← Chapters

Chapter 101

Vol. 8 Ch. 101

Chapter 101

Vol. 8 Ch. 101

"ဒါဆို ခု လတ်တလေး ဖြစ်တဲ့ကိစ္စတွေက ဘာလို့ မပြောတာလဲ"

"ကျွန်မလည်း ပြောပြမလို့ပါပဲ ရှင်လည်း အလုပ်ရှုပ်နေတာနဲ့။ အမေတို့လည်း အကြာကြီး မနေလောက်ဘူးထင်လို့လေ။ အမေတို့ပြန်သွားတဲ့အချိန်ထိတော့ ကျွန်မ သည်းခံနိုင်လောက်မယ်လို့ တွေးလိုက်လို့ပါ"

ပထမတော့ ယန်းယီသည် အမှန်ပင် သည်းခံရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် လင်းဝေ့၏ပြောစကားအရ ချီဇယ်၏ ထူးဆန်းမှုများကိုတွေးကာ ချီထောင်လည်း ဤကိစ္စကို သိမသိ သူမသိချင်လာသည်။

ယန်းယီထပ်ငိုလာသည်ကိုတွေ့၍ ချီထောင်က ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။"ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မသိခဲ့လို့ပါ။ ကိုယ်က……"

သူ့အမေနှင့် မိန်းမကြားတွင် ကတောက်ကဆလေးများရှိကြောင်းသိသော်လည်း သာမန်စကားများကြသည်ဟုသာထင်၏။ ထို့ကြောင့် သေချာ မမေးမြန်းခဲ့ပဲ သူ့အမေပြန်သွားလျင် ကိစ္စငြိမ်းသွားလိမ့်မည်ဟုတွေးခဲ့၏။

သို့သော် သူ့မိန်းမကို ဤကဲ့သို့ မကြာခဏ အနိုင်ကျင့်ခံရလိမ့်မည်ဟုတော့ မထင်ခဲ့မိချေ။

"ဘာမှ မစိုးရိမ်နဲ့နော် ဒီကိစ္စကို ကိုယ် ဖြေရှင်းလိုက်မယ်" ဟု ယန်းယီကို ချော့မော့ ပြောဆိုလိုက်ပြီး သူ့အမေနှင့်စကားပြောရန် သူ့အိမ်ကိုပြန်သွားလိုက်၏။

ချီထောင်ပြန်သွားမှ မီးဖိုချောင်ထဲ ခိုးနားထောင်နေသည့်လျိုတန်းက ဧည့်ခန်းထဲအမြန်ဝင်လာပြီး ချီထောင်၏ သဘောထားကို ယန်းယီအားမေးလိုက်၏။

လျိုတန်း မီးဖိုချောင်ကနေ နားထောင်နေသော်လည်း တစ်ချို့စကားလုံးများသာကြားပြီး အကုန်မသိလိုက်ရ၍ ယန်းယီကို မေးကြည့်ရခြင်းဖြစ်၏။

…………………………………

လင်းဝေ့လည်း ယန်းယီကိစ္စကို တွေးရင်း အတွေးနယ်လွန်ကာ ကျုံးရှောက်ခေါ်သည်ကိုပင် မကြားမိပါ။ သုံးခေါက်လောက် ခေါ်မှသာ အသိပြန်လည်လာ၏။"ဘာလဲ"

"မင်း အခုထိ ပန်းကန်ထဲက ထမင်းမစားသေးလို့လေ"

"မေမေ မြန်မြန်မစားရင် ပုဇွန်တုတ်ဟင်း ကုန်တော့မယ်နော်"ဟု မင်မင်က ပုစွန်တုတ်များစားရင်း သူ့အမေကို သတိပေးလိုက်ကာ နောက်ထပ်ပုစွန်တုတ်တစ်ခုလှမ်းယူရန်ပြင်လိုက်သည်။

သို့သော် သူ မယူနိုင်လိုက်သေးခင်မှာ သူ့အဖေက ဟင်းပန်ကန်ထဲက ပုစွန်တုတ်နှစ်ကောင်ကို ယူလိုက်ပြီး သူ့အမေ ပန်းကန်ထဲထည့်ပေးလိုက်၏။

