← Chapters

Chapter 112

Vol. 9 Ch. 112

Chapter 112

Vol. 9 Ch. 112

စာကျက်တန်း မပြီးခင် မိနစ်ပိုင်းအလိုတွင် သူမ၏ အတန်းချိန် လဲရန်စာသင်ခန်းဘက်သွားလိုက်၏။

နောက်တစ်ခန်း ဝင်ဖို့ပြင်နေသည့် ဆရာမလီက လင်းဝေ့ကိုတွေ့လိုက်၍ လက်ပြကာခေါ်လိုက်၏။ လင်းဝေ့လည်း နာရီကြည့်လိုက်ရာ အတန်းသစ်စဖို့ မိနစ်အနည်းငယ်လိုသေး၍ အတန်းခေါင်းဆောင်ကို စာကျက်တန်းပြီးလျင် နားချိန်ခဏပေးလိုက်ဖို့ မှာလိုက်၏။

ဆရာမလီက သူ့အခန်းထဲကနေထွက်လာပြီး လင်းဝေ့ကိုမေးလိုက်၏။"ဘယ်လိုဖြစ်သွားလဲ"

"ဘာမှ မဟုတ်ပါဘူးရှင်."

" ကျောက်မေ့လက်က ဒဏ်ရာက ဘယ်လိုဖြစ်တာတဲ့လဲ"

"လွန်ခဲ့တဲ့ စနေနေ့က လုပ်အားပေးအချိန်မြက်နှုတ်တော့ ဒဏ်ရာရသွားတာပါ"

ဆရာမလီလည်း လင်းဝေ့၏ စကားကြားမှ သက်ပြင်းလေးချလိုက်ပြီးမှ အကြောင်းအရာကို ပြန်စဥ်းစားစာ နားမလည်ဖြစ်လာ၏။"ဒါကို ကောင်းရှို့လျန်က ဆရာမလင်းရိုက်တယ် ဆိုပြီး ပြောရတာလဲ"

"ကျွန်မလည်း ဘယ်လိုပြောပြရမှန်း မသိတော့ပါဘူးရှင်"ဟု လင်းဝေ့လည်း ကူကယ်ရာမဲ့စွားပြောလိုက်၏။

ဆရာမလီလည်း လင်းဝေ့နှင့် ကောင်းရှို့လျန်ကြား ကတောက်ကဆ ဖြစ်ခဲ့မှုများကို ပြန်စဥ်းစားလိုက်ပြီး အသံကို တိုးကာပြောလိုက်၏။"သူတမင်သက်သက်လုပ်တာဖြစ်မယ်ထင်တယ်။ ဘာလို့လုပ်တာလဲမသိဘူး"

"ကျွန်မအထင်တော့ သူက ကျွန်မအလုပ်ကို အနှောက်အယှက်ပေးပြီး ကျောင်းကနေအထုတ်ခံရအောင် လုပ်ချင်တာဖြစ်မယ်" ဟု ပြောပြီး သက်ပြင်းလေးချလိုက်သည်။

"ဒါပေမယ့် ကျောက်မေ့က သူ့ဘက်လိုက်မပြောပေးတော့ မအောင်မြင်ဘူးဖြစ်သွားတာပေါ့"

"သူ့သမီးကို တောင် လိမ်ခိုင်းတယ်" ဆရာမလီလည်း မယုံကြည်နိုက်ဖြစ်သွား၏။

လင်းဝေ့လည်း ဘာမှ မပြောတတ်၍ ငြိမ်နေလိုက်၏။

ကောင်းရှို့လျန်၊ အမျိုးသမီးချီနှင့် ချန်ပါးမေ့တို့၏ မိဘများသည် မိဘများဖြစ်လာရန် မထိုက်တန်ကြသူများဖြစ်၏။

"သူက ဘာလို့ ရှင့်အလုပ်ကို လိုက်နှောက်ယှက်နေရတာလဲနော်။ အရင်က ဆေးပေးခန်းအလုပ်မရအောင် နှောက်ယှက်ပြီးတာတောင် မကျေနပ်သေးဘူးထင်တယ်။ အခုလည်း လိုက်ပြဿနာရှာနေတယ်။ ရှင့်ကိုများ မျက်စိဒေါက်ထောက် ကြည့်နေတာလားမသိဘူး။ ရှင့်ကို ဘာလို့များ အာ့လောက်မုန်းနေတာလဲမသိဘူး"

