← Chapters

Chapter 98

Vol. 8 Ch. 98

Chapter 98

Vol. 8 Ch. 98

ထိုအဆောင်တွင် မုန်းစျေးဆိုင်လည်း ရှိရာ ကျောင်းသား

ဒါဇင်ခန့်တော့ အိပ်၍ရပါ၏။ ထို့ကြောင့် အိမ်နှင့်ကျောင်း အဝေးကြီး နေ့တိုင်းအသွားအပြန် လုပ်သည်ထက် ကျောင်းမှာ အိပ်လိုက်သည်က သူတို့အတွက်ပိုအဆင်ပြေ၏။

ကျောင်းမှာ အိပ်ကြမည့် ကလေးများသည် ၆နှစ် ၇ နှစ်အရွယ်များ ဖြစ်၍ သူတို့ကိုယ် သူတို့ဂရုစိုက်နိုင်ကြသော်လည်း ညအိပ်လျင် တော့ လူကြီးများစောင့်ကြည့်ပေးရန် လိုအပ်ပြန်၏။ ထို့ကြောင့် အဆောင်နေကလေးများကို ကြည့်ရှုပေးရန် ဆရာမ တစ်ယောက်ကိုလည်း ခန့်ထားခဲ့ရသည်။

သို့သော် နောက်ပြဿနာတစ်ခုက ရှိသေး၏။ ကလေးများ၏ စားသောက်ရေးပင်ဖြစ်သည်။ကလေးများအတွက် ပြည်နယ်စားသောက်ဆိုင်ကလည်း ထမင်းဟင်းပြင် ဆင်ပေးဖို့ မအားလပ်ကြတော့ချေ။

ဒုတိယအချက်အနေဖြင့် အစားအသောက်ပါ ပါလာလျင် ကုန်ကျစရိတ်က ပိုများလာနိုင်၏။ ထို့အပြင် ကလေးများ၏ မိဘများကလည်း ထိုငွေပမာဏကို တတ်နိုင်ကြမည်မဟုတ်ချေ။

ထို့ကြောင့် အစားအသောက်စရိတ် လျော့ချနိုင်ရန် ကျောင်းမှာပဲ ထိုကလေးများအတွက် ချက်ပြုတ်ပေးလိုက်ရန် လူတစ်ဦးခန့်ထားရန် ဆုံးဖြတ်ပေးလိုက်သည်။ ဤသို့ဖြင့် ကလေးများသည် ကျောင်း မီးဖိုဆောင် တွင်သာ စားသောက်ပြီး ဘေးတွင်ရှိသည့်စာသင်ဆောင်သို့ အလွယ်တကူ သွားရောက် စာသင်နိုင်သည့် စနစ်ဖြစ်လာ၏။

မင်မင်နှင့် ရွေ့ရွေ့ကတော့ လင်းဝေ့နှင့်အတူ ဆရာများနားနေဆောင်တွင် ထမင်းစားကြ၏။ ထို့နောက် လင်းဝေ့ စာသင်သည့်အတန်းတွင် လိုက်သင်ကြ၏။ မင်မင်နှင့်ရွေ့ရွေ့သည် စာရင်းမသွင်းထားသည့်ကျောင်းသားများဖြစ်၍ သူတို့အတွက် သီးသန့်ခုံမရပါ။

ကျောင်းကလည်း ခုံမပေး၍ အိမ်မှ ထိုင်ခုံယူလာရ၏။ ကျောင်းရှိ တစ်ခြားကျောင်းသားများကလည်း မင်မင်နှင့်ရွေ့ရွေ့ကဲ့သို့ အမွှာကိုမမြင်ဖူး၍ သူတို့အတွက် အထူးအဆန်း ဖြစ်နေ၏။ နောက်ပိုင်းတော့ မြင်ပါများပြီး ပုံမှန်သာဖြစ်လာ၏။

ရွေ့ရွေ့ကတော့ စာသင်ချိန်တွင် စိတ်ဝင်တစားနားထောင် တတ်သော်လည်း မင်မင်ကတော့ ထိုသို့မဟုတ်ပါ။ သို့သော် ထိုင်နေရင်း တစ်ခြားကိုငေးမောရုံသာဖြစ်ပြီး သူတစ်ပါးအနှောက်အယှက်ဖြစ်စေမည့် အပြုအမူများတော့မလုပ်ပါ။