မင်မင် မျက်လုံးလေးပြူးကာ မကျေမနပ်ဖြစ်သွား၏။

"ဖေဖေ သားလည်းစားချင်တာကို"

ကျုံးရှောက်ကလည်း ရွေ့ရွေ့နဲ့မင်မင်ကို ပုစွန်တုတ်တစ်ကောင်စီ ခပ်ထည့်ပေးလိုက်၏။

"သားတို့ကျ ဘာလို့ တစ်ယောက် တစ်ခုစီလဲ" ဟု မင်မင်က အတွန့်တက်လိုက်သည်။

"နှစ်ကောင်ပဲ ကျန်တော့တာလေ။ သားနဲ့သားညီလေး တစ်ယောက်တစ်ကောင်စီပေါ့"

ရွေ့ရွေ့ကတော့ သူ့အဖေ ထည့်ပေးသည့်ပုစွန်တုတ်ကိုသာအပီ ဆွဲနေ၏။

မင်မင် - "………ဒါပေမယ့် မေမေ့ကိုကျ နှစ်ကောင်တောင်ထည့်ပေးတာလေ"

"မေမေက လုံးဝမသားရသေးဘူးလေ။ သားတို့က အများကြီး စားပြီးကြပြီလေ"

မင်မင်လည်း ပြန်တွေးလိုက်ကာ သူ့ပန်းကန်ထဲရှိ ပုစွန်တုတ်ကိုသာ အခွံခွါပြီး စားလေတော့၏။

ကျုံးရှောက်လည်း သူ့သားမင်မင်နှင့် ပုစွန်ပြဿနာဖြေရှင်းခန်းပြီးတော့ လင်းဝေ့ကိုမေးလိုက်၏။"ဘာတွေ စဥ်းစားနေတာလဲ"

လင်းဝေ့လည်း ပန်းကန်ထဲက ပုစွန်ကိုအခွံခွာရင်း ပြောပြလိုက်၏။"အစ်မယန်းရဲ့ အဖြစ်ကိုတွေးနေမိလို့ပါ"

ကျုံးရှောက်လည်း လတ်တလော သူ့မိန်းမ လင်းဝေ့နှင့် ယန်းယီတို့ တိုးတိုးတိတ်တိတ် ကျိတ်လုပ်နေသည်ကိုရိပ်မိသော်လည်း အထူးတလည်မမေးမိပါ။"သူက ဘာဖြစ်လို့လဲ"

"ဘာဖြစ်တာလဲ လို့တော့ပြောရခက်တယ်။ ဒီနေ့နေ့လည်ကလဲ ကျွန်မတို့အိမ်မှာ နေ့လည်စာစားပြီး အစ်မတန်းအိမ်မှာလည်း အကြာကြီး လည်သွားပြီ ညနေလောက်မှ သူ့အိမ်ပြန်သွားတယ်လေ။ ကျွန်မအထင် သူတို့သမီးယောက္ခမ ကတောက်ကဆ ဖြစ်ထားကြတယ် ထင်တယ်" ဟုပြောကာ "ရဲဘော်ချီကလည်း ဒီည တစ်ကယ်ကြီး ညဂျူတီရှိနေတာလား" ဟု တီးတိုးထပ်ရေရွတ်နေလိုက်၏။

"ချီထောင်က ညဂျူတီမရှိဘူးထင်တယ်" ဟု ကျုံးရှောက်က ပြောလိုက်၏။

"ရှင် ဘယ်လိုသိတာလဲ" ချီထောင်နှင့် ကျုံးရှောက်သည် တပ်ရင်းမှုး မတူကြပါ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက်လဲ အပြောအဆို သိပ်မရှိကြပါ။

"ကိုယ် သူ့ကို စက်ဘီးအမြန်စီးပြီး အိမ်ပြန်သွားတာကို တွေ့လိုက်တယ်လေ။"

"ရှင်သေချာလို့လားး သူတို့အိမ်မှာစက်ဘီးမှ မရှိတာကို"

" သေချာပါတယ် သူပဲ"

လင်းဝေ့လည်း စဥ်းစားရင်းနားလည်သွား၏။ ချီထောင်မှာ ညဂျူတီမရှိ၍ သူများ၏ စက်ဘီးငှားကာ အိမ်ကိုပြန်လာသည်ဟု တွေးလိုက်၏။

ထိုသို့စဥ်းစားလိုက်မိမှ လင်းဝေ့လည်း ယန်းယီအတွက် စိတ်အေးသွား၏။

.......