"ဖြစ်နိုင်တာတော့ ကျွန်မကို မကျေမနပ်ဖြစ်နေတာ နေမယ်။ ဒီတော့ ကျွန်မဘာလုပ်လုပ် ကြည့်မရဖြစ်နေတာ နေမယ်" ဟု လင်းဝေ့က ခန့်မှန်းပြောလိုက်၏။

"တော်တော်ကြောက်ဖို့ကောင်းတဲ့သူပဲ"ဟု ဆရာမလီက ရေရွတ်လိုက်၏။

"သူ အရာရှိမိန်းမဖြစ်နေတာတောင်နော်။ ဒုတပ်ရင်းမှုးကျောက်ရဲ့ အမြင်ကလည်း ဘယ်လိုလဲ မသိဘူး။ သူ့မိန်းမနဲ့ ဘယ်လိုတွေများ ပေါင်းနေလဲ မသိဘူး"

" ဒါတော့သူတို့ကြားကကိစ္စပါ"

"ဆိုတော့ စောနက ကိစ္စက ဘယ်လိုဖြစ်သွားလဲ?"

"သူတောင်းပန်တော့ ကျွန်မလည်း သွားခိုင်းလိုက်တယ်."

" ဒါပဲလား?"

"ကျွန်မလည်း ဘာဆက်လုပ်နိုင်မှာလဲ။ ကျောင်းအုပ်ကြီးက အထက်ကိုတင်ပြပြီး စုံစမ်းခိုင်းမယ် ဆိုတော့ ကောင်းရှို့လျန် ဘာပြန်ပြောတယ်ထင်လဲ"

"သူက ဘာပြောတုန်း?"

" ကျောက်မေ့ကိုယ်တိုင်က သူ့ကို ရိုက်တဲ့သူက ကျွန်မပါ ဆိုပြီး လိမ်တာပါတဲ့။ သူ့သမီးလိမ်တာကို မသိပဲ သူက သနားပြီး သူ့သမီးအတွက် ကျောင်းကို တရာမျှတမှု လာရှာရတာပါတဲ့လေ။ ဒီတော့ ကျောင်းအုပ်ကြီး အထက်ကို မတင်ပြပါနဲ့။ ကျောက်မေ့ စာရိတ္တမကောင်းတာ အားလုံးသိကုန်မှာ စိုးလို့ပါတဲ့လေ။ ကလေးကငယ်သေးတော့ သူ့ဘဝရှေ့ရေးပျက်စီးသွားမှာ စိုးလို့ပါပေါ့။

"ဒါဆို သူက သူ့သမီးကို အသုံးချပြီး မတိုင်ဖို့ခြိမ်းခြောက်တာပေါ့"

"အင်း."

" ဒါပေမယ့် အထက်က စုံစမ်းစစ်ဆေးလာရင် သူပြောတာလဲ မဟုတ်မှန်းသိသွားမှာပဲလေ"ဟု ဆရာမလီက ပြောလိုက်ရာ

"ဒါပေမယ့် သူက ကျောက်မေ့ရဲ့အမေအရင်းလေ။ အမေအရင်းကိုယ်တိုင်က ကျောက်မေ့ကို အကျင့်မကောင်းဘူးပြောရင် လူတွေတော်တော်များများက ယုံကြမှာပဲလေ။"

ထိုခတ်အခါက မှတ်တမ်းတင် ကင်မရာများလည်းမရှိ၍ လူတစ်ယောက်ပါးစပ်က ထွက်လာသည်သာ အရာရာဖြစ်နေ၏။ ထို့အပြင် ကျောက်မေ့ကလည်း ငယ်ရွယ်သေးရာ သူ့အမေ၏ ပါးစပ်ပြောစကားအတိုင်း သူ့ဘဝက မှောက်လိုမှောက် လှန်လိုလှန် ဘဝရောက်သွားမည်ဖြစ်၏။

