချိန်သည် လင်းဝေ့ အလုပ်စဝင်ခါဖြစ်၍ စက်မှုထုတ်ကုန်များဝယ်ယူခွင့်လက်မှတ်ကလည်း အများကြီးမရပေ။ ကျုံးရှောက်၏ လက်မှတ်ပို့ပေးလိုလျင်လည်း နယ်မတူ၍ သုံးစွဲရန် အဆင်မပြေဖြစ်ကာ ကျုံးရှောက်ကပဲ လိုအပ်သည့်ပစ္စည်းဝယ်ကာ ပို့ပေးရ၏။
ထိုကဲ့သို့ပစ္စည်း ဝယ်ပို့ပေးရသည့်အခု သုံးရသည့်ပိုက်ဆံသည် ကျုံးရှောက်၏ ကိုယ်ပိုင်အသုံးငွေခွဲတမ်းမှ မဟုတ်ပဲ မိသားစုဘုံငွေမှသာ သုံးခဲ့ရ၏။ ထို့ကြောင့်သာ လေးနှစ်အတွင်း အိမ်ပြန်ပြင်နိုင်ရန်အထိ များပြားလှသည့်ပိုက်ဆံများစုနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုနှိုးစက်နာရီကြောင့်သာ လင်းဝေ့လည်း အိမ်အလုပ်နှင့် စက်ရုံအလုပ်ကို မနှောင့်နှေးစေပဲ အချိန်မှိီ လုပ်နိုင်ခဲ့တာဖြစ်သည်။
ထို့ကြောင့် လင်းဝေ့သည် စစ်တပ်ထဲ ပြောင်းလာတော့ အလုပ်ရှိမရှိ မသေချာသေးသော်လည်း အသုံးဝင်သည့် နှိုးစက်နာရီကိုတော့ မရောင်းပဲ ယူလာခဲ့ခြင်းဖြစ်သည်။
ထိုအပြင် နှိုးစက်နာရီသည် အရွယ်အစားသေးကာ သယ်သွားရလဲ လွယ်ကူ၏။ ရောင်းကာ အသစ် ထပ်ဝယ်မည်ဆိုပါကလည်း ရောင်းရသည့်ငွေဖြင့် မလောက်နိုင်ပါ။
စစ်တပ်ထဲ ပြောင်းလာချိန်တုန်းက ခရီးလည်း ဝေးပြီး သယ်ရမည့်ပစ္စည်းကလည်း အကန့်အသတ်ဖြင့်သာ မဟုတ်လျင် လင်းဝေ့သည့် ရှီးချန်ရှိ သူမ၏ တစ်အိမ်လုံးကိုပင် ယားကျိုကျွန်းကို ပြောင်းရွေ့လာချင်၏။
လင်းဝေ့ သယ်လာနိုင်သည့် တစ်ခုတည်းသော နှိုးစက်ပစ္စည်းလေးကလည်း လင်းဝေ့ မူလတန်းကျောင်းတွင် အလုပ်ဝင်ချိန်မှာတော့ အသုံးဝင်လာခဲ့ပြီဖြစ်သည်။ ပုံမှန် ဆိုလျင်တော့ လင်းဝေ့သည် မနက် ၆နာရီခန့်တွင် နိုးနေပြီဖြစ်၏။
သို့သော် ဤနေ့တွင် တော့ နိုးနေသော်လည်း မထနိုင်သေးပေ။
ထပ်အိပ်ချင်နေသေး၍ နိုးစက်ကို ၆နာရီခွဲတွင် ပြန်ချိန်ထားလိုက်၏။ နောက်မှ သူ့ကလေးနှင့်သူမ မျက်နှာသစ် ပြင် ဆင်ကာ မိနှစ် နှစ်ဆယ်အတွင်းပြင်ဆင်လျင် ကျောင်းကို ဆယ်မိနစ်အတွင်း အမှီရောက်မည်ဖြစ်မည်။
ကလေး နှစ်ယောက်ကို မနက်အစော ထစေရန်အတွက် လင်းဝေ့သည် သူတို့ကို ည ၈နာရီ ၉ နာရီခန့်တွင် အိပ်ရာ ဝင်စေသည်။ သို့မှသာ မနက် ၆နာရီ ၁၀ မိနစ်ခန့်တွင် ထနိုင်မည်ဖြစ်၏။
ရွေ့ရွေ့ကတော့ အစောကြီး နိုးလာတတ်ပြီး အိပ်ရာပေါ်မှာပဲ ဆက်လှဲကာ မှိန်းနေတတ်၏။ မင်မင်ကလည်း ၆နာရီမတိုင်ခင် နိုးလာတတ်ကာ အိပ်ရာပေါ်တွင် သူတစ်ဦးတည်း ဆော့နေတတ်ကာ မနက်၆ နာရီ လင်းဝေ့ လာနှိုးမည့်အချိန်ကို စောင့်နေတတ်သည်။
သို့သော် ဤနေ့တွင်တော့ မင်မင်သည် သူ့အမေကလည်း သူ့ကို လာမနှိုး သူ့အစ်ကိုကလည်း မနိုးသေး၍ အိပ်ရာပေါ် တစ်ကိုယ်တည်း လူးလိမ့်နေရ၏။
နောက်ဆုံးပျင်းလာပြီး အိပ်ရာမှ ထလိုက်ကာ သူ့အမေအခန်းကို သွားလိုက်၏။
ဤသို့ဖြင့် လင်းဝေ့သည် သူမသား မင်မင်က သူမ နှာခေါင်းကို လာရောက်တို့ထိနေ၍ နိုးလာရ၏။
