← Chapters

Chapter 114

Vol. 9 Ch. 114

Chapter 114

Vol. 9 Ch. 114

ကျောက်ဖုန်းလည်း ဧည့်ခန်းထဲက သူ့သမီးကို လှမ်းကြည့်ကာ ညနေခင်းထမင်းစားကြသည့်အချိန်ကို တွေးလိုက်မိ၏။

ပုံမှန်မိသားစုများတွင် အဖေနှင့်အမေက စည်းကမ်းတင်းကြပ် သူအဖြစ် တစ်လှည့် ဂရုစိုက်တတ်သူအဖြစ် တစ်လှည့် အပြောင်းအလဲ လုပ်ကာ သားသမီးများကို ပြုစုပျိုးထောင်ကြ၏။ သို့သော် သူတို့မိသားစုက ထိုသို့မဟုတ်ပါ။ ကောင်းရှို့လျန်သည် သမီးထက် သားများကို အချစ်ပိုပါ၏။ ထို့ကြောင့် သားများကို ဦးစားပေးကာ သမီးကို စည်းကမ်းတင်းကြပ်လေ၏။

ကျောက်ဖုန်းကတော့ သားများကို သမီးထက် ပို၍ ဦးစားမပေးပါ။ တန်းတူထားသည် ဟူ၍တော့မဟုတ်သော်လည်း သူ့သားများကို သိပ်သဘောမကျပါ။ သူ့မှာ သားနှစ်ယောက် သမီးတစ်ယောက်ရှိ၍ ပြောရလျင် သမီးကို ပို၍ စိတ်ရောက်၏။

ကလေးတွေက ရိုးသားဖြူစင်နေသည်တော့မဟုတ်ကြပါ။ အမှန်ပြောရလျင် ကလေးများသည် သူတို့ကို ပစားပေးသူများအပေါ်တွင်သာ ကလေးများကလည်း စိတ်ကပ်ကြ၏။

ကျောက်မိသားစုတွင်ကျောက်မေ့က ကျောက်ဖုန်းကို ပိုချစ်ပြီး သားနှစ်ယောက်က ကောင်းရှို့လျန်ကိုပိုချစ်လေသည်။

ထို့ကြောင့် ကျောက်ဖုန်း အိမ်ပြန်လာလျင် ကျောက်မေ့ကသာ ဝမ်းသာအားရ နှုတ်ဆက်ကာ ကြိုဆိုလေ့ရှိပြီး တီတီတာတာများပြောလေ့ရှိ၏။ သို့သော် ယနေ့သူအိမ်ပြန်လာချိန်တွင်တော့ သူ့သမီးက သူ့ကို လည်း မနှုတ်ဆက်ပဲ သူ့သမီးအကြည့်များက ပူပန်သောက ရောက်နေဟန်ရှိသည်။

စားသောက်ဆိုင်မှ ယူလာသည့် ထမင်းဟင်းများထုတ်ကာ ညနေစာ စားကြရန်ပြောစဥ်ကလည်း သူ့သမီးက တုံ့ဆိုင်းနေ၍ သူကပင် ထမင်းအမြန်လာစားရန် လောဆော်လိုက်ရ၏။

ထို့ကြောင့် ဤနေ့တွင် သူ့သမီး ထူးဆန်းသည်ဟု ထင်မိသော်လည်း သိပ်တော့မတွေးလိုက်ပါ။ သို့သော် လင်းဝေ့ဆီမှ အဖြစ်အပျက်များ ကြားလိုက်ရသောအခါ သူ့သမီး ခံစားခဲ့ရသည့် ကြေကွဲစရာများကို သိလိုက်ရတော့၏။

ကျောက်ဖုန်းလည်း သူ့ရင်တွင်းခံစားချက်များကို ချိုးနှိမ်ကာ လင်းဝေ့ကိုပြောလိုက်၏။"ဆရာမလင်းပြောချင်တာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်သမီးအတွက်မပူပါနဲ့ ကျွန်တော် အကောင်းဆုံးလုပ်ပေးပါ့မယ်"

"ရဲဘော် ကျောက်က ဒီလိုပြောတော့ ကျွန်မလည်း စိတ်အေးသွားပါပြီ။ ဒါဆို ကျွန်မသွားလိုက်ပါဦးမယ်"ဟု ပြောကာ လင်းဝေ့က ထလိုက်၏။

