Chapter 103
Vol. 8 Ch. 103
လင်းဝေ့ ဆရာများရုံးခန်းထဲ ဝင်လာတော့ အတန်းခေါင်းဆောင် ဆရာမတစ်ယောက်က သူ့ကလေး နေမကောင်းဖြစ်နေ၍ ဆေးရုံခေါ်သွားရန်လိုကြောင်း ထို့ကြောင့် လင်းဝေ့အား သူ၏ နေ့လည်ပိုင်းလုပ်အားပေး အတန်းချိန်များကို ဝင်ပေးရန် အကူအညီတောင်းလိုက်၏။
သူ၏ အကူအညီတောင်းသံကြားတော့ လင်းဝေ့၏ နှုတ်ခမ်းများ တွန့်သွားကာ ဟန်ဆောင်ပြုံးလိုက်မိ၏။
လုပ်အားပေး အတန်းဟု ဆိုသည့်အတိုင်း ကလေးများကို သန့်ရှင်းရေးလုပ်ခိုင်းကာ ကိုယ်ကာယ လှုပ်ရှားစေ ခြင်းဖြစ်သည်။
ပန်းပင်များ ဟင်းသီးဟင်းရွက်များ ရေလောင်းခြင်းလည်း ပါသေး၏။ ကျောင်းရုံးခန်းနောက်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများရှိ၏။ ထိုစိုက်ခင်းတွင် အရသာရှိသည့် ဟင်းရွက်အမျိုးအမျိုးနှင့် အာလူး မုန်လာဥနီ ခရမ်းသီများလည်း စိုက်ထား၏။ လုပ်အားပေး အတန်းချိန်တွင် ကျောင်းစာသင်ခန်း အတွင်းအပြင် သန့်ရှင်းရေးလည်း လုပ်ရသေး၏။
စစ်တပ်ဌာနများတွင် အပင်စိုက်ခြင်း တံမြက်စည်းလှည်းခြင်း နှင့် လယ်ယာစိုက်ခြင်းစသည့် လုပ်အားပေး အစီအစဥ်များအမြဲရှိပါ၏။ ထို့ကြောင့် ကျောင်းတွင်း လုပ်အားပေးအတန်းချိန်များသည် ကျောင်းသားများကို လက်တွေ့ လေ့ကျင့်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုအတန်းချိန်တွင် ဆရာမသည်စာသင်ရန်မလိုအပ်ပါ။ သန့်ရှင်းရေးလုပ်နေသည့် ကျောင်းသူကျောင်းသားများကိုသာ သူတို့အချင်းချင်း ထိခိုက်မှုမရှိစေရန် ကြီးကြပ်ပေးရန်သာ လိုအပ်ပါ၏။
ယနေ့အတွက်ကျောင်းသားကျောင်းသူများ၏ ကိစ္စအရပ်ရပ်ကို ကြည့်ပေးရမည့်တာဝန်မှာ သုံးခန်းမြောက်ဆရာမ ချန်၏ တာဝန်ဖြစ်လေ၏။
အကြီးတန်းများ၏ အတန်းခေါင်းဆောင်ဆရာမတာဝန်သည် အဓ်ိကဆရာမတစ်ယောက်က တာဝန်ယူလေ့ရှိသည်။ အကြီးတန်းတွင် တစ်တန်းကို နှစ်ခန်းရှိရာ အဓိက ဘာသာရပ်ဆရာမက တာဝန်ယူခြင်းသည် ပိုသင့်တော်ပါ၏။
သို့သော် အငယ်တန်းများတွင်တော့ တစ်တန်းကို သုံးခန်းဆီရှိရာ အဓိကဘာသာရပ်ဆရာမနှင့်ပင် မလုံလောက်တော့ချေ။ ထို့ကြောင့် လက်ထောက်ဆရာမကိုပါ ခန့်ထားရလေ့ရှိ၏။