သို့သော် ကျောင်းသားများ၏ စာကျက်တန်းအချိန်တွင် မနက်စာ မစားရသေးသည့် သူမကလေးများကို မနက်စာကျွေးနေလျင်တော့ တစ်ခြားကလေးများအတွက် အနှောက်အယှက်ဖြစ်လာနိုင်၏။

ထို့ကြောင့် လင်းဝေ့သည် ကလေးနှစ်ယောက်ကို မနက်ခင်းအတန်းပြီးချိန် မနက်စာစားချိန်တွင် အခန်းထဲ ခေါ်မသွားပဲ သူမကလေးများကို သက်သက် မနက်စာစားစေ လိုက်၏။

"သားတို့ ဘယ်မှ လျှောက်မသွားနဲ့နော် မေမေစာသင်ချိန်ပြီးရင် သားတို့ကို လာခေါ်မယ်နော်"

သူ့အမေရဲ့စကားကိုကြားတော့ မင်မင်က ပေါက်စီစားရင်း ပလုပ်ပလောင်းဖြင့်မေးလိုက်၏။"မေမေ သားတို့ကို အတန်းထဲခေါ်မသွားဘူးလား"

"သားတို့ မနက်စာစားပြီးရင် လာခေါ်မယ်လေ"

သူ့အမေစကားကြားလိုက်သည့်မင်မင်က ထမင်းဘူးကို လက်ညိုးထိုးပြလိုက်ကာ ပြေညလိုက်သည်။"သား စားပြီးဖို့အများကြီး ကျန်သေးတယ်" ဟု ပြောကာ ဖြည်းဖြည်းလေး ဝါးစားပြနေ၏။

"မေ မေ အေး အေး ဆေး ဆေး သွား နော် သား တို့ အ များ ကြီး စား ဖို့ ကျန် သေး တယ် "

လင်းဝေ့လည်း အတန်းမတက်ချင်သည့် မင်မင်၏ အကြံအစည်ကို သိနေကာ ပြုံးလိုက်မိသည်။

"ဘယ် မှ လျှောက်မသွားနဲ့နော် " ဟုပြောပြီး ပုံနှိပ်စာအုပ်နှင် သင်ခန်းစာ ထုတ်နှုတ်ချက်စာအုပ်ကို ယူကာ ထွက်သွားလိုက်၏။

မနက်ခင်း စာကျက်ချိန်က စာသင်ပြပေးရန် မလိုသော်လည်း ကလေးများ မေးလာလျင်တော့ဖြေပေးရသည်များရှိပါ၏။ ထိုအချိန် တွင် လင်းဝေ့လည်း နောက်တစ်ချိန်အတွက် သင်ခန်းစာကိုပြင်ဆင်ပြီး မိသားစုအတွက် အချိန်ပေးနိုင်ရန် အိမ်တွင် မလုပ်ရရန် ကြိုးစားလိုက်၏။

သို့သော် ဤနေ့တွင် တော့ လင်းဝေ့သည် သူမ၏ သင်ခန်းစာ ပြင်ဆင်ရာတွင် အာရုံမရောက်ပါ။ သူမကလေးများ လျှောက်ပြေးလွှားဆော့ကစားနေမည်ကို စိုးရိမ်နေမိ၏။

ထို့ကြောင့် လင်းဝေ့လည်း စာကျက်တန်း အချိန် တစ်ဝက်လောက် အရောက်တွင် သူ့ကလေးများ စားပြီးလောက်ပြီထင်၍ သွားကြည့်လိုက်၏။

ရုံးခန်းထဲရောက်တော့ ရွေ့ရွေ့ကတော့ စားပြီးနေပြီဖြစ်သော်လည်း မင်မင်ကတော့ ဆန်ပြုတ်တစ်ဝက်နှင့် ပေါက်စီတစ်လုံး ကျန်နေသေး၏။

ပုံမှန် ဆိုလျင် မင်မင်သည် အစာအစားလျင် မြန်နေကျဖြစ်၍ ကြောင်သွား၏။"သား ဘာလို့ ဒီနေ့ အစာစား နှေးနေရတာလဲ"

