Chapter 106
Vol. 9 Ch. 106
ကောင်းရှို့လျန်လည်း ဤရက်ပိုင်းအဆင်မပြေမှုများကြုံရသည်သာမက သူ့သမီးကလည်း စကားနားမထောင်၍ ပေါက်ကွဲလာ၏။
"ဟေးးး ငါ့သည်းခံနိုင်စွမ်းကို လာစမ်းနေတာလားး ထပ်မေးမယ် ငါ့ကို ရေခပ်ပေးမှာလား မခပ်ပေးဘူးလား"
"သမီးမခပ်ပေးဘူးလို့ မပြောပါဘူးး မောင်လေးနဲ့လအစ်ကိုလည်း ဒီမှာ ကစားနေကြတာပဲကို သူတို့ကိုမခိုင်းပဲ ဘာလို့သမိီးကိုပဲ ခေါ်နေရတာလဲ" ဟု ကျောက်မေ့ကလည်း သူ့အမေကို ပြန်ပြောလိုက်ပြီး မျက်ရည်များကျလာ၏။
ကောင်းရှို့လျန်လည်း ဒေါသပိုထွက်လာကာ ပင်ပန်း၍ မလှုပ်နိုင်သော ခြေထောက်များကို ကျောက်မေ့ရှေ့ အရောက်ရွေ့သွားကာ နားရွက်ကိုဆွဲလိုက်၏။
"ကောင်မလေး နင်က ငါ့ကိုတောင်ပြန်ပြောရဲတယ်ပေါ့။ငါက နင့်ကို ကျွေးမွေးထားရတယ် အဝတ်အစားတွေ ဆင်ပေးရတယ် ကျောင်းထားပေးရတယ်။ ဒါကို ရေတစ်ခွက်တောင် မခပ်ပေးနိုင်ဘူးလား။ နင့်အစ်ကို နဲ့ မောင်လေးကို မပြောနဲ့ သူတို့က ယောကျ်ားလေးတွေ နင်က ယောကျာ်းလေးလား"
ကျောက်မေ့ကတော့ ဘာမှ ပြန်မပြောပဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာကာ ငိုလိုက်၏။
သမီးဖြစ်သူ၏ ငိုသံကြား၍ အိမ်နောက်ဘက်မှာသူများနှင့်စကားပြောနေသည့်ကျောက်ဖုန်းက အိမ်ထဲဝက်လာကာမေးလိုက်၏။
"ဘာဖြစ်နေကြတာလဲ"
ထိုသို့မေးလိုက်ရင်း ကောင်းရှို့လျန်၏ နားရွက်ဆွဲထားသည့်လက်ကို ဖယ်ပေးလိုက်၏။
ကျောက်မေ့လည်း သူ့နားရွက် လွတ်သည်နှင့် သူ့အဖေ၏လက်မောင်းထဲ ဝင်ကာ ဆက်ငိုလေ၏။
ကျောက်ဖုန်းလဲ ငိုနေသည့်သူ့သမီးကို ဖက်ထားပေးကာ ချော့လိုက်ပြီး ကောင်းရှို့လျန်ကိုမေးလိုက်၏။
"မင်းက ဘာလို့ သမီးရဲ့ နားရွက်ကို ဆွဲတာလဲ။ ကလေး ဝမ်းနည်းလို့ငိုနေတာကြည့်ပါဦး"ဟုပြောပြီး သူ့သမီး၏ အဆိတ်ခံရသည့် နားရွက်ကိုကြည့်ကာပြောလိုက်သေး၏။
"နားရွက်လေးကို နီရဲနေတာပဲ။ မင်းအားကြီးနဲ့ ဆွဲလိုက်တာလား"
ကောင်းရှို့လျန်လည်း ဒေါသကြောင့် လဲကျလုမတတ်ဖြစ်သွား၏။
"မှားတာက သူလေ။ ဒါတောင်သူက ငိုနေသေးတယ်။ကျွန်မက သူ့ကို ကိုးလလွယ် ဆယ်လဖွားပြီး သူ့ချီးသေးကအစ လုပ်ပေးပြီး ကျွေးမွေးခဲ့ရတာပါ။ ဒါကို သူက အခု ကျွန်မကို ရေလေး တစ်ခွက်တောင် မခပ်ပေးနိုင်ဘူးတဲ့လေ"
"သမီး အမေ့ကို ရေခပ်ပေးပါတယ်" ကျောက်မေ့ကလည်း ပြန်ရှင်းပြလိုက်သည်။
