← Chapters

Chapter 104

Vol. 8 Ch. 104

Chapter 104

Vol. 8 Ch. 104

ကျုံးရှောက် ကြားဖူးသည်က တောင်ပိုင်းသူတောင်ပိုင်းသားများသည် ဟင်းသီးဟင်းရွက်များကို သိုလှောင်မထားကြပဲ လိုအပ်မှသာ ဟင်းတစ်နပ်စာ နှစ်နပ်စာ စျေးကိုသွားဝယ်ကြလေသည်ဟု ကြားဖူးလေ၏။ ဤအပြောကို လင်းဝေ့ စစ်တပ်ထဲ ပြောင်းလာ၍ ကိုယ်တိုင်မျက်မြင်တွေ့မှသာ ယုံသွားလေတော့၏။

ကျုံးရှောက်၏ ဇာတိက ရှီးချန်ဖြစ်သော်လည်း သူသိတတ်စအရွယ်ကပင် သူမိဘနှင့်အတူ တပ်ထဲလိုက်နေခဲ့ရ၏။ အစောပိုင်းတွင် ကျုံးရှောက်၏ အဖေသည် လျောင်စီရင်စုဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ရ၍ ကျုံးရှောက် ၇နှစ် ၈နှစ်ခန့်တွင် အတူလိုက်ပြောင်းရွေ့ခဲ့ရာ ယနေ့ထက်ထိဖြစ်၏။

လျောင်စီရင်စုဒေသတွင် ဆောင်းရာသီကရှည်ကြာပြီး အပူချိန်က သုည အောက်ဖြစ်လေ၏။ ထို့ကြောင့် ဆောင်းကုန်လျင် ဟင်းရွက်စိမ်းများစျေးတွင် မရတော့ချေ။ ဆောင်းတွင်းတစ်တွင်းလုံး ဟင်းရွက်စိမ်းစားလိုပါက ရာသိိီဥတုအေးမလာခင်တွင် ဟင်းရွက်စိမ်းများကို ဂိုထောင်ထဲတွင် လှည်းတစ်စီးတိုက်သိုလှောင်ထားမှသာ စားရချေမည်ဖြစ်သည်။

ကျုံးရှောင်တို့ ပြောင်းခဲ့သည့်မြို့ကလည်း မြောက်ပိုင်းမြို့ တစ်မြို့သာဖြစ်ပြန်၏။ သို့သော် လျောင်စီရင်စု ဒေသကလောက် အစားအစာ အများကြီးဝယ်ထားရန် မလိုပဲ ကားတစ်ဝက်စာခန့်တော့ ဝယ်ထားလို့လေသည်။နွေရာသီမှာတောင် တစ်ပတ်စာခန့်ဝယ်ထားလေ့ရှိ၏။

ထို့ကြောင့် ကျုံးရှောက်တို့ ရှိီးချန်ကနေ လျောင်စီရင်စုဒေသကို ပြောင်းတော့ ဟင်းစားများကြို ဝယ်ထားတတ်သည့် သူ့အမေ၏ အကျင့်ပျောက်ဖို့ အတော်လေးကြာခဲ့၏။ သို့သော် နောက်ပိုင်း ရှီးချန်ကိုပြန်ပြောင်းသွားခဲ့၍ ဆုံးပါးသွားရာ ထိုအကျင့် မပျောက်သွားခဲ့ပေ။

ထို့ကြောင့် ကျွန်းပေါ်ရောက်တော့ လင်းဝေ့၏ တစ်ရက်စာ စျေးပစ္စည်း ဝယ်မှုကိုကြည့်ကာ ထူးဆန်းနေမိသည်။

ကျုံးရှောက်ကလည်း လင်းဝေ့ကို ဘာလို့ တစ်ပတ်စာလောက်ကြိုမဝယ်တာလဲ မေးကြည့်လိုက်သည်။ ဟင်းရွက်တွေက အထားမခံလို့ကြိုမဝယ်တာက နားလည်ပေးနိုင်ပြီး အားလူးများကိုတော့ တစ်ပတ်စာလောက် သိုထား၍ ရသည်။

