← Chapters

Chapter 99

Vol. 8 Ch. 99

Chapter 99

Vol. 8 Ch. 99

လင်းဝေ့ ကျိုးအိမ်ရှေ့က ဖြတ်လာတော့ မင်မင်နှင့် ရွေ့ရွေ့က ရှောင်းရှီးရှီးနှင့် တွေ့ချင်သည်ဟု ပြော၍ လင်းဝေ့ကလည်း သွားခိုင်းလိုက်၏။ လင်းဝေ့ကတော့ ဝယ်လာသည့်ပစ္စည်းများကို အိမ်ပြန်ထားရန် သွားလိုက်၏။

အိမ်ပြန်ရောက်တော့ ဝယ်လာသည့် ပင်လယ်စာများကို ရေထဲ စိမ်လိုက်၏။ ထို့နောက် ဧည့်ခန်းထဲရှိ လက်မှတ်များထည့်ထားသည့် အံဆွဲထဲမှ ပင်လယ်စာ လက်မှတ် နှစ်ခု ထုတ်လိုက်၏။

ထို့နောက် လင်းဝေ့သည် စျေးကို ပြန်သွားပြီး တို့ဟူးဝယ်လာကာ တို့ဟူးနှင့် ဂေါ်ဖီထုပ် ဟင်းရည် လုပ်စားရန် စိတ်ကူးလိုက်၏။

အိမ်အပြင်ကို ထွက်လာပြီး ကျိုးအိမ်ကိုသွားလိုက်တော့ ကလေး သုံးယောက် ခြံထဲမှာ ဆော့နေသည်ကို တွေ့လိုက်ရ၏။ လင်းဝေ့လည်း ချန်ပါးမေ့နှင့် စကားအနည်းငယ်ပြောကာ ကလေးနှစ်ယောက်ကို မခေါ်တော့ပဲ မိသားစုအိမ်ရာမှ ပြန်ထွက်လာလိုက်၏။

မိသားစုအိမ်ရာမှ စျေးကို အရင်သွားလိုက်ကာ ပင်လယ်စာ လက်မှတ်ကို အရင်သွားပေးလိုက်၏။ ထို့နောက် ဟင်းသီးဟင်းရွက် စျေးတန်းကို သွားလိုက်ကာ တို့ဟူး၊ ဂေါ်ဖီထုပ်နှင့် အားလူး တစ်ချို့ဝယ်လာလိုက်၏။

ထို့နောက် သစ်သီးတန်းဘက်ကို ဆက်သွားလိုက်ပြီး ရာသီပေါ်သီးနှံတစ်ချို့ကိုလည်း ဝယ်လိုက်သေး၏။

သစ်သီးဝယ်နေစဥ် သစ်သီးအရောင်းဝန်ထမ်းကျောက်လီ၏ ပြုံးနေသည့်မျက်နှာကိုတွေ့၍ လင်းဝေ့က မေးလိုက်၏။"အစ်မ ဒီနေ့ အရမ်းပျော်နေပါလား"

ပျော်ရွှင်နေသည့် ကျောက်လီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လင်းဝေ့အနားတိုးကာ တီးတိုးပြောလိုက်၏။" တပ်ရင်းမှုးချောင်ရဲ့ ပြောင်းရွေ့မိန့်က ကျလာပြီလေ"

" ဘာပြောင်းရွေ့မိန့်လဲ" ဟု လင်းဝေ့က နားမလည်ပဲဖြစ်နေ၏။

" သူ့အိမ်လေ တပ်ရင်းမှုးချောင် ပြောင်းရွေ့သွားရင် သူတို့အိမ်နေရာလွတ်ပြီလေ။ လောင်ကျန်းကလည်း တပ်ရင်းမှုးချောင် အိမ်ပြောင်းဖို့အတွက် စာတင်ထားတာလည်း ကျလာပြီလေ" ဟု ကျောက်လီ ကတိုးတိုးလေးပြောလိုက်၏။

" အရမ်းကောင်းတာပေါ့ အစ်မရယ်။ ဒါနဲ့ ဘယ်တော့ လောက်ပြောင်းမှာလဲ။ လာပြောင်းကူပေးမယ်လေ"