ပုံမှန် ထက် ဖြည်းညှင်းစွာစားနေသည့် မင်မင်သည် ပါးစပ်ထဲကာ ပေါက်စီကို အသာအယာဝါးနေရင်း ပြောလိုက်၏။"သား က မ နက် စာ ကို ပုံ မှန် ပဲ စား နေ တာ ပါ မ နှေး ပါ ဘူး"

လင်းဝေ့ကလည်း ပုံမှန်မဟုတ်သည့် လုပ်ပြောသည့် သူ့သားအသံကို ကြား၍ သည်းမခံနိုင်ပဲ နှဖူးကို တောက်လိုက်၏။

မင်မင်ကလည်း သူ့နှဖူးလေးကို ကာလိုက်သည်။"မေ မေ သား လည်း စား နေ တာ ပဲ……"

လင်းဝေ့လည်း လက်ခလယ်နှင့် လက်ညိုးကို ဝိုင်းလိုက်ပြိီး နှဖူးကို ထပ်တောက်ရန်ပြင်လိုက်ကာ မင်မင်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"စကားကို ကောင်းကောင်းပြော"

သူ့အမေ၏ အမှန်တစ်ကယ် လုပ်မည့်အမူအရာကိုတွေ့တော့ မင်မင်လည်း ပုံမှန်ပြန်ပြောလာ၏။"ဟုတ်"

သို့မှသာ လင်းဝေ့လည်း သူမ၏ နှဖူးတောက်တော့မည့်လက်က်ို ရုတ်လိုက်သည်။"သား ဘယ်အချိန် အထိစားနေမှာလဲ"

"နေ့လည် အထိ စားနေလို့ရလား" ဟု မင်မင်က မျက်လုံးလေး ကလည်ကလည်ဖြင့် သူ့အမေကို မရဲတရဲ မေးလိုက်၏။

"သား မနက်ဖြန်အထိ စားနေလိုက်ပါလား" ဟု လင်းဝေ့ကလည်း ရွဲ့ပြောလိုက်၏။

မင်မင်ကလည်း သူ့လက်ချောင်းလေးများဖြင့် ရေတွက် ဟန်ပြုလိုက်သည်။" ဒါဆိုရင် သားက မနက်စာကို နေ့လည်အထိစားမယ်၊ နေ့လည်စာကို ညနေအထိစားမယ်၊ ညနေစာကို ညအထိစားမယ် ပြီးရင်အိပ်မယ်"

အမလေး မဟုတ်တဲ့နေရာမှာ ဉာဏ်ကောင်းချက်ကတော့။

လင်းဝေ့ကလည်း မင်မင်ပြောသည်ကို နားထောင်ပြီးး သူမလက်ချောင်းများဖြင့် စားပွဲကို ခေါက်နေလိုက်၏။

"မနက် စာကျက်တန်းပြီး တဲ့အထိ စားလို့မပြိိီးရင် နေ့လည်စာကော ညနေစာကော စားရဖို့စိတ်မကူးနဲ့။ မနက်ဖြန်အထိ အငတ်ထားလိုက်မယ် ကြားလား"

မင်မင်၏ အကြံဉာဏ်များ ပျက်စီးသွားရလေပြီ။ ထို့ကြောင့် သူ့ခေါင်းလေးကို ငုံ့ပြီး "ဟုတ်ကဲ့" ဟုပြောလိုက်၏။

လင်းဝေ့က ရွေ့ရွေ့ကိုလည်း တာဝန်တစ်ခု ပေးလိုက်သေး၏။" ရွေ့ရွေ့ သား အစ်ကိုကို မနက်စာ အမြန်စားမသားသေချာကြည့်ထားနော် ဟိုဒီလျှောက် ဆော့မနေနဲ့နော်"

"စိတ်ချပါ" ဟု ရွေ့ရွေ့ကလည်း ချက်ချင်းကတိပေးလိုက်သည်။

ထိုသို့စီစဥ်ပြီးနောက် လင်းဝေ့လည်း အတန်းထဲ ပြန်သွားလိုက်၏။

လင်းဝေ့ သူမအခန်းထဲပြန်လာစဥ် ဒုတိယအတန်းတွင် စောင့်ကြည့်နေသည့် ကျောက်ယန်ဟွားဟူသည့် ဆရာမတစ်ယောက် က လှမ်းမေးလိုက်၏။ ကျောက်ယန်ဟွားသည် လည်း တစ်ခြား ဆရာမ တစ်ယောက်နှင့် စကားရပ်ပြောနေသည်ဖြစ်၏။