"အာ့လိုသိုထားတော့ စားရင် မလတ်လောက်တော့ဘူးမလား" ဟု လင်းဝေ့က ပြန်မေးလိုက်၏။

အားလူး ခရမ်းသီး စသည်များကို ရက်အနည်းငယ် သိုထား၍ ရသော်လည်း အပင်မှခူးပြီး မြေမှနှုတ်ပြီးနောက်ပိုင်း အစိုဓာတ်များလျော့လာပြီး ရှုံ့သွားတတ်ကာ စား၍ရသောမလည်း အရသာက ပြောင်းသွားတတ်၏။ ထို့ကြောင့် စျေးကလည်း မဝေး၍ နေ့တိုင်းတစ်ရက်စာစီသာ လာဝယ်နေရခြင်းဖြစ်သည်။

ကျုံးရှောက်လည်း လင်းဝေ့၏ အယူအဆကြောင့် ကြောင်အသွားခဲ့ရဖူး၏။

ထို့ကြောင့် လင်းဝေ့ စျေးမသွားဖြစ်သည့်နေ့တွင် အိမ်မှာ ဟင်းချက်စရာ လုံးဝမရှိပေ။ အိမ်မှာ ချက်စရာဆိုလို့ ပေါင်ချိန်နှင့် ဝယ်ထားသည့် ကြက်ဥများသာရှိပါသည်။

ဟင်းရွက်စျေးကို အခုမှ သွားဝယ်လျင်လည်း ဟင်းရွက်များက လတ်ဆတ်သည့်ဟင်းရွက်များရ တော့မည်မဟုတ်ချေ။ ၆နာရီ ထိုးပြီဖြစ်၍ အခုမှ ဟင်းချက်လျင်လည်း ၇နာရီ ၈နာရီလောက်မှ ညနေစာကို စားရမည်ဖြစ်သည်။ ခေါက်ဆွဲပြုတ်လိုက်တာက ပိုမြန်လိမ့်မည်ဟုတွေးလိုက်၏။

ကျုံးရှောက်လည်း မီးဖိုချောင်ထဲ လျှောက်ပတ်ကြည့်ရင်း အိမ်မကြီးထဲ ပြန်ဝင်လာကာ ရေချိုးခန်းထဲ ရေချိုးနေသည့် လင်းဝေ့ကို တံခါးခေါက်လိုက်၏။

တံခါးမခေါက်ခင် အထဲက ရေကျသံများ ကြားနေရ၏။ ကျုံးရှောက်တံခါးခေါက်လိုက်တော့ ရေကျသံများရပ်သွားပြီး နှစ်စက္ကန့်အကြာ လင်းဝေ့၏ ပြန်အော်မေးသံကြားလိုက်ရ၏။"ဘာလဲ"

"ဝေ့ဝေ့ ညစာကို ခေါက်ဆွဲစားမလား ထမင်း ဟင်းနဲ့ပဲစားမလား။ ဟင်းနဲ့ပဲစားမယ်ဆိုရင် ကိုယ် စားသောက်ဆိုင်ကနေ ဟင်းသွားဝယ်လိုက်မလို့"

"ဘာဖြစ်ဖြစ်ရတယ်" ဟု လင်းဝေ့က ပြောပြီး ဆုံးဖြတ်ပိုင်ခွင့်ကို ကျုံးရှောက်ကိုပြန်ပေးလိုက်၏။

ကျုံးရှောက်ကလည်း ဟုတ်ပြီ ဟုပြောကာ မင်မင်နှင့်ရွေ့ရွေ့ကို ဒီည ဘာစားမှာလဲ ဟုမေးလိုက်၏။

မင်မင်က မျက်လုံးလေး ပြူးကာ မေးလိုက်၏။"ခေါက်ဆွဲက ဖေဖေ ချက်မှာလား"

"ခေါက်ဆွဲ စားမယ် ဆို အဖေချက်မှာ ဟင်းစားမယ် ဆိုရင်တော့ ဆိုင်ကနေသွားဝယ်ရမှာ" ဟု ကျုံးရှောက်ကပြောလိုက်ရာ မင်မင်က တုံ့ဆိုင်းမနေပဲ ချက်ချင်းပြန်ပြောလိုက်၏။

"ဒါဆို သားတို့ ထမင်းဟင်းပဲ စားတော့မယ်"

ကျုံးရှောက် - "……" သူ့လက်ရာက အာ့လောက်တောင်ဆိုးလို့လား ဟုတွေးရင်း ရွေ့ရွေ့ကိုပြန်ကြည့်လိုက်ရာ…

ရွေ့ရွေ့ကလည်း ရုပ်တည်ဖြင့် တစ်ခဏငြိမ်သွားကာ ဟင်းနဲ့ပဲစားမည်ဟု ချက်ချင်းပြောလိုက်၏။