"အခုတော့ မဟုတ်သေးဘူး။ လကုန်လောက်မှပေါ့။ ဒါမှ မဟုတ် နောက်လလောက်ပေါ့။ တပ်ရင်းမှုးချောင် ဘယ်အချိန်လောက်ပြောင်းမလဲ ဆိုတဲ့အပေါ် မူတည်တာပေါ့။ ဝေ့ဝေ့ ကူစရာ မလိုပါဘူး။ လောင်ကျန်းက ပြောင်းတဲ့ အချိန်ကျရင် လောင်ကျန်းက ပြောင်းကူဖို့ လူခေါ်လိမ့်မယ်။ ဒါပေမယ့် ပြောင်းပြီးသွားရင်တော့ အိမ်ပြောင်းညစာစားဖို့လာရမယ်နော်"

ကျောက်လီတို့ ဇာတိမြို့ဘက်မှာဆိုရင် အိမ်သစ်တက်ရှိလျင် အသ်ိမိတ်ဆွေများကို ဖိတ်ကြားကာ ရင်းနှီးမှုအတွက် ညစာကျွေးလေ့ရှိ၏။ သို့သော် သူမ ကျွန်းပေါ်ရောက်လာချိန် တွင် သူမ၏ ပတ်ဝန်းကျင်ရှ်ိ လူများနှင့် လည်း မသိကျွမ်း၍ ထိုကဲ့သို့ ညစာ ဖိတ်ကျွေးခြင်းများလည်း မလုပ်ဖြစ်သည်မှာ အတော်ကြာပြီဖြစ်၏။

ယခုတော့ သူအိမ်ပြောင်းဖြစ်သည့်အပြင် သူမနှင့်သိသည့် မိတ်ဆွေအပေါင်းအသင်းများလည်းအများကြီးရှိနေပြီဖြစ်၍ အိမ်ပြောင်းပြီးလျင် ညစာစားပွဲလေး လုပ်ရန် စိတ်ကူးထား၏။

"ဟုတ်ပြီလေအစ်မ ဘယ်အချိန်လဲ သိရင်တော့ပြောဦးနော်"ဟု လင်းဝေ့ကပြောလိုက်ပြီး ကျောက်လီကို ထပ်မေးလိုက်၏။

"အစ်မ လိုချင်တာလေးများ မရှိဘူးလား"

ကျောက်လီကလည်း လင်းဝေ့၏မေးခွန်းကို နားမလည်လိုက်၍ ပြန်မေးလိုက်သည်။"ဘာဖြစ်လို့လဲ"

"အော် အစ်မက ထမင်းဖိတ်ကျွေးမှတော့ ကျွန်မတို့လဲ လက်ဆောင်တစ်ခုခုတော့ ယူလာရမှာပေါ့။ ဒါ့ကြောင့် အစ်မ လိုချင်တာရှိရင် ပြောလေ စျေးသိပ်မကြီးရင် ကျွန်မ လက်ဆောင်ပေးမလို့ပါ"

" စျေးကြီးတာ ဖြစ်နေရင်ရော?"

" ဒါဆိုရင် တော့ ဟုန်ပေါင်းပဲပေးတော့မယ်"

နှစ်ဦးသား ရီမောလိုက်ကြ၏။"ဟုတ်ပါပြီ။ ဘာ လက်ဆောင် ဘာဟုန်ပေါင်းမှ မလိုပါဘူး။ အိမ်သစ်တက်တာမှ မဟုတ်တာ အာ့တာတွေ မလ်ိုပါဘူးရှင် ကျွန်မက မိတ်ဆွေတွေနဲ့ သိုက်သိုက်ဝန်းဝန်းလေးဖြစ်ချင်လို့ပါ"

"ကျွန်အတို့လည်း အလကားလာစားလို့တော့ ဘယ်ဖြစ်မလဲ"

လင်းဝေ့လည်း ဘာယူလာရင် ကောင်းမလဲ ခဏတွေးလိုက်၏။"ဒါဆိုလည်း ကျွန်မ အာ့နေ့ကျရင် သက်သက်လွတ် ဟင်းပန်းကန်နှစ်မျိုးယူလာလိုက်မယ်လေ"

