Chapter 113
Vol. 9 Ch. 113
သူမကျိုးအိမ်ကို ရောက်တော့ ချန်ပါးမေ့က မီးဖိုချောင်ကနေ ဟင်းပန်းကန်များသယ်လာကာ ထွက်လာ၏။ လင်းဝေ့ဘေးက ကျောက်မေ့ကိုမြင်တော့ မေးလိုက်၏။
"အစ်မလင်းး သူက???"
"ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး"ဟု ပြောကာလင်းဝေ့လည်း သက်ပြင်းချလိုက်၏။
"သူနေ့လည်စာ မစားရသေးဘူး။ ကျွန်မတို့နဲ့အတူ နေ့လည်စာ စားရအောင်ခေါ်လာတာ။ ကလေးတွေက ဘယ်မှာလဲ?"
လင်းဝေ့ မေးလို့ပြိီးသည်နှင့် အနောက်ဘက် တံခါးမှ သူ့သားများ ခုန်ဝင်လာကာ မင်မင်က လင်းဝေ့ကို ဖက်လိုက်၏။"မေမေ ကျောင်းဆင်းပြီလား"
"အင်းးး သားတို့ တစ်မနက်ခင်းလုံး ဘယ်လိုတောင် ဆော့ထားကြတာလဲ"ဟု မေးပြီး သူ့သား၏ နဖူးပါ်မှ ချွေးကိုသုတ်ပေးလိုက်၏။
" အရမ်းပျော်ဖို့ကောင်းတာပဲ" ဟု မင်မင်က ချက်ချင်းပြန်ဖြေလိုက်၏။"ဒီလိုနေ့တိုင်းဆော့ရရင် နေ့တိုင်းကဘအရမ်းပျော်ဖို့ကောင်းမှာပဲ" ဟု ပြောပြီး သူ့အမေကို သူပြောလိုက်သည့်စကားနားလည် မလည် အကဲခတ်နေ၏။
လင်းဝေ့ကလည်း မင်မင်ပြောလိုသည့်စကားအဓိပ္ပါယ်ကို နားလည်ပါ၏။ သို့သော် သူ့သားကို "ကဲ အခု နေ့လည်စားချိန်ရောက်ပြီ အိမ်ပြန်စားကြစို့ " ဟုသာ ပြောလိုက်၏။
ချန်ပါးမေ့က လင်းဝေ့စကားကိုကြားတော့ " ဒီမှာပဲ စားလိုက်ကြတော့လေ။ ညီမလည်း အများကြီး ချက်ထားတာ"ဟု ပြောလေ၏။
" နေပါစေ အစ်မပြန်လာတော့ စားသောက်ဆိုင်ကနေ စားစရာတွေဝယ်လာခဲ့တယ်"ဟု ပြောပြီ၏ လင်းဝေ့သည် သယ်လာသည့် ထမင်းဘူးကို ထုတ်ပြလိုက်၏။
" ရှောင်မေ့ကော စားမှာဆိုတော့ အစ်မတို့လေးယောက်စားလောက်ပါ့မလား"ဟု ပြောပြီး ချန်ပါးမေ့ က အတူစားရန် ထပ်သွေးဆောင်လိုက်၏။"အတူတူစားရအောင်ပါ။ ညီမလည်း အများကြီး ချက်ထားလိုက်တော့ ရှောင်ရှိီးရှီးနဲ့ ညီမတို့နှစ်ယောင်ထဲ လုံးဝမကုန်လို့ပါ။"