ကောင်းပြီလေ

ကျုံးရှောက်လည်း ရေချိုးနေသည့် လင်းဝေ့ဆီပြန်လာလိုက်ကာ တံခါးခေါက်ရင်း ကလးနှစ်ယောက်၏ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။ ထို့နောက် အံဆွဲသော့ကိုယူပြီး အံဆွဲဖွင့်လိုက်ကာ အံဆွဲထဲက ငွေ နှစ်ယွမ်နှင့် အစားအသောက် လက်မှတ်နှစ်ခုထုတ်ယူလိုက်၏။ မည်သည့်ဟင်းရမှန်းမသိ၍ ပင်လယ်စာ နှင့်အသား လက်မှတ်နှစ်ခုလုံးယူလာလိုက်၏။

လင်းဝေ့က ရေချိုးနေတုန်းဖြစ်၍ ကျုံးရှောက်လည်း ကလေးနှစ်ယောက်ကို ခေါ်မသွားပဲ သူတစ်ယောက်ထဲ ဟင်းထည့်ရန် ချိုင့်ပါယူပြီး ထွက်သွား၏။

ကျုံးရှောက်ထွက်သွားပြီး ခဏကြာတော့ လင်းဝေ့လည်း ရေချိုးပြီး၍ ရေချိုးခန်းထဲက ထွက်လာ၏။ မြက်နှုတ်ထား၍ ချွေးများထွက်ထားလေရာ ခေါင်းလည်း လျှော်လိုက်လေ၏။ ခေါင်းသုတ်ပြီး ရေချိုးခန်းထဲက ထွက်လာတော့"ဖေဖေသွားပြီလား"ဟုမေးလိုက်၏။

"ဖေဖေ ဟင်းဝယ်သွားပြီ" ဟု မင်မင်က ပြောပြကာ သူ့အမေကို ထပ်မေးလိုက်၏။

"မေမေ သားတို့ကို စိတ်ဆိုးနေတုန်းလား.

လင်းဝေ့က ဟင်းးးဟု နှုတ်က ရေရွတ်လိုက်ပြီး တွေးတောဟန်ပြုလိုက်လေ၏။

"မေမေ စိတ်မဆိုးပါနဲ့တော့နော် " ဟု မင်မင်က ရှက်ရှက်နှင့် ပြောကာ ခေါင်းကို ကုတ်နေလေ၏။

"အဲတာကတော့…" လင်းဝေ့သည် ဆိုဖာပေါ် ထိုင်ပြီး စိတ်ဆိုးသင့်မသင့် စဥ်းစားနေဟန်ပြုလေ၏။

မင်မင်နှင့်ရွေ့ရွေ့က သူ့အမေ ထိုင်နေသည့် ဆနုဖာရှေ့ မတ်တပ်လေးရပ်နေကြကာ သူ့တို့အမေ ပြောလာမည့်စကားကို မျှော်လင့်နေကြ၏။

လင်းဝေ့လည်း ကလေးနှစ်ယောက်၏ အပြုအမူကို သဘောကျနေပြီး ချောင်း အနည်း ငယ် ဆိုးပြလိုက်၏။

"မေမေ ရေဆာနေလို့ ဘယ်လိုလုပ်ရပါ့"

"မေမေ သားရေသွားခပ်ပေးမယ် " ဟု ပြောကာ မင်မင်သည် အမြန်ပြေးသွား၏။

ရွေ့ရွေ့လည်း သူ့အစ်ကိုနှင့် လုမပြေးတော့ပဲ အသာရပ်စောင့်နေ၏။

သူ့သား မင်မင် ခပ်ပေးသည့် ရေကိုသောက်ကာ လင်းဝေ့သည် သူမလက်ဖြင့် ယက်ခပ်ဟန်ပြုလိုက်သည်။

"အိုးးး နည်းနည်း ပူနေသလိုပဲနော်"

"မေမေ သားလျှပ်စစ်ပန်ကာ သွားယူလိုက်မယ်"

မင်မင်သည် အမြန်နှုန်းဖြင့် အပေါ်ထပ်ကို ပြေးတက်ရန်ပြင်လိုက်၏။

လင်းဝေ့လည်း အပေါ်ထပ်ပြေးတက်တော့မည့်မင်မင်ကို အမြန် တားလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ပန်ကာသည် မင်မင်ထက်ပင် ပိုလေး၍ မနိုင်မနင်းဖြစ်ကာ လဲကျမည်စ်ိုး၍ ဖြစ်သည်။