သက်သက်လွတ်ဟင်းပွဲများက အရသာကောင်းသည်ဟု ဆိုနိုင်၏။ ယားကျိုကျွန်းသည် ပူသည့်ရာသီဥတုရှိသော်လည်း ဟင်းသီးဟင်းရွက်ကတော့ မပျက်ချေ။ဟင်းရွက်နှင့် အသားအနည်းငယ်ကို ကြော်လိုက်လျင်လည်း ဧည့်သည်ကို ဧည့်ခံဖို့ဟင်းလျာကောင်းတစ်ခွက်ရပြီဖြစ်သည်။

"အာ့လောက်တော့မလိုပါဘူးရှင် ပေးချင်တဲ့ ဝေ့ဝေ့စိတ်ကို သိပါတယ်"

"ဒါဆို ကျွန်မက ဟင်းနှစ်မျိုးယူလာရမှာလား ဟုန်ပေါင်း ဒါမှမဟုတ် လက်ဆောင်တစ်ခုခုယူလာပေးရမလား" ဟု လင်းဝေ့က လက်ချောင်းလေးများချိုးလိုက်ပြီး အကြပ်ကိုင် မေးလိုက်၏။

"အစ်မ တစ်ခုရွေးလိုက်"

"ဟုတ်ပြီ ဒါဆိုလည်း သက်သက်လွတ်ဟင်းနှစ်မျိုးသာယူခဲ့လိုက်ပါတော့" ဟု ကျောက်လီကပြောကာ ညည်းလိုက်သည်။

"ကျွန်မကပဲ ထမင်းစားဖို့ခေါ် တာလား။ အလုပ်လုပ် ကူဖို့ခေါ်တာလား မသိတော့ပါဘူးရှင်"

"ဘယ်လိုပဲ ဖြစ်ဖြစ် အတူတူပါပဲရှင်"ဟု လင်းဝေ့ကလည်း ပြုံးကာပြောလိုက်၏။

လင်းဝေ့၏ စပ်ဖြီးဖြီးအပြုံးကြောင့် ကျောက်လီကလည်း ရီမောလိုက်၏။"ရှင်ကတော့လေ"

ထို့နောက် သစ်သီးဖိုးငွေချေပြီး လင်းဝေ့လည်း အိတ်အကြီးအသေးစုံလင်စွာဖြင့် အိမ်ပြန်သွား၏။ ကျိုးအိမ်ထဲကို ပြန်ဝင်လိုက်ပြီး ချန်ပါးမေ့ကို ဝယ်လာသည့် သစ်သီး တစ်ဝက်ခွဲပေးလိုက်၏။ ချန်ပါးမေ့က အစပိုင်းငြင်းနေသော်လည်း ကလေးများအတွက် ဟု လင်းဝေ့ကပြောတော့ လက်ခံလိုက်၏။

သူမကလေးများကို ခေါ်ရန်ကြည့်လိုက်တော့ ကစားလို့ကောင်းနေသည်ကိုတွေ့လိုက်၍ မခေါ်တော့ပဲ အိမ်ကို ဝယ်လာသည့် ပစ္စည်းများ ထားရန် ပြန်သွား၏။

ကျိုးမိသားစုအိမ်နှင့် သူမတို့အိမ် လမ်းကြားကို ဖြတ်နေစဥ် ယန်းယီကို သူမတို့ခြံထဲမှာ မြင်လိုက်ရ၍ လှမ်းခေါ်လိုက်၏။"အစ်မ ယန်းး"

လင်းဝေ့လည်းသူမ ခြံထံအမြန်ဝင်လိုက်ပြီး ယန်းယီဆီသွားလိုက်၏။"ဘယ်ကတည်းက ရောက်နေတာလဲ။ စောင့်နေတာကြာပြီလား"

"မကြာသေးပါဘူးရှင် " ယန်းယီက လင်းဝေ့သယ်လာသည့် ပစ္စည်းများကိုကြည့်ကာ မေးလိုက်သည်။

" စျေးဝယ်ပြီး ပြန်လာတာလား"

လင်းဝေ့ကလည်း ခေါင်းငြိမ့်လိုက်ပြီး သူမအိမ်တံခါးကို ဖွင့်လိုက်ကာ ယန်းယီကို ဧည့်ခန်းထဲ ထိုင်ခိုင်းလိုက်သည်။

"မနက်က အိပ်ရာထနောက်ကျတာနဲ့ လက်ဖက်ရည်တောင် မနှပ်ခဲ့ရဘူးး ရေနွေးကြမ်း သောက်မလား"

