← Chapters

Chapter 102

Vol. 8 Ch. 102

Chapter 102

Vol. 8 Ch. 102

သူ့အမေကို နားချကာ ချွေးမယောက္ခမကြားက ပြဿနာကို ဖြေရှင်းပေးလိုက်ပါကလည်း သူ့မရီးက သူ့ကို ကျေးဇူးတင်မည်ဖြစ်၏။

သို့သော် သူ့အမေကလည်း သူ့စကားကို နားထောင်မည်မဟုတ်ချေ။ ထို့ကြောင့် ပထမအစီအစဥ်အတိုင်းသာ ဆက်လုပ်ပြီး သူ့မရီး၏ ယုံကြည်မှုကိုပြန်ယူမည်ဟုတွေးနေလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် သူက ဘာမှ နစ်နာတာ မဟုတ်ဘူးလေ။

သို့သော် အမြဲတမ်းအိမ်မှာပဲနေတတ်သည့် ယန်းယီက ဒီနေ့ကျမှ မနက်ခင်းကတည်းက အပြင်ထွက်လည်ပြီး တစ်နေကုန်ပြန်မလာပဲ ညနေနေစောင်းမှ အိမ်ပြန်လာလေ၏။ ချီထောင်ကလည်း ညဂျူတီရှိသည်ဟုပြောကာ ရုတ်တရက်ကြီး ပြန်လာလေရာ သူ့အစီအစဥ်တွေအားလုံးရှုပ်ထွေးကုန်တော့၏။

ထို့ကြောင့်ချီဇယ်သည် သူ့အမေကို ပြောလိုက်၏။

"အစ်ကိုကြီးပြန်လာရင် အမေ အစ်ကိုကြီးကို ဝန်ခံလိုက်နော်"

အမျိုးသမီးချီကလည်း သူ့သားငယ်၏ ဝန်ခံခိုင်းသည့်စကားကိုကြားတော့ ဒေါသထွက်လာ၏။"ဝန်ခံရမယ် ငါက ဘာကို ဝန်ခံရမှာလဲ။သူ့ကို စကားနဲ့ပဲပြောနေတာကို ဘာကို ဝန်ခံရမှာလဲ" ဟုပြောကာ ယန်းယီကို ပါးပုတ်ခဲ့သည်ကိုမေ့နေ၏။

ချီဇယ်ကလည်း အရေးပေါ်အခြေအနေဖြစ်နေ၍ သူ့အမေကို အသေးစိတ်မရှင်းပြနိုင်၍ ခေါင်းပင်ကိုက်လာ၏။ ထို့ကြောင့် သူ့လက်အုပ်ချီလိုက်ကာ "အမေ ကျွန်တော် တောင်းပန်ပါတယ်။ ဒီနေ့တစ်နေ့လောက် နှိမ့်နှိမ့်ချချလေးနေပေးလို့မရဘူးလား" ဟုတောင်းပန်လေ၏။

ထို့နောက် သူ့အိပ်ခန်းတံခါးကို ပိတ်ရန်ပြင်လိုက်လေ၏။ "အမေ ကျွန်တော်တံခါးပိတ်တော့မယ်။ အစ်ကိုကြီး ကျွန်တော်ကိုမြင်ရင် မကောင်းဘူး" ဟုပြောကာ သူ့အမေ ဘာမှ ပြန်မပြောနိုင်သေးခင် အခန်းတံခါးကိုပိတ်လိုက်လေ၏။

အမျိုးသမီးချီလည်း သူ့သားငယ်ပြောသည့်စကားကိုစဥ်းစားပြီး မျက်နှာ ဖြူလျော့လာ၏။ သူ့သားကြီးက သူ့သားငယ်ကို ဒေါသထွက်မည်ကို စိုးရိမ်နေခြင်းဖြစ်၏။