ဆရာမချန်က လက်ထောက်ဆရာမဖြစ်ပြီး မူလတန်းအတန်းအားလုံး၏အနုပညာနှင့် ဂီတဆရာမဖြစ်၏။မူလတန်းအတန်းအားလုံး၏ အနုပညာဆရာမသာမက နောက်ထပ်အတန်းချိန်နှစ်ခုလည်း ထပ်ယူရသေးရာ သူမ၏ အလုပ်မှာ အဓိကဆရာမများကဲ့သို့ပင် များမြောင်လှ၏။
သူမထပ်ဆောင်းယူထားရသည့် အတန်းချိန် နှစ်ချိန်ကလည်း လင်းဝေ့ကဲ့သို့ပင် နေ့တိုင်း ဆက်တိုက်အချိန် နှစ်ချိန်ဖြစ်၏။ စနေနေ့မှလွဲ၍ ကျန်သည့်ရက်များတွင် အတန်းချိန် ၄ချိန်ရှိ၏။
အနုပညာအတန်းချိန်ကတော့ မူလတန်း အခန်းတိုင်း တစ်ပတ်လျင် တစ်ချိန်စီ ဝင်ပေးရ၏။ ထို့ကြောင့် ဆရာမချန်သည် တစ်ပတ်လျင် ၂၄ ချိန် အတန်းချိန်ရှိသည်။
အဓိက ဆရာမဖြစ်သည့် ဆရာမချိန်က မတော်တဆမှုကြောင့် ဆေးရုံတက်နေရကာ လက်ထောက်ဆရာမကလည်း ဝမ်းပြဿနာရှိနေ၍ အတန်းချိန်များသည် လင်းဝေ့တစ်ယောက် ခေါင်းပေါ်တွင်ကျလာ၏။
ပဒေသရာဇ်စနစ်ခတ်မဟုတ်၍သာတော်သေး၏။မဟုတ်လျင် ဒုတိယတန်းဆရာမအလုပ်သည် ကံဆိုးသည့်အလုပ်ဟုပင် ထင်နိုင်စရာရှိ၏။
ဆရာမသုံးယောက်စလုံး အရေးပေါ်အခြေအနေကြောင့် နားလိုက်ရ၍ လင်းဝေ့၏ အနားယူမည့် စိတ်ကူးလေးများလည်း ပျက်သုဥ်းသွားလေ၏။
နေ့ခင်းအတန်းချိန်လည်း ဝင်ရဦးမည်ဖြစ်သည်။
ဤသို့ဖြင့် အားလပ်ရမည့် စနေနေ့လေးသည် အလုပ်အရှုပ်ဆုံးနေ့ ဖြစ်သွားလေ၏။
ကံကောင်းသည်က ဒုတိယတန်းကလေးများ၏အတန်းချိန်သည် ကျောင်းစာသင်ခန်း သန့်ရှင်းရေး လုပ်ရမည့်အချိန်ဖြစ်၍ တော်သေး၏။
လင်းဝေ့သည့် သူတို့သန့်ရှင်းရေးလုပ်သည်ကို ကြီးကြပ်ပေးရန်သာလို၏။
ထို့ကြောင့် သူမ၏ တာဝန်သည် တစ်တန်းပြီး တစ်တန်းလိုက်ကြည့်ကာ သန့်ရှင်းရေး သေချာလုပ်မလုပ် ကလေးတွေရန်ဖြစ်မဖြစ် ကြည့်ရန်သာလို၏။
ထို့ကြောင့် လင်းဝေ့လည်း သူမအတန်း၏ စစ်ဆေးပေးရမည့် အိမ်စာများကို စစ်ဆေးကာ နောက်ရက်များအတွက် သင်ခန်းစာ ရေးဆွဲနေလေ၏။
လေးနာခန့်ကြာတော့ လင်းဝေ့လည်း အိမ်စာများကို စစ်ပြီးသလောက်ရှိပြီဖြစ်သည်။
ကျောင်းသားကျောင်းသူများ၏ စာသင်ခန်းသန့်ရှင်းရေးလည်း ပြီးပြီဖြစ်၍ အပြင်ဘက်ရှိ မြက်များနှုတ်နေကြရာ အခန်းထဲတွင် တစ်ယောက်မျှ မရှိကြတော်ချေ။လင်းဝေ့လည်း အိမ်စာ စာအုပ်များကို သိမ်းလိုက်ပြီး အခန်းအပြင် ကစားကွင်းကို ထွက်လာလိုက်၏။
ကစားကွင်းတွင် ကလေးများက တက်တက်ကြွကြွ မြက်နှုတ်ရင်း ဆူညံနေကြရာ အတော်လေး အသက်ဝင်နေ၏။