"အစ်မတန်းက နေ့လည်ပြန်လာမစားဘူးလား"
"ဆေးပေးခန်းကို ဆေးဝါးကုန်အသစ်တွေ ရောက်မှာမို့လို့ အလုပ်ရှုပ်နေပြီး ပြန်လာမစားဘူးတဲ့" ဟုပြောပြီး လင်းဝေ့ကိုမေးလိုက်၏။
"အစ်မတို့အတွက် ထမင်းဘယ်နှစ်ပန်းကန်ခူးလာပေးရမလဲ"
"လေးပန်းကန်ပဲ ယူခဲ့လိုက်ပါ။ အစ်မဝယ်လာတာလဲ အရင်စားလိုက်ပါဦးမယ်"ဟု လင်းဝေ့ကပြောလိုက်ရာ ချန်ပါးမေ့လည်း ထမင်း ပန်းကန်လုံး လေးခုယူလာလိုက်၏။
ချန်ပါးမေ့က ကြက်ဥမွှေကြော်နှင့်အားလူးနှပ် ဟင်းနှစ်မျိုးချက်ထား၏။ သို့သော် အများကြီးချက်ထားတာဖြစ်၍ သူတို့ တူဝရီးနှစ်ယောက်တည်းလဲ စားမကုန်ပါ။
လင်းဝေ့ကတော့ ဆိုင်ကနေ ဟင်းအများကြီး ဝယ်လာခဲ့၏။ ကြက်အာလူးဟင်းနှင့် ခုံးကောင်ချက်က အသားဟင်းဖြစ်ပြီး အသီးအရွက်ဟင်းကတော့ ပဲသီးကြော်၊ ဂေါ်ဖီချဥ်အပြင် ပင်လယရေညှိသုတ်လည်း ဝယ်လာသေး၏။ ဟင်းအမယ်များသော်လည်း သူတို့သားအမိသုံးယောက်စာ အနည်းငယ်စီပဲ ဝယ်လာလိုက်၏။
ချန်ပါးမေ့ ချက်ထားသောဟင်းအပြင် လင်းဝေ့ဝယ်လာသောဟင်းများပါပေါင်းလျင် ဟင်းအမယ် အတော်လေးစုံလင်သွား၏။
ကလေး လေးယောက်ကတော့ ပျော်ပျော်ရွှင်ရွှင် စားနေကြသည်။ ထိုအထဲမှာမှ မင်မင်ကတော့ စားပြီးသောက်ပြီးသည်နှင့် သူ့၏ တင်းကားနေသော ဗိုက်ကလေးကို ထုတ်ဖော်ကြွားနေသေး၏။
ယားကျိုကျွန်းတွင် သစ်သီးဝလံပေါများရာ ဖရဲသီးသည် မင်မင်၏ အကြိုက်ဖြစ်၏။ ထို့ကြောင့် မင်မင်သည် သူ၏ တင်းကားနေသော ဗိုက်ကို ဖရဲသီးလေးဖြင့် တင်စားနေကြဖြစ်၏။
သို့သော် နောက်ပိုင်းတွင် ကျောင်းကန်တင်းမှာ မြောက်ပိုင်းမှလာသည့် အန်တီကြီး ရောင်းလေ့ရှိသည့် ပေါက်စီနှင့် ခေါက်ဆွဲကိုစားပြီးနောက် မင်မင်သည် သူ့ဗိုက်ကို ဖရဲသီးနှင့်မတင်စားတော့ပဲ ပေါက်စီဖြူလုံးလုံးလေးနှင့်သာ တင်စားလေတော့၏။
.......
