Chapter 111
Vol. 9 Ch. 111
သ်ို့သော် ဖုန်းယင်က အထက်ကို တင်ပြကာ စစ်ဆေးရေးခေါ်မည်လို့ ရုတ်တရက်ကြီး ပြောလာလိမ့်မယ်လို့ မထင်ခဲ့မိပါ။
စစ်တပ်က ပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲ ဆိုတာ သူမ မသိသော်လည်း သူမလိုက်ရှုပ်လို့ရမည့်ပုံတော့မရှိပါ။ ဤကိစ္စကိုပြီးလိုက်မှ ရတော့မည်ဟု သိလိုက်သည်။ထို့ကြောင့် ပြဿနာကို သူမသမီးဘက်လှည့်လိုက်ရင် ပြီးပြတ်သွားလိမ့်မည်ဟု တွေးလိုက်၏။
ထိုသို့တွေးလိုက်ရင်း ကောင်းရှို့လျန်သည် လင်းဝေ့ဘေးမှာ ရပ်နေသည့် ကျောက်မေ့ကို ဆွဲလိုက်ပြီး လက်တစ်ဖက်ဖြင့် တင်ပါးကို ရိုက်လေတော့သည်။"စောင်ကလေးးး နင် ငါ့ကိုညာတယ်"
တင်ပါးတွင် အသားများသောကြောင့်သိပ်မနာသော်လည်း ကောင်းရှို့လျန်က ရုတ်တရက်ထရိုက်သောကြောင့်ကျောက်မေ့လည်း ကြောင်သွားကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာ၏။
လင်းဝေ့လည်း ကလေးကို ကောင်းရှို့လျန်ဆီမှ အမြန်ဆွဲယူလိုက်သည်။"ဘာလို့ကလေးကို ရိုက်နေတာလဲ"
"ကောင်းရှို့လျန် ဘာလုပ်နေတာလဲ" ဟု ဖုန်းယင်ကလည်း အော်လိုက်လေ၏။
ကောင်းရှို့လျန်က ကျောက်မေ့ကို လင်းဝေ့လက်မှ လိုက်မဆွဲသော်လည်း လင်းဝေ့နှင့် ဖုန်းယင်၏ စကားကို ဂရုမစိုက်ပဲ ကျောက်မေ့ကို လက်ညိုးထိုးကာ ဒေါသတကြီးပြောလေ၏။
"စနေနေ့ညနေက လက်မှာဒဏ်ရာနဲ့ပြန်လာတုန်းက ပြောခဲ့တာကို မမှတ်မိတော့ဘူးလား။ ဒီအမေကတော့ နင့်အတွက်သနားလွန်းလို့ ကျောင်းကိုတောင် လိုက်လာရတယ်။ အခုတော့ကြည့်စမ်းပါဦး။ ဆရာမကိုတွေ့တာနဲ့ တစ်မျိုးဖြစ်သွားပြန်တယ်။ ငါလည်း ဘာကိုယုံရမလဲ မသိတော့ဘူး"
လင်းဝေ့နှင့် ဖုန်းယင် နှစ်ဦးစလုံးက တုံးအကြသူများမဟုတ်၍ ကောင်းရှို့လျန်၏ စကားကိုကြားလိုက်တော့ နှစ်ယောက်စလုံး ဘာပြောရမှန်း မသိတော့ချေ။
ကောင်းရှို့လျန်လည်း သူတို့နှစ်ယောက်ကို ဂရုမစိုက်ပဲ သူမ၏တစ်ကိုယ်တော်ပြဇာတ်ကို ဆက်လက်ကပြနေ၏။ ကျောက်မေ့ကိုဆူငေါက်ပြီးနောက် မရှိ ရှ်ိသည့်မျက်ရည်များကို ဖျစ်ညှစ်ကာ ဖုန်းယင်ကိုပြောလိုက်၏။