ကျောင်းသန့်ရှင်းရေးအချိန်များတွင် ဆရာမအများစုသည် ကျောင်းသားများနှင့် လိုက်လုပ်ရန်မလိုအပ်ပဲ နောက်သင်ခန်းစာအတွက် ပြင်ဆင်နေကြ၏။ သို့သော် လင်းဝေ့ကတော့ ဆရာမ အသစ်ဖြစ်၍ ကလေးများချွေးသံတရွဲရွဲ အလုပ်လုပ်နေကြသည်ကိုတွေ့တော့ ကြည့်မနေနိုင်တော့ပဲ သူမကိုယ်တိုင် ဝင်လုပ်လေတော့၏။
မြက်နှုတ်ရသည်က သိပ်မပင်ပန်းသော်လည်း နှုတ်ရသည့်လက်က နာလာ၏။ ကစားကွင်းတွင် အရိပ်မရှိသည့်အပြင် နာရီဝက်လောက်နေပူထဲ မြက်နှုတ်လိုက်ရ၍ လင်းဝေ့မျက်နှာလည်း နီရဲနေပြီး ချွေးများလည်း စိုရွဲလာ၏။
လူအုပ်တောင့်၍ ငါးနာရီမထိုးခင် ကစားကွင်းထဲက မြက်များအားလုံးနီးပါး နှုတ်ပြီးသွား၏။
ကစားကွင်းတစ်ခုလုံး မြက်နှုတ်ပြီးတော့ လင်းဝေ့လည်း လက်ခုပ်တီးလိုက်သည်။ နောက် ကျောင်းသားကျောင်းသူအားလုံး လက်ဆေးရန် တန်းစီးနေကြသည်။
မြက်နှုတ်ရန်အကြာကြီး စောင့်ကြောင့်ထိုင်ခဲ့ရ၍ ရုတ်တရက် မတ်တပ်ရပ်လိုက်သောအခါ ခေါင်းအနည်းငယ်မူးသွား၏။ လင်းဝေ့အနီးအနားတွင် ထိုင်ကာ မြက်နှုတ်နေသည့် ကျောက်မေ့က မြင်လိုက်ပြီး အမြန်လာကူကိုင်လိုက်ကာ မေးလိုက်သည်။
"ဆရာမလင်း အဆင်ပြေရဲ့လား"
"အဆင်ပြေတယ်"
လင်းဝေ့လည်း သူမကိုယ်ကို ပြန် ထိန်းလိုက်ပြီး အနည်းငယ်ရှက်သွားသည်။ သူမသည် မိန်းမငယ်လေး မဟုတ်တော့ပဲ လူကြီးတစ်ယောက်ဖြစ်နေပြီဖြစ်၍ ရှက်သွားခြင်းဖြစ်သည်။
ရှက်ရှက်နှင့် ကျောက်မေ့ကို ပြုံးပြကာ ကျေးဇူးတင်စကားပြောလိုက်၏။ ထို့နောက် လင်းဝေ့လည်း လက်ခုပ်တီးလိုက်ပြီး အားလုံးကိုပြောလိုက်သည်။
"အားလုံးဒီကို လာမယ်။ အားလုံး အလုပ်ကြိုးစားကြပါတယ် ပင်ပန်းသွားကြပြီ" ဟုပြောကာ အတန်းအလိုက် လက်ဆေးရန် တန်းစိီခိုင်းလိုက်သည်။
လက်ဆေးပြီးနောက် လင်းဝေ့လည်း တရုတ်စာ အတန်းကို ရေးခိုင်းထားသည့် သင်ခန်းစာ စာအုပ်များကို သိမ်းလိုက်ကာ စစ်ဆေးပေးရန် ရုံးခန်းကို ယူသွားလိုက်၏။
ကျောင်းဆင်းပြီးနောက် ဆရာမ တော်တော်များများပြန်သွားပြီးနောက် လင်းဝေ့၏ ဆရာမရုံးခန်း တစ်ခုတည်းသာ တံခါးပွင့်လျက်ရှိနေသေး၏။
ကျောင်းသားများ၏ အိမ်စာကိုစစ်ပြီး နောက်အပတ်အတွက် သင်ခန်းစာ ပြင်ဆင်ပြီးမှ လင်းဝေ့လည်း သူမ၏ အိတ်ကိုဆွဲကာ တံခါးသော့ခတ်ပြီး ရုံးခန်းမှ ထွက်လာခဲ့လိုက်၏။