ညနေစာစားကြတော့ လင်းဝေ့သည် ကျုံးရှောက်ကို မနက်ပိုင်း စာကျက်တန်းအချိန်မှာ ဖြစ်ခဲ့သည်များကို ပြောပြလိုက်သည်။
ကျုံးရှောက်သည် လင်းဝေ့ပြောပြသည်ကိုနားထောင်ရင်း မျက်မှောင်ကြုံ့လာမိ၏။ ကျုံးရှောက်လည်း ကောင်းရှို့လျန်နှင့် ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမှန်းပင်မသိတော့ချေ။
"အဲ့ကိစ္စကို ကျောက်ဖုန်းသိလား"
"သိမသိတော့ ကျွန်မလည်း မသိဘူး" ဟု ပြောပြိီး လင်းဝေ့က ခေါင်းခါလိုက်၏။
"ခဏနေ သူတို့အိမ်ကိုသွားလည်မလို့"
"သွားလည်မယ်??" ကျုံးရှောက်က တအံ့တသြမေးလိုက်၏။
လင်းဝေ့က ယာယီ အစားထိုးဆရာမဖြစ်၍ ကျောင်းသာ မိဘအိမ် ဆွေးနွေးရန် အလည်သွားတာမျိုး မလုပ်လဲ ပြဿနာတော့မရှိပါ။
" ဟုတ်တယ် ကောင်းရှို့လျန်က ကျွန်မကိုတိုင်ဖို့အတွက် ကျောင်းလာသလို ကျွန်မလည်း သူ့ကို ပြန်တိုင်ဖို့အတွက် သူ့အိမ်သွားမလို့လေ" ဟု လင်းဝေ့က ခေါင်းလေးငြိမ့်ရင်းပြောလိုက်၏။
"ကိုယ်အတူလိုက်ခဲ့ပေးရမလား" ဟု ကျုံးရှောက်က မေးလိုက်ရာ လင်းဝေ့ ခဏစဥ်းစားလိုက်ပြီး ခေါင်းခါလိုက်၏။
"နေပါစေ မလိုက်ပါနဲ့ ဒါက ကျောင်းသားနဲ့ ဆရာမအရေးကိစ္စဆို တော့ ဝင်မပါပါနဲ့"
"ဒါဆိုလည်း တစ်ခုခုဆို ကိုယ့်ကို လှမ်းခေါ်လိုက်နော်"
"အိမ်ချင်းနီးနီးလေးကို…မလိုပါဘူးရှင်" ဟု လင်းဝေ့ကပြောလိုက်၏။
ညနေစာ စားပြီးကြတော့ ကျုံးရှောက်က အိုးခွက်ပန်းကန်တွေဆေးပြီး ကလေးနှစ်ယောက်ကတော့ ရှောင်ရှီးရှီးဆီ အလည်သွားပြန်၏။ လင်းဝေ့လည်း အိမ်အပေါ်ထပ်တက်ကာ အဝတ်အစားလှဲလိုက်ပြီး လွယ်အိတ်နှင့် မှတ်စုစာအုပ်ယူကာ ဘေးအိမ်ကိုသွားလိုက်၏။
ကောင်းရှို့လျန်ကတော့အိမ်မှာ မရှိပါ။ ညနေပိုင်းအလုပ်ချိန်ဆင်းနေ၍ ည ၈နာရီလောက်မှ အလုပ်ကပြန်လာမည်ဖြစ်သည်။ ကျောက်ရွှယ်ပင်းတို့ ညီအစ်ကို နှစ်ယောက်လည်း အိမ်မှာ မရှိကြပါ။
ကျောက်မေ့ကတော့ အိမ်တံခါးပေါက်နားမှာထိုင်ပြီး အိမ်စာလုပ်နေ၏။ ကျောက်မေ့က သူ့အစ်ကိုတွေထက်ပိုပြီး ကြိုးစားကာ မိမိအသိစိတ်နှင့် စာကြည့်လေ့ရှိ၏။ အိမ်ပြန်ရောက်တာနဲ့ အိမ်စာလုပ်ကာ စာကြိုးစားသာဖြစ်၍ နောက်ဆုံးစာမေးပွဲမှာလည်း တစ်တန်းလုံး အဆင့် ၅ ရခဲ့သူဖြစ်၏။