"ကလေး တွေကို သွားကြည့်ပြီး ပြန်လာတာလားး"

"ဟုတ်တယ်ရှင့် ကလေးတွေက စာမသင်ချင်တော့ မနက်စာကို ဖြည်းဖြည်းစားနေလို့ သွားပြောနေရတယ်"

"ငယ်သေးလို့ပါ" ဟု ကျောက်ယန်ဟွာကလည်းပြုံးကာ ပြောလိုက်၏။

"အခန်းအပြင်ထွက်ဆော့နေတာမျိုးမှ မဟုတ်ရင် အရမ်းကြီးမတင်းကျပ်ထားပါနဲ့"

လင်းဝေ့လည်း ထိုသို့ထိန်းသိမ်းရန် စိတ်ကူးထားသော်လည်း မင်မင်၏ အကျင့်စရိုက်က မလွယ်လှပေ။

မင်မင်က စိတ်ထားလေးကောင်းသော်လည်း ကစားသည့်အချိန်တွင် အထိန်းအကွပ်မရှိပေ။ ပျော်ပျော်ရွှင်ရွှင်သာကစားနေရလျင် ဘယ်နေရာဖြစ်ဖြစ် ဘယ်လိုကစားနည်းဖြစ်ဖြစ် ဆော့ကစားချင်နေ၏။

စစ်တပ်ထဲ မပြောင်းလာခင် ချည်မျှင်စက်ရုံမှာရှိတုန်းကလည်း မင်မင်သည် တစ်ခြားကလေးများနှင့်အမြဲ အတူဆော့ လေ့ရှိရာ တစ်ရက်တွင် မင်မင်ထက်ကြီး သည့်ကလေးများက မြင်းခုန်နည်း ဆော့လိုကြ၏။ သို့သော် ဘယ်သူမှ မြင်းမလုပ်ချင်ကြပါ။

ထို့ကြောင့် ထိုကလေးများက မင်မင်ကို မြင်း လုပ်ရသည် ကောင်းကြောင်းလိမ်လိုက်လေသည်။ မင်မင်ကလည်း ပျော်ရလျင်ပြီးရော မြင်းလုပ်ရန် သဘောတူလိုက်၏။

ကံကောင်းသည်က လင်းဝေ့၏ အမေက တွေ့လိုက်ပြီး တစ်ခြားကလေးများ မင်မင်အပေါ်ကို တက်မခွခင် အမြန်ဆွဲခေါ်လာခဲ့ရသည်။ မင်မင်ထက်ကြီးသည့်ကလေးများက မင်မင်အပေါ် တက်ခွကာ မြင်းလုပ်စီးလိုက်လျင် မင်မင် မခံနိုင်ပဲ ခါးကျိုးသည့်အဖြစ်များပင် ဖြစ်နိုင်၏။

အိမ်မှာ မိဘများမရှိ၍ သူတို့ညီအစ်ကို နှစ်ယောက်ကိုပဲ ထားခဲ့လျင်လည်း မင်မင်သည် အပ် ဓား စသည့် ချွန်ထက်သည့်အရာများဖြင့် ဆော့နေလေ့ရှိ၏။

ထို့ကြောင့် လင်းဝေ့သည် ကျွန်းပေါ်ရောက်သည်နှင့် မင်မင်ကို အထူးစောင့်ကြည့်နေရ၏။ မင်မင်ကို သူ့မျက်စိအောက်ကပင် အပျောက်ခံ၍မရချေ။ လင်းဝေ့ကအိမ်မှာရှိပြီး ညီအစ်ကိုနှစ်ယောက် ကမ်းစပ်မှာ ကစားလျင်လည်း ရွေ့ရွေ့အား သူ့အစ်ကိုကို ကြည့်ရန် မှာထားရလေ့ရှိ၏။

ဘယ်လောက်ပဲ စောင့်ကြည့်နေပါစေ မင်မင်၏ အကျင့်ကတော့ မပြောင်းလဲသေးပေ။

လင်းဝေ့လည်း မင်မင်အတွက် တွေးပေးကာ နောက်ပိုင်းအတန်းချိန် နှစ်ခုလောက်ကို အနားပေးပြီး ကစားခိုင်းရန် စိတ်ကူးလိုက်၏။