ထိုသို့တွေးရင်း သူလည်း အောက်ထပ်ပြန်ဆင်းလာစဥ် ချီထောင်လည်း အိမ်ထဲ ပြန်ဝင်လာ၏။

သူမဟုတ်ကြောင်းချက်ချင်း ခုခံပြောဆိုလိုသော်လည်း သားကြီး၏ မဲမှောင်နေသော မျက်နှာကိုမြင်လိုက်ရတော့ အသံက တိမ်ဝင်သွား၏။"ထောင်ဇီ"

ချီထောင်ကတော့ ခံစားချက်တွေ ဘေးဖယ်ကာ သူ့အမေကို သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်မေးလိုက်၏။

"ဘယ်တုန်းကတည်းကလဲ"

"ဘာကိုလဲ" အမျိုးသမီးချီကလည်း ရုတ်တရက်ဆိုတော့ ဘာကို ဆိုလိုမှန်း မသိလိုက်ပေ။

"အမေ ဘယ်တုန်းကတည်းက ကျွန်တော့်နောက်ကွယ်မှာ ယန်းယီကို အနိုင်ကျင့်နေခဲ့တာလဲ"

အမျိုးသမီးချီက သူမှားမှန်းသိသော်လည်း ခေါင်းမာမာနှင့်ငြင်းလိုက်၏။"အမေက နည်းနည်းပါးပါးလေး ဆူလိုက်တာပါ။ယောက္ခမ ချွေးမကို မဆူတဲ့သူဘယ်မှာရှိလို့လဲ။ အမေပြောတာ…"

အမျိုးသမိီးချီသည် ယန်းယီအပေါ်သူမသည် ကောင်းတာထက်ကို ပ်ိုကောင်းပေးသည်ဟု ပြောချင်သော်လည်း သူ့သား၏ အကြည့်ကိုမြင်သောအခါ အသံက တိမ်ဝင်သွားလေ၏။

ချီထောင်သည်လည်း ငယ်ရွယ်သူမဟုတ်တော့လေရာ လူတို့၏ အကျင့်စရ်ိုက်များကို သိသင့်သလောက်သိပါ၏။ သို့သော် သူ့အမေကိုတော့ ထိုကဲ့သို့ လူစားမျိုးဟု မထင်ခဲ့ပါ။

ချီထောင်အနေဖြင့် ယောက္ခမချွေးမကြားတွင် ကတောက်ကဆလေးများ ရှိမည်ကို သိသော်လည်း ယခုကဲ့သို့ ဆိုးဝါးမည်ဟု မထင်ခဲ့ပါ။

ဤကိစ္စကို စုံစမ်းရန် စိတ်ကို ပြင်ဆင်ပြီး လာခဲ့သော်လည်း တံခါးဖွင့်လိုက်ချိန်တွင် အံ့သြမိနေဆဲဖြစ်၏။ ဤလူက သူသိသည့် သူ့အမေကော ဟုတ်ရဲ့လားဟုထင်မိ၏။

လွန်ခဲ့သည့်ရက်က သူ့အမေ ယန်းယီကိုပြောဆိုခဲ့စဥ်တုန်းကလည်း ယန်းယီသည် မိသားစုအတွက် အများကြီးပေးဆပ်ခဲ့သည့် အကြောင်းပြောပြကာ တောင်းပန်စေခဲ့ပြီးပြီ။

ထိုစဥ်က သူ့အမေက နားလည်ကြောင်းပြောကာ ထပ်မပြောတော့ဟု အထပ်ထပ်ကတိပေးခဲ့၏။ အခုကြည့်ရသလောက်တော့ သူ့အမေက သူပြောသည်ကို နားဝင်ခဲ့ဟန်မတူ။

ချီဇယ်သည် သူ့အစ်က်ိုက တောင်းပန်ခြင်းဖြင့်သာပြသနာကိုဖြေရှင်းလိမ့်မည်ဟုထင်ကာ သူ့အမေကို အပြစ်ဝန်ခံလိုက်ပြီး တောင်းပန်ရန်ပြောလိုက်၏။ မူလက ချီထောင်လည်း တောင်းပန်ခြင်းဖြင့်အဆုံးသတ်ရန် စီစဥ်ထားခဲ့၏။ သို့သော် အခုအခြေအနေက တောင်းပန်ခြင်းဖြင့် မရနိုင်လောက်ပါ။