" ကျောင်းအုပ်ကြီးကျွန်မဒီကလေးကို ဘယ်လိုလုပ်ရပါ့မလဲ။ဒီလောက်လိမ်တတ်တာဘယ်လိုလုပ်ရမလဲမသ်ိတော့ဘူးရှင်။ ကျွန်မသူ့ကို လက်က ဒဏ်ရာ ဘယ်လိုရလာတာလဲလို့ ၇ကြိမ်၈ကြိမ်မေးခဲ့တယ်။ ဖြေတိုင်းလည်း ဆရာမလင်းလုပ်တာလို့ပဲ ဖြေခဲ့တာ။ အခုတော့ သူပြောခဲ့တာ အကုန်လိမ်နေတာချည်းပဲပေါ့"
ကောင်းရှို့လျန်၏ စကားကို နားထောင်ပြီး လင်းဝေ့နှင့်ကျောက်ဖုန်းလည်း ပြောစရာ စကားမဲ့သွားကြ၏။
"ရှင်ပဲပြောတော့ ကျောက်မေ့ကို အကြာကြီးမေးမှ ကျွန်မလုပ်တာလို့ဖြေတယ်ဆို။ အခုတော့ ၇ခေါက်၈ခေါက်လောက် မေးတိုင်းပြန်ဖြေတယ် ဆိုပါလား"ဟု လင်းဝေ့က ပြောလိုက်၏။
"ဟုတ်တယ် ကျွန်မ အကြာကြီးမေးမှ ရှင်လုပ်တယ်လို့ဖြေတာလေ။ ကျွန်မလည်း မယုံတာနဲ့ အကြိမ်ကြိမ်ထပ်မေးတော့ အာ့လိုပဲဖြေခဲ့တာ။ အခုတော့ကြည့်ကြပါဦး။သူ့ကြောင့်သာ ကျွန်မက ကျောင်းကို လိုက်လာရတာ။အခုတော့ သူဒီလိုလိမ်တတ်မယ်လို့ကို မထင်ထားခဲ့ဘူး" ဟု ကောင်းရှို့လျန်က သက်ပြင်းလေးချကာပြောလိုက်၏။
အရှက်မဲ့လိုက်တာ!!!
ကောင်းရှို့လျန်က ပြဿနာ၏ အရှုပ်ထုပ်အားလုံးကို သူ့သမီးခေါင်းပေါ်ပုံချလိမ့်မည်ဟု လင်းဝေ့လုံးဝမထင်ထားခဲ့ပါ။ ထို့ကြောင့် လင်းဝေ့သည် အေးစက်စက်မျက်နှာထားဖြင့် "ကောင်းရှို့လျန် ရှင်အခု ဘာစကားပြောနေတယ် ဆိုတာကော သိရဲ့လား" ဟုမေးလိုက်၏။
"ဆရာမလင်းရယ် ကျွန်မ ဘာပြောတယ် ဆိုတာ သိပါတယ်ရှင်။ အစက ကျွန်မသမီးစကားပဲနားထောင်ပြီး သမီးကိုရှင်ရိုက်တယ်ပဲ ထင်ခဲ့တာပါ။ အခုတော့ အမှန်ကိုသိသွားပြီဆိုတော့ တောင်းပန်ပါတယ်ရှင်။ ဒါ့ကြောင့် ကျွန်မသမီးကို ဆုံးမတာကို မတားပါနဲ့ရှင်"
လင်းဝေ့လည်း သူမလက်ထဲမှ ရှိုက်ကြီးတငင်ငိုနေသည့်ကလေးကိုကြည့်လိုက်ကာ ဒေါသထွက်နေမိ၏။ ဒီလိုအမေမျိုး လောကကြီးမှာရှိသေးတယ်လား။
သူ့ရဲ့ရန်ငြိုးအတွက် ကိုယ့်သမီးကိုတောင် လက်နက်အဖြစ်အသုံးချပြီး မအောင်မြင်တော့ အပြစ်တွေအကုန်လုံးကို အပြစ်မရှိတဲ့ သူ့သမီးအပေါ်ပုံချလိုက်တယ်။
လင်းဝေလည်း ကောင်းရှို့လျန်ကိုကြည့်ကာ အေးစက်စက်ပြောလိုက်၏။"ရှင်က အမေတစ်ယောက်ဖြစ်ဖို့တောင် မထိုက်တဲ့သူပဲ"
ကောင်းရှို့လျန်လည်း ခေါင်းလေးငုံ့သွားပြီး မျက်ရည်များသုတ်ဟန်ဆောင်လိုက်ပြီး ဝမ်းနည်းနေသည့်ဟန်ဖြင့်ပြောလိုက်၏။