"ကျွန်တော် လိုက်ပို့လိုက်ပါ့မယ်"ဟု ပြောကာကျောက်ဖုန်းကလည်း ထလိုက်၏။

"မလို့ပါဘူးရှင် ထိုင်နေလိုက်ပါ ဘေးအိမ်ပဲကို နီးနီးလေးပါ"ဟု ပြောကာ လင်းဝေ့လည်း ကျောက်အိမ်ဝန်းမှ လမ်းလျှောက်ထွက်သွားပြီး သူ့အိမ်ကို ပြန်သွား၏။

ကျောက်ဖုန်းလည်း အပြင်မှာ ခဏထိုင်နေပြီး မှ သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ပွတ်လိုက်၏။ သူ၏ ခံစားချက်များကို ထိန်းချုပ်ကာ အိမ်ထဲ ဝင်လိုက်လေ၏။

နေ့ခင်းက ကောင်းရှို့လျန်၏ သူမအပေါ် ဆက်ဆံမှုကြောင့် ကြောက်သွားကာ ကျောက်မေ့သည် သူ့အဖေကိုတွေ့တော့လည်း သူ့အဖေ၏သဘာထားကိုမသိ၍ ကြောက်နေမိ၏။

နောက်မှ သူ့အဖေ သူ့အပေါ် ဆက်ဆံပုံက ပုံမှန်ဖြစ်ကာ ထမင်းဟင်းလည်း ကျွေး၍ စိတ်သက်သာရာရသွားပြီး ဆရာမလာလည်မည့်အကြောင်း ပြောရဲခဲ့တာဖြစ်သည်။

သို့သော် မနက်က အဖြစ်အပျက်များကိုတော့ မပြောပြရဲခဲ့ပါ။ သူမအဖေက ထိုကိစ္စများမသိ၍ သူမကို ကောင်းကောင်းဆက်ဆံနေသည်ဟုထင်၍ ဖြစ်သည်။ ထို့ကြောင့် သိသွားလျင် သူ့အမေကဲ့သို့သူ့အပေါ် ဆက်ဆံမည်ကို ကြောက်လေသည်။

ထို့ကြောင့် လင်းဝေ့ ရောက်လာတော့ သူမစိတ်မတည်မငြိမ်ဖြစ်မိ၏။ လင်းဝေ့နှင့် သူ့အဖေ အပြင်မှာ စကားပြောနေတော့လည်း သူမ၏ စိတ်ဂဏာမငြိမ်ဖြစ်နေခဲ့၍ စာပင် မလုပ်နိုင်ခဲ့ပါ။

ထို့ကြောင့် သူမအဖေ အိမ်ထဲ ဝင်လာသောအခါ မတ်မတ်ထိုင်ပြီး သူ့အဖေကိုတောင် မော့မကြည့်ရဲပါ။

သမီးဖြစ်သူ၏ သတိအနေအထားကြောင့်ဖုန်းယင်သည် စိတ်ထဲ မကောင်းဖြစ်သွားပြီး သူ့သမီးဘေးနားဝင်ထိုင်လိုက်ကာ မေးလိုက်၏။"သမီး အိမ်စာတွေ ရေးနေတာလား"

"ဟုတ် ရေးနေတာ"ဟု ပြောပြီး ကျောက်မေ့က သူ၏ စာအုပ်က်ို ဖုံးလိုက်၏။"သမီး နည်းနည်းလေးပဲ ရေးပြီးသေးတာ"

ကျောက်ဖုန်းလည်း သူသမီး၏ ခေါင်းကိုကိုင်လိုက်ပြီး ဆံပင်များကို သပ်ပေးလိုက်၏။"သမီးလေးက လိမ္မာလိုက်တာ"

" ဖေဖေက သမီး လိမ္မာတယ်လို့ထင်တယ်ပေါ့"ဟု ပြောပြီး ကျောက်မေ့သည့် သူ့အဖေက်ိုမော့ကြည့်လိုက်သည်။