ချီထောင်အနေဖြင့် သူ့အမေသည် သူ့ကိုယ်သူမှန်သည်ဟုသာ ထင်နေကာ အမှားလည်း ဝန်ခံခြင်းမရှိပါ။

ဝန်ခံခဲ့လျင်ပင် အမှန်တစ်ကယ် နောင်တရမည် မဟုတ်ပဲ ယန်းယီကိုသာ ပိုငြိုးပြီး နှစ်ဆ အနိုင်ကျင့်လာနိုင်၏။

ချီထောင်ကိုယ်တိုင်ကလည်း သူ့အမေကို ဤကဲ့သို့မျိုးမှန်း လုံးဝမထင်ခဲ့ပါ။ ထို့ကြောင့် ချီထောင်သည် တုံ့ဆိုင်းမနေတော့ပဲ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်၏။

"မနက်ဖြန်ကျရင် အမေတို့ပြန်ဖို့ သင်္ဘောနဲ့ချိတ်ထားပေးလိုက်မယ်"

"ပြန်ရမယ်?"

အမျိုးသမီးချီသည် သူ့သိက္ခာကို အလွန်ထိန်းသိမ်းသူဖြစ်သည်။သူမဒေါသထွက်လျင်ပင် လူရှေ့မှာ ပေါက်ကွဲမလာအောင် မျက်နှာအမူအရာကို ထိန်းသူဖြစ်၏။သို့သော် သူမသား၏ ဆုံးဖြတ်ချက်ကိုကြားလိုက်တော့ သူမပုံရိပ်ကိုပင် ဂရုမစိုက်တော့ပဲ ပေါက်ကွဲထွက်လာ၏။

" ချီထောင်! ! ! ငါက မင်းအမေပါ။ မင်းအရင်က မင်းမိန်းမကို တောင်းပန်ဆိုတုန်းကလည်း ငါ့သိက္ခာကို မငဲ့ပဲတောင်းပန်ခဲ့တယ် အခုတော့ မင်းက တစ်ခြားမိန်းမအတွက်နဲ့ ကိုယ့်အမေကို မောင်းထုတ်နေပြီပေါ့။ ငါ့ကို နင့်အမေလို့ကော မြင်သေးရဲ့လား"

"အမေက ယန်းယီက တစ်ခြားမိန်းမ မဟုတ်ဘူးး ကျွန်တော့မိန်းမဗျ" ချီထောင်ကလည်း မျက်မှောင်ကြုံ့ကာ သူ့အမေကို ပြန်ပြောလိုက်၏။

"အေးး သူက မင်းမိန်းမ ဆိုတော့ကောဘာဖြစ်လဲ။ ငါက မင်းအမေပါ။ မင်းမိန်းမအတွက်နဲ့ အမေကို တောင် နှင်နေပြီပေါ့။ မင်းမိန်းမ မျက်ရည်ကျတာနဲ့ အမေကိုတောင်မမြင်နိုင်တော့ဘူးပေါ့" ဟုပြောကာ အမျိုးသမီးချီသည် ငိုချင်းချလေတော့သည်။

" လောင်ချီရဲ့! ! ! ရှင်ဘာလို့ စောစော ထွက်သွားရတာလဲ။ရှင်အခုလာကြည့်ပါဦး ကျွန်မတို့ ခက်ခက်ခဲခဲ ကျွေးမွေးထားတဲ့သားက အခုတော့ ကျေးဇူးမသိတတ်တဲ့ မျက်လုံးဖြူဝံပုလွေ ဖြစ်နေပြီရှင့်"