သူတိုအမေက ပန်ကာ မယူခိုင်းသည်ကို တွေ့လိုက်တော့ ရွေ့ရွေ့သည် ဘေးနားက ထိုင်ခုံပေါ်ရှိ အိမ်စာ စာအုပ်ကိုကောက်ကိုင်လိုက်ပြီး လင်းဝေ့ကို ယပ်ခပ်ပေးလိုက်သည်။

"သားမေ့မေ့ကို ယပ်ခပ်ပေးမယ်"

ရွေ့ရွေ့၏ အပြုအမူကိုတွေ့တော့ မင်မင်လည်း အိမ်စာ စာအုပ်တစ်ခုကိုအမြန် ကောက်ယူကာ လင်းဝေ့ကိုယပ်ခပ်ပေးလိုက်၏။

ကျုံးရှောက် ဟင်းဝယ်ပြီးပြန်လာတော့ လင်းဝေ့သည် ဆိုဖာပေါ်မှာ ရေခွက် တစ်ခွက်ဖြင့် တစ်ငုံချင်းဇိမ်ခံသောက်နေကာ သူ့သားနှစ်ယောက်က ဘေးမှာ စာအုပ်ဖြင့် ယပ်ခပ်ပေးနေသည်ကို တွေ့လိုက်ရသည်။

ယပ်ခပ်နေသည့်ကလေးနှစ်ယောက်ကလည်း မေးလိုက်သေး၏။"မေမေ ပူသေးလား"

"နည်းနည်း ပူသေးတယ်"

"အိုး" ဆက်ပြီး ယပ်ခပ်ပေးလိုက်ကြသည်။

ကျုံးရှောက်လည်း ချိုင့်ထဲက ဝယ်လာသည့် ထမင်းဟင်းကို ထမင်းစား စားပွဲပေါ် တင်လိုက်၏။

ထိုအချိန်မှ လင်းဝေ့လည်း ထကာ ကလေးနှစ်ယောက်ကို ပြောလိုက်၏။"စားကြစို့"

လင်းဝေ့နှင့် ကလေးနှစ်ယောက်လည်း စားပွဲတွင် ထိုင်လိုက်ကြ၏။ ထိုစဥ် ရွေ့ရွေ့က မေးလိုက်၏။

"မေမေ စိတ်ဆိုးနေတုန်းပဲလား"

"ဒါပေါ့" လင်းဝေ့က ခေါင်းငြိမ့်ပြလိုက်၏။

ကလေးနှစ်ယောက်က စိတ်ပျက်သည့်အမူအရာဖြစ်သွား၏။

"မေမေ ဘယ်အချိန်မှ စိတ်ဆိုးတာ ရပ်မှာလဲ" ဟု ရွေ့ရွေ့က ထပ်မေးလိုက်၏။ သူ့ဘေးနားက မင်မင်ကတော့ ယပ်ခပ်ပေးထားရ၍ ညောင်းနေသည့် လက်မောင်းလေးကိုပွတ်လိုက်ပြီး လင်းဝေ့ပြန်ပြောမည့်အဖြေကို စောင့်နေ၏။

လင်းဝေ့က စိတ်ဆိုးပြေနေပြီဖြစ်သော်လည်း အသံကိုတော့မလျော့သေးပဲ ပြန်ဖြေလိုက်၏။"နှစ်ရက်အတွင်း သားတို့ရဲ့ အပြုအမူကိုကြည့်ပြီးမှ စိတ်ဆိုးပြေမယ်"

ကလေးနှစ်ယောက်က မျက်နှာလေး ငြိုးသွား၏။

"ဘာလဲ အာ့လိုမလုပ်ချင်ဘူးလား"

လင်းဝေ့၏ ပြန်မေးသံကို ကြားလိုက်တော့ ကလေးနှစ်ယောက်စလုံး ပုတ်သင်ညိုကဲ့သို့ ချက်ချင်း ခေါင်းခါလိုက်ကြ၏။"မဟုတ်ပါဘူး"

