Chapter 107
Vol. 9 Ch. 107
ငိုယိုကာပြောပြနေသည့် ကောင်းရှို့လျန်ကိုကြည့် ကျောင်းအုပ်ဖုန်းသည် ကြောင်ကြည့်နေမိသည်။နောက်ကျမှ ချောင်းအနည်းငယ် ဟန့်လိုက်ကာ ကောင်းရှို့လျန်ဘေးက နီရဲနေသည့်မျက်လုံးနှင့် ကလေးမကိုကြည့်လိုက်၏။
"ရှင့်သမီးက ဘာဖြစ်တာလဲ"
"ကျွန်မ သမီးက အရိုက်ခံရတာရှင့်" ဟုပြောကာ သူ့သမီးလက်ကို ဆွဲလိုက်၏။ ကလေးမက လက်ကို အဆွဲမခံပဲ အနောက်မှာ ဖွင်ထား၏။
သူ့ကလေး၏ အပြုအမူကိုကြည့်ကာ ကောင်းရှို့လျန် စိတ်တိုလာပြီး သူ့ကလေးကို ဆူလိုက်၏။
"သမီးက ဘာဖြစ်နေတာလဲ။ အိမ်ကို ဒဏ်ရာရပြီး ပြန်လာတာတောင် ဘာမှ မပြောလို့အမေကိုယ်တိုင်လာပြီး သမီးအတွက် တရားမျှတမှု ရှာပေးနေရတာလေ။ တွန့်ဆုတ်မနေနဲ့။ လက်အမြန်ထုတ်လိုက်"
ထိုသို့ပြောရင်း ကျောက်မေ့၏ ပုခုံးကို မသိမသာဖိချလိုက်ကာ သူမလက်ကို အနောက်ကနေ ရှေ့ကို ဆွဲထုတ်လိုက်၏။ထို့နောက် လက်ကို ဖြန့်ပြီး ကျောင်းအုပ်ကိုပြလိုက်သည်။
" ကျောင်းအုပ်ဖုန်း စနေနေ့က ကျွန်မသမီးအိမ်ပြန်ရောက်တုန်းကဆိုရင် ကျွန်မရင်တွေပူလွန်းလို့ ကျောင်းအုပ်ကြီးဆီ တိုက်ရိုက်လာမိတော့မလို့။ မိသားစုက တားထားလို့သာပေါ့"
ကောင်းရှို့လျန် ပြောသည်ကို နားထောင်ရင်း ကျောက်မေ့လက်ကို ဖုန်းယင်က ကြည့်လိုက်၏။
တစ်ရက်နှင့် နှစ်ည ကြာသွားပြီဖြစ်၍ ကျောက်မေ့လက်က ဒဏ်ရာက မှိန်သွားပြီဖြစ်၏။ သို့သော် အခုထိ အရှိုးရာ နှစ်ခုက ကျန်နေသေး၏။
ဖုန်းယင်လည်း သူ့လက်ချောင်းများဖြင့် ဒဏ်ရာကို ထိလိုက်၏။"နာလား သမီး"
ကျောက်မေ့လည်း ခေါင်းခါကာ ပြောလိုက်သည်။ "မနာ……"
သူပြောလို့မပြီးသေးခင်မှာပဲ သူ့အမေက နောက်ကျောကို စိတ်ချလိုက်၏။"နာတယ်"
ကောင်းရှို့လျန်သည် ဟန်ဆောင်မျက်ရည်များသုတ်လိုက်ပြီး ပြောလာသည်။"ဆရာမက တပည့်ကို ဆုံးမတာမျိုး ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မ သမီးလေးက လိမ္မာပြီး စာလည်း ကြိုးစားတဲ့ကလေးပါ။ ဒါကိုတောင် ဒီလောက်ကြီး လုပ်တာတော့ မဖြစ်သင့်ပါဘူးရှင်"
"ရှင်ပြောချင်တာက ကျောက်မေ့ လက်က ဒဏ်ရာက ဆရာမတစ်ယောက်က ရိုက်လိုက်လို့ ရလာတယ်လို့ ပြောချင်တာလား" ဟု ဖုန်းယင်ကမေးလိုက်၏။
