← Chapters

Chapter 109

Vol. 9 Ch. 109

Chapter 109

Vol. 9 Ch. 109

ကောင်းရှို့လျန်က ထိုသို့ပြောပြီး ကျေနပ်သွားသည့်အရိပ်အယောင်မျက်လုံးတွင် ထင်ဟပ်လာ၏။

သူမစားသောက်ဆိုင်တွင် အစားအသောက်ဝေသည့်အလုပ်လုပ်စဥ်က သူများ၏ ဟင်းများကို လျော့ထည့်ပေး၍ အလျော့ထည့်ခံရသည့်သူက တစ်ခြားလူများကိုပင်စည်းရုံးပြီး ညွှန်ကြားရေးမှုးကို ဖိအားပေးပြီး ပန်းကန်ဆေးသည့် အလုပ်နေရာရွေ့ပြောင်းခံလိုက်ရ၏။

အရင်တုန်းက ခံခဲ့ရဖူးသည့်ကောင်းရှို့လျန်သည် ဤကိစ္စကိုလည်း ထိုလမ်းစဥ်အတိုင်းလုပ်ရန်စိတ်ကူးရလိုက်၏။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသလို လင်းဝေ့ကြောင့် ဆရာမအားလုံး၏ နာမည်မပျက်လိုသည့် ကျောင်းအုပ်ကြီးသည် လင်းဝေ့ကို ကျောင်းသိက္ခာကြောင့် အလုပ်ထုတ်လိုက်မည်ဖြစ်၏။

ထို့ကြောင့် ကောင်းရှို့လျန်သည် ဖုန်းယင်ကညလင်းဝေ့ကို မျက်နှာသာပေးကာ အလုပ်မထုတ်လျင် ဤကိစ္စကို လူသိအောင် လုပ်ပြီး ကျောင်းသားမိဘအားလုံးကို ဆန္ဒပြစေမည်ဖြစ်၏။

ထို့ကြောင့်ဖုန်းယင် သူ့ဘက်မလိုက်မည်ကိုလည်း မစိုးရိမ်ပါ။

ဖုန်းယင်က သူ့စကားကို ဘာမှ ဝင်မပြောတာ တွေ့၍ ကောင်းရှို့လျန်လည်း လင်းဝေ့ဘက်လှည့်လိုက်ကာ "ဆရာမလင်းအလှည့်ပါ" ဟုပြောလိုက်၏။

လင်းဝေ့ကလည်း ထိုင်နေရာမှ ထကာ မေးလိုက်၏။

"ကျွန်မ မေးစရာလေးရှိပါတယ် ကျောင်းသူ ကျောက်မေ့က ဘယ်အချိန်မှာ ဒဏ်ရာရသွားတာလဲ ဆိုတာသိချင်ပါတယ်"

"ကျွန်မစောနကပဲ ပြောလိုက်တယ်လေ။ လွန်ခဲ့တဲ့ စနေနေ့ကလို့"ကောင်းရှို့လျန်ကတော့ လင်းဝေ့အချိန်ရှည်ကြာအောင်လုပ်နေသည်ဟု ယူဆကာ မျက်လုံးဝေ့လိုက်၏။

လင်းဝေ့လည်း ကောင်းရှို့လျန်၏ မျက်နှာအမူအရာကို လျစ်လျူရှုက ဆက်မေးလိုက်၏။"လွန်ခဲ့တဲ့ စနေနေ့ မနက်ခင်းလား နေ့လည်ခင်းလား"

ကောင်းရှို့လျန်က ဘေးမှာရှိသည့် သူ့သမီးကို ကြည့်ရင်း လင်းဝေ့၏ အဖြေကို လှီးလွဲဖြေလိုက်၏။"ရှင်က ကျွန်မသမီးကို ရိုက်တဲ့သူပဲ။ ဘယ်အချိန်ရိုက်တယ်ဆိုတာ ရှင်ပဲသ်ိမှာပေါ့။ ဒီလိုပြန်မေးနေတာ အဓိပ္ပါယ်ကို မရှိဘူး"