"အမေက ရေသောက်ပြီး ထပ်ခပ်ခိုင်းတော့ သမီးက အိမ်စာတွေလုပ်စရာရှိသေးတယ် ပြောတာကို အမေက ဆူတာလေ"
သူ့သမီး၏ ရှင်းလင်းချက်ကိုကြားတော့ ကောင်းရှို့လျန် ပိုစိတ်တိုလာ၏။" ငါက နင့်အမေပါ။ တစ်နေကုန်လုံး အလုပ်ကပင်ပန်းလာလို့ ရေအဝသောက်ချင်တာကို နင်က ရေထပ်ခပ်ပေးလို့မရဘူးလား။ အိမ်စာ မရေးခိုင်းတာလည်း မဟုတ်ဘူး။ အမေက ရေငတ်လို့သေသွားရင် ဘယ်လိုလုပ်ကြမတုန်း"
ကောင်းရှို့လျန်၏ ချဲ့ကားပြောသည်ကိုကြား၍ ကျောက်ဖုန်းသည် မျက်မှောင်ကြုံ့လိုက်၏။"ရေလေး တစ်ငုံမသောက်ရရုံနဲ့တော့ ရေငတ်မသေသေးပါဘူး"
" ကျောက်ဖုန်း ရှင်ဘာပြောရမှန်းမသိရင် ငြိမ်နေလိုက်တာ ကောင်းမယ်နော်"
ကောင်းရှို့လျန် အလုပ်ဝင်ပြီးနောက်ပိုင်း ပြသနာရှာရန်အချိန်မရ၍ သူတို့လင်မယားနှစ်ယောက်အကြား ဆက်ဆံရေး အဆင်ပြေလာ၏။ ထို့ကြောင့် ကျောက်ဖုန်းကိုပြန်အော်ရဲခြင်းဖြစ်သည်။
"အကယ်၍ ရေတစ်ငုံပဲရှိတော့လို့ အာ့ရေမသောက်ရရင် သေမယ်ဆို ရှင် ဘယ်လိုလုပ်မှာလဲ"
ကျောက်ဖုန်းလည်း ကောင်းရှို့လျန်၏ စကားများက ရင့်သီးသည်ဟု ခံစားရ၍ ပြန်ပြောရန်ပြင်နေစဥ် သူတို့သားငယ် ကျောက်ရွှယ်ပင်းက အကြင်နာကင်းမဲ့စွာပြောလာ၏။
"မေမေ ရေဆာရင် တံတွေးမြိုချလိုက်လေ အဆင်ပြေသွားလိမ့်မယ်"
ကောင်းရှို့လျန် နင်သွားပြီး သူ့သားကို လှည့်ကာ အော်လိုက်၏။" ငါက နင်တို့အဖေကို ပြောနေတာ ဘာလာ ရှုပ်နေတာလဲ။ သွားးရေအမြန်သွားချိုး။ မဟုတ်ရင် ရိုက်မိတော့မယ်"
ကျောက်ရွှယ်ပင်း၏ အတွေ့အကြုံအရ သူ့အမေကရိုက်မည်ဟု ပြောလေ့ရှိသော်လည်းတစ်ခညမှ မရိုက်ဖူးပါ။
ထို့ကြောင့် ကျောက်ရွှယ်ပင်းသည် သူ့အမေကို စက္ကူကျားကဲ့သို့ မြင်ပြီးမကြောက်ပါ။ ထို့ကြောင့် ဂရုမိစိုက်ပဲ လျှာထုတ်ပြလိုက်၏။"သားပြောတာလည်း ဟုတ်နေတာပဲကို"
ကောင်းရှို့လျန်လည်း ဒေါသထွက်လာပြီး သူ့သားငယ်၏ နာမည်ကို အော်ခေါ်လိုက်သည်။" ကျောက်ရွှယ်ပင်းးးး"
ကျောက်ဖုန်းသည် သားငယ်ပြောသည်ကို ဝင်မဆူသော်လည်း မိသားစုရန်ပွဲကြီး မလာစေရန်သည်းခံလိုက်၏။"ဟုတ်ပြီ ရေတစ်ခွက်ပဲမလား ငါခပ်ပေးမယ် ဒါပဲမလား"
ထိုသို့ပြောရင်း ကျောက်ဖုန်းက ကောင်းရှို့လျန်ရှေ့က ခွက်ကို ရေခပ်ရန် ယူလိုက်၏။