"ဘယ်လိုအမေမျိုးပါလိမ့်" ဆရာမလီလည်း အံ့သြမိသွားသည်။

ရုံးခန်းထဲရောက်တော့ ဟွမ်အိုက်ယွင်ကလည်း အဖြစ်အပျက် အလုံးစုံကို မေးပြန်၏။ ရုံးခန်းထဲက တစ်ခြားဆရာမများကလည်း ဘာဖြစ်တာလဲ မေးမြန်းကြရာ ဆရာမလီကိုပြောပြခဲ့သည်အတိုင်းပြန်ပြောပြလိုက်၏။

စိတ်ဆတ်သည့် ဟွမ်အိုင်ယွင်ကတော့ လင်းဝေ့ ပြောသည်ကိုကြားသိရလျင် "ဒီကောင်းရှို့လျန် ရူးများနေလားမသိဘူး"ဟုပြောလိုက်၏။

"သူ ဘာလို့အာ့လိုလုပ်နေတာလို့ထင်လဲ" ဟု ကျောက်ယန်ဟွားကလည်း တွေးနေရင်းပြောလိုက်၏။

"ဒီလိုလူမျိုးရှိလိမ့်မယ်လို့ကို မထင်ခဲ့မိဘူး"

ဟွမ်အိုက်ယွင်သည် နှုတ်ခမ်းကို တွန့်ကွေးကာပြောလိုက်၏။

"ဆေးပေးခန်းအလုပ်တုန်းကလည်း သူ့နဲ့ဘာမှပြသနာမရှိပဲနဲ့ လိုက်ရှုပ်ခဲ့တယ်။ အခုကော နောက်တစ်ခေါက်ပြဿနာလာရှာပြန်တယ်။ ဒါနဲ့ဆို နှစ်ခေါက်တောင်ရှိပြီ"

"အရာရှိမိန်းမအချင်းချင်းပဲကို ဘာလို့လိုက်နှောက်ယှက်နေတာလဲ မသိဘူးနော်" ဟု ကျောက်ယန်ဟွားကလည်း ပြောကာ သက်ပြင်းချလိုက်၏။

"အမလေးရှင် အရာရှိမိန်းမဖြစ်နေလို့တော်သေးတာပေါ့။ သူ့အလုပ်မှာလည်း အစားအသောက်ဝေတဲ့နေရာကနေ ပန်းကန်ဆေးတဲ့နေရာကိုတောင် ပြောင်းလိုက်ရတယ်လေ"ဟု ဟွမ်အိုက်ယွင်က မျက်လုံးကို လှိမ့်ကာပြောလိုက်၏။

ဝူမျိုးရိုးအမည်ရှိ ဆရာမတစ်ယောက်က သိလို၍မေးလိုက်၏။"ဘာဖြစ်ခဲ့လို့လဲ"

"ကောင်းရှို့လျန်က အစားအသောက် ဝေပေးတဲ့အချိန်မှာ လူရှုပ်နေလို့ ကျန်းလင်အတွက် လျော့ပေးမိလို့ဆိုလား အဲ့လို ကြားမိတာပဲ။"ဟု ရှုမျိုးရိုးအမည်ရှိ ဆရာမနောက်တစ်ဦးက ပြောလိုက်လေ၏။

"ရှင်ကြားထားတာ မှားနေတယ်။ အာ့နေ့မှာ လူအာ့လောက်လဲ မရှုပ်ပါဘူး။ လူရှုပ်တယ်ထားပါတော့ အမြဲထည့်နေကျ သူက သူ့လက်ဆကို မသိဘူးလား။ကျန်းလင် က လာမေးတော့မှ သိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"ဟု ကျန်းလင်နှင့် ရင်းနှီးသည့် ဟွမ်အိုက်ယွင်က ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလေ၏။

" ဒါနဲ့ သူတို့စကားများကြရောပေါ့"ဟု ဆရာမ ဝူကမေးလိုက်လေ၏။

" ဒါပေါ့ ကျန်းလင် တင်မကဘူး တစ်ချို့လူတွေကော ကောင်းရှို့လျန်နဲ့ ပြဿနာဖြစ်ထားကြတော့ သူတို့လည်း သူတို့ရဲ့ အစားအသောက်တွေ အလျော့ခံရမှာစိုးတာနဲ့ အစားအသောက်ဝေတဲ့ ကောင်တာကနေ ကောင်းရှို့လျန်ကို နေရာရွေ့ပေးဖို့တိုင်လိုက်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းရှို့လျန်ရဲ့စိတ်ဓာတ်က အပ်ပေါက်လောက်သေးသိမ်တာ ကျွန်မတော့ သူနဲ့အဆက်အဆံကိုမလုပ်ချင်တာ"ဟု ဟွမ်အိုက်ယွင် ကပြောလိုက်လေ၏။