ရုံးခန်းသော့ပိတ်ပြီး ထွက်လာစဥ် ကျောင်းအုပ်ကို တွေ့လိုက်၍ ခဏရပ်ကာမေးလိုက်၏။" ကျောင်းအုပ်ကြီး ဘာဖြစ်လို့လဲ"
ဖုန်းယင်ကလည်း လင်းဝေ့ဆီ ပြုံးကာ လျှောက်လာလိုက်သည်။"ကျွန်မလည်း ပြန်တော့မလို့ပါ အတူတူပြန်မယ်လေ"
ကျောင်းအုပ်က အတူပြန်ချင်တယ် ဆိုတော့ လင်းဝေ့လည်း ငြင်းမနေတော့ပဲ ပြုံးကာ သဘောတူလိုက်၏။
" ကျောင်းအုပ်ကြီး ဒီနေ့တော့ အိမ်ပြန်နောက်ကျတယ်နော်"
"အလုပ်မပြီးသေးတော့ ဘယ်လိုလုပ်ပြန်နိုင်မှာလဲ။ ဆရာမ လင်းကော ဘာလို့နောက်ကျမှ ပြန်ရတာလဲ"ဟုပြန်မေးလိုက်၏။
"ဆရာမချန်ရဲ့ သမီးနေမကောင်းဖြစ်တော့ ဆေးရုံပို့ရမယ်ဆိုလို့ ညနေခင်း သန့်ရှင်းရေးအချိန်ကို ကျွန်မကို စောင့်ကြပ်ပေးဖို့အကူအညီတောင်းခဲ့လို့ပါ"
လင်းဝေ့၏ ချွေးထွက်နေသော ခန္ဓာကိုယ်ကိုကြည့်ကာ ဖုန်းယင်က ထပ်မေးလိုက်၏။"ဆရာမက စောင့်ကြည့်ရုံတင်မဟုတ်ဘူး သန့်ရှင်းရေးပါ ကူလုပ်ပေးခဲ့တဲ့ပုံပဲ"
"အကြာကြီးတော့မဟုတ်ပါဘူးရှင်" ဟု လင်းဝေ့လည်း ရယ်မောကာ ပြောလိုက်၏။
"ကျွန်မက လယ်လုပ်ငန်း အလုပ်ကြမ်းတွေလည်း မလုပ်ခဲ့ဖူးတော့ ကလေးတွေလောက်တောင် မလုပ်နိုင်ခဲ့ပါဘူးရှင်"
နှစ်ဦးသား စကားပြောကာ လမ်းလျှောက်ရင်း ဒုတိယတန်းအဆောင်ကို ရောက်လာစဥ် အခန်းထဲကထွက်လာသည့် ကလေးနှစ်ယောက်က လင်းဝေ့တို့ကို တွေ့၍ နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ ကျောင်းအုပ်!! မင်္ဂလာပါ ဆရာမလင်းး!!"
လင်းဝေ့လည်း ဒုတိယတန်းကို လတ်တလောသင်ကြားပေးနေသည်ဖြစ်၍ ကလေးများကို နာမည်နှင့် လူနှင့် တွဲ၍ မှတ်မိနေပြီဖြစ်သည်။ ထို့ကြောင့် သူမတို့ကို နှုတ်ဆက်လိုက်သည့် ကလေးနှစ်ယောက်ကို နာမည်ခေါ်ကာ ပြန်နှုတ်ဆက်လိုက်ပြီး အိမ် ကောင်းကောင်းပြန်ရန်ပြောလိုက်သည်။
လင်းဝေ့နှင့် ကလေးများပြောနေကြစဥ် ကျောင်းအုပ်ဖုန်းသည် လုံးဝ ဝင်မပြောပဲ ကြည့်နေ၏။
ကျောင်းထဲမှ ထွက်လာပြီး ကျောင်းသားတစ်ချို့သာ လမ်းပေါ်ရှိတော့မှ ဖုန်းယင်ကပြောလာ၏။" ကျောင်းသူ ကျောင်းသားတွေနဲ့ အရမ်းအဆင်ပြေနေတာပဲ"
"ကလေးတွေက ချစ်စရာကောင်းလို့ပါ"