ခွက်ကပဲ မကောင်းတာလား။ ကောင်းရှို့လျန် ခွက်ကို ချလိုက်တုန်းက အားပြင်းပြင်းချလိုက်၍လားမသိ။ ကျောက်ဖုန်းခွက်ကို ယူလိုက်သည်နှင့် ခွက်က ချက်ချင်းကွဲအက်ကာ ကျသွား၏။
ခွက်ကွဲနေမှန်းသိသည်နှင့် ကျောက်ဖုန်းလည်း လက်ကို အမြန်ရုတ်လိုက်၏။ မဟုတ်လျင် သူ့လက် ဖန်ကွဲစ ရှမိဦးမည်။
အခန်းထဲရှိ မိသာစုဝင်တိုင်းကလည်းလန့်သွား၏။ ကောင်းရှို့လျန်လည်း လန့်သွား၏။"ဘာလို့ ခွက်က ရုတ်တရက်ကြီး ကွဲလာရတာလဲ"
"မင်းက ဘယ်လို ထင်လို့လဲ" ဟု ကျောက်ဖုန်းက ပြန်မေးလိုက်၏။
"ကျွန်မလည်း အားပြင်းပြင်းနဲ့ ခွက်ကို မချပါဘူး" ဟု ကောင်းရှို့လျန်က ပြန်ခံပြောလိုက်၏။
ကျောက်ဖုန်းလည်း ကောင်းရှို့လျန်နှင့် စကားမများလို၍ ဝတ်ကျေတန်းကျေပြောလိုက်၏။
"ဟုတ်တယ် ဟုတ်တယ် ငါ့ကြောင့် ကွဲသွားတာ ဟုတ်ပြီလားး" ဟုပြောကာ ကြောင်အိမ်ထဲက ခွက်အသစ်ယူလိုက်ပြီး ရေထည့်လာပေးကာ ကောင်းရှို့လျန်ကိုပေးလိုက်၏။
"ဒီလောက်ဆို ရေ ငတ်ပြေပြီမလား"
ကျောက်ဖုန်းရွဲ့နေမှန်းစိတ်ကသိသော်လည်း မသေချာ၍ ပြုံးကာ ရေခွက်ကို ယူလိုက်၏။
စောနကတော့ ရေအရမ်းဆာနေသော်လည်း ကျောက်မေ့ရေမခပ်ပေး၍ ဆူပူပြီးနောက် ရေငတ်သည်ကိုပင် မေ့သွား၏။ ထို့ကြောင့် ရေအနည်းငယ်သောက်လိုက်ပြီး
"ကျွန်မ စိတ်တိုတာက သူရေမခပ်ပေးလို့မဟုတ်ဘူး။ သူ့စရိုက်ကို မကြိုက်တာ။ သူက သူ့အစ်ကိုနဲ့မောင်လေးကို တွက်ကတ်နေတာလေ။ သူတို့က ယောကျာ်းလေးတွေ သူတို့ကို ဂရုစိုက်ပေးမယ့် မိန်းမ ယူကြလိမ့်မယ်။ သူက မိန်းကလေးလေ သူများအိမ်ကိုသွားရမယ့်သူ။ ဟိုမှာ သူ့ကိုဂရုစိုက်ပေးမယ့်သူ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး"
ကျောက်မေ့က ၈နှစ်သာရှိသေးပြီး သူ့အတွက် အိမ်ထောင်ပြုတယ် ဆိုတာ ဘာမှန်းကို မသိသေးချေ။ထို့ကြောင့် အိမ်ထောင်ကျပြီးသူများအိမ်သွားနေရမည်ဟု ကြားသောအခါ ကြောက်လန့်သွားပြီး သူ့အဖေရဲ့လျော့ရဲရဲ ဘောင်းဘီကို ဆွဲကိုင်ကာ သနားစဖွယ်ပြောတော့၏။
"သမီး ဘယ်သူ့အိမ်မှ မသွားချင်ဘူး ဖေဖေ"
စစ်တပ် ယူနီဖောင်း ဘောင်းဘီများသည် ဝတ်ဆင်ရလွယ်ကူစေရန် ခါးအနည်းငယ်ချောင်ပြိီး ခါးပတ်ဖြင့်ဝတ်ဆင်ရ၏။ သို့သော် သူသည် ခါးပတ်ဝတ်ရသည်ကို မကြိုက်၍ အိမ်ရောက်လျင် ခါးပတ် ချွတ်ထားလေ့ရှိ၏။