ကောင်းရှို့လျန်သည် သူမကြိုတင်ပြင်ဆင်ထားသည့်အတိုင်း သူ့သမီး၏ လက်ကို ကိုင်ပြကာ " ကျောင်းအုပ် ဒီမှာကြည့်ပါဦး။ ဒဏ်ရာက ညာဘက်လက်ဝါးပေါ်မှာလေ။ ကျွန်မသမီးက သူ့လက်ကိုဆန့်ထုတ်လိုက်တဲ့အချိန်မှာ ဆရာမတစ်ယောက်ယောက်က ဝါးခြမ်းပြားနဲ့ရိုက်ခဲ့တာဖြစ်မယ်။ကျွန်မသမီးလေးက အရိုက်ခံရလောက်အောင် မတုံးအသေးပါဘူး။ ဒါက ဆရာမတစ်ယောက်ရဲ့ လုပ်ရပ်လားရှင်"
ဖုန်းယင်လည်း ကျောက်မေ့ကို ငုံ့ကြည့်ကာမေးလိုက်၏။" ကျောက်မေ့ သမီးရဲ့ လက်က ဒဏ်ရာက တစ်ကယ်ပဲ ဆရာမရိုက်လို့ ဖြစ်တာလား"
"အိုးး ကျောင်းအုပ်ကြီးရှင့် ကလေးကို မေးလို့ ဘာထူးမလဲရှင့်။သူက နှုတ်ပိတ်နေမှာပဲ။ဘသူ့လက်က ဒဏ်ရာက ကျွန်မတို့တွေ ဆေးလိမ်းပေးခဲ့လို့သာ သည်လောက်ပဲ ကျန်တော့တာ။ အကြာကြီး မေးပြီးမှ ဆရာမရိုက်လိုက်တာလို့ပြောပြ တယ်လေ။ ဒါကို အခုလိုသွားမေးတော့ သူက ဘယ်လိုဖြေမလဲရှင်"
မိဘက ပြောနေတော့ ကျောက်ဖုန်းလည်း ကလေးမကို ဆက်မမေးတော့ပဲ ကောင်းရှို့လျန်ကိုသာ မေးလိုက်တော့၏။
" ဒါဆို ဘယ်ဆရာမ ရိုက်လိုက်တာလဲလို့ မေးကြည့်လိုက်လား"
"အသစ်ဝင်တဲ့ ဆရာမလင်းအပြင် ဘယ်သူရှိဦးမှာလဲ"
ထိုအပြင် ကောင်းရှို့လျန်က တွေဝေခြင်းမရှိ ဆက်ပြောလိုက်၏။"ကျွန်မသမီး ဒုတိယတန်း ရောက်တဲ့အထိဘယ်ဆရာမရိုက်တာမှ မခံခဲ့ရဖူးဘူး။ အခု အစားထိုးအတန်းချိန် ဆရာမ လင်းဝေ့ ဝင်လာတာ လဝက်လောက်ပဲ ရှိသေးတယ် ကျွန်မသမီးလက်က ဒဏ်ရာတွေနဲ့ဖြစ်ကုန်ပြီ။ ကျောင်းအုပ်ဖုန်းရှင့် ကျွန်မသမီးအတွက် မျှတမှု ရှာပေးပါဦး"
ကျောင်းအုပ်တစ်ဦးအနေဖြင့် ဖုန်းယင်သည် မိဘနှင့်ဆရာများအကြား ပြဿနာဖြစ်လျှင် အခြေအနေကို မကြီးမားသွားအောင် ထိန်းပေးရမည်ဖြစ်သည်။
ကျောင်းက ဆရာမဖြစ်နေ၍သာမဟုတ်ပါ မိသားစုအိမ်ရာတွင် နေထိုင်ကြသူ အချင်းချင်းဖြစ်ကြ၍ဖြစ်၏။ ထို့ကြောင့် အစကနေ အဆုံး ငိုယိုကာ ပြောပြနေသည့် ကောင်းရှို့လျန်စကားကိုသာ နားထောင်နေလိုက်၏။
ဖုန်းယင်က ဘာမှပြန်မပြောတာကိုမြင်တော့ ကောင်းရှို့လျန်က မျက်ရည်များသုတ်ပြလိုက်ကာ ဆက်ပြောလိုက်သည်။