ချီထောင်က ယန်းယီကို လျိုတန်းအိမ် လိုက်ပို့နေစဥ် ချီဇယ်သည် ဒုတိယအထပ်ရှိ သူ့အခန်းထဲကထွက်လာကာ သူ့အမေကို လှမ်းခေါ်လိုက်၏။

အမျိုးသမီးချိိလည်း ကြောင်အနေရာမှ သူသားငယ် ခေါ်သံကြား၍ မျက်နှာငြိုးငယ်စွားဖြင့် ဒုတိယအထပ်ကိုတက်သွား၏။

"ဘယ်လိုလုပ်ကြမလဲ သားရေ မင်းအစ်ကိုတော့ကြားသွားပြီထင်တယ်"

သူမ သားကြီးက ယန်းယီကို ချီမိသားစုအတွက် အနစ်နာခံပေးသည်ဟုတွေးကာ ကျေးဇူးတင်ပြီး ချစ်ခင်နေသည့်အတွက် အမျိုးသမီးချီက ယန်းယီကိုပိုကြည့်မရဖြစ်ကာ နှိမ်နေရခြင်းဖြစ်သည်။ ကြာလာတော့ ယန်းယီကို ပိုကြည့်မရဖြစ်လာ၏။

သူမသည် ချီထောင်ကို မွေးပေးခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့ရသည်။သို့သော် သူ့သားချီထောင်သည် မိန်းမရသွားသည်နှင့် သူ့အမေကိုပင် မျက်လုံးထဲ မမြင်တော့ချေ။

အမျိုးသမီးချီသည် ချီထောင်ကို သားသမီးဝတ္တရားမကျေသူဟု သတ်မှတ်ထား သော်လည်း ထိုသားကြီးကသာ ကြ်ိုးစားပြီး အလားအလာရှိသူဖြစ်နေ၍ ချီထောင်ကိုတော့ ပေါ်တင် စိတ်အနှောက်အယှက်ဖြစ်အောင် မပြောဆိုရဲပါ။

ထို့ကြောင့် ထိုမကျေနပ်မှုများ သူ့ချွေးမ ယန်းယီကို ပုံချလိုက်ရခြင်းဖြစ်သည်။

သို့သော် သူ့သားရှေ့တွင်တော့ ချွေးမကို ပေါ်တင် မပြောဆိုရဲဘဲ ကွယ်ရာတွင်သာ နှိမ်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယန်းယီကို ဆူပူ နေစဥ်တွင် တံခါးက ရုတ်တရက်ပွင့်လာကာ သူ့သားကြီးကိုမြင်လိုက်ရ၍ အမျိုးသမီးချီသည် အတော်လေး ကြောက်လန့်သွား၏။ ဘယ်လိုဆက်လုပ်ရမလဲမသိကာ သူ့သားငယ်ကို အကြံလာတောင်းနေရခြင်းဖြစ်သည်။

"အခုမှ အကြံလာတောင်းနေတယ်အမေကတော့။ ကျွန်တော် အရင်ကတည်းက မရီးအပေါ် ကောင်းကောင်း ဆက်ဆံပါလို့ မပြောခဲ့ဘူးလားး အမေက ကျွန်တော့်စကားကို နားထောင်ခဲ့လို့လား"

ထိုသို့ပြောနေရင်း ချီဇယ်သည် ဒေါသလည်း ထွက်လာ၏။

ချီဇယ်သည်လည်း သူ့အမေက သူ့မရီး ယန်းယီကို မကြိုက်မှန်း အစကတည်းက ရိပ်မိပါ၏။ အကြောင်းအရင်းက ပျင်း၍မဟုတ်ပဲ ယန်းယီသည် အလုပ်ကြိုးစားကာ အကုန်လုပ်နိုင်နေ၍ဖြစ်၏။