"ရပါတယ်ရှင် ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"

ယန်းယီကလည်း ရေနွေးသောက်ဖို့လာခဲ့တာမှ မဟုတ်တာ။

" ဒါဆို ရေနွေးကြမ်းလေးယူလာမယ်နော်"လင်းဝေ့က ခွက်တစ်ခုထဲ လက်ဖက်ခြောက်ထည့်လိုက်ပြီး ရေနွေးပူလောင်းထည့်လိုက်ကာ ယန်းယီကို ခွက်ကမ်းပေးလိုက်၏။

ယန်းယီကလည်း ခွက်ကိုယူကာ ကျေးဇူးတင်စကားပြောလိုက်သည်။"အစ်မလျို မနေ့က ရှင့်ကိုလာတွေ့တယ်ဆို"

"အစ်မက တပ်မှုးချီရဲ့ တုန့်ပြန်ပုံဘယ်လိုလဲ သိချင်လို့လား"

ယန်းယီ ခေါင်းငြိမ့်လိုက်သည်။ လျိုတန်း၏ ပုံစံကိုကြည့်ကာ ရလဒ်ကောင်းမည်ဟု ခန့်မှန်းလိုက်သော်လည်း လျိုတန်းဆီ တိုက်ရိုက်သွားမေးဖို့ မသင့်၍ အခြေအနေအသေးစိတ်ကို သေချာသိချင်နေမိ၏။

မနေ့ညကကော ဒီမနက်ကော ချီထောင်က သူမကို ဘာကိစ္စမှ မေးမြန်းခြင်းမရှိပါ။ ထို့ကြောင့် သူမစိတ်ထဲ နေမထိ ထိုင်မသာဖြစ်လာ၏။အိမ်မှာ လူမရှိတုန်း လင်းဝေ့ဆီ လာရောက်မေးမြန်းခြင်းဖြစ်သည်။

ယန်းယီ စိတ်ပူပန်နေသည်ကိုတွေ့၍ လင်းဝေ့လည်း လျိုတန်း မနေ့ကပြောခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။

ယန်းယီလည်း လင်းဝေ့ပြောပြသည်ကိုနားထောင်ရင်း စိတ်သက်သာကာ ရသွား၏။ သို့သော် သူမစိတ်ထဲတွင်အနည်းငယ်တော့စိုးရိမ်နေသေး၏။

"အရင်က မသိလို့ဆို ထားလိုက်ပါတော့။ အခုသူသိနေပြီကို မနေ့ညက ကျွန်မကို ဘာလို့ တစ်ခွန်းမှ မမေးကြည့်ရတာလဲ"

လင်းဝေ့ကလည်း ချီထောင်မဟုတ်၍ ဘာ့ကြောင့်မမေးတာလဲ ဆိုတာ မသိပေ။ ထို့ကြောင့် လင်းဝေ့ကလည်းတွေးဆကာ ပြောလိုက်၏။"မနေ့ညက ချီတပ်မှုး ပုံစံ မူမမှန်တာမျိုးရှိလား"

ယန်းယီကလည်း မနေ့ညက ချီထောင်ကိုပြန်စဥ်းစားကြည့်ရင်းထောင်းခါလိုက်သည်။"မနေ့ညက သူနဲ့သူ့အမေ စကားတော့များကြတယ်။ အာ့တာကလည်း သူ့ညီရဲ့အလုပ်ကိစ္စအကြောင်းပါ။" ဟု ပြောပြီး ချီဇယ်၏ အလုပ်ကိစ္စအကြောင်းကို လင်းဝေ့ကိုပြောပြလိုက်၏။

လင်းဝေ့လည်း ထိုအကြောင်းကြားသိပြီး အရင်က မရှင်းသည်များ ရှင်းလင်းသွား၏။ သို့သော် ထိုကိစ္စနှစ်ခုကြား ဆက်စပ်မှုကို မချိတ်ဆက်မိသေး၍ စဥ်းစားက ထပ်မေးလိုက်၏။"တစ်ခြားကိစ္စရှိသေးလား"

"ဘာကိုလဲ?"

"အာ့ကိစ္စက်ို မရိုးရှင်းဘူးလို့မထင်မိဘူးလား."