………………………

ညနေစာ စားပြီးကြတော့ လင်းဝေ့လည်း သူ့သားနှစ်ယောက်ယပ်ခပ်ပေးသည်ကို ဇိမ်ခံအနားယူနေ၏။ ထိုစဥ် လျိုတန်းက အလည်ရောက်လာပြီး အချိန်လည်း ကြာပြီဖြစ်၍ သူ့သားနှစ်ယောက် ညောင်းနေမှာစိုးကာ ယပ်ခပ်သည်ကို ရပ်ခိုင်းလိုက်၏။

ဧည့်ခန်းထဲရှိ လင်းဝေ့ ဇိမ်ခံနေသည့်ပုံစံကို တွေ့လိုက်ရ၍ အံ့သြသွား၏။"ဘာဖြစ်နေကြတာလဲ"

"ဘာမှ မဖြစ်ပါဘူးရှင်။ ဘာကိစ္စလဲ အစ်မ"

လင်းဝေ့က မတ်တပ်ရပ်လိုက်ပြီး လျိုတန်းကို နှုတ်ဆက်လိုက်ကာ ကလေးနှစ်ယောက်ကို ပြောလိုက်၏။

"ဒီနေ့တော့တော်ပြီ သားတို့သွားကစားကြတော့"

နောက်ဆုံးတော့ လွတ်မြောက်ပြီ။

ကလေးနှစ်ယောက်က ဟေးကနဲအော်ကာ စာအုပ်ကို ချလိုက်ပြီး ဆော့ကစားရန်ပြေးထွက်သွား၏။ နှစ်လှမ်းလောက်ပြေးလာပြီး ရွေ့ရွေ့သည် ခဏရပ်ကာ သူ့အမေကို လှည့်ကြည့်ရင်းပြောလိုက်၏။

"မေမေ ပူလာရင် သားတို့ကို ခေါ်လိုက်နော်"

ရွေ့ရွေ့ လက်ကို တွဲလာသည့် မင်မင်သည် ရွေ့ရွေ့၏ စကားကိုကြားလိုက်တော့ လက်တွဲဖြုတ်လိုက်ကာ သူ့မျက်နှာသူ အုပ်လိုက်မိ၏။

သူ့ညီ ရွေ့ရွေ့ကတော့ ဘယ်လိုစကားက ပြောသင့်တယ် မပြောသင့်တယ် ဆိုတာကို လုံးဝမသိရှာဘူးပဲ။

လင်းဝေ့လည်း သူ့သားကြီး၏ မျက်နှာ အမူအရာကိုကြည့်ကာ ပြုံးလိုက်မိ၏။"မပူပါနဲ့ မေမေ သားတို့ကို ခေါ်ဖို့ မမေ့ပါဘူး"

ကလေး နှစ်ယောက် ထွက်သွားမှ လျိုတန်းး လင်းဝေ့ကိုမေးလိုက်၏။"ကလေး နှစ်ယောက်က ဘာတွေ လုပ်ထားလို့တုန်း"

လင်းဝေ့နှင့် ရင်းနှီးလာပြီးနောက် လျိုတန်းသည် လင်းဝေ့၏ သားငယ် ရွေ့ရွေ့က အလွန်လိမ္မာသည်ဟု သိလာ၏။

သို့သော် ကလေးနှစ်ယောက်နှင့် ရင်းနှီးပြီးနောက် မင်မင်နှင့်ရွေ့ရွေ့သည် တစ်ခါတစ်လေ လိမ္မာကြကာ တစ်ခါတစ်ခါကျလျင် လည်း ဆိုးတတ်သည်ဟုသိလာ၏။

လင်းဝေ့လည်း ထို့ကြောင့်တစ်ခါတစ်ခါ ခေါင်းကိုက်ရလေ၏။

ကောင်းသည့်အချက်က ကျုံးရှောက်သည် ကလေးများကို ဆိုဆုံးမရာတွင် လိုက် မကာစီးခြင်းဖြစ်သည်။ သူမအိမ်က ရှင်တုန်းကတော့ လျိုတန်းကလေးများကို ဆူငေါက်လျင် ဝင်မကာပေးပါက ကျေးဇူးတင်စကားပင်ပြောမိမည်ဖြစ်သည်။

လျိုတန်းက စောနက ကိစ္စကိုမေးတော လင်းဝေ့လည်း သူမ တံတွေးနှင့် ဖရဲစေ့ခွံများ အထွေးခံရသည့်အကြောင်းကိုပြောပြလိုက်၏။