ရုံးခန်းထဲရှိ ဆရာမအားလုံးကလည်း ဟွမ်အိုက်ယွင်ပြောသည်ကို နားထောင်ကာ ခေါင်းငြိမ့်ရင်း ထောက်ခံလိုက်သည်။ စိတ်ထားကောင်းသည့် ကျောက်ယန်ဟွားသည်ပင်လျင် ကောင်းရှို့လျန်နှင့် အိမ်နီးချင်း မဖြစ်နေသည်ကို ဝမ်းသာနေ၏။

နောက်ဆုံးတော့ ရုံးခန်းထဲရှိ ဆရာမအားလုံး၏ သနားစရာအကြည့်က လင်းဝေ့ပေါ် ကျရောက်လာ၏။

လင်းဝေ့ - "……"

…………………………

လင်းဝေ့သည် ယနေ့ အတန်း၅ချိန် ဝင်ရန်ရှိ၏။ ထို့ကြောင့် စျေးဝယ်ပြီး နေ့လည်စာ ချက်စားဖို့အချိန် မရှိခဲ့ပါ။

လွန်ခဲ့သည့်အပတ်က နေ့လည်စာထမင်းဘူးကိုလည်း အိမ်ပြန်မယူသွားဖြစ်၍ လင်းဝေ့လည်း ထိုနေ့လည်စာဘူးကိုယူကာ ကန်တင်းကိုသွားလိုက်၏။

စစ်တပ် မူလတန်းကျောင်း ကန်တင်းက ကျောင်းသားကျောင်းသူများအတွက် ထမင်းဟင်းကို ရောင်းချပေးပါ၏။ ကျောင်းသားများ အလွယ်တကူ ဝယ်စားနိုင်စေဖို့ စျေးသက်သာသည့် အသီးအရွက် ဟင်းများကို အဓိက ရောင်းချပေးပြီး ကြက်ဥနှင့်ပင်လယ်စာလည်း ရောင်းချပေးပါသေး၏။

ကျောင်းရှိဆရာမအများစုက အဆင်ပြေကြသည့် မိသားစုများဖြစ်ရာ ပြည်နယ်စားသောက်ဆိုင်က ဝန်ထမ်းများကို အစားအသောက် ရောင်းပေး ကတည်းက ကျောင်းကန်တင်းတွင် မစားပဲ ပြည်နယ်စားသာက်ဆိုင်မှာပဲ ဝယ်စားလေ့ရှိ၏။

ကျောင်းကစောပြီး ဆင်း၍လင်းဝေ့ ပြည်နယ်စားသောက်ဆိုင်ရောက်သောအခါ ဆိုင်ထဲ လူသိပ်မကျသေးပေ။

ထို့ကြောင့် ဟင်းများအမြန်ဝယ်ပြိီး ပြန်လာစဥ် မိသားစုအိမ်ရာဝင်းထဲ အဝင်တွင လျိုတန်းကို သူလက်ထဲမှာ ချိုင့်ကြီးချိုင့်ငယ်ဖြင့် တွေ့လိုက်ရ၏။ သူက စားသောက်ဆိုင် ကန်တင်းမှာ စားပြီးရုံမက အိမ်ရှိကလေးများအတွက်ပါ ထမင်းဟင်းများယူလာပုံရ၏။

လျိုတန်းကလည်းလင်းဝေ့တစ်ယောက်တည်းကို တွေ့လိုက်ရ၍ "ကလေးတွေကော?" ဟုမေးလိုက်၏။

"မနက် အိမ်က ထွက်လာတော့ ရှောင်ရှီးရှီးအိမ်ကို ပြေးသွားပြီး ကျောင်းမလိုက်တော့ဘူးလုပ်နေလို့ ကျွန်မလည်း ပါးမေ့နဲ့အပ်ခဲ့လိုက်တာ"