"မထင်မိဘူး" ထိုသို့တွေးပြီးမှ ယန်းယီလည်း တစ်ခုကို သတိရလိုက်သည်။

"ဒါနဲ့ ဒီမနက် သူအလုပ်သွားခါနီး ဒုတပ်ရင်းမှုးကို ကူစရာရှိလို့ ညပိုင်းဂျူတီရှိတယ် ပြန်မလာနိုင်ဘူးဆိုတဲ့အကြောင်းကို ပြောသွားတယ်"

"အာ့ကိစ္စကိုလည်း ထူးဆန်းတယ်လို့ မထင်မိဘူးလား"

"ကျွန်မက ဘယ်လိုလုပ်သိမှာလဲ။ သူ့အလုပ်ဆိုတော့ ကျွန်မလည်း မမေးကြည့်လိုက်မိဘူးလေ" ဟု ပြောပြီး ယန်းယီလည်း စဥ်းစားနေမိ၏။

"ဝေ့ဝေ့ပြောချင်တာက သူ ဒီည ဂျူတီမရှိဘူးလို့ပြောချင်တာလား"

လင်းဝေ့လည်း မသေချာ၍ အတပ်မပြောရဲပေ။"ကျွန်မရဲ့ အထင်ပါ"

"ဒါဆို သူက ညဆိုင်းဆင်းစရာရှ်တယ် ဆိုပြီး ကျွန်မတို့ကိုလိမ်သွားတာပေါ့"

"ဘယ်ကိစ္စမဆို အထင်နဲ့ အပိုင်တွက်လို့မရဘူး။ ဒီည တပ်မှုးချီလုပ်စရာ တစ်ခုခုတော့ရှိပုံပဲ။ ကျွန်မအထင် ရှင် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်တာအကောင်းဆုံးပဲ"

လင်းဝေ့၏ စကားကိုကြားလိုက်မှ ယန်းယီလည်း စိတ်အနည်းငယ်လျော့လိုက်သည်။"ကျွန်မ စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ရမှာပဲ"

သူမ သည်းခံလာတာလည်းကြာပြီဖြစ်၍ နှစ်ရက် သုံးရက် ဆိုသည်က ဘာမျှ မဟုတ်တော့ပေ။

……………………

ယန်းယီက သည်းခံနိုင်သော်လည်း သူမယောက္ခမ အမျိုးသမီးချီနှင့် မတ် ချီဇယ်ကတော့ သည့်မခံနိုင်ကြတော့ချေ။

အထူးသဖြင့် ချီဇယ်ဖြစ်သည်။ သူ့အလုပ်မှ နှုတ်ထွက်ပြီးနောက် သူ့အမေကို သူ့အစ်ကိုဆီ ဖုန်းဆက်ပြီး တစ်ခြားပြည်နယ်စက်ရုံတွေမှာ အလုက်ထပ်ရှာပေးဖို့ အကူအညီတောင်းခိုင်းထား၏။

သို့သော် သူ့အမျိုးသမီးက ပတ်ဝန်းကျင်၏ ပြောစကားများကြောင့် အစ်ကိုကြီးဆီမှာ အကူညီတောင်းလက်စနှင့် ပြည်နယ်မှာ မဟုတ်ပဲ ခရိုင်အဆင့်စက်ရုံမှာ အလုပ်သွင်းပေး ရန်ပြောလိုက်၏။

ချီဇယ်က ထိုကိစ္စမှာ သိပ်မဖြစ်နိုင်မှန်းသိသည်။ သူ့အစ်ကို နှင့်သူက အသက်အရွယ် အတော်ကွာခြားကာ အကြာကြီး အတူမနေခဲ့ကြသော်လည်း သူ့အစ်ကိုကြီး၏ စိတ်နေစိတ်ထားကိုသူ သိ၏။ ထို့ကြောင့် ပြည်နယ်စက်ရုံတစ်ခုမှာ အလုပ်ရှာပေးလျင်ပင် ကျေးဇူးတင်မိမည်ဖြစ်သည်။ ခရိုင်အဆင့်စက်ရုံကိုတော့ စိတ်မကူးရဲပေ။

သူက ခရိုင်အဆင့်ကို မတွေးရဲသော်လည်း သူ့အမေကတော့ တွေးရဲ၏။

ပြည်နယ်စက်ရုံကို အလုပ်ဝင်ကာစက ချီထောင်သည် သူ၏ အိမ်ထောင်စုဇယားကို ကျေးလက်မှ မြို့ပြအိမ်ထောင်စုဇယားသို့ပြောင်းထားခဲ့ဖူး၏။