ဤနေ့ နေ့လည်က အဖြစ်အပျက် အများအပြားဖြစ်ခဲ့၍ စာလုပ်ချင်စိတ် ပျောက်နေ၏။ အိမ်စာလုပ်ရန်စာအုပ်ဖွင့်ထားသည်က နာရီဝက်ခန့်ရှိပြီဖြစ်သော်လည်း စာနှစ်ကြောင်းသာ ရေးရသေး၏။
ကျောက်မေ့လည်းအတွေးလွန်နေရာမှ သူ့နာမည် အော်ခေါ်သံကြားလိုက်၏။" ရှောင်မေ့"
ကျောက်မေ့လည်း မော့ကြည့်လိုက်တော့ လင်းဝေ့ကိုတွေ့လိုက်၍ အမြန်ထလိုက်၏။"ဆရာမလင်း"
"သမီးအဖေ အိမ်မှာရှိလား"ဟု လင်းဝေ့ကမေးလိုက်၏။
"ရှိတယ်ရှင့် သမီးလည်း ဆရာမ အလည်လာမယ်လို့ အဖေ့ကိုပြောထားတယ်" ဟုပြောကာ ခုံတစ်ခုယူလာရင်း လင်းဝေ့နားချလိုက်၏။
"ဆရာမ ထိုင်ပါ။ သမီး အဖေ့ကို သွားခေါ်လိုက်မယ်နော်"
လင်းဝေ့လည်း ကျေးဇူးတင်စကားပြောရင်း ကျောက်မေ့ယူလာပေးသော ထိုင်ခုံပေါ်ထိုင်လိုက်၏။
ကျောက်မေ့က ဧည့်ခန်းကနေ ခြံအနောက်ဘက်ကိုပြေးသွား၏။"အဖေ ဆရာမလင်း ရောက်နေပြီ"
ကျောက်ဖုန်းနှင့်စကားပြောနေသည့် အရာရှိတစ်ဦးက " ဆရာမလင်းက ဘယ်သူလဲ" ဟုမေးလိုက်၏။
" ကျုံးရှောက်ရဲ့အမျိုးသမီးလေ။ သူ့အမျိုးသမီးက မူလတန်းကျောင်းမှာ အလုပ်ဝင်လုပ်နေတာလေ"
တစ်ဖက်အရာရှိက သူ့အမျိုးသမီးနှင့် ညတိုင်းစကားမပြောဖြစ်၍လားမသိ အရာရှိအမျိုးသမီးများအကြား အဖြစ်အပျက်များကို မသိသည့်ပုံပေါက်၏။
"ကျွန်တော်လည်း သေချာတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်သမီးရဲ့ ဆရာမဆိုတော့ တိုင်ပင်ဆွေးနွေးစရာရှိလို့နေမယ်" ဟု ပြောကာ သူ့မိတ်ဆွေ အရာရှိကို လက်ပြလိုက်ပြီး သူ့သမီးနောက်လိုက်ကာ အိမ်ထဲ ဝင်သွားလိုက်၏။
ကျောက်ဖုန်းနှင့် လင်းဝေ့သည် အိမ်နီးချင်းဖြစ်ကြသော်လည်း အရမ်းကြီး ရင်းနှီးကြသည်တော့ မဟုတ်ပါ။ ထို့ကြောင့် လင်းဝေ့ကိုတွေ့တော့ ဆရာမလင်း ဟုသော ခေါ်ပြီး လက်ဖက်ရည်သောက်မလားဟုမေးလိုက်၏။
" တော်ပြီရှင့်။ ကျွန်မလက်ဖက်ရည်သောက်ပြီး လာခဲ့တာပါ" ဟု ငြင်းလိုက်ပြီး ဘယ်မှာ စကားပြောရင်အဆင်ပြေမလဲဟု မေးလိုက်၏။
"ဆရာမပြောချင်တဲ့ နေရာ ဘယ်နေရာမဆို အဆင်ပြေပါတယ်"