"အရင်က ကျွန်မပြောခဲ့တဲ့ဟာလေ…"ဟု လျိုတန်းက စကားစပြီး ဘေးဘီကို ဝဲကြည့်လိုက်ကာ တိုးတိုးလေး ဆက်ပြောလိုက်သည်။

"စုန်းမအိုကြီးက ပြန်တော့မယ်တဲ့"

လျိုတန်းပြောလိုက်သည့် စုန်းမအိုဆိုသည့် စကားကြောင် လင်းဝေ့လည်း ဘေးဘီပြန်ကြည့်လိုက်ရ၏။ဘယ်သူမှ သူတို့နှစ်ယောက်ကို ဂရုစိုက်ကြည့်နေတာမတွေ့မှ လင်းဝေ့လည်း အသံတိုးလေးဖြင့် ပြန်မေးလိုက်၏။

"ဘယ်တော့တဲ့လဲ"

"မနက်ဖြန်ည ဌာနချုပ်ကိုသွားမယ့် သင်္ဘောနဲ့တဲ့"

"ဌာနချုပ်??? မြို့တော်ကျန်းကိုလားး??"ဟု လင်းဝေ့က မေးလိုက်၏။

လင်းဝေ့လည်း ကျုံးရှောက်နှင့် လက်ထပ်ပြီးနောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် သတင်းများကို အထူးနားစွင့်ခဲ့ရ၏။ ရေတပ်သည် ဤယားကျိုကျွန်းသာ မဟုတ်ပဲ ပို၍ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသေး၏။

ပြည်တွင်းရေတပ်ကို ပင်လယ်နယ်နိမတ်အရ ရေတပ်စု သုံးစု ခွဲထားသည်။ ယန်ချန်းနှင့် ဆန်းလင်ညအခြေစိုက်စခန်းသည် တောင်တရုတ်ပင်လယ် ရေတပ်နှင့် ဆက်နွယ်နေပြီး တောင်တရုတ်ပင်လယ်ရေတပ် စု၏ဌာနချုပ်သည် ကျန်းမြို့တော် တွင် တည်ရှိသည်။

ဆန်းလင်အခြေစိုက်စခန်းကိုလည်း ဌာနချုပ်ဟုခေါ်သော်လည်း လျိုတန်းပြောသည့်ဌာနချုပ်ကတော့ ဤကျွန်းမဖြစ်နိုင်ပါ။

ကျန်းမြို့တော်က ယားကျိုကျွန်းနှင့် နီးသော်လည်း ယန်ချန်းက နာရီအနည်းငယ်ခန့်လှေစီးလျင် ရောက်နိူင်၍ ယန်ချန်းမြို့က ကျန်းမြို့နှင့်ပိုနီးပါ၏။ သို့သော် ချီထောင်၏ အမေတို့က ဇာတိကိုပြန်မည်ဆိုပါက ကျန်းမြို့ကနေ ယန်ချန်းကို သင်္ဘောပြန်စီးရမည်ဖြစ်၏။ ယန်ချန်းကနေမှ တစ်ခြားမြို့အရပ်ရပ်ကို ပြန်သွားလို့ရမည်ဖြစ်သည်။

ထို့ကြောင့် လူအများစုက ဇာတိပြန်လိုလျင် အလျင်မလိုကြပဲ ယန်ချန်းမြို့ကိုသွားမည့် သင်္ဘောကိုသာ စောင့်စိီးကြ၏။ သို့မှာသာ ခရီးခေါက်ရေလျော့ပြီး ပစ္စည်းအတင်အချလည်း သက်သာသွားမည်ဖြစ်ပြီး လူလည်း သက်သာမည်ဖြစ်၏။

ထို့ကြောင့် ချီထောင် သူ့အမေနှင့် ညီကို ကျန်းမြို့ သင်္ဘောပေါ် တင်ပေးလိုက်ပုံထောက်လျင် သူတို့ကို အမြန် ပြန်စေချင်သည့်သဘောသက်ရောက်၏။

"ဟုတ်တယ် စုန်းမအိုကြီးက သူ့ကို ပြန်ပို့တော့မယ် ဆိုတာ မနေ့ညကသိသွားရော ပြဇာတ်လေးတွေ ကပြတာပေါ့။ ခေါင်းကိုက်တယ် ဗိုက်နာတယ် ဆိုပြီး ညစာတောင် မစားဘူးတဲ့" ဟု လျိုတန်းက ထပ်ပြောပြလေ၏။

"ဒါနဲ့ ရဲဘော်ချီက ဘာလုပ်သတဲ့လဲ?"