" ကျောင်းအုပ်ဖုန်း ရှင်က မိသားစုအိမ်ရာမှာ သမာသမတ်အရှိဆူံးလူပါ။ အစားထိုးဆရာမလင်းကို မျက်နှာပေးတာမျိုးတော့ မလုပ်ပါနဲ့ရှင်"
"စိတ်မပူပါနဲ့ ဆရာမလင်းက တစ်ကယ်ပဲရိုက်ခဲ့တယ် ဆိုရင် သူ့ကို မျက်နှာသာ မပေးပါဘူး"
ကျောင်းအုပ်ဖုန်း၏ အပြောကို ကောင်းရှို့လျန်က သိပ်မကျေနပ်ပါ။ သို့သော် သူ၏ ဂုဏ်ပုဒ်က ကျောင်းအုပ်ဖုန်းလောက်မကြီးကျယ်၍ အပြစ်တင်တာတော့မလုပ်ရဲပါ။ထို့ကြောင့် သူမသမီး၏ လက်ကောက်ဝတ်သေးသေးလေးကို ကောက်ကိုင်ကာ ထပ်ပြောလိုက်၏။
"ကျွန်မ သမီးရဲ့ လက်ကလေးတွေက သောကြာနေ့ညအထိ အကောင်းကြီးရှိသေးတာ နောက်တစ်နေ့ကျောင်းကပြန်လာတော့ အရှိုးရာတွေနဲ့ဖြစ်နေပြီလေ။ ဒုတိယတန်းက ဆရာမတွေ အကုန် ခွင့်ယူထားကြလို့ ဆရာမလင်းပဲရှိတာ။ သူကလွဲလို့ ဘယ်သူဖြစ်နိုင်မှာလဲရှင်"
ဖုန်းယင် ဘာမှပြန်မပြောရသေးခင် ကောင်းရှို့လျန်ကပဲ မျက်လုံးကြီးပြူးကာ သံသယအတွေးဖြစ်ဟန်ဖြင့်ပြောလိုက်၏။
"ကျွန်မ အထင် ဆရာမလင်းက ကျွန်မကလေးကို တမင်များ ရိုက်လိုက်တာလားမသိဘူး"
ကောင်းရှို့လျန်က ထိုသို့ပြောပြီးသည်နှင့် သူမဖာသာ သူ့သမီးသည် အငြိုးကြောင့် အရိုက်ခံရတာ မဟုတ်ပါစေနှင့်ဟု ရေရွတ်နေလေ၏။
ကောင်းရှို့လျန်၏ သရုပ်ပြမှုကြောင့် ဖုန်းယင်သည် အနည်းငယ် အံ့သြသွားကာမေးလိုက်၏။"ရဲဘော်ကောင်းက ဘာလို့ အာ့လိုတွေးရတာလဲ။ ရှင်နဲ့ လင်းဝေ့ကြားမှာ ရန်ငြိုးရှိလို့လား။ ဆရာမလင်းက ဘာလို့ ရှင့်သမီးကို ငြိုးရမှာလဲ"
ထိုသို့အမေးခံလိုက်ရသော ကောင်းရှို့လျန်သည် မိမိကိုယ်ကို အပြစ်ရှိသကဲ့သို့ခံစားလိုက်ရ၏။
အဘယ့်ကြောင့် ဆိုသော် သူမကသာ လင်းဝေ့ကို အငြိုးထားကာ လိုက်တိုက်ခိုက်နေ၍ ဖြစ်၏။
ကောင်းရှို့လျန်က မူလက ဤကိစ္စကိုတိုးတိုးတိတ်တိတ်ပြီးသွားစေလို၏။ သို့သော် သူနှင့်လင်းဝေ့အကြား ကတောက်ကဆဖြစ်ထားကြသည်ကို မိသားစုအိမ်ရာတစ်ခုလုံးသိထားသည်ကို သတိရလိုက်၏။
အခု သူက သူ့သမီးကိုအကြောင်းပြကာ လင်းဝေ့ကို ပြဿနာရှာကြောင်းကိုသိကြလျင် တမင်လုပ်သည်ဟု ထင်ကြလိမ့်မည်။