"မှန်ပါတယ်" ဟုပြောကာ ဖုန်းယင်သည်ပြုံးလိုက်၏။
"ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ ကလေးတွေကိုကြည့်လိုက်တာနဲ့ ကျော်ဖြတ်သွားနိုင်မယ့်ခွန်အားတွေရလာသလိုပဲ"
ပြုံးနေသည့် ဖုန်းယင်မျက်နှာကိုကြည့်ကာ ကလေးများကို သူမ ဘယ်လောက်ချစ်ကြောင်း လင်းဝေ့နားလည်လိုက်၏။ ထို့ကြောင့်သာ ကလေးများအတွက် ပိုမိုကောင်းမွန်သည့် ပညာရေးရအောင်ကြိုးစားနေခြင်းဖြစ်၏။
ဤဒေသရှိ ကလေးများသည် သူတို့အတွက် ကြိုးစားပေးနေသည့် ဖုန်းယင်ကဲ့သို့ကျောင်းအုပ်ကို ရထားသည်က ကံကောင်းလွန်းလှ၏။
…………………………
အိမ်မပြန်ခင် လင်းဝေ့သည် ကျိုးအိမ်မှ မင်မင်နင့် ရွေ့ရွေ့ကို ဝင်ကြိုလိုက်သေး၏။
နေလည်ပိုင်း ကျောင်း အခန်းသန့်ရှင်းရေးများ လုပ်ရမည်ဖြစ်၍ လင်းဝေ့သည် သူ့ကလေးနှစ်ယောက်ကို ချန်ပါးမေ့ဆီ ခဏအပ်ထားခဲ့ခြင်းဖြစ်သည်။
လင်းဝေ့ကျိုးအိမ်ကို ဝင်လိုက်တော့ ကလေးသုံးယောက် အတူတူ ထိုင်ကာ ဖရဲစေ့(ကွာစေ့) စားနေကြ၏။
ဘယ်သူသင်ပေးလိုက်သည်လည်း မသိ။ ဖရဲစေ့ကို ပါးစပ်ထဲအကုန်ထည့်ကာ ဝါးပြီးနောက်ထွေးထုတ်နေ၏။ ဘယ်သူက အဝေးဆုံး ထွေးထုတ်နိုင်လဲ ဆိုသည်ကိုပင်ပြိုင်နေလေ၏။
လင်းဝေ့ ချန်ပါးမေ့နှင့် စကားပြောပြီး ခြံထဲဝင်လာသည်နှင့် ကလေးသုံးယောက်၏ ဖရဲစေ့ဝါးပြီး ထွေးထုတ်သည်နှင့်ကြုံလိုက်ရ၏။
ဝါးထားသည့်ဖရဲခွံများသာမက ကလေးများ၏ တံတွေးပါစင်သွား၏။
လင်းဝေ့သည်လည်း အမေတစ်ယောက်ဖြစ်၍ သူမဘဝတွင် ကလေးတံတွေးမပြောနှင့် ကလေးသေးများဖြင့်ပင် အပန်းခံရဖူး၏။ သို့သော် သူမ ကလေးများသည် သုံးနှစ်လောက်ကစပြီး အိပ်ရာပေါ်တွင် သတိလက်လွတ် အပေါ့အပါးမစွန့်ကြတော့ချေ။ ထို့အပြင် ကလေးများ၏ အပေါ့အပါးကိစ္စများကိုလည်း လိုက်လုပ်ပေးရန်မလိုအပ်တော့ချေ။
ထို့ကြောင့် ကလေးအပေါ့အပါးကိစ္စ ဝေယျဝစ္စများ မကြုံခဲ့ရသည်မှာ အတော်လေးကြာပြီဖြစ်၏။
လင်းဝေ့လည်း ဖရဲစေ့များဖြင့် အထွေးခံရပြီးနောက် ကလေးသုံးယောက်ကို လှည့်ကြည့်လိုက်၏။ မင်မင်ကတော့ သူ့အမေ ဘောင်းဘီပေါ်မှာ ဖရဲစေ့ခွံများကပ်နေသည်ကိုတွေ့တော့ တောင်းပန်စကားမပြောပဲ တစ်ဟားဟား ရီနေလေ၏။
လင်းဝေ့ ဒေါသများ ငယ်ထိပ်တက်လာသည်ဟု ခံစားလိုက်ရ၏။