ထို့ကြောင့် သူ့သမီးက ဘောင်းဘီကို လာဆွဲသည့်အခါ ရင်ထဲ ထိတ် သွားပြီး ဘောင်းဘီကို အမြန်ဆွဲလိုက်ကာ သူ့သမီး လက်ကို ဆွဲလိုက်၏။
"သမီးမသွားချင်ရင် အဖေလည်ယ ဘယ်မှ မသွားခိုင်းပါဘူးကွယ်" ဟု ပြောကာ ကောင်းရှို့လျန်ကို ဆူလေ၏။
"မင်းကလည်း သမီးက ငယ်သေးတာကို ဘာတွေပြောနေတာလဲ!!! ဟင် သမီး လက်က ဘာဖြစ်တာလဲ"
ကျောက်ဖုန်းက သူ့သမီး၏ လက်ကို ဆွဲယူကြည့်လိုက်၏။ ကျောက်မေ့လက်တွေက အနီရောင်အမှတ်များထင်နေကာ ခြစ်ရာပင် ထင်နေ၏။"ဘာဖြစ်တာလဲ"
ကျောက်ဖုန်း ကိုပြန်အော်ဖို့ပြင်နေသည့်ကောင်းရှို့လျန်ကလည်း သူ့သမီးလက်က ဒဏ်ရာကိုမြင်တော့ မေးလိုက်၏။
"ဒီဒဏ်ရာက ဘယ်လိုဖြစ်တာလဲ။ လင်းဝေ့ သမီးကို ရိုက်တာလား"
ကျောက်မေ့ပြန်မဖြေနိုင်သေးခင်မှာပင် ကောင်းရှို့လျန်က သူထင်သည်များ ပြောလေတော့သည်။
" ငါထင်တယ် အာ့ဒီလင်းဝေ့။ ရုပ်ကလေး သနားကမားနဲ့ မြွေလို ကင်းမြီးကောက်လို စိတ်ဓာတ်နဲ့မိန်းမပဲ။ ကလေးတစ်ယောက်ရဲ့လက်ကို ဒီလိုရက်ရက်စက်စက် ရိုက်လိုက်ရသလား" ဟုပြောရင်း သူ့သမီး၏ လက်ကို ယူကြည့်နေ၏။
သူ့အမေက လက်ကို ယူကြည့်တော့ ကျောက်မေ့က လက်ကို ချက်ချင်း ဖွက်လိုက်ကာ ပြောလိုက်သည်။
"ဆရာမလင်း ရိုက်လို့မဟုတ်ပါဘူး။ သမီးမြက်နှုတ်ရင်းနဲ့ဖြစ်သွားတာပါ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သမီးက အခုမှ မြက်နှုတ်ဖူးတာလဲ မဟုတ်ဘူး။ အရင်တုန်းက ဒီလိုမှ မဖြစ်ဖူးတာ။ လင်းဝေ့အစားထိုးဆရာမဖြစ်လာမှ ဒီလိုဆိုးဆိုးရွားရွားဖြစ်ဖူးတာပဲ။ သမီးမကြောက်နဲ့။ မေမေ မနက်ဖြန်ကျရ်င ကျောင်းကို လိုက်ခဲ့ပြီး ကျောင်းအုပ်ကြီးဆီ လင်းဝေ့ကို အလုပ်ထုတ်ပစ်ဖို့ပြောလိုက်မယ်"
ကောင်းရှို့လျန်တွေးသည်က သူမသမီးသည် လင်းဝေ့ လက်စားချေမည်စိုး၍ အမှန်ကိုမပြောရဲဟု ထင်နေ၏။
သို့သော် သူမထင်မထားသည်က သူ့သမီးသည် အမှန်ကို ပြောရဲရုံမက လင်းဝေ့အတွက်ပင် ကာကွယ်ပြောဆိုလိုက်သေး၏။
"မဟုတ်ဘူး ဆရာမလင်းက သမိီးတို့အပေါ် အရမ်းကောင်းတယ်။သူ့သင်ခန်းစာတွေကလည်း ပျော်စရာကောင်းတယ်။ကျောင်းသားတွေအားလုံးကလည်းကြိုက်ကြတယ်"ဟုပြောပြီး သူမမိဘတွေ မယုံမှာ စိုး၍ ထပ်ပြောလိုက်သေး၏။
"ဆရာမလင်းက သမီးအပေါ်လည်း အရမ်းကောင်းတယ်။ သမီးအကြိုက်ဆုံးဆရာမက ဆရာမလင်းပဲ"