" ဒါပေါ့ စောနကတောင် ဆရာမလင်းက သမီးကို ချီးကျူးသွားသေးတယ်။ သမီးက စကားနားထောင်တယ် အတန်းထဲမှာလဲ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်ရှိတယ် လိမ္မာတယ် ဆိုပြီး ပြောသွားတာလေ" ဟုပြောပြီး သူသမီး၏ နီရဲလာသည့်မျက်လုံးများကိုကြည့်ကာ ရင်ထဲမကောင်းဖြစ်လာ၍ သမီး၏ ဆံပင်များကို ပို၍ညင်ညင်သာသာလေး သပ်ပေးလိုက်သည်။

"အထူးအနေနဲ့ သမီးက ဒီနေ့ အမှန်ကို ရဲရဲပြောဆိုရဲလို့ အရမ်းကောင်းတယ်နော်"

ကျောက်ဖုန်း၏ စကားကိုကြားတော့ ကျောက်မေ့လည်း တင်းမခံထားနိုင်တော့ပဲ မျက်ရည်များကျလာကာ သူ့အဖေကို ဖက်လိုက်တော့၏။

"မေမေက သမီးကို လိမ်ပြောတတ်တယ်တဲ့ စကားနားမထောင်လို့ နောက်ဆို ကျောင်းမထားတော့ဘူးတဲ့…ဒါပေမယ့် ဆရာမလင်းက အရမ်းကောင်းတဲ့ဆရာမပါ။ သမီးက အမေပြောသလို ညာလိုက်ရင် ဆရာမလင်းက နောက်ပိုင်း ဆရာမလုပ်လို့ရတော့မှာ မဟုတ်ဘူး…"

ကျောက်ဖုန်းလည်း ငိုနေသည့် သူ့သမီးကိုဖက်ထားကာ နောက်ကျောကို အသာအယာပွတ်ပေးလိုက်၏။"သမီးမှန်တယ်နော် သမီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ"

"ဒါပေမယ့် မေမေပြောတော့ သမီးက စကားနားမထောင်တဲ့ မလိမ္မာတဲ့သမီးတဲ့တဲ့အာ့ကြောင့် ထမင်းလည်း မကျွေးဘူးတဲ့…" ကျောက်မေ့သည် ရှိုက်ကြီး တငင်ငိုရင်း သူ့အဖေကို မျက်ရည်စများဖြင့် မော့ကြည့်ကာ မေးလိုက်၏။

"ဖေဖေ သမီးလုပ်တာ မှန်တယ်မလား။ သမီးလုပ်ခဲ့တာ မှန်တယ် ဆို မေမေက ဘာလို့ အဲ့လိုပြောရတာလဲဟင်"

ကျောက်ဖုန်းလည်း သူ့သမီး၏ မျက်ရည်များကို လက်ဖြင့် နူးနူးညံ့ညံ့ သုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

"သမီးလုပ်တာ မှန်တယ်နော် အဖေ သမီးအတွက် ဂုဏ်ယူတယ်နော်"

ကောင်းရှို့လျန် အလုပ်ကပြန်လာတော့ အတော်လေးမှောင်နေပြီဖြစ်သည်။ သို့သော် မိသားစုအိမ်ရာရှိအိမ်များက မီးထွန်းထားကြ၍ လမ်းပေါ်လည်း မီးရောင်ဖြာကျနေတတ်၏။

သူမအိမ်နားရောက်လာတော့ သူမအိမ်အထဲ မှာ မှောင်မည်းနေသည်ကို တွေ့လိုက်ရ၍ အနည်းငယ် ကြောင်သွား၏။ ၈နာရီပဲ ရှိသေးတာကို အိမ်သားတွေက အကုန်အိပ်ကုန်ကြပြီလား။

ကောင်းရှို့လျန်လည်း အထူးအထွေတွေးမနေပဲ ခြံဝန်းထဲ ဝင်လာပြီး အိမ်ရှေ့တံခါးက်ိုတွန်းဖွင့်ကာ အိမ်ထဲ ဝင်လာလိုက်၏။ အိမ်ထဲက မီးကိုဖွင့်လိုက်ပြီး "ဘာလို့ အိမ်ထဲ မီးမဖွင့်ပဲ နေနေကြတာလဲ။ လူကို လန့်သေအောင်လို့လား"ဟု အော်ပြောလိုက်၏။