" ကျောင်းသူ ကျောက်မေ့ကို ကျွန်မ တစ်ကယ် ရိုက်ခဲ့တယ် ဆိုရင်တော့ ဒီလိုမေးတာ အဓိပ္ပါယ်မရှိတာ ဟုတ်ပါတယ်။ဒါပေမယ့်ကျွန်မ မှ ဘယ်သူ့ကိုမှ မရိုက်ခဲ့တာ"ဟု လင်းဝေ့က ကောင်းရှို့လျန်ကိုကြည့်ပြီး ပြောလိုက်၏။

"အခု ရဲဘော်ကောင်းက ကလေးကို ကျွန်မရိုက်တယ်လို့ပြောတော့ ဘယ်အချိန်မှာ ရိုက်တယ် ဘာနဲ့ရိုက်တယ်ဆိုတာကိုတော့ပြောပြသင့်တာပေါ့"

ထိုစဥ် ဖုန်းယင်ကလည်း ဝင်ပြောလာ၏။"ကျွန်မလည်း ဘယ်အချိန် ဘာနဲ့ အရိုက်ခံရတယ် ဆိုတာ သိချင်တယ်"

ကောင်းရှို့လျန် သူမစိတ်ထဲ တွက်ချက်လိုက်သည်။

သူ့သမီးက စနေနေ့ လုပ်အားပေးအချိန်တွင် ဒဏ်ရာရခဲ့တာဖြစ်ပြီးအာ့အရင်က လက်က ဘာမှ မဖြစ်ချေ။ မနက်ခင်းမှာ အရိုက်ခံရသည်ဟုပြောပါက လင်းဝေ့က သူ့သမီးနှင့်အတူ ထိုင်သည့်သူငယ်ချင်းများကို တိုက်ရိုက်မေးလိုက်လျင် ပေါ်သွားနိုင်၏။

မနက်ခင်းပိုင်း အတန်းချိန်စာသင်ခန်းတွင် တစ်ခြားကျောင်းသားများလည်း ရှိသည်ဖြစ်၍ လင်းဝေ့က ရိုက်မရိုက်သိလိုလျင်တစ်ခြား ကျောင်းသားများကို မေးလိုက်သည် ပေါ်သွားနိုင်၏။ ကြားပိုင်း နားသည့်အချိန် ဟုပြောလျင်လည်း နားချိန်က တိုလွန်း၍ ရိုက်ဖို့မဖြစ်နိုင်ပါ။

မွန်းလွဲပိုင်းက ပိုဖြစ်နိုင်ချေရှိ၏။ လုပ်အားပေးအချိန်တွင် ကျောင်းသားများက အလုပ်ရှုပ်ကြပြီး ဆရာမများက အားလပ်နေကြ၏။ ကျောင်းရှိလူများကလည်း အားလုံးတစ်ချိန်ထဲမှာ အတူရှိမနေ၍ ထိုအချိန်မှာ ဖြစ်နိုင်ချေရှိ၏။

"ဟုတ်ပြီလေ ရှင်မေးမှတော့ ပြောရတာပေါ့။ ကျွန်မသမီးက လွန်ခဲ့တဲ့စနေနေ့ မွန်းလွဲပိုင်းလောက်မှာ ဝါးဆစ်တုတ်နဲ့ အရိုက်ခံခဲ့ရတာ" ဟု ပြောလိုက်ပြီး ကျောက်မေ့လက်ကို ဖြန့်ပြလိုက်သည်။

"ကြည့်လိုက်ပါဦး ကလေးရဲ့ လက်ကလေးကို ဒီလိုဖြစ်အောင်ရိုက်လိုက်ရတယ်လို့။ နှစ်ရက်ကြာတာတောင် အရှိုးရာက မပျောက်နိုင်သေးဘူး"

"နှစ်နာရီမတိုင်ခင်လား နှစ်နာရီနောက်ပိုင်းလား" ဟု လင်းဝေ့က ထပ်မေးလိုက်၏။

"နှစ်နာရီနောက်ပိုင်း" ဟု ကောင်းရှို့လျန်ကလည်း တုံ့ဆိုင်းစွာပြောလိုက်၏။

"ဟုတ်ပြီ ဒါဆိုရင် ကျွန်မရဲ့ စနေနေ့က နှစ်နာရီ နောက်ပိုင်း အချိန်ဇယားကိုပြောပြမယ်။ နှစ်နာရီအတိ မှာ အတန်းတက်ခေါင်းလောင်းမြည်တော့ ရုံးခန်းကနေ စာသင်ခန်းထဲ ဝင်ခဲ့တယ်။ ဒုတိယတန်း သုံးခန်းလုံးကို တစ်ခန်းပြီး တစ်ခန်း အတန်းချိန် ဝင်ခဲ့တယ်။ ၂နာရီ ခွဲလောက်မှာ အိမ်စာ စစ်ဖို့အတွက် ရုံးခန်းထဲ သွားခဲ့တယ်။ လေးနာရီအထိ ကျွန်မ ရုံးခန်းထဲမှာပဲ ဆိုတာကို ဆရာမလီနဲ့ ဆရာမဟွမ်တို့ကို မေးကြည့်လို့ရတယ်"