"ချီထောင်ကတော့ သူ့အမေ နေမကောင်းရင် ဆေးရုံကိုပို့ပေးမယ်ပြောတယ်လေ။ ဆေးရုံကလည်း ၂၄နာရိီဖွင့်တာကိုးး။ သူ့အမေ အစာစားချင်စိတ်မရှိရင်လည်း မစားနဲ့ စားချင်စိတ်ရှိမှ စား ဆိုပြီး ပြောလိုက်တယ်လေ"

"နောက်ဆုံး သူ့အမေက စားရောလား?"

"စားရတော့တာပေါ့။ သူကပိုတောင် စားဝင်သေးတယ် နှစ်ပန်းကန်တောင် စားလိုက်သေးတယ်တဲ့" ဟု လျိုတန်းက လက်နှစ်ချောင်းထောင်ကာ ပြောပြလိုက်စဥ် သူ့ လက်မှာပတ်ထားသည့် နာရီကိုကြည့်လိုက်မိကာ " အမလေးး ဝေ့ဝေ့နဲ့ပြောနေလို့မဖြစ်တော့ဘူး။ ကလေးတွေက အိမ်မှာစောင့်နေတာ သူတို့ကို ထမင်းကျွေးရဦးမယ်" ဟုပြောကာ လင်းဝေ့ကို နှုတ်ဆက်ပြိိီး သူ့အိမ်အမြန်ပြန်သွားလေ၏။

လင်းဝေ့လည်း ဆက်လျှောက်လာရာ ကျိုးအိမ်ကိုရောက်ခါနီးမှာ ကျောက်မေ့၏ နောက်ကျော တွေ့လိုက်ရ၏။ ကျောက်မေ့သည် လမ်းလျှောက်နေရင်း လက်ဖမိုးနှစ်ဖက်ဖြင့် မျက်လုံးကိုပွတ်နေသည့်ပုံပေါ်၏။

လင်းဝေ့လည်း မျက်မှောင်ကြုံ့ရင်း လှမ်းခေါ်လိုက်၏။

" ကျောက်မေ့"

ခေါ်သံကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ လင်းဝေ့ကိုတွေ့၍ ကြေကွဲနေသည့်အသံဖြင့် ထူးလိုက်၏။"ဆရာမလင်း"

ကျောက်မေ့ငိုနေသည်ကို တွေ့၍ လင်းဝေ့လည်း ကလေးအနား အမြန်ပြေးသွားကာ မေးလိုက်၏။

"ဘာလို့ တစ်ယောက်တည်းဖြစ်နေတာလဲ။ နေ့လည်စာ စားပြီးပြီလား"

လင်းဝေ့က မေးလိုက်တော့မှ ကျောက်မေ့လည်းင်ိုကြီးချက်မဖြင့် အော်ငိုတော့၏။"အမေက ဆိုးတဲ့ကလေးတွေကို ထမင်းမကျွေးဘူးတဲ့ ဝူးးးးးဝါးးးး"

"သမီး အစ်ကိုနဲ့ မောင်လေးကော"

" သူတို့ကိုကျွေးတယ် သမီးကိုပဲ မကျွေးတာ"ဟု ပြောပြီး ကျောက်မေ့သည် သူ့ဗိုက်ကလေးကိုပွတ်ကာ "သမီးဗိုက်အရမ်းဆာတယ်"ဟု သနားစဖွယ်ပြောလေ၏။

လင်းဝေ့လည်း သူမစိတ်ထဲ ကောင်းရှို့လျန်ကို အရမ်းဒေါသထွက်မိသွားပြီး ကျောက်မေ့လက်ကို ဆွဲကာ ပြောလိုက်သည်။"လာ လာ ဆရာမ သမီးကို နေ့လည်စာ ကျွေးမယ်နော်"

All Chapters