လင်းဝေ့လည်း ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး "ဒါဆိုလည်း ခြံထဲမှာပဲ စကားပြောရအောင်" ဟုပြောလိုက်၏။
ကျောက်ဖုန်းကလည်း ခုံကို ခြံဝန်းထဲသို့ ယူလာလိုက်၏။လင်းဝေ့လည်း သူထိုင်နေသည့်ထိုင်ခုံကို ခြံထဲယူလာလိုက်၏။ သူမပြောမည့်အကြောင်းအရာက ကလေးများရှေ့ပြောရန်မသင့်သဖြင့် ကျောက်မေ့ကို အိမ်ထဲ မှာပဲ အိမ်စာလုပ်ရန်မှာခဲ့လိုက်သည်။
ကျောက်မေ့ကတော့ စိုးရိမ်နေရှာ၏။ ၇နှစ် ၈နှစ် ဆိုသည်မှာ အရွယ်ရောက်ပြီဟုလည်း မဆိုနိုင် ငယ်သေးသည်ဟုလည်း မဆိုနိုင်သည့်အရွယ်ဖြစ်ကာ အကြောင်းအရာ အတော်များများကို နားလည်နေပြိီဖြစ်၏။ ထို့ကြောင့် သူ့ဆရာမကညသူ့အဖေနှင့် ပြောစရာ စကားရှိသည်ဟု ဆိုသောအခါ သူမလည်း ဘေးမှာ နားထောင်လို၏။
သို့သော် လင်းဝေ့က အိမ်ထဲမှာပဲ စာလုပ်ရန်မှာခဲ့သောအခါ ကျောက်ဖုန်းကလည်း သူ့သမီးကို ထိုကဲ့သို့ထပ်မှာလိုက်ပြီး ကျောက်မေ့စာလုပ်နေသည့်စားပွဲကို နေရာရွေ့ပေးလိုက်၏။
ကျောက်မေ့လည်း မတတ်နိုင်တော့ပဲ အိမ်ထဲသာဝင်လိုက်ရတော့၏။
ကျောက်ဖုန်းလည်း ခြံထဲပြန်ဝင်လာတော့ လင်းဝေ့ကမေးလိုက်၏။
"ကျွန်မလာရတဲ့အကြောင်းအရင်းကို ကျောက်မေ့ကပြောထားသေးလားရှင့်"
"မပြောထားဘူး" ကျောက်ဖုန်းက ခေါင်းခါလိုက်၏။
" ရှောင်မေ့ ကျောင်းမှာ တစ်ခုခု ဖြစ်လို့လား"
" ကျောင်းမှာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ် အိမ်မှာရောဖြစ်ခဲ့ပါတယ်"
ကျောက်ဖုန်းမျက်မှောင်ကြုံ့လိုက်၏။"ဘယ်လို…ကျွန်တော် နားမလည်လိုက်လို့"
"ဒီလိုပါ ဒီမနက် ရှင့်အမျိုးသမီးကောင်းရှို့လျန်က ကျောင်းအုပ်ကြီးဆီ ရောက်လာပြီး ကျွန်မက ကျောက်မေ့ကို ဒဏ်ရာရအောင် ရိုက်ပါတယ် ဆိုပြီး လာတိုင်ခဲ့ပါတယ်"
ကျောက်ဖုန်းသည်လည်း သူ့မိန်းမ ကောင်းရှို့လျန်နှင့် လင်းဝေ့အကြား မကျေနပ်ချက် ရှိကြောင်းသိထားပါ၏။ မကျေနပ်ချက်ဟု ပြောရသော်လည်း အမှန်တော့ ကောင်းရှို့လျန်ကသာ လင်းဝေ့ကို အငြိုးထားနေခြင်းဖြစ်၏။ ကျောက်ဖုန်းလည်း ထိုကိစ္စကြောင့် စိတ်ညစ်ခဲ့ရဖူးသည်။