" လေးနာရီနောက်ပိုင်းကျတော့ကော" ဟု ကောင်းရှို့လျန်ကမေးလိုက်၏။

"လေးနာရီ နောက်ပိုင်းတော့ စစ်ပြီးတဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို ဒုတိယတန်း အခန်း၂ကို သွားပေးလိုက်တယ်။ အာ့အချိန်က လုပ်အားပေးအချိန်မို့လို့ ကျောင်းခန်းထဲမှာ ဘယ်သူမှ မရှိတာနဲ့ ကျွန်မလည်း လေ့ကျင့်ခန်းစာအုပ်တွေကို ခုံမှာပဲ တင်ခဲ့လိုက်တယ်။ နောက် ကျွန်မလည်း ကလေးတွေနဲ့အတူ ကစားကွင်းမျာပဲအတူမြက်နှုတ်ကြတာ ငါးနာရီအထိပဲ။" ဟု ပြောလိုက်ပြီး ကောင်းရှို့လျန်ကိုကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"ဒီတော့ ရဲဘော်ကောင်းက ကျွန်မက ဘယ်အချိန်မှာမှ ရှင့်သမီးကိုရိုက်ဖို့အချိန်မရှိဘူး"

"ရှင် စစ်ပြီးတဲ့ လေ့ကျင့်ခန်းစာအုပ်တွေ သွားထားတဲ့အချိန်မှာ ရိုက်တာလဲ ဖြစ်နိုင်တာပဲ" ဟု ကောင်းရှို့လျန်ကလည်း ပြန်ပြောလေ၏။

"ကျွန်မ လေ့ကျင့်ခန်းစာအုပ်တွေ သွားထားတဲ့အချိန်မှာ ကျောင်းသူ ကျောက်မေ့က အပြင်ရောက်နေတဲ့အချိန်လေ။ ကျွန်မက သူ့ကို လေထဲကမှ ရိုက်လို့မရတာ"

"ဒါဆို ငါးနာရီနောက်ပိုင်းကော"

" ငါးနာရီနောက်ပိုင်း ကျွန်မ ကလေး အားလုံးကို တန်းစီပြီး လက်ဆေးခိုင်းတယ် နောက်အတန်းထဲ ပြန်လွတ်ပြီးကျောင်းဆင်းခိုင်းလိုက်တယ်။ နောက်ကျွန်မလည်း ရုံးခန်းကိုပြန်တံခါးပိတ်ပြီး ကျောင်းက ထွက်လာတာပဲ"

ကောင်းရှို့လျန်လည်း လင်းဝေ့ တစ်ယောက်တာည်း ရှိနိုင်မည့်အချိန်ကိုစဥ်းစားလိုက်ကာ "အာ့အချိန်မှာ ရိုက်လိုက်တာလဲ ဖြစ်နိုင်တာပဲ" ဟု ပြောလိုက်၏။

"ဖြစ်နိုင်တယ်ဟုတ်လား။ ရဲဘော်ကောင်း အာ့စကားက ဘယ်လို အဓိပ္ပါယ်လဲသိရဲ့လား" ဟု လင်းဝေ့ကလည်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ကျွန်မသမီးက ရှင့်ကိုကြောက်နေလို့ ဘယ်အချိန်ရိုက်တယ် ဘာနဲ့ရိုက်တယ် ဆိုတာဘယ်ပြောရဲမလဲ" ဟုကောင်းရှို့လျန်က အဓိပ္ပါယ်မရှိသည့်စကားများပြောလာ၏။

" ရှင် ရုံးခန်းပြန်ပြီး တံခါးသော့ခတ်တုန်းက ဘယ်သူတွေ့လို့လဲ။ တစ်ခြားနေရာသွားပြီး ကျွန်မသမီးကိုရိုက်တာလဲ ဖြစ်နိုင်တာပဲ"