ချီမိသားစု အိမ်ထောင်ဦးစီး လောင်ချီ ဆုံးတော့ ချီထောင်သည် စစ်သားငယ်လေးသာဖြစ်သေး၍ ခွင့်မရသောကြောင့် သူ့အဖေ၏ နောက်ဆုံးခရီးကိုလည်း လိုက်မပို့ပေးခဲ့ရပေ။ ထို့ကြောင့်သူ့အဖေ အပေါ် တာဝန်မကျေသည့်သားဟု ကိုယ့်ကိုယ်ကို အပြစ်ရှိစိတ်ဝင်နေခဲ့တာဖြစ်သည်။

ထို့ကြောင့် သူ့အမေက သူတို့အဖေကို တိုင်တည်ကာ ငိုယိုတိုင်း မည်မျှခက်ခဲ့သည့်ကိစ္စကို တောင်းဆိုစေကာမှု ချီထောင်သည် သူ့အမေကို အမြဲ လိုက်လျောပေးခဲ့၏။

သို့သော် ဤ တစ်ခေါက် သူ့အမေက သူ့အဖေကို တိုင်တည်ကာ ငိုယိုစဥ်တွင်တော့ ချီထောင်သည် စိတ်ပြောင်းမည့်ပုံမပေါက်ခဲ့ပါ။

ယန်းယီအနိုင်ကျင့်ခံရသည်ဟုသိရသော်အခါ ထိုကိစ္စကို စုံစမ်းနိုင်ရန် ရှင်းတုန်းဆီက စက်ဘီးကိုပင် ငှားခဲ့ရသေး၏။ ဤပြဿနာကို မဖြေမရှင်းနိုင်မချင်း သူ့စိတ်တွင် အနှောက်အယှက်ကြီးဖြစ်နေ၏။ ကြာလာလျင် ပို၍ ဆိုးဝါးလာနိုင်သည်။

သူ့မိန်းမနှင့် သူ့အမေကြားက ပြဿနာကိုကြိုသိခဲ့ကာ အမြန်ဖြန်ဖြေပေးနိုင်ခဲ့လျင် ယခုလောက်ပင် ဆိုးဝါးလာမည်မဟုတ် ဟုလည်း ထင်မိ၏။

ချီထောင်သည် သူ၏ စိတ်ရင်းကောင်းမှုကို မူတည်ပြီး ယာယီငြိမ်းချမ်းရေး လုပ်ပေးလိုက်လျင်လည်း သား နှင့် ခင်ပွန်း ဆိုသည့် တာဝန်နှစ်ခုကြားတွင် သူဗျာများလာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရှင်းရမည့်ကိစ္စကို အမြန်ရှင်းလိုက်ကာ သူတို့ ဇနီးမောင်နှံကြား ဆက်ဆံရေးကို ထိန်းသိမ်းရမည်ဖြစ်သည်။ သူ့အမေကတော့ သူတို့နှစ်ယောက်ကြားတွင် အမေနှင့်သား ဆက်နွယ်မှုရှိ၍ နောက်ပိုင်း ပြန်လည် အဆင်ပြေလာနိုင်မည်ဟု တွေးခဲ့၏။ ထို့ကြောင့် သူ့အမေကို ပြန်လွတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ချီထောင်လည်း သူ၏ အရာရှိဦးထုပ်ကို ချွတ်လိုက်ကာ သူ့ဆံပင်ကို ဆုပ်ကိုင်လိုက်သည်။"အမေကျွန်တော့်ကို အပြစ်ပြောမယ် ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အမေ…ကျွန်တော်လည်း အကောင်းဆုံးလုပ်ခဲ့တာပါပဲ"

ချီထောင် အသက် ၁၇နှစ်အရွယ်တွင် အဖေဆုံးသွားခဲ့၏။ မိသားစုတွင် သူက သားကြီးဖြစ်၍ အမြန်ရင့်ကျက်လာစေရန်ကြိုးစားခဲ့ရ၏။

ထို့အပြင် သူတာဝန်ထမ်းဆောင်သည့်တပ်က လေ့ကျင့်ရေးပြီး၍ နားနေချိန်များတွင်လည်း ချီထောင်သည် အနားမယူပဲ အလုပ်လုပ်ကိုင်ခဲ့ကာ မိသားစုအတွက် ငွေပိုငွေလျှံများပို့ကာ မိသားစုထောက်တိုင် ဖြစ်နိုင်ရန် ကြိုးစားခဲ့၏။