သို့သာ် ထိုသို့ ဆုံးဖြတ်လိုက်သည့်ကိစ္စကို ဒီနေ့ပြော၍တော့ မဖြစ်သေးပါ။ မဟုတ်လျင် မင်မင်သည် သူ၏ ဗျူဟာ အောင်မြင်သွားသည်ဟု ထင်နေလိမ့်မည်။

ထို့ကြောင့် ကလေးတွေ ဉာဏ်အရမ်းများရင်လည်း မိဘများပင်ပန်းသည် ဟု ဆိုကြခြင်းဖြစ်မည်။

လင်းဝေ့တွင် နေ့လည်ပိုင်း အတန်းနှစ်ချိန်ရှိကာ မနက်ပိုင်းအတန်းမရှ်ိတော့ချေ။ ထို့ကြောင့်ကလေး နှစ်ယောက် ကိုခေါ်ပြီး ကျောင်း အပြင် ထွက်ကာ စျေးကိုသွားလိုက်၏။

ကျောင်းကနေ စောစော ထွက်လာကာ စျေးကို ရောက်တော့ ပင်လယ်စာစျေးတန်းလည်း မပိတ်သေး၍ ဝင်ဝယ်ရန်ပြင်လိုက်သည်။

ပင်လယ်ငါးများကတော့ ရောင်းကုန်သွားပြီဖြစ်၍ ဂဏန်း ခရုကမာ များသာ ကျန်တော့၏။ လင်းဝေ့ကလည်း ဂဏန်းနှစ်ခုကို ဝယ်လိုက်ပြီး ပုစွန်ကိီလိုဝက်ခန့်နှင့် ကမာဟင်း တစ်ပွဲဝယ်လိုက်၏။

လင်းဝေ့လည်း စျေးထဲ ဝင်ကာစ ပင်လယ်စာကူပွန်လက်မှတ်မပါ၍ ပင်လယ်စာ ဝယ်ရန်စိတ်မကူးခဲ့ပါချေ။ ထို့ကြောင့် လက်မှတ်ကိုနောက်မှ လာပေးလို့ရလား ဟုမေးလိုက်၏။

စျေးထဲရှိ ဝန်ထမ်းများကလည်း အရာရှိဇနီးသည်များသာဖြစ်၍ လင်းဝေ့ လက်မှတ် လာမပေးမည်ကို မစိုးရိမ်ကြပေ။ထို့ကြောင့် နောက်မှ လာပေးရန် သဘောတူလိုက်ကြ၏။" စျေးမပိတ်ခင် မြန်မြန်လေး လာပေးနော် "

ငါးဖမ်းတပ်ဖွဲ့က ညပိုင်းတွင် ငါးဖမ်းပိုက်ချကာ ငါးဖမ်းလေ့ရှိပြီ မနက်မိုးလင်းလျင် ပိုက်သိမ်းကာ ဖမ်းယူရရှိသည့် ဂဏန်းပုစွန်ငါးများကို ၅နာရီ ၆နာရီခန့် အရောက်ပို့လေ့ရှိ၏။ သို့သော် ပင်လယ်စာများကို တစ်ခါတည်းအကုန်မပို့ပဲ အသုတ်လိုက်ပို့လေ့ရှိ၏။ ၈နာရီ ၉နာရီခန့်တွင်လည်း တစ်သုတ်ထပ်ပို့လေ့ရှိ၏။

ထိုအခေါက်တွင်တော့ ငါးဖမ်းတပ်ဖွဲ့မှ ကောက်ထားသည့် ခရုကမာများလည်း ပို့ပေးလာ၏။ ၆နာရီ သို့မဟုတ် ၇နာရီတွင်တစ်ခေါက်၊ ၈နာရီသို့မဟုတ် နာရီတွင် တစ်ခေါက်ပို့လေ့ရှိ၏။

ထို့ကြောင့် ပင်လယ်စာ အရောင်းတန်းရှိဝန်ထမ်းများသည် မနက်အစော ၅နာရီအလုပ်ဝင်ကာ ပင်လယ်စာများပို့လာသည်နှင့် ချိန်တွယ်ပြီး အရောင်းကောင်တာပေါ်တင်ရကာ ၁၀နာရီအထိ အလုပ်များကြ၏။