"ဟုတ်ပါတယ် ကျွန်မက အမေ တစ်ယောက်ဖြစ်ဖို့မထိုက်တန်ပါဘူး။ ကျွန်မကလေးက ဒီလိုလိမ်တတ်မယ်လို့လည်းမထင်ခဲ့ပါဘူးရှင်။ ဒါပေမယ့် ကျောင်းအုပ်ဖုန်း နဲ့ ဆရာမလင်း မပူပါနဲ့။ ကျွန်မ အိမ်ပြန်ရောက်တာနဲ့ဒီကလေးကို ရိုးသားတတ်ဖို့ မလိမ်တတ်ဖို့ သေချာ သင်ပြပေးလိုက်……"
လင်းဝေ့လည်း ကောင်းရှို့လျန်၏ အလိမ်စကားကိုမကြားလိုတော့၍ဖြတ်ပြောလိုက်၏။" ဟုတ်ပြီ ဘယ်သူလိမ်တာလဲ မလိမ်ဘူးလဲဆိုတာ အထက်ကို တင်ပြပြီး စစ်ဆေးခိုင်းကြတာပေါ့"
ကောင်းရှို့လျန်က ချက်ချင်းခေါင်းမော့ကာ ပြောလိုက်သည်။" မလုပ်နဲ့"
ထိုကဲ့သို့ရုတ်တရက် ပြောလိုက်ပြီးမှ မသင့်လျော်မှန်းသိပြီး ပြန်ထိန်းလိုက်၏။" ကျောင်းအုပ်ဖုန်း ကျွန်မသမီးလေးကို နောက်ထပ်အခွင့်အရေးပေးပါရှင်။ သမီးလေးက လိမ်တတ်တယ်ဆိုပေမယ့် ငယ်ပါသေးတယ်။ အထက်က စုံစမ်းစစ်ဆေးလို့ သူ့အနာဂတ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲရှင်"
ဖုန်းယင်ကတော့ မျက်နှာ အမူအရာမပြောင်းသည့်အပြင် စကားလည်း တစ်ခွန်းမှ မပြောချေ။
ကောင်းရှို့လျန်သည် အံကိုကြိတ်ကာ လင်းဝေ့ဘက်လှည့်လိုက်ပြန်၏။"ဆရာမလင်းး ရှင်ကတော့ ကျောက်မေ့ရဲ့ဆရာမဆိုတော့ ကျောက်မေ့ကို အပြစ်မမြင်ဘဲ ခွင့်လွတ်ပေးလိုက်ပါ။"
ကောင်းရှို့လျန်က ကျောက်မေ့ကို သုံးပြီး လင်းဝေ့ ကိုအကြပ်ကိုင်နေမှန်းသိပါ၏။ ကောင်းရှို့လျန်က အမှန်ပင်ယုတ်ညံ့လွန်း၏။ သို့သော် သူ၏ အကြပ်ကိုင်မှုက အောင်မြင်သည်ဟု ပြောနိုင်ပါသည်။
ကျောက်မေ့က သူ့အမေ၏ ညွှန်ကြားမှုအတိုင်းလုပ်နေရမှန်းလဲ လင်းဝေ့သိပါ၏။
ထို့ကြောင့် လင်းဝေ့လည်း ဘာမှ မတတ်နိုင်ပါ။
ကောင်းရှို့လျန်က ကျောက်မေ့၏ အမေအရင်းဖြစ်နေသည်ကိုးး။
ကောင်းရှို့လျန်က သူ့သမီးကို လိမ်ပြောသည်ဟုပြောလိုက်လျင် လူများကလည်း ယုံကြမည်သာ။ အထက်က ဤကိစ္စကို သေချာ စစ်ဆေးလာလျင်လည်း ကောင်းရှို့လျန်သည် သူ့သမီးကိုသာ ထိုးကျွေးလိုက်မည်ဖြစ်၏။
အဖြစ်မှန်ကို စုံစမ်းသိရှိလာလျင်တောင်မှ ကျောက်မေ့အတွက်မကောင်းပေ။