သူ့အမေနှင့်ညီလေး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ရန် လစဥ်လတိုင်း ငွေများလည်း ပို့ပေးခဲ့ပါသည်။ လက်ထပ်မည့်အရွယ်ရောက်တော့ ဘလိုင်းဒိတ်တွေ့စဥ်ကလည်း တစ်ဖက်လူကို သူ့မိသားစုအခြေအနေအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့၏။

သူနှင့် လက်ထပ်လျင် သူ့အမေနှင့် သူ့ညီလေးကိုပါ ပြုစုစောင့်ရှောက်ပေးရမည်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့၏။ သူတပ်မှုးအဆင့်ရာထူးတိုးပြီးခဲ့တာတောင်မှ သူ့မိန်းမနှင့်တိုင်ပင်ပြီး သူ့ညီလေး အလုပ်ရပြီး အိမ်ထောင်ကျမှ သူ့မိန်းမကို တပ်ထဲ ခေါ်နေခဲ့တာဖြစ်သည်။

အမှန်ပင် သူ့မိသားစုအတွက် အကောင်းဆုံးကြိုးစားခဲ့တာဖြစ်သည်။

ထို့ထက်လည်း ပို၍ကောင်းအောင် မလုပ်နိုင်တော့ပါ။

သူမ အရှေ့မှ သားကြီး၏ မျက်နှာဝယ် နာကျင်မှုကို မြင်လိုက်ရသောအခါ အမျိုးသမီးချီ ရုတ်တရက် အငိုရပ်သွား၏။ တစ်ချိန်တည်းမှာပဲ သူမရင်ထဲ ထိတ်လန့်သွား၏။

နားမလည်နိုင်လည်း ဖြစ်လာ၏။

ဘာလို့လဲ?

သူမက အမေလေ!

သူမသည် သူ့ကို ကိုယ်ဝန်ဆောင်ကာ မွေးပြီး ငယ်စဥ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ရ၏။ ပညာရေးပိုင်းတွင်လည်း ပံ့ပိုးပေးခဲ့၍ တပ်မှုးတစ်ယောက်ပင် ဖြစ်လာပြီဖြစ်၏။ သူမရဲ့ ပျိုးထောင်မှု မပါလျင် သူက အောင်မြင်နိုင်ပါ့မလား။

အခုက သူ့မိန်းမကို ဆူရုံလေးပဲကို အမေဖြစ်သူကိုတောင် နှင်လွတ်နေပြီတဲ့လား။

ထိုအချိန်ထိ အမျိုးသမီးချီသည် သူ့အမှားကိုမသိသေးချေ။သူမစိတ်ထဲတွင် ယန်းယီသည် ချီမိသားစုမှ ချွေးမဖြစ်၍ သူမ၏ အဆူခံသင့် အရိုက်နှက် ခံသင့်သည်ဟု တွေးနေ၏။

အခုတော့ သူ့သားက သူ့မိန်းမဘက်ကို လိုက်ပြီး အမေဖြစ်သူကို အဆက်ဖြတ်တော့မည်လား။

အမျိုးသမီးချီသည် သူ့သားကို ဆုံးရှုံးရတော့မည်ကို တွေး၍ ကြောက်နေသည်ထက် သူ့သားကြီးက အိမ်စရိတ်များ မပို့ပေးတော့မည်ကို စဥ်းစားကာ ပိုတွေးပူနေမိ၏။

သူမရဲ့ အနေအစားချောင်သည့် နေ့ရက်တွေက ကုန်ဆုံးသွားပြီလား။

.......