မင်မင်ကတော့ သူ့အမေရဲ့ နှာခေါင်းကို ဝက်နှာခေါင်းလိုပြားအောင်လုပ်လိုက် နှာခေါင်းကို ပိတ်ထားလိုက်လုပ်နေပြီး ပျော်နေ၏။
လင်းဝေ့ မျက်လုံးဖွင့်လိုက်တော့ မင်မင် မျက်နှာကို ပထမဆုံး မြင်လိုက်ရ၏။ မင်မင်ကလည်း သူ့အမေ နိုးလာတာကို တွေ့တော့ သူ့အမေမျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ကာ ပြောလိုက်သည်။ "မေမေ သားမေမေ့ကို လာနိုးတာ"
အေး အမေ သိပါတယ် ဒါ့ကြောင့် အမေက မင်းကို ရိုက်ချင်နေတာဟု စိတ်ထဲမှာ ပြောလိုက်၏။
သို့သော် တစ်ကယ်တော့ အပြင်မှာမရိုက်ပေ။ မင်မင်၏ နှာခေါင်းကိုသာ သူလုပ်သလိုပြန်လုပ်လိုက်၏။
" သားနှာခေါင်းကိုလည်း ဒီလိုလုပ်ရင် နေလို့ကောင်းလား"
"နေလို့မကောင်းဘူး" ဟု မင်မင်က ပြန်ဖြေလိုက်ပြီး တစ်ခစ်ခစ်ရယ်နေ၏။ လင်းဝေ့က မင်မင်မျက်နှာကို ကိုင်ရန်ရှေ့တိုးလာတော့ မင်မင်ကလည်း သဘောကျစွာရှောင်ရှားရင်း ရီမောနေ၏။
ဤသို့ဖြင့် လင်းဝေ့လည်း အိပ်ရေးမဝသေးသော်လည်း သက်ပြင်းလေးချကာ အိပ်ရာမှ ထလာရ၏။
………………
လင်းဝေ့သည် အိပ်ရေးမဝ၍ မျက်ကွင်းများညိုကာ အနည်းငယ် ချောင်ကျနေ၏။
ကျောင်းရောက်စဥ် ဟွမ်အိုက်ယွင်က လင်းဝေ့ကို တွေ့လျင် မေးလိုက်သည်။"ညက အိပ်ရေးမဝဘူးလား"
မအိပ်ခဲ့ရဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်။
လင်းဝေ့လည်း အမှန်အတိုင်း ပြောလို့မဖြစ်၍ ရှက်လာပြီးပါးများ ပူနွေးလာ၏။"ညက အိပ်မပျော်လို့ပါ"
လူကြီးနှစ်ယောက်ပြောနေသည့်စကားကိုကြားတော့ လူတတ်ကလေး မင်မင်ကလည်း ဝင်ပြောလေ၏။
"မေမေက ဒီနေ့ အရမ်းပျင်းတာပဲ။ သားဆို မနက်အစောကြီး ထတယ်"
ဟွမ်အိုက်ယွင်က မင်မင်၏ စကားကိုကြားလျင် ရယ်မောပြီး မင်မင်၏ ခေါင်းကို ပုတ်လိုက်၏။ "သားက အရမ်းတော်တာပဲ။ သားကပဲ မေ့မေ့ကို နိုးလိုက်ပါလား"
မင်မင်က ချီးကျူးခံရ၍ စိတ်ထဲတွင် ကျေနပ်သွား၏။ သို့သော် မမြောက်ကြွပဲ "သားက အရမ်းကြီး တော်နေတာ တော့မဟုတ်ပါဘူး" ဟု ပြန်ပြောလိုက်၏။
ဟွမ်အိုက်ယွင်က မင်မင်စကားကို သဘောကျရီမောက လင်းဝေ့ကို ပြောလိုက်၏။"ကလေးတွေနဲ့တော့ အမြဲ ရီနေရမှာပဲ"
"အဖိုးတန် သက်ရှိ ရတနာလေးတွေပေါ့" ဟု လင်းဝေ့ကလည်း ပြန်ဖြေလိုက်၏။
မင်မင်ကြောင့် အစောကြီး ထလိုက်ရ၍ လင်းဝေ့သည် ကျောင်းကိုလည်း အစောကြီးရောက်နေ၏။ သူမကျောင်းကို ရောက်စဥ်တွင် စာကျက်အတန်းလည်း မစသေး၍ ဆရာမများ ရုံးခန်းထဲ အရင်ဝင်လိုက်ကာ စစ်ပြီးသည့် အိမ်စာ စာအုပ်များကိုထုတ်လိုက်၏။ ထို့နောက် ယူလာသည့် နေ့လည်စာ ဘူးကို စားသောက်ခန်းထဲသွားထားလိုက်သည်။
စားသောက်ခန်းသည် အုတ်နီများဖြင့် ဆောက်ထားပြီး ဆရာများရုံးခန်း၏ အရှေ့တွင်ဖြစ်၏။ ထိုအဆောင်သည် ယခင်က ကျောင်းစာသင်ခန်း ဖြစ်၏။ နောက်ပိုင်း ကျောင်းသားဦးရေများလာပြီး အဝေးမှ လာရသည့် ကျောင်းသားများကလည်း အသွားအပြန်ခရီး အဆင်မပြေသူများကြ၍ ကျောင်းအုပ်ဖုန်းသည် ထိုအခန်းများကို ကျောင်းသားများနေရန် အဆောင်အဖြစ်ပြောင်းခဲ့သည်။