လင်းဝေ့ကို ချောက်ချမည့်အစီအစဥ်က မအောင်မြင်တော့၍ ကောင်းရှို့လျန်အတွက်လည်း အခြေအနေမကောင်းပါ။ သူ့အတွက် နောက်ထပ်ကိုယ်ရေးသုံးသပ်ချက် အစီရင်ခံစာပင်ထပ်ရေးရနိုင်၏။
ထို့ကြောင့် သဘောထားသေးသိမ်သည့် ကောင်းရှို့လျန်သည် သူ့သမီးက သူကို မုန်းသွားနိုင်သည်ကိုသိသော်လည်း အရွယ်ရောက်ရန် ဆယ်နှစ်လိုသေးပြီး ခုနှစ်နှစ်သာရှိသေးသည့် သူ့သမီးကိုသာ ခေါင်းခံခိုင်းရန်တွေးလိုက်တော့၏။
လင်းဝေ့လည်း ဘာမှ မပြောနိုင်တော့ပဲ တိတ်နေတာကြာပြီဖြစ်၍ ဖုန်းယင်က ဝင်ပြောလိုက်၏။"အထက်ကို မစစ်ဆေးခိုင်းတော့ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် ရဲဘော်ကောင်း ရှင် ဆရာမလင်းကိုတော့ သေသေချာချာ တောင်းပန်ရမယ်။ နောက်ပြီး ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါ။"
"စိတ်မပူပါနဲ့ရှင် ကျွန်မလည်း နောက်ဆို တစ်ဖက်တည်းရဲ့စကားကိုပဲ နားမထောင်တော့ပါဘူးရှင်" ဟု ကောင်းရှို့လျန်က အလျင် အမြန်ကတိပေးလိုက်၏။
အခုချိန်ထိ ကျောက်မေ့ကို စွပ်ဆွဲနေတုန်းး။
ဖုန်းယင်လည်း ကောင်းရှို့လျန်၏ ဟန်ဆောင်မျက်နှာကိုသည်းမခံနိုင်တော့၍ အေးစက်စက် ပြောလိုက်၏။
"ဆရာမလင်းကို တောင်းပန်လိုက်ပါ"
ပျော်ရွှင်နေသည့်ကောင်းရှို့လျန်မျက်နှာသည် လင်းဝေ့ကိုတောင်းပန်ရမည်ဆို၍ အနည်းငယ် တုံ့ဆိုင်းသွား၏။အခု သူမက လင်းဝေ့ကို နှိမ့်ချကာ တောင်းပန်ရမည်ပါလား။
ထိုသို့တွေးလိုက်ပြီး ကောင်းရှို့လျန်သည် အတိတ်မေ့ချင်သလိုဖြစ်သွားသည်။
ဖုန်းယင်ကလည်း ကောင်းရှို့လျန်အမူအရာကို ဂရုမစိုက်ပဲ ထပ်တိုက်တွန်းလိုက်သည်။"ရဲဘော်ကောင်း အချိန်ဆွဲမနေပါနဲ့။ ခဏနေဆို စာကျက်တန်းပြီးရင် အပြင်ဘက်မှာရော ရုံးခန်းထဲမှာရော လူတွေဝင်လာတော့မှာနော်"
အစကတော့ လူတွေ ဝင်ထွက်သွားလာတာ သူနဲ့ ဘာဆိုင်လဲဟု ကောင်းရှို့လျန် တွေးလိုက်သော်လည်း ရုံးခန်းတံခါးဝကို အမှတ်မထင် ကြည့်လိုက်မိပြီးမှ ဖုန်းယင်ဆိုလိုသည်ကို နားလည်လိုက်သည်။
ထို့နောက် ကောင်းရှို့လျန်လည်း ခေါင်းကိုငုံ့လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။"ဆရာမလင်းး ဒီတစ်ခါကကျွန်မအမှားပါ။ တောင်းပန်ပါတယ်။ ခွင့်လွတ်ပေးပါ"