ချီဇယ် တပ်ထဲမှ ထွက်ကာ ပြည်နယ်စက်ရုံမှာ အလုပ်ဝင်ခဲ့သော်လည်း ကျေးလက်မှ လူများက တပ်ထဲကနေဘာ့ကြောင့် ထွက်လာလဲဘယ်သူမျှ မစပ်စုကြပါ။ သို့သော် ပြည်နယ်စက်ရုံ မှာ ပြဿနာဖြစ်၍ ထွက်လိုက်ရတော့ သူများက တပ်ထဲမှာလည်း ပြဿနာလုပ်၍ ထွက်လိုက်ရသည်ဖြစ်မည်ဟု ပြောဆိုလာကြ၏။

အမျိုးသမီးချီက သူ့သားက ပိုကောင်းသည့်အလုပ်ကို ရမည့်အကြောင်းပြောတော့ ထိုအကြောင်းကြားသည့်လူများက "ရှင့်သားက ပြည်နယ်စက်ရုံအလုပ်ကိုတောင် သေချာမလုပ်နိုင်တာ ဘယ်လိုလုပ် ပိုကောင်းတဲ့အလုပ်ရနိုင်မှာလဲ" ဟု အမျိုးသမီးချီကို ရွဲ့ပြောကြ၏။

ထိုစကားကြားတော့ အမျိုးသမီးချီလည်း ဒေါသထွက်ကာ သားငယ်အတွက် တစ်ခြား ပြည်နယ် စက်ရုံမှာ အလုပ်ရှာပေးဖို့ သူ့သားကြီးကို ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်၏။

ထိုစဥ်အခါက ဘယ်စက်ရုံမှာ ရှာခိုင်းရမလဲ သေသေချာချာ မစဥ်းစားမိသေးပေ။ နောက်မှ သူမချွေးမငယ်၏ စကားကြားမှ အကြံရသွား၏။ ပြည်နယ်စက်ရုံသည် လူ၅၀ ၆၀လောက် အလုပ်လုပ်သည့်စက်ရုံဖြစ်ပြီး ခရိုင်စက်ရုံတွင်တော့ လူသောင်းချီအလုပ်လုပ်သည့်စက်ရုံဖြစ်၏။ ထို့ကြောင့် ပြည်နယ်စက်ရုံမှာ လုပ်သည်ထက်စာလျင် ခရိုင်စက်ရုံက ပိုကောင်းသည်ဟုတွေးလိုက်၏။

ထို့အပြင် သူမသားငယ်က ခရိုင်စက်ရုံမှာ အလုပ်ရလျင် မြို့ကြီးပြကြီးသားဖြစ်သွားမည်။ ပိုလည်းအမြင်ကျယ်လာမည်ဖြစ်သည်။

ဤသို့တွေးလိုက်ပြီး အမျိုးသမီးချီသည် အထုပ်များထုပ်ပိုးပြီး သူ့သားကိုခေါ်ကာ ယားကျိုကျွန်းကိုထွက်လာလိုက်ခြင်းဖြစ်သည်။

သူ့သားကြီးဆီ အလည်လာသည်ဆိုတာက ခေါင်းစဥ်တပ်သည်သာဖြစ်သည်။ အဓိကအကြောင်းအရင်းက သူ့သားငယ် အလုပ်ရဖို့ဖြစ်သည်။ ထိုကိစ္စကို ဖုန်းထဲရှင်းပြလျင် အဆင်မပြေမည်စိုး၍ မိသားစုတွေ့ဆုံလိုသည်ကို အကြောင်းပြရင်း လူချင်းလာတွေ့သည်ဖြစ်သည်။

သူတို့သားအမိ နှစ်ယောက်က အဝေးကနေလာပြီး လာတွေ့တာဆိုသည့်အချက်ကို ကိုင်ကာ သားကြီးကို တောင်းဆိုလိုက်လျင် ငြင်းလိမ့်မည်မဟုတ်ဟု အပိုင်တွက်လိုက်၏။

နောက်ဆုံးတော့ သူ့သားကြီးက ငြင်းလိုက်တယ်။

All Chapters