"ကျွန်မက ရုံးခန်းထဲ မသွားခဲ့ဘူးဆိုရင်တောင်မှ ကျောင်းသူကျောက်မေ့က စာသင်ခန်းထဲ ပြန်မသွားတော့ဘူးတဲ့လား" ဟု လင်းဝေ့က ပြန်မေးလိုက်ရာ ကောင်းရှို့လျန်လည်း အသေးစိတ်ကိုမသိ၍ ဘာပြန်ပြောရမှန်းမသိတော့ချေ။

ကောင်းရှို့လျန်က သူ့သမီးလက် ဒဏ်ရာရလာတာကိုအကြောင်းပြကာ လင်းဝေ့အလုပ်ကို အနှောက်အယှက်ပေးရန်လာခဲ့ခြင်းဖြစ်၏။ ဤကိစ္စကို ကျောက်ဖုန်းပင် မသိပါ။ သိလျင်လည်း သူမကို တားမည်ဖြစ်သည်။ ထို့ကြောင့် သူ့သမီးကို ဘယ်လို ပြောရန် အိမ်ကတည်းက ကြိုပြောပြီးသားဖြစ်၏။

ကောင်းရှို့လျန်က လင်းဝေ့သည် သူ့သမီးကိုရိုက်သည်ဟု လုပ်ကြံပြောကာ သူ့သမိီးလည်း နှုတ်ဖြင့် ဝန်ခံလိုက်လျင် ကိစ္စပြီးပြီဖြစ်၏။

သို့သော် ကောင်းရှို့လျန်သည် အသေးစိတ်တော့မတွေးထားမိချေ။ မည်သို့ပင်ဖြစ်စေ တစ်နေကုန်လုံးတွင် လင်းဝေ့ဘေးနား ဘယ်သူမှ မရှိသည့်အချိန် တစ်ချိန်ချိန်တော့ရှိမည်ဖြစ်၏။ ထိုအချိန်တွင် ရိုက်သည် ပြောလိုက်မည်။

သူ့သမီးကလည်း ဝန်ခံလိုက်လျင် လင်းဝေ့ လုံးဝ ပြေးလွတ်တော့မည်မဟုတ်ပါ။

သို့သော် ကောင်းရှို့လျန်သည် သူ့သမီး၏ အချိန်ဇယားကိုတော့ မမေးလိုက်မိ၍ သူ့သမီးတစ်ယောက်တည်း ရှိနိူင်မည့်အချိန်ကိုမသိခဲ့ပါ။

လင်းဝေ့ကလည်း ဤကဲ့သို့တစ်နေ့တာအချိန်ဇယားကို စစ်စစ်ပေါက်ပေါက် မေးခွန်းမေးလိမ့်မည်ဟုလည်း မထင်ပါ။

ပိုဆိုးသည်က လင်းဝေ့က သူ့အချိန်ဇယားကို အသေးစိတ်ပြောပြလိုက်တော့ ကောင်းရှို့လျန်လည်း သူ့သမီးကို ရိုက်နိုင်မည့်အချိန်ကို မစဥ်းစားတတ်ဖြစ်သွား၏။

ထို့ကြောင့် ကောင်းရှို့လျန်လည်း လင်းဝေ့နှင့်စကားနိုင်ပြောလျင် မနိုင်လောက်ဟု တွေးလိုက်၏။

ထို့ကြောင့်ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ရှင်က ဆရာမဆိုတော့ ကျောင်းသားနဲ့ တစ်ခြားဆရာမတွေက ရှင့်ကိုပဲ ကူပြောပေးကြမှာပေါ့။၂နာရီခွဲကနေ ၄နာရီအတွင်း ရုံးခန်းမှာရှိတယ်ပြောပေမယ့် ရှင် ရုံးခန်းထဲကနေ ငါးမိနစ် ဆယ်မိနစ်လောက် စောထွက်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဘယ်သူသိနိုင်မှာလဲ။ ဘယ်သူမှ နာရီတစ်ကြည့်ကြည့်နဲ့နေနေတာမှ မဟုတ်တာ"