ပင်လယ်စာများရောင်းကုန်လျင် စျေးတန်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ကာ နေ့လည်၁၂နာရီခန့်တွင် အလုပ်ဆင်းကြသည်ဖြစ်သည်။

ပင်လယ်စာစျေးတန်းတွင်လုပ်ရသည်က မနက်ခင်းတစ်ပိုင်းလုံးအလုပ်များလှ၏။

ဤအလုပ်က ခက်ခဲပင်ပန်းကာ ငါးများကိုလည်း ခုတ်ထစ်ရသည်ဖြစ်၍ ညစ်ပတ်ပေရေမည်ကိုလည်း ကြောက်နေ၍မရပါ။အလုပ်ပင်ပန်းသော်လည်း လစာကမများ၍ အရာရှိဇနီးသည်အများစုက ဤအလုပ်ကို မလုပ်ချင်ကြပေ။မွန်းလွဲပိုင်းနှင့် ညနေပိုင်းအနားယူလိုကြသည့် အမျိုးသမီးများသာ လုပ်ကြ၏။

ထို့ကြောင့် ပင်လယ်စာအရောင်းတန်းရှိ ဝန်ထမ်းများသည် အချိန်ပို မလုပ်လိုကြပေ။ ထို့ကြောင့် လင်းဝေ့လည်း သူတို့စျေးမသိမ်းခင် လက်မှတ်ကိုအမြန်လာပေးရမည်ဖြစ်သည်။ ဒါမှသာ သူတို့လည်း အိမ်ကို ပုံမှန်အတိုင်း ၁၂နာရီခန့်တွင် ပြန်နိုင်မည်ဖြစ်၏။

"မစိုးရိမ်ပါနဲ့ အစ်မ ကျွန်မ အိမ်ပြန်ရောက်တာနဲ့ လက်မှတ်ယူပြီး လာပေးပါ့မယ်"

ထို့ကြောင့် လင်းဝေ့သည် အသီးအရွက်စျေးတန်းကို ဆက်မသွားတော့ပဲ သမဝါယမစျေးမှ ထွက်လာလိုက်၏။ အသီးအရွက်စျေးတန်းကိုတော့ နောက်မှ သွားရန်တွေးလိုက်သည်။

လင်းဝေ့တို့မိသားစုအိမ်ရာထဲ ဝင်လာတော့ ကောင်းရှို့လျန်နှင့် ထိပ်တိုက်ဆုံလေ၏။

ကောင်းရှို့လျန် ကိုယ်ရေးသုံးသပ်ချက်ရေးပြီး စားသောက်ဆိုင်အလုပ်ပြန်ဝင်သွားကတည်းက လင်းဝေ့နှင့် မတွေ့ဖြစ်တော့တာဖြစ်သည်။

ရံဖန်ရံခါ ခြံဝန်းထဲကနေ မြင်လိုက်သော်လည်း တစ်ယောက်နဲ့တစ်ယောက်လည်း နီးနီးကပ်ကပ် မမြင်ခဲ့ကြပေ။ ထို့ကြောင့်ယခုတွေ့လိုက်တော့ ကောင်းရှို့လျန်မျက်တွင်းများ ချိုင့်နေသည်ကို တွေ့လိုက်ရ၏။

လင်းဝေ့လည်း ကောင်းရှို့လျန် ဘာ့ကြောင့် မျက်ကွင်းညိုနေလည်း ဆိုတာ စိတ်မဝင်စားမိပါ။ ထို့ကြောင့် မမြင်ချင်ယောင် ဆောင်ပြီးတော့ သာဖြတ်သွားလိုက်၏။

လင်းဝေ့က ကောင်းရှို့လျန်ကို မမြင်ချင်ယောင် ဆောင်ကာ ဖြတ်သွားနိုင်သော်လည်း ကောင်းရှို့လျန်ကတော့ မမြင်ချင်ယောင် မဆောင်နိုင်ခဲ့ပါ။ ထို့ကြောင့် လင်းဝေ့ ပြန်လာခြင်းသည်မနက်ခင်း အတန်းချိန် ၂ ချိန်ပြီး၍ ပြန်လာသည်ဖြစ်မည်ဟု တွေးလိုက်ကာ လင်းဝေ့နောက်ကျောကို လှည့်ကြည့်လိုက်ပြီး သူမ လက်သီးကို ဆုပ်လိုက်၏။

All Chapters