ယန်းယီသည် ချီထောင်နှင့်လက်ထပ်ကာ ချီမိသားစုအထဲ ဝင်မလာခင်ကတည်းက သူမတာဝန်က ယောက္ခမကြီးကို ပြုစုပေးပြီး မတ်ကို ပြုစုပျိုးထောင်ပေးရမည်မှန်း ကြိုတင်သိခဲ့သည်။

လက်ထပ်ပြီးနောက်ပိုင်းလည်း အမှန်ပင် ချီမိသားစု၏ ဝန်ထုပ်ဝန်ပိုးများကို အတွင်းကော အပြင်ကော လျော့ချပေးခဲ့ပါသည်။

ထို့ကြောင့် အပြင်လူများက သူတို့သားအမိနှစ်ယောက်ကို ယန်းယီလို ချွေးမကောင်းလေးရထား၍ ကံကောင်းကြောင်းပြောဆိုကြ၏။

ချီဇယ်အနေနဲ့က ထိုသို့ပြောနေကြမှုအပေါ် စိတ်မခုပဲ ပျော်ရွှင်ပေး၏။ ချီဇယ်ပြုံးပျော်နေသည်ကိုတွေ့တော့ သူ့အမေက ဘာလို့ပျော်နေလဲမေး၏။

အကြောင်းအရင်းကို ပြောပြလိုက်တော့ သူ့အမေက "ရူးနေလားးဘယ်အိမ်က ချွေးမက အိမ်အလုပ်တွေ မလုပ်ပဲ နေလို့လဲ။ မလုပ်ရင် ဘယ်သူလုပ်ရမှာလဲ။ ဒါသူလုပ်ရမယ့် တာဝန်တွေလေ။ ဒါကို သူ့ကို ကျေးဇူးတင်နေရဦးမှာလား" ဟုပြောကာ သူ့မရီးသည် အပြင်လူဖြစ်ကြောင်း ဤကဲ့သို့အလုပ်ကြိုးစားလုပ်ပြပြီး လူများရှေ့တွက် မျက်နှာရအောင် လုပ်နေကြောင်း ပြောလေသည်။

ထိုစဥ်က ချီဇယ်သည် သူ့အမေက မရိီးကို မကြိုက်၍ပြောသည်ဟု ထင်ခဲ့၍ သူ့အမေ ပြောစကားကိုသာ အင်းအင်း ဟု နားလည်ဟန်ပြုခဲ့လေ၏။ နောက်သူ ကျောင်းပြီး၍ ပြည်နယ်စက်ရုံမှာ အလုပ်လုပ်မှသာ နားလည်လာရ၏။

သူ့အမေက ချွေးမတိုင်းက သည်လိုပဲ ယောက္ခမတွေကို ပြုစုပေးရတယ် ဤသည်က သူ့ဝတ္တရားဟုပြောနေသော်လည်း အကယ်၍ ယန်းယီမဟုတ်ပဲ တစ်ခြားလူဆိုပါက သူတို့သားအမိနှစ်ယောက် အနေအစားသက်သာမည်မဟုတ်မှန်းလည်း သူ့အမေ သိပါ၏။

ယန်းယီကြောင့်သာ သူတို့သားအမိနှစ်ယောက် ဘဝ ကောင်းမွန်စွာနေရမှန်းသ်ိသော်လည်း ယန်းယီအပေါ်ကိုအမြဲနှိမ်လေ၏။ ယန်းယီးကို နှိမ့်ကျသည်ဟုတွေးစေကာ သိမ်ငယ်လာပြီး ပိုခိုင်းရလွယ်ကူလာစေရန်ဖြစ်၏။