သူက တမင်လုပ်သည် ဖြစ်၍ သူများ ဘယ်လိုတွေးမည်ကို ဂရုမစိုက်ပါ။ ပြီးပြီးသား ကိစ္စတွေကို သူမကွယ်ရာမှာ ပြောသည်ကို ဂရုမစိုက်ချေ။
သို့သော် ဒီနေ့ကိစ္စကို သူမ ရှင်းရှင်းလင်းလင်းမပြော၍ ဖုန်းယင်က လင်းဝေ့ကို အလုပ်ထုတ်လိုက်ပြီးနောက်ပိုင်းမှ သူတို့နှစ်ယောက်အကြား ရန်စရှိမှန်းသိလျင် ဖုန်းယင်က တစ်မျိုးထင်ကာ ပြန်စုံစမ်းလာမည်ကို စိုးလိုက်၏။
ထိုသို့တွေးလိုက်ရင်း ကောင်းရှို့လျန်က စကားပလ္လင် အရင်ခံလိုက်၏။"ကျွန်မက ဆရာမလင်းနဲ့ အရင်က ကတောက်ကဆလေးဖြစ်ဖူးတယ်။ ကျွန်မဘာလို့ ဒါကို အရင်ပြောပြရတာလဲ ဆိုတော့ ကျောင်းအုပ်ကြီးက တစ်ခြားကသတင်းတွေကြားလာပြီး ကျွန်မကပဲလင်းဝေ့ကို တမင်ပြဿနာရှာတယ်လို့ ထင်မှာစိုးလို့ပါ။"
" ဒါလည်း ဟုတ်ပါတယ်"ဖုန်းယင်ကလည်း တွေးကာပြောလိုက်၏။
ဖုန်းယင်၏ သဘောထားကိုအကဲခတ်ကာ ကောင်းရှို့လျန်သည် သူ့သမီးကို ဆွဲဖက်လိုက်ကာ ပြောလိုက်သည်။
" ကျောင်းအုပ်ဖုန်းပဲ စဥ်းစားကြည့်ပါရှင်။ ကျောက်မေ့ကို ကျွန်မကပဲ ကိုးလလွယ် ဆယ်လ မွေးခဲ့ရတာပါ။ သူ့အတွက် အလုပ်တွေကြိုးစားခဲ့ရတယ်။ ကျွန်မ သမီးကို ကျွန်မတစ်ခါမှ လင်နဲ့တောင် မရွယ်ခဲ့ဖူးဘူး။ လင်းဝေ့က ကျွန်မနဲ့အငြိုးရှ်ိလဲ ကလေးကိုတော့ ဒီလိုလုပ်လို့မရဘူးလို့ထင်တယ်"
ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ ၇၀၀ ၈၀၀ ခန့်ရှိ၍ ကျောင်းအုပ်က ကလေး အားလုံးကို မှတ်မိသည်ဟုတော့မဆိုနိုင်ပါ။ သို့သော် မိသားစုအိမ်ရာနေကလေးများတစ်ချို့ကိုတော့ မျက်မှန်းတန်းမိပါ၏။
ကျောက်မေ့၏ ဝတ်စားဆင်ယင်မှုက အကောင်းဆုံးဖြစ်မနေသော်လည်း မိသားစုအိမ်ရာအတွင်းက တစ်ခြားကလေးများထက်ဆာလျင် တော့ မဆိုးလှချေ။ ကျောင်းဝတ်စုံများကို ဖြူဖွေးနေအောင် လျှော်ထားပေးပြီး အဝတ်အစားများတွက် ဖာထေးရာလည်း မရှိကာ သန့်ရှင်းသပ်ရပ်နေ၏။
ဝကစ်ကစ်ကလေးတွေကို အဟာရ ချို့တဲ့မှုမရှ်ိဟု သတ်မှတ်ကြ၍ ၇ နှစ်၉နှစ် ကလေး အများစုက ဝကစ်ကစ်လေးဖြစ်နေကြ၏။ ကျောက်မေ့က ပိန်သော်လည်း အဟာရမပြည့်ဝသကဲ့သို့ ပိန်နေသည်တော့မဟုတ်ပါ။