"ကျွန်မက ညနေ မောမော နဲ့အိမ်ပြန်လာတော့ ကလေးတွေက ဆော့ကစားရင်း ဖရဲစေ့ခွံနဲ့တံတွေးတွေ ကျွန်မအပေါ် ထွေးမိကြတယ်လေ။ ကျွန်မလည်း စိတ်တိုသွားတာပေါ့"

လင်းဝေ့ ပြောပြသည့်အကြောင်းကိုနားထောင်ကာ လျိုတန်းကလည်း ရယ်မောလိုက်၏။"အလုပ်ကပြန်လာတော့ ဘာလို့ အရမ်းပင်ပန်းနေရတာလဲ"

"ညနေပိုင်းက လုပ်အားပေးအချိန်လေ။ တာဝန်ကျ ဆရာမက သူ့ကလေးနေမကောင်းတာနဲ့ ခွင့်ယူသွားလို့ ကျွန်မက အစားကြီးကြပ်ပေးရတာ" ဟု လင်းဝေ့က သူမြက်နှုတ်ခဲ့ရသည့်အကြောင်းကို ပြောပြလေသည်။

"ကျွန်မအရင်တုန်းက လူကြီးတွေနောက်လိုက်ပြီး တစ်နေကုန် ကောင်းသင်းကောက်ခဲ့ရတာ မပင်ပန်းဘူး။ အခု နာရီဝက်လောက် မြက်နှုတ်လိုက်တာနဲ့ ကျောရိုးက ညောင်းကိုက်တော့တာပဲ။ ကလေးတွေကတော့ လုပ်နိုင်ကြတယ်ရှင့်"

"ကျွန်မကတော့ တစ်နေကုန်ထိုင်နေတဲ့ ရုံးခန်းမှာပဲလုပ်ရလို့လ မသိဘူး။ လုပ်အားပေး တွေ လုပ်လိုက်ရရင် အရမ်းလန်းဆန်းသွားတာ" ဟု လျိုတန်းကပြောလိုက်၏။

၇ နှစ် ၈နှစ် အရွယ်ကလေးတွေက တက်ကြွကြ၏။ လျိုတန်း၏ သားပင်လျင် တစ်နေကုန်လုံး မမော မပန်းကစားနေနိုင်၏။ လျိုတန်းပင်လျင် သူမသားနှင့် ခံနိုင်ရေအား မယှဥ်နိုင်ပါ။

ထွေလီကာလီများပြောအပြီး လျိုတန်းလည်း သူမ၏ လာရင်းကိစ္စကို သတိရလိုက်ကာ မနေ့က ဖြစ်ပျက်ခဲ့သည့်ချီမိသားစုကိစ္စကို အသေးစိတ် ပြောပြလိုက်သည်။

"အစကတော့ ချီထောင်က သူ့အမေကို တောင်းပန်ခိုင်းလိုက်ပြီး ဖြေရှင်းမလို့လုပ်နေတာ။ နောက်မှ သူ့အမေကို ကြည့်ရင်း အမှန်ပြောင်းလဲမယ့်ပုံလည်း မမြင်တာနဲ့ ယန်းယီလည်း မှားယွင်းတာ မရှိလို့။ သူ့အမေကိုပဲ ဇာတိပြန်ပို့လိုက်ဖို့လုပ်နေတယ်တဲ့"

"တပ်မှုးချီရဲ့အမေက ပြန်သွားဖို့သဘောတူတယ်ပေါ့"

"ဘယ်သဘောတူမလဲ။ ချီထောင်ကိုလည်း အမေအပေါ် တာဝန်မကျေတဲ့ သား ဆိုပြီး ဆူပူခံရတော့တာပေါ့။ စစ်တပ်ခုံရုံးမှာ တိုင်မယ် ဆိုပြီးတောင် လုပ်နေတာ"

"…"

လင်းဝေ့လည်စဥ်းစားကြည့်ကာ မေးလိုက်၏။" သူက တစ်ကယ်ကြီး တိုင်မလို့တဲ့လား"

မိဘအပေါ် တာဝန်မကျေမှုသည် ကိစ္စလေးတစ်ခုမဟုတ်ပါ။ ကိစ္စကြီး ဖြစ်လာနိုင်၏။ တစ်ချို့ကိစ္စများတွင် မိဘများ သားသမီးများကို အပြစ်မမြင်ပဲ လူရှေ့တွင် ဘယ်တော့မှ သားသမီးဝတ္တရားမကျေသူဖြစ်ကြောင်း ထုတ်မပြောကြပေ။

All Chapters