မီးဖွင့်ပြီးသည်နှင့် ဧည့်ခန်းအလယ်မှာ ထိုင်နေသည့် ကျောက်ဖုန်းကို တွေ့လိုက်ရ၏။

ကောင်းရှို့လျန်လည်း တစ်နေကုန်စီးလာသော ကျဲဖန် ဖိနပ် (တော်လှန်ရေးဖိနပ်)ကိုချွတ်လိုက်၏။ ထိုဖိနပ်နှင့် အလုပ်လုပ်ရသည်က အဆင်ပြေသော်လည်းတစ်နေကုန်လုံးစီးထားရ၍ ညောင်းနေပြီဖြစ်၏။ ဖိနပ်များကိုချွတ်ပြီး ကောင်းရှို့လျန်သည် ကျောက်ဖုန်းကိုမေးလိုက်၏။

"ကလေးတွေက အိပ်ကုန်ပြိီလားး။ ပုံမှန်ဆို ဒီအချိန် ရှင် အပြင် ရောက်နေကျပါ။ ဒီနေ့ ကြိုးကြိုးစားစား အိမ်မှာပဲ ရှိနေပါလား"

ကျောက်ဖုန်းကပြန်မဖြေပါ။"မင်းဒီနေ့ ဘာတွေ လုပ်ခဲ့လဲ" ဟု မှုန်သိုးသိုးမျက်နှာဖြင့်မေးလိုက်၏။

ကောင်းရှို့လျန် ရင်တစ်ချက်ခုန်သွား၏။ ဘာလို့ဆို သူက ဒီနေ့အပြစ်တစ်ခုလုပ်ခဲ့တာကိုးး။ ကျောင်းအုပ်ဖုန်းက အထက်ကို မတိုင်ဘူးလို့ ကတိပေးခဲ့တာဆိုတော့ ကျောက်ဖုန်းသိလာစရာ အကြောင်းလည်း မရှိဘူးမလား။

"ကျွန်မ အလုပ်အပြင် ဘာလုပ်ရမှာလဲ" ဟု ပြန်ဖြေလိုက်၏။

"မင်းလုပ်နိုင်တာတွေ အများကြီး ရှိပါသေးတယ်" ဟု ကျောက်ဖုန်းက အော်ပြောလိုက်သည်။

"ကောင်းရှို့လျန် မင်က အတော်လေးကို ပြဿနာရှာနိုင်တာပဲနော်။ အားတဲ့အချိန်လေးမှာတောင် မူလတန်းကျောင်းကိုသွားပြီး သူများကို ချောက်ချနိုင်သေးတယ်နော်"

ထိုသို့အအော်ခံလိုက်ရသည်နှင့် ကောင်းရှို့လျန်ပထမဆုံး ထွက်လာသည့်စကားမှာ အငြင်းစကားဖြစ်လေ၏။

"ကျွန်မ ဘယ်တုန်းက လင်းဝေ့ကို ချောက်ချလို့လဲ။ကျွန်မ ဘာမှမလုပ်ဘူး"

" ငါ လင်းဝေ့ဆိုတဲ့ နာမည်ကို ထည့်မပြောပဲ နဲ့ ဘာလ်ို့ သူ့အကြောင်းပြောတယ်လို့ ထင်နေတာလဲ"ဟု ကျောက်ဖုန်းက မေးလိုက်ရာ ကောင်းရှိလျန်က ခေါင်းကို ခါရမ်းလိုက်၏။

"မင်းငြင်းဦးမလို့လားးး မင်းပါးစပ်ကနေ ဘာတွေ ထွက်လာဦးမှာလဲ အမှန်တရားလား"ဟု ကျောက်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

ကောင်းရှို့လျန်သည် လည်း သည်းမခံတတ်သူဖြစ်၍ ကျောက်ဖုန်းက သူ့ကို အော်သောအခါ သူကလည်း ပြန်အော်လိုက်၏။

"ဟုတ်တယ် ဟုတ်တယ် ကျွန်မ လင်းဝေ့ကို တိုင်ကြားခဲ့တယ် ဒါပေမယ့် ကျွန်မ တမင်လုပ်တာမှ မဟုတ်တာ"

" မင်းက တမင် လုပ်တာ မဟုတ်ဘူးပေါ့။ ဒါဆို ဘာလို့ လုပ်ခဲ့တာလဲ"