မိမိသားသမီး ရိုက်နှက်မှ စကားနားထောင်မည်ဟု ယုံကြည်ကြသည့်မိဘတစ်ချို့ရှိပါ၏။ ထို့ကြောင့် သူတို့ဒေါသထွက်လာသည့်အခါ သားသမီးကို အသေရိုက်နှက်ကာ အပြစ်ပေးခြင်းများလည်း ရှ်ိ၏။
ကျောက်မေ့၏ လက်က အရှိုးရာက သစ်ကိုင်းဖြင့်အရိုက်ခံထားရ၍ ရလာဟန်တူ၏။ ဤကဲ့သို့ ဒဏ်ရာ နက်နက်ရဖို့က ရိုက်သည့်သူသည် အားဖြင့်ရိုက်မှာ အရှိုးရာထင်ကျန်ခဲ့နိုင်၏။
ကောင်းရှို့လျန်၏ ဂုဏ်သတင်းက သိပ်မကောင်းသော်လည်း ကလေးရိုက်တတ်သည်ဟုတော့ မကြားဖူးပါ။
ဤသို့ဆိုလျင် လင်းဝေ့က ရိုက်လိုက်သည်ဟု ယူဆ၍ရ၏။ ဒါကရက်စက်လွန်းသည်ဟု ဖုန်းယင်တွေးလိုက်၏။
လင်းဝေ့ အစားထိုးဆရာမအဖြစ်ဝင်လာတာနဲ့ အတန်းနှစ်ခုစလုံးကို ကောင်းကောင်း ထိန်းနိုင်၏။ ကလေးများကလည်း သူ့စကားကို နားထောင်ကြသည်။ ကလေးများက လင်းဝေ့ကို စာအသင်အပြကောင်း၍ သဘောကျမှန်းလည်း ဖုန်းယင်သိပါ၏။ သို့သော် သူ့စကားနားမထောင်သည့်ကျောင်းသားရှိ၍ ရိုက်လိုက်မှန်း ဖြစ်နိုင်၏။
ရိုက်မည်ဆိုလည်း စာသင်လျင် သုံးသည့်ပေတံရှိကာ ထိုပေတံဖြင့်ရိုက်နိုင်၏။ ထိုပေတံဖြင့်ရိုက်လျင် နာမည်ဖြစ်သော်လည်း အရှိုးရာတော့ကျန်မည်မဟုတ်ပါ။
ကျောက်မေ့လက်က ဒဏ်ရာက လင်းဝေ့ကြောင့်ဆိုလျင် ဘာလို့ လင်းဝေ့က ပေတံမသုံးပဲ သစ်ကိုင်းနဲ့ရိုက်ရတာလဲ။
ဖုန်းယင်သည် ခေါင်းငုံ့နေဆဲဖြစ်သည့် ကလေးမကို မေးလိုက်၏။"သမီးကျောက်မေ့ သမီးရဲ့ လက်က အရှိုးရာက ဆရာမလင်း ရိုက်လို့ဖြစ်လာတာလား"
ကျောက်မေ့လည်း သူ့ကိုမေးသည့်အသံကြားလိုက်တော့ သူမ ပခုံးများလှုပ်လာကာ ခေါင်းမော့လိုက်၏။ထိုစဥ်ကောင်းရှို့လျန်က အမြန် ဖြတ်ပြောလိုက်၏။
" ကျောင်းအုပ်ဖုန်းရှင့် သူ့ကိုမေးလို့ရမှာမဟုတ်ဘူး။ သမီးကကလေးပဲ ရှိသေးတော့ လင်းဝေ့ကိုကြောက်လို့ အမှန်ပြောရဲမှာ မဟုတ်ဘူးရှင့်"
ကျောင်းအုပ်ဖုန်းသည် ခုမှ တပ်ထဲ ဝင်လာသည့် အရာရှိဇနီးသည်လေး မဟုတ်ပါ။ ထို့ကြောင့် ကောင်းရှို့လျန် ခြောက်တိုင်းလည်း မကြောက်ပါ။ ထို့ကြောင့် မျက်မှောင်ကြုံ့ကာ " ရဲဘော်ကောင်းရှို့လျန် ရှင်က အမေဆိုတာ နားလည်ပါတယ်။ သမီးအရိုက်ခံရလို့ စိတ်ပူနေတာလည်း နားလည်ပါတယ်။ ရုံးခန်းထဲ ဝင်လာကတည်းက ရှင်ပဲ ပြောနေတာ ကာယကံရှင်ဖြစ်တဲ့ ကျောက်မေ့က တစ်သံမှ မထွက်သေးဘူး။ ဒါ့ကြောင့် ကျွန်မသူ့ကိုမေးပြီးတော့ အတည်ပြုပါရစေ။ မေးကြည့်လို့တော့ ပြဿနာမရှိဘူးမလား "