"ကျွန်မ ရှင့်ကို ခွင့်မလွတ်ဘူး ရှင်သွားလို့ရပြီ" ဟု လင်းဝေ့ကလည်း တည့်ပဲ ပြောလိုက်လေ၏။
လင်းဝေ့၏ စကားကိုကြားတော့ကောင်းရှို့လျန်လည်း အံကိုကြိတ်ရုံသာ တတ်နိုင်၏။ တောင်းပန်နေချိန် ခေါင်းငုံ့ထား၍သာ သူမ၏ အကျည်းတန် မျက်နှာထားကို မတွေ့ရတာဖြစ်၏။ ခေါင်းကိုမော့လိုက်ပြီး ကျောင်းအုပ်ဖုန်းကို မော့ကြည့်လိုက်ကာ အတွန်းတက်လိုက်၏။
" ကျောင်းအုပ်ဖုန်း ကြည့်ပါဦး……"
ဖုန်းယင်ကလည်း ကောင်းရှို့လျန်ကို မမြင်လိုတော့၍ အေးစက်စက် ပြန်ပြောလိုက်၏။"သွားတော့"
ကောင်းရှို့လျန် လေသီးသွား၏။ " ဒါဆိုကျွန်မ ရှောင်မေ့ကို အရင်ခေါ်သွားဦးမယ်"
" ကျောက်မေ့က အတန်းတက်စရာရှ်ိသေးတယ် ရှင်နဲ့ မထည့်ပေးလိုက်နိုင်ဘူး" ဟု လင်းဝေ့က ပြောလိုက်သည်။
"ဒါက…"ကောင်းရှို့လျန် ကျောင်းအုပ်ကို ကြည့်လိုက်တော့လည်း မလှုပ်မယှက် အမူအရာသာတွေ့ရ၍ " ဒါဆိုလည်း ကျွန်မပဲ ပြန်လိုက်ပါဦးမယ် "ဟု ပြောပြီး ထွက်လာရ၏။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တွေ သူမ မသိအောင် ကွယ်ရာမှာ အထက်ကိုတင်ပြလိုက်မယ် ဆိုရင်လည်း သူကတော့ သူ့သမီးအပေါ်ပဲ ပုံချလိုက်ရုံသာဖြစ်သည်။ ဘယ်လိုပဲ အကျိုးအကြောင်းသင့်နေပါစေ ကလေးကိုတော့ သူတိူ့ရက်ရက်စက်စက် မလုပ်လောက်ဘူးမလား။
သူ့သမီး ကျောက်မေ့အတွက်ကတော့ ငယ်သေး၍ နောက်ပိုင်း သူ့နာမည်ကို အဖတ်ပြန်ဆယ်နိုင်မည့် အခွင့်အလမ်းတွေ အများကြီးရှိသေးသည်။
ထိုသို့တွေးရင် ကျောင်းထဲကနေ တည်တည်ငြိမ်ငြိမ်ထွက်သွားနိုင်သော်လည်း ကျောင်းအပြင်ရောက်သည်နှင့် မျက်နှာက ရှုံ့မဲ့သွားပြန်၏။
လင်းဝေ့ကို ဒီတစ်ခေါက်မှာ မဆွဲချနိုင်လျင် နောက်ပိုင်း ဆွဲချနိုင်ဖို့မလွယ်တော့ပါ။
သို့သော် ပြဿနာတော့မရှိပါ။ အဘယ့်ကြောင့်ဆိုသော်လင်းဝေ့သည် သုံးလယာယီခန့်ဆရာမဖြစ်နေ၍ ဖြစ်သည်။ ဆေးရုံတပ်နေရသည့် ဆရာမများပြန်လာလျင် ကျောင်းကနေ အထုတ်ခံရမှာသေချာ၏။ အထုတ်မခံရဘူးဆိုလျင်တောင် လော့ရှုကျီကတော့ လင်းဝေ့ကို ဒီအတိုင်းထားမည်ဟု မထင်ချေ။
သူမထက်ပိုပြီး လင်းဝေ့ကိုကြည့်မရသူမှာ လော့ရှုကျီပင်ဖြစ်၏။
……………………………