ကောင်းရှို့လျန် စားသောက်ဆိုင်မှာ အလုပ်ရတော့လည်း ပြဿနာထပ်ရှာသေး၍ အလုပ်နေရာအပြောင်းခံလိုက်ရသေး၏။ ထိုသို့အပြောင်းခံလိုက်ရသည့်နောက်ပိုင်းကေားရှို့လျန်ငြိမ်သွား၏။
သို့သော် ထိုကဲ့သို့ငြိမ်းငြိမ်းချမ်းချမ်းနေရသည်က သိပ်မကြာသေးပဲ လင်းဝေ့ဘက်ကနေ ကောင်းရှို့လျန်၏ နာမည်ကြားလိုက်ရ၍ ကျောက်ဖုန်း ခေါင်းကိုက်သွား၏။
"ဆရာမလင်း စိတ်မပူပါနဲ့။ သူပြန်လာတဲ့အခါကျရင် ကျွန်တော် တောင်းပန်ခိုင်းလိုက်ပါ့မယ်"
" ကျောင်းမှာတုန်းက တောင်းပန်ပြီးပါပြီ" ဟု လင်းဝေ့က ပြန်ပြောလိုက်၏။
ကျောက်ဖုန်းက ပထမတော့ကြောင်အသွားပြီး နောက်မှ လင်းဝေ့စကားကို ပြန်စဥ်းစားကာ မျက်ခုံးတွန့်ရင်း မေးလိုက်၏။
"ဆရာမက ကျောက်မေ့ကို ရိုက်တယ်ဆိုပြီး ဘာလို့ သူက တိုင်ရတာလဲ"
"လွန်ခဲ့တဲ့ စနေနေ့ ညနေပြန်လာတော့ ရှောင်မေ့ရဲ့လက်မှာဒဏ်ရာ ရလာတာကိုတွေ့တယ်…"
"ဘယ်လို! အာ့ဒဏ်ရာက ဟိုဒဏ်ရာ…" ဟု ကျောက်ဖုန်းကပါးစပ်က ထွက်လိုက်ပြီးဆက်မပြောပဲ လင်းဝေ့ကို မေးလိုက်သည်။
"အာ့ဒဏ်ရာကို သူက ဆရာမလင်းရိုက်လို့ ရလာတဲ့ဒဏ်ရာ ဆိုပြီး ကျောင်းအုပ်ကြီး ကိုသွားတိုင်ခဲ့တာလား"
"ကြည့်ရတာ ဒုတပ်ရင်းမှုးကျောက်လည်း ကျောက်မေ့လက်က ဒဏ်ရာ ဘယ်လိုရလာတယ် ဆိုတာ သိထားတဲ့ပုံပဲ" ဟု လင်းဝေ့ကပြောလိုက်သည်။
ကျောက်ဖုန်းက သက်ပြင်းချကာ ဘာမှ ပြန်မပြောချေ။
" ကျောင်းအုပ်ဖုန်းရှေ့မှာ သူဘယ်လိုပြောခဲ့လဲ ဆိုတာ ကျွန်တော်သိလို့ရမလား"
လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်ကာ တစ်ခြားသူများကိုပြောပြသည့်အတိုင်း ကျောက်ဖုန်းကိုလည်း ပြောပြလိုက်၏။
ကျောက်ဖုန်းသည် လင်းဝေ့ ပြောသည်ကို နားထောင်ရင်း နားထောင်ရင်း မျက်ခုံးများပိုတွန့်လာ၏။ကျောင်းအုပ်ကြီးက အထက်ကို စစ်ဆေးခိုင်းမည်ဟုပြောသောအခါ ကောင်းရှို့လျန်သည် အပြစ်အားလုံးကို သူ့သမီး ၇နှစ်အရွယ်အပေါ် အကုန်ပုံအပ်လိုက်သည်ဟု ကြားသောအခါ ကျောက်ဖုန်း၏ မျက်နှာသည် ပိုမည်းသွားလေ၏။
လင်းဝေ့က အကုန်ပြောပြပြီးသည်အထိ ကျောက်ဖုန်းသည် အတန်ကြာ တိတ်နေမိသည်။ သူ့ဒေါသများပေါက်ထွက်လာမည်ကိုပင် စိုးရိမ်ရ၏။