ကောင်းရှို့လျန်က စိတ်ထားကောင်းကာ အားငယ်တတ်သူများကို အနိုင်ကျင့်လေ့ရှိ၏။ ဖုန်းယင် ငြိမ်နေစဥ် ကောင်းရှို့လျန်ကသာ စကားများတစ်တွတ်တွတ်ပြောနေပြီး ဖုန်းယင်၏ သဘောထားတင်းလာချိန်တွင် ကောင်းရှို့လျန်ကလည်း ပြန်လျော့လိုက်လေ၏။
"ပြဿနာ မရှိပါဘူးရှင် မရှိပါဘူး။ ဒါပေမယ့် သမီးလေးက ထုတ်မပြောတတ်တဲ့အကျင့်ရှိလို့ပါ။သူအရိုက်ခံရတာတောင် ကျွန်မတို့က အတော်လေးကြာအောင် မေးမှ ပြောပြရှာတာပါ။ အခုထပ်မေးလိုက်မယ် ဆိုရင် သူ့ကို ခြောက်သလိုဖြစ်သွားမှာ စိုးလို့ပါ"
ကောင်းရှို့လျန်၏ စကားကိုကြားတော့ ဖုန်းယင်လည်း မျက်မှောင်ကြုံ့လိုက်မိ၏။
ကျားတွေက ကိုယ့်သားပေါက်ကို ပြန်မစားသလို ကောင်းရှို့လျန်လည်း သူ့ကလေးကို တမင်ရိုက်ပြီး လင်းဝေ့ကို ချောင်ချမည်တော့ မဟုတ်ချေ။သို့သော် ကျောက်မေ့ကို မေးမြန်းရန်လုပ်တိုင်း နှစ်ခါတိတိ လိုက်ဖျက်နေသဖြင့် ကောင်းရှို့လျန်ကိုတော့ ဖုန်းယင် သံသယဝင်မိသည်။
ထိုသို့တွေးလိုက်ပြီး ဖုန်းယင်က ပြောလိုက်၏။"ရှင်ပြောတာမှန်တယ် ဆိုရင်တောင် ဆရာမလင်းက ကျောက်မေ့ကို ရိုက်တယ်ဆိုတဲ့အတွက် ကျောင်းအုပ်ဖြစ်တဲ့ကျွန်မက ဝင်စွက်ဖက်လို့မရဘူး ဒီတော့ ဒီကိစ္စကိုသေချာရှင်းကြတာပေါ့"
သက်သေတွေကပြည့်စုံနေပြီကို ဘာတွေရှင်းဖို့လိုသေးတာလဲ ဟု ကောင်းရှို့လျန်တွေးလိုက်၏။
သို့သော် ဖုန်းယင်၏ တည်ကြည်နေသည့်မျက်နှာထားကြောင့် ကောင်းရှို့လျန်လည်း အတွန့်မတက်ရဲတော့ပါ။
" ကျောင်းအုပ်ကြီး စကားအတိုင်းပဲ လုပ်လိုက်ပါ့မယ်။ကျွန်မသမီးလေးကရိုးသားတဲ့သူဆိုတော့ လိမ်ပြီးပြောမှာလည်း မဟုတ်ပါဘူးရှင်"
ဖုန်းယင်လည်းကောင်းရှို့လျန်စကားကို ပြန်မဖြေပဲ ထိုင်ရာမှ ထလိုက်ကာ " ရုံးခန်းထဲ ခဏထိုင်ဦးနော် ကျွန်မ ဆရာမလင်းကို သွားခေါ်လိုက်မယ်"
ကောင်းရှို့လျန်လည်း ကျောင်းအုပ်ကြီး တံခါးဂကနေ ထွက်သွားသည်အထိ ပြုံးပြကာ လိုက်ပို့လိုက်၏။ကျောင်းအုပ်ကြီးမြင်ကွင်းမှ ပျောက်သွားတော့မှ မျက်နှာထားပြန်ပြောင်းသွားပြီး ကျောက်မေ့ကို ကြည့်လိုက်၏။