ချီဇယ်သည် ထိုကိစ္စများကို နားလည်လာခဲ့သော်လည်း သူ့မရီး ယန်းယီကို သနားစိတ်မဝင်မိပါ။ အမျိုးသမီးချီ၏ သူ့ခေါင်းထဲ ရိုက်သွင်းထားသော သင်ပြမှုများကြောင့် သူ့အမေကဲ့သို့ သူတစ်ယောက်ဖြစ်လာ၏။

ချီဇယ်အနေဖြင့် ယန်ယီသည် သူမဖာသာ ချီမိသားစုထဲ ဝင်လာခဲ့ခြင်းဖြစ်သည်ဟု တွေးကာ ယန်းယီ၏ ထောက်ပံ့ပေးမှုများကို သူ့ရပိုင်ခွင့်ဟုသာ သတ်မှတ်ပြီး ကျေးဇူးမတင်ဘဲ ပျော်ပျော်ရွှင်ရွှင် ရယူနေ၏။

ထိုကဲ့သို့နှစ်ပေါင်းများစွာ ယန်းယီအပေါ်ဟန်ဆောင်လာသည့်သူက ဆက်ဟန်မဆောင်နိုင်တော့၍ စိတ်ဆိုးဒေါသထွက်လာခြင်းတော့ မဟုတ်ပါ။

ချီဇယ် ပြည်နယ်စက်ရုံမှာ အလုပ်လုပ်ပြီး စက်ရုံမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီးနောက် သူ့အတွက်ကော အမျိုးသမီးချီအတွက်ရော သူ့မရီးက အရေးမပါတော့ချေ။

သို့သော် သူ့မရီးအနောက်တွင် သူ့အစ်ကိုကြီးက ရှိနေသေး၏။

ယန်းယီ ပထမဆုံး အဆူပူခံရစဥ်က ချီဇယ်သည် ဝင်ကူပြောပေးသော်လည်း သူ့အမေက နားမထောင်ခဲ့ပေ။ ထို့ကြောင့် ချီထောင်သိသွားလျင်လည်း ထိုကဲ့သို့သာ ဖြစ်မည်ဟုတွေးကာသိပ်အရေးမစိုက်မိပေ။

နောက်ပိုင်းသူ့မရီး၏ သူ့အပေါ် ဆက်ဆံပုံပြောင်းလဲလာတော့ တစ်ခုခုတော့မှားနေပြီဟုထင်လာ၏။ နောက်တော့ သူ့အမေနှင့်မရီးကြားက ပြဿနာက ကြီးထွားလာကာ မရီးလည်း မခံနိုင်တော့၍ အစ်ကိုကြီးရှိသည့် တပ်ထဲပြောင်းသွားခဲ့လေတော့သည်။

ထို့ကြောင့် ချီဇယ်လည်း သူ့မရီးအပေါ် ဟန်ဆောင်ကောင်းပြဖို့ နောက်ကျသွားခဲ့၏။

ထို့ကြောင့်ဤတစ်ခေါက် ကျွန်းပေါ် ရောက်စဥ်တွင် ယန်းယီကို ကောင်းကောင်းဆက်ဆံရန် သူ့အမေကို ပြောထားခဲ့၏။

သို့သော် လူဟူသည်မှာ သူတို့အနိုင်ယူနေကျလူကိုတစ်ဖက်လူ ခေါင်းငုံ့ခံနေသမျှ အနိုင်ကျင့်စမြဲဖြစ်ပြီး တစ်ဖက်လူ ပြန်လှန်လာမှ ရပ်တတ်ကြ၏။ ထို့ကြောင့် သူ့အမေသည်လည်း ယန်းယီကို အနိုင်ကျင့်လာသည်မှာကြာပြီဖြစ်၍ သူ့အကျင့်ကို မဖျောက်နိုင်တော့ပေ။

ကျွန်းပေါ်ရောက်ပြီး ဒုတိယနေ့တွင် သူ့အမေသည် ယန်းယီကို စတင် အပြစ်ရှာလေတော့၏။ သို့သော် ယန်းယီသည် သည်းခံကာ သူ့ယောက္ခမရှေ့မှ အတတ်နိုင်ဆုံးဝေးအောင်နေ၏။