လင်းဝေ့လည်း ကောင်းရှို့လျန်စကားကိုကြားပြီး ဒေါသကြောင့် ရီမောလိုက်၏။"ရဲဘော်ကောင်း ကျွန်မကို စွပ်စွဲမယ်ဆိုလည်း ကြည့်ပြောပါ။ ရှင်ပြောသလို ကျွန်မက ကျောင်းသားကိုရိုက်တယ် ဆိုတာနဲ့ ကျွန်မက တစ်ကယ်ရိုက်တဲ့သူဖြစ်ရောလား။ အာ့လို ရှင်ပြောသမျှသာ အကုန်အမှန်ဆိုရင် တစ်ခါတည်း ကောင်းကင်ဘုံသာ တက်သွားလိုက်ပါတော့လား"

လင်းဝေ့ပြောလိုက်ပြီးသည်နှင့်ကောင်းရှို့လျန်သည် ကျောင်းအုပ်ဘက်လှည့်ကာ တိုင်လေတော့သည်။" ကျောင်းအုပ်ဖုန်း သူဘာပြောလိုက်လဲ ကြားတယ်မလားး ဆရာမတစ်ယောက်အနေနဲ့ ကျောင်းသားမိဘကို ပြောသင့်တဲ့စကားလားရှင့်"

"ဘာဖြစ်လို့လဲ။ သူပြောတာ မဟုတ်ဘူးလား။ ယုတ်ရင့်တဲ့စကားလည်း မပါပါဘူး"

သူက ကျွန်မကို ရွဲ့နေတာရှင့်။

ကောင်းရှို့လျန်သည် သူသာလျင် တစ်ခြားလူကိုကြိုက်သလိုပြောမည် သူ့ကို လာရွဲ့လျင်တော့ သည်းမခံနိုင်သူဖြစ်၏။

အခုဖုန်းယင်က မသိကျိုးကျွန်ပြုလိုက်၍ ကောင်းရှို့လျန်လည်း ဘယ်သူ့ကိုမှ အပြစ်တင်၍ မရဖြစ်ကာ အံကိုသာ ကြိတ်လိုက်ရ၏။

"ကျွန်မ သမီးက ကျောင်းမှာ အရိုက်ခံရတယ်။ အာ့နေ့မှာ တာဝန်ရှိတဲ့ဆရာမကြောင့် အရိုက်ခံရတာမို့လို့ ကျွန်မက လာတိုင်တယ်။ ဒါကို သူကကောင်းပါတယ်လို့ဖြည့်တွေးတော့ ကျွန်မကပဲ တမင်သက်သက် စွပ်စွဲသလိုဖြစ်မနေဘူးလား"

"ဟုတ်ပြီ ရဲဘော်ကောင်း ဆိုရိုးစကားတစ်ခုရှိတယ်။ တစ်ခါဆရာဖြစ်ဖူးရင် တစ်ဘဝလုံးဆရာလိုပဲတဲ့။ ရှင့်အနေနဲ့ အာ့ကိစ္စနဲ့မဆိုင်ဘူးဆိုရင်တောင်မှ မိဘတစ်ယောက်အနေနဲ့ ရှင့်သမီးရဲ့ ဆရာမကိုတော့လေးစားသင့်ပါတယ်။ အခုရှင်ပြောနေတဲ့ စကားလုံးတွေကကော လေးစားမှုရှိတဲ့ စကားလုံးတွေလား " ဟု ဖုန်းယင် ကပြောလိုက်၏။

"သူက ကျွန်မသမီးကို ရိုက်ထားတာ ကျွန်မက လေးစားရဦးမှာလား" ဟု ကောင်းရှို့လျန်ကလည်း လက်မခံပဲ ပြန်ပြောလေသည်။

ဖုန်းယင်လည်း ကောင်းရှို့လျန်စကားကြောင့် မျက်မှောင်ကြုံ့ပြီး စားပွဲကို လက်ချောင်းများဖြင့် ခေါက်လိုက်၏။

"ရှင် သူ့ကို မကြိုက်ဘူးဆိုရင်တောင်မှ ပြသနာကို အဖြေမရှာရသေးခင် ဒီလို လက်လွတ်စပယ် ပါးစပ်ကနေ လျှောက်မပြောသင့်ဘူး။ ရှင်ကသူ့ကို ယဥ်ယဥ်ကျေးကျေးပြောရမှာ။ သူက ဆရာမတစ်ယောက် ရှင့်ထက်နိမ့်ကျတဲ့သူလဲ မဟုတ်ဘူး"