ကောင်းရှို့လျန်၏ အစီအစဥ်အသစ်ကို မသိသည့်လင်းဝေ့ကတော့ ကျောက်မေ့ကို ချော့မော့လိုက်ပြီး ညနေအိမ်ပြန်လျင် ဤကိစ္စကို အဖေဖြစ်သူအား ပြောပြရန်မှာလိုက်ပြီး သူမလည်း အိမ်ကို လာလည်မည့်အကြောင်းပြောလိုက်သည်။
အိမ်ချင်းနီး၍ လင်းဝေ့လည်း ကျောက်ဖုန်းနှင့် စိမ်းနေသည်တော့ မဟုတ်ပါ။ သို့သော် ယာယိီအလုပ်ဝင်ပြီး နောက်ပိုင်းတော့ မတွေ့မိကြတော့ပါ။
ကျောက်မေ့ကတော့ ဘာ့ကြောင့်လဲ ဟုမမေးပေမယ့် ဖုန်းယင်ကတော့ ကျောက်မေ့ သူ့အတန်းပြန်သွားတော့လင်းဝေ့ကို မေးလိုက်၏။"ဘာလို့ ကျောက်အိမ်ကို အလည်သွားမလို့လဲ"
"ဒီလိုကိစ္စမျိုးကျောင်းမှာဖြစ်ထားတော့ မိဘနှစ်ပါးလုံးသိသင့်တာ်လို့ ထင်လို့ပါ။"
အမှန်တော့ လင်းဝေ့၏ ရည်ရွယ်ချက်မှာ ကျောက်ဖုန်းကိုသိစေလို၍ဖြစ်၏။
သူတို့မိသားစုနှစ်စု အိမ်နီးချင်းဖြစ်လာပြီးသည့်နောက်ကျောက်ဖုန်း အကြောင်းလည်း အနည်းငယ်သိလာ၏။ကျောက်ဖုန်းက လူရိုးလူဖြောင့်မဟုတ်ပဲ ညဏ်များသည့်လူတစ်ယောက်ဖြစ်၏။ ကောင်းရှို့လျန်နှင့် နှစ်ဦးစလုံးမှာ အစွန်းနှစ်ဖက်ရှိ လူများဖြစ်လေ၏။
တစ်ဦးက လူတွေကို စိတ်အနှောက်ပေးမည့်မှာကိုကြောက်ပြီး ဦးဆောင်ရမှာကိုပင် အားနာတတ် သူဖြစ်သည်။ တစ်ဦးကတော့ လူတွေကို မကြောက်ပဲ လိုက်ပြီး စိတ်အနှောက်အယှက် ပေးရသည်ကို ကြိုက်လေ၏။
လင်းဝေ့ထင်သည်က ကောင်းရှို့လျန်က ဒီနေ့ဖြစ်ခဲ့သည့်ကိစ္စကို သူ့ယောကျာ်းအား ပြောပြမည်မဟုတ်ဟု ထင်၏။ သူ့ယောကျာ်းသိလျင် ကျောင်းကိုပင် လာခိုင်းမည်မဟုတ်ပေ။
ထို့ကြောင့် ကောင်းရှို့လျန်သည် ဤကိစ္စကို စစ်တပ်ကိုစုံစမ်းခိုင်းဖို့မပြောနှင့် သူ့ယောကျာ်းကိုပင် သေချာပေါက် ဖုန်းကွယ်ထားနိုင်၏။ ကျောက်ဖုန်းသာသိလျင် ပြဿနာတက်သွားနိုင်၏။
ပြောရလျင် လင်းဝေ့သည် သူ့ပတ်ဝန်းကျင် မိသားစုမှ လင်မယားများကို အဆင်ပြေစေချင်သော်လည်း ကောင်းရှို့လျန်နှင့် ကျောက်ဖုန်းတို့ လင်မယားကိုတော့ ရန်ဖြစ်နေကြလျင် ပိုကောင်းသည်ဟု ထင်မိ၏။
ရန်ဖြစ်ကြကာ ကျောက်ဖုန်း ဒေါသထွက်လာလေလေ ကောင်းရှို့လျန်ကို ပိုထိန်းချုပ်နိုင်လေလေဖြစ်ကာ ကျောက်မေ့အတွက်လည်း အဆင်ပြေမည်ဟုတွေးမိ၏။