အတော်လေးကြာမှ ကျောက်ဖုန်းသည် သက်ပြင်းရှည်ကြီးကိုချလိုက်သည်။"ဆရာမ ပြောတာကို ကျွန်တော်သိပါပြီ။ ကောင်းရှို့လျန်ပြန်လာရင် ကျွန်တော်သူနဲ့စကားပြောလိုက်ပါ့မယ်"
"ဒုတပ်ရင်းမှုးကျောက် အမှန်တော့ ကျွန်မ ဒီ နေ့လာတာ အာ့ကိစ္စတင် မဟုတ်ပါဘူး" ဟု လင်းဝေ့သည် ရှင်းရှင်းလင်းလင်း ပြောလိုက်၏။
လင်းဝေ့ ပြောတာကိုနားထောင်ပြီးနောက် ကျောက်ဖုန်းသည် လင်းဝေ့၏ အလည်လာမှုက သူ့ကို ကောင်းရှို့လျန်အကြောင်း တိုင်ကြားချင်၍ ဟူ၍ သိလိုက်ရ၏။ ထိုသို့သိလိုက်ရသော်လည်း လင်းဝေ့ကို ဒေါသမထွက်မိပါ။ အဘယ့်ကြောင့်ဆိုသော် လင်းဝေ့က စည်းမကျော်ပဲ ကောင်းရှို့လျန်ကိုက လွန်နေ၍ဖြစ်သည်။
ထို့ကြောင့် လင်းဝေ့၏ တစ်ခြားကိစ္စရှ်သေးသည်ဟုပြောသောအခါ "ပြောစရာရှိသေးရင်လည်း တစ်ခါတည်းပြောလိုက်ပါ" ဟု ပြောလိုက်လေ၏။
" ကျွန်မ အိမ်ကိုအလည် လာရတာက ကျောက်မေ့ကြောင့်လဲ ပါပါတယ်။ မနက်က ကိစ္စကြောင့် ကျောက်မေ့လည်း ကောင်းရှို့လျန်ဆူတာကို အတော်လေးခံလိုက်ရပြီး နေ့လည်စာကိုတောင် မကျွေးခဲ့ဘူး"
ထိုစကားကိုကြားသည်နှင့် ကျောက်ဖုန်း၏ ရင်ထဲ မီးများတောက်လောင်သွားသလို ခံစားလိုက်ရသော်လည်း အပြင်ဘက်မှာတော့ ဒေါသကို ထိန်းပြီး လက်သီးကို ဆုပ်ထားကာ တည်ငြိမ်ဆဲ ဟန်ပန်သာဖြစ်၏။" ရှောင်မေ့နေ့လည်စာ မစားရတာ ဆရာမက ဘယ်လိုသိတာလဲ"
"ကျွန်မ နေ့လည်ခင်းပြန်လာတော့ ကျောက်မေ့ကို လမ်းမှာငိုနေတာ တွေ့လို့မေးလိုက်တော့ သူ့အမေက နေ့လည်စာမကျွေးဘူးပြောလို့ ကျွန်မက အစ်မတန်းတို့အိမ်မှာ ခေါ်စားလိုက်ရတယ်။ ဟုတ်မဟုတ်ကိုလည်း ကျောက်မေ့ကို မေးကြည့်လို့ရသလို ချန်ပါးမေ့ကိုလည်း မေးကြည့်လို့ရပါတယ်။" ဟု လင်းဝေ့က ပြောလိုက်ပြီး ဧည့်ခန်းထဲက ကျောက်မေ့ကို လှမ်းကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။
"မိသားစု အရေးကိစ္စတွေကတော့ ကျွန်မနဲ့မသက်ဆိုင်တော့ ကျွန်မလည်း ဝင်မစွက်ဖက်လိုပါဘူး။ ဒါပေမယ့်ကျောက်မေ့က ကျွန်မ အတန်းထဲက ကျောင်းသူဖြစ်နေတော့ ကောင်းရှို့လျန်က ကိုယ့်ဘက်မလိုက်လို့ဆိုပြီး ဖြူစင်တဲ့ သူ့သမီးကို သည်လို ဆက်ဆံတာမျိုးတော့မဖြစ်သင့်ဘူးလို့ ထင်လို့ပါ။ "