ဖုန်းယင်၏ စကားကို နားထောင်ရင်း ကောင်းရှို့လျန်သည် ဖုန်းယင်က ဘက်လိုက်သည်ဟုထင်လာပြီး အတွန့်တက်လိုက်၏။

"ပြသနာက ရှင်းနေပြီလေ။ ကျွန်မသမီးကလည်းလင်းဝေ့ ရိုက်လိုက်တယ်လို့ ပြောပြီးပြီလေ။ ကလေးတစ်ယောက်က တမင်သက်သက် မဟုတ်တာကို ဟုတ်တယ်လျှောက်ပြောပါ့မလား"

"ရဲဘော်ကောင်း ရှင်ကတော့ ကျွန်မရိုက်တယ် လို့ပြောနေပေမယ့် ကာယကံရှင်ဖြစ်တဲ့ ကျောက်မေ့ကတော့ အခုချိန်ထိ တစ်ခွန်းမှ မဟသေးဘူး နော်" ဟု လင်းဝေ့က ဝင်ပြောလိုက်၏။

"ကျွန်မ သမီးက ရှင် ဝင်လာကတည်းက စကားမပြောရဲတော့တာ မသိဘူးလား" ဟု ယုံကြည့်ချက်ရှိရှိပြောလိုက်ပြီး "ရှင်သာ မရိုက်ရင် ကလေးက ဒီလို ကြောက်နေပါ့မလား" ဟု ထပ်ပြောလိုက်၏။

လင်းဝေ့ကတော့ ကောင်းရှို့လျန်စကားကို အရေးမစိုက်ပဲ ဖုန်းယင်ဘက်ကို လှည့်ကာပြောလိုက်၏။" ကျောက်မေ့က ကာယကံရှင်ဆိုတော့ သူ့စကားကိုလည်း နားထောင်သင့်တယ်လို့ ကျွန်မတော့ထင်တယ်"

"ဟုတ်တယ် " ဟု ဖုန်းယင်ကလည်း ခေါင်းငြိမ့်လိုက်၏။

ကျောင်းအုပ်ကြီး လင်းဝေ့ကိုသွားခေါ်တော့ သူမသမီးကို ဘယ်လိုပြောရမှန်း သင်ပြီးသားဖြစ် သော်လည်း စိတ်မချသေး၍ တားလိုက်၏။

"ကျွန်မ နားမလည်နိုင်တော့ဘူး။ သမီးကိုပဲ ဘာလို့ဖိအားပေးချင်နေကြတာလဲ။ လူကြောက်တဲ့ ကလေးကို ဒီလိုလုပ်နေတော့ သူက ဘယ်ပြောထွက်မလဲ။ သူကျွန်မကို ပြောပြခဲ့တယ် ဆိုတာလဲ အိမ်မှာမို့လို့ပြောပြခဲ့တာ"

ကောင်းရှို့လျန်စကားကို လင်းဝေ့က ဖြတ်ပြောလိုက်၏။

" ဒါဆိုရှင်းနေတာပဲ။ ရှင်ကပဲ ကျောက်မေ့ကို ကျွန်မ ဘယ်အချိန်မှာ ဘာနဲ့ရိုက်တယ် ဘေးမှာဘယ်သူတွေရှိတယ် ဆိုတာ ပြောပြလိုက်ပါလား။ အခုတော့ ရှင်က ကျွန်မကို ကလေးရိုက်တယ်လည်းပြောချင်တယ် အတိအကျလည်းမပြောနိုင်ဘူး။ ဒီကိစ္စကို ကျွန်မလုပ်တယ် လို့ စွပ်ဆွဲတာငြင်းပါတယ်။ ရှင်ပြောတဲ့အတိုင်းဟုတ်မဟုတ် စစ်ဆေးတွေ့ရှိခဲ့ရင် ကျွန်မကို ပြန်တောင်းပန်ပါ။"

"ကျွန်မလည်း ဆရာမလင်းပြောတာကို သဘောတူတယ်" ဟု ကျောင်းအုပ်ကြီးကလည်း ဝင်ပြောကာ ကောင်းရှို့လျန်၏ စကားကိုစောင့်နေ၏။

All Chapters