လင်းဝေ့သည် နောက်တစ်နေ့ညနေခင်းတွင် လျိုတန်းပြောပြ၍ ယန်းယီ၏ ကိစ္စအလုံးစုံကို သိလိုက်ရ၏။

စနေနေ့ဖြစ်၍အတန်းချိန်ကလည်း မများပေ။ ထို့ကြောင့် လင်းဝေ့သည် မနက်ခင်းနှစ်ချိန်ပြီးလျှင် အားလပ်ပြီဖြစ်၏။

သို့သော် ဒုတိယတန်း သင်္ချာဆရာမက ဝမ်းပျက်ဝမ်းလျှောဖြစ်ကာ မနက်ခင်းမှာပင် စာသင်ခန်းနှင့် အိမ်သာကို ခြောက်ခေါက်သွားရ၏။ ထို့ကြောင့် မခံနိုင်တော့ပဲ နောက်အတန်းချိန်နှစ်ချိန်ကို ခွင့်ယူသွားလိုက်၏။ ထိုဆရာမ၏ အတန်းချိန် နှစ်ချိန်ကို လင်းဝေ့ က ဝင်ပေးရန် ယူလိုက်လေ၏။

ထိုဆရာမ၏ ချွေးထွက်ကာ ဖြူဖျော့နေသောမျက်နှာကို ကြည့်ရင်း လင်းဝေ့လည်း မငြင်းရက်တော့ပဲ သဘောတူလိုက်၏။

မနက်ခင်း အတန်းချိန်ပြီးချိန်တွင် လင်းဝေ့သည် သူမ ကလေးများကို နေ့လည် အပြင်ခဏ လမ်းလျှောက်ထွက်ခေါ်သွားရန် စဥ်းစားလိုက်၏။

အတန်းချိန်သိပ်မရှိ၍ လင်းဝေ့တွင်လည်း အားလပ်ချိန် များပြားနေ၏။ သို့သော် အလုပ်မရှိသည်ထက် စာလျင်တော်သေးသည်။

အမှန်တော့ ကျောင်းကန်တင်းမှာ သုံးနပ် ချက်မစားလျင် အားလပ်ချိန်များရှိနိုင်၏။ ကျောင်းကန်တင်းရှိ ထမင်းဟင်းက အများစားချက်ထား၍ အရသာက အရမ်းကြီး မကောင်းပါ။ နှစ်နပ်ခန့်စားကြည့်ပြီးနောက် လင်းဝေ့တို့သားအမိသုံးယောက် မစားနိုင်ကြတော့ချေ။

ထို့ကြောင့် မနက်ခင်းစာကိုတော့ ကျောင်းကန်တင်းမှာစားပြီး အတန်းချိန်များ၍ နေလည်စာမချက်နိုင်လျင်လည်း ကျောင်းကန်တင်းမှာပဲ စားလိုက်ကာ ညနေစာကိုတော့အိမ်မှာပဲ အမြဲချက်စားလေသည်။

ကျောင်းကန်တင်းက ထမင်းဟင်းကို မနက်နေ့လည်စားပြီးနောက် အိမ်ပြန်ရောက်မှသာ ညနေစာကို အဝ ချက်စားလေ့ရှိ၏။

အိမ်ပြန်ရောက်တော့ သူမကလေးများ၏ အတန်းချိန်လည်း ရှိသေး၍ လင်းဝေ့သည် အိမ်မှာလည်း အားလပ်ချိန်မရရှာပါ။ ထို့ကြောင့် အပြင်မထွက်ဖြစ်သည်ပင် ကြာလှပြီ။

အပြင်ထွက်ခြင်း ဆိုသည်မှာအိမ်အပြင် အနီးအနား ထွက်ခြင်းသာမဟုတ် အဝေးသို့ခရီးထွက်ခြင်းလည်းဖြစ်၏။ ထို့အပြင် ခရိုင်မြို့သို့သွားကာ ရုပ်ရှင်ကြည့်ခြင်းကဲ့သို့လည်း ပါသေး၏။

တောင်တက်ခြင်းနှင့် ကမ်းခြေနားလမ်းလျှောက်ခြင်းလည်း အနားယူခြင်းမည်၏။

All Chapters