သူ့အမေက သူ့မရီးကို အနိုင်မကျင့်ဘဲ မနေနိုင်မှန်းသိလိုက်ရသောအခါ ချီဇယ်လည်း သူ၏ ဗျူဟာကိုပြောင်းရတော့၏။ ချွေးမနှင့်ယောက္ခမကြားက ပြဿနာကို ပိုကြီးလာစေရန် လောင်စာဆီထည့်ပေးလိုက်၏။

တစ်ဖက်တွင်တော့ သူက သူ့မရီးကို နှစ်သိမ့်ပေးပြီး သူ့အမေနှင့် သဘောထားမတူကြောင်းပြကာ သူ့မရီး၏ ဘက်တော်သားပုံစံ ဟန်ဆောင်လေ၏။

ဤနည်းလမ်းကလည်း အရမ်းအသုံးဝင်၏။ ယန်းယီက သူ့အပေါ် အရင်ကဲ့သို့မဟုတ်ပဲ မောင်တစ်ယောက်ကဲ့သို့ဆက်ဆံလာ၏။

သူအလုပ်မရှိကြောင်းပြောခဲ့တော့လည်း မစိုးရိမ်ရန် သူ့အစ်ကိုကြီးကို ပြောပေးမည့်အကြောင်း သူတတ်နိုင်သလောက် ကူညီမည့်အကြောင်း ပြောခဲ့၏။

ဤသို့ ကိစ္စများက သူစီစဥ်ထားသည့်အတိုင်းဖြစ်လာရာမှ ဘယ်ကနေစမှားမှန်းမသိ ကိစ္စတွေက ပြန် ရှုပ်ထွေးလာပြန်ကာ ယန်းယီကလည်း သူ့အပေါ် ဆက်ဆံပုံ အေးစက်သွားပြန်သည်။

ချီဇယ်လည်း ပြန်တွေးကြည့်ရာ လွန်ခဲ့သည့်အခေါက်က ယန်းယီသည် သူ့အမေဆူနေစဥ် ဘာလို့ဝင်မပြောကူတာလဲလို့မေးတုန်းက ယန်းယီ ကျေနပ်နိုင်လောက်သည့်အဖြေသူမပေးနိုင်ခဲ့ပါ။ ထိုကြောင့်ဖြစ်မည်ဟု ထင်မိ၏။

ချီဇယ်လည်း အာ့တုန်းက ယန်းယီအကြိုက် မဖြေလိုက်မိ၍ မကျေမနပ်ဖြစ်မိ၏။ သို့သော် ချွေးမ ယောက္ခမကြားပြသနာဖြစ်၍ သူဝင်ပါလည်း မထူးလောက်ဟု တွေးနေမိပြီး ခဏခဏဝင်ပါလာလျင် သူ့အမေက သူ့ကိုပင် ကြည့်မရဖြစ်လာနိုင်လောက်၏။

ထို့ကြောင့် အဆူခံနေရစဥ် ထွက်မလာပဲ တစ်ယောက်ထဲ ကြေကွဲ င်ိုယိုနေမှ သွားနှစ်သိမ့်ပေးလိုက်ရင် ပိုအဆင်ပြေသွားမည်ဟု တွက်ဆလိုက်၏။

ဤကဲ့သို့ တွက်ချက်ရင်း သူ့အမေကို လူဆိုးစာရင်းသွင်းကာ သူကဖြန်ဖြေသူလုပ်မည်။ သူ့အစ်ကို အမြင်တွင်လည်း သူက ပြဿနာဖြေရှင်းပေးသူအဖြစ် အမြင်ကောင်းရလာနိုင်၏။

ထို့ကြောင့် ယနေ့မနက်ခင်းပိုင်းက သူ့အမေနှင့် ယန်းယီ စကားများလာကြရန် သူညှောင့်ပေးလိုက်ခြင်းဖြစ်၏။

သူ့အစီအစဥ်ကြောင့် သူတို့ စကားများနေစဥ်တွင် ချီဇယ်က ဝင်လာပြီး အမှတ်ကောင်းယူရန်ဖြစ်၏။

All Chapters