" ကျောင်းအုပ်ဖုန်းက သမီးလက်က ဒဏ်ရာ ဘယ်လိုရတာလဲလို့ ခဏနေမေးရင် ဆရာမလင်းဝေ့ကြောင့်လို့ဖြေနော်။ သိပြီလား"
ကျောက်မေ့က ခေါင်းငုံ့ကာ နှုတ်ခမ်းကိုကိုက်နေပြီး ဘာမှ ပြန်မပြောချေ။
သူ့သမီးရဲ့ ဝမ်းနည်းနေတဲ့မျက်နှာကိုမြင်တော့ ကောင်းရှို့လျန် စိတ်တိုလာ၏။ အိမ်မှာကတည်းက သေသေချာချာ ပြောပြပြီးသားကိုကျောင်းအုပ်ဖုန်းက နာလား မေးတော့ မနာဘူးလို့ ဖြေလိုက်သေးတယ်။ သူအမြန်ဆိတ်လိုက်လို့သာ နာသွားပြီး နာတယ်လို့အော်လိုက်လို့ပေါ့။
ကျောင်းအုပ်ဖုန်းက နောက်တစ်ခေါက်ထပ်မေးလို့ သူပြန်ဖြတ်ပြောလိုက်ရင် တမင်လင်းဝေ့ကို ချောက်ချတယ်လို့ သံသယအဝင်ခံရနိုင်တယ်။
ထိုသို့တွေးလိုက်ပြီး ကောင်းရှို့လျန်သည် ကျောင်းအုပ်ဖုန်းပြန်မလာခင် ကျောက်မေ့နားရွက်ကို ဆွဲရန်ပြင်လိုက်သည်။ သို့သော် နားရွက်နီနေလျင် နားရွက်ဆွဲထားတာ ပေါ်မည်စိုး၍ ခါးကိုသာစိတ်လိုက်၏။
"အမေ ပြောတာ ကြားလား"
ကောင်းရှို့လျန်က အသာအယာစိတ်လိုက်သော်လည်း ခါးနားရှိ အသားက နူးညံ့နေ၍ ကျောက်မေ့သည် နာကျင်မှုကို ခံစားလိုက်ရကာ ငိုပြီးပြောလိုက်သည်။
"နာတယ်"
ကောင်းရှို့လျန်ကတော့ စိတ်ထားတာကို လျော့မည့်ပုံမပေါက်ပါ။"အေး နာတယ် ဆိုရင် အမေ့စကားနားထောင် အမေပြောသလိုပဲ ပြော ကြားလား"
"ဟုတ် သိပါပြိီ" ဟု ကျောက်မေ့က ငိုသံဖြသ့်ပြန်ပြောလိုက်လေ၏။
သူ့သမီးး၏ ခေါင်းငြိမ့်လိုက်သည့်စကားကိုကြားတော့မှ ကောင်းရှို့လျန် မျက်နှာပြုံးချိုသွားပြီး သူဆိတ် ထားသည့် ခါးကို အသာအယာ ပွတ်ပေးလိုက်သည်။
"သမီးရေ အမေ့စကားကိုသာ နားထောင် ဒီကိစ္စပြီးသွားရင် အမေက သမီးကို စားလို့ကောင်းတဲ့အစားအသောက်တွေနဲ့ အဝတ်အစား အသစ်တွေ ဝယ်ပေးမယ်နော်"
သူမ အဝတ်အစား အသစ်တွေနဲ့ စားကောင်းတာတွေမလိုချင် စာကြိုးစားကာရိုးသားသည့်သူပဲ ဖြစ်ချင်သည် ဟု ကျောက်မေ့ပြောလိုသော်လည်း သူ့အမေ၏ အေးစက်စက် အကြည့်များကိုတွေ့တော့ ပြောလိုသည့်စကားလုံးများကိုပြန်မြိုချလိုက်ရသည်။