" ကျွန်မ…ကျွန်မ…"ကောင်းရှို့လျန်က ရုတ်တရက် အမေးခံလိုက်ရ၍ ဘာဖြေလို့ ဖြေရမှန်း မသိတော့ချေ။ ထို့ကြောင့် ကျောင်းအုပ်ဖုန်းကို ပေးခဲ့သည့် အကြောင်းပြချက်ကိုသာ ရုတ်တရက်စဥ်းစားမိ၍ ထိုအကြောင်းပြချက်ကိုသာ ပြန်အော်ပြောလိုက်၏။

"အာ့တာ ရှောင်မေ့ကြောင့်လေ။ သူလက်ဒဏ်ရာက လင်းဝေ့ကြောင့်လို့ပြော တော့ ကျွန်မလည်းသနားပြီး ကျောင်းကိုသွားတိုင်ရတာပေါ့။" ဟုပြောလိုက်ကာ ကျောက်ဖုန်းကို လည်း အပြစ်တက်လိုက်သေး၏။

"ရှင်လည်း တစ်နေ့တစ်နေ့ အပြင်မှာပဲ မိသားစုကိုမှ ဂရုမစိုက်တာ။ အိမ်ထဲမှာ ဘာတွေဖြစ်ပျက်နေလဲ ရှင်သိရဲ့လား"

" ငါက မသိဘူး ဟုတ်လားးး။ ကျောက်မေ့လက်က ဒဏ်ရာက မြက်နှုတ်ပြီး ဖြစ်လာတဲ့ ဒဏ်ရာ ဆိုတာ ငါမသိဘူးများ ထင်နေလား။ မင်းရဲ့ အလိမ်အညာထောင်ပေါင်းများစွားကို ငါက ယုံရမှာလားး" ဟု ကောင်းရှို့လျန် ရှေ့တည့်တည့်မှ သူ့မျက်နှာကိုကြည့် ပြီး အော်ပြောလိုက်၏။

"မင်းက ရှောင်မေ့ကို အပြစ်ပုံချလိုက်ဖို့ တွေးရဲတယ်နော်။ မင်းလိမ်ခဲ့တဲ့ဟာတွေ ပေါ်သွားရင် ဖြစ်လာမယ့် ပြဿနာတွေကို ခေါင်းမခံချင်လို့မလားး။ ဒါနဲ့ ကိုယ့်သမီးအရင်းအပေါ် ပုံချလိုက်တယ်ပေါ့။ ၇နှစ် အရွယ်ကလေးတစ်ယောက် စာရိတ္တမကောင်းဘူးဆိုတဲ့ သတင်းထွက်လာရင် သူ့ဘဝ ဘယ်လိုဖြစ်သွားလိမ့်မယ် ဆိုတာ မစဥ်းစားခဲ့ဘူးလား" ဟု ကျောက်ဖုန်းက ခါးသီးစွာပြောလိုက်သော်လည်း ကောင်းရှို့လျန်သည် ငြင်းချက်ထုတ်ရန်ကိုသာ ကြိုးစားနေ၏။

"ကျွန်မ မလုပ်…."

"မင်း မလုပ်ဘူးလို့ ပြောရဲသေးတယ်နော်။ ကျောင်းအုပ်ဖုန်းကို ဒီခေါ်လာပြီး မင်းဘာလုပ်ခဲ့တယ် ဆိုတာ မေးကြည့်ရဦးမှာလား"

ကောင်းရှို့လျန်က ဘာမှ ပြန်မပြောနိုင်သေးခင်မှာ ကျောက်ဖုန်းက ပြန်ဖြေလိုက်၏။"အာ့လိုမေးရင်လည်း မင်းဝန်ခံမှာ မဟုတ်ဘူး။ ငြင်းနေဦးမှာပဲ။ အခုထိတောင် မင်းက မင်းမှားတယ်လို့ ထင်တာ မဟုတ်ဘူး"

ကျောက်ဖုန်း၏ အသံက တစ်ဖြည်းဖြည်းတိုးလာပြီးခေါင်းကို ငုံ့လိုက်၏။

ကောင်းရှို့လျန်၏ စိတ်အစဥ်လည်း ပျာယာခတ်ကာ တစ်ခုခုပြောရန်ပြင်လိုက်စဥ် ကျောက်ဖုန်းက ဖြတ်ပြောလိုက်ပြန်၏။" ငါ အိမ်ပြောင်းဖို့ လုပ်လိုက်မယ်"