ကျုံးရှောက်အိမ်ပြန်လာတော့ လင်းဝေ့ ရေချိုးခန်းထဲမှာ ရေချိုးနေသည်ကို တွေ့လိုက်ရ၍ အံ့သြသွား၏။
"သားတို့အမေ ဘာလို့ ဒီအချိန်ကြီး ရေချိုးနေတာလဲ"
ယားကျိုကျွန်း၏ အောက်တိုဘာလလယ် ရာသီဥတုက ပူလှ၏။ ထို့ကြောင့် ကျွန်းပေါ်ရှိ လူတော်တော်များများက ထမင်းစားပြီး အိပ်ရာဝင်ခါနီးမှ ရေချိုးလေ့ရှိ၏။ သို့မှသာ ညပိုင်းအေးအေးချမ်းချမ်း အိပ်နိုင်မည်ဖြစ်၏။
ညီအစ်ကိုနှစ်ယောက်ကတော့ သူတို့အမေ ဆူပူခံထားရ၍ ဘာကြောင့်ရေချိုးနေသလဲ ဆိုသည်ကို မပြောပြရဲကြပါ။
ကျုံးရှောက်ကလည်း သူ့သားနှစ်ယောက်၏ မျက်နှာကိုမြင်လိုက်တော့ တစ်ခါတည်း နားလည်လိုက်သည်။ "မင်းတို့နှစ်ယောက် ဘာပြဿနာရှာထားကြပြန်ပြီလဲ"
သူတို့အဖေ၏ မေးသံကိုကြားတော့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။ ထိုသို့ အကြည့်ချင်းဖလှယ်ပြီးနောက် ရွေ့ရွေ့က အားတင်းကာ ပြောပြလိုက်၏။
"မေမေ ပြန်လာတော့ သားတို့က ကစားနည်း တစ်မျိုးကစားနေကြတာ။ အာ့တာ သားတို့မတော်တဆ မေမေ့ကို တံတွေးနဲ့ထွေးမိသွားလို့ပါ"
"မင်းတို့က ဘာ ကစားနည်းကစားကြတာလဲ"
"ဖရဲစေ့ခွံတွေကို ထွေးထုတ်ကြေးကစားကြတာ"
ငယ်စဥ်အခါက ကစားနည်းမျိုးစုံ မကစားခဲ့ဖူးသည့်ကျုံးရှောက်သည် ထိုကစားနည်းက ဘာလဲဟု အတော်ကြာအောင် စဥ်းစားလိုက်ရ၏။
သူတို့အဖေ စိတ်ဆိုးသည့်ဟန်မပြ၍ ရွေ့ရွေ့က စကားပြောရဲလာကာ ကစားနည်းကို သေချာလေး ရှင်းပြလိုက်၏။
"သားတို့သုံးယောက်က ဖရဲစေ့တွေကိုဝါးစားပြီး အခွံတွေကို အဝေးကြီးရောက်အောင် ဘယ်သူထွေးထုတ်နိုင်သလဲ ဆိုပြီး ကစားတာပါ"
"မင်းတို့က မင်းတို့အမေပေါ် ထွေးထုတ်လိုက်တာလား"
မင်မင်က ခေါင်းကို ချက်ချင်းခါလိုက်၏။ ပြီးတော့ ခေါင်းကိုငြိမ့်လိုက်ပြန်သည်။"မေမေက ရုတ်တရက် ရှောင်ရှိီးရှီးအိမ်မှာပေါ်လာတော့ သားတို့လည်း ဖရဲစေ့ခွံတွေကို ထွေးမိသွားတာ"
ဖရဲစေ့ခွံတွေတင်မဟုတ်ပါဘူး တံတွေးတွေကော ပါပါတယ်။
ဤသို့ဖြင့် ကျုံးရှောက်လည်း ဘာဖြစ်ခဲ့လဲနားလည်လိုက်၏။ထို့ကြောင့် မီးဖိုချောင်ထဲ ဝင်ကာ ချက်ပြုတ်ရန်ပြင်လိုက်သည်။ ထမင်းလည်းမချက်ရသေး။ဟင်းရွက်လည်း မကြော်ရသေးကာ မီးဖိုပေါ်တွင် ရေနွေးအိုးသာ တည်ထားသေး၏။ သူတို့အိမ်တွင် ညနေစာအတွက် ဘာမှ မရှိသေးပါ။