ကောင်းရှို့လျန်နှင့် မတူပဲ သေချာနားထောင်နေသည့်ကျောက်ဖုန်းကတော့ သူ့သမီးပြောသည်ကို ကြားသည်နှင့် လင်းဝေ့ကို အပြစ်မမြင်တော့ချေ။ ထို့ကြောင့် သူ့သမီးကိုသာ "ဒါဆိုသမီးလက်က ဒဏ်ရာက ဘယ်လိုရတာလဲ"
ကျောက်မေ့က ခေါင်းကို ငုံ့လိုက်ပြီး ရှက်ရှက်နှင့်ပြောလိုက်၏။"ဒီနေ့ မြက်နှုတ်တော့ ဆရာမလင်းကလည်းဘေးမှာ လာကူနှုတ်တော့ သမီးလည်း သမီးကိုပျင်းတယ်လို့ထင်မှာစိုးလို့ အားစိုက်နှုတ်လိုက်တာနဲ့ ဒီလိုဖြစ်သွားတာ"
ကလေးမက ထိုသို့ပြောပြီး သူ့မိဘကိုကြည့်ကာပြန်ပြောလိုက်သည်။"ဖေဖေ မေမေ ဆရာမလင်းက အရမ်းကောင်းတယ့် ဆရာမပါ။ ကျောင်းအုပ်ဆီသွားပြီး ကျောင်းမထုတ်ခိုင်းပါနဲ့"
သူ့သမီးလက်က ဒဏ်ရာက လင်းဝေ့ကြောင့် မဟုတ်မှန်း သိလိုက်ရတော့ ကျောက်ဖုန်းလည်း စိတ်အေးသွား၏။
"စိတ်မပူပါနဲ့သမီး ဖေဖေနဲ့ မေမေ ကျောင်းအုပ်ဆီ မသွားပါဘူး"
သူ့အဖေရဲ့ ကတိစကားကိုကြားလိုက်မှ ကောင်မလေးက ဝမ်းနည်း၍ ငိုနေရာမှရပ်ကာ ပြုံးလာ၏။
သူ့သမီးမျက်နှာက အပြုံးကိုတွေ့တော့ ကောင်းရှို့လျန်၏ မျက်နှာသည် ရုပ်တည်နေရာမှ မည်းသွားလေတော့သည်။
သူမွေးပြီး ကျွေးထားသည့်သမီးက သူ့ကိုရေခပ်ပေးဖို့အင်တင်တင်ဖြစ်နေပေမယ့် လင်းဝေ့ဆီမှာ မျက်နှာရဖို့အတွက်တော့ လက်ပင် ဒဏ်ရာအရခံကာ မြက်နှုတ်လေသည်။
ဒီထက်ပိုအရေးကြီးသည်က လင်းဝေ့သည် ရောက်သည်ပင်မကြာသေးသော်လည်း သူ့သမီးစိတ်နှင့် တစ်ခြားကျောင်းသား ကျောင်းသူများ၏စိတ်ကိုပင် လွမ်းမိုးနေချေပြီ။ အစားထိုးသုံးလပြီးလို့ ကျောင်းသူကျောင်းသားတွေက လက်မလွတ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီလိုနဲ့ ကျောင်းက လင်းဝေ့ကို အတည်တကျခန့်လိုက်ရင်……
လင်းဝေ့ အချိန်ပြည့်ဆရာမဖြစ်လာမည်ဟုတွေးလိုက်သည်နှင့် ကောင်းရှို့လျန် မနာလိုဝန်တိုစိတ်များပွားများလာ၏။ သူဒီကိစ္စကိုတားမှ ဖြစ်မယ်။
ဘယ်လိုတားကြမလဲ။
ကောင်းရှို့လျန်သည် သူ့သမီး၏ မျက်နှာကိုကြည့်လိုက် လက်ကိုကြည့်လိုက်လုပ်ပြီး နှုတ်ခမ်းထောင့်များကွေးညွှတ်လာ၏။
တနင်္လာနေ့ မနက်ခင်းရောက်တော့ စာကျက်တန်းစသည်နှင့် ကောင်းရှို့လျန်သည် သူ့သမီးလက်ကို ဆွဲကာ မူလတန်းကျောင်းအုပ် ရုံးခန်းသို့ဝင်လိုက်ပြီး ငိုယိုကာ တိုင်ကြောထူလေတော့၏။
" ကျောင်းအုပ်ဖုန်းရှင့် ကျွန်မသမီးလေးကိုကြည့်ပါဦး"