"ကျွန်မ တို့ဒီမှာ နေတာ အဆင်ပြေနေတာပဲကို ဘာလို့ပြောင်းရမှာလဲ" ဟု ကောင်းရှို့လျန်က ရုတ်တရက်မေးလိုက်၏။

မိသားစုအိမ်ရာတွင် အိမ်အလွတ်များလည်း သိပ်မရှိတော့ပေ။ အိမ်ရာအဟောင်းတွင်ပင် သူမတို့နေသည့်အိမ်လောက်ကျယ်သည့် အိမ်အလွတ်မရှိတော့ပါ။

ထို့ကြောင့် သူမ မပြောင်းချင်ပါ။

ကောင်းရှို့လျန်၏ မေးသံကို ကြားသောအခါ ကျောက်ဖုန်းက ရီလိုက်ကာ အေးစက်စက်ပြန်ပြောလိုက်၏။ "ဘာလို့အိမ်ပြောင်းရမှာလဲ ဟုတ်လားး မင်းကြောင့်လေ။ မင်းက လင်းဝေ့ကို စောင့်ကြည့်နေပြီး ဒီနေ့သူ့အလုပ်မှာ ပြဿနာရှာတယ် နောက်နေ့ကျရင် သူနဲ့ စကားများဥိီးမှာမလား

ကောင်းရှို့လျန်က ဝန်မခံပဲ ငြင်းလေ၏။"ကျွန်မ ဘယ်တုန်းက သူ့ကိုစောင့်ကြည့်နေလို့လဲ။ကျွန်မ… ကျွန်မ…"

ကျောက်ဖုန်းက ကောင်းရှို့လျန် ပြန်ငြင်းသည်ကိုနားထောင်ရင်း နှာခေါင်းရှုံ့လိုက်သည်။"ဘာလဲ မင်းက သမီးအတွက် စိတ်မကောင်းလို့ပါဘာညာ ထပ်ပြောဦးမလို့လား။ မင်းက သမီးကို ဖိအားပေးပြီး မင်းသဘောအတိုင်း လိမ်ခိုင်းတာဟုတ်ပြီ။ ဒါပေမယ့် သမီးက မင်းသဘောမလိုက်တော့ နေ့လည်စာမကျွေးပဲ ထားတာကော မင်းစိတ်မကောင်းမဖြစ်မိဘူးလားး"

" သူ့ကို ထမင်းမကျွေးပဲ ဘယ်တုန်းက ထားလို့လဲ။ ဘယ်သူပြောတာလဲ။ ကျောက်မေ့လားး" ဟု ကောင်းရှို့လျန်က ရုတ်တရက် ကတ်ကတ်လှန်အောင် ပြန်ပြောလာ၏။

"ကျွန်မက လင်းဝေ့ကို တိုင်လို့ ဆိုပြီး သူက အာ့လိုပြောတာလားးး ကံဆိုးလိုက်တဲ့ ကျွန်မ ဘယ်လိုလူမျိုးကို ကျွေးမွေးပြုစုခဲ့မိတာပါလိမ့်။ သမီးး……"

"တော်တော့ ကောင်းရှို့လျန်" ကျောက်ဖုန်းက မတ်တပ်ထရပ်ကာ အော်လိုက်၏။

"မင်း အခုထိ လိမ်နေတုန်းပဲ။ ငါ စားသောက်ဆိုင်ကန်တင်းကို သွားပြီး ဆိုင်မှာရှိတဲ့လူ တစ်ယောက်ချင်းကို သွားမေးကြည့်ရမှာလား။ မင်းသမီးကို နေ့လည်စာ မကျွေးခဲ့ဘူးဆိုတဲ့အကြောင်း မင်းသတိရလာအောင် လိုက်မေးပေးရမှာလားး။ ဒါတောင် မင်းက ကံမကောင်းဘူးပြောရဲသေးတယ်နော်။ ငါ့ထင်တာတော့ သမီးကမှ မင်းလိုလူကို အမေတော်ရလို့ ၈ဘဝလောက် ကံဆိုးတာပဲ"

ထိုစကားများက ကောင်းရှို့လျန်၏ သိက္ခာ မာနကိုထိခိုက်သွားရသည်။" ကျောက်ဖုန်းး!!!"

သူမ အော်လိုက်သော်လည်း ကျောက်ဖုန်းက မျက်နှာ မပြောင်းမလဲပင်။ ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး ပြောလိုက်၏။

All Chapters